အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း (၁၉၂)
ဖမ်းဆီးခံရခြင်း
အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ၊ လုံယုနှင့် အခြားသူများသည် လူတစ်ရာကျော်ပါဝင်သော အဖွဲ့ တစ်ခုကို ဖွဲ့စည်းရန် ညွှန်ကြားနေသည့် လူဟုန်ကို တွေ့လိုက်ရလေသည်။
လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကြသော ထိုသူများသည် အသက်ရှင်ကျန်ရစ်သူများထံမှ ရိက္ခာများ သိမ်းဆည်းရန် တိုက်ခန်းအဆောက်အအုံများဆီသို့ ချဉ်းကပ်လာကြလေသည်။
၎င်းတို့၏ နောက်ကွယ်တွင်မူ ပိန်လှီသော အမျိုးသားတစ်စုသည် တွန်းလှည်းအလွတ်များကို တွန်းလာကြ၏။ ထိုသူများသည် အရှိန်အဟုန်ပြင်းစွာဖြင့် အဆောက်အအုံအတွင်းသို့ တက်လှမ်းသွားကြတော့သည်။
မကြာမီမှာပင် ငြိမ်သက်နေသော ပတ်ဝန်းကျင်အတွင်း၌ အော်ဟစ်သံများနှင့် ငိုယိုသံများ ဟိန်းထွက်လာခဲ့လေ တော့၏။
အသက်ရှင်ကျန်ရစ်သူများ၏ ထိတ်လန့်တကြား အော်ဟစ်သံများနှင့် အသနားခံသံများကို ကြားရသောအခါ လုံယုသည် သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်မိလေသည်။ ေသူသည် ချွမ်ယွမ်ဝေ့ဘက်သို့ လှည့်ကာ ပြောလိုလေ၏။
"ကိုချွမ်...၊ အစ်ကို အရင်ပြန်နှင့်သင့်တယ်...။"
ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ပြကာ အိမ်သို့ အလျင်အမြန် ပြန်သွားခဲ့လေသည်။
ထို့နောက် လုံယုသည် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကို ကြည့်ကာ ပြောလိုက်ပြန်၏။
"ကျိဟွေး... ချီချီ...၊ မင်းတို့နှစ်ယောက်က ဒီမှာပဲနေပြီး အထပ် (၂၀) ကို စောင့်ကြပ်ပေးကြ...။"
ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့က ခေါင်းငြိမ့်ပြပြီးနောက် ၎င်းတို့၏ လက်နက်များကို သွားရောက်ယူဆောင်ကြ လေသည်။
လုံယုသည် ရှီရွှမ်းနှင့် ကျားရှန်းဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်၏။
"ငါတို့ သုံးယောက် အောက်ဆင်းပြီး လူဟုန်နဲ့ သူ့လူတွေကို ရှင်းပစ်ကြမယ်...။"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။"
သူတို့က နာခံလိုက်ကြလေသည်။
အမိန့်များ ပေးပြီးနောက် လုံယုသည် ယောင်ရန်နှင့် ဟွမ်ချန်တို့ကို ကြည့်လိုက်၏။
"ရန်ရန်...၊ အာချန်...၊ မင်းတို့နှစ်ယောက်ကတော့ ငါတို့ကို ပံ့ပိုးပေးရမယ်...။"
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း "ကောင်းပါပြီ..." ဟု ဆိုလေသည်။
ဟွမ်ချန်ကမူ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။
"ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ ခေါင်းဆောင်...။"
တာဝန်များ ခွဲဝေပြီးနောက် လူတိုင်းသည် ၎င်းတို့၏ နေရာအသီးသီးသို့ အလျင်အမြန် သွားရောက်ကြလေသည်။
