အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) အပြတ်အသတ်အနိုင်ယူခြင်း၊ မင်း ဥပဒေကို ချိုးဖောက်ခဲ့တယ်
ရဲ့ချန်မှာ ရုတ်တရက် သက်ပြင်းချလိုက်မိ၏။ ရှန်ဝမ်နင်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်တော့ သူ အနည်းငယ် ယုံကြည်မှု ရှိနေသေးပေသည်။
"စီနီယာအစ်မ ရှန်... ဒီနေ့ ကျွန်တော် ရဲ့ချန် စော်ကားမိပြီ.."
ရဲ့ချန်၏ ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်များ စတင် ပေါက်ကွဲထွက်လာပြီး ဓားဆန္ဒများက မဟာအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားကာ သူ၏ အနောက်တွင် ထူးဆန်း မီးတောက်တစ်ခု ပေါ်လာသဖြင့် ချင်လော့ သိရှိထားသော ဂိမ်းထဲမှ ရင်းနှီးသည့် ဇာတ်ကောင်ဖြစ်သော မီးလူသားနှင့် တူနေပေသည်။
"စီနီယာအစ်မ ရှန်... ကျေးဇူးပြုပြီး..."
ရဲ့ချန်၏ စကားဆုံးသွားသည်နှင့် သူက ရှန်ဝမ်နင်ဆီသို့ ပျံသန်းသွားသကဲ့သို့ ပြေးဝင်သွားပြီး သက်ညှာမှု အနည်းငယ်မျှ မရှိဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်သည်။
ရှန်ဝမ်နင်က အလျင်စလို မရှိဘဲ သူမ၏ လက်ထဲတွင် လေးနှင့်မြားတစ်စုံ ပေါ်လာခဲ့၏။ သူမက
လေးကို ညွှတ်လိုက်သည်။ စွမ်းအင်များနှင့် စုစည်းထားသော မြားတစ်စင်းက လေးကြိုးပေါ်တွင် ပေါ်လာခဲ့ပေသည်။
"သူတော်စင်ရတနာပါလား..." လျိုချန်ဟယ်၏ အာမေဍိတ်သံ ထွက်ပေါ်လာပြီး သူ၏ မျက်နှာပေါ်ရှိ အမူအရာက ဆိုးရွားသွားခဲ့သည်။
ရှန်ဝမ်နင်၏ လက်ထဲတွင် သူတော်စင်ရတနာ တစ်ခု ရှိနေကြောင်းကို သူ မြင်တွေ့လိုက်ရပြီး အဆင့်ကလည်း သိပ်မနိမ့်ကျချေ။
‘ဓားတစ်လက်အတွက် မြားတစ်စင်း…သွားစမ်း’
မြားက ရဲ့ချန်ဆီသို့ ပြေးဝင်သွားချိန်၌ ရှန်ဝမ်နင်က လေးကို ထပ်မံညွှတ်ကာ မြားများကို ဆက်တိုက် ပစ်လွှတ်လိုက်၏။
တစ်စင်း၊ နှစ်စင်း၊ သုံးစင်း…
ရွှီး…
မြားများက ရဲ့ချန်၏ ရှေ့သို့ ကျရောက်လာရာ သူ ခုခံရန် အလွန် ခက်ခဲနေခဲ့ပေသည်။
ဘန်း... ဘန်း... ဘန်း…
ကြီးမားသော ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရဲ့ချန်၏ မျက်နှာမှာ အလွန် ဆိုးရွားသွားခဲ့၏။
ရှန်ဝမ်နင်၏ နှုတ်ခမ်းထောင့်များက အေးစက်စွာ ကွေးတက်သွားပြီး နောက်ထပ် မြားတစ်စင်း ထပ်မံထွက်ပေါ်လာကာ သူမက လေးနှင့်မြားကို သိမ်းဆည်းလိုက်ပြီး ရဲ့ချန်ဆီသို့ ခုန်ဝင်သွားခဲ့သည်။
ရဲ့ချန်က ဤသည်ကို သတိပြုမိလိုက်ရာ ရုတ်တရက် သက်ပြင်းချလိုက်မိပြီး စိတ်ထဲတွင် ရေရွတ်လိုက်၏။
"အနီးကပ်တိုက်ပွဲဆိုရင် ငါ မင်းကို သေချာပေါက် အပြတ်အသတ် အနိုင်ယူနိုင်တယ်..."
