← Chapters

နျူကလီးယားပေါက်ကွဲမှု

Vol. 60 Ch. 1022

နျူကလီးယားပေါက်ကွဲမှု

Vol. 60 Ch. 1022

ဤကဲ့သို့ သဘာဝမြေမျက်နှာသွင်ပြင်နှင့် သမုဒ္ဒရာရေစီးကြောင်းပတ်ဝန်းကျင်ကြောင့်သာ မူလဖက်ဒရေးရှင်းသည် ဤနေရာတွင် လျှို့ဝှက်ရေငုပ်သင်္ဘောစခန်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစခန်းမှတစ်ဆင့် မီတာ ၁၀၀၀ မှ ၁၂၀၀ အထိနက်သော ရေနက်ပိုင်းအလွှာထဲသို့ အသံတိတ်ဝင်ရောက်နိုင်ခဲ့သည်။

“ဒါ မကောင်းဘူး”

“ငါတို့ ဘာလုပ်ကြမလဲ… ပူးပေါင်းတိုက်ထုတ်ကြမလား”

ထိုစဉ် နန်ကျင်းနှင့် ချီလီတို့ထံမှ ထိတ်လန့်တုန်လှုပ်နေသော အသံများ ထွက်ပေါ်လာသည်။

“ငါက ရေပြင်တစ်စိတ်တစ်ပိုင်းကို ခဲပစ်ပြီး ငါတို့ ရေငုပ်ဖို့ ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးမယ်၊၊ အဲဒီဝဲဂယက်ထဲဝင်သွားနိုင်ရင် သူတို့ကို မျက်ခြေဖြတ်နိုင်လောက်တယ်” ရိုင်ယန်၏ အသံသည်လည်း ဆက်သွယ်ရေးလှိုင်းမှတစ်ဆင့် ထွက်ပေါ်လာသည်။

“လင်းရှန်၊၊ ကျွန်မတို့ လမ်းကြောင်းကနေ ထွက်ဖို့ မီတာ ၃၀၀ ပဲ လိုတော့တယ်” ချန်ဆီရွှမ်က လှမ်းအော်လိုက်သည်။

တီ တီ... တီ တီ... လက်ပတ်နာရီမှ အမှောင်အချက်ပေးသံသည် အဆက်မပြတ် မြည်ဟည်းနေသည်။

“ကျန်တာတွေ ဂရုမစိုက်နဲ့… အားလုံးပဲ ထိခိုက်မှုအတွက် ပြင်ဆင်ထားကြ… ရိုင်ယန် မင်းက အနန္တရထားနားမှာပဲ ကပ်နေ”

၉...

၈...

၇...

တွဲ ၃ ထဲတွင် လင်းရှန်သည် အော်ပြောလိုက်ပြီးနောက် ငွေနဂါးဆယ်ဆပန်း၏ စိုက်ပျိုးရေးမှန်ခန်းကို ဆွဲကိုင်ကာ ထိန်းချုပ်ခန်းဆီသို့ ပျံသန်းသွားခဲ့သည်၊၊

ထိုအချိန်တွင် စိမ်းစိုသောနွယ်ပင်အချို့က လင်းရှန်နှင့် ငွေနဂါးဆယ်ဆပန်းကို လှမ်းဖမ်းကာ တည်ငြိမ်အောင်ထိန်းပေးလိုက်၏။ တင်းကျန်းရီသည် ထိုနွယ်ပင်များကို မိမိလက်နှစ်ဖက်ကဲ့သို့ စိတ်တိုင်းကျထိန်းချုပ်ကာ လျင်မြန်စွာ ချဉ်းကပ်လာပြီး လင်းရှန်ကို အေးစက်စွာ ကြည့်လိုက်သည်။

“ကျွန်မ ကူညီပါရစေ”

