← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း (၁၉၃)

ကောက်ရှုဝေ၏ မောက်မာမှု

ရှီရွှမ်းက အထပ် (၁၉) ရှိ သံတံခါးကို သော့ခတ်လိုက်စဉ်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံး၌ သေနတ်သံများ ဟိန်း ထွက်သွားတော့သည်။ မကြာမီမှာပင် ချွမ်ယွမ်ဝေ့သည် အခြေအနေကို စစ်ဆေးရန် အလျင်အမြန် ထွက်လာခဲ့ရာ လုံယုနှင့် အခြားသူများကို ထိုနေရာ၌ပင် တွေ့လိုက်ရ၏။

သူက သူတို့ထံသို့ လျှောက်လာပြီး မေးလိုက်လေသည်။

"အစ်ကိုလုံ...၊ အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ...။"

လုံယုက ပြန်ဖြေလေ၏။

"လူဟုန်နဲ့ သူ့လူတွေကို ရှင်းဖို့ စစ်တပ်က စစ်သည်တွေကို စေလွှတ်လိုက်တာပါ...။ သူတို့က ထွက်ပြေးသွားတဲ့ သူတွေကို အပြစ်ပေးနေတာ ဖြစ်လိမ့်မယ်...။"

ထိုစကားကို ကြားသောအခါ ချွမ်ယွမ်ဝေ့သည် သက်ပြင်းချနိုင်သွားပြီး ပြောလိုက်လေသည်။

"သူတို့က အချိန်ကိုက် ရောက်လာတာပဲ...။ မဟုတ်ရင် ငါတို့ကိုယ်တိုင် လူဟုန်တို့နဲ့ တိုက်ခိုက်နေရဦးမယ်...။"

လူသတ်ရမည့်အရေးကို တွေးမိရုံဖြင့် ချွမ်ယွမ်ဝေ့ တုန်လှုပ်သွားမိ၏။ သူက လုံယုကို ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုလုံ...၊ အားလုံးပဲ ပြန်ပြီး အနားယူကြပါတော့...။ ကျွန်တော် အခြေအနေကို စောင့်ကြည့်ပေးထားပါ့မယ်...၊ ထူးခြားတာရှိရင် အကြောင်းကြားလိုက်မယ်လေ...။"

လုံယုက သဘောတူလိုက်၏။

"ကောင်းပါပြီ...၊ ငါတို့ အရင် ပြန်နှင့်မယ်...။"

အထပ် (၂၀) သို့ ပြန်ရောက်သောအခါ သူတို့အားလုံးသည် အခန်းအမှတ် (၂၀၀၁) တွင် စုဝေးလိုက်ကြသည်။ သူတို့ ခုနစ်ဦးသည် အပူပေးစက်နားတွင် ဝိုင်းဖွဲ့ထိုင်လျက် အပြင်ဘက်မှ သေနတ်သံများကို နားစွင့်နေကြ၏။

ခဏအကြာတွင် သေနတ်သံများ ငြိမ်သက်သွားတော့သည်။

ကျားရှန်းသည် မတ်တပ်ရပ်၍ အခြေအနေကို ကြည့်ရန် ဝရန်တာသို့ ထွက်လာခဲ့လေသည်။

စစ်သည်များသည် အလောင်းများကို ဒုတိယမြောက် ထရပ်ကားပေါ်သို့ တင်ပြီးနောက် လူဟုန်နှင့် သူ၏ လူများကို ခေါ်ဆောင်ကာ မောင်းထွက်သွားကြလေသည်။ နေထိုင်သူများကို စိတ်အေးစေရန်အတွက် စစ်သည်တစ်စုသာ ကျန်ရစ်ခဲ့လေသည်။

၎င်းကို မြင်သောအခါ ကျားရှန်းသည် အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ပြုံးလျက် သူ၏ သူငယ်ချင်းများဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"စစ်သည်တွေက လူဟုန်တို့အဖွဲ့ကို ခေါ်ပြီး ထွက်သွားကြပြီ...။"

ထိုစကားကို ကြားသောအခါ ဟွမ်ချန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး

ပြောလိုက်၏။

"နောက်ဆုံးတော့ ငါတို့ အေးအေးချမ်းချမ်း နေနိုင်တော့မယ်...။"

