အခန်း ၉၄၄
Vol. 63 Ch. 944
အခန်း (၉၄၄) - မြွေက ဆင်ကို မြိုခြင်း
သူ၏ ကျယ်ပြန့်သော ကမ္ဘာအတွင်းရှိ အမျိုးမျိုးသော တာအိုများကို ဖယ်ထားလိုက်လျှင်ပင်... ဟောက်ရန် သိုင်းဂိုဏ်းမှ အရေးကြီးသော တာဝန်များကို ပေးအပ်ထားသည့် သူကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားသော တပည့်ဖြစ်သူ၊ ဂိုဏ်းချုပ် ကျန်းယင်းချူးပင်လျှင် နင်ချီ၏ ကြီးထွားမှုနှုန်းနှင့် စွမ်းရည်များကို မီအောင် လိုက်နိုင်မည် မဟုတ်ချေ။
ထို့အပြင် မကြာသေးမီက ထိပ်တိုက်ရင်ဆိုင်မှုများအပြီးတွင် နင်ချီ၏ ကြီးထွားမှုသည် တစ်ဖက်သတ်ဆန်သော အရာမဟုတ်ကြောင်း သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ရှာဖွေတွေ့ရှိခဲ့၏။ ယခင်က ဓားစက်ဝန်းဖြစ်စေ၊ သူ့အား လှည့်စားခဲ့သော ဟင်းလင်းပြင်ဖြစ်စေ၊ ယခု သူ၏ မျက်စိရှေ့မှ မိုးကြိုးလုံးဖြစ်စေ အားလုံးက အချက်တစ်ချက်ကိုသာ သက်သေပြနေကြ၏။
စည်းမျဉ်းစွမ်းအားများအပေါ် နင်ချီ၏ ကျွမ်းကျင်ပိုင်နိုင်မှုမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ကျယ်ပြန့်လှပြီး သူ၏ စွမ်းရည်များသည် အရာအားလုံးကို လွှမ်းခြုံနိုင်စွမ်း ရှိနေ၏။ တိုက်ခိုက်မှုအားလုံးသည် စည်းမျဉ်းတစ်ခုတည်းအပေါ် အခြေခံထားခြင်း မဟုတ်သလို၊ စည်းမျဉ်းများစွာကို ကြမ်းတမ်းစွာ ရောယှက်ထားခြင်းမျိုးလည်း မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် တာအိုပညာရပ်ကို ပြီးပြည့်စုံစွာ ကျွမ်းကျင်ပိုင်နိုင်မှုအပေါ် အခြေခံထားခြင်းပင်။ ဤလှုပ်ရှားမှုက နင်ချီ၏ ခွန်အားနှင့် ပတ်သက်၍ သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ မျှော်မှန်းချက်များကို လုံးဝ ကျော်လွန်သွားခဲ့တော့၏။
ယခုအခါ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားသည် ဤကောင်းကင်ကပ်ဘေးအတွင်းမှ ကျယ်ပြန့်သော ကမ္ဘာ၏ စွမ်းအင်များကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်၏။ ဤတစ်ကြိမ်တွင်မူ ပုံရိပ်ယောင်၏ စွမ်းအားကို သူ သတိမထားမိခဲ့ပေ။ ရုတ်တရက် သူတော်စင် ဘိုးဘေးက သူ၏ လက်ချောင်းဖြင့် မိုးကြိုးလုံးတစ်လုံးကို ပစ်လွှတ်လိုက်၏။ ထူးဆန်းသော အနက်ရောင်မျဉ်းတစ်ကြောင်းက သူ၏ ညာဘက်လက်ညှိုးထိပ်မှ ပစ်ထွက်သွား၏။
"ရွှစ်"
ဇာစ်မြစ် မသေချာလှသော ထိုအနက်ရောင်မျဉ်းများသည် လွတ်ထွက်သွားချိန်တွင် ကိုယ်ပိုင် အသက်စွမ်းအင်များ ပါရှိနေသည့်အလား မိုးကြိုးလုံးဆီသို့ တဟုန်ထိုး ပျံသန်းသွားကြတော့သည်။
'ဒါက သူ့ရဲ့ စာလုံးလှရေးသားခြင်းနဲ့ ပန်းချီပညာ ကျွမ်းကျင်မှုကြောင့် ဖြစ်ရမယ် မဟုတ်လား...'
အနက်ရောင်မျဉ်း၏ တည်ရှိမှုကို နင်ချီ ချက်ချင်း သတိထားမိလိုက်သည်။ သူတော်စင် ဘိုးဘေး ကိုယ်ပွားက နင်ချီကို အနည်းငယ် ခေါင်းခဲသွားစေ၏။ အကြောင်းမူကား ဤအဘိုးကြီး အသုံးပြုသော စွမ်းအားမှာ ကမ္ဘာ နှစ်ခု၏ အခြား ပေါင်းစပ်တာအိုများနှင့် မတူညီဘဲ တကယ်ကိုပင် ထူးဆန်းလွန်းလှသောကြောင့် ဖြစ်သည်။ သူတော်စင် ဘိုးဘေးကဲ့သို့ပင် နင်ချီသည်လည်း လှုပ်ရှားနေစဉ်အတွင်း သူ၏ ပြိုင်ဘက် ခွန်အားနှင့် စွမ်းရည်များကို တစ်စစီ ဖြိုခွဲနေခဲ့၏။
နင်ချီကလည်း မိုးကြိုးလုံးဆီသို့ လက်ညှိုးထိုးလိုက်၏။ မိုးကြိုးလုံးကြီးက ထပ်မံ ကျယ်ပြန့်လာပြီး ၎င်းအတွင်းမှ မိုးကြိုးများ ရုတ်တရက် ဖြာထွက်လာကာ ရေကူးနေသော နဂါးများအလား မိုးကြိုးတန်းပေါင်း မရေမတွက်နိုင်အောင် လွင့်စင်ထွက်ပေါ်လာတော့သည်။ ဤမြင်ကွင်းက မိုးကြိုးလုံးကြီးသည် နဂါးများအားလုံးကို မွေးဖွားပေးလိုက်သည့် ဥတစ်လုံးဖြစ်ပြီး၊ နဂါးများ ဥခွံကို ခွဲထွက်လာပုံမှာ မယုံနိုင်လောက်အောင် သက်ရောက်မှု ပြင်းထန်လှ၏။ နဂါးများအားလုံး မိုးကြိုးလုံးထဲမှ ဖောက်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးက မှော်စွမ်းရည်များကို အသုံးပြု၍ ပူးပေါင်းတိုက်ခိုက်မှုကို စတင်လိုက်ကြပြီး ချဉ်းကပ်လာသော အနက်ရောင်ကြိုးကို ဦးစွာ ဝင်တိုက်လိုက်ကြ၏။
သူတို့နှစ်ဦးကြားရှိ ဟင်းလင်းပြင်မှာ မိုးကြိုးကပ်ဘေး၏ စွမ်းအားများနှင့် မိုးကြိုးပင်လယ်တစ်ခုအဖြစ် ပေါင်းဆုံသွားသော တာအိုတစ်ရာကဲ့သို့ အမျိုးမျိုးသော တိုက်ခိုက်မှုများဖြင့် လုံးဝ ဖုံးလွှမ်းသွားသည်။ သို့သော် အနက်ရောင်ကြိုးကမူ ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝ မပြချေ။ ၎င်းသည် မိမိ၏ တည်ရှိမှု အရိပ်အယောင်ကို မပြဘဲ လေထဲတွင် လျင်မြန်စွာ လိမ်ယှက်နေ၏။ ၎င်း၏ ထူးဆန်းသော ပုံသဏ္ဍာန်ကို ဖယ်လိုက်လျှင် ၎င်းသည် မြက်မြွေတစ်ကောင်နှင့် ဆင်တူလှ၏။ ရုတ်တရက် မြက်မြွေလေးက မိုးကြိုးပင်လယ်ထဲသို့ အဟုန်ပြင်းစွာ တိုးဝင်သွားတော့သည်။
“မြွေက ဆင်ကို မြိုခြင်းပဲ”
သူတော်စင် ဘိုးဘေးက ခပ်ဖွဖွ ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်၌ မြက်မြွေလေးသည် ပါးစပ်ကို ဟလိုက်ပြီး သူ၏ခန္ဓာကိုယ် အဆက်မပြတ် ကျယ်ပြန့်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဧရာမမြွေကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားကြောင်း နင်ချီ ချက်ချင်း ခံစားလိုက်ရ၏။
မိုးကြိုးပင်လယ်အတွင်းရှိ အမျိုးမျိုးသော စွမ်းအားများက မြက်မြွေကို အဆက်မပြတ် ဝင်တိုက်ကြသည်။ သို့သော် ၎င်းကို ဖြတ်တောက်နိုင်ခြင်း မရှိချေ။ မြက်မြွေသည်ကား ထိုစွမ်းအားများကြားတွင် သက်တောင့်သက်သာ ညည်းညူနေပုံပေါ်သည်။ ၎င်းသည် မိုးကြိုးကပ်ဘေးထံမှ စွမ်းအားများကို တကယ်တမ်း စုပ်ယူနေ၏။
