လက်ဝှေ့ချန်ပီယံ၏ ရန်စခြင်း
Vol. 13 Ch. 194
ပြိုင်ပွဲကား အလွန်လျင်မြန်စွာ စတင်လာသည်။
သန်မာထွားကြိုင်းသော လက်ဝှေ့သမားနှစ်ယောက် အချင်းချင်း ထိုးနှက်နေသည်က အလွန် အထင်ကြီးစရာ ကောင်းလှသည်။ လက်သီးချက်တိုင်းတွင် အားအပြည့် ပါနေပြီး လေကို ထိုးခွင်းသံပါ ထွက်နေသဖြင့် လူအုပ်အား ကြောက်လန့်လာစေသည်။
“ခွပ် ခွပ် ခွပ်”
ထိမိသော ထိုးချက်တိုင်းကို ကြားနေရသည်။
“အရမ်း ပြင်းထန်လွန်းတယ်”
ရှောင်ဖေးဖေးနှင့် အခြားသူများ မကြည့်ရဲတော့ချေ။
“ဟေး သူ့ကို ဆော်လိုက်စမ်း”
“ကာရုံပဲ ကာမနေနဲ့၊ ပြန်ချ၊ ပြန်ချလေ”
“ကောင်းလိုက်တဲ့ ထိုးချက်၊ ဆက်ချကွာ”
သို့သော် နိုင်ငံခြားသားများမှာ ကြည့်ရင်း မာန်ပါလာပြီး အရူးအမူး အော်ဟစ်အားပေးလေသည်။
“သူတို့က နေ့တိုင်း အစားအသောက်နဲ့ ပတ်သတ်ပြီး တအားဂရုစိုက်တာ၊ သူတို့ အဆက်မပြတ် လေ့ကျင့်နေလို့လည်း ဒီလို ကြွက်သားတွေ ထွက်လာတာလေ၊ သူတို့ရဲ့ ခုခံနိုင်စွမ်းက တအားကောင်းတာ၊ သူတို့ အချက်ရေ တော်တော်များများကို အထိုးခံနိုင်တယ်၊ ပြီးတော့ သူတို့လက်သီးချက်တွေက အကြိမ် ရာထောင်ချီပြီး လေ့ကျင့်ထားခဲ့တာ၊ လက်သီးချက်တိုင်းက တအား တိကျတာ”
လုချောင်းက ရှုနန်အတွက် ရှင်းပြနေပြီး သူမရှေ့၌ သူ၏ သာလွန်မှုကို ပြသနေသည်။
“ဒီတစ်ပွဲမှာ ဘယ်ဘက်ကလူ နိုင်လောက်တယ်၊ ညာဘက်ကလူက အစကတည်းက အားသာချက် မဲ့နေပြီးတော့ အခု လုံးဝ ဖိနှိပ်ခ့ထားရတယ်၊ ဘယ်ဘက်ကလူကပဲ ပိုအရှိန်ရလာတာ၊ ပြီးတော့ သူ ထိုးတဲ့အလျင်နဲ့ ခွန်အားက ကောင်းကောင်း လေ့ကျင့်ထားတဲ့ ရလဒ်ပဲ၊ သူ တော်တော် ကြမ်းတယ်”
ထင်ထားသလိုပင် သူ ပြောပြီး မကြာခင်မှာပင် ဘယ်ဘက်ကလူက သူ့ပြိုင်ဘက်ကို အမှောက်သိပ်ကာ အနိုင်ယူ သွားလေသည်။
အားပေးအော်ဟစ်သံများ ချက်ချင်း ဆူညံစွာ ထွက်ပေါ်လာ၏။ ထို့နောက် ဒုတိယပွဲ၊ တတိယပွဲ …
“မင်း ဘယ်လိုထင်လဲ၊ တရုတ်ကွန်ဖူးဆိုတဲ့ ဟာနဲ့ ယှဉ်လိုက်ရင် ဒါက ဘယ်လိုလဲ”
