← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း (၁၉၄)

ကယ်တင်ခြင်းနှင့် ထွက်ပြေးခြင်း

စက္ကန့်အနည်းငယ်မျှ စောင့်ဆိုင်းပြီးနောက်၊ ကောက်ရှုဝေက အမိန့်ပေးလိုက်လေသည်။

"ဝူယဲ့ဟောင်နဲ့ သူ့လူတွေကို စောင့်ကြည့်ထားကြ...၊ တကယ်လို့ သူတို့တွေ ဒီကိစ္စကို စုံစမ်းဖို့ ကြိုးစားလာရင် အကုန်လုံးကို ရှင်းပစ်လိုက်...။"

အမိန့်ပေးပြီးနောက် ကောက်ရှုဝေသည် သူ၏ ထိုင်ခုံတွင် မှီထိုင်လျက် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မား သော မှန်ပြတင်းပေါက်ကြီးမှတစ်ဆင့် အပြင်ဘက်ကို ငေးကြည့်နေမိ၏။ သူ၏ အေးစက်သော မျက်ဝန်းများတွင် ပျင်းရိဟန်အချို့ အရိပ်ထင်နေပြီး နှင်းများဖုံးလွှမ်းနေသော ကမ္ဘာကြီးကို စိုက်ကြည့်နေလေသည်။

တိတ်ဆိတ်ငြိမ်သက်နေသော အစည်းအဝေးခန်းအတွင်း၌ ခဏအကြာတွင် သူ၏ အေးစက်လှသော အသံမှာ ပဲ့တင်ထပ်လာခဲ့၏။

"ငါ့ရဲ့ အစီအစဉ်ကို အရှိန်မြှင့်ဖို့ လိုနေပြီ ထင်တယ်...။ အဲဒီခွေးတွေကို ငါ့အစီအစဉ်ထဲ ဝင်နှောင့်ယှက်ခွင့် မပေး နိုင်ဘူး...။"

ကျွင်းချန်မြို့ သို့ ပြန်ရသော်၊ စစ်သည်များသည် နေထိုင်သူများကို စစ်မေးပြီးနောက် ထိုဧရိယာအတွင်း ကင်းလှည့် ရန် အချို့ကို ချန်ထားရစ်ကာ အခြေစိုက်စခန်းသို့ ပြန်သွားကြလေသည်။ မထွက်ခွာမီ လီကျန့်သည် လုံယုနှင့် အခြားသူများကို လာရောက်ရှာဖွေခဲ့လေ၏။

သူသည် သူ၏ ခေါင်းဆောင်ဟောင်းနှင့် အသင်းဖော်များကို ကြည့်ကာ မေးလိုက်လေသည်။

"ခေါင်းဆောင်...၊ စစ်တပ်ထဲ ပြန်ဝင်ဖို့ အစီအစဉ် မရှိဘူးလား...။ တပ်ကြပ်ရွှီက ခေါင်းဆောင် ပြန်လာမှာကို စောင့်နေတုန်းပဲနော်...။"

လုံယုက ခေါင်းခါပြရင်း ၊

"လောလောဆယ်တော့ အဲဒီလို အစီအစဉ် မရှိသေးဘူး...။"

သူ၏ ငြင်းဆိုချက်ကို ကြားသောအခါ လီကျန့်သည် စိတ်မကောင်းဖြစ်သွားသော်လည်း လုံယုကို အတင်းအကျပ် မတိုက်တွန်းလိုပေ။ သူက ပြုံး၍ ပြောလိုက်လေသည်။

"ခေါင်းဆောင်...၊ ကျွန်တော်တို့ ခေါင်းဆောင်ကို စောင့်နေပါ့မယ်...။"

ထို့နောက် သူသည် ရှီရွှမ်းနှင့် အခြားသူများကို ကြည့်ကာ၊

"အားတဲ့အခါ ကျွန်တော် လာရှာဦးမယ်နော်...။"

ရှီရွှမ်းက လီကျန့်ထံသို့ ကျောပိုးအိတ်တစ်လုံး ကမ်းပေးရင်း ပြောလိုက်လေသည်။

"အထဲမှာ ဆေးဝါးတွေနဲ့ စားစရာအချို့ ပါတယ်...။ ငါတို့ရဲ့ ညီအစ်ကိုတွေနဲ့ ခွဲဝေစားကြပေါ့...။"

