အခန်း ၂၆၅
Vol. 27 Ch. 265
အခန်း (၂၆၅) ငရဲမင်း ရောက်ရှိလာခြင်း
“အဟွတ် အဟွတ်…”
“ဒါဆိုရင်တော့ ကိုယ်တော်က အားမနာတမ်း လက်ခံလိုက်ပါပြီ”
ဧကရာဇ်ဝမ်ရွှမ်းသည် ဝမ်းမြောက်ဝမ်းသာဖြင့် ပြုံးရွှင်လျက် နန်းတော်သို့ စိတ်ကျေနပ်စွာ ပြန်သွားတော့သည်။
ဒါဟာ ကောင်းတဲ့ အကြံဉာဏ်ပဲ..
နန်းတွင်းရှိ ကိုယ်လုပ်တော်များက သူတို့၏ ပိုက်ဆံအိတ်များကို တင်းကျပ်စွာ ဖက်တွယ်ထားကြပြီး သူမှာလည်း ပြောစရာ စကားမရှိတော့ပေ။
ဟဲဟဲဟဲ…
နောင်တွင် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများထံမှ ငွေညှစ်ယူဖို့ နည်းလမ်းများကို ရှာရဦးမည်။
ထိုလေးယောက်စလုံးသည် သူတို့၏ ဇနီးများထံသို့ နားကို အဆွဲခံလျက် အိမ်သို့ အပို့ခံလိုက်ရပြီး မိသားစုစည်းကမ်းအတိုင်း အပြစ်ပေးခြင်း ခံလိုက်ရသည်။
မင်းသားစုသည် မင်းသားစု၏ဇနီးနောက်မှ ညှိုးငယ်စွာ လိုက်ပါသွားသည်။ သို့သော် သူ၏ အိမ်တော်တွင် ကြီးမားသော ထိတ်လန့်စရာတစ်ခု စောင့်ကြိုနေသည်ကို သူ လုံးဝ မသိခဲ့ပေ။
“မယ်တော် ”
“မယ်တော်. ဘယ်လိုလုပ်ပြီး ခွင့်ပြုချက်မရှိဘဲ နန်းတော်ကနေ ထွက်လာရတာလဲ...”
မင်းသားစုသည် စကားပင် ပီပီသသ မပြောနိုင်တော့ပေ။ သူသည် အစောင့်များကို ချက်ချင်း လှည်းပြင်ဆင်ခိုင်းပြီး
“မယ်တောိ... သားတော်အခုပဲ မယ်တော့်ကို နန်းတော်ကို ပြန်ပို့ပေးပါ့မယ်” ဟု ပြောသည်။
“မလိုချင်ဘူး”
မယ်တော်ကြီးက ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး လက်ထဲရှိ အထုပ်ကို တင်းကျပ်စွာ ဖက်ထားကာ မဖော်ရွေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“သားသမီးမွေးထားတာ အိုမင်းရင် အားကိုးဖို့လေ သာမန်မိသားစုတွေမှာဆိုရင် သားအချင်းချင်း ပစ္စည်းခွဲတဲ့အခါ အဘွားအိုတွေက ကြိုက်တဲ့အိမ်မှာ နေလို့ရတာပဲ ငါ ဘာလို့ မနေရမှာလဲ...”
မင်းသားစု၏ဇနီးက နှုတ်ခမ်းကို ရှုံ့လိုက်သည်။ သူမသည် ထိုစကား၏ အဓိပ္ပာယ်ကို နားလည်ပြီးဖြစ်သည်။ ယွင်မိသားစုသာ ဝင်နေလို့ရရင် မယ်တော်ကြီးသည် မင်းသားစုအိမ်တော်ကို သေချာပေါက် မျက်စိကျနေမှာ မဟုတ်ပေ။
ချွေးမတစ်ယောက်အနေဖြင့် သူမသည် သားအမိနှစ်ယောက်ကြားမှ စစ်ပွဲတွင် လက်ရှိအချိန်၌ ပါဝင်မှာ မဟုတ်ပေ။
“အဲ့ဒါကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ မယ်တောိက နိုင်ငံတော်ရဲ့ မယ်တော်ကြီးပဲ၊ သာမန်လူမဟုတ်ဘူးလေ”
မင်းသားစုသည် စိုးရိမ်လွန်းသဖြင့် နဖူးတွင် အေးစက်သော ချွေးစက်များ ပေါ်လာသည်။
“မယ်တောိ... အခုလို ဆူပူနေရာ ရပ်လိုက်ကြရအောင်လား သားတော်ရဲ့ အစ်ကိုတော်က မယ်တော်ကို လာခေါ်ရင် မယ်တော် ပြန်သွားမှာလား...”