လုချောင်းက ရှုနန်ကို မေးလေသည်။ ရှုနန်းက နှုတ်ခမ်းကို တင်းနေအောင် စေ့ထားပြီး ဘာမှပြန်မပြောချေ။
သာမန်လူများ၏ တရုတ်ကွန်ဖူးကို တီဗွီ ဖန်သားပြင်၌သာ မြင်ဖူးကြသည်။ ယင်းက အံ့ဩစရာ ကောင်းသော်လည်း အတုအယောင်မှန်း သိသာပေသည်။
ယခု ပြည်ပပညာဖြစ်သော လက်ဝှေ့အား ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသောအခါ အတော်လေး အထင်ကြီး မိသွားသည်။
“ဟဲဟဲ မင်း ဒီနေ့ ကံကောင်းတယ်၊ ခဏနေရင် နောက်တစ်ပွဲ ရှိသေးတယ်”
လုချောင်းက အဓိပ္ပာယ်ပါပါပြော၍ ရယ်လေသည်။
“နောက်တစ်ပွဲလား”
“မိုဟာမက်အလီက အမြဲ တရုတ်ကွန်ဖူးကို စိတ်ဝင်စားနေခဲ့တာ၊ မကြာသေးခင်က ဖိတ်ခေါ်ချက်တစ်ခု ရလို့ သူ ကိုယ်တိုင် ဝင်ပြိုင်မှာ”
သူ တစ်ခဏမျှ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“ဒါက မင်းကို တရုတ်ကွန်ဖူးနဲ့ လက်ဝှေ့ကြားက ကွာခြားမှုကို မြင်နိုင်စေတာပေါ့”
ရှုနန် ထိတ်လန့်သွားသည်။
*တစ်ယောက်ယောက်က အလီကို စိန်ခေါ်တာလား*
နောက်ဆုံးပြိုင်ပွဲအပြီးတွင် ကြေငြာသူက ပွဲကို အဆုံးမသတ်ဘေးပဲ ကြိုးဝိုင်းထဲ၌ ငြိမ်သက်စွာ စောင့်ဆိုင်း နေသည်။
“ဒုန်း ဒုန်း ဒုန်း”
ခြေလှမ်းထဲ၌ ပဲ့တင်သံ ထွက်ပေါ်လာသည်။ အသံတွင် ဖော်မပြတတ်သော ခွန်အားနှင့် အရှိန်အဝါတို့ ပါဝင်နေပြီး လူတိုင်း ရင်တဒိန်းဒိန်း ခုန်လာကြသည်။
အလီ ကြိုးဝိုင်းထဲသို့ တင်လာသည်။ သူသည် လူအသွင် ယူထားသော မကောင်းဆိုးဝါးတစ်ကောင်နှင့် တူနေပြီး ကြိုးဝိုင်းတစ်ခွင်အား တုန်လှုပ်စေနေ၏။
“သောက်ချီး၊ အလီက စင်ပေါ်တက်လာတာလား”
“သူ ဘာလုပ်နေတာလဲ၊ သူ ဝင်ပြိုင်မလို့လား”
“အား … နောက်ဆုံးတော့ အလီက ပြန်လက်ဝှေ့ထိုးတော့မှာလား၊ အိုးနိုး … ငါ အရမ်း စိတ်လှုပ်ရှားလာပြီ၊ ငါ တည်ငြိမ်ဖို့ လိုတယ်”
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် လူတိုင်း စိတ်အားထက်သန်လာပြီး ထရပ်လာကြသည်။
“အလီ၊ အလီ၊ အလီ …”
လူတိုင်းက အတူတူ ရေရွတ်နေပြီး သူတို့အသံက ခန်းမထဲ၌ ပဲ့တင်ထပ်နေသည်။