ဖျစ် ဖျစ် ဖျစ်

တင်းကျန်းရီသည် စိတ်တိုင်းကျလှုပ်ရှားနိုင်သော ရေဘဝဲလက်တံများကဲ့သို့ နွယ်ပင်များကို ထိန်းချုပ်ကာ ရထားတွဲအတွင်း၌ ချောမွေ့သောလမ်းကြောင်းတစ်ခုကို လျင်မြန်စွာတည်ဆောက်ပေးလိုက်ပြီး လင်းရှန်နောက်သို့လိုက်ကာ ထိန်းချုပ်ခန်းဆီသို့ ဦးတည်သွားခဲ့သည်။

တွဲ ၂ ထဲမှ ကီကီသည်လည်း ထိုအချင်းအရာကို မြင်လျှင် ချက်ချင်းပင် နောက်က လိုက်လာခဲ့၏။

“ရူဂျီ… နောက်တွဲကိုသွားပြီး အနန္တရထားနဲ့ ရထားပေါ်ကလူတွေကို တည်ငြိမ်အောင် ထိန်းထား”

ရူဂျီက ထိုစကားကို ကြားသည်နှင့် စိတ်တန်ခိုးစွမ်းအားကို ချက်ချင်း ထိန်းချုပ်ကာ အပေါ်ဘက်ရှိ ရထားတွဲဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။

လင်းရှန်သည် တွဲ ၂ နှင့် ၁ ကို တိုက်ရိုက်ကျော်ဖြတ်ကာ အောက်ခြေရှိ ထိန်းချုပ်ခန်းထဲသို့ ဝင်ရောက်ခဲ့သည်။ တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားသော ချန်ဆီရွှမ်သည် ထိုင်ခုံတွင် မိမိကိုယ်ကိုယ် မြဲမြံစွာချည်နှောင်ထားပြီး ဗိုင်အိုလာက ရထားတစ်စီးလုံးကို ထိန်းချုပ်နေသည်။ လင်းရှန် ဝင်လာသည်ကို မြင်သောအခါ ချန်ဆီရွှမ်သည် ပြတင်းပေါက်မှတစ်ဆင့် ဖြတ်ပြေးသွားသော အရောင်စုံ မြွေကြီးကို လက်ညှိုးထိုးပြလိုက်၏။

“ရှေ့မှာ ချောက်ကမ်းပါးအောက်ခြေပဲ၊၊ ဒီသတ္တဝါကြီးက လမ်းကြောင်းကို ပိတ်ထားတယ်၊၊ အပြင်မှာလည်း လမ်းပိတ်ထားတဲ့ ပင်လယ်မွန်းစတားတွေ အများကြီးရှိနေမှာ သေချာတယ်၊၊ ကျွန်မတို့ ဘာလုပ်ကြမလဲ”

“ဇွတ်တိုးပြီး ဖြတ်ကျော်ကြမယ်”

လင်းရှန်က အံကြိတ်ကာ ပြတ်သားစွာ ပြောလိုက်သည်။ ရှေ့မှ ရေပေါက်ကွဲသံများ ဟိန်းထွက်လာပြီး အနန္တရထားတစ်စီးလုံး မြင့်မားသောဖိအားအောက်တွင် တုန်ခါသွားခဲ့သည်။

“… ကီကီ ဘာပဲမြင်မြင် ဖောက်ထွက်လိုက်”

“ကောင်းပြီ” ကီကီက စိတ်စွမ်းအားကို ပေါက်ကွဲစေလိုက်ရာ ပြင်းထန်သော တုန်ခါမှုများကြောင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော အလင်းရောင်တစ်ခုပေါ်ထွက်လာသည်။

“ဒါရိုက်တာတင်း… ကန့်သတ်ချက်အချိန်ပြည့်ပြီ၊၊ ငွေနဂါးဆယ်ဆပန်းကို ချက်ချင်း စတင်လိုက်တော့”

“နားလည်ပြီ”

