← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆) ငွေတစ်သန်းပိုင်ရှင်ဖြစ်လာခြင်း

သူတို့သည် မြင်းစီး၍ တစ်လီခန့် ခရီးနှင်ခဲ့ကြ၏။

ကျောက်လင်သည် ချင်းဟိုင်အား သစ်တောအစွန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီးမှ မြင်းကို ရပ်လိုက်သည်။

"ညီးလေးကျောက်... ပြောပါဦး... ငါ့ကို စိတ်ပူအောင် လုပ်နေတာပဲ..."

"မင်း တကယ်ပဲ ဓားပြဂိုဏ်းတစ်ခုကို လုယက်ခဲ့တာလား... တည့်တည့်သာ ပြောပါတော့..."

ချင်းဟိုင်မှာ လမ်းတစ်လျှောက်လုံး နောက်ကလိုက်လာခဲ့ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့၏။

ဝယ်ယူရေး တာဝန်ကြောင့် ချင်းဟိုင်မှာ ရက်အတော်ကြာ စိတ်ဖိစီးမှုများ ခံစားနေရသည်ဖြစ်ရာ နောက်ထပ် စောင့်ဆိုင်းရန်အတွက် စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့ချေ။

သာ၍ တာဝန်မပြီးမြောက်ပါက ချင်းဟိုင်၏ ကြီးကြပ်ရေးရာထူးမှာ ပြုတ်သွားပေလိမ့်မည်။

သူသာ၍ တာဝန်ပြီးမြောက်ပါကမူ ချင်းဟိုင်၏ ရာထူးမှာ တိုးတက်လာလိမ့်မည် ဖြစ်သည်။

၎င်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း သို့မဟုတ် ငရဲသို့ ကျရောက်ခြင်းနှင့် အတူတူပင်။

ချင်းဟိုင်မှာ ယခုအခါတွင် သူ၏ မျှော်လင့်ချက်အားလုံးကို ကျောက်လင်ထံတွင်သာ ပုံအပ်ထားတော့၏။

ချင်းဟိုင်၏ စိတ်ပူနေသော အမူအရာကို မြင်သော် ကျောက်လင်က လက်ကို မြှောက်ကာ ငြိမ်သက်ရန် အချက်ပြလိုက်သည်။

"အစ်ကိုချင်း... ကျွန်တော့်ဆီမှာ ရောင်းချဖို့ ရတနာအချို့ ရှိပါတယ်..."

"ဒါပေမဲ့ ကျွန်တော့်မှာ အချက်တစ်ချက် ရှိတယ်... ရတနာတွေကို ရောင်းတဲ့အခါ ကျွန်တော့်အမည်ကို ထုတ်မပြောပါနဲ့... ခင်ဗျားနဲ့ ကျွန်တော်ပဲ သိရမယ်..."

ကျောက်လင်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသော် ချင်းဟိုင်မှာ ချက်ချင်းပင် စိတ်အေးသွားတော့၏။

ကျောက်လင်အကြောင်း ချင်းဟိုင် နားလည်ထားမှုအရ ကျောက်လင်က ရတနာအချို့ရှိသည်ဟု ပြောလာလျှင် ၎င်းတို့မှာ အများအပြား ရှိနေမည်မှာ သေချာပေသည်။

"ညီလေးကျောက်... စိတ်ချပါ... ချင်းပေါင်စံအိမ်က ဖောက်သည်တိုင်းရဲ့ စီးပွားရေးကို လျှို့ဝှက်ထားပေးပါတယ်... အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက်တဲ့ စီးပွားရေးပေါ့... ငါတို့ ချင်းပေါင်စံအိမ်မှာ တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ရှိတာမို့လို့ မင်းအမည်ကို ဘယ်တော့မှ ထုတ်ဖော်မှာ မဟုတ်ပါဘူး..."

ဤကိစ္စရပ်တွင် ချင်းပေါင်စံအိမ်၌ တင်းကျပ်သော အဖွဲ့အစည်းဆိုင်ရာ စည်းကမ်းချက်များရှိသည်မှာ အမှန်ပင်။

အကယ်၍ ကုန်ပစ္စည်းပေးသွင်းသူတို့၏ အချက်အလက်ကို အလွယ်တကူ ထုတ်ဖော်လိုက်ပါက သူတို့အတွက် ဒုက္ခများ ဖြစ်ပေါ်လာမည်ဖြစ်ရာ နောင်အခါတွင် မည်သူက ချင်းပေါင်စံအိမ်အတွက် ကုန်ပစ္စည်းများ ပေးသွင်းရဲတော့မည်နည်း။

"ကောင်းပါပြီ... အစ်ကိုချင်းဆီက အဲ့လိုစကားကြားရတာ စိတ်အေးရပါတယ်..."

