← Chapters

အကြီးစား စနက်တံ (၁)

Vol. 60 Ch. 1016

အကြီးစား စနက်တံ (၁)

Vol. 60 Ch. 1016

ချီလီ၊ လော့ယန်၊ နန်ကျင်း၊ ချန်ဆီရွှမ်... လူတိုင်း၏ အကြည့်များက တစ်ပြိုင်နက်တည်း ကျရောက်သွားကြပြီး ချန်ဆီရွှမ်က လူအုပ်ကြီးကို ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့သည် ချက်ချင်း လူစုခွဲကာ ခုခံကာကွယ်ရန်အတွက် ရထားတွဲများအတွင်းသို့ ပျံ့နှံ့သွားကြတော့သည်။

ချန်ဆီရွှမ်က ရှောင်ယွမ်နှင့် လော့ယန်တို့ကို ကူညီရန်အတွက် ရထားတွဲ ၃တွင် နေခဲ့ရန် ညွှန်ကြားခဲ့ပြီး သူမကိုယ်တိုင်မူ ထိန်းချုပ်ခန်းဆီသို့ လျှောက်သွားရင်း လင်းရှန်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။

ပင်လယ်ကျောက်ဆောင်ကျွန်း၊ ကမ္ဘာမြေအူတိုင်အပူ‌စွမ်းအင်ဗဟိုချက်ကိရိယာ၊ ဗဟိုအလွှာလမ်းမြှောင်၊၊

လင်းရှန်သည် ကီကီနှင့် ဗိုင်အိုလာတို့ ပူးပေါင်းထားစော ဒရုန်းအဖွဲ့ကို ဦးဆောင်ကာ ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်း၏ ဗဟိုချက်ဆီသို့ ဦးတည်သည့် ဧရာမသံမဏိစင်္ကြံလမ်းများကို ကသောကမျောဖြတ်ကျော်နေသည်။ လေထုထဲတွင် ကန့်နှင့် အိုဇုန်းတို့၏ စူးရှသော အနံ့အသက်များ ပြည့်နှက်နေပြီး အပူချိန်မှာ အသက်ရှူကြပ်လုမတတ် မြင့်မားနေသည်။ လေထုသည် ပြင်းထန်သော အပူရှိန်ကြောင့် တွန့်ခေါက်ကာ အလင်းယိုင်နေပြီး မြင်ကွင်းကို ဝေဝါးအောင် ပြုလုပ်နေသည်၊၊

သူတို့၏ ခြေဖဝါးအောက်ရှိ ကျွန်းတစ်ခုလုံးမှာမူ ဆက်တိုက်ဖြစ်ပေါ်နေသော ပြင်းထန်သည့် ငလျင်များကြားတွင် နာကျင်စွာ ညည်းတွားနေလေ၏။ တုန်ခါမှုတိုင်းနှင့်အတူ သတ္တုများလိမ်ဖည်ခြင်းနှင့် ကျောက်ဆောင်များ ကြေမွပျက်စီးခြင်းတို့၏ သွားကျိန်းဖွယ်အသံများ ထွက်ပေါ်လာပြီး ဖုန်မှုန့်များနှင့် အပျက်အစီးအစအနငယ်များသည် ထောက်ကူထားသော အပေါ်ဘက်တည်ဆောက်ပုံမှ တဖွဲဖွဲကျဆင်းလာကာ လင်းရှန်၏ စွမ်းအားဝတ်စုံ မျက်နှာကာမှန်ကို တဖြောက်ဖြောက် အသံမြည်လျက် လာရောက်ရိုက်ခတ်နေကြသည်။

