← Chapters

အခန်း ၉၄၃

Vol. 63 Ch. 943

အခန်း ၉၄၃

Vol. 63 Ch. 943

အခန်း (၉၄၃) - စာလုံးတစ်ရာ ကောင်းကင်ကျောက်စာတိုင်

သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ဘာမှ ပြန်မပြောချေ။ နင်ချီ၏ ပုံရိပ်ယောင် ဟင်းလင်းပြင်ထဲတွင် သူ အဘယ်ကြောင့် ထောင်ချောက်မိသွားရသနည်းဆိုသည်ကို အမြန်ပြန်လည်သုံးသပ်နေစဉ် သူ၏ နတ်ဘုရားမျက်လုံးများက တလက်လက် တောက်ပနေ၏။ သူသည် နင်ချီအား စာလုံးတစ်ရာ ကောင်းကင်ကျောက်စာတိုင်ဖြင့် ဖိနှိပ်ခဲ့သူ ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် နင်ချီ၏ ထောင်ချောက်ထဲ သူ ကျရောက်သွားရသနည်း။

ဤအချက်ကို နားလည်ရန် အလွန် အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် နင်ချီသည် သူ့ကို နောက်တစ်ကြိမ် အံ့အားသင့်အောင် လုပ်နိုင်ခဲ့သောကြောင့်ပင်။ သူတော်စင် ဘိုးဘေး၏ စိတ်အာရုံများက နင်ချီနှင့် တိုက်ပွဲဆီသို့ လျှပ်တစ်ပြက် ပြန်လည်ရောက်ရှိသွားကာ အသေးစိတ် အချက်အလက်များကို ပြန်လည် ပုံဖော်နေတော့သည်။ သူက မြင်ကွင်းများကို အနှေးပြကွက်ဖြင့် အဆက်မပြတ် ပြန်လည် ကြည့်ရှုနေရင်း နောက်ဆုံးတွင် သဲလွန်စတစ်ခုကို ရှာတွေ့သွား၏။

နင်ချီနှင့် ယခင်တိုက်ပွဲတွင် စာလုံးတစ်ရာ မှော်စွမ်းရည်ဖြင့် ဓားစက်ဝန်းများကို တိုက်ခိုက်ခဲ့သည့် အပိုင်းအထိ အဆင်ပြေနေခဲ့၏။ ပြဿနာမှာ နင်ချီကို သူ စတင် တိုက်ခိုက်လိုက်သည့် အချိန်တည်း။

ထို့နောက် သူတော်စင် ဘိုးဘေးသည် ထိုအပိုင်းကို အနီးကပ် ပြန်လည် စိစစ်ကြည့်လိုက်ရာ သူ၏ ကောင်းကင်ကျောက်စာတိုင် တိုက်ခိုက်မှုကို စတင်လိုက်ချိန်တွင် နင်ချီ၏ ဓားစက်ဝန်းတိုက်ခိုက်မှုများသည် လှိုင်းလုံးကြီးများအလား သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် သူက ကောင်းကင်ကျောက်စာတိုင်ကို ဖန်တီးရန် စာလုံးတစ်ရာကို အသုံးပြုခဲ့ပြီး ထိုအရာက ဓားစက်ဝန်းများအားလုံးကို ဘောလုံးများကဲ့သို့ လွင့်စင်သွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ၏ စွမ်းအားက ပိုမိုကြီးမားသည်ဟု ထင်ရသော်လည်း ယခု ပြန်လည်တွေးကြည့်သောအခါ ထိုအချိန်၌ နင်ချီ ပြုံးလိုက်သလိုမျိုး ဖြစ်နေကြောင်း သူတော်စင် ဘိုးဘေး သတိထားမိလိုက်၏။ ထိုအရာက အောင်ပွဲခံသည့် အပြုံးတစ်ခုပင်။

သူတော်စင် ဘိုးဘေးသည် တိကျသော ပြဿနာကို သူ၏ စိတ်အာရုံထဲတွင် ဆက်လက် ရှာဖွေနေခဲ့သည်။ သို့သော် ဤသဲလွန်စကို တွေ့ရှိခြင်းမှလွဲ၍ အခြား မည်သည့်အရာကိုမျှ သူ ရှာမတွေ့ခဲ့ပေ။ ဤအချက်က သူ့ကို များစွာ ဇဝေဇဝါ ဖြစ်စေ၏။ အကြောင်းမူကား သူ၏ ဗဟုသုတနှင့် ခွန်အားမျိုးဖြင့်ဆိုလျှင် ယင်းကို ရှာမတွေ့ဘဲ နေမည်မဟုတ်သောကြောင့်ပင်။

'ပြဿနာက အတိအကျ ဘယ်နေရာမှာလဲ...'

သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ မျက်နှာချင်းဆိုင်တွင် နင်ချီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူတော်စင် ဘိုးဘေး ထောင်ချောက်မိနေချိန်တွင် သူ တိုက်ခိုက်မှု မလုပ်ခဲ့သလို ယခု ပြန်လည်သုံးသပ်နေချိန်တွင်လည်း သူ မတိုက်ခိုက်ပေ။ တကယ်တမ်းတွင် နင်ချီသည် အခြေအနေကို စမ်းသပ်နေ၏။ သူတော်စင် ဘိုးဘေးသည် သူ၏ နည်းလမ်းများကို ထိုးဖောက်ကာ အမှန်တရားကို ဖော်ထုတ်နိုင်ခြင်း ရှိမရှိ သူ သိချင်နေ၏။ ဤအချက်က သူ၏အတွက်လည်း အလွန် အရေးကြီး၏။

တစ်ဖက်ရန်သူက မတတ်စွမ်းနိုင်ပါက သူတော်စင် ဘိုးဘေးနှင့် နောက်ဆက်တွဲ တိုက်ပွဲများသည် ကြီးမားသော အဓိပ္ပာယ်သက်ရောက်မှု ရှိသွားပေမည်။ သူတော်စင် ဘိုးဘေးကိုယ်တိုင်ကို ရင်ဆိုင်ရသည်ဖြစ်စေ၊ နောင်တစ်ချိန် တောင်နှင့်ပင်လယ် ကမ္ဘာမှ တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့ကို ရင်ဆိုင်ရသည်ဖြစ်စေ အလွန်ပင် အရေးပါလှ၏။ သူတော်စင် ဘိုးဘေးက သူ့အပေါ် တိုက်ခိုက်မှု စတင်လိုက်ချိန်တွင် နင်ချီသည် ကပ်ဘေးဖြတ်ကျော်စဉ်က သဘောပေါက်နားလည်ခဲ့သော အခြားကျင့်စဉ်တစ်ခုကို သက်ဝင်လှုပ်ရှားစေလိုက်၏။ ထိုအရာက ဟင်းလင်းပြင် မှော်စွမ်းရည်ကို အခြေခံထားသည့် ပြောင်းပြန်ဟင်းလင်းပြင်ဟု ခေါ်ဆိုသော ပညာရပ်ပင်။ ၎င်းတွင် ရုပ်လုံးရုပ်ဖျည် ရှိသော်လည်း လူတို့၏ အာရုံခံစားမှုများကို ရှုပ်ထွေးသွားစေရန် အမျိုးမျိုးသော လှည့်စားမှုများကိုလည်း ပေါင်းစပ်ထား၏။ အတုအယောင် သဘောတရားများလည်း ပါဝင်နေသောကြောင့် ၎င်းကို အစစ်အမှန်နှင့် အတုအယောင် ရောယှက်နေသည့်၊ အစစ်နှင့်တူသော်လည်း အတုဖြစ်နေသော၊ တစ်ဝက်အမှန် တစ်ဝက်အမှား မှော်ပညာဟုပင် ဆိုနိုင်၏။

