← Chapters

အခန်း ၁၉၆

Vol. 19 Ch. 196 - final

အခန်း ၁၉၆

Vol. 19 Ch. 196 - final

အခန်း (၁၉၆) နောက်ဆုံးအခန်း (ဇာတ်သိမ်း)

၁၉၈၅ ခုနှစ်၊ ဆောင်းဦးရာသီ။

ချင်းရှန်းလုပ်ငန်းစု၏ ရုံးချုပ်အဆောက်အအုံ၊ ထိပ်ဆုံးထပ်ရှိ အစည်းအဝေးခန်း။

မြို့တော်၏ ထိပ်တန်းရာထူးသို့ တက်လှမ်းသွားပြီဖြစ်သော ဟူဖုန်းသည် သူ၏ ရှေ့ရှိ အစီရင်ခံစာကို ကြည့်ကာ မျက်မှန်ကို ချွတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

"ချန်ရှင်း၊ မင်း လုပ်နေတာက လုပ်ငန်းတစ်ခု မဟုတ်တော့ဘူး…မင်း ပိုက်ဆံတွေကို စက်နဲ့ ရိုက်ထုတ်နေတာပဲ"

သူ့မျက်စိရှေ့တွင် ထိုင်နေသော ချန်ရှင်းမှာမူ ငယ်ရွယ်စဉ်က အရိုင်းဆန်မှုများ ပျောက်ကွယ်သွားပြီး အံဝင်ခွင်ကျ ဖြစ်နေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ပိုမိုတည်ငြိမ်ပြီး လူကြီးလူကောင်းဆန်သွားသည်။

"အတွင်းရေးမှူးဟူ ခင်ဗျား အထင်ကြီးလွန်းနေပါပြီ ဒါတွေအားလုံးက နိုင်ငံရဲ့ ကောင်းမွန်တဲ့ မူဝါဒတွေနဲ့ အားလုံးရဲ့ ကြိုးစားမှုတွေကြောင့်ပါ"

ချန်ရှင်းသည် ဟူဖုန်း၏ လက်ဖက်ရည်ခွက်ထဲသို့ ရေနွေးထပ်ဖြည့်ပေးလိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ သဘာဝကျပြီး ယဉ်ကျေးသိမ်မွေ့လှသည်။

"အဲ့ဒီရုံးသုံးစကားတွေ ပြောမနေပါနဲ့တော့"

ဟူဖုန်းမှာ ပြုံးရယ်လျက် ပြတင်းပေါက်အပြင်ဘက်မှ စည်ကားနေသော ချင်းရှန်းခရိုင်မြို့လေးကို လက်ညှိုးထိုးပြလိုက်သည်။

"အခုတော့ ဒါကို 'ချင်းရှန်း ဖွံ့ဖြိုးတိုးတက်ရေးဇုန်' လို့ ခေါ်ရတော့မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငါတို့ရဲ့ ဆင်းရဲမွဲတေပြီး လူသူကင်းမဲ့တဲ့ တောင်ပေါ်ရွာလေးကနေ အခုဆိုရင် အမေရိကန်ပြည်ထောင်စုအထိ ကုန်ပစ္စည်းတွေ ရောင်းထုတ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ"

ဟုတ်ပါသည်။ "ချင်းရွှေ" အမှတ်တံဆိပ် လန်ချွန်းအသားနှင့် "ချင်းရွှေ" အမှတ်တံဆိပ် ပရီမီယံ ဝက်သားဟင်းလျာများမှာ ယခုအခါ နိုင်ငံတကာ၌ နာမည်ကြီးပြီး ဈေးကွက်တွင် အလွန်တန်ဖိုးထားရသည့် ကုန်ပစ္စည်းများ ဖြစ်လာခဲ့ပြီ။

အစည်းအဝေးပြီးနောက် ချန်ရှင်းသည် သူ၏ ဟောင်ချီဆီဒင်ကားဖြင့် ရွာသို့ ပြန်လာသည်။ ကားမောင်းသူမှာ ချန်အယ်တန့်ပင် ဖြစ်သည်။ ဤသူမှာ ယခုအခါ ချင်းရွှေသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်ပြီး ကုန်တင်ကားကြီး ရာပေါင်းများစွာကို စီမံခန့်ခွဲနေရသည်။