ကျောက်လင်က ပြုံး၍ မြင်းပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်သည်။

"ဒီမှာ ခဏစောင့်နေပါ... ကျွန်တော် ကျွန်တော့်ညီအစ်ကိုတွေနဲ့ သွားပြီး တိုင်ပင်လိုက်ဦးမယ်... ခဏနေရင် ပြန်လာခဲ့မယ်..."

ကျောက်လင်က ချင်းဟိုင် သူ့နောက်သို့ လိုက်ပါလာရန် ပြင်နေသည်ကို မြင်လိုက်ရသော် ချက်ချင်းပင် တားမြစ်လိုက်သည်။

ချင်းဟိုင်က မျက်နှာပျက်သွားပြီးနောက် ရပ်တန့်သွား၏။

ကျောက်လင်သည် သစ်တောထဲသို့ လျင်မြန်စွာ ဝင်သွားပြီး လက်ဝတ်ရတနာသေတ္တာ (၃၂) လုံး၊ အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များနှင့် ဓားရှည်ပေါင်း (၂၀၀) ကျော်ကို စနစ်နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။

သူတို့သည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ခန့် စောင့်ဆိုင်းခဲ့ကြ၏။

ကျောက်လင်မှာ ဤပစ္စည်းများအား မထုတ်ယူမီ လူအချို့နှင့် တိုင်ပင်ဆွေးနွေးခဲ့သည်ဟူသော အထင်အမြင်ကို ချင်းဟိုင်အား ပေးလိုခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျောက်လင်သည် သစ်တောထဲမှ နောက်ဆုံး၌ ထွက်ပေါ်လာ၏။

"မန်နေဂျာချင်း... ကျွန်တော် ညီအစ်ကိုတွေနဲ့ တိုင်ပင်ပြီးပါပြီ... ကျွန်တော်တို့ လုယက်ရရှိထားတဲ့ ရတနာတွေကို ခင်ဗျားကို အကုန်ရောင်းပေးပါမယ်..."

"ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ..."

ကျောက်လင်က ပြုံးလျက် ပြောလိုက်သည်။

ချင်းဟိုင်မှာ ကျောက်လင်နောက်သို့ ဝမ်းသာအားရ လိုက်ပါသွားပြီး သေတ္တာများ၊ ဆေးဖက်ဝင်အပင်များနှင့် ဓားရှည်များကို မကြာမီပင် မြင်တွေ့လိုက်ရ၏။

"ဟားဟား..."

နီးကပ်စွာ မရောက်မီမှာပင် ချင်းဟိုင်က မထိန်းနိုင်အောင် ရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းများမှ မျက်ရည်များပင် စီးကျလာသည်။

ရက်ပေါင်းများစွာ ဖိနှိပ်ခံထားရပြီးနောက် ချင်းဟိုင်မှာ နောက်ဆုံး၌ စိတ်သက်သာရာ ရသွားပြီး ဖိအားအားလုံးကို ထုတ်လွှတ်လိုက်နိုင်တော့သည်။

သစ်သားသေတ္တာများဆီ ရောက်သောအခါ ချင်းဟိုင်က တစ်လုံးချင်းစီ ဖွင့်ကြည့်လိုက်သည်။ မျက်စိကျိန်းလောက်အောင် တောက်ပနေသော ရတနာများကိုမြင်သော် သူ၏ ပါးစပ်မှာ နားရွက်တက်ချိတ်မတတ် ပြုံးမိတော့၏။

ဤမျှဆိုလျှင် လုံလောက်ပြီ၊ လုံးဝ လုံလောက်ပြီ ဖြစ်သည်။

ချင်းဟိုင်၏ ဝယ်ယူရေး တာဝန်မှာ လုံးဝ ပြီးမြောက်သွားပေပြီ။

"ညီလေးကျောက်... ကျေးဇူးတင်ပါတယ်... ဒီနေ့ကစပြီး ညီလေးရဲ့ စကားကို ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ဘူး..."