ရှေ့ဘက်မြင်ကွင်းတွင်မူ ဧရာမ ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်း၏ ဓာတ်ပြုကန်အခန်းသည် ငရဲဘုံ၏ အဝင်ဝကဲ့သို့ ဖြစ်နေသည်၊၊ ရဲရဲနီနေသော ချော်ရည်များသည် ဧရာမသက်ရှိမြွေနဂါးကြီးကဲ့သို့ ပျက်စီးနေသော တွင်းနံရံများတစ်လျှောက် ရူးသွပ်စွာ တွားတက်ပျံ့နှံ့နေပြီး ၎င်း၏ လမ်းကြောင်းတွင်ရှိသော သံမဏိတည်ဆောက်ပုံအားလုံးကို အငမ်းမရဝါးမျိုနေလေသည်။ ထူထဲသော အအေးခံပိုက်လိုင်းများသည် မြင့်မားသော အပူရှိန်အောက်တွင် ပျော့ခွေကျ၍ ပြတ်တောက်ကုန်ပြီး ပူပြင်းလှသော ရေနွေးငွေ့များကို မှုတ်ထုတ်နေကြသည်။ ဧရာမ တတာဘိုင်စက် အစိတ်အပိုင်းကြီးများသည် သည်းမခံနိုင်တော့သည်အလား ဝန်ပိနေသည့် အော်ဟစ်သံများကို ထုတ်လွှတ်နေပြီး အချို့သော ဒြပ်စင်များသည် နီရဲနေသော ချော်ရည်များအောက်တွင် လျင်မြန်စွာ ပျော့ခွေပုံပျက်သွားကာ အရည်ပျော်နေသော ရွှေရောင်သတ္တုရည်များအဖြစ် ချော်ရည်ဒီရေလှိုင်းထဲသို့ ရောနှောဝင်ရောက်သွားကြသည်၊၊

ရှုပ်ထွေးလှသော ထိန်းချုပ်ရေးခုံသည် ချော်ရည်များအောက်တွင် နစ်မြုပ်နေပြီး စူးရှသော လျှပ်စစ်မီးပွားများ ပွင့်ထွက်သွားပြီးနောက် လှိမ့်တက်နေသော နီမှောင်သည့် စေးပျစ်သော အရည်များအောက်တွင် ပျောက်ကွယ်သွားတော့သည်။ တွင်းနံရံများ၏ အပေါ်ဘက်တွင်မူ ဧရာမ ဟောင်းနွမ်းနေသောဖိအားဒဏ်ခံ အမိုးခုံးကြီးသည် အရည်ပျော်ကျနေသော ဖယောင်းကဲ့သို့ လောင်ကျွမ်းနေပြီး အရည်ပျော်နေသော သတ္တုမိုးစက်များ တောက်လျှောက်ကျဆင်းနေကာ အောက်ဘက်ရှိ မီးလျှံပင်လယ်ထဲသို့ ကျရောက်သည့်အခါ ကြီးမားသော မီးပွားအုပ်စုကြီးများအဖြစ် ပေါက်ကွဲထွက်နေကြသည်၊၊

ရှေ့ဘက်မှ မြင်ကွင်းကို ကြည့်ရင်း လင်းရှန်သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ ယခု လှုံ့ဆော်မှုကိရိယာသည် ထက်ဝက်နီးပါး ဝါးမျိုခြင်းခံထားရပြီး ဓာတ်ပြုကန်သည်လည်း ဓာတ်ပြုမှုရပ်တန့်သွားခဲ့ပြီဖြစ်ရာ ထုတ်လွှတ်မှုအပေါက်အားလုံးသည်လည်း သဘာဝအတိုင်းထုတ်လွှတ်ခြင်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ သန္ဓေပြောင်းမွန်းစတားများ သောင်းကျန်းစပြုနေသည့် ထိုနေရာများရှိ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေမည့် မြင်ကွင်းများကို သူ စိတ်ကူးဖြင့် မြင်ယောင်ကြည့်နိုင်နေပြီ ဖြစ်သည်၊၊