သို့သော် သူတွင် ထူးဆန်းသော အကျင့်တစ်ခု ရှိသည်။ ချန်ရှင်း အပြင်ထွက်တိုင်း သူ ကိုယ်တိုင် ကားမောင်းမှသာ ကျေနပ်သည်။ မည်သို့ပင် တားဆီးပါစေ သူက လက်မခံပေ။

"အစ်ကို… ကျွန်တော်တို့ရဲ့ ကလေးနှစ်ယောက်က ဒီနေ့ ကျောင်းက စောစောဆင်းတယ်၊ ဝက်ခြံကို သွားပြီး ဝက်ကလေးတွေကို ကြည့်မယ်လို့ ပြောတယ်"

ချန်အယ်တန့်က စတီယာရင်ကို တည်ငြိမ်စွာ ဆုပ်ကိုင်ရင်း ရယ်မောပြောဆိုသည်။ သူသည် တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ၏ ရိုးသားဖြူစင်သော သဘာဝမှာ ဖုံးကွယ်၍ မရပေ။ သူ၏ လည်ပင်းတွင် ရွှေဆွဲကြိုး တောက်ပနေပြီး ၎င်းမှာ သူ၏ဇနီးက ကံကောင်းစေရန် လက်ဆောင်ပေးထားခြင်း ဖြစ်သည်ဟု ပြောပြသည်။

"ဒီကလေးတွေကတော့ အမြဲတမ်း စိတ်ပူစရာတွေ ပေးနေတာပဲ"

ချန်ရှင်းက ခေါင်းခါယမ်းလိုက်သော်လည်း သူ၏ နှုတ်ခမ်းထက်တွင်မူ ချစ်ခင်မြတ်နိုးသည့် အပြုံးတစ်ခု ရှိနေဆဲပင်။

ကားမှာ ရွာထဲသို့ မောင်းဝင်သွားသည်။ မူလက စပါးနယ်ကွင်းဖြစ်သော နေရာမှာ ယခုအခါ ယဉ်ကျေးမှုရင်ပြင်အဖြစ် ပြောင်းလဲသွားသည်။ ရွာလူကြီးဟောင်း ချန်ကွမ်လင်မှာ အနားယူသွားပြီဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန်ဆဲဖြစ်သည်။ သူသည် ရင်ပြင်ရှိ ဝိုင်စပျစ်ပင်အောက်တွင် ထိုင်ကာ ခရမ်းရောင် မြေအိုးလက်ဖက်ရည်ခွက်ကို ကိုင်လျက် ပတ်ဝန်းကျင်မှ လူငယ်များကို ရေကြီးခဲ့သည့်နှစ်က အကြောင်းနှင့် ချန်ရှင်းက မည်သို့ ကယ်တင်ခဲ့ပုံကို ပြောပြနေသည်။

"ရေလှိုင်းတွေက အိမ်တွေထက်တောင် ပိုမြင့်သေးတယ်..အဲ့ဒီတုန်းက ငါတို့ အကြံပေးချန်က မျက်တောင်တစ်ချက်တောင် မခတ်ခဲ့ဘူး..."

အဘိုးအိုမှာ စိတ်အားထက်သန်စွာ ပြောဆိုနေပြီး ပရိသတ်များမှာလည်း အကြိမ်ကြိမ် ကြားဖူးသော်လည်း စိတ်ဝင်တစား နားထောင်နေကြသည်။ ချန်ရှင်း၏ ကားကို မြင်သောအခါ ချန်ကွမ်လင်မှာ တုန်တုန်ရီရီဖြင့် ထရပ်ကာ လက်ပြသည်။ ချန်ရှင်းသည် ကားမှန်ကို ချလိုက်ပြီး "ရွာလူကြီးဟောင်းကြီး" ဟု နှုတ်ဆက်လိုက်ရာ အဘိုးအိုမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားသည်။

ချန်မိသားစု နေအိမ်။

ယနေ့တွင် ဤနေရာမှာ တကယ့် ဥယျာဉ်ပုံစံ နေအိမ်အဖြစ် ပြောင်းလဲသွားသည်။ ဝင်းထဲ ဝင်ဝင်ချင်း ငွေသံကဲ့သို့ ရယ်မောသံများကို ကြားလိုက်ရသည်။

"အဒေါ်ရှို့ရှို့…သမီးအစ်ကို့ကို ကြည့်ပါဦး၊ သူ သမီးရဲ့ လေးကို ထပ်လုပြီး ဝက်ကလေးပေါ် တင်ထားပြန်ပြီ."