"ငါတို့ သတိမပေါ့သင့်သေးဘူးနော်...။"

လုံယုက သတိပေးလိုက်လေသည်။

ဟွမ်ချန်က ခေါင်းငြိမ့်ပြကာ ၊

"ကျွန်တော် သိပါတယ်...။ အဲဒီလူတွေကြောင့် ကျွန်တော် ကောင်းကောင်းမအိပ်ရတာ ကြာပြီမို့လို့ ခဏလောက် စိတ်လျှော့ချင်လို့ပါ...။"

သူ၏ ညည်းတွားသံကို ကြားရသောအခါ ယောင်ရန်က ပြောလိုက်လေသည်။

"ဒီနေ့တော့ ငါတို့ အောင်ပွဲခံကြတာပေါ့...။ စားသောက်ရင်းနဲ့ စကားစမြည် ပြောကြတာပေါ့...။"

ယောင်ရန်၏ စကားကြောင့် ဟွမ်ချန်၏ မျက်ဝန်းများ ဝင်းလက်သွားတော့သည်။ သူက ဘာစားကြမလဲဟု မမေး မီမှာပင် တံခါးခေါက်သံ ကြားလိုက်ရ၏။

ရှီရွှမ်းက တံခါးသွားဖွင့်ပေးလိုက်ရာ ချွမ်ယွမ်ဝေ့ ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ပြုံး၍ မေးလိုက်လေသည်။

"အစ်ကိုချွမ်... တစ်ခုခု ဖြစ်လို့လား...။​"

ချွမ်ယွမ်ဝေ့က အသံကိုနှိမ့်၍ ပြန်ဖြေလေ၏။

"စစ်သည်တွေက လူဟုန်တို့အကြောင်းကို အသက်ရှင်ကျန်ရစ်သူတွေကို စစ်မေးနေကြတယ်...။ အားလုံးကို အောက်ဆင်းလာဖို့ ပြောနေကြတယ်...။"

ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ၊

"ခဏနေရင် ငါတို့ ဆင်းလာခဲ့မယ်...။"

သတင်းပေးပြီးနောက် ချွမ်ယွမ်ဝေ့ ထွက်ခွာသွားခဲ့၏။ ရှီရွှမ်းက တံခါးပိတ်လိုက်ရင်း ပြောလိုက်လေသည်။

"စစ်သည်တွေက စစ်မေးဖို့အတွက် အားလုံးကို အောက်ဆင်းလာစေချင်နေကြတယ်...။"

စစ်သည်များက လူဟုန်၏ ဂိုဏ်းအကြောင်းကို နေထိုင်သူများအား စစ်မေးခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း၊ လုံယုကမူ ထိုထက်မကသော အကြောင်းရင်းတစ်ခု ရှိနေနိုင်သည်ဟု ခံစားလိုက်ရ၏။ သူက ခဏမျှ စဉ်းစားပြီး နောက် ပြောလိုက်လေသည်။

"သွားကြည့်ကြတာပေါ့...၊ သူတို့ ဘာလိုချင်နေတာလဲဆိုတာ...။"

သူတို့ ခုနစ်ဦးစလုံး တံခါးကို သော့ခတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြ၏။

အဆောက်အအုံ (၃) မှ သူတို့ ထွက်လာသည်ကို မြင်သောအခါ အခြားအဆောက်အအုံများမှ အသက်ရှင်ကျန်ရစ် သူများသည် သူတို့ကို လက်ညှိုးထိုးပြကာ စစ်သည်များကို ပြောလိုက်ကြလေသည်။

"တပ်မှူး...၊ သူတို့ပါပဲ...။ သူတို့က လူအများကြီးကို သတ်ခဲ့တာ...။ ဒီနေ့ သူတို့ကို အမိဖမ်းရပါမယ်...။"

စစ်သည်တစ်ဦးသည် လုံယုကို ကြည့်လိုက်ရာ လုံယု၏ မျက်ဝန်းများကို မြင်သည်နှင့် သူ၏ မျက်လုံးများ ဝင်း လက်သွားတော့သည်။ သူသည် အခြားနေထိုင်သူများကို ဂရုမစိုက်ဘဲ လုံယုတို့အဖွဲ့ထံသို့ အလျင်အမြန် လျှောက် လာခဲ့လေသည်။