ဝေါ ဝေါ ဝေါ

ပြင်းထန်သော ရေစီးကြောင်းနှင့်အတူ အနန္တရထား၏ ငုပ်လျှိုးနှုန်းသည် ဆက်တိုက်မြင့်တက်လာပြီး မီတာ ၉၀၀ မီတာ ၁၀၀၀ ကို လျင်မြန်စွာ ကျော်လွန်သွားခဲ့သည်။

မြင်ကွင်းထဲတွင် ပင်လယ်မြွေကြီး၏ အဖြူအမည်းစင်းပါသော ကြီးမားလှသော ခန္ဓာကိုယ်သည် ကောင်းကင်ထိအောင် မြင့်မားသော ပင်လယ်တိုင်လုံးကြီးတစ်ခု အောက်သို့ ဆင်းသက်သွားသကဲ့သိုထင်မှတ်ရပြီး ယခုအခါ ၎င်း၏ အချင်းသည် သေးငယ်လာကာ အမြီးပိုင်းသို့ ချဉ်းကပ်လာပုံရသည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သော ဝဲဂယက်ကြောင့် ပင်လယ်ကြမ်းပြင်နှင့် ချောက်ကမ်းပါးတို့သည် အနည်အနှစ်များထသွားပြီး အနန္တရထားသည် နောက်ကျိနေသော ရေထဲသို့ တိုးဝင်သွားခဲ့သည်။ ပြတင်းပေါက်အပြင်ဘက်မှ အလင်းရောင်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး အမှောင်ထုသာ ကျန်ရစ်တော့ရာ ယခုအချိန်တွင် အနန္တရထားသည် ဆိုနာကိရိယာနှင့် ဗိုင်အိုလာ၏ တိကျသော ဘက်စုံထိန်းချုပ်မှုအပေါ်၌သာ အားကိုးပြီး လျင်မြန်စွာ ဆက်လက်ငုပ်လျှိုးနေရသည်။

ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ အနန္တရထားသည် ပြင်းထန်စွာ တုန်ခါသွားပြီး ရထားတွဲတစ်ခုလုံးသည် ဖျော်စက်ထဲသို့ ရောက်သွားသကဲ့သို့ ရေထဲတွင် စတင်လည်ပတ်နေကာ အတွင်းရှိ လူများသည်လည်း တိုက်ရိုက်ထိခိုက်မိကုန်ကြသည်။ တကျွီကျွီအသံများ ဆက်တိုက်ထွက်ပေါ်လာရာ အနန္တရထားသည် ပြင်းထန်သော စုပ်အားရှိသည့် ရေဝဲထဲမှ ရုန်းထွက်နေခြင်းဖြစ်ကြောင်း လင်းရှန် သိလိုက်သဖြင့် စိတ်လှုပ်ရှားသွားကာ အချိန်ကိုသာ စိုက်ကြည့်နေမိသည်။

ဝူးး... ရုတ်တရက် ပြင်းထန်သော တုန်ခါမှုသည် ရုတ်ခြည်းရပ်တန့်သွားပြီး ရထားတွဲအတွင်းရှိ ပေါက်ကွဲလုနီးပါးပွတ်တိုက်သံများသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။ အနန္တရထားသည် နောက်ကျိနေသော ရေစီးကြောင်းထဲမှ ရုန်းထွက်ကာ ငြိမ်သက်နေသော ရေပြင်ကျယ်ထဲသို့ တိုးဝင်သွားခဲ့ပြီး အနန္တရထား၏ ဒေါင်လိုက်နီးပါး ငုပ်လျှိုးနေသော ပုံစံသည်လည်း တည်ငြိမ်စပြုလာရာ ယခုအခါ သူတို့သည် ပစိဖိတ်သမုဒ္ဒရာ၏ ရေနက်ပိုင်းဒေသသို့ အမှန်တကယ်ဝင်ရောက်သွားပြီဖြစ်သည်။

“လင်းရှန်”