“ဗိုင်အိုလာ ဒရုန်းနဲ့ အအေးခံစနစ်ကို အမြင့်ဆုံးစွမ်းအားမြှင့်လိုက် ၁၂ နာရီဘက်က ပင်မပိုက်လိုင်းတံတားကို အကာအကွယ်ပေးဖို့ ဦးစားပေးပါ၊၊ ကီကီ… တပ်ဆင်မယ့်နေရာဝန်းကျင်ကို စိတ်စွမ်းအင်အကာကွယ်နဲ့ ဖုံးအုပ်ထားလိုက်…. ဒီအရာကို ဗုံးတွေနဲ့ ဖောက်ခွဲလို့မရဘူး၊၊ ဒါက လှုံ့ဆော်မှုကိရိယာဖြစ်နေမှတော့ ဗဟိုချက်စွမ်းအင်ကို သုံးပြီး ကွင်းဆက်ဓာတ်ပြုမှုဖြစ်ပေါ်စေဖို့ ဓာတ်ပြုကန်ရဲ့ စွမ်းအားကို အမြင့်ဆုံးအထိ ဘာလို့မထုတ်လွှတ်ရမှာလဲ”

“ဟင်” ကီကီသည် ထိုစကားကြောင့် လန့်သွားသည်၊၊

“ရှင်က ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးလုပ်မလို့လား”

“ဒီကိရိယာကို သုံးရတဲ့ ရည်ရွယ်ချက်က အဲဒါပဲလေ”

လင်းရှန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်၊၊

“သူ့ရဲ့ စွမ်းအားက သိပ်မကြီးပေမဲ့ ငါတို့သာ ဒီကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်းတစ်ခုလုံးကို ဖောက်ခွဲပစ်လိုက်ရင်တော့ အားလုံး ပြီးသွားပြီ”

[လှုံ့ဆော်မှုဓာတ်ပြုကန်ကို စွမ်းအားလွန်ကဲစေတာက ကြီးမားတဲ့ မတည်ငြိမ်မှုအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မယ်၊၊ အဲဒီလို အခြေအနေမျိုးမှာ ပရိုဂရမ်နဲ့ ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး]

ဗိုင်အိုလာက ထိုအချိန်တွင် လင်းရှန်ကို သတိပေးလိုက်သည်၊၊

“ဒါဆိုရင် ငါတို့ အတိအကျ အချိန်ကိုက်ပြီး မထိန်းချုပ်နိုင်ဘူးပေါ့”

“ဒါကြောင့် ငါတို့ မြန်မြန်လုပ်ရမယ်”

လင်းရှန်က ပွက်ပွက်ဆူနေသော ချော်ရည်များကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်၊၊

“အမြန်ဆုံးနှုန်းနဲ့ စူပါဝဲဂယက်ထဲကို ငုပ်လျှိုးဝင်ကြရမယ်”

သို့သော်လည်း ယခုအခိုက်အတန့်တွင် လင်းရှန်နှင့် ကီကီတို့၏ အမှောင်အမှတ်အသား ကိရိယာများသည် ရုတ်တရက် ဖျတ်ကနဲ လင်းလက်လာပြီး မြည်သံများ ထွက်ပေါ်လာရာ လင်းရှန်၏အမူအရာ ချက်ချင်းပြောင်းလဲသွားတော့သည်။

“အဆင့် ၄ အမှတ်အသား… အထူးအဆင့်ကြီးလား”

“ဘယ်မှာလဲ”

ကီကီသည် အန္တရာယ်ကို ချက်ချင်း ခံစားမိလိုက်သော်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့်အခါ ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်းတစ်ခုလုံးတွင် နီရဲနေသော ချော်ရည်ပင်လယ်မှလွဲ၍ ဘာမျှမရှိချေ၊၊

လင်းရှန်သည်လည်း သေချာရှာဖွေရန် စွမ်းအားဝတ်စုံကို အသက်သွင်းလိုက်သော်လည်း ဗိုင်အိုလာနှင့် အတူရှိနေသည့်တိုင် မည်သည့် ဇီဝအချက်ပြမှုကိုမျှ ရှာမတွေ့ခဲ့ကြချေ၊၊