မယ်တော်ကြီးသည် ခေါင်းကို လှည့်ကာ
“ငါ ဂရုမစိုက်ဘူး မင်း သူ့ကို ရန်စထားတာဆိုတော့ မင်းရဲ့အမေကို ကာကွယ်ပေးရမှာပဲ မဟုတ်ရင် မင်းဟာ မလိမ္မာတဲ့သားမိုက် ဖြစ်လိမ့်မယ်”
မင်းသားစု: ......
“မယ်တော်... မယ်တော်က တကယ်ပဲ သားတော်ရဲ့ အမေ ဟုတ်ရဲ့လား သားတော်က အစ်ကိုတော်နဲ့ ရန်စရဲမလား မယ်တော်က သားတော်ကို အသက်ရှည်ရှည် မနေစေချင်တော့တာလား...”
“မင်းက ငါ့ကို မင်းသားအိမ်တော်မှာ နေစေချင်တယ်ဆိုရင် ငါ မင်းရဲ့ အမေ ဖြစ်မယ် မင်း မနေစေချင်ရင် ငါ မင်းကို သားအဖြစ်က စွန့်လွှတ်လိုက်မယ် ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ မြေးတွေ အများကြီး ရှိတာပဲ”
မယ်တော်ကြီးက အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
စိတ်ဝင်စားစရာကောင်းသော ဝိညာဉ်များနှင့် တွေ့ဆုံပြီး အံ့သြဖွယ် အတင်းအဖျင်းများကို ကြားရပြီးနောက် မည်သူကများ နေ့တိုင်း ငြီးငွေ့ဖွယ်ကောင်းပြီး ပျင်းစရာကောင်းသော နန်းတော်ထဲမှာ နေချင်ပါ့မလား။ ကိုယ်လုပ်တော်များ၏ ညည်းညူသံကို နားထောင်ရတာ နားတောင် အူလာပြီ။
“မယ်တော်.. မလုပ်ပါနဲ့...”
“ရပ်”
သူ ဆက်ပြီး စည်းရုံးနေသည်ကို မြင်သောအခါ မယ်တော်ကြီးက အလျင်အမြန်ပင် ဖြတ်ပြောလိုက်သည်။
“နားထောင် မင်းသာ ဆက်ပြီး သဘောမတူရင် ငါ့ရဲ့ ညီမလေးဆီ သွားပြီး မင်းကို သင်္ချိုင်းဟောင်းဆီ အတင်းဆွဲခေါ်သွားဖို့ ခိုင်းလိုက်မယ်”
“ငါက သူမကို ညီမလေးတစ်ယောက်လို သဘောထားတယ် ရှောင်ဟွားက ဘယ်သူ့ဘက်က ရပ်တည်မယ်လို့ မင်း ထင်လဲ...”
မင်းသားစုမှာ ငိုရမလို ရယ်ရမလို ဖြစ်နေသည်။ နန်းတွင်းစည်းကမ်းကို အလွန်အလေးထားပြီး ပြုံးတောင် မပြတတ်သည့် သူ၏ ဂုဏ်သိက္ခာရှိသော အမေဘယ်ရောက်သွားပြီလဲ။
ထင်ရတာတော့...အဲ့ဒီမိန်းကလေးနဲ့ စတွေ့ကတည်းကပဲ။
သူမသည် တဖြည်းဖြည်းနဲ့ တော်ဝင်မိသားစုတစ်ခုလုံးနှင့် အရာရှိမိသားစုများကိုပင် လမ်းကြောင်းလွဲစေခဲ့ပြီး အရွယ်ရောက်ပြီးသော ယောက်ျားကြီးများသည် ဇနီးသည်များကို လိုက်ရှာနေကြသည် သို့မဟုတ် ဇနီးသည်များကို လိုက်ရှာရန် လမ်းပေါ်မှာ ရောက်နေကြသည်။
“ကောင်းပါပြီ မျက်နှာကို မညှိုးထားပါနဲ့တော့.. မယ်တော် နေချင်ရင် နေပါစေ။”
မင်းသားစု၏ဇနီးသည် ပြုံးလျက် ရှေ့သို့ တိုးလာပြီး မယ်တော်ကြီး၏ လက်မောင်းကို ချစ်ခင်စွာ တွဲလိုက်သည်။
“မယ်တောိ.. လာပါ ချွေးမ စီစဉ်ပေးပါ့မယ်”