လှပစွာ ပုံဖော်ထားသော ပန်းရောင် ဂါဝန်လေး ဝတ်ထားသည့် ကလေးမလေးတစ်ယောက်က ဒေါသတကြီး တိုင်ကြားနေသည်။ သူမမှာ ချန်မိသားစု၏ မင်းသမီးလေး ချန်နင်ဖြစ်သည်။ သူမလိုက်ဖမ်းနေသော ကလေးမှာ ချန်အန်းဖြစ်ပြီး ခြောက်နှစ်သာ ရှိသေးသော်လည်း သူ၏ မျက်နှာသွင်ပြင်မှာ ငယ်စဉ်က ချန်ရှင်းနှင့် ဆင်တူကာ တည်ငြိမ်ပြီး ထက်မြက်သည်။

"အန်းအန်း.. မင်းရဲ့ ညီမကို အနိုင်မကျင့်နဲ့"

လင်းရှို့ရှို့မှာ လတ်လတ်ဆတ်ဆတ် လှီးထားသော သစ်သီးပန်းကန်ကို ကိုင်ကာ စင်္ကြံလမ်းမှ ထွက်လာသည်။ အချိန်ကာလမှာ သူမကို အံ့ဩဖွယ် ပြောင်းလဲပေးခဲ့သည်။ ယခင်က ကြောက်ရွံ့နေသည့် မုဆိုးမလေးမှာ ပျောက်ကွယ်သွားပြီး ယခုအခါ အရည်အချင်းရှိပြီး ဆွဲဆောင်မှုရှိသော အလုပ်လုပ်သည့် အမျိုးသမီးတစ်ယောက် ဖြစ်လာသည်။ သူမသည် ငါးမွေးမြူရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး လူထောင်ပေါင်းများစွာ၏ စားဝတ်နေရေးကို တာဝန်ယူထားရသူ ဖြစ်သည်။ သို့သော် ချန်မိသားစုတွင်မူ သူမမှာ ယခင်ကဲ့သို့ပင် နူးညံ့သိမ်မွေ့သော လင်းရှို့ရှို့သာ ဖြစ်သည်။

မြောင်မြောင်မှာ အသက်ဆယ်နှစ် ရှိပြီဖြစ်သည်။ ကျောင်းမှ ပြန်လာပြီး ချန်အန်း၏ ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားများကို ပြင်ပေးနေသည်။ သူမမှာ ကျောင်းတွင် ထူးချွန်ပြီး အနာဂတ်တွင် ချန်ရှင်းကဲ့သို့ ဖြစ်လာရန် ရည်မှန်းထားသည်။

"အဖေ"

ကလေးနှစ်ယောက်မှာ ချန်ရှင်းကို မြင်သောအခါ အပြေးလာကြသည်။ ချန်ရှင်းမှာ ငုပ်ထိုင်လိုက်ပြီး သူတို့ကို တစ်ဖက်စီ ပွေ့ချီလိုက်သည်။

"ဒီနေ့ အလိမ္မာလေးတွေ ဟုတ်ရဲ့လား"

"ဟုတ်ကဲ့"

သူတို့မှာ တညီတညွတ်တည်း ဖြေလိုက်သည်။

ထိုအချိန်တွင် အိမ်ထဲမှ လူတစ်ယောက် ထွက်လာသည်။ ရွှီချင်းချင်း။ သူမမှာ ရိုးရှင်းသော အဖြူရောင် လည်ပင်းမြင့် အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်ကို စည်းနှောင်ထားကာ လက်ထဲတွင် စာအုပ်တစ်အုပ် ကိုင်ထားသည်။ ကလေးနှစ်ယောက် မွေးထားသော်လည်း ချန်ရှင်း၏ ဂရုစိုက်မှုကြောင့် သူမ၏ အသားအရေမှာ ဖြူဝင်းနေပြီး အေးချမ်းသည့် အရိပ်အယောင်များ ပေါက်နေသည်။ သူမမှာ ပတ်ဝန်းကျင်တွင် အားကျရဆုံး အမျိုးသမီးတစ်ယောက် ဖြစ်သည်။