သာမန်ကျင့်ကြံသူ တစ်ဦးကို ထောင်ချောက်ဆင်ရန် သို့မဟုတ် လှည့်စားရန်အတွက် နင်ချီ ယုံကြည်ချက် အပြည့်ရှိသော်လည်း သူတော်စင် ဘိုးဘေးကဲ့သို့ အစွမ်းထက်လှသည့် ပုဂ္ဂိုလ်တစ်ဦးအတွက်မူ သိပ်မသေချာလှပေ။ သူသည် မိမိ၏ စွမ်းရည်များကို စမ်းသပ်နေခြင်းသာ။ တကယ်တမ်းတွင် နင်ချီသည် ကျယ်ပြန့်သော ကမ္ဘာ၏ စွမ်းအားများကို ရရှိခဲ့ချိန်မှစ၍ သူတော်စင် ဘိုးဘေးနှင့် ဟောက်ရန်ကမ္ဘာ၏ ဆန္ဒတော်တို့ကို အနိုင်ယူရန် ပြင်ဆင်နေခဲ့ခြင်းပင်။ ထို့ကြောင့် သူသည် ကျယ်ပြန့်သော ကမ္ဘာ၏ စွမ်းအားများကို အစစ်အမှန်ကမ္ဘာ၏ အဓိကခန္ဓာကိုယ်ထံ လွှဲပြောင်းပေးကာ သုတေသနပြုစေခဲ့ပြီး ထိုစွမ်းအားများ၏ မူလဇာစ်မြစ်ကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာခဲ့၏။ ထို့ကြောင့် ယခုအခြေအနေသည် အတိတ်က စိုက်ပျိုးခဲ့သော မျိုးစေ့လေး ရှင်သန်ကြီးထွားကာ အသီးအပွင့်များ ဝေဆာလာခြင်းမျှသာ ဖြစ်တော့သည်။

သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားကို လှည့်စားနိုင်ရန်အတွက် သူတော်စင် ဘိုးဘေးက သူ၏ ဓားစက်ဝန်းကို ရိုက်ထုတ်လိုက်သည့် အခိုက်အတန့်တွင်ပင် နင်ချီက လှုပ်ရှားလိုက်၏။ မည်သည့်အရာကိုမျှ အလဟဿ မဖြစ်စေရဟူသော မူဝါဒကို ကိုင်စွဲထားသည့် နင်ချီသည် အမျိုးမျိုးသော စည်းမျဉ်းစွမ်းအားများ ကိန်းအောင်းနေသည့် ဓားစက်ဝန်းမှော်စွမ်းရည်ကို အသုံးပြုကာ ပြောင်းပြန်ဟင်းလင်းပြင် မှော်စွမ်းရည်ကို တက်ကြွစွာ ဖြန့်ကြက်လိုက်၏။ ထိုအခိုက်အတန့်၌ သူသည် ကျယ်ပြန့်သော ကမ္ဘာ၏ စည်းမျဉ်းစွမ်းအားများကိုပါ ပေါင်းစပ်ထည့်သွင်းလိုက်၏။ မိုးကြိုးကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ထားပြီးဖြစ်သော သူ့အတွက် ဤအရာက ခက်ခဲသော လုပ်ရပ်တစ်ခု မဟုတ်တော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် နင်ချီသည် သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ မက်မွန်ဥယျာဉ် လေဟာနယ်ထဲ၌ နောက်ထပ် ဟင်းလင်းပြင်တစ်ခုကို ဖန်တီးလိုက်တော့သည်။

ထို့အပြင် နင်ချီက မူလဝိညာဉ်ပူးကပ်ခြင်း လျှို့ဝှက်ပညာရပ်ကို တစ်ပြိုင်နက်တည်း အသုံးပြုကာ မိမိကိုယ်တွင်း၌ မူလဝိညာဉ် ကိုယ်ပွားတစ်ခု ဖန်တီးလိုက်၏။ ထိုကိုယ်ပွားလေးက သူတော်စင် ဘိုးဘေး၏ ကောင်းကင်ကျောက်စာတိုင်အောက်တွင် ဖိနှိပ်ခံလိုက်ရသည့် ပုံရိပ်ယောင်တစ်ခုကို ပုံဖော်ပေးလိုက်၏။ သူကိုယ်တိုင်ကမူ ဘေးတစ်ဖက်တွင် တိတ်တဆိတ် ပုန်းအောင်းနေပြီး နောက်ထပ်လှုပ်ရှားမှုများကို စောင့်ဆိုင်းနေတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ထိုအရာကို အစစ်အမှန်ဟု ယုံကြည်သွားကာ နင်ချီအား ဖိနှိပ်လိုက်နိုင်ပြီဟု အမှန်တကယ် ထင်မှတ်သွားခဲ့၏။ ထို့နောက် သူတော်စင် ဘိုးဘေး ကိုယ်ပွားက မက်မွန်ဥယျာဉ် လေဟာနယ်၏ ထွက်ပေါက်ကို ဖွင့်လိုက်၏။ သို့သော် နင်ချီသည် မက်မွန်ဥယျာဉ် လေဟာနယ်ထဲတွင် နောက်ထပ် အစစ်အမှန် ဟင်းလင်းပြင်တစ်ခုကို ဖန်တီးထားပြီးဖြစ်ကာ ဤဟင်းလင်းပြင်အတွက် ပြောင်းပြန် လည်ပတ်မှုတစ်ခုကိုပါ ချမှတ်ထားကြောင်း သူတော်စင် ဘိုးဘေး လုံးဝ မသိရှိခဲ့ပါချေ။