ဟွမ်ချန်သည် သူ၏ စနိုက်ပါရိုင်ဖယ်ကို သွားယူနေစဉ်၊ ယောင်ရန်သည်လည်း သူမ၏ တိုက်ခန်းသို့ ပြန်ခဲ့၏။ သူမသည် ကျောပိုးအိတ်ကို ချထားလိုက်ပြီး နေရာလွတ် အတွင်းမှ စနိုက်ပါရိုင်ဖယ်ကို ထုတ်ယူလိုက်လေသည်။ အနက်ရောင် သေတ္တာအရှည်ကြီးကို ကိုင်ဆောင်လျက် ယောင်ရန်သည် တိုက်ခန်းမှ ထွက်၍ ခေါင်မိုးပေါ်သို့ တက် လာခဲ့လေသည်။
ဟွမ်ချန်သည် ထိုနေရာသို့ ရောက်နှင့်နေပြီး သူ၏ စနိုက်ပါရိုင်ဖယ်ကို တပ်ဆင်နေသည်ကို တွေ့ရသဖြင့် သူမသည် လည်း သင့်တော်သော နေရာတစ်ခုကို လျင်မြန်စွာ ရှာဖွေ၍ ထိုနည်းတူစွာ ပြင်ဆင်လိုက်လေသည်။
အဆင်သင့်ဖြစ်သွားသောအခါ ဟွမ်ချန်သည် သူ၏ အိတ်ကပ်အတွင်းမှ စကားပြောစက်ကို ထုတ်ယူ၍ ပြောလိုက် ၏။
"ခေါင်းဆောင်...၊ ကျွန်တော်တို့ အဆင်သင့် ဖြစ်ပါပြီ...။"
စက္ကန့်ပိုင်းအကြာတွင် လုံယု၏ အသံသည် စကားပြောစက်မှ ထွက်ပေါ်လာခဲ့သည်။
"သိပြီ...။"
ထိုစဉ်အတောအတွင်း လူဟုန်နှင့် သူ၏ လူများသည် အကာအကွယ်ပေးခအဖြစ် ကောက်ခံသော ရိက္ခာများကို သိမ်းဆည်းရန် အလုပ်ရှုပ်နေကြ၏။ လက်နက်ကိုင်ဆောင်ထားသော လူတစ်ဒါဇင်ကျော် ချဉ်းကပ်လာသည်ကို အသက်ရှင်ကျန်ရစ်သူများ မြင်သောအခါ ၎င်းတို့၏ တံခါးများကို အမြန်ပိတ်၍ သော့ခတ်လိုက်ကြလေသည်။
၎င်းကို မြင်သောအခါ အမျိုးသားတစ်ဦးသည် ဒေါသတကြီးဖြင့် တံခါးကို ကန်လိုက်သဖြင့် အသက်ရှင်ကျန်ရစ် သူများမှာ ကြောက်လန့်တကြား ငြိမ်သက်သွားကြ၏။
"တံခါးဖွင့်စမ်း...။ မင်းတို့ ရိက္ခာတွေကို ကောင်းကောင်းမွန်မွန် ပေးလိုက်တာက ပိုကောင်းလိမ့်မယ်...၊ မဟုတ်ရင် တော့ သွေးပန်းထွက်အောင် ငါတို့ ဘယ်လို ပညာပေးတတ်လဲဆိုတာ သိစေရမယ်...။"
ထိုလူက တံခါးနောက်ကွယ်ရှိ လူများကို ခြိမ်းခြောက်ပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က တံခါးဖွင့် ပေးလိုက်လေသည်။
၎င်းကို မြင်သောအခါ ထိုလူက လှောင်ပြုံးပြုံးရင်း မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်၏။
"ဟဲဟဲ...၊ မင်းတို့ကတော့ အရိုက်ခံရမှပဲ နားလည်ကြတာကိုး...။"
သူ စကားပြော၍ မပြီးခင်မှာပင် တံခါးဖွင့်ပေးလိုက်သော သူက ထိုလူ၏ လက်မောင်းကို ဖမ်းဆွဲ၍ လိမ်ချိုးကာ မြေပြင်ပေါ်သို့ ဖိနှိပ်ချလိုက်လေသည်။
ထိုလူ တုံ့ပြန်ရန် အချိန်မရခင်မှာပင် တံခါးဖွင့်ပေးသူက သူ၏ ညာဘက်နားရှိ အနက်ရောင် နားကြပ်ငယ်လေးကို နှိပ်ကာ ပြောလိုက်၏။
"အခုပဲ စလိုက်တော့...။"
စက္ကန့်အနည်းငယ်အကြာတွင် ထိုလူသည် သတိပြန်ဝင်လာသော်လည်း စစ်သည်က သူ့ကို လက်ထိပ်ခတ်ပြီး ဖြစ်ကြောင်း သိလိုက်ရလေသည်။ သူက လွတ်မြောက်ရန် ရုန်းကန်သည့်အခါ စစ်သည်က သူ၏ လည်ပင်းဘေးကို ရိုက်ချလိုက်သဖြင့် သတိလစ်သွားတော့သည်။
"ဘုတ်...: "
ထိုလူ သတိလစ်လဲကျသွားသောအခါ စစ်သည်က မတ်တပ်ရပ်လိုက်၏။ သူသည် တိုက်ခန်းအတွင်းရှိ အသက်ရှင် ကျန်ရစ်သူများကို ကြည့်ကာ ပြောလိုက်လေသည်။
"မကြောက်ပါနဲ့...၊ သူတို့ကို ဖမ်းဆီးဖို့ စစ်တပ်က ကျွန်တော်တို့ကို လွှတ်လိုက်တာပါ...။ တံခါးကို သော့ခတ် ထားပြီး နောက်ထပ် ညွှန်ကြားချက်တွေကို စောင့်နေပေးပါ...။"