လီကျန့်သည် ဖောင်းကားနေသော ကျောပိုးအိတ်ကို ခဏမျှ စိုက်ကြည့်နေပြီးမှ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုရှီ...။"

ရှီရွှမ်းက သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"ငါတို့က ညီအစ်ကိုတွေပဲလေ... အားနာစရာ စကားတွေ ပြောမနေပါနဲ့...။ အကူအညီ လိုအပ်တဲ့အခါ ငါတို့ဆီ ကိုသာ လာခဲ့ပါ...။"

လီကျန့်က ခေါင်းငြိမ့်ပြကာ ကျောပိုးအိတ်ကို လွယ်၍ အခြားစစ်သည်များနှင့်အတူ ထွက်ခွာသွားခဲ့တော့သည်။ လုံယုနှင့် အခြားသူများသည် လီကျန့် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေကြပြီးနောက် အိမ်သို့ ပြန်လာခဲ့ကြလေသည်။

ထိုညတွင် လူတစ်စုသည် လင်းယွမ်တိုက်ခန်းအဆောက်အအုံ အတွင်းသို့ တိတ်တဆိတ် ချဉ်းနင်းဝင်ရောက်လာ ကြလေသည်။ ကျန်းချန်နှင့် သူ၏ အသင်းဖော်များသည် ထိုဧရိယာကို ကြိုတင်ကင်းထောက်ထားပြီး ဖြစ်သဖြင့် စစ်သည်များကို ရှောင်ရှားကာ အဆောက်အအုံ (၃) သို့ သွားရာလမ်းကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ကြ၏။

သူတို့သည် အဆောက်အအုံ (၃) အတွင်းသို့ ဝင်ရောက်ကာ အထပ် (၁၉) သို့ လှေကားမှတစ်ဆင့် တက်လှမ်းခဲ့ကြ သည်။ လှေကားလမ်းကို ပိတ်ဆို့ထားသော သံတံခါးကို မြင်သောအခါ ကျန်းချန်သည် တိုးတိုးလေး ကျိန်ဆဲလိုက် မိ၏။

လျှပ်စစ်ဓာတ်အားလွှတ်ထားသော သံတံခါးကို ကြည့်ရင်း သူ၏ လက်အောက်ငယ်သားတစ်ဦးက ပြောလိုက်လေ သည်။

"ခေါင်းဆောင်...၊ ပြတင်းပေါက်ကနေတစ်ဆင့် အထဲဝင်လို့ရမလားဆိုတာ ကျွန်တော် သွားစစ်လိုက်ပါ့မယ်...။"

စစ်သည်များ အလွယ်တကူ မြင်တွေ့နိုင်သဖြင့် ကျန်းချန်သည် ပြတင်းပေါက်ကို အသုံးမပြုလိုပေ။ သို့သော်လည်း လျှပ်စစ်စီးနေသဖြင့် တစီစီ မြည်နေသော သံတံခါးကို မြင်သောအခါ သူ ခေါင်းငြိမ့်ပြရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

ခွင့်ပြုချက် ရသည်နှင့် ထိုအမျိုးသားသည် ပျက်စီးနေသော ပြတင်းပေါက်များဆီသို့ သွားကာ အဆောက်အအုံ၏ ဒီဇိုင်းကို လေ့လာလိုက်၏။ စစ်သည်များ မရှိသည်ကို သေချာစေပြီးနောက်၊ သူသည် မြှားသေနတ်ကို ထုတ်ယူ၍ ပြတင်းပေါက်မှတစ်ဆင့် ကိုယ်ကိုအပြင်သို့ ထွက်ကာ အထပ် (၁၉) ၏ နံရံဆီသို့ ပစ်ခတ်လိုက်လေသည်။

"ဒုတ်... "

ထိုမြှားမှာ သာမန်မြှား မဟုတ်ပေ။ ၎င်းတွင် ပင့်ကူပုံစံ ကိရိယာငယ်လေး တစ်ခု တပ်ဆင်ထား၏။ မြှားသည် မာကျောသော မျက်နှာပြင်သို့ ထိမှန်သွားသည်နှင့် ကိရိယာမှ ပင့်ကူခြေထောက် ရှစ်ချောင်း ထွက်ပေါ်လာပြီး နံရံကို မြဲမြံစွာ တွယ်ကပ်လိုက်လေသည်။