ဝုန်း

ထိုအချိန်တွင် ကျွန်းတစ်ခုလုံးသည် ပြင်းထန်သော ငလျင်များကို စတင်ခံစားလိုက်ရပြီး တောင်များနှင့် ပင်လယ်များက တောက်လောင်နေသော ဒေါသတကြီးဖြင့် သူတို့ဆီသို့ ဦးတည်ကာ ဟိန်းဟောက်နေသကဲ့သို့ဖြစ်လာသည်၊၊

လင်းရှန်သည် ပြဿနာတက်ပြီဆိုသည်ကို သဘောပေါက်လိုက်ပြီး သူ၏ နှလုံးသားမှာ ဒိန်းကနဲ ခုန်သွားကာ ရုတ်တရက် တုံ့ပြန်လိုက်ပြီး ကီကီကို အော်ပြောလိုက်လေသည်။

“ကီကီ တုန်ခါလှိုင်းတွေသုံးပြီး စကင်ဖတ်လိုက်… ငါတို့ ဘေးနားမှာ ပုံမှန်မဟုတ်တဲ့အရာတစ်ခုခုရှိနေတယ်”

“အဲဒါက မမြင်ရဘူး”

၁၇:၀၆၊၊

မှောင်စပျိုးရန် တစ်နာရီပင် မလိုတော့သော်လည်း ပင်လယ်ကျောက်ဆောင်ကျွန်းနှင့် ကျွန်းမကြီးတစ်ခုလုံးမှ လှိုင်းထန်နေသော အမှောင်ဒီရေ တိမ်တိုက်ကြီးများ၏ ဝါးမျိုခြင်းကို ခံနေရပြီဖြစ်သည်။

ဆီစိမ်ထားသော ဂွမ်းစိုင်များကဲ့သို့ မည်းမှောင်နေသော တိမ်တိုက်ကြီးများသည် ပင်လယ်ပြင်ဆီသို့ ဖိနှိမ်စွာ ကျဆင်းလာနေသည်။ လေပြင်းမုန်တိုင်းကြောင့် ဆယ်မီတာခန့်မြင့်သော လှိုင်းလုံးကြီးများ အထက်အောက်လှုပ်ခတ်ကာ ကျောက်ဆောင်များကို ပြင်းထန်စွာ ရိုက်ခတ်နေကြ၏။ လေထုထဲတွင် ဆားငန်နံ့နှင့် ကန့်ငွေ့များပြည့်နှက်နေပြီး မိုင်ပေါင်းများစွာ ကျယ်ပြောသော ပင်လယ်ပြင်ကြီးတစ်ခုလုံးကို ပွက်ပွက်ဆူနေသောငရဲဘုံအလားပြောင်းလဲပစ်လိုက်ရာ ပင်လယ်နှင့် ကောင်းကင်ကိုပင် ခွဲခြား၍ မရနိုင်တော့ချေ။