ထက်မြက်သော အာရုံခံစားမှုရှိသည့် ချန်ဆီရွှမ်က ရုတ်တရက် တိုးညင်းစွာ ခေါ်လိုက်သည်။ ဆိုနာစနစ်၏ သတိပေးသံသည် ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ပြင်းထန်သောတုန်ခါမှုကြောင့် ဟန်ချက်ပျက်နေရာမှ ပြန်လည်တည်ငြိမ်သွားသော လူအချို့သည် ညာဘက်ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ကြရာ ထိုအခိုက်အတန့်အတွင်း အားလုံးအသက်ရှူရပ်မတတ်ဖြစ်သွားကြ၏။

မှောင်အတိကျနေသော ရေထုထဲတွင် ရေတွက်၍မရနိုင်သော အရိပ်မည်းကြီးများသည် ပင်လယ်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အနန္တရထား၏ မီးရောင်များ ဖြတ်သန်းသွားသောအခါ တောက်ပနေသော အရိုးဆူးတောင်များကိုသာ လင်းထိန်စေကာ ပို၍နက်ရှိုင်းသောနေရာတွင်မူ ကျာပွတ်ကဲ့သို့သော လက်တံများစွာသည် ပင်လယ်တောအုပ်ကြီးတစ်ခုကဲ့သို့ လှုပ်ရှားနေကြသည်။

ထိုနေရာတွင် သတ္တဝါတစ်ကောင်ကောင်ရှိနေနိုင်သလို ရေတွက်၍မရနိုင်သော သတ္တဝါများစွာလည်းရှိနေနိုင်ရာ ဆိုနာစနစ်သည် သွေးကဲ့သို့ နီရဲနေပြီး ပုံရိပ်အပြည့်အစုံကို မမြင်နိုင်သလို အမျိုးအစားကိုလည်း ခွဲခြား၍မရနိုင်ချေ။

ထိုအခိုက်အတန့်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေသော အနန္တရထားနှင့် တွင်းနက်အဆင့်နျူကလီးယားရေငုပ်သင်္ဘောတို့သည် ရေနက်ပိုင်းမွန်းစတားကြီးများရှေ့တွင် မျောပါနေသော ပိုးကောင်လေးများကဲ့သို့ဖြစ်နေပြီး ချောက်ကမ်းပါးထဲမှ မရေတွက်နိုင်သော မျက်လုံးပေါင်းများစွာက စိုက်ကြည့်နေကြသည်။

တီ၊၊

ချက်ချင်းဆိုသလိုပင် အနန္တရထားနှင့် နျူကလီးယားရေငုပ်သင်္ဘောပေါ်ရှိ စိတ်ဝိညာဉ်တုန်ခါမှုတန်ဖိုး စောင့်ကြည့်ကိရိယာအားလုံးသည် တစ်ပြိုင်နက်တည်း မြည်ဟည်းသွားတော့သည်။

အဆင့် ၅ အမှတ်အသား…

အားလုံး ပိတ်ဆို့ခံလိုက်ရပြီဖြစ်သည်၊၊

ထိုအခိုက်အတန့်တွင် လင်းရှန်သည် ခြေဖျားမှသည် ငယ်ထိပ်အထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရပြီး တွင်းနက်ချောက်ကမ်းပါးရှေ့တွင် S-Class သတ္တဝါများ ရှိနေသလား သို့မဟုတ် အဆင့် ၅ အမှတ်သားကို ပြုလုပ်နိုင်သော အထူးအဆင့်များစွာရှိနေလားဆိုသည်ကို တွေးချင်စိတ်မရှိတော့ချေ၊၊

လင်းရှန် တင်းကျန်းရီကို လှမ်းကြည့်လိုက်ရာ ထိုအချိန်တွင် ငွေနဂါးဆယ်ဆပန်းပေါ်ရှိ ပန်းဖူးသည် အပြည့်အဝပွင့်လန်းနေပြီဖြစ်ပြီး လင်းရှန်၏ လက်ပတ်နာရီပေါ်ရှိ အချိန်သည်လည်း သုညသို့ ရောက်ရှိသွားခဲ့သည်။

၃...