အထူးသဖြင့် ၎င်း၏ဦးခေါင်းမှာ အဆက်မပြတ် ကြီးထွားလာကာ နောက်ဆုံးတွင် ဟင်းလင်းပြင် နယ်ပယ်တစ်ခုလုံးကို နေရာယူသွားသည်။ ဟင်းလင်းပြင် တစ်ခုလုံးကိုပင် မျိုချနိုင်စွမ်းရှိသည့်အလား ဧရာမ မြွေခေါင်းကြီး ပွင့်ဟသွား၏။ ထို့ကြောင့် မိုးကြိုးပင်လယ်ကြီး တစ်ခုလုံးမှာ မြက်မြွေ၏ တိုက်ရိုက် မျိုချခြင်းကို ခံလိုက်ရလေတော့သည်။
ထို့နောက် မိုးကြိုးလုံးမှ လွှတ်ပေးလိုက်သော မရေမတွက်နိုင်သည့် နဂါးများမှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရှေ့သို့ တိုးဝင်ရန် တုံ့ဆိုင်းသွားသည့်အလား အနည်းငယ် ရပ်တန့်သွားကြ၏။ သူတို့တွင် ကိုယ်ပိုင် ဆန္ဒများ ရှိကြပြီး ၎င်းတို့ကို လွှတ်ပေးပြီးနောက် နင်ချီသည် မိမိ၏ ဆန္ဒဖြင့် သူတို့ကို ခြယ်လှယ်ခြင်း မပြုခဲ့ပေ။ သို့သော် ယခုအခါ မြွေတစ်ကောင်တည်းက နဂါးတစ်အုပ်ကို အနိုင်ယူနေခြင်း ဖြစ်ရာ၊ ဤမြင်ကွင်းက တကယ်ကိုပင် ထူးဆန်းလွန်းလှ၏။ ဤသည်ကို မြင်လိုက်ရသောအခါ နင်ချီသည် သူ၏ ဆန္ဒများကို မိုးကြိုးနဂါးများစွာထံသို့ ချက်ချင်း အာရုံစိုက်လိုက်သည်။ ရပ်တန့်နေသော မိုးကြိုးနဂါးများ အားလုံးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ကြရာ နဂါးဟိန်းသံကြီးက ဟင်းလင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
“ဒီလောက် ပုပ်ဟောင်နေတဲ့ မြွေတစ်ကောင်ကို ဘာကြောက်စရာ ရှိလို့လဲ... အထဲဝင်ပြီး ဒါ ဘယ်လို မှော်ပညာလဲဆိုတာ သွားကြည့်... ပြီးတော့ ပေါက်ကွဲပစ်လိုက်ကြစမ်း”
ချက်ချင်းပင် မိုးကြိုးနဂါးများ အားလုံး ရှေ့သို့ တရကြမ်း ပြေးဝင်သွားကြ၏။
ယခုအခါ ဤမက်မွန်ဥယျာဉ် လေဟာနယ်သည် အေးအေးလူလူ အပန်းဖြေစရာ နေရာတစ်ခုနှင့် မတူတော့ပေ။ ကမ္ဘာပျက်မည့်နေ့နှင့်ပင် ဆင်တူနေတော့၏။ တစ်ဖက်တွင် အလျားလိုက်ရော ဒေါင်လိုက်ပါ ဟင်းလင်းပြင် တစ်ခုလုံးကို လုံးဝ နေရာယူထားသည့် ဧရာမ မြွေပါးစပ်ကြီး တစ်ခု။ အခြားတစ်ဖက်တွင်မူ မရေမတွက်နိုင်သော တာအိုမိုးကြိုးနဂါးများ။ မိုးကြိုးနဂါးများက အဆက်မပြတ် ဟိန်းဟောက်ကာ ဧရာမ မြွေပါးစပ်ကြီးဆီသို့ အဟုန်ပြင်းစွာ ဝင်တိုက်ကြတော့သည်။
"ဂျုန်း .. ဂျုန်း"
မရေမတွက်နိုင်သော မိုးကြိုးများ ဖြာထွက်လာ၏။ မရေမတွက်နိုင်သော အလင်းတန်းများက မြက်မြွေ၏ ဧရာမ ပါးစပ်ကြီးကို လင်းထိန်သွားစေပြီး ၎င်း၏ အနက်ရောင် ခန္ဓာကိုယ်ကြီးကို အနည်းငယ် ဖောက်ထွင်းမြင်နိုင်မလို ဖြစ်သွားစေသည်။ နင်ချီက ဤမြင်ကွင်းကို စူးစိုက်ကြည့်နေလိုက်သည်။ ထို့နောက် ဧရာမ မြွေကြီးသည်လည်း မရေမတွက်နိုင်သော အနက်ရောင် စာလုံးငယ်လေးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သူ နားလည်သွား၏။
ထိုစာလုံးလေးများသည် အလွန် သေးငယ်လွန်းလှရာ ဝိညာဉ်အာရုံများဖြင့်သာ ၎င်းတို့ကို ခံစားသိရှိနိုင်ပေမည်။ အစွမ်းထက်သော မှန်ဘီလူးဖြင့် ကြည့်လျှင်ပင် ၎င်းတို့ကို မြင်နိုင်မည် မဟုတ်ချေ။ စာလုံးငယ်လေးများ အားလုံးက မတူညီကြဘဲ ဆောင်းပါးတစ်ပုဒ်ကို ဖွဲ့စည်းထားသည့်အလားပင်။ ပို၍ အရေးကြီးသည်မှာ ထိုအရာများအတွင်း၌ ထူးဆန်းသော စွမ်းအားတစ်ခုကိုပါ နင်ချီ ရှာဖွေတွေ့ရှိလိုက်ခြင်းပင်။
သူတော်စင် ဘိုးဘေး ကိုယ်ပွားသည် မိုးကြိုးပင်လယ်ကြီးကို ဧရာမမြွေကြီး မျိုချသွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ရေကူးနေသော နဂါးများသည်လည်း မြွေကြီး၏ ပါးစပ်ထဲသို့ သဘောတူ ဝင်ရောက်သွားကြ၏။ သူ၏ မျက်နှာအမူအရာမှာ ပိုမို တည်ကြည်လေးနက်လာ၏။ ဤမှော်စွမ်းရည်မှာ သူ အပြည့်အဝ မကျွမ်းကျင်မီ နှစ်တစ်ရာတိုင်တိုင် အချိန်ယူ၍ သန့်စင်ခဲ့ရသော အရာဖြစ်သည်။ ကျယ်ပြန့်သော ကမ္ဘာ နယ်နိမိတ်တွင် သူက ခဲယဉ်းစွာ ခံစားသိရှိနိုင်သော ဟင်းလင်းပြင် ဖြတ်လမ်းတစ်ခုကို ဖွင့်ကာ ပြင်ပပင်လယ်ထဲသို့ ထည့်သွင်းထားခဲ့၏။ ရာစုနှစ်တစ်ခုတိုင်တိုင် ၎င်းသည် ပိုမို အစွမ်းထက်လာစေရန် နယ်မြေများ ပင်လယ်အတွင်းရှိ ရှုပ်ထွေးသော စွမ်းအားများကို အဆက်မပြတ် မျိုချနေခဲ့၏။
ဤကိုယ်ပွားတွင် သူ ပိုင်ဆိုင်ထားသော မှော်စွမ်းရည်မှာ မြွေကြီး၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သော်လည်း၊ ကျယ်ပြန့်သော ကမ္ဘာ သို့မဟုတ် တောင်နှင့်ပင်လယ် ကမ္ဘာ၏ စွမ်းအင်များကို မျိုချနိုင်စွမ်းရှိမည်ဟု သူတော်စင် ဘိုးဘေးက အလွန် ယုံကြည်ချက် ရှိနေခဲ့၏။ သို့သော် ယခုအခါ သူတော်စင် ဘိုးဘေးသည် ပြိုကျမလို အထိ ရိုက်ခတ်ခံနေရသော တာအိုမြွေကြီး၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေမိသည်။
'ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နယ်မြေများ ပင်လယ်ရဲ့ ရှုပ်ထွေးမှုတွေ ကြားမှာတောင် ဒီတာအိုမြွေကြီးက တွေ့သမျှ အရာအားလုံးကို မျိုချနိုင်စွမ်း ရှိတယ်... အဲဒါဆို ဘာလို့ နင်ချီရဲ့ မိုးကြိုးကပ်ဘေး စွမ်းအားကို မစုပ်ယူနိုင်ရတာလဲ…’
တစ်ဖက်ရန်သူက မတတ်စွမ်းနိုင်ပါက သူတော်စင် ဘိုးဘေးနှင့် နောက်ဆက်တွဲ တိုက်ပွဲများသည် ကြီးမားသော အဓိပ္ပာယ်သက်ရောက်မှု ရှိသွားပေမည်။ သူတော်စင် ဘိုးဘေးကိုယ်တိုင်ကို ရင်ဆိုင်ရသည်ဖြစ်စေ၊ နောင်တစ်ချိန် တောင်နှင့်ပင်လယ် ကမ္ဘာမှ တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့ကို ရင်ဆိုင်ရသည်ဖြစ်စေ အလွန်ပင် အရေးပါလှ၏။ သူတော်စင် ဘိုးဘေးက သူ့အပေါ် တိုက်ခိုက်မှု စတင်လိုက်ချိန်တွင် နင်ချီသည် ကပ်ဘေးဖြတ်ကျော်စဉ်က သဘောပေါက်နားလည်ခဲ့သော အခြားကျင့်စဉ်တစ်ခုကို သက်ဝင်လှုပ်ရှားစေလိုက်၏။ ထိုအရာက ဟင်းလင်းပြင် မှော်စွမ်းရည်ကို အခြေခံထားသည့် ပြောင်းပြန်ဟင်းလင်းပြင်ဟု ခေါ်ဆိုသော ပညာရပ်ပင်။ ၎င်းတွင် ရုပ်လုံးရုပ်ဖျည် ရှိသော်လည်း လူတို့၏ အာရုံခံစားမှုများကို ရှုပ်ထွေးသွားစေရန် အမျိုးမျိုးသော လှည့်စားမှုများကိုလည်း ပေါင်းစပ်ထား၏။ အတုအယောင် သဘောတရားများလည်း ပါဝင်နေသောကြောင့် ၎င်းကို အစစ်အမှန်နှင့် အတုအယောင် ရောယှက်နေသည့်၊ အစစ်နှင့်တူသော်လည်း အတုဖြစ်နေသော၊ တစ်ဝက်အမှန် တစ်ဝက်အမှား မှော်ပညာဟုပင် ဆိုနိုင်၏။
