← Chapters

လက်ဝှေ့ချန်ပီယံ အလီ

Vol. 13 Ch. 193

လက်ဝှေ့ချန်ပီယံ အလီ

Vol. 13 Ch. 193

တစ်ချိန်တည်းမှာပင် မြေအောက်ပြိုင်ပွဲ၏ တစ်ဖက်ထောင့်၌ တရုတ်လူမျိုး တစ်ဖွဲ့ ထိုင်နေလေသည်။ သူတို့ထဲမှ တစ်ချို့သည် အနေရခက်နေပြီး ဘေးဘီကို မကြာခဏ ဝေ့ကြည့်ကြသည်။

“ဖုန်းဟော် လက်ဝှေ့အားကစားခန်းမမှာ ငါ တစ်ခါမှ မကြားဖူးတဲ့ မြေအောက်ပြိုင်ပွဲ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး”

လီထိုက်က မျက်မှောင်ကြုတ်လျက် ပြောသည်။

“ဒီနိုင်ငံခြားသားတွေက ကျွန်တော်တို့ နိုင်ငံထဲမှာ လုပ်ချင်တာ လုပ်လို့ရနေတယ်လို့ ခံစားနေရတယ်”

လီကျင့်က ဝင်ပြောသည်။

သူတို့အဖွဲ့တွင် လူခုနစ်ယောက် ပါရှိသည်။ လီထိုက်၊ လီကျင့်၊ အစ်မလင်းနှင့် ရှောင်ဖေးဖေးတို့က အလယ်၌ ထိုင်နေကြသည်။ ကျန်သုံးယောက်မှာမူ သက်တော်စောင့်များအဖြစ် နေနေကြသည့် သိုင်းပညာ စတန့်သမားများ ဖြစ်ကြလေသည်။

“နိုင်ငံခြားသားတွေမှာ အထူးအခွင့်ရေး ရှိနေတာဆိုတော့ သူတို့ ပမာမခန့် လုပ်နေတာ သဘာဝပဲလေ”

လီထိုက် သက်ပြင်းချသည်။

ဤနိုင်ငံခြားသားများ၌ အထူးအခွင့်အရေးအပြင် အကျိုးအမြတ် များစွာ ရှိလေသည်။ ၎င်းက လိုအပ်သော သံတမန်ရေးရာ စီမံခန့်ခွဲမှု ဖြစ်သော်လည်း ပြောလိုက်တိုင်း မတရားသလို ခံစားနေရသေးသည်။

“သူတို့ ဒီလိုစီစဉ်ထားမှန်းသာ ကျွန်တော်တို့ သိထားခဲ့ရင် ကျွန်တော်တို့ လူပိုခေါ်လာလို့ ရမှာ”

သိုင်းပညာ စတန့်သမားထဲမှ တစ်ယောက်က ပြောလေသည်။ ခန္ဓာကိုယ် ကြံ့ခိုင်သော နိုင်ငံခြားသားများကြားထဲ ထိုင်နေရသဖြင့် သူတို့အတွက် အနည်းငယ် အနေရခက်သလို ခံစားရသည်က သဘာဝပင်။

“အားကစားခန်းမပိုင်ရှင်က ငါတို့ကို ဖိတ်တယ်ဆိုမှတော့ သူ ပြင်ဆင်ထားတယ်ဆိုတာ သေချာတယ်”

လီထိုက် ထပ်၍ သက်ပြင်းချလိုက်ပြီး အကြံပေးလိုက်သည်။

“မင်းတို့ ရှောင်ဖေးဖေးနဲ့ အစ်မလင်း အန္တရာယ်ကင်းအောင် သေချာလုပ်ရမယ်”

မိန်းကလေးနှစ်ယောက်က စောင့်ရှောက်မှု အလိုအပ်ဆုံးပင်။

“လင်းချန် ကျွန်မတို့ကို ရှာနိုင်ပါ့မလား တွေးမိတယ် …”

ရှောင်ဖေးဖေးက အားပျော့သော အသံဖြင့် ပြောလာပြီး မျက်နှာက နေမကောင်းသလို ဖြူရော်နေသည်။