သူမသည် ယခင်က မယ်တော်ကြီး၏ လက်မောင်းကို ယခုလို မရိုမသေ တွဲရဲမည် မဟုတ်သော်လည်း ယခုအခါ မယ်တော်ကြီးမှာ ယခင်ကထက် ပို၍ ကြင်နာပြီး ရင်းနှီးမှုရှိလာသည်။
သူမအမြင်တွင် မယ်တော်ကြီးသည် မင်းသားစုအိမ်တော်တွင် ကြာရှည်နေမည် မဟုတ်သဖြင့် အဘွားအိုကို စိတ်မဆိုးစေချင်တော့ပေ။
မယ်တော်ကြီးသည် သူမ၏ လက်ကို ကျေနပ်စွာ ပုတ်လိုက်ပြီး မလိမ္မာသော သားဖြစ်သူကို စိုက်ကြည့်လိုက်သည်။
“တကယ်ပဲ… သားတွေကို မွေးထားတာ အလကားပဲ ဟွန်း”
မင်းသားစု၏ နှလုံးသားမှာ လုံးဝ ပျက်စီးသွားရသည်။
မှောင်မိုက်သော လမ်းကြားထဲတွင်…
အရိပ်မည်းတစ်ခု ဖြည်းညင်းစွာ ပေါ်လာသည်။
ငရဲလကျောက်တုံးက ကျင့်စဉ်ကျင့်နေစဉ်အတွင်း ယွင်ဟွားနှင့် တရားသူကြီးစုတ်တံတို့က ယင်စွမ်းအင်ကို အသုံးပြုခဲ့ကြရာ သူတို့ ထွက်သွားတာ ကြာပြီဖြစ်သော်လည်း လေထဲတွင် သူတို့၏ တည်ရှိမှုမှာ ကျန်ရစ်နေသေးသည်။
ယမမင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဤလောကသို့ ယခင်က ရောက်ဖူးသော်လည်း အလျင်အမြန်ပင် ပြန်ထွက်သွားခဲ့သည်။
“ဟွန်း”
“တစ္ဆေကြော်”
“ဒီပြဿနာကောင်တွေက တကယ့်ကို ရဲတင်းလွန်းကြတယ်”
သူတို့ကို တရားရုံးမတင်ခင်မှာပင် နှိပ်စက်ညှဉ်းပန်းရန် ကြံစည်ကြသည်။ သူမ၏ စရိုက်မှာ လုံးဝ မပြောင်းလဲသေးပေ။
သူ ဒေါသထွက်မိသော်လည်း ထိုမျှသာ ဖြစ်သည်။
နောက်ဆုံးတွင်မူ သူမသည် မန်ဂျူရှာကာပန်း၏ ရက်စက်သော သဘာဝကို နားလည်သွားသည်။ ကြင်နာသော ဝိညာဉ်များသည် သူမကို ဘယ်တော့မှ အန္တရာယ် မပေးသော်လည်း ယခင်ဘဝက အပြစ်ကြီးမားသူများသာ သူမ၏ ပစ်မှတ် ဖြစ်လာသည်။
ဤကပ်ဘေးဒုက္ခသည် လူ့ပြည်သို့ လူသားအဖြစ် ပြန်လည်ဝင်စားလျှင် ထိုနှစ်ယောက်အတွက် အဆင်သင့်ပြင်ထားသော အဆာပြေမုန့်လေး ဖြစ်လာမည်မှာ သေချာသည်။
“ချွေ့ကျွယ်နဲ့ ဖြူမည်းသေမင်းတမန်တွေကိုတောင် ငရဲပြည်ကို ပြန်ပြေးရလောက်အောင် ဘယ်လောက်တောင် ကျင့်စဉ်မြင့်မားနေလဲဆိုတာ ငါကြည့်လိုက်ဦးမယ်”
သူသည် ချွေ့ကျွယ်ထံမှ သတင်းစကားရရှိခဲ့ပြီး ငရဲပြည်သို့ အထူးပြန်သွားရာတွင် သူတို့၏ သနားစရာကောင်းသော အခြေအနေကိုမြင်ပြီး တုန်လှုပ်သွားခဲ့သည်။
စကားပြောပြီးသည်နှင့် သူက ထိုနေရာမှ ပျောက်ကွယ်သွားသည်။
မီးအိမ်ပွဲတော်တွင် လူများသည် မီးအိမ်များကို မြစ်ထဲသို့ လွှတ်တင်ကြသည်။ ယွင်ဟွားသည် သူမအကြိုက်ဆုံး မီးအိမ်ကို ရွေးချယ်ပြီး သူမ၏ ဆုတောင်းကို ပုံပျက်ပန်းပျက် ရေးသားလိုက်သည်။