သာမန်ကျင့်ကြံသူ တစ်ဦးကို ထောင်ချောက်ဆင်ရန် သို့မဟုတ် လှည့်စားရန်အတွက် နင်ချီ ယုံကြည်ချက် အပြည့်ရှိသော်လည်း သူတော်စင် ဘိုးဘေးကဲ့သို့ အစွမ်းထက်လှသည့် ပုဂ္ဂိုလ်တစ်ဦးအတွက်မူ သိပ်မသေချာလှပေ။ သူသည် မိမိ၏ စွမ်းရည်များကို စမ်းသပ်နေခြင်းသာ။ တကယ်တမ်းတွင် နင်ချီသည် ကျယ်ပြန့်သော ကမ္ဘာ၏ စွမ်းအားများကို ရရှိခဲ့ချိန်မှစ၍ သူတော်စင် ဘိုးဘေးနှင့် ဟောက်ရန်ကမ္ဘာ၏ ဆန္ဒတော်တို့ကို အနိုင်ယူရန် ပြင်ဆင်နေခဲ့ခြင်းပင်။ ထို့ကြောင့် သူသည် ကျယ်ပြန့်သော ကမ္ဘာ၏ စွမ်းအားများကို အစစ်အမှန်ကမ္ဘာ၏ အဓိကခန္ဓာကိုယ်ထံ လွှဲပြောင်းပေးကာ သုတေသနပြုစေခဲ့ပြီး ထိုစွမ်းအားများ၏ မူလဇာစ်မြစ်ကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာခဲ့၏။ ထို့ကြောင့် ယခုအခြေအနေသည် အတိတ်က စိုက်ပျိုးခဲ့သော မျိုးစေ့လေး ရှင်သန်ကြီးထွားကာ အသီးအပွင့်များ ဝေဆာလာခြင်းမျှသာ ဖြစ်တော့သည်။
သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားကို လှည့်စားနိုင်ရန်အတွက် သူတော်စင် ဘိုးဘေးက သူ၏ ဓားစက်ဝန်းကို ရိုက်ထုတ်လိုက်သည့် အခိုက်အတန့်တွင်ပင် နင်ချီက လှုပ်ရှားလိုက်၏။ မည်သည့်အရာကိုမျှ အလဟဿ မဖြစ်စေရဟူသော မူဝါဒကို ကိုင်စွဲထားသည့် နင်ချီသည် အမျိုးမျိုးသော စည်းမျဉ်းစွမ်းအားများ ကိန်းအောင်းနေသည့် ဓားစက်ဝန်းမှော်စွမ်းရည်ကို အသုံးပြုကာ ပြောင်းပြန်ဟင်းလင်းပြင် မှော်စွမ်းရည်ကို တက်ကြွစွာ ဖြန့်ကြက်လိုက်၏။ ထိုအခိုက်အတန့်၌ သူသည် ကျယ်ပြန့်သော ကမ္ဘာ၏ စည်းမျဉ်းစွမ်းအားများကိုပါ ပေါင်းစပ်ထည့်သွင်းလိုက်၏။ မိုးကြိုးကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ထားပြီးဖြစ်သော သူ့အတွက် ဤအရာက ခက်ခဲသော လုပ်ရပ်တစ်ခု မဟုတ်တော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် နင်ချီသည် သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ မက်မွန်ဥယျာဉ် လေဟာနယ်ထဲ၌ နောက်ထပ် ဟင်းလင်းပြင်တစ်ခုကို ဖန်တီးလိုက်တော့သည်။
ထို့အပြင် နင်ချီက မူလဝိညာဉ်ပူးကပ်ခြင်း လျှို့ဝှက်ပညာရပ်ကို တစ်ပြိုင်နက်တည်း အသုံးပြုကာ မိမိကိုယ်တွင်း၌ မူလဝိညာဉ် ကိုယ်ပွားတစ်ခု ဖန်တီးလိုက်၏။ ထိုကိုယ်ပွားလေးက သူတော်စင် ဘိုးဘေး၏ ကောင်းကင်ကျောက်စာတိုင်အောက်တွင် ဖိနှိပ်ခံလိုက်ရသည့် ပုံရိပ်ယောင်တစ်ခုကို ပုံဖော်ပေးလိုက်၏။ သူကိုယ်တိုင်ကမူ ဘေးတစ်ဖက်တွင် တိတ်တဆိတ် ပုန်းအောင်းနေပြီး နောက်ထပ်လှုပ်ရှားမှုများကို စောင့်ဆိုင်းနေတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ထိုအရာကို အစစ်အမှန်ဟု ယုံကြည်သွားကာ နင်ချီအား ဖိနှိပ်လိုက်နိုင်ပြီဟု အမှန်တကယ် ထင်မှတ်သွားခဲ့၏။ ထို့နောက် သူတော်စင် ဘိုးဘေး ကိုယ်ပွားက မက်မွန်ဥယျာဉ် လေဟာနယ်၏ ထွက်ပေါက်ကို ဖွင့်လိုက်၏။ သို့သော် နင်ချီသည် မက်မွန်ဥယျာဉ် လေဟာနယ်ထဲတွင် နောက်ထပ် အစစ်အမှန် ဟင်းလင်းပြင်တစ်ခုကို ဖန်တီးထားပြီးဖြစ်ကာ ဤဟင်းလင်းပြင်အတွက် ပြောင်းပြန် လည်ပတ်မှုတစ်ခုကိုပါ ချမှတ်ထားကြောင်း သူတော်စင် ဘိုးဘေး လုံးဝ မသိရှိခဲ့ပါချေ။
ဤအကြောင်းများကြောင့်ပင် နင်ချီက ဤမှော်စွမ်းရည်ကို ပြောင်းပြန်ဟင်းလင်းပြင်ဟု အမည်ပေးခဲ့ခြင်းပင်။ ပြောင်းပြန်ဆိုသည်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ ၎င်းကို သက်ဝင်လှုပ်ရှားစေလိုက်သည်နှင့် မူလဟင်းလင်းပြင်၏ ထွက်ပေါက်ကို အသက်သွင်းပေးလိုက်မည် ဖြစ်သည်။ တစ်စုံတစ်ယောက်က ဟင်းလင်းပြင်ထွက်ပေါက်ကို ဖွင့်လိုက်သရွေ့ သူတို့သည် သတ်မှတ်ထားသော ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ပို့ဆောင်ခံရမည်သာ။ ထို့ကြောင့် ဤအရာအားလုံး ပြီးဆုံးသွားချိန်တွင် သူတော်စင် ဘိုးဘေးသည် သူ၏ ပြောင်းပြန်ဟင်းလင်းပြင်ထဲသို့ လက်တွေ့ကျကျ ရောက်ရှိသွားခဲ့၏။ အတွင်းရှိ အရာအားလုံးကိုလည်း စည်းမျဉ်းစွမ်းအားများ အသုံးပြုကာ နင်ချီကိုယ်တိုင် ဖန်တီးထားခြင်းပင်။ သူတော်စင် ဘိုးဘေးသည် ၎င်းကို သေချာစွာ မစစ်ဆေးခဲ့ပေ။ နင်ချီကလည်း သူ၏ လှည့်စားမှုကို အပြစ်အနာအဆာကင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့၏။
ဤသည်ကား ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးပင်။ နင်ချီက သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေပြီး သူ၏ လှည့်စားမှုတွင် မည်သည့် အပြစ်အနာအဆာမျှ ရှာမတွေ့သည့်ဟန် ရှိနေ၏။ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက မှင်သက်နေရာမှ သတိဝင်လာပြီး နင်ချီအား စိုက်ကြည့်လိုက်၏။
“ဒါက တကယ့်ကို အံ့ဩစရာပဲ”
“မင်း အပြစ်အနာအဆာကို သတိထားမိသွားပြီလား...”
နင်ချီက မေးလိုက်၏။ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ခေါင်းခါယမ်းလိုက်သည်။
“မင်းရဲ့ လှည့်စားမှု သဲလွန်စကိုတော့ ငါ ရှာမတွေ့ခဲ့ပါဘူး... ဒါပေမဲ့ သူ့အနောက်က ပျက်စီးနေတဲ့ ဟင်းလင်းပြင်ထဲမှာ အခြား အပြစ်အနာအဆာတွေကိုတော့ ငါ တွေ့လိုက်ရတယ်... ငါသာ အစကတည်းက တာအိုနဲ့ ပုံရိပ်ယောင်ကို ဆင့်မခေါ်ဘဲ အဲဒီဟင်းလင်းပြင်ကို သေချာ စစ်ဆေးခဲ့မယ်ဆိုရင် မင်းရဲ့ လှည့်စားမှုကို သေချာပေါက် ခံရမှာ မဟုတ်ဘူး...”
နင်ချီက စိတ်သက်သာရာရသွားသည့်အလား ရယ်လိုက်ပြီး...
“နှမြောစရာပဲဗျာ... ဘဝမှာ တကယ်လို့သာ ဆိုတာမျိုးမှ မရှိတာ...”