“ဖေဖေး နင် နေမကောင်းဖြစ်နေတာကို မလိုက်လာသင့်ဘူး”

အစ်မလင်းက စိုးရိမ်နေသောအသံဖြင့် ပြောသည်။ ရှောင်ဖေးဖေးက ပြုံးသည်။

“ကျွန်မ လှဲနေရုံကလွဲပြီး ဘာမှလုပ်စရာမှမရှိတာ၊ အညောင်းပြေ အညာပြေ အပြင်ထွက်တာက ဘာမှမဖြစ်ပါဘူး”

ထိုစဉ် အထဲသို့ တင်လာသော လူတစ်စုကြောင့် ဆူဆူညံညံ ဖြစ်လာသည်။

ဦးဆောင်လာသူသည် လက်မောင်းကြွက်သားများ ထင်းနေသည့် ထွားကြိုင်းသော လူတစ်ယောက် ဖြစ်သည်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများက ကျောက်တုံးသဖွယ် မာကြောနေပြီး ကြောက်စရာကောင်းသော ခွန်အားမျိုး ပေးစွမ်းနေသည်။

ထို့အပြင် သူ၏ ကိုယ်လုံးကိုယ်ပေါက်က အနောက်နိုင်ငံ၏ စံချိန်စံနှုန်းထက်ပင် ပိုကြီးနေပြီး နှစ်မီတာနီးနီး မြင့်မားပြီး မျက်လုံးများက အရောင်တင်ထားသော ကြေးခေါင်းလောင်းသဖွယ် လက်နေ၏။

သူ့ဘေးတွင် လက်မောင်းကြွက်သားများ ပေါ်နေသော ထွားကြိုင်းသည့် အမျိုးသားတစ်စု လိုက်ပါလာသည်။ သူတို့က ဘေးနှစ်ဖက်ယှဉ်၍ ခြေလှမ်းကြဲကြဲဖြင့် လျှောက်လှမ်းလာကြသည်။

“ဒုန်း ဒုန်း ဒုန်း”

ထိုသို့ သန်မာထွားကြိုင်းသည့်သူများ အတူတူ လျှောက်လှမ်းလာသောအခါ သူတို့၏ ခြေသံများက မိုးခြိမ်းသံသဖွယ် ကျယ်လောင်လှပြီး ခြေလှမ်းကြောင့် ကြမ်းပြင်ပင် တုန်ခါလေသည်။

ချက်ချင်းဆိုသလိုပင် မြေအောက်ပြိုင်ကွင်းတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် ဆူညံပွက်လောရိုက်လာ၏။

“မြတ်စွာဘုရား၊ အလီ ကိုယ်တိုင် ဦးဆောင်ထဲအဖွဲ့က ကြိုးဝိုင်းဆီ လာနေတာပဲ”

“သူက တော်တော် သန်မာတာပဲ၊ သူက အင်္ဂလန်ရဲ့ ဂုဏ်ပဲ”

“ဒီတစ်ခေါက် လက်ဝှေ့ချန်ပီယံဟောင်းကို တွေ့ရတာ ငါတို့ ကံကောင်းတာပဲ”

“အဲ့ဒါ အလီလား”

ရှုနန်က ပင့်သက်ရှိုက်မိသွားပြီးမှ တအံ့တဩ ရေရွတ်လေသည်။

ထိုလူသည် သန်မာသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး ရွှေ့မရသော တောင်တစ်လုံးဟု ခံစားရစေသည်။ သာမန်လူတစ်ယောက်ဆိုလျင် သူနှင့် တိုက်ရန် မဆိုထားနှင့် မျက်နှာချင်းပင် ဆိုင်ရဲသည့် သတ္တိမရှိချေ။

“ဟဲဟဲ သူ လက်ဝှေ့ထိုးတာကို မင်း မမြင်ဖူးသေးဘူးမလား”

လုချောင်းက ရယ်၍ ဂုဏ်ယူဟန်အပြည့်ဖြင့် ပြောလေသည်။

“သူက တစ်စက္ကန့်အတွင်း လက်သီးငါးလုံး ပစ်သွင်းနိုင်တယ်၊ ပြီးတော့ လက်သီးချက် တစ်ချက်တိုင်းက အနည်းဆုံး အားကီလိုဂရမ် တစ်ရာလောက် ပါတယ်”

