← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း (၁၉၈)

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးငယ်

လုံယုသည် ယောင်ရန်၏ နီမြန်းနေသော မျက်နှာကလေးကို စိုက်ကြည့်ကာ သာယာစွာ ရယ်မောလိုက်လေသည်။ သူတို့ မိနစ်နှစ်ဆယ်ခန့် စောင့်ဆိုင်းပြီးနောက်တွင်မူ ယွမ်ရီဟွေး ပြန်ရောက်လာခဲ့လေသည်။

သူသည် သူ့နောက်သို့ တစ်စုံတစ်ယောက် လိုက်မလာသည်ကို သေချာစေရန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက် ပြီးနောက် ပြောလိုက်လေသည်။

"ပစ္စည်းတွေ အဆင်သင့်ဖြစ်ပါပြီ...။ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ...။"

ယွမ်ရီဟွေး ဦးဆောင်ရာနောက်သို့ လိုက်သွားကြရာ၊ စွန့်ပစ်ထားသော ရုံးအဆောက်အအုံ တစ်ခုသို့ ရောက်ရှိသွား ကြလေသည်။

ရုံးအဆောက်အအုံအတွင်းသို့ ဝင်လိုက်သောအခါ၊ ပစ္စည်းများကို စောင့်ကြပ်နေသော လူငယ်လေးတစ်ဦးကို တွေ့လိုက်ရ၏။ ထိုလူငယ်လေးသည် ယွမ်ရီဟွေး ပြန်လာသည်ကို မြင်သောအခါ နှုတ်ဆက်လိုက်လေသည်။

"အစ်ကိုယွမ်...၊"

ယွမ်ရီဟွေးက မေးလိုက်လေ၏။

"ငါမရှိတဲ့အချိန်မှာ တစ်ယောက်ယောက် လာသေးလား...။"

ထိုလူငယ်က ခေါင်းခါပြကာ ပြန်ဖြေလေသည်။

"ဘယ်သူမှ မလာပါဘူး...။"

၎င်းကို ကြားသောအခါ ယွမ်ရီဟွေးသည် သက်ပြင်းချနိုင်သွားတော့၏။ ထို့နောက် သူက ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"မယောင်ရန်...၊ ပစ္စည်းတွေကို အရင် စစ်ဆေးကြည့်လို့ ရပါတယ်...။"

ယောင်ရန်သည် ထုပ်ပိုးထားသော အိတ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံး၍ ပြောလိုက်လေ၏။

"ရှင့်ရဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးကို ကျွန်မ ယုံကြည်ပါတယ်...။"

ထိုသို့ပြောပြီးနောက်၊ ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ကို အကာအကွယ်ပြု၍ နေရာလွတ် အတွင်းမှ ထီးကလေး (၁၅) ခုကို ထုတ်ယူလိုက်လေသည်။ ထို့နောက် တည်ငြိမ်စွာပင် ယွမ်ရီဟွေးထံသို့ ကမ်းပေးလိုက်၏။

ယွမ်ရီဟွေးသည် ထီးကလေးများ၏ တံဆိပ်ကို သတိပြုမိသွားပြီး မေးလိုက်လေသည်။

"မယောင်ရန်...၊ ဒါက အရမ်းဈေးကြီးတဲ့ တံဆိပ်ပဲ၊ မယောင်ရန်ဆီမှာ ဒါမျိုးတွေ အများကြီး ရှိသေးတာလား...။"

သူမ ယွမ်ရီဟွေးကို ပေးလိုက်သော ထီးကလေးများမှာ ယခင်ကတည်းက စုဆောင်းထားခဲ့သော ပစ္စည်းများ ဖြစ် ပေသည်။

လုံယုနှင့် မဆုံတွေ့မီက ယောင်ရန်၌ ချစ်သူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးသဖြင့်၊ မည်သည့်တံဆိပ်မှာ ဈေးကြီး သည် သို့မဟုတ် အရည်အသွေးကောင်းသည်ကို သူမ အကျွမ်းတဝင် မရှိပေ။ သူမ ပစ္စည်းများ စုဆောင်းစဉ်အခါ က ဈေးအကြီးဆုံးဟု သတ်မှတ်ထားသော ပစ္စည်းများကိုသာ မှာယူခဲ့ခြင်း ဖြစ်လေသည်။

ယွမ်ရီဟွေး၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ အရိပ်ထင်နေသည်ကို မြင်သောအခါ သူမက ခေါင်းငြိမ့်ပြ ကာ ပြောလိုက်လေ၏။

"ရှိပါသေးတယ်...။"

