← Chapters

အကြီးစား စနက်တံ (၂)

Vol. 60 Ch. 1017

အကြီးစား စနက်တံ (၂)

Vol. 60 Ch. 1017

ဘုန်းး

မမြင်ရသော တုန်ခါလှိုင်းသည် စက်ဝိုင်းပုံစံအတိုင်း ကျယ်ပြန့်သွားပြီး မီတာရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိ ကြီးမားသော အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။

တုန်ခါလှိုင်းသည် ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်းမှ ပေါက်ကွဲထွက်လာသော အပူရှိန်များနှင့် ရေနွေးငွေ့များကို အားပြင်းစွာ မောင်းထုတ်လိုက်ပြီး စက်ဝိုင်းပုံစံ လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြင်းထန်စွာ ကျယ်ပြန့်သွားကာ ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်းထဲမှ စက်ပစ္စည်းများပေါ်ရှိ အကာအကွယ်လက်ရန်းများအပါအဝင် ပြုတ်ကျနေသော ကျောက်တုံးများနှင့် အပျက်အစီးများစွာကို လွင့်စင်သွားစေသည်။

[ပစ်မှတ်ကို ရှာဖွေတွေ့ရှိပါပြီ]

ဤ ၃၆၀ ဒီဂရီ ပတ်လည် တိုက်ခိုက်မှုအောက်တွင် ဗိုင်အိုလာ၏ ထောင်ပေါင်းများစွာသော ဒရုန်းများသည် မီလီစက္ကန့်အတွင်း ပစ်မှတ်ကို ဖမ်းယူမိလိုက်သည်။ ချက်ချင်းဆိုသလို လျှပ်စီးလင်းယုန်ဒရုန်းများအားလုံးသည် လမ်းကြောင်းပြောင်းကာ အပေါ်ဘက်ရှိ ပျက်စီးနေသော ဥမင်လိုဏ်ခေါင်းအဝင်ဝဆီသို့ ဦးတည်ပျံသန်းသွားကြလေသည်။

ဒရုန်းအားလုံးမှ နီရဲတောက်ပနေသော လေဆာအလင်းတန်းများသည် တိကျစွာထိမှန်သွားပြီး စူးရှသောအသံများကို ထွက်ပေါ်စေသည်။ ထိမှန်သည့် အခိုက်အတန့်တွင် ဟာလာဟင်းလင်းဖြစ်နေပုံရသော ဥမင်လိုဏ်ခေါင်းအဝင်ဝသည် ဖျော့တော့သော အစိမ်းရောင် ဇီဝစွမ်းအင်ဒိုင်းကာ လှိုင်းတွန့်များဖြင့် လင်းလက်သွားသည်။ ထိုလှိုင်းတွန့်များက ပျံ့နှံ့သွားပြီး လုံးဝမမြင်ရဘဲ လိမ်တွန့်နေသည့် ဧရာမ အင်းဆက်ပိုးကောင်ကြီး၏ ပုံသဏ္ဌာန်ကို ချက်ချင်း ဖော်ပြလိုက်တော့သည်။

လင်းရှန်လည်း ၎င်းမှာ ရေထုတ်မြောင်းထဲတွင် ပုန်းအောင်းနေသော မွန်းစတားကြီးဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ ဤမွန်းစတားသည် ဖမ်းရခက်ပြီး လျှို့ဝှက်ဆန်းကြယ်လှကာ ချီလီနှင့် နန်ကျင်းတို့အဖွဲ့က အပေါ်ဘက် ဥမင်လိုဏ်ခေါင်းကို မပိတ်ဆို့မီ သေချာစွာ ရှာဖွေခဲ့သော်လည်း လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ကိုယ်ပျောက်နိုင်ရုံသာမက ဇီဝစုံစမ်းထောက်လှမ်းကိရိယာများကိုပင် ရှောင်တိမ်းနိုင်ရာ အလွန်ပင်ထူးဆန်းလှသည်။

“တွေ့ပြီ ဖမ်းလိုက်”

