← Chapters

ပင်လယ်ရေအောက် ချောက်ကမ်းပါး (၃)

Vol. 60 Ch. 1021

ပင်လယ်ရေအောက် ချောက်ကမ်းပါး (၃)

Vol. 60 Ch. 1021

“ကပ္ပတိန်လင်း” ရှောင်ယွမ်က လင်းရှန် ဝင်လာသည်ကို မြင်လိုက်ရသဖြင့် အော်ဟစ်လိုက်မိသည်။

မြောင်လုသည် နွယ်ပင်တစ်ခုကို လှမ်းကိုင်ရင်း ကမန်းကတန်း ပြောလိုက်သည်။

“နောက်ထပ် နည်းနည်းပဲ လိုတော့တယ်”

“ဘယ်လောက်တောင် လိုသေးတာလဲ”

လင်းရှန်သည် တင်းကျန်းရီကို ချက်ချင်း လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်လုံးများမှာ ရူးသွပ်စွာ တောက်ပနေကာ မရေမတွက်နိုင်သော သွေးပဲစေ့များသည် ယခုအခါ သဲပွင့်များအသွင် ပြောင်းလဲသွားခဲ့ပြီး အဆင့် ၃ သွေးပဲစေ့အနည်းငယ်သာ ကျန်တော့သည်ကို မြင်လိုက်ရသည်။

တီ တီ၊ တီ တီ။

လင်းရှန်၏ လက်ပတ်နာရီမှ အချက်ပေးသံ ထွက်ပေါ်လာပြီး ညအချိန်ရောက်ရှိလုနီးပြီ ဖြစ်၏။

သို့သော် ယခုအခါ ညအချိန်မှာ အကြီးမားဆုံးပြဿနာမဟုတ်ပေ။ သူသည် အဆင့် ၄ အမှတ်အသားကို သယ်ဆောင်ထားရပြီး ကမ္ဘာ့အူတိုင်အပူစွမ်းအင်တွင်း၏ ဖောက်ခွဲရေးကိရိယာမှာလည်း ပေါက်ကွဲတော့မည်ဖြစ်ကာ အနန္တရထားမှာလည်း ရေနက်ပိုင်းကမ်းပါးယံသို့ ချဉ်းကပ်နေပြီ ဖြစ်သည်။ လင်းရှန်အနေဖြင့် ပေါက်ကွဲသည့်အခိုက်အတန့်တွင် အမည်းရောင်အင်းဆက်များနှင့် ထိုရေနက်ပိုင်း ပင်လယ်မွန်းစတားများ၏ ရှေ့မှောက်မှ ချက်ချင်းပျောက်ကွယ်သွားရန်အတွက် ငွေနဂါးဆယ်ဆပန်းကို အသုံးပြုရမည်ဖြစ်ပြီး ထိုမျက်စိတစ်မှိတ်အတွင်း၌သာ ငြိမ်သက်သောအခြေအနေသို့ ဝင်ရောက်နိုင်မည် ဖြစ်၏။

အောင်မြင်ခဲ့လျှင်ပင် အမှတ်သားကြောင့် အမဲလိုက်ခံရခြင်းကို ရှောင်လွှဲနိုင်ခြင်းမှာ ငရဲပြည်၏ ပထမဆုံးတံခါးဝကို ဖြတ်ကျော်နိုင်ရုံသာရှိဦးမည် ဖြစ်သည်။

ဝီ ဝီ ဝီ၊၊ အနန္တရထားသည် မတ်စောက်သော ထောင့်တစ်ခုဖြင့် အောက်သို့ ထိုးဆင်းနေသဖြင့် ရထားတွဲအတွင်းရှိ ပစ္စည်းအမြောက်အမြားပြုတ်ကျကုန်ပြီး ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားခဲ့သော်လည်း လူအများမှာ ပျာယာခတ်နေကြဆဲပင်၊၊