ထိုစကားကို ကြားသောအခါ ယွမ်ရီဟွေးက အားတက်သရော မေးမြန်းလိုက်ပြန်သည်။

"မယောင်ရန်...။ နောက်ထပ် ဘာတွေများ လိုချင်သေးလဲ...။ စားစရာလား...၊ အဝတ်အစားလား...၊ မယောင်ရန် လိုချင်တာ မှန်သမျှကို ကျွန်တော် ယွမ်ရီဟွေး မရရအောင် ရှာပေးပါ့မယ်...။"

သူ၏ စိတ်အားထက်သန်မှုကို မြင်သောအခါ၊ ယောင်ရန်သည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မျိုးဗီဇပြောင်းလဲမှု ဖြစ်ရပ်များကို တွေးတောမိလိုက်ပြီး၊ သူမ၏ နေရာလွတ် ကို အမြန်ဆုံး အဆင့်မြှင့်တင်လိုသော ဆန္ဒမှာ ပိုမိုပြင်း ပြလာခဲ့လေသည်။

မျိုးဗီဇမပြောင်းလဲမီ အချိန်တွင် အလွန်အမင်း ပူပြင်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ဆူနာမီ ဘေးအန္တရာယ်များ ဖြစ်ပေါ် လာလိမ့်မည် ဖြစ်ပေသည်။ ထိုကာလသို့ ရောက်ရှိပါက ရှေးဟောင်းပစ္စည်း အမြောက်အမြား ပျက်စီးသွားနိုင် သဖြင့်၊ ထိုဘေးအန္တရာယ်များ မကျရောက်မီ ရှေးဟောင်းပစ္စည်းများကို တတ်နိုင်သမျှ များများ စုဆောင်းထားရ မည်ဟု သူမ သိရှိထား၏။

ခဏမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်လေသည်။

"ကျွန်မ ရှေးဟောင်းပစ္စည်းတွေ လိုချင်တယ်...။"

ယွမ်ရီဟွေးသည် သူမ၏ တောင်းဆိုမှုကို ကြားသောအခါ သူ၏ မေးစေ့ကို ပွတ်သပ်ရင်း တွေးတောနေမိ၏။

သူ၏ တွေးတောနေသော အမူအရာကို မြင်သောအခါ ယောင်ရန်က ထပ်လောင်း ပြောလိုက်လေသည်။

"ကျွန်မက ရှေးဟောင်းပစ္စည်းတွေကို ဝါသနာပါလို့ စုဆောင်းချင်တာပါ...။"

သူမသည် သူ၏ အတွေးကို သိမြင်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ယွမ်ရီဟွေးမှာ အနည်းငယ်မျှ အနေခက် ခြင်း မရှိပေ။ သူက ပြုံး၍ ဆိုလိုက်လေသည်။

"ကောင်းပါပြီ...။ ကျွန်တော့်ရဲ့ ဝမ်းကွဲညီကိုလည်း မယောင်ရန်ရဲ့ တောင်းဆိုချက်ကို အသိပေးထားလိုက်ပါ့မယ်..။"

ယခုအခါ သူမက ငွေချေပြီးဖြစ်သလို သူကလည်း ပစ္စည်းများကို လွှဲပြောင်းပေးပြီးပြီ ဖြစ်သဖြင့်၊ အရောင်းအ ဝယ်မှာ ပြီးမြောက်သွားပြီ ဖြစ်ပေသည်။ ပုံထားသော အိတ်များကို ကြည့်ရင်း ယွမ်ရီဟွေးက မေးလိုက်၏။

"မယောင်ရန်...၊ ဒီပစ္စည်းတွေကို မယောင်ရန်တို့ နေတဲ့နေရာအထိ လိုက်ပို့ပေးရမလား...။"

သူတို့နှင့်အတူ လူ (၁၁) ဦး ပါလာသော်လည်း၊ ဤအိတ်များကို လင်းယွမ်တိုက်ခန်းအဆောက်အအုံ ဆီသို့ ပြန်သယ်ရန်မှာ အချိန်အတော်ကြာမြင့်ပေလိမ့်မည်။

ထို့အပြင် သူမသည် စစ်သည်အား အာလူးများအကြောင်းကို ရည်ရွယ်ချက်ရှိရှိ ပြောကြားခဲ့ပြီးဖြစ်ရာ၊ မကြာမီ မှာပင် အစိုးရက အအေးဒဏ်ခံအပင်များအကြောင်း သတင်းထုတ်ပြန်တော့မည် ဖြစ်ပေသည်။

ထိုသို့ဆိုလျှင် ၎င်းတို့အနေဖြင့် စိုက်ပျိုးရေးအိုးများကို သယ်ဆောင်ရာတွင် ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေရန် မလိုအပ်တော့ပေ။