“မယုံနိုင်စရာပဲ”

ထိုလျင်မြန်မှုနှင့် ခွန်အားက လူသားတစ်ယောက်၏ ကန့်သတ်ချက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ သားရဲရိုင်း တစ်ကောင်တောင်မှ ထိုမျှ ခွန်အား မရှိနိုင်ပါ။

အရှင်းဆုံးပြောရမည်ဆိုလျင် အလီအတွက် ကျွဲရိုင်းတစ်ကောင်ကို အသာလေး ထိုးနှက်သတ်ဖြတ်၍ ရပေသည်။

“သက်လုံ၊ လျင်မြန်မှုနဲ့ ခွန်အား အားလုံးက ပြစ်ချက်ကင်းတယ်၊ သူမှ လက်ဝှေ့ချန်ပီယံ မဖြစ်ရင် ဘယ်သူက ဖြစ်ဦးမှာဲ”

လုချောင်းက ရယ်လိုက်ပြီးမှ ဆက်ပြောသည်။

“ဒါပေမဲ့ သူက အနားယူတာ ကြာနေပြီဆိုတော့ တဖြည်းဖြည်း လူတွေမေ့လာကြတယ်၊ သူ့အနောက်က လူတွေက လက်ဝှေ့အားကစားခန်းမရဲ့ နည်းပြတွေလေ၊ သူတို့လည်း သန်မာတယ်”

လီမော့ကလည်း ကြားဖြတ်ဝင်ပြောသည်။

“မင်းတို့ ဟိုကတုံးနဲ့လူကို မြင်လား၊ ပြီးခဲ့တဲ့တစ်ပတ်က ကုန်သည်တစ်ယောက်က မိုးသစ်တောကို သွားဖို့ သူ့ကို သက်တော်စောင့်အဖြစ် ငှားခဲ့တာ”

တောင်အာဖရိက၏ မိုးသစ်တောများသည် အန္တရာယ်မျိုးစုံနှင့် သားရဲပေါင်းများစွာဖြင့် ပြည့်နှက်နေ၏။ သာမန်လူတစ်ယောက်သာ ဝင်သွားပါက ထိုလူသည် နေ့တစ်ဝက်တည်းဖြင့် အစာ ဖြစ်သွားလောက်သည်။

“တောင်အာဖရိကရဲ့ မိုးသစ်တောတွေအကြောင်း မကြားဖူးဘူးဆိုရင်လည်း မင်းတို့ စစ်သည်တော်ဌာန အကြောင်းတော့ ကြားဖူးတယ် မဟုတ်လား”

လုချောင်းက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ထားသည်။

“အဲ့လူတွေတိုင်းက သိုင်းပညာရှင်ကို အနိုင်ယူထားတဲ့ မှတ်တမ်းတွေ ရှိတယ်၊ တရုတ်ကွန်ဖူးပညာဆိုတာဟာက ခြေဆန့်လက်ဆန့်ထက် မပိုဘူးလို့ ငါ ထင်တယ်၊ လက်ဝှေ့ပညာကသာ တကယ့် အတိုက်အခိုက် ပညာ ဖြစ်ပြီးတော့ လက်သီးချက်တိုင်းက တကယ့်ကွန်ဖူးပဲ”

ရှုနန်၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။

“သိုင်းပညာတွေထဲမှာ ခွန်အားအဆင့်လိုက် ခွဲခြားထားတာပဲ၊ သူတို့က သိုင်းပညာရှင်ကို အနိုင်ယူခဲ့တယ် ဆိုရင်တောင်မှ သူတို့ တခြားသိုင်းပညာရှင်တွေကို အနိုင်ယူနိုင်တယ်လို့ မဆိုလိုဘူး၊ ပြီးတော့ တရုတ် ကွန်ဖူး ပညာကို အထင်မသေးသင့်ဘူး”