ကံကောင်းထောက်မစွာဖြင့် တွဲ ၂ရှိ လူများကိုမူ ကီကီက စိတ်စွမ်းအင်ကို အသုံးပြု၍ တည်ငြိမ်အောင် ထိန်းထားပေးခဲ့သည်။ တွဲ ၅တွင် တာ့လိုသည် သူ၏ခန္ဓာကိုယ်ဖြင့် ပစ္စည်းစင်ကို ထိန်းထားရင်း တစ်ပြိုင်နက်တည်းမှာပင် စွန်းယုကျန်းနှင့် မာရှောင်ထန်းတို့ကို ကာကွယ်ပေးထားပြီး သားအမိနှစ်ယောက်က စင်္ကြံလမ်း၏ ထောင့်တွင် ကပ်နေကြကာ ရှုချင်း၊ လော့ယန်၊ ဗန်နက်ဆာနှင့် အခြားသူများက နောက်ဘက်ရှိ သာမန်အဖွဲ့ဝင်များကို ကာကွယ်ပေးထားကြ၏။

ထိုအချိန်တွင် အနန္တရထားသည် ပိုမိုနက်ရှိုင်းသော နေရာသို့ ဆက်လက်ငုပ်လျှိုးနေခဲ့သည် — မီတာ ၃၀၀၊ မီတာ ၅၀၀၊ မီတာ ၇၀၀ — ဖိအားများ ပြောင်းလဲလာသည်နှင့်အမျှ ဗိုင်အိုလာက ရထားတွဲအတွင်းပိုင်း ဖိအားကို အလျင်အမြန် ညှိနှိုင်းပေးပြီး အောက်ဆီဂျင်စနစ်များလည်ပတ်နေရင်း ရထား၏ အခြေအနေကို ဆက်လက်စောင့်ကြည့်ရင်း လင်းရှန်ထံသို့ အချိန်နှင့်တပြေးညီ အစီရင်ခံနေခဲ့သည်။

၁၆ စက္ကန့်၊ ၁၅ စက္ကန့်၊ ၁၄ စက္ကန့်...

ဤအချိန်အတွင်းမှာပင် အပင်စွမ်းအားကို အသုံးပြုနေသော တင်းကျန်းရီသည် လင်းရှန်ဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

“ပန်းပွင့်ဖို့ နီးနေပြီ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့... ဒါက သာမန် ပန်းဖူးတင် မဟုတ်ဘူး”

ဒုန်း ဒုန်း ဒုန်း

ရေဖိအားဒဏ် ၊ တိုက်မိသံများနှင့် သတ္တုချင်း ထိခိုက်မိသံများသည် အနန္တရထားကြီး၏ ရထားတွဲတစ်ခုလုံးတွင် ပြည့်နှက်နေခဲ့၏။ စေးကပ်နေသော ပင်လယ်ရေပြင်ကြီးမှာ မှောင်မိုက်နေပြီး ပြတင်းပေါက်၏ အပြင်ဘက်တွင်မူ ရံဖန်ရံခါပေါ်လာတတ်သည့် အမည်းရောင်နှင့် အဖြူရောင် အစက်အပြောက်များပါသော ဧရာမပင်လယ်မြွေကြီး၏ ကိုယ်ထည်မှာ အောက်သို့ ငုပ်လျှိုးလေ ပို၍ သေးသွယ်လာလေဖြစ်သည်။

ရေနက်ပိုင်းတွင်မူ ဖော့စဖရပ်အစိမ်းရောင် တောက်လောင်နေသော အဏုဇီဝသက်ရှိများစွာ သိပ်သည်းစွာ ပေါ်လာခဲ့သဖြင့် ရထားကြီးမှာ အရှိန်အဟုန်ဖြင့် ထိုးဆင်းနေသည်ကို ရှင်းလင်းစွာ အာရုံခံမိနိုင်သည်၊၊

“ရိုင်ယန် ငါတို့ ငုပ်တဲ့နှုန်းက မြန်နေပြီ ။ ဖိအားဒဏ်ခံအပြင်ခွံတစ်ခုခုကို သွားဆောင့်မိရင် ပုံပျက်သွားလိမ့်မယ်“

“ဒီအရှိန်အတိုင်းသာ စူပါဝဲဂယက်အစီအစဥ်ထဲကို ထိုးဝင်သွားရင် ငါတို့ တစ်စစီဖြစ်သွားနိုင်တယ်“