တွေးတောပြီးနောက် ယောင်ရန်က ပြောလိုက်လေ၏။

"ကောင်းပါပြီ...။"

သူမ၏ အဖြေကို ကျေနပ်သွားသဖြင့် ယွမ်ရီဟွေးသည် လူငယ်လေးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ရှောင်ယန်...၊ တခြားသူတွေကို သွားခေါ်လိုက်ဦး၊ ပစ္စည်းတွေ သယ်ဖို့ ကူညီခိုင်းလိုက်...။"

ရှောင်ယန်က ခေါင်းငြိမ့်ပြကာ အလျင်အမြန် ထွက်ခွာသွားခဲ့၏။ မကြာမီမှာပင် သူသည် အခြားအမျိုးသား သုံးဦး နှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ သူတို့တစ်ဦးစီသည် ပြုပြင်မွမ်းမံထားသော လက်တွန်းလှည်းများကို တွန်းလာကြပြီး အိတ်များနှင့် စိုက်ပျိုးရေးအိုးများကို လှည်းများပေါ်သို့ တင်လိုက်ကြတော့သည်။

အားလုံး ပြီးစီးသွားသောအခါ ယွမ်ရီဟွေးသည် ယောင်ရန်ဘက်သို့ လှည့်၍ ဆိုလိုက်၏။

"မယောင်ရန်...၊ ရှေးဟောင်းပစ္စည်းတွေ အဆင်သင့်ဖြစ်တဲ့အခါ ရှောင်ယန်ကတစ်ဆင့် အကြောင်းကြားလိုက် ပါ့မယ်...။"

ယောင်ရန်က ခေါင်းငြိမ့်ပြကာ၊

"ကောင်းပါပြီ... နောက်မှ ပြန်တွေ့ကြတာပေါ့...။"

"နောက်မှ ပြန်တွေ့ကြမယ် မယောင်ရန်...၊"

ယွမ်ရီဟွေးသည် သူတို့ကို လိုက်လံပို့ဆောင်ပေးပြီးနောက်၊ သူတို့ ထွက်ခွာသွားသည်ကို ကြည့်ကာ သူ၏ ဝမ်းကွဲညီ ကို ရှာဖွေရန် အလျင်အမြန် ထွက်ခွာသွားခဲ့တော့သည်။

သည်ရက်ပိုင်းအတွင်း သူ၏ ဝမ်းကွဲညီမှာ ယခင်က စုဆောင်းထားခဲ့သော အသုံးမဝင်သည့် ရှေးဟောင်းပစ္စည်း များကြောင့် စိတ်ဓာတ်ကျနေခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ ယောင်ရန်က ၎င်းတို့ကို လိုချင်နေပြီ ဖြစ်သဖြင့် သူ၏ ဝမ်းကွဲညီမှာ ထိုပစ္စည်းများကို စွန့်ထုတ်ရတော့မည်ဖြစ်၍ အလွန်ပင် ဝမ်းမြောက်သွားပေလိမ့်မည်။

ယွမ်ရီဟွေးက သတင်းကောင်းပေးရန် သူ၏ ဝမ်းကွဲညီကို သွားရောက်ရှာဖွေနေစဉ်၊ ယခင်က ယောင်ရန်နှင့် စကားပြောခဲ့သော စစ်သည်မှာ တပ်ကြပ်ရွှီ နှင့် အခြားသော အဆင့်မြင့် စစ်ဘက်အရာရှိကြီးများ၏ ရှေ့မှောက် တွင် ရပ်နေရလေသည်။

ထိုစစ်သည်မှာ အေးစက်သော ရာသီဥတု ဖြစ်သော်ငြားလည်း ချွေးများ တဖြဖြထွက်နေပြီး မလှုပ်မရဲ ရပ်နေမိ၏။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက်၊ ရွှီချီဖန်သည် စားပွဲပေါ်ရှိ အစီရင်ခံစာကို ချလိုက်ကာ မေးလိုက်လေသည်။

"ဒီအာဟာရပျော်ရည်ကို မင်း ဘယ်က ရလာတာလဲ...။"

စစ်သည်က အလျင်အမြန် ပြန်ဖြေ၏။

"အမျိုးသမီးငယ်တစ်ယောက်ဆီက ရတာပါ ခေါင်းဆောင်...။"

"သူက ဘယ်သူလဲဆိုတာ ဒါမှမဟုတ် ဘယ်လိုပုံစံလဲဆိုတာ မင်း သိလား...။"