တိုက်ခန်းအတွင်းရှိ မိသားစုမှာ မနေ့က ၎င်းတို့ ကူညီပေးခဲ့သော သူသည် ရုပ်ဖျက်ထားသည့် စစ်သည်တစ်ဦး ဖြစ်နေကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။ လူလတ်ပိုင်းအရွယ် အမျိုးသားက အလျင်အမြန် ခေါင်းငြိမ့်ပြကာ တံခါးကို သော့ခတ်လိုက်လေသည်။
စစ်သည်တစ်ဦးက ဦးဆောင်လိုက်သည်နှင့် အခြားသူများသည်လည်း လျင်မြန်စွာ လှုပ်ရှားလိုက်ကြတော့သည်။ မကြာမီမှာပင် အော်ဟစ်နေကြသူများမှာ အသက်ရှင်ကျန်ရစ်သူများ မဟုတ်တော့ဘဲ လူဟုန်၏ လူများသာ ဖြစ်လာကြလေတော့သည်။
ခေါင်မိုးပေါ်မှ အခြေအနေကို စောင့်ကြည့်နေသော ဟွမ်ချန်သည် လေချွန်လိုက်ရင်း စကားပြောစက်ကို ထုတ်ကာ ပြောလိုက်၏။
"ခေါင်းဆောင်... ကျွန်တော်တို့ ဝင်ပါဖို့ မလိုတော့ဘူး ထင်တယ်...။ စစ်သည်တွေက လူဟုန်ရဲ့ လူအများစုကို နှိမ်နင်းလိုက်ပြီ...။"
"လူဟုန်ကော ဘယ်မှာလဲ...။"
လုံယုက ဟု မေးလိုက်သည်။
ဟွမ်ချန်သည် စနိုက်ပါမှန်ပြောင်းဖြင့် ထိုဧရိယာကို လှည့်လည်ကြည့်ရှုလိုက်သောအခါ လူဟုန်သည် ခိုးကြောင် ခိုးဝှက် ထွက်ပြေးရန် ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။ သူသည် စနိုက်ပါရိုင်ဖယ်အတွင်းသို့ ကျည်ဖြည့်လိုက် ရင်း ပြောလိုက်လေသည်။
"သူ ထွက်ပြေးဖို့ ကြိုးစားနေတယ်... ၊ ကျွန်တော် သူ့ကို တားလိုက်ရမလား...။"
စက္ကန့်ပိုင်းအကြာတွင် လုံယု၏ အသံ ထွက်ပေါ်လာ၏။
"ရတယ်...။"
ပစ်ခတ်ရန် ခွင့်ပြုချက် ရရှိသွားသဖြင့် စိတ်လှုပ်ရှားနေသော ဟွမ်ချန်သည် သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ လူဟုန်၏ ပေါင်ကို ချိန်ရွယ်၍ ခလုတ်ကို ဆွဲလိုက်လေတော့သည်။
"ရွှီ…"
ကျည်ဆန်သည် လူဟုန်ထံသို့ ပျံသန်းသွားပြီး သူ၏ ပေါင်နောက်ဘက်ကို ထိမှန်ကာ အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့၏။
"အား..."
လူဟုန်သည် နာကျင်စွာ အော်ဟစ်ရင်း နှင်းများပေါ်သို့ လဲကျသွားသဖြင့် အနီးနားရှိ စစ်သည်များ သတိပြုမိသွား ကြလေသည်။ သူက မတ်တပ်ရပ်၍ ထွက်ပြေးရန် ကြိုးစားနေပြီး သူ၏ ခြေထောက်မှ သွေးများ ပန်းထွက်နေ သည်ကို မြင်သောအခါ သူသည် ၎င်းတို့၏ ပစ်မှတ်များထဲမှ တစ်ဦးဖြစ်ကြောင်း စစ်သည်များ သိလိုက်ကြ၏။
စစ်သည်တစ်ဦးသည် သူ ဖမ်းဆီးထားသော လူမိုက်ကို သူ၏ ရဲဘော်ထံသို့ လွှဲပေးလိုက်ပြီး လူဟုန်နောက်သို့ လိုက်လံဖမ်းဆီးလေသည်။ သူ၏ သေနတ်ဖြင့် ချိန်ရွယ်လျက် အော်ပြောလိုက်၏။
"ရပ်လိုက်စမ်း...။"
လူဟုန်သည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ စစ်သည်က သူ့နောက်သို့ လိုက်နေဆဲဖြစ်သည်ကို တွေ့ရ သဖြင့် အံကိုတင်းတင်းကြိတ်ကာ ပို၍ မြန်မြန်ပြေးရန် ကြိုးစားလေသည်။
လူဟုန်က မရပ်သည်ကို မြင်သောအခါ စစ်သည်က အော်ပြောလိုက်ပြန်၏။
"မင်း မရပ်ရင် ငါ ပစ်မှာနော်...။"
သုံးစက္ကန့်မျှ စောင့်ဆိုင်းပြီးနောက် စစ်သည်သည် ခလုတ်ကို ဆွဲလိုက်ကာ လူဟုန်၏ အခြား ပေါင်တစ်ဖက်ကို ပစ်ခတ်လိုက်လေသည်။
"ဒိုင်း..."
