← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) - မဟာအရှင်သခင်သုံးပါး တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်း

လီရွှန်ကျိုးက သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်ပြီး ငရဲမျက်စိရှိရာ နေရာကို ကျိုးရီအား ပြောပြလိုက်သည်။

ငရဲမျက်စိ၏ တည်နေရာကို ရရှိပြီးနောက် ကျိုးရီသည် နှုတ်ဆက်ထွက်ခွာရန် မတ်တပ်ရပ်လိုက်သည်။

လီရွှန်ကျိုးက လှောင်ပြောင်သည့်အပြုံးဖြင့် စကားဆိုလာသည်။

“ကောင်လေး၊ မင်း တော်တော်မြန်တာပဲ။ သဲလွန်စရတာနဲ့ ချက်ချင်း ထွက်ပြေးချင်နေပြီလား။ အပြင်မှာ မင်းကို စောင့်နေတဲ့သူတွေ ရှိတယ်နော်”

သူက ဓားအင်မော်တယ်ဇောင်၊ ဓားနတ်ဘုရားလင်းနှင့် အခြားသူများကို ဆိုလိုနေကြောင်း ကျိုးရီ သိထားသည်။

ထိုလူများ၏ အငွေ့အသက်များကို သူ အလွယ်တကူ အာရုံခံနိုင်ပေသည်။

ထိုလူများ၏ အငွေ့အသက်များမှာ အလွန် အားကောင်းလှသည်။ သူတို့သည် မဟာအရှင်သခင်အဆင့်သို့ မရောက်ရှိသေးသော်လည်း အားလုံးမှာ မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ် အဆင့်ရှိသူများဖြစ်ကြပြီး လင်းယွမ်နတ်သမီးထက် အားနည်းခြင်း မရှိချေ။

“မင်းရဲ့ ခွန်အားနဲ့ဆိုရင် သူတို့က မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ပေမယ့် သူတို့ရဲ့ နောက်ကွယ်မှာ စန်းရွှေမဟာအရှင်သခင်နဲ့ သွေးဖီးနစ်နတ်ဘုရားနန်းတော်က ဘိုးဘေး လုစန်းထျန်းတို့ ရှိနေတယ်”

“ဒီတစ်ခါ မင်းရဲ့ ခရီးစဉ်က နည်းနည်း အလျင်စလိုနိုင်လွန်းတယ်။ အဲဒီနှစ်ယောက်ရဲ့ ခွန်အားက ထူးခြားလွန်းတယ်။ သူတို့နှစ်ယောက်လုံးက လွန်ခဲ့တဲ့ နှစ်ရာချီကတည်းက မဟာအရှင်သခင်အဆင့်ကို ဝင်ရောက်နိုင်ခဲ့တဲ့သူတွေပဲ"

“ငါတောင် သူတို့ကို ခုခံရုံပဲ တတ်နိုင်ပြီး အနိုင်ရဖို့ မသေချာဘူး၊ သူတို့သာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာရင် မင်း သေချာပေါက် သေရလိမ့်မယ်”

“မင်းမှာ တန်ပြန်တိုက်ခိုက်မယ့် အစီအစဉ် မရှိဘူးဆိုရင် ငရဲမျက်စိကနေ ဘေးကင်းကင်း ပြန်ရောက်လာရင်တောင် နောက်ပိုင်းမှာ မင်းအသက်အတွက် ခြိမ်းခြောက်မှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်”

ကျိုးရီ၏ မျက်နှာအမူအရာက ဂရုမစိုက်ကြောင်း ဖော်ပြနေသည်။

‘ဘာလုပ်ရမှာလဲ၊ ထုံးစံအတိုင်းပဲ နည်းလမ်းဟောင်းကို သုံးရမှာပေါ့'

‘နိုင်ရင် တိုက်မယ်၊ မနိုင်ရင် ပြေးမယ်လေ'

သူက သီရိချောက်နက်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်ပြီး အခြားသူများကမူ သူကဲ့သို့ မလုပ်နိုင်ကြပေ။

‘ဘာကို ကြောက်စရာလိုသေးလို့လဲ'

သို့သော် လီရွှန်ကျိုး၏ စေတနာကို ကျိုးရီက ကျေးဇူးတင်စကား ဆိုလိုက်သေးသည်။

“စီနီယာလီရဲ့ အကြံဉာဏ်တွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဂျူနီယာ့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိပါတယ်။ ဒါက ဒီတစ်ခါ သတင်းအချက်အလက်အတွက်ပါ”

စကားဆုံးသည်နှင့် ကျိုးရီသည် သူ သန့်စင်ထားသော အရည်အသွေးမြင့်ဆေးလုံးများ ပါဝင်သည့် ကြွေပုလင်းတစ်လုံးကို ပစ်ပေးလိုက်သည်။

ပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားလေ၏။

လီရွှန်ကျိုး ခေတ္တမျှ မှင်တက်သွားပြီးနောက် ငိုရခက် ရယ်ရခက်ဖြစ်ကာ ခေါင်းခါယမ်းလိုက်သည်။

“ဒီကောင်လေး၊ ငါက ဒီဆေးလုံးနည်းနည်းလေးကို လိုနေတဲ့ပုံ ပေါက်လို့လား”

သို့သော် သူ ကြွေပုလင်းကို ဖွင့်လိုက်သောအခါ မျက်၀န်းများ ချက်ချင်း ကျုံ့ဝင်သွားတော့သည်။

“ကျစ်... ဒီဆေးလုံးရဲ့ အဆင့်အတန်းက တကယ်ပဲ ဒီလောက်တောင် မြင့်နေတာလား”