ရတနာအားလုံးကို ကြည့်ရှုပြီးနောက် ချင်းဟိုင်မှာ စိတ်အေးသွားတော့၏။ သူက ယခုအခါ ကျောက်လင်ကို သူ၏ ကယ်တင်ရှင်အဖြစ် သတ်မှတ်ထားလိုက်သည်။

"ကောင်းပြီ... ညနေစောင်းတော့မယ်... လူတွေကို အမြန်ခေါ်ပြီး အရေအတွက်ကို ရေတွက်ခိုင်းပြီး ဈေးဖြတ်လိုက်ကြရအောင်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ချင်းဟိုင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ... လူတွေကို ချက်ချင်း သွားခေါ်လိုက်ပါ့မယ်..."

ချင်းဟိုင်မှာ နှောင့်နှေးလျှင် ပြောင်းလဲသွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း သဘောတူကာ သစ်တောထဲမှ လျင်မြန်စွာ ပြေးထွက်သွားပြီး မြင်းစီးကာ ထွက်ခွာသွား၏။

မကြာမီပင် ချင်းဟိုင်က ကုန်သည်အဖွဲ့မှ အလုပ်သမားအားလုံးကို ခေါ်ဆောင်လာပြီး အခြားကုန်သည်များ၏ လှည်းများကိုပါ ငှားရမ်းလိုက်သည်။

အခြားနည်းလမ်း မရှိချေ။ သစ်သားသေတ္တာ (၃၂) လုံးကို သယ်ဆောင်ရန်အတွက် မြင်းလှည်း (၈) စီးအနည်းဆုံး လိုအပ်ပေသည်။

အဖွဲ့သည် သေတ္တာများထဲရှိ လက်ဝတ်ရတနာများ၊ အဆင်တန်ဆာများ၊ သရဖူများနှင့် အခြားပစ္စည်းများကို စာရင်းကောက်ယူကာ အမျိုးအစားခွဲခြားပြီး ရှင်းလင်းထားသော မြေပြင်ပေါ်တွင် နေရာချထားလိုက်ကြ၏။

ကျောက်လင်မှာ အနီးရှိ သစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်ပေါ်တွင် တစ်ယောက်တည်း လှဲလျောင်းနေရင်း ချင်းဟိုင်က ရတနာများ ရေတွက်သည်ကို စောင့်ဆိုင်းနေသည်။

ထိုအချိန်တွင် ချင်းဟိုင်က လက်ထဲ၌ အနီရောင် စာရင်းမှတ်တမ်းစာအုပ်ကို ကိုင်ဆောင်လျက် သစ်ပင်ဆီ လျှောက်လာသည်။

“ညီလေး... စာရင်းကောက်ယူတာ ပြီးပါပြီ... အောက်ကို ဆင်းလာခဲ့ပါဦး... ငါတို့ ဆွေးနွေးကြရအောင်..."

ချင်းဟိုင်က ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

ကျောက်လင်က ချက်ချင်း မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်၏။

“ညီလေး... ရေတွက်တာ ပြီးပါပြီ... အဲ့တာကတော့..."

ချင်းဟိုင်က စာသားများကို စာရင်းအတိုင်း ဖတ်ပြရန် ပြင်လေသည်။

ကျောက်လင်က ချက်ချင်းပင် တားမြစ်လိုက်၏။

"ဒီဂဏန်းတွေကို ကျွန်တော့်ကို မဖတ်ပြပါနဲ့တော့... ကျွန်တော့်မှာ အချိန်မရှိဘူး..."

"စုစုပေါင်း ဈေးနှုန်းကိုပဲ ပြောလိုက်ပါ..."

ကျောက်လင်မှာ ပစ္စည်းစာရင်းတစ်ခုလုံးကို ဖတ်ပြသည်ကို နားထောင်ရန် သည်းခံစိတ် မရှိတော့ချေ။

မည်သို့ပင်ဖြစ်စေ ဤရတနာများမှာ အကုန်လုံး လုယက်ထားခြင်းဖြစ်ရာ အလကားရသည့် ပစ္စည်းများသာ ဖြစ်သည်။ မည်သည့်ဈေးနှုန်းဖြင့် ရောင်းရစေကာမူ အမြတ်ချည်းပင်ဖြစ်သည်။

ရွှမ်ယွမ်ဇီက ယွီရွှေခရိုင်ရှိ ချင်းပေါင်စံအိမ်ကို စီမံခန့်ခွဲနေပြီး သူမမှာ ကျောက်လင်၏ မိန်းမ ဖြစ်လာမည်မှာ မကြာမီပင် ဖြစ်သည်။