“ကောင်းပြီ”

လင်းရှန်၏ စကားမဆုံးမီမှာပင် ကီကီသည် ထွက်ပေါ်လာသော စိတ်စွမ်းအင်များကို အသုံးပြု၍ လင်းလက်နေဆဲဖြစ်သော ဇီဝစွမ်းအင်ဒိုင်းဖြင့် သတ္တဝါကြီးကို တိုက်ရိုက်ဖမ်းဆုပ်လိုက်ပြီဖြစ်သည်။ ပြင်းထန်လှသော စွမ်းအားကြောင့် ဥမင်လိုဏ်ခေါင်းအဝင်ဝ နံရံများပေါ်တွင် နက်ရှိုင်းသော အက်ကြောင်းများဖြစ်ပေါ်လာရာ ကီကီသည် သူမ၏ စွမ်းအားအားလုံးကို အသုံးချနေကြောင်း သိသာနေသည်။

လင်းရှန်နှင့် ကီကီတို့အတွက်မူ သူတို့၏ စွမ်းအားအားလုံးကို ထုတ်သုံးမည်ဆိုပါက အထူးအဆင့် မွန်းစတားတစ်ကောင်ကို ကိုင်တွယ်ရန်မှာ ပြဿနာမဟုတ်ချေ။ အပြင်ဘက်ရှိ ကစဥ့်ကလျားအခြေနေများကြားတွင် လျင်မြန်စွာ ဖြေရှင်းရန် အရေးကြီးကြောင်းသိထားသဖြင့် လင်းရှန်သည် တုံ့ဆိုင်းမနေဘဲ ဆွဲငင်အားမှန်ဘီလူးကို ထုတ်သုံးရန် လက်တစ်ဖက်ကို မြှောက်လိုက်သည်။

တွင်းနက်ကြီးတစ်ခုသည် အာကာသကို ဖြတ်ကျော်ကာ ဘာမျှမရှိသော နေရာမှ ပေါ်လာပြီး လှည့်စားမှုအားလုံးကို ငြိမ်သက်သွားစေသည်။

ဝူး

လေဟာနယ်လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်းရှိ လွှမ်းမိုးထားသော ချော်ရည်ရေနွေးငွေ့သံများကို ချက်ချင်း ပျောက်ကွယ်သွားစေသည်၊၊ အပူရှိန်ပြင်းသော အလင်းရောင်ပင်လျှင် ဝါးမျိုခြင်းခံလိုက်ရသည်။ ကီကီ ထိန်းချုပ်ထားသော ဧရိယာတွင် တွန့်ခေါက်နေသော အာကာသဟင်းလင်းပြင်တစ်ခုသည် အလိုအလျောက်ဖြစ်ပေါ်လာပြီး လေထုထဲတွင် အမည်းရောင်ဝဲဂယက်ကြီးတစ်ခုနှင့် တူနေသည်။

ခဏချင်းမှာပင် တွန့်ခေါက်နေသော မှောင်မိုက်သည့် ဧရိယာသည် အလင်းမဲ့တွင်းနက်ကြီးတစ်ခုအဖြစ် ပြိုကျသွားပြီး ကြိတ်ခြေသံများထွက်ပေါ်လာကာ ဆက်တိုက်တွန့်လိမ်နေသော ဇီဝအသားစိုင်ကြီးတစ်ခုကို ဖော်ပြလာသည်၊၊ ၎င်းမှာ ဧရာမ ဥမင်လိုဏ်ခေါင်း ပိုးကောင်မည်းကြီးနှင့် တူနေသည်။ ၎င်း၏ တစ်ကိုယ်လုံးသည် မြွေနှင့်တူသော မမြင်ရသည့် ပင်လယ်သတ္တဝါများစွာဖြင့် ပတ်လည်ဝိုင်းရံထားပုံရသည်။ ကိုယ်ပျောက်စနစ်ပျက်ပြယ်သွားပြီးနောက် ပင်မခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ပိုးကောင်မည်းများသည် လိမ်တွန့်ကာ အရောင်ပြောင်းသွားကြပြီး ၎င်းတို့ထဲမှ အများအပြားမှာ ဆွဲငင်အားမှန်ဘီလူး၏ စုပ်ယူကြိတ်ခြေခြင်းကို ခံလိုက်ရသည်၊၊ ၎င်းတို့၏ စွမ်းအားဒိုင်းကာမှ ရောင်ခြည်များပင်လျှင် လွတ်မြောက်နိုင်ခြင်းမရှိချေ။