"ပြန်ရောက်ပြီလာ"

ရွှီချင်းချင်းက ရှေ့သို့ တိုးလာပြီး ချန်ရှင်း၏ အင်္ကျီကို ယူလိုက်သည်။

"ဖန်းအာ ဖုန်းဆက်တယ်၊ ပြည်နယ် ဥပဒေရေးရာ အစည်းအဝေး ပြီးသွားပြီတဲ့၊ ဒီည သူ လာညစာစားမှာ…ကောင်းတဲ့ ဝိုင်နှစ်ပုလင်းတောင် ပါလာဦးမှာ"

ကျောက်ဖန်းအာမှာ မြို့သို့ ပြန်မသွားဘဲ ဥပဒေပညာကို ဆက်လက် လေ့လာပြီး ယခုအခါ ချင်းရွှေလုပ်ငန်းစု၏ အဓိက ဥပဒေအရာရှိ ဖြစ်လာသည်။ ယခင်က ပညာတတ်လူငယ်များမှာလည်း ချင်း ရွှေလုပ်ငန်းစုတွင် မိမိတို့နေရာကို ရှာတွေ့သွားကြသည်။ ချန်ရှင်းကို ဆန့်ကျင်ခဲ့သူများမှာမူ... အဒေါ်ဝမ်၏ မိသားစုမှာ တခြားခရိုင်သို့ ပြောင်းသွားကြပြီး ဆင်းရဲစွာ နေထိုင်နေကြရသည်။ လီကျားရွာမှ လီချန်မှာမူ အယ်တန့်၏ လက်အောက်တွင် သယ်ယူပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်လာပြီး ချန်ရှင်းကို အဖေအရင်းကဲ့သို့ပင် ရိုသေသည်။ ရွှီဖူကွေ့နှင့် ဝမ်ကွေ့ရှန်းမှာလည်း မြေသြဇာစက်ရုံမှ ရရှိသော အကျိုးအမြတ်များဖြင့် အေးချမ်းစွာ နေထိုင်နေကြသည်။ ဝမ်ကွေ့ရှန်းမှာ အကျင့်ဟောင်းများ ရှိသေးသော်လည်း ချန်ရှင်း၏ ရှေ့တွင်မူ အသက်တောင် ဝဝ မရှူရဲတော့ပေ။

ညစာစားပွဲ။

စားပွဲဝိုင်းကြီးတွင် လူများ ပြည့်နှက်နေသည်။ ချန်ရှင်း၊ ရွှီချင်းချင်း၊ လင်းရှို့ရှို့နှင့် သူမ၏ သမီး၊ ကျောက်ဖန်းအာ၊ ပြန်မသွားလိုသည့် ချန်အယ်တန့်နှင့် စုဝမ်တို့မှာ ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်။ တီဗွီတွင် နိုင်ငံ၏ လျင်မြန်သော တိုးတက်မှုအကြောင်း သတင်းများကို ထုတ်လွှင့်နေသည်။ အရက် အဝိုင်းများစွာ သောက်ပြီးနောက် အားလုံးမှာ အနည်းငယ် မူးယစ်နေကြသည်။

ချန်ရှင်းသည် ဒုတိယထပ် လသာဆောင်သို့ တစ်ယောက်တည်း ထွက်သွားသည်။ လရောင်မှာ ချင်းရွှေရွာပေါ်သို့ ကျရောက်နေသည်။ အဝေးမှ စက်ရုံတွင် မီးများ ထွန်းညှိထားပြီး စက်သံများမှာ အလွန်ပင် နှစ်သက်ဖွယ် ကောင်းလှသည်။ အနီးအနားတွင် မီးရောင်များမှာ တောက်ပနေပြီး အိမ်တိုင်းမှာ ငြိမ်းချမ်းနေကြသည်။ ချန်ရှင်းက အိတ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။