ထိုအမျိုးသားသည် မြှားတွင် ချည်နှောင်ထားသော သံကြိုးကို အကြိမ်ကြိမ် ဆွဲကြည့်လိုက်၏။ ကိရိယာမှာ မြဲမြံနေပြီဖြစ်ကြောင်း သေချာသောအခါ သူသည် ကျန်းချန်ကို ခေါင်းငြိမ့်ပြကာ အပေါ်သို့ စတင်တက်လှမ်း တော့သည်။

သံကြိုးပေါ်တွင် တွဲလောင်းခိုနေစဉ် ထိုအမျိုးသားသည် မှန်ဖြတ်ဓားကို ထုတ်ယူ၍ ပြတင်းပေါက်မှန်ကို လှီး ဖြတ်ကာ တိတ်တဆိတ် ဖယ်ရှားလိုက်၏။ အတွင်း၌ မည်သူမျှ မရှိသည်ကို မြင်သောအခါ သူသည် အဆောက် အအုံအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် သူသည် ပြတင်းပေါက်သို့ ပြန်လာကာ ကျန်းချန်နှင့် အခြားသူများကို အချက်ပြလိုက်လေသည်။

အချက်ပြချက်ကို ရရှိသည်နှင့် ကျန်းချန်သည် သံကြိုးပေါ်သို့ တက်ကာ အထပ် (၁၉) သို့ လျင်မြန်စွာ ရောက်ရှိ သွားတော့သည်။

သူသည် အခြားသူများကို အပေါ်သို့ ထပ်တက်ခိုင်းခြင်း မရှိဘဲ အခန်းအမှတ် (၁၉၀၃) သို့ တိုက်ရိုက် သွားရောက် ခဲ့လေ၏။ သူ၏ လက်ပတ်နာရီ မျက်နှာပြင်ပေါ်ရှိ အစိမ်းရောင​ေ အစက်ကလေးကို ကြည့်ကာ ထိုအမျိုးသားကို ခေါင်းငြိမ့်ပြလိုက်လေသည်။

ထိုအခါ ထိုအမျိုးသားသည် ကိရိယာတန်ဆာပလာများကို ထုတ်ယူ၍ တံခါးသော့ကို စက္ကူအနည်းငယ်မျှ လှည့် ပတ်နှိုက်လိုက်၏။

"ကလပ်... "

တိုက်ခန်းအတွင်းရှိ ယောင်ယွဲ့ချွမ်သည် တံခါးပွင့်သွားသော အသံကို ကြားလိုက်ရသဖြင့် မျက်လုံးများကို ဖွင့်လို က်လေသည်။ ယောင်ရန်သည် ဤမျှ နောက်ကျသော အချိန်တွင် လာရောက်တွေ့ဆုံခြင်းမှာ ထူးဆန်းသည်ဟု တွေးတောမိသဖြင့် သူသည် မျက်မှောင်ကြုတ်ကာ ထိုင်လိုက်၏။

တံခါးပွင့်သွားသည်နှင့် သူက မေးလိုက်လေသည်။

"ဒီနေ့ ဘာဖြစ်လို့ ဒီလောက် နောက်ကျမှ လာတာလဲ...။"

"မင်း တစ်ယောက်ယောက်ကို စောင့်နေတာလား....။"

ကျန်းချန်က ဧည့်ခန်းထဲသို့ ဝင်လာရင်း မေးလိုက်လေ၏။ သူ၏ သူငယ်ချင်းမှာ ငိုက်မြည်းနေသည်ကို မြင်သော အခါ ကျန်းချန်၏ နှုတ်ခမ်းများ တွန့်သွားတော့သည်။ သူသည် ယောင်ယွဲ့ချွမ်ထံသို့ လျှောက်သွားကာ ကြိုးများကို ဖြေပေးရင်း ပြောလိုက်လေသည်။

"မင်းကို ကယ်ဖို့ ငါ ရောက်လာတာ...။ ဂိုဏ်းချုပ်ဖု က မင်းကို အမြန်ဆုံး ပြန်ခေါ်လာဖို့ ပြောထားတယ်...။"

ယောင်ယွဲ့ချွမ်သည် သူ၏ လက်ကောက်ဝတ်များကို ပွတ်သပ်ရင်း ပြောလိုက်၏။

"ကိုကျန်း...၊ မင်းဆီမှာ ခဲတံနဲ့ စက္ကူ ပါလား...။"

ကျန်းချန်က မျက်လုံးအသာလှန်ကာ မေးလိုက်လေသည်။

"ငါက အဲဒီလို ပစ္စည်းတွေကို အမြဲဆောင်ထားမယ်လို့ မင်း ထင်နေတာလား...။"