ဓားရှည်တစ်လက်က သူမ၏ လက်ထဲတွင် ပေါ်လာပြီး ရဲ့ချန်၏ အနီးသို့ ရောက်ရှိလာချိန်၌ ခန္ဓာကိုယ်က နှစ်ခုကွဲသွားကာ နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခုအထိ…
နောက်တစ်စက္ကန့်တွင် ရှန်ဝမ်နင် အများအပြားက ရဲ့ချန်ဆီသို့ တစ်ချိန်တည်း ဓားဆွဲထုတ်လာကြပေသည်။
"မြူခိုးမြင့်မြတ်နယ်မြေရဲ့ ထူးခြားတဲ့ သိုင်းပညာတွေထဲက တစ်ခုဖြစ်တဲ့ မြူခိုးမာယာဓားအစီအရင်ပါလား..." တစ်စုံတစ်ဦးက အာမေဍိတ်သံ ပြုလိုက်၏။
"ဒါ့အပြင် သူမရဲ့ လက်ထဲမှာ ရှိနေတာက သူတော်စင်ရတနာပဲ..."
လူအများအပြားမှာ အံ့အားသင့်သွားကြသည်။
အချို့သော သူတော်စင်များပင် ယခုအချိန်အထိ သူတော်စင်ရတနာ တစ်ခုမျှ မရှိကြသေးသော်လည်း ယခု ဤမြူခိုးမြင့်မြတ်နယ်မြေ၏ သူတော်စင်မလေး ဆိုသူမှာမူ သူမတစ်ယောက်တည်းတွင် သူတော်စင်ရတနာ နှစ်ခု ရှိနေပေသည်။
ဤသည်မှာ သူတို့ မြင်တွေ့ရသည့် အရာများသာဖြစ်ပြီး ရှန်ဝမ်နင်တွင် ဤထက်ပို၍ များပြားစွာ ရှိနေနိုင်သေးပေ၏။
အပြတ်အသတ်အနိုင်ယူခြင်း။ လုံးဝ အပြတ်အသတ်အနိုင်ယူခြင်းပင်။
ချင်လော့က ခေါင်းယမ်းလိုက်၏။
"ဒီကံကြမ္မာသားတော်က သိပ်ပြီး အသုံးမကျဘူးပဲ..."
ကျင့်ကြံမှုက ရှန်ဝမ်နင်ကို မမီသကဲ့သို့ ကံကြမ္မာတန်ဖိုးကလည်း ယခု ရှန်ဝမ်နင်လောက် မကောင်းမွန်သည့်အပြင် နောက်ခံက ပို၍ပင် ဆိုးရွားနေသေးသည်။ အပြတ်အသတ်ရှုံးနိမ့်ခြင်းက သာမန်သာ ဖြစ်ပေ၏။
"အား..."
ရဲ့ချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လျှို့ဝှက်ပညာကို ဖော်ထုတ်ကာ သူ၏ ကျင့်ကြံမှုကို မြင့်တက်စေလိုက်သော်လည်း ရှန်ဝမ်နင်၏ နှုတ်ခမ်းထောင့်များက အေးစက်စွာ ကွေးတက်သွားပြီး သူမ၏ ကျင့်ကြံမှုမှာလည်း မျက်တောင်တစ်ခတ်အတွင်း မြင့်တက်သွားခဲ့သည်။
‘လျှို့ဝှက်ကျင့်စဥ်... ဘယ်သူက မသိလို့လဲ။’ သူမ၏ မြူခိုးမြင့်မြတ်နယ်မြေတွင် အများကြီး ရှိပေသည်။
ရွှီး... ရွှီး... ရွှီး... ရွှီး...
မရေမတွက်နိုင်သော ဓားစွမ်းအင်များက ဒေါင်လိုက်နှင့် အလျားလိုက် ထွက်ပေါ်လာပြီး ရဲ့ချန်မှာ ထပ်တလဲလဲ ဟိန်းဟောက်နေခဲ့၏။
ဘန်း... ဘန်း... ဘန်း... ဘန်း…
နောက်ဆုံးတွင် ရဲ့ချန်မှာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ တစ်ကိုယ်လုံး လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"ဂျူနီယာမောင်လေး ရဲ့ချန်..."
"အစ်ကို ချန်..."
"အစ်ကို ချန်..."