အနန္တရထား၏ နောက်တွင်မူ ပင်လယ်လင်းယုန်အဖွဲ့မှ လူပေါင်းရာနှင့်ချီ တင်ဆောင်လာသော နျူကလီးယားရေငုပ်သင်္ဘောသည် မတ်စောက်သော ထောင့်ချိုးတစ်ခုဖြင့် အောက်သို့ အလျင်အမြန် ငုပ်လျှိုးနေခဲ့၏။ ရေချိန်ကန်များထဲသို့ ရေအပြည့်သွင်းထားပြီး ဖြစ်သဖြင့် ငုတ်လျှိုးအရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေကာ ရေငုပ်သင်္ဘောတစ်ခုလုံးတွင် အချက်ပေးသံအမျိုးမျိုး မြည်ဟည်းနေသည်။ သို့သော် ရိုင်ယန်သည် တုံ့ဆိုင်းမနေဘဲ စောင့်ကြည့်မျက်နှာပြင်ပေါ်ရှိ ပစ်မှတ်ကိုကြည့်ရင်း ပြတ်သားစွာ အမိန့်ပေးလိုက်၏။

“ဂရုမစိုက်နဲ့၊၊ လင်းနောက်ကနေ ကပ်လိုက်… ငါတို့မှာ အခွင့်အရေးတစ်ကြိမ်ပဲရှိတယ်“

ဝုန်း၊၊

ကုန်းမြေအစွန်းကြီးက တုန်ခါသွားပြီး ပင်လယ်ရေပြင်မှာ ဆူပွက်လာကာ ရေငုပ်သင်္ဘောစခန်း၏ တည်ဆောက်ပုံကြီးမှာ အကြီးအကျယ် ပြိုကျပျက်စီးသွားခဲ့သည်၊၊ အပူစွမ်းအင်တွင်းမှ ဆူပွက်နေသော ချော်ရည်များသည် Deep-3 ကမ္ဘာ့အူတိုင်အပူစွမ်းအင်ကိရိယာ၏ ထုတ်လွှတ်မှုစနစ်ကို လုံးဝလွှမ်းမိုးဝါးမျိုသွားခဲ့၏။ ချော်ရည်များသည် စခန်း၏ စင်္ကြံလမ်းများနှင့် ဓာတ်ခွဲခန်းများထဲသို့ တိုးဝင်သွားပြီး နေရာအနှံ့တွင် မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ယံကြီးမှာ မှောင်မိုက်နေပြီ ဖြစ်ရာ မည်းမှောင်နေသော ကောင်းကင်နှင့် ဆူပွက်နေသော ပင်လယ်ပြင်မှာ တစ်သားတည်းဖြစ်လုနီးပါးဖြစ်နေပြီး ညအချိန်နှင့် ပင်လယ်ပြင်၏ စည်းခြားနားမှုကို ဝေဝါးသွားစေခဲ့၏၊၊

အနန္တရထားပေါ်တွင်မူ ဒေါင်လိုက်နီးပါးထိုးဆင်းနေမှုကြောင့် လူတိုင်း၏ အာရုံကြောများတင်းမာနေခဲ့သည်။ အရှိန်အဟုန်ဖြင့် ရေငုပ်နေမှုကြောင့် အနန္တရထားကြီး၏ အပြင်ဘက်ရှိ အထူးသတ္တုဖိအားဒဏ်ခံအပြင်ခွံမှ သတ္တုချင်းပွတ်တိုက်သံများထွက်ပေါ်နေပြီး စူးရှသောမြည်သံများ အဆက်မပြတ်ထွက်ပေါ်နေခဲ့သဖြင့် ရထားတွဲတစ်ခုချင်းစီအတွင်းရှိ လူတိုင်း၏ နှလုံးသားများမှာ ထိတ်လန့်တုန်လှုပ်နေကြလေ၏၊၊

ပထမအဆင့်မှာ မီတာ ၂၂၆၀ ရှိသော ပင်လယ်ရေအောက်ချောက်ကမ်းပါးသို့ ငုပ်လျှိုးရန် ဖြစ်သည်၊၊

ဒုတိယအဆင့်မှာ ကျင်းယွမ်ဝဲဂယက်လမ်းကြောင်း၏ ရေအောက်စူပါဝဲဂယက်အစီအစဥ်ထဲသို့ ဝင်ရောက်ရန်ဖြစ်၏။