'ဒီအဘိုးကြီးက မျက်နှာပျက်မှာကို တအားစိုးရိမ်တာပဲ... အစကတည်းက ဆိုတဲ့ စကားကြီးကို ဘာလို့ ထည့်ပြောနေရတာလဲ... အစကတည်းက သူ မသိခဲ့ဘူးဆိုရင် ငါက အနိုင်ရတဲ့သူပဲလေ...'
သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ မျက်ခုံးများ တွန့်ချိုးသွားကာ မေးလာ၏။
“အဲဒီ ကောင်းကင်ကပ်ဘေးကနေ မင်း တကယ်တမ်း ဘယ်လောက်တောင် အကျိုးအမြတ် ရလိုက်တာလဲ...”
“ခင်ဗျား အရမ်း စပ်စုလွန်းနေတယ်လို့ မထင်ဘူးလား...”
သူတော်စင် ဘိုးဘေးက ကောင်းကင်ကပ်ဘေးအတွင်းမှ ကျယ်ပြန့်သော ကမ္ဘာ၏ စွမ်းအားများကို သူ ခိုးယူခဲ့သည်ဟု သံသယဝင်နေကြောင်း နင်ချီ ချက်ချင်းပင် ရိပ်မိလိုက်၏။ ထို့ကြောင့်လည်း သူတော်စင် ဘိုးဘေးသည် ယခင်အခြေအနေများကြောင့် သက်ရောက်မှု ခံခဲ့ရသည်။ သို့သော် ဤကိစ္စကို နင်ချီက ဘယ်သောအခါမျှ တိုက်ရိုက် ဝန်ခံလိမ့်မည် မဟုတ်ပေ။ သူတော်စင် ဘိုးဘေး ကိုယ်ပွားက တစ်ခဏမျှ တုံ့ဆိုင်းသွား၏။ ကမ္ဘာ နှစ်ခုလုံးတွင် အဆင့်တူ ပုဂ္ဂိုလ်များကို ဖယ်ထားလိုက်လျှင် သူ့အောက်ရှိ ကျင့်ကြံသူများကြား၌ သူ့အား ဤကဲ့သို့ ရဲရဲတင်းတင်း စကားပြောရဲသူမှာ နင်ချီ တစ်ယောက်တည်းသာ ရှိလောက်၏။
“အဘိုးကြီး... ခင်ဗျားရဲ့ ခွန်အားတွေကို ငါ ထပ်စမ်းသပ်ကြည့်ရစေဦး”
သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ အခြေအနေကို နားလည်သွားပြီးနောက် နင်ချီသည် အချိန်ထပ်ဖြုန်းနေရန် ငြင်းဆန်လိုက်ပြီး သူတော်စင် ဘိုးဘေးကို ချက်ချင်းပင် ထပ်မံ တိုက်ခိုက်လိုက်၏။ သူတော်စင် ဘိုးဘေး ကိုယ်ပွားနှင့် တစ်ဦးချင်း ရင်ဆိုင်ရသည့် ဤအခွင့်အရေးမျိုးကို ခဲယဉ်းစွာ ရရှိထားခြင်း ဖြစ်ရာ၊ ဤအဘိုးကြီးထံမှ လုံလောက်သော အတွေ့အကြုံများ မရမချင်း နင်ချီက လုံးဝ အလျှော့ပေးလိမ့်မည် မဟုတ်ချေ။ ဤတစ်ကြိမ်တွင် ယခင်ကကဲ့သို့ မရေမတွက်နိုင်သော ဓားစက်ဝန်းများကို ထုတ်လွှတ်မည့်အစား လုံးဝ ကွဲပြားခြားနားသော မှော်စွမ်းရည် တစ်မျိုးကို သူ အသုံးပြုလိုက်တော့သည်။
“မဟာကပ်ဘေးရဲ့ တုန်လှုပ်ခြင်း...”
နင်ချီထံမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီးနှင့်အတူ သူ၏ပါးစပ်ထဲမှ တစ်စုံတစ်ရာ ထွက်ကျလာ၏။ အရောင်တစ်ရာဖြင့် တလက်လက် တောက်ပနေသော မိုးကြိုးလုံးတစ်လုံး။ မှော်လက်နက်တစ်ခုအလား လေထဲသို့ ပျံထွက်လာပြီးနောက် လျင်မြန်စွာ ကြီးမားလာကာ သူတော်စင် ဘိုးဘေးထံသို့ တည့်မတ်စွာ ပြေးဝင်သွားတော့သည်။ ဤအရောင်စုံ မိုးကြိုးလုံးကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ မက်မွန်ဥယျာဉ် လေဟာနယ် တစ်ခုလုံး၌ ကောင်းကင်ကပ်ဘေးကြီး ပြန်လည်ကျရောက်လာသည့်အလားပင်။
“ဂျိန်း”
ကောင်းကင်ယံထက်တွင် မည်းမှောင်သော တိမ်လိပ်ကြီးများ ရုတ်တရက် စုရုံးလာ၏။ တစ်ချိန်တည်းမှာပင် လွန်စွာ ကြီးမားသော ဖိအားကြီးတစ်ခု ကျဆင်းလာကာ ကောင်းကင်ကြီး ပြိုကျလာတော့မည့်အလား ခံစားလိုက်ရသည်။ ဤမိုးကြိုးလုံးကြီးက ကောင်းကင်နှင့် မြေကြီးကိုပင် အရောင်ပြောင်းသွားစေ၏။ ၎င်းသည် မက်မွန်ဥယျာဉ် လေဟာနယ်အတွင်းရှိ အမျိုးမျိုးသော စည်းမျဉ်းစွမ်းအားများကို အဆက်မပြတ် စုပ်ယူကာ မိုးကြိုးကပ်ဘေးအတွက် အထောက်အပံ့တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်၏။
သူတော်စင် ဘိုးဘေးသည် နေရာအကြိမ်ကြိမ် ရွှေ့ပြောင်းကာ မိုးကြိုးလုံးများ၏ ရိုက်ခတ်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။ ယခင်ကကဲ့သို့ နင်ချီ၏ မှော်စွမ်းအားကို သူ တိုက်ရိုက် ထိပ်တိုက် မရင်ဆိုင်တော့ချေ။ ထို့အစား သူက ပိုမို သတိထားလာခဲ့သည်။ မြွေပွေးကိုက်ဖူးသူ မြွေဟောက်ကိုမြင်လျှင် လန့်သည် ဟူသော စကားကဲ့သို့ပင်။ သူ၏အမြင်တွင် နင်ချီသည် အလွန်တရာ အကြံအစည်ကြီးမားကာ ကောက်ကျစ်စဉ်းစားတတ်သူ ဖြစ်သည်။ အကယ်၍ သူသာ နင်ချီ၏ လှည့်ကွက်များထဲ မတော်တဆ ထပ်မံ ကျရောက်သွားပါက သူ့အတွက် မည်သည့် မျက်နှာကျန်တော့မည်နည်း။
သူတော်စင် ဘိုးဘေးက နောက်ဆုတ်သွားစဉ် နင်ချီ၏ မှော်စွမ်းရည်များကို အဆက်မပြတ် အကဲခတ်နေကာ သူ၏ မျက်လုံးများအတွင်း၌ နတ်ဘုရားအလင်းတန်းများ ဖျတ်ခနဲ တောက်ပသွား၏။ သူ၏ မျက်နှာထားက အနည်းငယ် မည်းမှောင်သွားပြီး နင်ချီအား ပိုမို၍ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလာသည်ဟု ခံစားလိုက်ရသည်။
'ဒီကောင်လေးက ကြီးထွားလာတာ အရမ်းမြန်လွန်းတယ်... ရယ်စရာကောင်းလောက်အောင်ကို မြန်နေတာ...'