ဤအကြောင်းများကြောင့်ပင် နင်ချီက ဤမှော်စွမ်းရည်ကို ပြောင်းပြန်ဟင်းလင်းပြင်ဟု အမည်ပေးခဲ့ခြင်းပင်။ ပြောင်းပြန်ဆိုသည်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ ၎င်းကို သက်ဝင်လှုပ်ရှားစေလိုက်သည်နှင့် မူလဟင်းလင်းပြင်၏ ထွက်ပေါက်ကို အသက်သွင်းပေးလိုက်မည် ဖြစ်သည်။ တစ်စုံတစ်ယောက်က ဟင်းလင်းပြင်ထွက်ပေါက်ကို ဖွင့်လိုက်သရွေ့ သူတို့သည် သတ်မှတ်ထားသော ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ပို့ဆောင်ခံရမည်သာ။ ထို့ကြောင့် ဤအရာအားလုံး ပြီးဆုံးသွားချိန်တွင် သူတော်စင် ဘိုးဘေးသည် သူ၏ ပြောင်းပြန်ဟင်းလင်းပြင်ထဲသို့ လက်တွေ့ကျကျ ရောက်ရှိသွားခဲ့၏။ အတွင်းရှိ အရာအားလုံးကိုလည်း စည်းမျဉ်းစွမ်းအားများ အသုံးပြုကာ နင်ချီကိုယ်တိုင် ဖန်တီးထားခြင်းပင်။ သူတော်စင် ဘိုးဘေးသည် ၎င်းကို သေချာစွာ မစစ်ဆေးခဲ့ပေ။ နင်ချီကလည်း သူ၏ လှည့်စားမှုကို အပြစ်အနာအဆာကင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့၏။

ဤသည်ကား ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးပင်။ နင်ချီက သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေပြီး သူ၏ လှည့်စားမှုတွင် မည်သည့် အပြစ်အနာအဆာမျှ ရှာမတွေ့သည့်ဟန် ရှိနေ၏။ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက မှင်သက်နေရာမှ သတိဝင်လာပြီး နင်ချီအား စိုက်ကြည့်လိုက်၏။

“ဒါက တကယ့်ကို အံ့ဩစရာပဲ”

“မင်း အပြစ်အနာအဆာကို သတိထားမိသွားပြီလား...”

နင်ချီက မေးလိုက်၏။ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ခေါင်းခါယမ်းလိုက်သည်။

“မင်းရဲ့ လှည့်စားမှု သဲလွန်စကိုတော့ ငါ ရှာမတွေ့ခဲ့ပါဘူး... ဒါပေမဲ့ သူ့အနောက်က ပျက်စီးနေတဲ့ ဟင်းလင်းပြင်ထဲမှာ အခြား အပြစ်အနာအဆာတွေကိုတော့ ငါ တွေ့လိုက်ရတယ်... ငါသာ အစကတည်းက တာအိုနဲ့ ပုံရိပ်ယောင်ကို ဆင့်မခေါ်ဘဲ အဲဒီဟင်းလင်းပြင်ကို သေချာ စစ်ဆေးခဲ့မယ်ဆိုရင် မင်းရဲ့ လှည့်စားမှုကို သေချာပေါက် ခံရမှာ မဟုတ်ဘူး...”