ကျန်းချန်၌ ခဲတံနှင့် စက္ကူ မရှိသဖြင့် ယောင်ယွဲ့ချွမ်သည် အသုံးပြုရန် တစ်ခုခုကို လိုက်လံရှာဖွေလိုက်၏။ သို့ သော်လည်း ရေးသားရန် သင့်တော်သော အရာကို မတွေ့သဖြင့် သူ လက်လျှော့လိုက်ရတော့သည်။

သူသည် ကျန်းချန်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။

"မင်းရဲ့ ဓားမြှောင် ခဏ ငှားပါဦး....။"

ကျန်းချန်သည် သူ၏ စစ်သုံးဓားမြှောင်ကို ထုတ်ယူ၍ ကမ်းပေးလိုက်လေသည်။ သူသည် ယောင်ယွဲ့ချွမ်ကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်၏။

"ဒါကို ဘာလုပ်ဖို့လဲ...။."

ယောင်ယွဲ့ချွမ်သည် ထိုဓားမြှောင်ကို အသုံးပြု၍ နံရံပေါ်တွင် စာသားအချို့ကို ထွင်းလိုက်လေသည်။ အားလုံး ပြီးစီးသွားသောအခါ သူသည် ကျန်းချန်ကို ပြုံးပြရင်း ပြောလိုက်လေသည်။

"ငါ့ရဲ့ ညီမလေးအတွက် စာတစ်စောင် ချန်ထားခဲ့မလို့လေ...။"

ကျန်းချန်သည် နံရံပေါ်ရှိ စာတိုလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယောင်ယွဲ့ချွမ်ကို ပြန်ကြည့်ကာ ၊

"ငါတို့ ဒီမှာ အကြာကြီး နေလို့မဖြစ်ဘူး...၊ သွားကြရအောင်...။" ဟု ဆိုကာ ဓားမြှောင်ကို ပြန်ယူလိုက်လေသည်။

မထွက်ခွာမီ ယောင်ယွဲ့ချွမ်သည် သူ၏ ပလက်တီနမ် ငွေရောင် ရင်ထိုးတံဆိပ် ကို ကြမ်းပြင်ပေါ်တွင် တင်ထားခဲ့ လိုက်၏။ သူက ပြုံးလျက် ပြောလိုက်လေသည်။

"အဲဒီလူယုတ်မာ ကောက်ရှုဝေ ကို ရှင်းပြီးရင် ငါ မင်းဆီ ပြန်လာခဲ့မယ်...။"

ထို့နောက် သူသည် ကျန်းချန်၏ နောက်သို့ လိုက်ပါသွားခဲ့ပြီး၊ ကင်းလှည့်နေသော စစ်သည်များ သတိမထားမိစေ ဘဲ လင်းယွမ်တိုက်ခန်းအဆောက်အအုံ မှ ထွက်ခွာသွားခဲ့ကြလေတော့သည်။

နောက်တစ်နေ့ နံနက်တွင်၊ ယောင်ရန်သည် ယောင်ယွဲ့ချွမ်အတွက် အစားအစာ၊ ရေနှင့် သယ်ဆောင်ရလွယ်ကူ သော အပူပေးစက်တို့ကို ယူဆောင်၍ အခန်းအမှတ် (၁၉၀၃) သို့ ရောက်ရှိလာခဲ့၏။ မှန်မရှိတော့သော ပြတင်း ပေါက်များကို မြင်လိုက်ရသောအခါ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သူမ သိလိုက်ရ သည်။

တံခါးဖွင့်ဝင်လိုက်သောအခါ ယောင်ရန်သည် ယောင်ယွဲ့ချွမ်ကို မတွေ့ရတော့ပေ။ သူမသည် ဧည့်ခန်းအတွင်းကို ဝေ့ဝဲကြည့်ရှုလိုက်ရာ နံရံပေါ်ရှိ စာသားနှင့် ကြမ်းပြင်ပေါ်ရှိ ရင်ထိုးတံဆိပ်ကို သတိပြုမိသွားသဖြင့် ထိုရင်ထိုး တံဆိပ်ဆီသို့ လျှောက်သွားလိုက်၏။

[အဲဒီလူယုတ်မာကို ရှင်းပြီးရင် ငါ မင်းကို လာရှာမယ်...။]

All Chapters