ဒုတိယအဆင့်တွင် အနန္တရထားကြီးနှင့် နျူကလီးယားရေငုပ်သင်္ဘောတို့သည် ရေဖိအားကြောင့်သော်လည်းကောင်း… ရေအောက်ပင်လယ်မွန်စတားများကြောင့်သော်လည်းကောင်း… တစ်စစီ ဆွဲဖြဲမခံရဘူးဆိုလျှင် တတိယအဆင့်မှာ ဤရေနက်စီးကြောင်းကို စီးနင်းလိုက်ပါရင်း ပင်လယ်ကျောက်ဆောင်ကျွန်းဧရိယာမှ ဖောက်ထွက်ရန်ဖြစ်သည်၊၊

သို့သော် ယခုအခါ အဆင့် ၄ အမှတ်အသားရထားသဖြင့် အနန္တရထားသည် ဤမှောင်မိုက်နေသော ပင်လယ်ပြင်တွင် မြေမျက်နှာသွင်ပြင်ကို ဂရုမစိုက်ဘဲ အလင်းထွက်နေသော မီးပြတိုက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ ကျွန်းပေါ်ရှိ သတ္တဝါများနှင့် ရေနက်ပိုင်းရှိ ပင်လယ်မွန်းစတားများအားလုံး သူတို့၏ပတ်ပတ်လည်သို့ စုပြုံရောက်ရှိလာကြသည်။

ထို့ကြောင့် လင်းရှန်၏ အလုပ်မှာ ကမ္ဘာ့အူတိုင်အပူစွမ်းအင်ကိရိယာကို အသုံးပြု၍ စွမ်းအားမြင့် ကမ္ဘာမြေဗဟိုချက်လှိုင်းတစ်ခုကိုဖြစ်ပေါ်စေကာ ထူးဆန်းသည့် သတ္တဝါများကို ရှင်းလင်းရန် ဖြစ်ပြီး ပိုကြီးမားသော မီးပြတိုက်တစ်ခုကို အသုံးပြု၍ ထိုထူးဆန်းသည့် သတ္တဝါများ၏ ပစ်မှတ်ကို လွှဲပြောင်းရန်ဖြစ်ကာ ထို့နောက် ငွေနဂါးဆယ်ဆပန်း၏ အာကာသပူဖောင်းကို အသုံးပြု၍ သူတို့ကို ဝန်းရံထားသော သန်းနှင့်ချီသော ပင်လယ်မွန်းစတားများကြားမှ ချက်ချင်းပျောက်ကွယ်သွားမည့် မျက်လှည့်တစ်ခုကို လုပ်ဆောင်ရန် ဖြစ်သည်။

လင်းရှန်သည် သူ၏ အကြံအစည်မှာ အလွန်ပင် ရဲတင်းလွန်းလှသည်ကို သိရှိထား၏။ ဤမျှပြီးပြည့်စုံသော ရလဒ်မျိုးကို ရရှိရန် ခက်ခဲနိုင်သော်လည်း လက်ရှိတွင်မူ တွေးပူနေရန် အချိန်မရှိတော့ပေ။ ဘူမိအပူစွမ်းအင်တွင်းကို ဖောက်ခွဲခြင်းမှာ ရလဒ်ထွက်ပေါ်လာရန် အလားအလာအရှိဆုံးအစီအစဉ်ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် တင်းကျန်းရီ၏ စကားကြောင့် လင်းရှန်၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားခဲ့ရသည်၊၊

“ပန်းပွင့်တာလား “

ငါ့ကို ပြဿနာမရှာနဲ့ဦးလေ…

“ပန်းပွင့်တယ်ဆိုတာ ဘာကိုပြောတာလဲ“

တင်းကျန်းရီက လက်ကို တိုက်ရိုက်မြှောက်ကာ နွယ်ပင်တစ်ပင်ကို ထိန်းချုပ်လျက် ငွေနဂါးဆယ်ဆပန်းကို လင်းရှန်ထံသို့ လှမ်းပေးလိုက်သည် ။ လင်းရှန် လှမ်းကြည့်လိုက်ရာ ငွေနဂါးဆယ်ဆပန်း၏ ပင်စည်အတွင်းရှိ ခရမ်းရောင်အလင်းတန်းမှာ ယခင်ကထက် ပိုမိုတောက်ပနေပြီး ထိပ်ဆုံးမှ အရွက်ဖျားတွင် လက်သည်းခွံခန့်ရှိသော အဖြူရောင်ပန်းဖူးငုံလေးတစ်ခု ပွင့်ထွက်နေသည်ကို မြင်လိုက်ရ၏၊၊