နန်ကုန်းယွမ်သည် ယခင်က သူမ၏ လက်ရေးကို မဖတ်နိုင်ခဲ့သော်လည်း အနာဂတ် ယောက္ခမထံမှ သူမ၏ စာရေးကျင့်စဉ်များကို ရရှိပြီးနောက် တစ်လကျော်ကြာအောင် ကြိုးစားခဲ့ရာ နောက်ဆုံးတွင် ဖတ်နိုင်သွားသည်။
“ရှောင်ယွမ်ယွမ်... ကြည့်”
ယွင်ဟွားသည် သူမ၏ ဆုတောင်းကို ပျော်ရွှင်စွာ ပြသလိုက်သည်။
“ဒီမင်းသမီးလေးက မိသားစုအတွက် ဘေးကင်းလုံခြုံမှုကို ဆုတောင်းပါတယ်၊ ပြီးတော့ တောင်တန်းတွေ မြစ်တွေကို ခရီးသွားမယ်၊ ကမ္ဘာပေါ်က အရသာရှိတဲ့ အစားအစာတွေကို စားမယ် သိုင်းလောကထဲ လှည့်လည်မယ်”
နန်ကုန်းယွမ်သည် ပြုံးလျက် “ကောင်းပြီ၊ မင်းအတွက် ကိုယ် အခုကစပြီး ကူညီပေးမယ်” ဟု ပြောသည်။
သူမ၏ ဆုတောင်းသည် ရိုးရှင်းသော်လည်း သူမ၏ ရှိနေခြင်းက သူ၏ မှောင်မိုက်နေသော လောကထဲသို့ အလင်းရောင်တစ်ခု ဆောင်ကျဉ်းပေးလိုက်သည်။
“တကယ်လား… နင် ငါ့ကို စတာ မဟုတ်ဘူးနော်..မဟုတ်ရင်...”
ယွင်ဟွားသည် သူ့ကို လက်သီးပြ၍ ခြိမ်းခြောက်လိုက်သည်။ သူ ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ မီးအိမ်ကို ရေထဲသို့ ဂရုတစိုက် ချလိုက်သည်။
သူ့လက်ထဲမှ မီးအိမ်ကို ကြည့်ရင်း နန်ကုန်းယွမ်သည် ဘေးမှ ဘောပင်ကို ယူကာ ရေးသားလိုက်သည်။
“မြူဆိုင်းနေတဲ့ မြို့နဲ့ မိုးရေထဲက ခမ်းနားတဲ့ အဆောက်အဦး၊ ပန်းတစ်ပွင့်သည် သစ်ပင်တစ်ပင်အတွက်သာ ပွင့်လန်းသည်”
ဤသည်က ရှောင်ဟွားအတွက် သူ၏ ကတိကဝတ်ဖြစ်သည်။
မြစ်ပေါ်တွင် မီးအိမ်ပေါင်းများစွာသည် လူတိုင်း၏ ဆုတောင်းများကို သယ်ဆောင်လာပြီး အလွန်ပင် လှပနေသည်။
နေဝင်ချိန်တွင် လူများသည် တဖြည်းဖြည်း အိမ်ပြန်ကြသည်။
ယွင်အိမ်တော်၏ အဓိကတံခါးပေါက်။
“ရှောင်ယွမ်ယွမ်... နင်နဲ့ ခွဲခွာရမှာ တကယ့်ကို မခံစားနိုင်ဘူး”
ယွင်ဟွားသည် သူ၏ အင်္ကျီလက်ကိုဆွဲကိုင်ကာ သနားစဖွယ် ကြည့်နေသည်။ နန်ကုန်းယွမ်လည်း သူမကို ထားသွားရန် မဝံ့ရဲသဖြင့် သူမ၏ ခေါင်းကို ပွတ်သပ်ကာ “လိမ္မာလိုက်ပါ၊ မနက်ဖြန်ကျရင် ပြန်တွေ့ကြမယ်” ဟု နူးညံ့စွာ ချော့မော့လိုက်သည်။
သူသည် သူ့အမျိုးသမီးငယ်လေး မြန်မြန်အရွယ်ရောက်လာစေရန် ဆုတောင်းရင်း သက်ပြင်းချလိုက်သည်။
တတိယမင်းသားက ဤနေရာကို တစ်ချက်ကြည့်လိုက်သည်။
“ဝေ့ဝေ့... ငရုတ်သီးလေး၊ မင်းနဲ့ ခွဲခွာရမှာ မခံစားနိုင်ဘူး.”