“ဟားဟားဟား ရှုနန်၊ တခြားလူတွေက တရုတ်ကွန်ဖူးပညာကို စော်ကားနေတာကို မင်း ကြားရင် မကြိုက်ဘူး ဆိုတာကို ရဲသင်တန်းကျောင်းမှာကတည်းက သိတယ်၊ ငါလည်း အတူတူပါပဲ”

လုချောင်းက ကျယ်လောင်စွာ ရယ်မောလေသည်။

“ဒါပေမဲ့ အမှန်တရားက အမှန်တရားပဲလေ၊ တရုတ်ကွန်ဖူးဆိုတာ ဝတ္ထုထဲက ပစ္စည်းသက်သက်ပဲ၊ ရဲသင်တန်းကျောင်းမှာ ဒီလောက် အချိန်ကုန်ခဲ့ပြီးတာတောင် မင်းကိုယ်မင်း သန်မာပြီလို့ ထင်လား”

ရှုနန် တုံ့ဆိုင်းသွားပြီး ပြန်ချေပနိုင်စွမ်း မရှိချေ။

မိန်းကလေးတစ်ယောက်အနေနှင့် ရဲသင်တန်းကျောင်းကို ဝင်ရောက်ပြီး အိပ်မက်များ ရှိခဲ့သည်။ သို့သော် ဤမျှ လေ့ကျင့်ခဲ့ပြီးနောက် သူမသည် သာမန်လူမိုက်များကိုသာ ထိန်းနိုင်ခဲ့သည်။ အကယ်၍ သူမသာ ဤလူများနှင့် ရင်ဆိုင်ရပါက သူမ တစ်ချက်ပင် အထိုးခံနိုင်မည် မဟုတ်ပါ။

“ငါလည်း အခြားနိုင်ငံတွေက အံ့ဩစရာတွေကို မြင်ခဲ့ပြီးမှ တရုတ်ကွန်ဖူးက အလိမ်အညာပဲဆိုတဲ့အချက်ကို လက်မခံချင်ဘဲ လက်ခံလိုက်ရတာ”

လုချောင်းက လေးလေးနက်နက် ပြောလေသည်။

“ငါတို့က ငါတို့ စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ရှင်သန်နေလို့မရဘူး၊ လက်ဝှေ့က အံ့ဩဖို့ကောင်းတာကို သက်သေပြ နေမှတော့ ဘာလို့ မသင်ယူဘဲ နေမှာလဲ၊ နောက်ပိုင်း အချိန်ယူပြီး ဒီကို မင်း လာပါလား၊ ငါ မင်းကို အလကား သင်ပေးမယ်၊ ဒါဆို မင်းရဲ့ နောက်လာမယ့် တာဝန်တွေမှာ အခွင့်အရေး ပိုရနိုင်တာပေါ့”

ရှုနန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ အမျိုးသမီးများကို အမျိုးသားများနှင့် သာတူညီမျှ သဘောထားသင့်သည်ဟု သူမ အမြဲ ခံစားမိပြီး သန်မာချင်သည့် ရည်မှန်းချက်ကို အမြဲ နှလုံးသွင်းထားသည်။

လုချောင်း၏ မျက်နှာတွင် ကျေနပ်သော အပြုံး ပေါ်လာသည်။ ရှုနန်သာ နေ့တိုင်းလာပါက ကိစ္စများက အတော်လေး အဆင်ပြေလောက်သည်။ ထိုအခြေအနေဆိုလျင် သူမကို ပိုးပန်းခြင်းက အသာလေးပင်။

သူက ရဲ့လင်းချန်ကို လှည့်ကြည့်လိုက်ပြီးနောက် စီနီယာက ဂျူနီယာကို သင်ပြနေသော လေသံဖြင့် ပြောလေသည်။

“လူဆိုတာ အခြားသူတွေရဲ့ သန်မာမှုကို လေ့လာဖို့လိုတယ်၊ တရုတ်ကွန်ဖူးပညာရဲ့ ရှုံးနိမ့်မှုကို ဝန်ခံတာက ရှက်စရာ မဟုတ်ဘူး၊ မှန်ကန်တဲ့နည်းလမ်းက နိုင်ငံခြားသားတွေရဲ့ သန်မာမှုကို လေ့လာဖို့ပဲ၊ ငါ့ညီ မင်း လက်ဝှေ့ထိုးတာကို စိတ်ဝင်စားရင် ငါ မင်းကို လျှော့ဈေး နှစ်ဆယ် ရာခိုင်နှုန်း ပေးမယ်”