ဤပန်းဖူးမှာ အမှတ် ၅ တွင်းနက်အတွင်းရှိ အခြေအနေနှင့် သိသာစွာကွဲပြားနေခဲ့သည်။ ပွင့်ချပ်များပေါ်တွင် ဟင်းလင်းပြင်နယ်ပယ်တစ်ခု၏ ပုံရိပ်ယောင်အလား ဂျီဩမေတြီပုံသဏ္ဌာန် အလင်းမျက်နှာပြင်အချို့ စီးဆင်းနေပုံရပြီး လင်းရှန်၏ အမြင်အာရုံထဲတွင် ထိုပန်းဖူး၏ ပွင့်ချပ်အနည်းငယ်မှာ ဖြည်းညှင်းစွာ ပွင့်အာလာနေခဲ့၏။ သူသည် ပန်းဖူး၏ ဗဟိုချက်ဆီသို့ အာရုံစူးစိုက်ကြည့်လိုက်ရာ အတွင်းပိုင်းမှာ လုံးဝမည်းမှောင်နေသည်ကို မြင်လိုက်ရသည။ ၎င်းကို ကြည့်လိုက်ရုံမျှဖြင့် လင်းရှန်သည် အကြောင်းပြချက်မရှိဘဲ ဆွဲယူခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့ကို ဝါးမျိုရန်အတွက် ၎င်းမှာ အဆက်မပြတ်ကြီးထွားလာနေသကဲ့သို့ ဖြစ်နေကာ အမှောင်ထု၏ နက်ရှိုင်းသောနေရာတွင်မူ စကြဝဠာ၏ အလင်းစက်ပေါင်း မြောက်မြားစွာရှိနေခဲ့သည်…

၁၃ ...

၁၂ ...

ဤအခိုက်အတန့်တွင် လင်းရှန်သည် သူ့လက်ပတ်နာရီမှ အချိန်များ စတင်နှေးကွေးသွားသည်ကို သတိမပြုမိခဲ့ပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိုအမှောင်ထုထဲသို့ စတင်နစ်မြုပ်သွားခဲ့ပြီး သူ၏ အမြင်အာရုံထဲတွင် မြင်ကွင်းပေါင်းများစွာက ဖျတ်ခနဲ ပေါ်လာခဲ့သည်။

ကောင်းကင်နှင့် မြေပြင်၏ အရောင်အသွေးကို ပြောင်းလဲစေသည့် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု၊ ပင်လယ်ပြင်ကြီးကို လင်းထိန်သွားစေသည့် ဧရာမ မှိုပွင့်ပုံသဏ္ဌာန် မီးခိုးလုံးကြီး၊ ပြင်းထန်စွာ စုပြုံလာနေသော ပင်လယ်မွန်းစတားများ၊ ပင်လယ်ပြင်အထက်ကောင်းကင်ရှိ သမုဒ္ဒရာနတ်ဘုရား၏ အငွေ့အသက်၊ အမည်းရောင် ဝဲဂယက်ကြီး၏ စူပါဝဲဂယက်၊ အနန္တရထားအတွင်းမှ အော်ဟစ်သံများ၊ နာရီ၏ တချက်ချက်မြည်သံ ၊ အဆက်မပြတ် ထပ်ခါတလဲလဲပေါ်နေသော သတ္တုအန်စာတုံး၏ ၅ နှင့် ၆ ဂဏန်းများ၊ သူ၏ မျက်ကြည်လွှာပေါ်ရှိ အချိန်ရေတွက်မှုက ၀၀:၀၀:၀၁ သို့ ရောက်ရှိသွားပြီးနောက် ထိုအခိုက်အတန့်တွင် ကြက်သွေးရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားသည်…

ဟူးးး

လင်းရှန်သည် အမှောင်ပုံရိပ်ယောင်ထဲမှ ရုတ်တရက် သတိပြန်ဝင်လာပြီး အသက်ကို ပြင်းထန်စွာ ရှူရှိုက်ရင်း သူသတ်မှတ်ထားသောအချိန်ကို လှည့်ကြည့်လိုက်သည်။

၁၅ ...