သူ၏ ကျယ်ပြန့်သော ကမ္ဘာအတွင်းရှိ အမျိုးမျိုးသော တာအိုများကို ဖယ်ထားလိုက်လျှင်ပင်... ဟောက်ရန် သိုင်းဂိုဏ်းမှ အရေးကြီးသော တာဝန်များကို ပေးအပ်ထားသည့် သူကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားသော တပည့်ဖြစ်သူ၊ ဂိုဏ်းချုပ် ကျန်းယင်းချူးပင်လျှင် နင်ချီ၏ ကြီးထွားမှုနှုန်းနှင့် စွမ်းရည်များကို မီအောင် လိုက်နိုင်မည် မဟုတ်ချေ။
ထို့အပြင် မကြာသေးမီက ထိပ်တိုက်ရင်ဆိုင်မှုများအပြီးတွင် နင်ချီ၏ ကြီးထွားမှုသည် တစ်ဖက်သတ်ဆန်သော အရာမဟုတ်ကြောင်း သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားက ရှာဖွေတွေ့ရှိခဲ့၏။ ယခင်က ဓားစက်ဝန်းဖြစ်စေ၊ သူ့အား လှည့်စားခဲ့သော ဟင်းလင်းပြင်ဖြစ်စေ၊ ယခု သူ၏ မျက်စိရှေ့မှ မိုးကြိုးလုံးဖြစ်စေ အားလုံးက အချက်တစ်ချက်ကိုသာ သက်သေပြနေကြ၏။ စည်းမျဉ်းစွမ်းအားများအပေါ် နင်ချီ၏ ကျွမ်းကျင်ပိုင်နိုင်မှုမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ကျယ်ပြန့်လှပြီး သူ၏ စွမ်းရည်များသည် အရာအားလုံးကို လွှမ်းခြုံနိုင်စွမ်း ရှိနေ၏။ တိုက်ခိုက်မှုအားလုံးသည် စည်းမျဉ်းတစ်ခုတည်းအပေါ် အခြေခံထားခြင်း မဟုတ်သလို၊ စည်းမျဉ်းများစွာကို ကြမ်းတမ်းစွာ ရောယှက်ထားခြင်းမျိုးလည်း မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် တာအိုပညာရပ်ကို ပြီးပြည့်စုံစွာ ကျွမ်းကျင်ပိုင်နိုင်မှုအပေါ် အခြေခံထားခြင်းပင်။ ဤလှုပ်ရှားမှုက နင်ချီ၏ ခွန်အားနှင့် ပတ်သက်၍ သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ မျှော်မှန်းချက်များကို လုံးဝ ကျော်လွန်သွားခဲ့တော့၏။
ယခုအခါ သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားသည် ဤကောင်းကင်ကပ်ဘေးအတွင်းမှ ကျယ်ပြန့်သော ကမ္ဘာ၏ စွမ်းအင်များကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်၏။ ဤတစ်ကြိမ်တွင်မူ ပုံရိပ်ယောင်၏ စွမ်းအားကို သူ သတိမထားမိခဲ့ပေ။ ရုတ်တရက် သူတော်စင် ဘိုးဘေးက သူ၏ လက်ချောင်းဖြင့် မိုးကြိုးလုံးတစ်လုံးကို ပစ်လွှတ်လိုက်၏။ ထူးဆန်းသော အနက်ရောင်မျဉ်းတစ်ကြောင်းက သူ၏ ညာဘက်လက်ညှိုးထိပ်မှ ပစ်ထွက်သွား၏။
"ရွှစ်"
ဇာစ်မြစ် မသေချာလှသော ထိုအနက်ရောင်မျဉ်းများသည် လွတ်ထွက်သွားချိန်တွင် ကိုယ်ပိုင် အသက်စွမ်းအင်များ ပါရှိနေသည့်အလား မိုးကြိုးလုံးဆီသို့ တဟုန်ထိုး ပျံသန်းသွားကြတော့သည်။
'ဒါက သူ့ရဲ့ စာလုံးလှရေးသားခြင်းနဲ့ ပန်းချီပညာ ကျွမ်းကျင်မှုကြောင့် ဖြစ်ရမယ် မဟုတ်လား...'
အနက်ရောင်မျဉ်း၏ တည်ရှိမှုကို နင်ချီ ချက်ချင်း သတိထားမိလိုက်သည်။ သူတော်စင် ဘိုးဘေး ကိုယ်ပွားက နင်ချီကို အနည်းငယ် ခေါင်းခဲသွားစေ၏။ အကြောင်းမူကား ဤအဘိုးကြီး အသုံးပြုသော စွမ်းအားမှာ ကမ္ဘာ နှစ်ခု၏ အခြား ပေါင်းစပ်တာအိုများနှင့် မတူညီဘဲ တကယ်ကိုပင် ထူးဆန်းလွန်းလှသောကြောင့် ဖြစ်သည်။ သူတော်စင် ဘိုးဘေးကဲ့သို့ပင် နင်ချီသည်လည်း လှုပ်ရှားနေစဉ်အတွင်း သူ၏ ပြိုင်ဘက် ခွန်အားနှင့် စွမ်းရည်များကို တစ်စစီ ဖြိုခွဲနေခဲ့၏။
နင်ချီကလည်း မိုးကြိုးလုံးဆီသို့ လက်ညှိုးထိုးလိုက်၏။ မိုးကြိုးလုံးကြီးက ထပ်မံ ကျယ်ပြန့်လာပြီး ၎င်းအတွင်းမှ မိုးကြိုးများ ရုတ်တရက် ဖြာထွက်လာကာ ရေကူးနေသော နဂါးများအလား မိုးကြိုးတန်းပေါင်း မရေမတွက်နိုင်အောင် လွင့်စင်ထွက်ပေါ်လာတော့သည်။ ဤမြင်ကွင်းက မိုးကြိုးလုံးကြီးသည် နဂါးများအားလုံးကို မွေးဖွားပေးလိုက်သည့် ဥတစ်လုံးဖြစ်ပြီး၊ နဂါးများ ဥခွံကို ခွဲထွက်လာပုံမှာ မယုံနိုင်လောက်အောင် သက်ရောက်မှု ပြင်းထန်လှ၏။ နဂါးများအားလုံး မိုးကြိုးလုံးထဲမှ ဖောက်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးက မှော်စွမ်းရည်များကို အသုံးပြု၍ ပူးပေါင်းတိုက်ခိုက်မှုကို စတင်လိုက်ကြပြီး ချဉ်းကပ်လာသော အနက်ရောင်ကြိုးကို ဦးစွာ ဝင်တိုက်လိုက်ကြ၏။
သူတို့နှစ်ဦးကြားရှိ ဟင်းလင်းပြင်မှာ မိုးကြိုးကပ်ဘေး၏ စွမ်းအားများနှင့် မိုးကြိုးပင်လယ်တစ်ခုအဖြစ် ပေါင်းဆုံသွားသော တာအိုတစ်ရာကဲ့သို့ အမျိုးမျိုးသော တိုက်ခိုက်မှုများဖြင့် လုံးဝ ဖုံးလွှမ်းသွား၏။ သို့သော် အနက်ရောင်ကြိုးကမူ ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝ မပြချေ။ ၎င်းသည် မိမိ၏ တည်ရှိမှု အရိပ်အယောင်ကို မပြဘဲ လေထဲတွင် လျင်မြန်စွာ လိမ်ယှက်နေ၏။ ၎င်း၏ ထူးဆန်းသော ပုံသဏ္ဍာန်ကို ဖယ်လိုက်လျှင် ၎င်းသည် မြက်မြွေတစ်ကောင်နှင့် ဆင်တူလှ၏။ ရုတ်တရက် မြက်မြွေလေးက မိုးကြိုးပင်လယ်ထဲသို့ အဟုန်ပြင်းစွာ တိုးဝင်သွားတော့သည်။
“မြွေက ဆင်ကို မြိုခြင်းပဲ”
သူတော်စင် ဘိုးဘေးက တာအို ဟူ၍ ဖွဖွလေး ရေရွတ်လိုက်သည်။
မြက်မြွေလေးသည် ပါးစပ်ကို ဟလိုက်ပြီး သူ၏ခန္ဓာကိုယ် အဆက်မပြတ် ကျယ်ပြန့်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဧရာမမြွေကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားကြောင်း နင်ချီ ချက်ချင်း ခံစားလိုက်ရသည်။ မိုးကြိုးပင်လယ်အတွင်းရှိ အမျိုးမျိုးသော စွမ်းအားများက မြက်မြွေကို အဆက်မပြတ် ဝင်တိုက်ကြသည်။ သို့သော် ၎င်းကို ဖြတ်တောက်နိုင်ခြင်း မရှိချေ။ မြက်မြွေသည်ကား ထိုစွမ်းအားများကြားတွင် သက်တောင့်သက်သာ ညည်းညူနေပုံပေါ်၏။ ၎င်းသည် မိုးကြိုးကပ်ဘေးထံမှ စွမ်းအားများကို တကယ်တမ်း စုပ်ယူနေ၏။ အထူးသဖြင့် ၎င်း၏ဦးခေါင်းမှာ အဆက်မပြတ် ကြီးထွားလာကာ နောက်ဆုံးတွင် ဟင်းလင်းပြင် နယ်ပယ်တစ်ခုလုံးကို နေရာယူသွား၏။ ဟင်းလင်းပြင် တစ်ခုလုံးကိုပင် မျိုချနိုင်စွမ်းရှိသည့်အလား ဧရာမ မြွေခေါင်းကြီး ပွင့်ဟသွား၏။ ထို့ကြောင့် မိုးကြိုးပင်လယ်ကြီး တစ်ခုလုံးမှာ မြက်မြွေ၏ တိုက်ရိုက် မျိုချခြင်းကို ခံလိုက်ရလေတော့သည်။
ထို့နောက် မိုးကြိုးလုံးမှ လွှတ်ပေးလိုက်သော မရေမတွက်နိုင်သည့် နဂါးများမှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရှေ့သို့ တိုးဝင်ရန် တုံ့ဆိုင်းသွားသည့်အလား အနည်းငယ် ရပ်တန့်သွားကြ၏။ သူတို့တွင် ကိုယ်ပိုင် ဆန္ဒများ ရှိကြပြီး ၎င်းတို့ကို လွှတ်ပေးပြီးနောက် နင်ချီသည် မိမိ၏ ဆန္ဒဖြင့် သူတို့ကို ခြယ်လှယ်ခြင်း မပြုခဲ့ပေ။ သို့သော် ယခုအခါ မြွေတစ်ကောင်တည်းက နဂါးတစ်အုပ်ကို အနိုင်ယူနေခြင်း ဖြစ်ရာ၊ ဤမြင်ကွင်းက တကယ်ကိုပင် ထူးဆန်းလွန်းလှ၏။ ဤသည်ကို မြင်လိုက်ရသောအခါ နင်ချီသည် သူ၏ ဆန္ဒများကို မိုးကြိုးနဂါးများစွာထံသို့ ချက်ချင်း အာရုံစိုက်လိုက်သည်။ ရပ်တန့်နေသော မိုးကြိုးနဂါးများ အားလုံးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ကြရာ နဂါးဟိန်းသံကြီးက ဟင်းလင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