သံများ ဆက်တိုက် ထွက်ပေါ်လာသော်လည်း ရှာယွီဝေး ဟုခေါ်သော အမျိုးသမီး၏ အသံမှာမူ မပါဝင်ခဲ့ချေ။
"မင်း ရှုံးသွားပြီ... မင်းရဲ့ အသက်ကို ငါ ယူမယ်..." ရှန်ဝမ်နင်၏ ဓားက ရဲ့ချန်၏ လည်ပင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်စက္ကန့်တွင် လည်ပင်းကို ဖြတ်တောက်တော့မည် ဖြစ်ပေ၏။
သို့သော် ဤအချိန်တွင် အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"မိန်းကလေး... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... ဒီအဘိုးကြီးကို မျက်နှာသာလေး ပေးလို့ မရဘူးလား..."
စကားပြောနေစဉ် ရှန်ဝမ်နင်၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်၍မရဘဲ မမြင်ရသော စွမ်းအင်လှိုင်းတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပေသည်။
ယန်ရှန်း၏ မျက်နှာမှာ ရုတ်တရက် အလွန် ဆိုးရွားသွားပြီး သူမ၏ အကြည့်များက ထိုအဘိုးအိုအပေါ်သို့ ကျရောက်သွားကာ အေးစက်စွာ နှာမှုတ်လိုက်၏။
"လုယွမ်... မျိုးဆက်သစ်တွေကြားက ရန်ငြိုးကို ရှင်က ဝင်ပါချင်နေတာလား... ငါ မရှိဘူးလို့ ထင်နေတာလား..."
လုယွမ်က ခေါင်းယမ်းလိုက်ပြီး ယန်ရှန်းကို ပြောဆိုလိုက်သည်။
"ဒီနေ့ကိစ္စအတွက် ဒီအဘိုးကြီးက မင်းကို ကျေးဇူးကြွေး တစ်ခု တင်သွားမယ်ဆိုရင်ကော... ငါတို့ တန်ဆေးဂိုဏ်းမှာ သူတော်စင်သားတော် မရှိခဲ့တာ နှစ်တစ်ထောင်ကျော်နေပြီ... ရဲ့ချန်က ငါတို့ တန်ဆေးဂိုဏ်းရဲ့ မျှော်လင့်ချက်ပဲ... သူ့အတွက် အန္တရာယ် တစ်ခုခုဖြစ်လို့ မရဘူး..."
နှစ်တစ်ထောင်ကျော်မှ ထွက်ပေါ်လာသော သူတော်စင်သားတော်ဖြစ်ရာ ရဲ့ချန်၏ သူတော်စင်သားတော် အဆင့်အတန်းသည် အလွန်တရာ တန်ဖိုးကြီးလှပေသည်။
"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ..." ယန်ရှန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြင်းထန်သော အငွေ့အသက်များက လုယွမ်ဆီသို့ တိုက်ခတ်သွားခဲ့၏။
"ရှင်ရဲ့ ကျေးဇူးကြွေးကို ငါ ယန်ရှန်းက မလိုချင်ဘူး... မလိုဘူး..."
ဓားများ ဆွဲထုတ်လာကြပြီး စစ်ပွဲကြီးတစ်ခု စတင်တော့မည့်ဆဲဆဲ ဖြစ်နေပေသည်။
လုယွမ်မှာ လေးနက်သော အမူအရာဖြင့် သွားကြိတ်ကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါက လွန်ခဲ့တဲ့ နှစ်သုံးရာက မင်းတို့ မြူခိုးမြင့်မြတ်နယ်မြေက မြင့်မြတ်နယ်မြေသခင် ငါ့ကို ပေးခဲ့တဲ့ အမှတ်အသားပဲ... ဒီပစ္စည်းကို ယူလာရင် မြူခိုးမြင့်မြတ်နယ်မြေကို ကိစ္စတစ်ခု လုပ်ပေးဖို့ တောင်းဆိုနိုင်တယ်..."
"ဒီနေ့ ငါ့မှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်... ဒီကိစ္စကို မေ့လိုက်ပါ..."