ရုတ်တရက် စိတ်ကူးတစ်ခု ဝင်လာသည်။ သူ့ဘေးတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော စနစ်က ဘုတ်ပြားမှာ သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်။ တံခါးပေါက်မှာ အနည်းငယ် လှုပ်ရှားနေဆဲဖြစ်ပြီး သူဆန္ဒရှိပါက ထိုထူးဆန်းသော ခေတ်သစ်ကမ္ဘာသို့ ပြန်သွားနိုင်သည်။ သို့သော် သူ သေချာ စဉ်းစားကြည့်သောအခါ ထိုတံခါးကို မဖွင့်သည်မှာ ကြာပြီဖြစ်သည်။ အစပိုင်းတွင် သူသည် အသက်ရှင်ရန်၊ နေရာရရန်၊ ဤဆင်းရဲသော ခေတ်တွင် လမ်းကြောင်း ဖောက်ရန် ၎င်းကို လိုအပ်ခဲ့သည်။

အခုတော့…

ချန်ရှင်းမှာ လှည့်ကြည့်လိုက်ရာ အခန်းထဲတွင် အလင်းရောင်များ တောက်ပနေသည်။ ချင်းချင်းမှာ အန်းအန်း၏ ပါးစပ်ကို ပြုံးလျက် သုတ်ပေးနေပြီး၊ နင်နင်မှာ လင်းရှို့ရှို့၏ ရင်ခွင်တွင် ကပ်နေကာ အယ်တန့်မှာ သူ၏ "သူရဲကောင်း" ဇာတ်လမ်းကို ပြောနေသည်။

ဤနွေးထွေးသော အလင်းရောင်များ၊ ဤတက်ကြွသော ကမ္ဘာ ကိုယ်ပိုင်လက်ဖြင့် တည်ဆောက်ထားသော ဤခေတ်ကာလမှာ ထိုအေးစက်ပြီး အထီးကျန်သော ခေတ်သစ် ကမ္ဘာထက် သန်းပေါင်းများစွာ ပို၍ အစစ်အမှန် ဖြစ်သည်။

"စနစ် အသိပေးချက် အသံတွေကို ပိတ်လိုက်တော့"

ချန်ရှင်းသည် သူကိုယ်တိုင် တိတ်တဆိတ် ပြောလိုက်သည်။

【ဒင်… စနစ်မှာ အနားယူမုဒ်သို့ ဝင်ရောက်တော့မည်။ အတည်ပြုပါသလား..】

"အတည်ပြုတယ်"

အလင်းရောင်များမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး ကြယ်တာရာများအဖြစ် ပြောင်းလဲကာ ဤခေတ်ကာလ၏ တောက်ပသော ဂလက်ဆီထဲသို့ ပေါင်းစပ်သွားသည်။

"ချန်ရှင်း..ဘာတွေကို တွေးနေတာလဲ ကိတ်မုန့် လှီးဖို့ အချိန်တန်ပြီ"

ရွှီချင်းချင်း၏ အသံမှာ ချစ်ခင်မြတ်နိုးမှုများဖြင်ြ ထွက်ပေါ်လာသည်။

"လာပြီ"

ချန်ရှင်းမှာ အပြုံးဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ သူသည် လှည့်ထွက်လာပြီး အခန်းထဲသို့၊ ဤစည်ကားသော ကမ္ဘာထဲသို့၊ သူပိုင်ဆိုင်သော အကောင်းဆုံး ခေတ်ကာလထဲသို့ ဝင်ရောက်သွားတော့သည်။

(ဇာတ်သိမ်းပါပြီ)

ချန်ရှင်းလေးကို အဆုံးထိအားပေးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို စာရေးသူနှင့်တူ Lucky Star team မှ မောင်နှမများအားလုံးက အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ချန်ရှင်းလေးပြီးသွားတာနဲ့အတူ (၂)ရက်အကြာမှာ ချန်ရှင်းလိုပဲ ကမ္ဘာနှစ်ဖက်ကို ကူးပြောင်းနိုင်တဲ့ စာအုပ်အသစ်လေး “ ကမ္ဘာကူးပြောင်းခြင်း - ရှေးခေတ်မှာ ဇနီးတစ်ယောက်ရဖို့ ပေါက်စီနှစ်လုံးနဲ့ လဲလှယ်ခဲ့တယ်” စာအုပ်လေး ထပ်မံထွက်ရှိပါမယ်ရှင်။ ထို့အတူ “၁၉၆၀မှာ နေ့စဉ်ဆုလာဘ်ဆောင်ရယူပြီး ဇနီးသည်တေ

All Chapters