“ဒီလောက် ပုပ်ဟောင်နေတဲ့ မြွေတစ်ကောင်ကို ဘာကြောက်စရာ ရှိလို့လဲ... အထဲဝင်ပြီး ဒါ ဘယ်လို မှော်ပညာလဲဆိုတာ သွားကြည့်... ပြီးတော့ ပေါက်ကွဲပစ်လိုက်ကြစမ်း”
ချက်ချင်းပင် မိုးကြိုးနဂါးများ အားလုံး ရှေ့သို့ တရကြမ်း ပြေးဝင်သွားကြ၏။
ယခုအခါ ဤမက်မွန်ဥယျာဉ် လေဟာနယ်သည် အေးအေးလူလူ အပန်းဖြေစရာ နေရာတစ်ခုနှင့် မတူတော့ပေ။ ကမ္ဘာပျက်မည့်နေ့နှင့်ပင် ဆင်တူနေတော့၏။ တစ်ဖက်တွင် အလျားလိုက်ရော ဒေါင်လိုက်ပါ ဟင်းလင်းပြင် တစ်ခုလုံးကို လုံးဝ နေရာယူထားသည့် ဧရာမ မြွေပါးစပ်ကြီး တစ်ခု။ အခြားတစ်ဖက်တွင်မူ မရေမတွက်နိုင်သော တာအိုမိုးကြိုးနဂါးများ။ မိုးကြိုးနဂါးများက အဆက်မပြတ် ဟိန်းဟောက်ကာ ဧရာမ မြွေပါးစပ်ကြီးဆီသို့ အဟုန်ပြင်းစွာ ဝင်တိုက်ကြတော့သည်။
"ဂျုန်း .. ဂျုန်း"
မရေမတွက်နိုင်သော မိုးကြိုးများ ဖြာထွက်လာ၏။ မရေမတွက်နိုင်သော အလင်းတန်းများက မြက်မြွေ၏ ဧရာမ ပါးစပ်ကြီးကို လင်းထိန်သွားစေပြီး ၎င်း၏ အနက်ရောင် ခန္ဓာကိုယ်ကြီးကို အနည်းငယ် ဖောက်ထွင်းမြင်နိုင်မလို ဖြစ်သွားစေသည်။ နင်ချီက ဤမြင်ကွင်းကို စူးစိုက်ကြည့်နေလိုက်သည်။ ထို့နောက် ဧရာမ မြွေကြီးသည်လည်း မရေမတွက်နိုင်သော အနက်ရောင် စာလုံးငယ်လေးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သူ နားလည်သွား၏။ ထိုစာလုံးလေးများသည် အလွန် သေးငယ်လွန်းလှရာ ဝိညာဉ်အာရုံများဖြင့်သာ ၎င်းတို့ကို ခံစားသိရှိနိုင်ပေမည်။ အစွမ်းထက်သော မှန်ဘီလူးဖြင့် ကြည့်လျှင်ပင် ၎င်းတို့ကို မြင်နိုင်မည် မဟုတ်ချေ။ စာလုံးငယ်လေးများ အားလုံးက မတူညီကြဘဲ ဆောင်းပါးတစ်ပုဒ်ကို ဖွဲ့စည်းထားသည့်အလားပင်။ ပို၍ အရေးကြီးသည်မှာ ထိုအရာများအတွင်း၌ ထူးဆန်းသော စွမ်းအားတစ်ခုကိုပါ နင်ချီ ရှာဖွေတွေ့ရှိလိုက်ခြင်းပင်။
သူတော်စင် ဘိုးဘေး ကိုယ်ပွားသည် မိုးကြိုးပင်လယ်ကြီးကို ဧရာမမြွေကြီး မျိုချသွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ရေကူးနေသော နဂါးများသည်လည်း မြွေကြီး၏ ပါးစပ်ထဲသို့ သဘောတူ ဝင်ရောက်သွားကြ၏။ သူ၏ မျက်နှာအမူအရာမှာ ပိုမို တည်ကြည်လေးနက်လာ၏။ ဤမှော်စွမ်းရည်မှာ သူ အပြည့်အဝ မကျွမ်းကျင်မီ နှစ်တစ်ရာတိုင်တိုင် အချိန်ယူ၍ သန့်စင်ခဲ့ရသော အရာဖြစ်သည်။ ကျယ်ပြန့်သော ကမ္ဘာ နယ်နိမိတ်တွင် သူက ခဲယဉ်းစွာ ခံစားသိရှိနိုင်သော ဟင်းလင်းပြင် ဖြတ်လမ်းတစ်ခုကို ဖွင့်ကာ ပြင်ပပင်လယ်ထဲသို့ ထည့်သွင်းထားခဲ့၏။ ရာစုနှစ်တစ်ခုတိုင်တိုင် ၎င်းသည် ပိုမို အစွမ်းထက်လာစေရန် နယ်မြေများ ပင်လယ်အတွင်းရှိ ရှုပ်ထွေးသော စွမ်းအားများကို အဆက်မပြတ် မျိုချနေခဲ့၏။
ဤကိုယ်ပွားတွင် သူ ပိုင်ဆိုင်ထားသော မှော်စွမ်းရည်မှာ မြွေကြီး၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သော်လည်း၊ ကျယ်ပြန့်သော ကမ္ဘာ သို့မဟုတ် တောင်နှင့်ပင်လယ် ကမ္ဘာ၏ စွမ်းအင်များကို မျိုချနိုင်စွမ်းရှိမည်ဟု သူတော်စင် ဘိုးဘေးက အလွန် ယုံကြည်ချက် ရှိနေခဲ့၏။ သို့သော် ယခုအခါ သူတော်စင် ဘိုးဘေးသည် ပြိုကျမလို အထိ ရိုက်ခတ်ခံနေရသော တာအိုမြွေကြီး၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေမိသည်။
'ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နယ်မြေများ ပင်လယ်ရဲ့ ရှုပ်ထွေးမှုတွေ ကြားမှာတောင် ဒီတာအိုမြွေကြီးက တွေ့သမျှ အရာအားလုံးကို မျိုချနိုင်စွမ်း ရှိတယ်... အဲဒါဆို ဘာလို့ နင်ချီရဲ့ မိုးကြိုးကပ်ဘေး စွမ်းအားကို မစုပ်ယူနိုင်ရတာလဲ…’
သူတော်စင် ဘိုးဘေး၏ ကိုယ်ပွားသည် သူကိုယ်တိုင် ဆင့်ခေါ်ထားသော မှော်မြွေကြီးကို ကြည့်ကာ မှင်သက်သွားတော့သည်။ ထိုမြွေကြီးက မိုးကြိုးပင်လယ်ကြီးကို မျိုချပစ်နေသည်။ မိုးကြိုးနဂါးများကို ဝါးမျိုပစ်နေသည်။ ထို့နောက် ၎င်း၏ ကိုယ်လုံးကိုယ်ထည်က အဆမတန် ကြီးမားလာ၏။ ဤမျှအထိ ဖြစ်ပျက်နေသော်ငြား သူတော်စင် ဘိုးဘေးက သူ၏ မှော်မြွေကြီးသည် နင်ချီ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်ဟု ယုံကြည်နေဆဲပင်။
ထိုအခိုက်အတန့်၌ ကောင်းကင်ယံရှိ မရေမတွက်နိုင်သော ကပ်ဘေးတိမ်တိုက်ကြီးများသည် မှော်မြွေကြီး၏ ပါးစပ်အတွင်းသို့ စုပ်ယူခံလိုက်ရတော့၏။ နင်ချီ၏ အရှေ့မှ ဧရာမ မိုးကြိုးလုံးကြီးကမူ ချာချာလည် လည်ပတ်နေဆဲ ဖြစ်သည်။ သို့သော် နင်ချီက ထိုမိုးကြိုးလုံးကို မြွေကြီး၏ ပါးစပ်ထဲသို့ ဝင်ခွင့်မပြုခဲ့ပေ။ သူ၏ စွမ်းအားများဖြင့် ဤမြွေကြီးကို ပေါက်ကွဲသွားစေရမည်ဟု နင်ချီကလည်း အကြွင်းမဲ့ ယုံကြည်ထား၏။
ယခုအခါ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လုံးဝ မမြင်ရတော့ချေ။ အကြောင်းမူကား မက်မွန်ဥယျာဉ် လေဟာနယ်၏ အလယ်ဗဟိုကို သူတို့၏ မှော်စွမ်းအင်များက အပြည့်အဝ ဖုံးလွှမ်းပိတ်ဆို့သွားသောကြောင့်ပင်။ ဆူဖြိုးတုတ်ခိုင်လှသော မြွေကြီးသည် မက်မွန်ဥယျာဉ် လေဟာနယ်၏ အလယ်တည့်တည့်တွင် ကန့်လန့်ဖြတ် နေရာယူထား၏။ ၎င်း၏ ခန္ဓာကိုယ်သည် အထက်ကောင်းကင်နှင့် အောက်မြေပြင်ကို ထိစပ်နေလေရာ အကယ်၍ ဤဟင်းလင်းပြင်ထဲတွင် သက်ရှိများသာ ရှိနေခဲ့ပါက ဤအခိုက်အတန့်၌ အသားစအဖြစ် ကြိတ်ချေခံလိုက်ရမည်မှာ အသေအချာပင်။
နင်ချီက မိုးကြိုးနဂါးများ အားလုံးထံသို့ သူ၏ ဆန္ဒများကို ပေါင်းစပ်ထည့်သွင်းပေးလိုက်သည်။ ထိုနဂါးများမှတစ်ဆင့် မြွေကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို သူ ရှင်းလင်းစွာ အာရုံခံသိရှိနိုင်၏။ ရုတ်တရက် သူ့မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
ထိုမှော်မြွေကြီးထံမှ ရင်းနှီးနေသော အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ နယ်မြေများ ပင်လယ်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်မျိုးပင်။ ၎င်းသည် နယ်မြေများ ပင်လယ်၏ စွမ်းအားများကို ပိုင်ဆိုင်ထားရုံသာမက လွန်စွာမှေးမှိန်ပြီး ဖမ်းဆုပ်ရခက်သော အငွေ့အသက်တစ်ခုပါ ရောယှက်နေသဖြင့် နင်ချီတစ်ယောက် လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့သည်။
အချုပ်အားဖြင့် ဆိုရသော် သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ မှော်စွမ်းရည်ကို ကြည့်ခြင်းအားဖြင့် ဤအဘိုးကြီးသည် နယ်မြေများ ပင်လယ် တစ်ခုလုံးကို ကျိန်းသေပေါက် ထောက်လှမ်းနေခဲ့ကြောင်း နင်ချီ သိလိုက်၏။ ဤမြွေကြီးသည်လည်း အစစ်အမှန် မဟုတ်ချေ။ သူတော်စင် ဘိုးဘေးနည်းတူ ၎င်းသည်လည်း ကိုယ်ပွားတစ်ခုသာ။
အကယ်၍ ဤအရာကသာ မူလခန္ဓာကိုယ် အစစ်အမှန် ဖြစ်နေပြီး ယခုသူခံစားမိသော ထူးဆန်းသည့် အငွေ့အသက်များသာ ပေါင်းစပ်ပါဝင်နေမည်ဆိုပါက သူ၏ တိုက်ခိုက်မှုများက ဤမှော်မြွေကြီးကို ဖောက်ထွင်းနိုင်မည်ဟု နင်ချီ ကိုယ်တိုင်ပင် အာမမခံရဲပေ။ သို့သော် ယခုမူ...