ဧရာမ ပိုးကောင်မည်းကြီးသည် ရူးသွပ်စွာ တွန့်ခေါက်နေပြီး ၎င်း၏ မြွေကဲ့သို့သော အစိတ်အပိုင်းမည်းများသည် လမ်းကြောင်းအမျိုးမျိုးသို့ ခွဲထွက်သွားနိုင်ပုံရကာ ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်း၏ ကျောက်နံရံများပေါ်သို့ ပျံ့နှံ့သွားပြီး လွတ်မြောက်ရန် ကြိုးစားနေရာ အရည်ပျော်ကျနေသော အမှုန်အမွှားများကဲ့သို့ ဖြစ်နေသည်။

လင်းရှန်နှင့် ကီကီတို့သည် ပုံသဏ္ဌာန်ခွဲခြား၍မရသော သတ္တဝါကို ပထမဆုံးအနီးကပ်မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ၎င်းသည် အကောင်အထည်ရှိသော သတ္တဝါတစ်ကောင် မဟုတ်ချေ၊၊ အင်းဆက်လည်းမဟုတ်၊ မြွေလည်းမဟုတ်ဘဲ ၎င်း၏ ပုံသဏ္ဌာန်တစ်ခုလုံးသည် မည်သည့်ပုံစံဖြင့်မဆို စိမ့်ထွက်ကာ လွတ်မြောက်နိုင်စွမ်းရှိသည်။ လင်းရှန်၏ ဆွဲငင်အားမှန်ဘီလူးက ဟင်းလင်းပြင်ကို ဝါးမျိုပြီးနောက် ကျန်ရှိနေသော ပိုးကောင်မြွေထုကြီးသည် ဝါးမျိုခြင်းခံရသော ဧရိယာမှ ဆုတ်ခွာသွားပြီး ကျောက်နံရံပေါ်တွင် မီတာရာပေါင်းများစွာ ရှည်လျားသော မြွေနံရံကြီးတစ်ခုအဖြစ် ပျံ့နှံ့သွားတော့သည်။

တစ်ချိန်တည်းမှာပင် ရေတွက်၍မရသော ပိုးကောင်မြွေမည်းများသည် ဥမင်လိုဏ်ခေါင်းထဲမှ ဆက်တိုက်ထွက်ပေါ်လာနေပြီး ပိုမိုကျယ်ပြန့်သော ဧရိယာကို တဖြည်းဖြည်းဖုံးလွှမ်းသွားသည်။ မျက်တောင်တစ်ခတ်မျှအချိန်အတွင်းမှာပင် လင်းရှန်နှင့် ကီကီတို့ရှေ့ရှိ ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်း ကျောက်နံရံကြီးသည် မီးခိုးပြာရောင်အဖြစ် ပြောင်းလဲသွားပြီး နံရံကြီးသည် ပိုးကောင်မြွေထုကြီး၏ လှုပ်ရှားရုန်းကန်မှုများဖြင့် အသက်ဝင်လာသကဲ့သို့ ဖြစ်နေရာ သူတို့၏ ကျောရိုးထဲအထိ စိမ့်တတ်သွားစေသည်။

“တကယ် ရွံစရာကောင်းလိုက်တာ”

ကီကီက ဤအခိုက်အတန့်တွင် အံ့အားသင့်စွာ ပြောလိုက်သည်၊၊

“ဒီအရာတွေက ကျွန်မတို့ကို ဘယ်လိုလုပ်ပြီး အဆင့် ၄ အမှတ်အသားပြုလုပ်နိုင်ရတာလဲ”