၂...

၁...

တီ... လင်းရှန်၏ လက်ပတ်နာရီအချိန် ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် လင်းရှန်က နျူဓာတ်ပြုကိရိယာအပေါ်တွင် ထားရှိခဲ့သော အာကာသအခြေစိုက်လက်နက်၏ ဖောက်ခွဲရေးစနက်တံသည်လည်း ကုန်ဆုံးသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ချော်ရည်များကြားရှိ ကမ္ဘာ့အူတိုင်အပူလှုံ့ဆော်ကိရိယာ၏ အရည်ပျော်နေသော တိုက်တေနီယမ်သတ္တုစပ်အခွံသည် နောက်ဆုံးတွင် စူးရှသောအပြာရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး ဟိုင်ပိုလုံပဲ့ထိန်းစွမ်းအင်အမြောက်၏ စူပါကွန်ဒတ်တင်းကွင်းသည် ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။ နျူဓာတ်ပြုကိရိယာအူတိုင်ထဲတွင် မြှုပ်နှံထားသော ကွင်းဆက်ဓာတ်ပြုစနစ်သည် ချက်ချင်း အသက်ဝင်သွားပြီး ဆဲလ်ပုံစံလောင်စာချောင်းများမှ ထုတ်လွှတ်လိုက်သော နျူကလီးယားစွမ်းအင်သည် တစ်စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံအတွင်း ကန့်သတ်ချက်အမှတ်ကို ကျော်လွန်သွားခဲ့လေတော့သည်။

ကျွန်း၏ အထက်ကောင်းကင်ယံတွင် မှောင်အတိကျနေသော မိုးကောင်းကင်နှင့် ပင်လယ်ပြင်ကြီးကြား၌ ရွှေဖြူရောင်ကြယ်တစ်စင်း ရုတ်တရက် လင်းထိန်သွားခဲ့သည်။

မည်သည့်အသံမျှ ထွက်ပေါ်မလာဘဲ ကောင်းကင်နှင့် မြေကြီးကို အလင်းပေးနိုင်လောက်သည့် စူးရှတောက်ပသော အလင်းတန်းတစ်ခုသာဖြာထွက်လာ၏။

ဘူမိအပူစွမ်းအင်တွင်းကို ဗဟိုပြု၍ အချင်းဝက် ၁.၂ ကီလိုမီတာအတွင်းရှိ ပင်လယ်ရေများသည် အတင်းအဓမ္မ ဖယ်ထုတ်ခြင်းခံလိုက်ရပြီး အချင်းတစ်ကီလိုမီတာရှိသော လေဟာနယ်ပူဖောင်းကြီးတစ်ခုဖြစ်ပေါ်လာသည်။

ရေထဲသို့ တိုးဝင်နေသော ပိုးကောင်မြွေကဲ့သို့ သတ္တဝါအုပ်စုနှင့် ပင်လယ်ကျောက်ဆောင်အကျဉ်းထောင်အောက်ခြေမှ မြေကြီးထဲ တိုးဝင်နေသော မရေတွက်နိုင်သော မွန်းစတားများသည် ဆဲလ်စီးယပ်စ်ဒီဂရီ ၁.၇ ဘီလီယံရှိသော အပူချိန်မြင့်မားမှုအောက်တွင် အငွေ့ပျံပျောက်ကွယ်သွားခဲ့ရပြီး ဘူမိအပူတွင်းမှ စီးထွက်လာသော ချော်ရည်စီးကြောင်းများသည်လည်း နျူကလီးယားပေါင်းစပ်မှု၏ ရိုက်ခတ်လှိုင်းကြောင့် ကမ္ဘာ့အပေါ်ယံမြေလွှာထဲသို့ ပြန်လည်တွန်းပို့ခြင်းခံလိုက်ရသည်။

All Chapters