အလီက ကြိုးဝိုင်းအလယ်၌ ရပ်နေပြီး လက်ကိုမြှောက်လိုက်သဖြင့် ဆူညံနေသော အသံများ ငြိမ်ကျသွားပြီး အားလုံးက သူ့ကို ငြိမ်၍ အာရုံစိုက်လာသည်။
“ကျုပ် တရုတ်နိုင်ငံကို လာတာက လက်ဝှေ့ပညာကို လူသိများစေတဲ့ မျှော်လင့်ချက်ပါသလို တရုတ်လူမျိုးတွေ အားလုံးကို လက်ဝှေ့ပညာရဲ့ ခွန်အားနဲ့ ဆွဲဆောင်မှုကို သိအောင် လုပ်ပေးချင်လို့ပဲ”
အလီက ဩရှရှ အသံဖြင့် ပြောသည်။
“ဒါပေမဲ့ ကျုပ် ဒီရောက်လာတော့ တရုတ်ကွန်ဖူးပညာကို ကြားခဲ့ရတယ်၊ ဒီမှာ အားလုံးက ကွန်ဖူးဆိုတဲ့အရာကို သဘောကျနေတာ”
“ကျုပ် တရုတ်ကွန်ဖူးရဲ့ ကောလာဟလတွေကို ကြားဖူးပင်မယ့် တစ်ခါမှ ကိုယ်တိုင် မြင်တွေ့နိုင်တဲ့ အခွင့်အရေး မရခဲ့ဘူး၊ ကျုပ်တွေ့ခဲ့ဖူးတဲ့ သိုင်းသမားတွေဆိုတဲ့ လူတွေကတော့ အားနည်းလွန်းတယ်၊ တရုတ်ကွန်ဖူးအပေါ် ကျုပ် စိတ်ပျက်သွားတာက ပိုတိုးလာတယ်၊ ကျုပ် မနေနိုင်လို့ မေးဦးမယ်၊ တရုတ်နိုင်ငံရဲ့ ကွန်ဖူးက အစစ်လား”
“ကွန်ဖူးဆိုတာ ရှိရင် လက်ဝှေ့နဲ့ ဘာလို့ မယှဉ်တာလဲ”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက မမှိတ်မသုန် နားထောင်နေကြသည်။
နားထောင်လေလေ လီထိုက်တို့အဖွဲ့၏ မျက်နှာများ ပိုမည်းမှောင်လာလေပင်။ သူတို့ အလီ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလာသည်။
သို့သော် အလီက မာန်ပါပါ ဆက်ပြောသည်။
“နောက်ဆုံးတော့ ကျုပ် အဖြေကို ရှာတွေ့ပြီ၊ တရုတ်ကွန်ဖူးက လက်ဝှေ့ပညာထက် နိမ့်ကျတယ်”
“တရုတ်ကွန်ဖူးက လက်ဝှေ့ပညာထက် နိမ့်ကျတယ်”
“တရုတ်ကွန်ဖူးက လက်ဝှေ့ပညာထက် နိမ့်ကျတယ်”
“တရုတ်ကွန်ဖူးက လက်ဝှေ့ပညာထက် နိမ့်ကျတယ်”
…
နိုင်ငံခြားသားများအားလုံး စိတ်အားထက်သန်စွာဖြင့် အာပေါင်အာရင်းသန်သန် ဟစ်အော်နေကြသည်။ သူတို့အသံက တစ်စထက်တစ်စ ကျယ်လောင်လာသည်။ အချို့သော တရုတ်လူမျိုးများကလည်း နီမြန်းနေသော မျက်နှာနှင့် လိုက်အော်ကြသည်။ ထိုအထဲတွင် လုချောင်းလည်း ပါဝင်၏။