သူက လုံယုကို ကြည့်ကာ မေးလိုက်လေသည်။

"ခင်ဗျားက ခေါင်းဆောင်လုံလား...။"

လုံယုနှင့် သူ၏ သူငယ်ချင်းများသည် နှာခေါင်းစည်းများ တပ်ဆင်ထားပြီး တစ်ကိုယ်လုံးကိုလည်း ဖုံးအုပ်ထား သဖြင့် စစ်သည်သည် မျက်ဝန်းများကို ကြည့်ရုံမျှဖြင့် သူဖြစ်ကြောင်း အတပ်မပြောနိုင်ပေ။

စစ်သည်၏ မျက်နှာကို မြင်သောအခါ လုံယုက သူ၏ နှာခေါင်းစည်းကို အောက်သို့ ဆွဲချလိုက်ရင်း ပြောလိုက်၏။

"မတွေ့ရတာ ကြာပြီနော်...၊ လီကျန့်...။"

လီကျန့်သည် သူ၏ ခေါင်းဆောင်ဟောင်းကို မြင်သောအခါ အလျင်အမြန် အလေးပြုလိုက်ရင်း ပြောလိုက်လေ သည်။

"ခေါင်းဆောင်လုံ...၊ မတွေ့ရတာ ကြာပါပြီ...။"

လုံယုကလည်း ပြန်လည် အလေးပြုလိုက်ပြီးနောက်၊

"ငါက မင်းရဲ့ ခေါင်းဆောင် မဟုတ်တော့ပါဘူး...။ လုံယု လို့ပဲ ခေါ်ပါ...။"

လီကျန့်က ခဏမျှ တုံ့ဆိုင်းသွားပြီး သူ၏ ဦးခေါင်းကို ကုတ်ကာ ပြောလိုက်လေသည်။

"ခေါင်းဆောင်...၊ ကျွန်တော် အဲဒီလို မခေါ်ရဲပါဘူး...။"

ထိုသို့ ပြောဆိုနေစဉ်မှာပင် လုံယုတို့အဖွဲ့ကို တိုင်တန်းနေသော အမျိုးသားသည် အထပ် (၂၀) မှ လူများမှာ စစ်တပ် နှင့် ပတ်သက်မှု ရှိနေကြောင်း သိလိုက်ရတော့သည်။

လုံယုနှင့် အခြားသူများက သူ့ကို လက်စားချေမည်ကို ကြောက်ရွံ့သဖြင့် ထိုအမျိုးသားသည် တိတ်တဆိတ် ထွက် ပြေးသွားခဲ့လေတော့သည်။ သူတို့ သတိမထားမိခင်မှာပင် ထိုအမျိုးသားသည် လင်းယွမ်တိုက်ခန်းအဆောက် အအုံ မှ စွန့်ခွာ၍ ထွက်ပြေးသွားခဲ့လေတော့သည်။

ထိုအချိန်မှာပင် လူတစ်စုသည် လူနေရပ်ကွက် အနီးသို့ ရောက်ရှိလာကြ၏။

ထိုနေရာကို စောင့်ကြပ်နေသော စစ်သည်များကို မြင်သောအခါ တစ်ဦးက မေးလိုက်လေသည်။

"ခေါင်းဆောင်ကျန်း...၊ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ...။"

ကျန်းချန်သည် အဝေးမှ လှုပ်လှုပ်ရှားရှား ဖြစ်နေသော မြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။

သူသည် မှန်ပြောင်းကို ထုတ်ယူ၍ လင်းယွမ်တိုက်ခန်းအဆောက်အအုံ ၏ အဝင်ဝကို ခဏမျှ စောင့်ကြည့်ပြီး နောက် ပြောလိုက်လေသည်။

"လောလောဆယ် ငြိမ်ငြိမ်လေး နေဦး...။ ငါတို့ ဒီည လှုပ်ရှားပြီး ယောင်ယွဲ့ချွမ် ကို အဲဒီကနေ ခေါ်ထုတ်သွား မယ်...။"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။"