သူသည် အင်္ကျီလက်ကို ဆွဲမည့်အချိန်တွင် ယွင်ဝေက ရက်စက်စွာ ရိုက်ချလိုက်သည်။
“နင် သွားတော့”
တတိယမင်းသား၏ နှလုံးသားမှာ ချက်ချင်း အေးစက်သွားသည်။
“ဝေ့ဝေ့... မင်း နည်းနည်းလေးတောင် မလွမ်းဘူးလား”
ယွင်ဝေသည် သူ့ကို မျက်စောင်းထိုးလိုက်ပြီး အေးစက်သော မျက်နှာဖြင့် လှည့်ထွက်သွားသည်။ တံခါးကို ဖြတ်ကျော်ပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်များက အလိုလို ပြုံးယောင်သန်းလာပြီး “နန်ကုန်းယွမ်... နင်က တကယ့်ကို အရူးပဲ” ဟု အော်ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင်။
သူမ အလွန်ရှက်သွားပြီး လည်ပင်းကို ရှုံ့ကာ သူမ၏ အခန်းဆီသို့ ပြေးသွားသည်။
တတိယမင်းသားက တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ချက်ချင်း ရယ်မောလိုက်သည်။
ပြောတာကသာ ကြမ်းတာ၊ စိတ်ထားကတော့ နူးညံ့တဲ့ ငရုတ်သီးလေး။
“ဝင်သွားတော့ အချစ်လေး မနက်ဖြန်ကျရင် အရသာရှိတာတစ်ခုခု ယူလာခဲ့ပေးမယ်”
နန်ကုန်းယွမ်သည် အနာဂတ် ယောက္ခမဖြစ်သူက ရှေ့တံခါးမှ ခိုးကြည့်နေသည်ကို မြင်နေရသည်။
သူသည် ထိုအကြည့်ကို လျစ်လျူမရှုနိုင်ပေ။
“အင်း ဆုံးဖြတ်ပြီးပြီ မနက်ဖြန်ကျရင် အရှေ့လမ်းက ပေါက်စီနဲ့ အနောက်လမ်းက ပန်ကိတ်ကို စားချင်တယ်...”
ယွင်ဟွားသည် အရသာရှိသော အစားအစာများကို ပြောရင်း သူမ၏ အမျိုးသားငယ်ကို လှမ်းလက်ပြလိုက်သည်။
“အင်း... ငါ... ဒဏ်ရာသက်သာသွားရင် မင်းကို... စျေးဝယ်ထွက်ဖို့ ဖိတ်ခေါ်လို့ ရမလား”
ရှန်ကွမ်းဝမ်သော်သည် ရှက်ရွံ့စွာ နီမြန်းသွားပြီး ယွင်ယာကို တည့်တည့်မကြည့်ရဲဘဲ မျက်လုံးများ လှုပ်ရွနေသည်။
ယွင်ယာ၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး သူမ၏ မျက်နှာမှာလည်း နီရဲသွားသည်။ ရှက်ရွံ့စွာ ခေါင်းငြိမ့်ပြပြီးနောက် ယွင်အိမ်တော်သို့ အမြန်ပြေးဝင်သွားသည်။
သူမက မကန့်ကွက်သည်ကို မြင်သောအခါ ရှန်ကွမ်းဝမ်သော်က ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပြီးနောက် သူမ၏ ပခုံးကို ဖက်လိုက်သည်။
တတိယမင်းသားသည် ထူးဆန်းစွာ ရယ်မောလိုက်သည်။
“ဝမ်းကွဲ မနေ့က တစ်ယောက်ယောက်က အပျိုလူပျို ဖြစ်တာက မကောင်းဘူး ဇနီးရရင် အချုပ်အနှောင် ခံရပြီး အသက်ရှူကျပ်တယ်လို့ ပြောခဲ့တာ ဘယ်သူလဲ”
နန်ကုန်းယွမ်၏ မျက်နှာတွင်လည်း လှောင်ပြောင်မှု အရိပ်အယောင်များ ပေါ်လာသည်။
“အင်း မှတ်မိတယ် သူပြောတာ မှားတယ်ဆိုတာ ညတစ်ညတည်းနဲ့ သက်သေပြလိုက်တာပဲ”
ရှန်ကွမ်းဝမ်သော်: ......
ယွင်ဟွားသည် ရှောင်ယွမ်ယွမ်နှင့် ပတ်သက်သည့် ချိုမြိန်သော အိပ်မက်တစ်ခုကို မက်နေသည်။ ငရဲခန်းမမှာတော့ ၎င်း၏ စစ်မှန်သော သခင်ကို ကြိုဆိုနေပြီဆိုတာ သူမ မသိခဲ့ပေ။