နင်ချီသည် မိုးကြိုးနဂါးများကို အသုံးပြုကာ မြွေကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ရူးသွပ်စွာ ကိုက်ဖြဲစေရုံသာမက သူတော်စင် ဘိုးဘေး၏ မှော်ပညာကိုပါ တစ်စစီ ဖြိုခွဲပစ်နေ၏။ ဤသို့သော အခွင့်အရေးမျိုးက ရခဲလှသည်။ ယခင်က ဆိုခဲ့သည့်အတိုင်း သူတော်စင် ဘိုးဘေး ကိုယ်ပွားထံမှ ရနိုင်သမျှ အကျိုးအမြတ် အားလုံးကို နောက်ဆုံး တစ်စက်အထိ သူ ညှစ်ထုတ်ယူရပေမည်။ ဤအခိုက်အတန့်တွင် သူတော်စင် ဘိုးဘေး ကိုယ်ပွားသည် သူ့အတွက် ဖြိုခွင်း၍မရအောင် သန်မာလွန်းနေခြင်း မရှိသလို၊ လွန်စွာ အားနည်းနေခြင်းလည်း မရှိပေရာ အသင့်တော်ဆုံးသော ပြိုင်ဘက် ဖြစ်နေလေတော့သည်။
နင်ချီ၏ အတွေးများက လျှပ်စီးပမာ မြန်ဆန်နေ၏။ ဉာဏ်ပညာ အလင်းတန်းများက သူ၏ မျက်လုံးများအတွင်း တလက်လက် တောက်ပနေပြီး သဘောပေါက်နားလည်နိုင်စွမ်းကလည်း အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေသည်။ မိုးကြိုးနဂါးများက မြွေကြီးကို ဖျက်ဆီးပစ်နေသည်နှင့်အမျှ ၎င်း၏ တည်ဆောက်ပုံ၊ ၎င်း၏ သဘောတရားများနှင့် ၎င်း၏ ဇာစ်မြစ် အားလုံးကိုပါ နင်ချီက အသေးစိတ် ခွဲခြမ်းစိတ်ဖြာနေ၏။
အတန်ကြာပြီးနောက် နင်ချီသည် မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်ပြီး ဧရာမ မြွေကြီးဆီသို့ လက်ညှိုးတစ်ချောင်း ထိုးအံလိုက်တော့သည်။
ဒုန်း...
ပြင်းထန်သော ပေါက်ကွဲသံကြီး။ မက်မွန်ဥယျာဉ် လေဟာနယ် တစ်ခုလုံးမှာ နျူကလီးယားဗုံး တစ်လုံး ကြဲချခံလိုက်ရသည့်အလား သိမ့်သိမ့်ခါသွား၏။ လျှပ်စီးအလင်းတန်း တစ်ချက် ဝင်းလက်သွားပြီးနောက် ဧရာမမြွေကြီး၏ ခန္ဓာကိုယ် တစ်ခုလုံး ဖြာထွက်သွား၏။ ကြယ်ပျံများအလား အဆုံးမဲ့သော မိုးကြိုးလျှပ်စီးများက အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စင်ထွက်သွားသည်။
ထိုအလင်းရောင်များက မက်မွန်ဥယျာဉ် လေဟာနယ် တစ်ခုလုံးကိုပါ လင်းထိန်သွားစေပြီး အနည်းငယ် အံ့အားသင့်နေသော သူတော်စင် ဘိုးဘေး ကိုယ်ပွားကိုပါ ထင်ရှားစွာ မြင်လိုက်ရတော့သည်။
'ငါက မှော်စွမ်းအင်နဲ့ နတ်ဘုရားစွမ်းရည်ကို ထိပ်တိုက် ယှဉ်ပြိုင်တဲ့ နေရာမှာ ဒီကောင်လေးကို ရှုံးသွားခဲ့တာလား...'
သူတော်စင် ဘိုးဘေး ကိုယ်ပွားက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လျှပ်စီးမိုးကြိုးများ ကြားထဲမှ နဂါးနက်ကြီး တစ်ကောင်သည် သူ၏ဆီသို့ အဟုန်ပြင်းစွာ ဒရောသောပါး တိုးဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုနဂါးနက်ကြီးက အသက်ဝင်လွန်းလှသည်။ ပါးစပ်ကြီးကို ဟထားပြီး ဓားများကဲ့သို့ ထက်ရှသော သွားဖြူဖြူကြီးများကို ပေါ်လွင်နေစေသည်။
နဂါး၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသော စူးရှပြင်းထန်သည့် အနံ့ဆိုးကြီးကိုပင် သူတော်စင် ဘိုးဘေး ရလိုက်သလို ခံစားရသည်။
"ဝှစ်"
စက္ကန့်ပိုင်း အတွင်းမှာပင် နဂါးနက်ကြီးက ထိုးဖောက်ဝင်ရောက်လာတော့သည်။
ထိုအခိုက် သူတော်စင် ဘိုးဘေးသည် သူ၏ လက်ထဲမှ ကွင်းတစ်ကွင်းကို ထုတ်ယူကာ နဂါးနက်ကြီးဆီသို့ ပစ်လွှတ်လိုက်၏။ လေထဲသို့ ပျံထွက်သွားသည်နှင့် တစ်ပြိုင်နက် ထိုကွင်းက အဆက်မပြတ် ကြီးမားလာသည်။ ၎င်းပေါ်တွင် မည်သည့် အနုစိတ် လက်ရာမျှ မပါရှိဘဲ အရောင်မှာလည်း အလွန်အမင်း မည်းမှောင်နေ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် နဂါးနက်ကြီး၏ လည်ပင်းကို ဧရာမ ကွင်းကြီးက စွပ်မိသွားတော့သည်။ ကွင်းကြီးက ရုတ်တရက် တင်းကျပ်သွားရာ နဂါးနက်ကြီး၏ လည်ပင်းမှာ ပြတ်ထွက်လုမတတ် ဖြစ်သွားရသည်။
သို့သော် ထိုအချိန်မှာပင် နဂါးနက်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ အားလုံး ဖြာထွက်သွားသည်။ ထိုအကြေးခွံများက တာအိုအဖြစ် အသွင်ပြောင်းသွားသည့်အလားပင်။ တာအိုဓားချီများက ကွင်းကြီးဆီသို့ အဆက်မပြတ် ခုတ်ပိုင်းချလိုက်တော့သည်။
“ချွင်... ချွင်... ချွင်…”
သံမဏိများ ရိုက်ခတ်သံက ဟင်းလင်းပြင်ကမ္ဘာ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။ ပြင်းထန်လွန်းလှသော ရိုက်ခတ်မှုများကြောင့် တင်းကျပ်နေသော ကွင်းကြီးမှာ ရုတ်ချည်း ပြန်လည် ကျယ်ဟသွား၏။ ထိုအခါ အကြေးခွံ ကင်းမဲ့နေသော နဂါးနက်ကြီးသည် သူတော်စင် ဘိုးဘေးဆီသို့ နောက်တစ်ကြိမ် တည့်မတ်စွာ တိုးဝင်သွားပြန်တော့သည်။
သူတော်စင် ဘိုးဘေး၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် စာလုံးတစ်ရာ မှော်စွမ်းရည်က ပြန်လည် ပေါ်ထွက်လာပြီး သူ့ကို အပြည့်အဝ ကာကွယ်ပေးလိုက်သည်။ သို့သော် နဂါးနက်ကြီးကမူ မည်သည့်အရာကိုမျှ ဂရုမစိုက်တော့သည့်အလား စာလုံးတစ်ရာ မှော်စွမ်းရည်ကို ဖောက်ထွင်းကာ အသေခံ တိုက်ခိုက်ရန် ဆုံးဖြတ်ထားပုံရသည်။
သူတို့နှစ်ခု ထိပ်တိုက် ဝင်ဆောင့်လိုက်ရာ ဟင်းလင်းပြင်ကြီး တစ်ခုလုံး တုန်ခါသွား၏။ သို့သော် မည်သူကမျှ နောက်ဆုတ်မသွားကြချေ။ အနိုင်အရှုံး အဖြေပေါ်သည်အထိ သူတို့ ဆက်လက် ရင်ဆိုင် တိုက်ခိုက်နေကြမည်သာ။
ရုတ်တရက် နဂါးနက်ကြီးက ပါးစပ်ကို ထပ်ဟလိုက်ပြီး အနက်ရောင် မီးတောက်များနှင့် တူသော မိုးကြိုးတစ်ချက်ကို ပန်းထုတ်လိုက်၏။ မိုးကြိုးနှင့် မီးတောက်များက ကောင်းကင်တစ်ခွင်လုံး ဒေါသတကြီး လွှမ်းမိုးသွားသည်။ ဟင်းလင်းပြင်ကို ချက်ချင်း လောင်ကျွမ်းစေပြီး သူတော်စင် ဘိုးဘေးနှင့် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော စာလုံးတစ်ရာ မှော်စွမ်းရည်တို့ကိုပါ ဝါးမျိုသွားတော့သည်။
ဟင်းလင်းပြင်က ပုံပျက်ပန်းပျက် ဖြစ်သွားကာ သူတော်စင် ဘိုးဘေး ကိုယ်ပွားနှင့် သူ၏ ကာကွယ်ရေး မှော်စွမ်းရည်တို့မှာ အခြားဟင်းလင်းပြင် တစ်ခုဆီသို့ လုံးလုံးလျားလျား နှင်ထုတ်ခံလိုက်ရသည့်အလားပင်။
သို့ဖြစ်သော်ငြား သူတော်စင် ဘိုးဘေး၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ စာလုံးတစ်ရာသည် ရုတ်တရက် ကြီးမားလာ၏။ နတ်ဘုရား အလင်းတန်းများက အမှောင်ထုထဲရှိ တစ်ခုတည်းသော အလင်းရောင်အဖြစ် စီးဆင်းလာသည်။ ၎င်းတွင် သူတော်စင် ဘိုးဘေး၏ ဆန္ဒနှင့် စွမ်းအားများ ကိန်းအောင်းနေပြီး အနက်ရောင် မီးတောက်များကို ခေတ္တမျှ ကျယ်ဟသွားစေသည်။
ရွှစ်...