နင်ချီက စိတ်သက်သာရာရသွားသည့်အလား ရယ်လိုက်ပြီး...

“နှမြောစရာပဲဗျာ... ဘဝမှာ တကယ်လို့သာ ဆိုတာမျိုးမှ မရှိတာ...”

'ဒီအဘိုးကြီးက မျက်နှာပျက်မှာကို တအားစိုးရိမ်တာပဲ... အစကတည်းက ဆိုတဲ့ စကားကြီးကို ဘာလို့ ထည့်ပြောနေရတာလဲ... အစကတည်းက သူ မသိခဲ့ဘူးဆိုရင် ငါက အနိုင်ရတဲ့သူပဲလေ...'

သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ မျက်ခုံးများ တွန့်ချိုးသွားကာ မေးလာ၏။

“အဲဒီ ကောင်းကင်ကပ်ဘေးကနေ မင်း တကယ်တမ်း ဘယ်လောက်တောင် အကျိုးအမြတ် ရလိုက်တာလဲ...”

“ခင်ဗျား အရမ်း စပ်စုလွန်းနေတယ်လို့ မထင်ဘူးလား...”

သူတော်စင် ဘိုးဘေးက ကောင်းကင်ကပ်ဘေးအတွင်းမှ ကျယ်ပြန့်သော ကမ္ဘာ၏ စွမ်းအားများကို သူ ခိုးယူခဲ့သည်ဟု သံသယဝင်နေကြောင်း နင်ချီ ချက်ချင်းပင် ရိပ်မိလိုက်၏။ ထို့ကြောင့်လည်း သူတော်စင် ဘိုးဘေးသည် ယခင်အခြေအနေများကြောင့် သက်ရောက်မှု ခံခဲ့ရသည်။ သို့သော် ဤကိစ္စကို နင်ချီက ဘယ်သောအခါမျှ တိုက်ရိုက် ဝန်ခံလိမ့်မည် မဟုတ်ပေ။

သူတော်စင် ဘိုးဘေး ကိုယ်ပွားက တစ်ခဏမျှ တုံ့ဆိုင်းသွား၏။

ကမ္ဘာ နှစ်ခုလုံးတွင် အဆင့်တူ ပုဂ္ဂိုလ်များကို ဖယ်ထားလိုက်လျှင် သူ့အောက်ရှိ ကျင့်ကြံသူများကြား၌ သူ့အား ဤကဲ့သို့ ရဲရဲတင်းတင်း စကားပြောရဲသူမှာ နင်ချီ တစ်ယောက်တည်းသာ ရှိလောက်၏။

“အဘိုးကြီး... ခင်ဗျားရဲ့ ခွန်အားတွေကို ကျွန်တော် ထပ်စမ်းသပ်ကြည့်ပါရစေဦး”

သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ အခြေအနေကို နားလည်သွားပြီးနောက် နင်ချီသည် အချိန်ထပ်ဖြုန်းနေရန် ငြင်းဆန်လိုက်ပြီး သူတော်စင် ဘိုးဘေးကို ချက်ချင်းပင် ထပ်မံ တိုက်ခိုက်လိုက်၏။

သူတော်စင် ဘိုးဘေး ကိုယ်ပွားနှင့် တစ်ဦးချင်း ရင်ဆိုင်ရသည့် ဤအခွင့်အရေးမျိုးကို ခဲယဉ်းစွာ ရရှိထားခြင်း ဖြစ်ရာ၊ ဤအဘိုးကြီးထံမှ လုံလောက်သော အတွေ့အကြုံများ မရမချင်း နင်ချီက လုံးဝ အလျှော့ပေးလိမ့်မည် မဟုတ်ချေ။

သည်တစ်ကြိမ်တွင် ယခင်ကကဲ့သို့ မရေမတွက်နိုင်သော ဓားစက်ဝန်းများကို ထုတ်လွှတ်မည့်အစား လုံးဝ ကွဲပြားခြားနားသော မှော်စွမ်းရည် တစ်မျိုးကို သူ အသုံးပြုလိုက်တော့သည်။

“မဟာကပ်ဘေးရဲ့ တုန်လှုပ်ခြင်း...”