ကျည်ဆန်သည် ပစ်မှတ်ကို ထိမှန်သွားပြီး လူဟုန်သည် နာကျင်စွာ အော်ဟစ်လိုက်ရပြန်၏။
"အား..."
သူ၏ ပေါင်နှစ်ဖက်စလုံး ကျည်ဆန်ထိမှန်သွားသဖြင့် သူ ဆက်မပြေးနိုင်တော့ပေ။ စစ်သည်က သူ၏ လက် မောင်းကို ဖမ်းဆွဲလိုက်သောအခါတွင်ပင် လူဟုန်သည် တွားသွား၍ ထွက်ပြေးရန် ကြိုးစားနေသေး၏။
၎င်းကို မြင်သောအခါ စစ်သည်၏ မျက်ဝန်းများမှာ အေးစက်သွားပြီး လူဟုန်၏ လက်များကို အလျင်အမြန် လက်ထိပ်ခတ်လိုက်လေသည်။ ထို့နောက် သူ့ကို ဆွဲထူကာ အခြားစစ်သည်များရှိရာသို့ ခေါ်ဆောင်သွားခဲ့၏။
မကြာမီမှာပင် စစ်ထရပ်ကား နှစ်စီးသည် လင်းယွမ်တိုက်ခန်းအဆောက်အအုံ သို့ ရောက်ရှိလာလေသည်။ ပထမ ကား ရပ်လိုက်သည်နှင့် စစ်သည်များ ဆင်းလာကြပြီး လူဟုန်နှင့် သူ၏ လူများကို နှိမ်နင်းရာတွင် ၎င်းတို့၏ ရဲဘော် များကို ကူညီပေးကြလေ၏။
မိနစ်အနည်းငယ်အကြာတွင် စစ်သည်များသည် ရာဇ၀တ်ကောင်များကို ထရပ်ကားများပေါ်သို့ တွန်းတင်လိုက် ကြပြီး ၎င်းတို့၏ လက်နက်များကို သိမ်းဆည်းလိုက်ကြလေသည်။ ကျန်ရှိသော စစ်သည်တစ်ဝက်ကမူ ထွက် ပြေးသွားသူများကို လိုက်လံဖမ်းဆီးခဲ့ကြလေသည်။
ရာဇ၀တ်ကောင်များအားလုံးကို ဖမ်းဆီးပြီးသောအခါ စစ်သည်တစ်ဦးသည် အသံချဲ့စက်ကို ကိုင်၍ ပြောလိုက်လေ သည်။
"လင်းယွမ်တိုက်ခန်းအဆောက်အအုံ မှာ နေထိုင်ကြတဲ့ မိဘပြည်သူများခင်ဗျာ...၊ ခင်ဗျားတို့ရဲ့ ရိက္ခာတွေကို ရာဇ၀တ်ကောင်တွေဆီ မပေးကြပါနဲ့...။ ကျွန်တော်တို့ သူတို့အားလုံးကို ဖမ်းဆီးပြီးတဲ့အထိ တံခါးတွေကို ပိတ် ထားပေးကြပါ...။ ဘေးကင်းအောင် နေထိုင်ကြပြီး ကျွန်တော်တို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေးကြပါ...။"
ဤသတင်းစကားကို နှစ်ကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ကြေညာပြီးနောက်၊ စစ်သည်များသည် တိုက်ခန်း အဆောက်အအုံများကို တစ်အိမ်တက်ဆင်း စစ်ဆေးမှုများ စတင်ပြုလုပ်ကြလေသည်။
၎င်းကို မြင်သောအခါ လုံယု၊ ရှီရွှမ်းနှင့် ကျားရှန်းတို့သည် အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ ခေါင်မိုးပေါ် တွင်လည်း ယောင်ရန်နှင့် ဟွမ်ချန်တို့သည် ၎င်းတို့၏ စနိုက်ပါရိုင်ဖယ်များကို သိမ်းဆည်းကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြလေတော့သည်။