ယန်ရှန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိုအမှတ်အသားကို ကြည့်လိုက်ရာ သူမက မြင့်မြတ်နယ်မြေသခင်၏ အမှတ်အသားဖြစ်ကြောင်း သိရှိပြီး အခြားသူများကို အလွယ်တကူ ပေးလိမ့်မည်မဟုတ်ကြောင်းလည်း သိထားပေ၏။
သူမက အသံလွှင့်ကျောက်စိမ်းပြားကို ထုတ်ယူကာ သူမ၏ မြင့်မြတ်နယ်မြေနှင့် ဆက်သွယ်လိုက်ပြီး တိကျသော အဖြေကို ရရှိခဲ့သည်။
လွန်ခဲ့သော နှစ် ၃၀၀ ကျော်က လုယွမ်သည် မြင့်မြတ်နယ်မြေသခင်ကို အမှန်တကယ် ကူညီခဲ့ဖူးပြီး မြင့်မြတ်နယ်မြေသခင်က လုယွမ်ကို ကျေးဇူးကြွေး တစ်ခု တင်နေခဲ့ပေသည်။
သူမက လုယွမ်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် ရှန်ဝမ်နင်ဆီသို့ အကြည့်ပို့ကာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြလိုက်သည်။
ရှန်ဝမ်နင်မှာ သဘောမတူလိုသော်လည်း သူမ ပိုင်ဆိုင်သမျှ အရာအားလုံးသည် မြူခိုးမြင့်မြတ်နယ်မြေမှ လာခြင်းဖြစ်ပြီး မြင့်မြတ်နယ်မြေသည် သူမ၏ နောက်ခံအင်အားဖြစ်ကြောင်းကို ကောင်းစွာ သိရှိထားပေ၏။ သက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ အကြည့်များက လျိုရူယန်အပေါ်သို့ ကျရောက်သွားကာ လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ရဲ့ချန်ကို... ငါက စီနီယာအစ်ကို သတ်ဖို့ ချန်ထားခဲ့ပေးလို့ ရတယ်... ဒါပေမဲ့ လျိုရူယန်ကိုတော့ ဘယ်သူမှ ခေါ်သွားလို့ မရဘူး…”
"အကြီးအကဲ ယန်... ဒါက ငါ့ရဲ့ နောက်ဆုံးစည်းပဲ..." သူမက ခေါင်းလှည့်ကာ ယန်ရှန်းကို ခေါင်းမာစွာ ကြည့်လိုက်၏။
"မဖြစ်ဘူး..." ရဲ့ချန်က ငြင်းဆန်လိုက်သည်။
"စီနီယာအစ်မ ရူယန်က ကျွန်တော့်ကို လက်ထပ်ဖို့ ကတိပေးထားပြီးပြီ... သူမက ကျွန်တော့် ဇနီးပါ... သူမကို ကျွန်တော့်ဆီကနေ ဘယ်သူမှ လုယူသွားလို့ မရဘူး..."
"ဒါ့အပြင်..." ရဲ့ချန်၏ အကြည့်များက ရှန်ဝမ်နင်အပေါ်သို့ ကျရောက်သွားပြီး အေးစက်စွာ ပြောဆိုလိုက်၏။
"စီနီယာအစ်မ ရှန်... ခင်ဗျားက စီနီယာအစ်မ ရူယန်နဲ့ စီနီယာအစ်ကို ချင်တို့ စေ့စပ်ထားတယ်လို့ အမြဲတမ်း ပြောနေတာပဲ... ကျေးဇူးပြုပြီး သက်သေပြပါ... ဒီနေရာမှာ ရှိနေတဲ့သူတွေထဲက ဘယ်သူမှ ဒီကိစ္စမျိုးကို မကြားဖူးကြဘူး..."
"ဟုတ်တယ်မလား... စံအိမ်သခင် လျို..."
သူ၏ အကြည့်များက လျိုချန်ဟယ်အပေါ်သို့ ကျရောက်သွားပြီး မေးမြန်းလိုက်၏။ လျိုချန်ဟယ်က ခေါင်းညိတ်လိုက်သည်။
"မှန်တယ်... ရှန်ဝမ်နင်... မင်းပြောနေတဲ့ စေ့စပ်ထားတယ်ဆိုတာ လုံးဝ လုပ်ကြံထားတာပဲ... မင်းရဲ့ စီနီယာအစ်ကို ချင်လော့အတွက် မင်း ဒီလိုလုပ်ချင်တာကို ငါ နားလည်နိုင်ပါတယ်... ဒါပေမဲ့ စေ့စပ်ထားတယ်ဆိုတာ လုံးဝ မရှိခဲ့ပါဘူး... ရူယန်က ချင်လော့ရဲ့ စေ့စပ်ထားသူ မဟုတ်ဘူး... ရူယန်ကို နေခဲ့ခိုင်းဖို့ မင်းမှာ ဘာအကြောင်းပြချက် ရှိလို့လဲ..."