ဈေးနှုန်း မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ အကုန်လုံးမှာ မိသားစုဝင်များသာဖြစ်ကြရာ ကျောက်လင်က ဂရုမစိုက်ချေ။

ငွေပြား (၆၀၀,၀၀၀) ကို ရရှိပြီးဖြစ်ရာ ကျောက်လင်မှာ ဈေးဆစ်ခြင်းဖြင့် အချိန်ဖြုန်းချင်စိတ် မရှိတော့ပေ။

ဈေးနှုန်းတစ်ခုတည်းသာ ဖြစ်ရမည်။

ချင်းဟိုင်မှာ ကျောက်လင်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။ ကျောက်လင်မှာ ဤမျှလောက်ပင် ရက်ရောလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ထားခဲ့ချေ။

"ကောင်းပါပြီ ညီလေးကျောက်... ညီလေးက တကယ့်ကို ပွင့်လင်းသူပါပဲ... ဒါကြောင့် ငါ ချင်းဟိုင်လည်း ကပ်စေးမနည်းရဘူးပေါ့..."

"ရေတွက်ထားတဲ့ စာရင်းအရ ငါတို့ အဖွဲ့တွေနဲ့ တွက်ချက်လိုက်တာ စုစုပေါင်း ငွေပြား (၃၉၀,၀၀၀) ကျော် ဖိုးရှိပါတယ်..."

“ငါ ငွေပြား (၄၀၀,၀၀၀) နဲ့ ဈေးဖြတ်ပေးလိုက်မယ်..."

ချင်းဟိုင်က ချက်ချင်း ပြန်ပြောလိုက်သည်။

စဉ်းစားခြင်းပင် မပြုဘဲ ကျောက်လင်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။

"ကောင်းပြီ... ငွေပြား (၄၀၀,၀၀၀) ပေါ့..."

ယခုအခါ ကျောက်လင်တွင် ငွေပြား တစ်သန်း ရှိသွားပြီ ဖြစ်သည်။

"ညီလေးကျောက်... ငါ့လက်ထဲမှာ အဲ့လောက်အထိ ငွေသား မရှိသေးဘူး...ငါ့မှာ ငွေစက္ကူ (၁၀၀,၀၀၀) တန်ပဲ ပါလာတယ်..."

"ဒီလိုလုပ်မယ်... ငွေစက္ကူ (၁၀၀,၀၀၀) ကို အရင်ပေးမယ်... ကျန်တဲ့ငွေအတွက် ငါ အကြွေးစာချုပ် ရေးပေးခဲ့မယ်... ညီလေး မင်ချွမ်မြို့ကို ရောက်လာတဲ့အခါ ဒီစာချုပ်ကို ယူလာခဲ့ပါ... ငါ ကျန်တဲ့ ငွေပြား (၃၀၀,၀၀၀) တန် ငွေစက္ကူကို ဖြည့်ပေးလိုက်မယ်..."

ချင်းဟိုင်က ပြုံး၍ ပြောလိုက်သည်။

"ရပါတယ်..."

ကျောက်လင်က ဤအချက်ကို နားလည်နိုင်ပါသည်။

မည်သည့်ကုန်သည်ကများ ငွေပြား (၄၀၀,၀၀၀) ကို ကိုယ်တိုင် သယ်ဆောင်သွားမည်နည်း။ ပထမအချက်မှာ အလွန်ပင် ခက်ခဲလွန်းပြီး ဒုတိယအချက်မှာ လူဆိုးများ၏ လုယက်ခြင်းကို ခံရမည်ကို စိုးရိမ်ရပေမည်။

ထို့ကြောင့် ကုန်သည်အဖွဲ့များသည် ခရီးသွားသောအခါ ငွေစက္ကူများကိုသာ အမြဲတမ်း သယ်ဆောင်လေ့ ရှိကြသည်။

ငွေစက္ကူများကို တာ့ချန်ငွေလဲဌာနတွင် ငွေပြားများဖြင့် လဲလှယ်နိုင်သည်။

ကျောက်လင်က ငွေစက္ကူ (၁၀၀,၀၀၀) တန်နှင့် အသစ်ရေးသားထားသော အကြွေးစာချုပ်ကို လက်ခံယူပြီးနောက် သစ်တောထဲမှ ချက်ချင်း ထွက်ခွာကာ မြင်းကို အမြန်ဆုံး မောင်းနှင်၍ ထွက်ခွာသွားတော့သည်။

"တကယ့်ကို သဘောကောင်းတဲ့ လူပါပဲ..."