ရွှီချီဖန်က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

စစ်သည်က ခေါင်းခါပြကာ ပြန်ဖြေလေသည်။

"အဲဒီအမျိုးသမီးငယ်က နှာခေါင်းစည်း တပ်ထားပြီး နှင်းကာမျက်မှန်နဲ့ ဦးထုပ်လည်း ဆောင်းထားတာဆိုတော့ ကျွန်တော် မျက်နှာကို မမြင်ရပါဘူး...။ ဒါပေမဲ့ သူ့အသံကတော့ လူငယ်တစ်ယောက်ရဲ့ အသံမျိုးပါပဲ...။"

ရွှီချီဖန်သည် စစ်သည်၏ အဖြေကို အသေအချာ တွက်ချက်စဉ်းစားနေမိ၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။

"မင်း မူလတာဝန်ကို ပြန်သွားထမ်းဆောင်နိုင်ပြီ...။"

စစ်သည်သည် အလေးပြုကာ ခေါင်းဆောင်ရုံးခန်းအတွင်းမှ ထွက်ခွာသွားခဲ့၏။ တံခါးပိတ်သွားသည်နှင့် ရွှီချီဖန် သည် သူ၏ လုပ်ဖော်ကိုင်ဖက်များဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"ပရော်ဖက်ဆာချင်း...။ ဒီကိစ္စကို ဘယ်လို ထင်သလဲ...။"

အသက် (၆၀) ကျော်အရွယ် အဘိုးအိုတစ်ဦးသည် ပလတ်စတစ်ပုလင်းကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"လက်ရှိ ကျွန်တော်တို့မြို့ရဲ့ ရိက္ခာပြတ်လပ်မှု အခြေအနေအရဆိုရင်၊ ဒီအာဟာရပျော်ရည် ဘယ်ကလာသလဲ ဆိုတာ ဒါမှမဟုတ် အနည်းဆုံးတော့ ဒါရဲ့ ပါဝင်ပစ္စည်းတွေကို ကျွန်တော်တို့ ရှာဖွေရပါလိမ့်မယ်...။"

စားပွဲရှည်တွင် ဝိုင်းဖွဲ့ထိုင်နေကြသော အခြားသူများကလည်း ခေါင်းငြိမ့်ကာ သဘောတူကြလေသည်။

ယနေ့ နံနက်ပိုင်းက စစ်သည်သည် ဝူလျန် ထံသို့ အာဟာရပျော်ရည်ကို လွှဲပြောင်းပေးခဲ့ရာ၊ ၎င်းကို စိုက်ပျိုးရေး နယ်မြေရှိ အလုပ်သမားများထံသို့ တိုက်ရိုက် ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။

မည်သို့ အသုံးပြုရမည်ကို ညွှန်ကြားချက်များ မပါရှိသဖြင့်၊ အလုပ်သမားတစ်ဦးသည် ပုလင်းအတွင်းရှိ အရည် တစ်ဝက်ခန့်ကို ရေပုံးတစ်ပုံးအတွင်းသို့ လောင်းထည့်ကာ ရောမွှေလိုက်လေသည်။ ထို့နောက် ထိုအရည်ဖြင့် မှန်လုံအိမ်အတွင်းရှိ မြေကွက်တစ်ခုကို လောင်းပေးခဲ့ပြီးနောက် အခြားသော အလုပ်များကို သွားရောက်လုပ် ကိုင်နေခဲ့လေ၏။

ဆယ်မိနစ်ခန့်အကြာတွင် ထိုအလုပ်သမားသည် အပင်များကို စစ်ဆေးရန် ပြန်လာခဲ့ရာ၊ မျိုးစေ့အများစုမှာ အပင် ပေါက်နေပြီဖြစ်သည်ကို တွေ့ရသဖြင့် အလွန်ပင် အံ့အားသင့်သွားတော့သည်။ အပင်တိုင်းတွင် အစိမ်းရောင် အရွက် (၃) ရွက်မှ (၅) ရွက်အထိ ထွက်ပေါ်နေခဲ့ပြီ ဖြစ်၏။ ၎င်းကို မြင်သောအခါ အလုပ်သမားသည် ထိုထူးခြား သော အခြေအနေကို သူ၏ အထက်လူကြီးထံသို့ အလျင်အမြန် သွားရောက် အစီရင်ခံလိုက်လေတော့သည်။

အာဟာရပျော်ရည်ကြောင့် အပင်များမှာ ဤမျှ လျင်မြန်စွာ ရှင်သန်ကြီးထွားလာခြင်းဖြစ်ကြောင်း အထက် လူကြီးက အတည်ပြုပြီးနောက်တွင်မူ၊ ကျန်ရှိနေသော ပျော်ရည်တစ်ဝက်ကို ယူဆောင်လျက် ရွှီချီဖန်ထံသို့ အလျင်အမြန် သွားရောက် အစီရင်ခံခဲ့ခြင်းပင် ဖြစ်လေသည်။

All Chapters