ဖြန်း…
လက်ခုပ်တီးသံတစ်သံ ထွက်ပေါ်လာခဲ့ရာ ဤနေရာတွင် အလွန် ရုတ်တရက်ဆန်လွန်းလှပေ၏။
"ကျွတ်... လိမ်လွန်းလို့ မင်းကိုယ်မင်းတောင် ယုံသွားပြီလား..."
"ဘာလို့ ငါ့ကို မမေးရတာလဲ..."
ရင်းနှီးနေသော အသံကြောင့် ရှန်ဝမ်နင်မှာ အလွန် တုန်လှုပ်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ချင်လော့၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ မျက်လုံးများတွင် မျက်ရည်များ ချက်ချင်း ပြည့်နှက်သွားခဲ့ပေသည်။
"စိတ်မပူပါနဲ့... အားလုံး ငါ့ကို လွှဲထားလိုက်..." ချင်လော့က ယုံကြည်မှုရှိစွာ ပြောဆိုလိုက်၏။
"ချင်လော့..." ရဲ့ချန်က လက်သီးများကို ဆုပ်ထားပြီး သူ၏ အမူအရာမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေကာ ဤအခိုက်အတန့်တွင် ချင်လော့ကို အပိုင်းပိုင်းဖြတ်ချင်နေမိသည်။
လျိုရူယန်က ရဲ့ချန်၏ လက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး တိုးတိတ်စွာ ပြောဆိုလိုက်၏။
"ဂျူနီယာမောင်လေး ရဲ့ချန်... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... ချင်လော့က မဟာချင်အင်ပါယာရဲ့ နဝမမင်းသားလေ..."
ချင်လော့က ကွင်းအလယ်သို့ လျှောက်သွားပြီး လျိုချန်ဟယ်ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"မြင့်မြတ်နယ်မြေသခင် လျို... မတွေ့ရတာ ရက်အတော်ကြာပြီပဲ... ခင်ဗျားက ဒီလောက်တောင် အရှက်မရှိဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
လျိုချန်ဟယ်၏ မျက်နှာမှာ မည်းမှောင်နေသော်လည်း အေးစက်စွာ နှာမှုတ်လိုက်ရုံသာရှိပြီး ဘာမျှ ထပ်မပြောခဲ့ချေ။ ချင်လော့၏ အကြည့်များက ရဲ့ချန်နှင့် လျိုရူယန်တို့ အပေါ်သို့ ကျရောက်သွား၏။
"တကယ်ကို တန်ဖိုးမရှိတဲ့ လင်မယားပဲ... အချို့အရာတွေက ကိုယ်ကျင့်တရားကို ကိုယ်စားမပြုဘူး ဆိုတာ သေချာတယ်... ပြီးတော့ လိမ်ညာမှုတွေကလည်း အပြည့်ပဲ... တကယ်ကို ရွံစရာကောင်းလွန်းတယ်..."
‘ကံကြမ္မာသားတော်က တာအိုကိုယ်ကျင့်တရား စံပြ ဖြစ်ရမယ် ဟုတ်လား... ရယ်စရာပဲ…’
"ဒါပေမဲ့ အရင်က ရန်ငြိုးတွေက ဘယ်လိုပဲဖြစ်ဖြစ် ငါ ချင်လော့က သဘောထားကြီးပါတယ်... ငါ မင်းတို့နဲ့ ရှင်းဖို့ မရည်ရွယ်ပါဘူး..."
"ဒီနေ့ ငါ ချင်လော့၊ မဟာချင် နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ ဒုတပ်မှူးချုပ်အနေနဲ့ ဝူယွမ်စစ်သူကြီးစံအိမ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကို ဖမ်းဆီးဖို့ ရောက်လာတာပဲ..."
"ရဲ့ချန်... မင်း ဥပဒေကို ချိုးဖောက်ခဲ့တယ်..."
"အခုချက်ချင်း ဒူးမထောက်ရင် မင်း ဖမ်းဆီးခံရလိမ့်မယ်…”