လင်းယွမ်တိုက်ခန်းအဆောက်အအုံ နှင့် နေထိုင်သူများကို နောက်ဆုံးတစ်ချက် လှည့်ကြည့်ပြီးနောက် ကျန်းချန် သည် သူ၏ လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။

ထိုအချိန်တွင် ဝူယဲ့ဟောင်သည် ဖန်းချန်မြို့ ၌ ကောက်ရှုဝေနှင့် တွေ့ဆုံဆွေးနွေးနေခဲ့လေ၏။

အဓိက ထိုင်ခုံတွင် ထိုင်နေသော ကောက်ရှုဝေက ပြုံး၍ မေးလိုက်လေသည်။

"ခေါင်းဆောင်ဝူ...၊ ကျွန်တော်နဲ့ ဘာတွေ ဆွေးနွေးချင်လို့လဲ...။"

ဝူယဲ့ဟောင်သည် သူနှင့် အပိုစကားများ ပြောဆိုကာ အချိန်မဖြုန်းလိုသဖြင့် တိုက်ရိုက်ပင် မေးလိုက်၏။

"ဘာဖြစ်လို့ ဂိုဏ်းချုပ်ဖု ရဲ့ ခွင့်ပြုချက်မပါဘဲ ယောင်ယွဲ့ချွမ် ကို လုပ်ကြံသတ်ဖြတ်ရေး တာဝန် ပေးလိုက် တာ လဲ....။"

ကောက်ရှုဝေက ခပ်ဖွဖွ ရယ်မောလိုက်ရင်း မေးလိုက်လေသည်။

"ငါ့လူတွေကို အသုံးပြုဖို့ ငါက ဘာလို့ ဂိုဏ်းချုပ်ဖု ရဲ့ ခွင့်ပြုချက် လိုမှာလဲ...။"

ဝူယဲ့ဟောင်က နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။

"ခင်ဗျားလူ ဟုတ်လား...။"

ကောက်ရှုဝေက ပခုံးတွန့်လိုက်ပြီး သူ၏ ထိုင်ခုံတွင် မှီချလိုက်လေသည်။ သူသည် ဝူယဲ့ဟောင်ကို ပျင်းရိစွာ ကြည့်ကာ ပြန်ဖြေလိုက်၏။

"ယောင်ယွဲ့ချွမ် က ငါ့လူ မဟုတ်လို့လား...။ သူ ဖန်းချန် ဌာနချုပ်ကို ရောက်လာကတည်းက ငါ့ရဲ့ ကွပ်ကဲမှုအောက် မှာ ရှိနေတာ...၊ ဒီကို ရောက်လာတဲ့သူတိုင်းက ငါ့ရဲ့ လက်အောက်ငယ်သားတွေပဲ...။ မင်း အပါအဝင်ပေါ့...။"

ကောက်ရှုဝေ၏ မောက်မာသော စကားများကြောင့် ဝူယဲ့ဟောင်၏ မျက်နှာမှာ ပျက်သွားတော့သည်။ သူ ယွီချန် ဌာနချုပ်မှ မထွက်ခွာမီ ဖုကျုံးရှန်း မှာကြားခဲ့သော စကားများကို သတိရလိုက်သဖြင့် ဝူယဲ့ဟောင်သည် သူ၏ ဒေါသကို ထိန်းချုပ်ကာ မတ်တပ်ရပ်လိုက်လေ၏။

"ညွှန်ကြားရေးမှူးကောက် က ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေမှတော့ ငါတို့ကြားမှာ ဆက်ပြောစရာ မရှိတော့ ပါဘူး...။"

ထိုစကားကို ချန်ထားရစ်ပြီးနောက် ဝူယဲ့ဟောင်သည် သူ၏ အဖွဲ့နှင့်အတူ အစည်းအဝေးခန်းအတွင်းမှ ထွက်ခွာ သွားခဲ့လေသည်။

တံခါးပိတ်သွားသည်နှင့် ကောက်ရှုဝေ၏ အပြုံးများ ပျောက်ကွယ်သွားတော့၏။ သူသည် စားပွဲရှည်ပေါ်ရှိ ဖုန်းကို လှမ်းယူကာ ခလုတ်အချို့ကို နှိပ်လိုက်လေသည်။

All Chapters