“ဒါက အုပ်စုလိုက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ကောင်တည်းပဲဖြစ်ဖြစ် ဒီအရာရဲ့ ပမာဏက အထူးအဆင့်စံနှုန်းကို ရောက်နေပြီ၊၊ ပြီးတော့ ကိုယ်လည်း ဖျောက်နိုင်သေးတယ်၊၊ ကြည့်ရတာ ကိုင်တွယ်ရ တော်တော်ခက်ခဲမယ့်ပုံပဲ”

လင်းရှန်၏ နဖူးတွင် ချွေးစေးများ ပြန်လာပြီး တည်ငြိမ်သော အမူအရာဖြင့် ဆွဲငင်အားမှန်ဘီလူးကို ပြန်သိမ်းလိုက်သည်။

၎င်းကသာ တစ်ကောင်တည်းဆိုလျှင် အချိန်တိုအတွင်း ကိုင်တွယ်နိုင်ရန် သူ လုံးဝ ယုံကြည်မှု ရှိသည်။ အဆုံးတွင်တော့ သူသည် ယခင်က စူပါအလင်းယိုင်ဓားကို စမ်းသပ်ဖူးပြီးသားဖြစ်ရာ တိကျစွာ ချိန်ရွယ်နိုင်သရွေ့ S-Class အောက်ရှိ သတ္တဝါများကို သတ်ရန် ပြဿနာမရှိချေ။

သို့သော် ယခုတွင်မူ သိပ်သည်းစွာ လှုပ်ရှားနေသော ပိုးကောင်နံရံကြီးကိုကြည့်ရင်း အခြေအနေမကောင်းတော့ကြောင်း လင်းရှန် သဘောပေါက်လိုက်သည်။

ဤအခိုက်အတန့်တွင် ထိုပိုးကောင်မြွေများသည် ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်း အမိုးခုံး၏ ထက်ဝက်နီးပါးအထိ ပျံ့နှံ့သွားခဲ့ပြီး နီရဲနေသော ကျောက်နံရံကြီးကို မီးခိုးပြာရောင်အဖြစ် ဖုံးလွှမ်းသွားသည်။ ထို့နောက် ထိုပိုးကောင်မြွေများသည် မျက်လုံးမပါသော ခေါင်းများကို လင်းရှန်နှင့် ကီကီတို့ရှိရာဘက်သို့ လှည့်လိုက်ကြပြီး တစ်ခုခုကို ထုတ်လွှတ်ရန် ပြင်ဆင်နေသကဲ့သို့ ဖြစ်နေသည်။

[စိတ်ဝိညာဉ် တုန်ခါလှိုင်းတန်ဖိုး မြင့်တက်နေသည်၊၊ တိုက်ခိုက်မှု သတိပေးချက်]

“ကောင်မလေး… နောက်ဆုတ်လိုက်တော့”

အန္တရာယ်ကို ခံစားမိသည်နှင့် လင်းရှန်က ကီကီကို ချက်ချင်း အော်ပြောလိုက်သည်။

ဗိုင်အိုလာသည် ဒရုန်းအားလုံးကို စုစည်းရန် ထိန်းချုပ်နေပြီး သံမဏိအကာကွယ်ဒရုန်းများက ခုခံကာကွယ်ရေးဒိုင်းကာကို ဖွင့်လိုက်ရာ လင်းရှန်နှင့် ကီကီတို့၏ ခေါင်းပေါ်တွင် ဧရာမ သတ္တုစက်ဝိုင်းခြမ်းပုံစံကြီးက အတိအကျဖြစ်ပေါ်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် ကီကီ သူ့နောက်သို့ ပျံသန်းသွားစဉ် လင်းရှန်သည်လည်း AT ဒိုင်းကာကို လျင်မြန်စွာ အသက်သွင်းလိုက်ပြီး စူပါစထရင်းနူဓာတ်ပြုအဆင့်သက်တန့်ကွင်းကို ဖွင့်ကာ စွမ်းအင်ဒိုင်းကာကို ပိုကြီးမားအောင် ချဲ့ထွင်လိုက်သည်။