ကျန်တရုတ်လူမျိုး ပရိသတ်များသည် ကူကယ်ရာမဲ့သလို ခံစားနေရပြီး မခံမရပ်နိုင် ဖြစ်နေကြလေသည်။
“ယီးပဲ ဒါ လွန်လွန်းသွားပြီ”
လီကျင့်က လက်သီးကို တင်းနေအောင် ဆုပ်လိုက်ပြီး မျက်လုံးတွင် အလှောင်ခံလိုက်ရသလို ခံစားနေရသည့် အရိပ်အယောင်များ ပြနေသည်။
“ပြည်ပက မျောက်တစ်အုပ်က တရုတ်နိုင်ငံက လာအုပ်စိုးဖို့ ကြိုးစားနေတာလား၊ အရူးတွေ”
သိုင်းပညာ စတန့်သမားတစ်ယောက်က မကျေမချမ်း ပြောလာသည်။
သူတို့သည် တရုတ်ကွန်ဖူးကို လေ့ကျင့်သင်ယူခဲ့သဖြင့် ယင်းကို လေးစားစိတ် ရှိသည်။ ယင်းက အမွေအနှစ် တစ်ခုလိုပင်။ သို့ဖြစ်သော်လည်း ထိုအမွေအနှစ်သည် နိုင်ငံခြားသားများ၏ ပုတ်ခတ်ခြင်း ခံနေရသည်။ ဤသည်ကို သူတို့ လက်မခံနိုင်ပါ။
“လက်ဝေ့ပညာက အကောင်းဆုံးပဲ”
အလီ၏ မျက်နှာအမူအရာက ခက်ထန်နေသည်။ သူက မာန်ပါပါ ပြုံးနေပြီး လက်ဝှေ့နည်းပြ တစ်ယောက်ကို လက်ဝှေ့ယမ်းပြသည်။
ထိုလက်ဝှေ့နည်းပြသည် အစောပိုင်းက အကောင်းဆုံး စွမ်းဆောင်ရည် ပြသွားသည့် တစ်ယောက်ပင်။ သူက ကြိုးဝိုင်းထဲသို့ မြန်မြန်ဝင်လာသည်။
အလီ၏ မျက်နှာက သုန်မှုန်လာပြီး အားကုန်သုံး၍ လက်သီးဖြင့် ထိုးလိုက်သည်။
“ဒုန်း”
ထိုနည်းပြက သူ့ကိုယ်သူ ခုခံသော်လည်း ပြင်းထန်သော ထိုးနှက်ချက်ကြောင့် ကြိုးကွင်းအပြင်သို့ လွင့်ထွက် သွားသည်။
“တရုတ်ကွန်ဖူးလား၊ ငါ့လက်သီးကိုတောင် မယှဉ်နိုင်ဘူး”
အလီက လက်ကိုမြင့်မြင့် မြောက်ပြသည်။ စင်အောက်မှ အားပေးကြွေးကြော်သံများ ထွက်ပေါ်လာပြီး သူ့ပုံက ဘုရင်တစ်ပါးနှင့် တူနေသည်။
“ငါ့ကို သူ့ရုပ်ရှင်မှာ ပါစေချင်တဲ့ တရုတ်လူမျိုး ဒါရိုက်တာတစ်ယောက်ရှိတယ်၊ တရုတ်ကွန်ဖူးကို စင်တင်ပြီး ငါတို့ လက်ဝှေ့က တရုတ်ကွန်ဖူးကို မယှဉ်နိုင်ဘူးလို့ ပြချင်တဲ့ကားပဲ၊ ဖြစ်နိုင်လား”
“မဖြစ်နိုင်ဘူး”
“မဖြစ်နိုင်ဘူး”
နိုင်ငံခြားသားများအားလုံးက မသတီသယောင်ပြ၍ လက်မခံနိုင်ကြောင်း အော်ဟစ်လေသည်။