သမုဒ္ဒရာဝန်းရံထားသော ပင်လယ်ကျောက်ဆောင်ကျွန်းသည် မုန်တိုင်းအတွင်း၌ ပင်လယ်ရေသတ္တဝါဆန်းများအတွက် ပွဲတော်တစ်ခုဖြစ်လာခဲ့သည်။ ရံဖန်ရံခါ ပေါ်လာတတ်သော အရိပ်မည်းကြီးများက လူကို အလွန်အမင်းထိတ်လန့်တုန်လှုပ်စေနိုင်သော သတ္တဝါများရှိနေကြောင်း ဖော်ပြနေသည်။ မည်းမှောင်နေသော ရေအောက်တွင် တောင်တစ်လုံးမျှ ကြီးမားသည့် မြွေနဂါးကဲ့သို့ အရိပ်ကြီးတစ်ခုသည် လှိုင်းလုံးများကြားတွင် တွားသွားနေပြီး ၎င်း၏ နက်မှောင်သော အကြေးခွံများက ဝဲဂယက်များကို ဖြစ်ပေါ်စေသော်လည်း ပုံသဏ္ဌာန်အပြည့်အစုံကိုမူ ဖုံးကွယ်ထားဆဲဖြစ်သည်။ ပို၍ ဝေးကွာသော နေရာတွင်မူ အချင်း မီတာသုံးဆယ်ကျော်ရှိသော ဖြူဖျော့ဖျော့ရေဘဝဲလက်တံကြီးတစ်ခုသည် ပင်လယ်ပြင်ကို ခွဲထွက်ကာ ရိုက်ချလိုက်ရာ ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများက ကျွန်းမကြီး၏ မီးပြတိုက်ထက်ဝက်ခန့်ကို ချက်ချင်း ဝါးမျိုသွားတော့သည်။ လေထုထဲတွင် ကြိမ်နှုန်းနိမ့်တုန်ခါသံများ ဟိန်းထွက်နေပြီး ၎င်းမှာ မည်သူမျှ ခွဲခြား၍မရသော နက်ရှိုင်းသည့် ပင်လယ်ရေနက်ပိုင်း ဧရာမသတ္တဝါကြီးများ၏ အသက်ရှူသံပင်ဖြစ်သည်။

တစ်ချိန်တည်းတွင် ကျွန်းမကြီးပေါ်၌မူ မြေငလျင်အနည်းငယ် တုန်ခါနေသည်။ အလွန်သိပ်သည်းများပြားလှသော မွန်းစတားဒီရေလှိုင်းမည်းကြီးသည် ပစ်မှတ်တစ်ခုခုကို ဦးတည်နေသကဲ့သို့ အနောက်တောင်ဘက်ရှိ ပင်လယ်ကျောက်ဆောင်အကျဉ်းထောင်ဆီသို့ ဆီးနှင်းများပြိုကျသကဲ့သို့ တဟုန်ထိုးပြေးဝင်လာနေကြသည်။ မြေအောက်၌ပင် ထူးဆန်းသော သတ္တဝါများသည် ရှေ့သို့ မြေကျင်းတူးကာ မြေမျက်နှာပြင်ကို ဆုတ်ဖြဲနေကြသည်။

“အဲဒါက မမြင်ရဘူး တုန်ခါလှိုင်းတွေ သုံးပြီး နေရာတစ်ခုလုံးဖြန့်ကျက်လိုက်”

ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်းထဲတွင် လင်းရှန်က အော်ဟစ်လိုက်ပြီး ဗိုင်အိုလာ၏ ထိန်းချုပ်မှုအောက်ရှိ ထောင်ပေါင်းများစွာသော ဒရုန်းများသည် လင်းရှန်နှင့် ကီကီတို့ထံသို့ ခုခံကာကွယ်ရေးပုံစံဖြင့် လျင်မြန်စွာ ရွှေ့လျားသွားကြသည်။ တစ်ချိန်တည်းမှာပင် ကီကီသည် ဒရုန်းများကြားရှိ အက်ကြောင်းများမှတစ်ဆင့် လင်းလက်တောက်ပသော အလင်းတန်းတစ်ခုကဲ့သို့ မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားတော့သည်။

“ဟူး~”

လေထုထဲတွင် ကီကီသည် ညင်သာစွာ လေတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက် ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်သကဲ့သို့ လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်သည်။

ဝူး

တိုးညင်သော အသံတစ်ခု ထွက်ပေါ်လာပြီး မမြင်ရလုနီးပါးဖြစ်သော စက်လုံးပုံစံ ကြည်လင်သော အလင်းမျက်နှာပြင်သည် သူမ၏ နှလုံးသားဆီသို့ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ချက်ချင်းဆိုသလို ဖြူဖွေးသော အလင်းတန်းများ ဖြာထွက်နေသည့် တုန်ခါလှိုင်းအလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူမကို ဗဟိုပြု၍ အပြင်ဘက်သို့ ပျံ့နှံ့ရိိုက်ခတ်သွားတော့သည်။

All Chapters