နင်ချီထံမှ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ သူ၏ပါးစပ်ထဲမှ တစ်စုံတစ်ရာ ထွက်ကျလာ၏။ အရောင်တစ်ရာဖြင့် တလက်လက် တောက်ပနေသော မိုးကြိုးလုံးတစ်လုံးက မှော်လက်နက်တစ်ခုအလား လေထဲသို့ ပျံထွက်လာပြီးနောက် လျင်မြန်စွာ ကြီးမားလာကာ သူတော်စင် ဘိုးဘေးထံသို့ တည့်မတ်စွာ ပြေးဝင်သွားတော့သည်။ ဤအရောင်စုံ မိုးကြိုးလုံးကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ မက်မွန်ဥယျာဉ် လေဟာနယ် တစ်ခုလုံး၌ ကောင်းကင်ကပ်ဘေးကြီး ပြန်လည်ကျရောက်လာသည့်အလားပင်။

“ဂျိန်း”

ကောင်းကင်ယံထက်တွင် မည်းမှောင်သော တိမ်လိပ်ကြီးများ ရုတ်တရက် စုရုံးလာ၏။ တစ်ချိန်တည်းမှာပင် လွန်စွာ ကြီးမားသော ဖိအားကြီးတစ်ခု ကျဆင်းလာကာ ကောင်းကင်ကြီး ပြိုကျလာတော့မည့်အလား ခံစားလိုက်ရသည်။

ဤမိုးကြိုးလုံးကြီးက ကောင်းကင်နှင့် မြေကြီးကိုပင် အရောင်ပြောင်းသွားစေ၏။ ၎င်းသည် မက်မွန်ဥယျာဉ် လေဟာနယ်အတွင်းရှိ အမျိုးမျိုးသော စည်းမျဉ်းစွမ်းအားများကို အဆက်မပြတ် စုပ်ယူကာ မိုးကြိုးကပ်ဘေးအတွက် အထောက်အပံ့တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

သူတော်စင် ဘိုးဘေးသည် နေရာအကြိမ်ကြိမ် ရွှေ့ပြောင်းကာ မိုးကြိုးလုံးများ၏ ရိုက်ခတ်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။ ယခင်ကကဲ့သို့ နင်ချီ၏ မှော်စွမ်းအားကို သူ တိုက်ရိုက် ထိပ်တိုက် မရင်ဆိုင်တော့ချေ။

ထိုအစား သူတော်စင် ဘိုးဘေးက ပိုမို သတိထားလာခဲ့သည်။ မြွေပွေးကိုက်ဖူးသူ မြွေဟောက်ကိုမြင်လျှင် လန့်သည် ဟူသော စကားကဲ့သို့ပင်။ သူ၏အမြင်တွင် နင်ချီသည် အလွန်တရာ အကြံအစည်ကြီးမားကာ ပါးနပ်လွန်းသူ ဖြစ်သည်။

အကယ်၍ သူသာ နင်ချီ၏ လှည့်ကွက်များထဲ မတော်တဆ ထပ်မံ ကျရောက်သွားပါက သူ့အတွက် အဘယ်မှာ မျက်နှာကျန်တော့မည်နည်း။

သူတော်စင် ဘိုးဘေးက နောက်ဆုတ်သွားစဉ် နင်ချီ၏ မှော်စွမ်းရည်များကို အဆက်မပြတ် အကဲခတ်နေကာ သူ၏ မျက်လုံးများအတွင်း၌ နတ်ဘုရားအလင်းတန်းများ ဖျတ်ခနဲ တောက်ပသွား၏။

သူ၏ မျက်နှာထားက အနည်းငယ် မည်းမှောင်သွားပြီး နင်ချီအား ပိုမို၍ပင် မုန်းတီးဖွယ် ကောင်းလာသည်ဟု ခံစားလိုက်ရသည်။

'ဒီကောင်လေးက ကြီးထွားလာတာ အရမ်းမြန်လွန်းတယ်... ရယ်စရာကောင်းလောက်အောင်ကို မြန်နေတာ...'

All Chapters