“မလိုဘူး ရပါတယ်”

ရဲ့လင်းချန်က ခေါင်းခါ၍ အရေးမစိုက်စွာ ပြန်ပြောလေသည်။

လုချောင်းက ရဲ့လင်းချန်ကို အေးစက်စက် ကြည့်လိုက်သည်။

*ငနာလေး၊ မင်း သေတဲ့အထိ မောက်မာနေလိုက်၊ ရှုနန်ကြောင့်သာ မဟုတ်ရင် ငါ မင်းကို ကြည့်တောင် မကြည့်ဘူးကွ*

“လခွမ်း ဒါရိုက်တာလီ ခင်ဗျား လက်ဝှေ့ချန်ပီယံ အလီကို သရုပ်ဆောင်ခိုင်းဖို့ ကြိုးစားခဲ့တာလား”

လီကျင့်က အလီကို မြင်သောအခါ အံ့ဩသွားလေသည်။ လီကျင့်က အောင့်သက်သက်ဖြင့် ခေါင်းညိတ်လေသည်။

“လက်ဝှေ့ချန်ပီယံ အလီသာ ပါရင် ငါတို့ ရုပ်ရှင် ပေါက်လိမ့်မယ်လို့ သူများတွေ ပြောတာကို ငါ ကြားခဲ့လို့လေ၊ ငါက ကံစမ်းကြည့်ရုံလေးပါ”

“ဒီလက်ဝှေ့အားကစားခန်းမက ကြောက်စရာကောင်းနေတာ အံ့ဩစရာ မကောင်းတော့ဘူး၊ ခန်းမဖွင့်ထား တဲ့သူက လက်ဝှေ့ချန်ပီယံဟောင်း ဖြစ်နေတာကိုး၊

အစ်မလင်း ပင့်သက်ရှိုက်သွားသည်။ သူမ အလီကို ပေါ်တင်မကြည့်ရဲချေ။ သူမအတွက် သူက အလွန် ကြောက်စရာ ကောင်းနေ၏။

“အခုတော့ ခက်ပြီ၊ အလီက လွယ်လွယ်နဲ့ သရုပ်ဆောင်မှာ မဟုတ်ဘူး”

လီကျင့်၏ မျက်နှာက မည်းမှောင်နေသည်။

“ငါတို့ တရုတ်ကွန်ဖူးပညာကို သူ စမ်းကြည့်ချင်တယ်လို့ ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ ဘယ်သူက သူ့ကို ရင်ဆိုင်နိုင်စွမ်း ရှိမှာလဲ”

…

မြေအောက်ပြိုင်ပွဲသည် လက်ဝှေ့အားကစားခန်းမများကြားမှ စိန်ခေါ်မှုများအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ ဖုန်းဟော် လက်ဝှေ့အားကစားခန်းမအတွက် သူတို့၏ ပြိုင်ပွဲများကို အများကြည့်ရှုနိုင်အောင် အပတ်တိုင်း စီစဉ်ထားခြင်းကလည်း ကြော်ငြာတစ်မျိုးဖြစ်ပြီး ဝင်ငွေအရင်းအမြစ်တစ်ခုလည်း ဖြစ်သည်။

ဒိုင်လူကြီးက ကြိုးဝိုင်းထဲ ဝင်လာသည်ပြီး ပြိုင်ပွဲစတင်ရန် အချက်ပြသည်။

ပြိုင်ကွင်းတစ်ခုလုံး ရူးမတတ် ဆူညံပွက်လောရိုက်လာသည်။ သန်မာထွားကြိုင်းသော လက်ဝှေ့သမား နှစ်ယောက်က ကြိုးဝိုင်းသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို မြင်သောအခါ နိုင်ငံခြားသားများက စိတ်လှုပ်ရှားစွာ အဆုတ်ကွဲမတတ် အော်ဟစ်ကြလေသည်။

All Chapters