"သူက ငါ ချင်းဟိုင်အတွက်တော့ တကယ့်ကို ကျေးဇူးရှင်ပါပဲ..."

ချင်းဟိုင်က ကျောက်လင် ထွက်ခွာသွားသည်ကိုကြည့်ရင်း အလွန်ပင် ကျေးဇူးတင်မိနေသည်။

ကျောက်လင်သည် ငွေစက္ကူများနှင့် အကြွေးစာချုပ်များကို သူ၏ စနစ်နေရာလွတ်ထဲသို့ ထည့်လိုက်ပြီး မြင်းကို အပြင်းမောင်းကာ ညနေစောင်း၌ ရှရွှယ်ချန်တောင်ခြေသို့ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိသွား၏။

ယွီဝမ်ချန်နှင့် အခြားအမျိုးသမီး (၅၀) ကို ထင်းရှူးနက်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပြီးနောက် ယောင်ဟွိုင်တောက်၊ ရှုံ့တာကျွမ်းနှင့် အခြား အမျိုးသား (၆) ဦးမှာ သူတို့၏ တပ်စခန်းသို့ အမြန်ပြန်လာကြသည်။ သူတို့သည် စိတ်ပူစွာဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် ကြည့်နေခဲ့ကြသည်။

ထိုအချိန်တွင် အမျိုးသား (၆) ဦးမှာ ကျောက်လင်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မြင်းစီးလာကာ နှုတ်ဆက်ကြသည်။

"ကျောက်လင်... ငါတို့ အဲ့ဒီမိန်းမတွေကို ပြန်ပို့ပြီးပါပြီ..."

ရှုံ့တာကျွမ်းက အရင်ရောက်လာပြီး သတင်းကို ချက်ချင်း အစီရင်ခံလိုက်သည်။

ကျောက်လင်က ခေါင်းညိတ်ကာ ပြုံးလိုက်၏။

"ညီအစ်ကိုတို့... အဓိက ဓားပြဂိုဏ်းကြီးတွေရဲ့ စခန်းတွေကို အကုန် ရှင်းလင်းပြီးပါပြီ... မနက်ဖြန်မှာတော့ ရှင်းလင်းရေးပဲ ရှိတော့မှာပါ..."

"နှစ်ရက်အတွင်းမှာပဲ ငါတို့ ထင်းရှူးနက်ကျေးရွာကို ပြန်သွားနိုင်တော့မှာပါ..."

"ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ လူတိုင်းက ဓားပြစခန်းတွေကနေ ရိက္ခာတွေကို ရမ်းကားစွာ ရိတ်သိမ်း၊ ရောင်းချပြီးတော့ ဒုက္ခသည်အချို့ကို ဝယ်ယူခဲ့ကြတယ်..."

"ဒီနေ့ကစပြီး မင်းတို့ ကိုယ်တိုင် လယ်လုပ်စရာ မလိုတော့ဘူး..."

ယောင်ဟွိုင်တောက်နှင့် အခြား (၆) ဦးမှာ ဝမ်းသာစွာ ခေါင်းညိတ်လိုက်ကြသည်။

"ပြီးတော့... ထင်းရှူးနက်ကျေးရွာကို ပြန်ရောက်ရင် မင်းတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ပေးဖို့ ငါ ကူညီပေးမယ်... မင်းတို့ အားလုံး ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်အထိ ဖောက်ထွက်ဖို့ လိုတယ်..."

ကျောက်လင်တွင် ယခုအခါ ငွေပြားတစ်သန်းရှိနေပြီဖြစ်ရာ စနစ်ဈေးဆိုင်မှ အချို့သော အဂ္ဂိရတ်ဆေးလုံးများကို ဝယ်ယူရန် အသုံးပြုနိုင်ပြီ ဖြစ်သည်။

ကျောက်လင်မှာ သူ့ကို အမြဲတမ်း နောက်ပါခဲ့ကြသည့် ဤသစ္စာရှိသော အဖော် (၆) ဦးကို သဘာဝအတိုင်းပင် အထူး ဂရုစိုက်ပေးခြင်း ဖြစ်သည်။

All Chapters