ထိုစဉ် ကျောက်နံရံအမိုးခုံးပေါ်ရှိ သန်းပေါင်းများစွာသော ပိုးကောင်မြွေများသည် ရုတ်တရက် စွမ်းအင်မြင့်မားသော အမှောင်စွမ်းအင်ကို ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး သာမန်မျက်စိဖြင့် မမြင်ရလုနီးပါးဖြစ်သော ငွေမှင်ရောင်နှင့် အစိမ်းရောင် ရောယှက်နေသည့် စွမ်းအင်မျှင်တန်းပေါင်းများစွာ လင်းရှန်ရှိရာဘက်သို့ ပစ်ခတ်လာကြသည်။ ထိုစွမ်းအင်မျှင်တန်းများသည် အရည်ပန်းထွက်လာသကဲ့သို့ဖြစ်ရာ စုံစမ်းထောက်လှမ်းရန် အလွန်ခက်ခဲသည်။ သို့သော် ၎င်းတို့က ဗဟိုချက်သို့ နီးကပ်လာပြီး သိပ်သည်းဆမြင့်မားလာသည့်အခါ ဒရုန်းအကာကွယ်၏ အပြင်ဘက်တွင် မြူခိုးလှိုင်းတစ်ခု ပေါ်လာပြီး သံမဏိအကာကွယ် ဒရုန်းများ၏ ဒိုင်းကာကို ပြင်းထန်စွာ ထိုးနှက်လာသည်၊၊

ဤအခိုက်အတန့်တွင် တရှဲရှဲနှင့် ကျယ်လောင်လှသော အက်ကွဲသံကြီးကိုသာ ကြားလိုက်ရပြီး ခိုင်ခံ့မှုမြင့်မားသော သတ္တုဖြင့် ပြုလုပ်ထားသည့် သံမဏိအကာအကွယ်ဒရုန်းများမှာ သန်းပေါင်းများစွာသော စွမ်းအင်မျှင်တန်းများ၏ တိုက်ခိုက်မှုအောက်တွင် ချက်ချင်းအရည်ပျော်သွားတော့သည်။ မြင့်မားသော စွမ်းအင်ဖြင့် ဖျက်ဆီးခံလိုက်ရသကဲ့သို့ ၎င်းမှာ မည်သည့် အစအနမျှမကျန်ဘဲ ပျောက်ကွယ်သွားပြီး ထိုသိပ်သည်းလှသော စွမ်းအင်မျှင်တန်းများသည် လင်းရှန်၏ AT ဒိုင်းကာကို လလာရောက်ရိုက်ခတ်သည့်အခါ တိတ်ဆိတ်နေသော လေဟာနယ်ထဲတွင် နားကွဲလုမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ဘုန်းးး

ငွေရောင်အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး ဤအခိုက်အတန့်တွင် လင်းရှန်၏ AT ဒိုင်းကာသည် ပြင်းထန်စွာ လင်းလက်သွားကာ သူ၏ လျှပ်စစ်စွမ်းအင်များ အကုန်နီးပါးခမ်းခြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက တုံ့ပြန်မှုတစ်ခုအနေဖြင့် စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း သုံးကွင်းကို ချက်ချင်း အသက်သွင်းလိုက်မှသာ ထိုပြင်းထန်လှသော စွမ်းအားလှိုင်းကို တားဆီးနိုင်ခဲ့သည်။

ထိုအချိန်တွင် ချက်ချင်းအရည်ပျော်သွားသော ဒရုန်းများထံမှ ရေတွက်၍မရသော သတ္တုအကြွင်းအကျန်များသည် မိုးစက်များကဲ့သို့ တဖွဲဖွဲကျဆင်းလာခဲ့သည်။

“တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုပဲ”

All Chapters