၁၄ ...

ဒါက ဘာတွေလဲ…

ရှေ့တွင်မူ ငွေနဂါးဆယ်ဆပန်း၏ ထူးဆန်းသော ပန်းဖူးမှာ ဖြည်းညှင်းစွာ ပွင့်လာနေပြီး တစ်ချိန်တည်းမှာပင် တင်းကျန်းရီ၏ အသံကထွက်ပေါ်လာခဲ့၏..

“ဒါက ပန်းဖူးဆိုတာထက် ပိုပြီး ရင့်ကျက်တဲ့ ဒါမှမဟုတ် ပိုပြီး အဆင့်မြင့်တဲ့ ကပ်ဘေးအပင်ရဲ့ အခြေအနေပဲ။ ဒါကို လှုံ့ဆော်ပြီး အသုံးပြုရင် ဘယ်လိုရလဒ်မျိုး ထွက်လာမလဲဆိုတာ ကျွန်မလည်း မသေချာဘူး“

လင်းရှန်သည် မျက်မှောင်ကြုတ်ရင်း တင်းကျန်းရီကို စူးစိုက်ကြည့်လိုက်သည်၊၊

“မင်းဆိုလိုတာက ငါတို့အခု ဒါကိုသုံးလို့ရတယ်ပေါ့“

“ရတယ်“

“ဒါဆိုရင်လည်း ပြီးတာပဲ“

“လင်းရှန်“

လင်းရှန် ငွေနဂါးဆယ်ဆပန်းကို လှမ်းကိုင်လိုက်စဉ် ကီကီ၏ အော်သံက နားကြပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

“ကျွန်မတို့ ပင်လယ်ရေအောက်ချောက်ကမ်းပါးကြီးကို သွားဆောင့်မိတော့မယ်“

[သတိပေးချက်၊၊ လမ်းကြောင်းရဲ့ အပြင်ဘက် ရေပြင်မှာ သက်ရှိအချက်ပြအမြောက်အမြားကို ရှာဖွေတွေ့ရှိထားပါတယ်]

၁၃ ၊ ၁၂ ...

လင်းရှန်၏ နှလုံးသားမှာ လေးလံသွားခဲ့သည်။

“ဘယ်လောက်တောင်ရှိတာလဲ“

တီ… ဤအခိုက်အတန့်တွင် ဗိုင်အိုလာက လင်းရှန်၏ စွမ်းအားဝတ်စုံပေါ်ရှိ ဟိုလိုဂရမ်မျက်နှာပြင်ပေါ်သို့ ဆိုနာပုံရိပ်တစ်ခုကို ချိတ်ဆက်ပေးလိုက်ရာ စက်ဝိုင်းပုံစံ စကန်ဖတ်လမ်းကြောင်း၏ နောက်ကွယ်တွင် စခရင်တစ်ခုလုံး သွေရောင်အလား ရဲရဲနီနေခဲ့၏။

ဒုန်း ဒုန်း ဒုန်း၊၊

အနန္တရထားသည် ဆူပွက်နေသော ရေအောက်စီးကြောင်းတစ်ခုနှင့် တိုက်မိသွားသဖြင့် ရထားတွဲတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ကျွန်း၏အောက်ဘက်မှ ရေနက်ဆိပ်ကမ်းသည် မတ်စောက်ပြီး မှောင်မိုက်သော လျှောစောင်းတစ်ခုဖြစ်ပြီး ထိုရေနက်ပိုင်း ချောက်ကမ်းပါးကြီးဧရိယာတွင် အလွန်ကျဉ်းမြောင်းသော ပင်လယ်ရေအောက်တောင်တန်းကြီး ရှိနေသည်။ ဧရာမ ပင်လယ်ရေစီးကြောင်းများသည် ဤနေရာတွင် ရုတ်တရက် အရှိန်မြင့်တက်လာမည် ဖြစ်ပြီး ပင်လယ်ရေများကို အောက်ဘက်ရှိ တွင်းနက်ကြီးထဲသို့ တိုက်ရိုက်စုပ်ယူသွား‌ပေလိမ့်မည်။

All Chapters