သို့သော် အနက်ရောင် မီးတောက်များက ပြောင်းလဲသွားဟန် ရှိသည်။ ၎င်းတို့က စာလုံးတစ်ရာ မှော်စွမ်းရည်အပေါ် ကပ်တွယ်သွားပြီး အဆုံးသတ်မည့် အရိပ်အယောင် လုံးဝ မပြဘဲ တရွှစ်ရွှစ်နှင့် အဆက်မပြတ် လောင်ကျွမ်းနေ၏။ ထို့အပြင် သူ၏ စာလုံးတစ်ရာ မှော်စွမ်းရည်ကပါ ဤစီးကြောင်းနှင့်အတူ လိုက်ပါတုန်ခါနေသည့်အလား ဖြစ်နေ၏။
ဤမြင်ကွင်းက သူတော်စင် ဘိုးဘေး ကိုယ်ပွားကို ချက်ချင်းပင် အမြင့်ဆုံး သတိထားမှု အနေအထားသို့ ရောက်သွားစေသည်။ နင်ချီ၏ ပုံရိပ်ယောင် ထောင်ချောက်ထဲသို့ ထပ်မံ ကျရောက်သွားပြန်ပြီဟု သူ တွေးလိုက်မိ၏။ မဟုတ်ပါက သူ၏ စွမ်းရည်များနှင့်ဆိုလျှင် ဤအနက်ရောင် မီးတောက်များကို ဖယ်ရှားပစ်ရန် မစွမ်းဆောင်နိုင်စရာ အကြောင်း မရှိပေ။
အဝေးသို့ လှမ်းကြည့်လိုက်ရာ သူတော်စင် ဘိုးဘေး၏ မျက်လုံးအိမ်များက အနည်းငယ် ကျုံ့ဝင်သွား၏။
'ဒါက...'
စာလုံးတစ်ရာ မှော်စွမ်းရည် အကာအကွယ်ပေါ်တွင် ကပ်တွယ်နေသော အနက်ရောင် မီးတောက်များက သူ၏ မျက်လုံးများထဲတွင် အဆက်မပြတ် ကြီးမားလာနေ၏။ အံ့အားသင့်စရာ ကောင်းသည်မှာ ထိုအနက်ရောင် မီးတောက်များသည် နင်ချီ ယခင်က အသုံးပြုခဲ့သော စွမ်းအားမျိုး မဟုတ်သလို၊ မိုးကြိုးလျှပ်စီးများလည်း မဟုတ်ပေ။ ထို့အစား ၎င်းတို့က သူနှင့် ထူးဆန်းစွာ ရင်းနှီးနေသလို ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
အနက်ရောင် မီးတောက်များက သူ့မျက်လုံးထဲတွင် ကြီးမားလာသည်နှင့်အမျှ ၎င်းတို့ကို အလွန် သေးငယ်သော ရှုထောင့်မှနေ၍ အသေးစိတ် အကဲခတ်နိုင်သွားသည်။ သူတော်စင် ဘိုးဘေးသည် တောင်တန်းကြီးတစ်ခုလို တည်ငြိမ်ပြီး ရေနက်ကန်ကြီးတစ်ခုလို တိတ်ဆိတ်သည့် အဆင့်အထိ ကျင့်ကြံထားနိုင်သူ ဖြစ်သော်ငြားလည်း ယခုအခါတွင်မူ သွေးများ ဝေါ့ခနဲ အန်ချလုမတတ် ဖြစ်သွားရသည်။
အနက်ရောင် မီးတောက်များသည် မီးတောက်စည်းမျဉ်းများ၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်က အမှန်ပင်။ သို့သော် ပို၍ အရေးကြီးသည်မှာ သူတော်စင် ဘိုးဘေး ကိုယ်ပွား၏ မျက်လုံးများထဲတွင် ကခုန်နေသော ထိုကြီးမားသည့် အနက်ရောင် မီးတောက်များသည် အရိပ်သဏ္ဌာန် စာလုံးများဖြင့် ရှင်းလင်းစွာ ဖွဲ့စည်းထားခြင်းပင်။
'ဒီကောင်လေးက... ငါ့ရဲ့ မှော်ပညာကို ဘယ်အချိန်တုန်းက ခိုးယူသွားတာလဲ...'
တဖျတ်ဖျတ် လင်းလက်နေသော အနက်ရောင် မီးတောက်များသည် အသေးစိတ် ကြည့်မည်ဆိုလျှင် သူ၏ စာလုံးတစ်ရာ မှော်စွမ်းရည်ကဲ့သို့ပင် စာလုံး တစ်လုံးချင်းစီဖြင့် ဖွဲ့စည်းထားခြင်းပင်။ ဥပမာအားဖြင့် "မီးတောက်" ဟူသော စာလုံး၊ "မီး" ဟူသော စာလုံး၊ "လေ" ဟူသော စာလုံး၊ "တုတ်" ဟူသော စာလုံး စသည်ဖြင့်...။
စာလုံးတစ်လုံးချင်းစီသည် ၎င်းတို့၏ ကိုယ်ပိုင် စည်းမျဉ်းစွမ်းအားများကို ပိုင်ဆိုင်ထားရုံသာမက နတ်ဘုရားတို့၏ ဆွဲဆောင်မှုနှင့် ခမ်းနားကြီးကျယ်မှုတို့ကိုပါ ပေါင်းစပ် ကိုယ်စားပြုနေ၏။
ဤအရာများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူ ပြုနေကြ၏။ ဤစာလုံးများက လုံလောက်စွာ သိပ်သည်းမှု မရှိသေးသလို၊ ၎င်းတို့အပေါ်တွင် ပေါင်းစပ်ထားသော မဟာတာအို၏ ဆန္ဒများမှာလည်း အနည်းငယ် အဆင်မပြေ ဖြစ်နေသေးကြောင်း သူတော်စင် ဘိုးဘေး ကိုယ်ပွားက ရှင်းလင်းစွာ ခံစားသိရှိနိုင်၏။
ဤသည်မှာ နင်ချီက ယခုလေးတင်မှ သင်ယူထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားနေ၏။ သူတော်စင် ဘိုးဘေးသည် ဤလောကတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် သူနှင့် သည်းကြီးမည်းကြီး တိုက်ခိုက်နေရသည့်ကြားမှ၊ ခြေလှမ်းတိုင်းကို တွက်ချက်ရပြီး အချိန်ကလည်း အလွန်တိုတောင်းလှသည့် အခြေအနေမျိုးတွင်၊ တစ်စုံတစ်ယောက်က သူ၏ မျက်စိရှေ့မှောက်မှာပင် သူ၏ ပညာရပ်များကို ခိုးယူနိုင်ခဲ့ရုံသာမက အလွန် ကောင်းမွန်စွာပင် အသုံးချနိုင်ခဲ့လေပြီ။
နင်ချီကို အချိန်အနည်းငယ်သာ ထပ်ပေးလိုက်ပါက ထိုအနက်ရောင် မီးတောက်များ၏ စွမ်းအားသည် ယခုထက် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားမည်ဟု သူတော်စင် ဘိုးဘေးက ရဲရဲကြီး အာမခံရဲ၏။ သူ၏ စာလုံးတစ်ရာ မှော်စွမ်းရည်နှင့်ပင် ယှဉ်နိုင်စွမ်း ရှိလာလိမ့်မည်။