“အခု တရုတ်ကွန်ဖူးရဲ့ အစွမ်းနဲ့ ကျုပ်ကို အထင်ကြီးအောင် လုပ်နိုင်ရင် ကျုပ် ခင်ဗျားရုပ်ရှင်မှာ ဝင်ရိုက်မယ်လို့ သဘောတူတယ်”
အလီ၏ အကြည့်က လီထိုက်ပေါ် ကျရောက်လာပြီး သူ့အား သရော်လေသည်။
“ခင်ဗျား အခု ကြိုးဝိုင်းထဲ လာရဲလား”
ထိုသို့သောအချိန်၌ ခန်းမတစ်ခုလုံးမှ လူများ၏ အကြည့်က လီထိုက်ထံ ကျရောက်လာသည်။ နိုင်ငံခြားသားများက သူတို့၏ ကွန်ရက်ငယ်လေး၌ တရုတ်လူမျိုးများကို မြင်လိုက်ရသောအခါ တင်စီးသော အကြည့်ဖြင့် ကြည့်၍ တရုတ်လူမျိုးများအား လှောင်ပြောင်အော်ဟစ်လေသည်။
အလီက လက်မြောက်၍ သူတို့အား ရန်စဟန်ဖြင့် တက်လာရန် အချက်ပြသည်။
“ကြိုးဝိုင်းထဲ လာခဲ့”
လီကျင့်၏ မျက်နှာ မည်းမှောင်လာသည်။ သူ့အသက်ရှူသံက ပြင်းလာပြီး အလီအား အသေအကြေ စိုက်ကြည့်နေ၏။ တစ်ခဏမျှ စိတ်ထိန်းလိုက်ပြီးနောက် သူ ကြိုးဝိုင်းထဲ လျှောက်သွားလေသည်။
“တရုတ်ကွန်ဖူးပညာက နှစ်ထောင်ချီပြီး လက်ဆင့်ကမ်းလာခဲ့တာ၊ မင်းနိုင်ငံမှာတောင်မှ တော်တော်များများက တရုတ်ကွန်ဖူးကြောင့် သင်ခန်းစာ အပေးခံခဲ့ရတာပဲ၊ ကမ္ဘာသိအောင် ပြခဲ့ပင်မယ့် မင်း ကြိုက်သလို ခနဲ့လို့ရတဲ့ အရာ မဟုတ်ဘူး”
လီကျင့်က အေးစက်စွာ ပြောသည်။
“မင်း တရုတ်ကွန်ဖူးကို တတ်တယ်မလား၊ လာလိုက်စမ်းပါ၊ ငါတို့ တစ်ချက်လောက် ကြည့်ရတာပေါ့”
အလီက သရော်လေသည်။
“ဟမ့် အလီက ငါတို့ကို ခေါ်ပြီး တရုတ်ကွန်ဖူးကို အရှက်ခွဲမယ့် အခွင့်အရေးကို ရှာတွေ့သွားတာပဲ”
လီထိုက်က ခပ်အက်အက်အသံဖြင့် ပြောပြီး အလွန် ကြည့်ရဆိုးသော အမူအရာနှင့် ရှိနေသည်။
ကြိုးဝိုင်းအောက်ပ အချို့ တရုတ်လူမျိုးများ ရှိပြီး သူတို့သည်လည်း မကျေမနပ်ဖြင့် လက်သီးဆုပ်ထားကြသည်။
“အဲ့ဒါ လီကျင့် မဟုတ်လား၊ သူက ရှောင်လင်ကျောင်းမှာ ကြီးပြင်းခဲ့ပြီးတော့ တကယ့် ကွန်ဖူးကို သိတယ်လို့ ငါ ကြားဖူးတယ်”
“လီကျင့်က အလီကို ယှဉ်နိုင်မှာလား၊ ဦးနှောက်ခြောက်စရာပဲ”
“တရုတ်ကွန်ဖူးက အကောင်းဆုံးပဲ၊ ငါတို့ အဲ့နိုင်ငံခြားသားတွေကို ဘယ်သူက ဘော့စ်လဲ ပြမှဖြစ်မယ်”