ချီယန်ခွန်းဧည့်ရိပ်သာ၏ အပြင်ဘက် မိုင်တစ်ထောင်အကွာတွင် ဓားအင်မော်တယ်ဇောင်၊ ဓားနတ်ဘုရားလင်းနှင့် အခြားသူများသည် ကောင်းကင်ထက်တွင် မတ်တပ်ရပ်လျက် အောက်ဘက်ရှိ ချီယန်ခွန်းဧည့်ရိပ်သာကို စိုက်ကြည့်နေကြသည်။

သူတို့၏ စိတ်စွမ်းအားများဖြင့် ထိုနေရာကို စစ်ဆေးနေရာ ပြေးထွက်လာသူ မည်သူမဆို သူတို့၏ အာရုံထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သူတို့ထဲမှ တစ်ဦးက ချောမွေ့နေသော ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူလိုက်၏။

၎င်းအပေါ်တွင် ကျိုးရီ၏ မျက်နှာကို ရေးဆွဲထားသည်။

“အဲဒီကောင်လေးကို စမြင်လိုက်ကတည်းက ငါတို့ရှာနေတဲ့လူ ဖြစ်နိုင်တယ်လို့ ငါ ခန့်မှန်းမိတယ်။ သီရိချောက်နက်ရဲ့ ကြောက်မက်ဖွယ်ဂုဏ်သတင်းကို လူတိုင်း သိကြတယ်”

“အဲ့တာကြောင့် ဝင်လာတဲ့သူဆိုတာ အရမ်းရှားတယ်။ သူက သူစိမ်းတစ်ယောက်ပဲ၊ သူကလွဲလို့ တခြားဘယ်သူကများ ကျားအမြးကို သွားဆွဲရဲမှာလဲ”

“ခုနက ချီယန်ခွန်းဧည့်ရိပ်သာမှာ န၀မမဟာအရှင်သခင်က သူ့ကို ကာကွယ်ပေးလိုက်လို့ အသက်ရှူချောင်သွားတာ။ ဒါပေမယ့် ချီယန်ခွန်းဧည့်ရိပ်သာကနေ ထွက်လာတာနဲ့ သူ သွားစရာလမ်း ရှိတော့မှာ မဟုတ်ဘူး"

“ငါတို့ ဒီကနေ စောင့်နေရုံပဲ။ သူ ထွက်လာတာနဲ့ ချက်ချင်းဖမ်းကြတာပေါ့။ စန်းရွှေမဟာအရှင်သခင်ဆီ အပ်ကြမယ်”

သူတို့ စကားပြောနေကြစဉ်မှာပင် ချီယန်ခွန်းဧည့်ရိပ်သာမှ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်ကြသည်။

“သူပဲ။ အဲဒီကောင်လေးပဲ”

ထိုလူစုမှာ စိတ်လှုပ်ရှားသွားကြသော်လည်း ခဏအကြာတွင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြသည်။

“ထူးဆန်းတယ်၊ သူက ဘာလို့ ငါတို့ဆီ တည့်တည့်ကြီး ပြေးလာနေတာလဲ”

“ဒါလည်းကောင်းတာပဲ၊ သူကိုယ်တိုင် ငါတို့တံခါးဝအထိ လာပို့ပေးနေတာပဲ၊ ငါတို့ လိုက်ဖမ်းနေစရာ မလိုတော့တာပေါ့”

“ညီအစ်ကိုတို့... ဒီကောင်ရဲ့ ခွေးခေါင်းကို ငါယူလိုက်မယ်။ ဆုလာဘ်ထုတ်ယူတဲ့အခါ ပထမဆုံး အကျိုးဆောင်သူက ငါပဲ”

“အိပ်မက်မက်နေလိုက်။ ဒီအဘိုးကြီး ရှိနေသရွေ့ ဒီကောင်ရဲ့ ခေါင်းက ငါပိုင်တာပဲ”

လူစုမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး အောက်ဘက်ရှိ ကျိုးရီထံသို့ အလုအယက် တဟုန်ထိုး ပြေးဝင်သွားကြ၏။ မည်သူကမျှ အခြားသူထက် နောက်မကျချင်ကြပေ။

သို့သော် သူတို့ မြန်ဆန်သော်ငြား ကျိုးရီက သူတို့ထက် ပိုမြန်နေပေသည်။

မျက်တောင်တစ်ခတ်အတွင်း ကျိုးရီက ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

အရှေ့ဆုံးမှ လာသော ဓားအင်မော်တယ်ဇောင်သည် လက်မြှောက်ကာ မီတာတစ်သောင်း ရှည်လျားသော ဓားအလင်းတန်း ခြောက်ခုကို ထုတ်လွှတ်တိုက်ခိုက်လိုက်သည်။

ကျိုးရီက ဓားအလင်းတန်းများကို ကျဆင်းခွင့် ပြုထားသော်လည်း ထိုဓားအလင်းတန်းများမှာ သူ့

ခန္ဓာကိုယ်နှင့် မီတာတစ်သောင်း အကွာတွင် တိုက်ရိုက် ပေါက်ကွဲထွက်သွားတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

ဓားအလင်းတန်းများက သူ၏ စွမ်းအင်စက်ကွင်းနှင့် ထိတွေ့ကာ အလိုအလျောက် ပေါက်ကွဲသွားခြင်းဖြစ်သည်။

ဓားအင်မော်တယ်ဇောင်၏ ရင်ထဲတွင် လေးလံသွားပြီး မကောင်းသောနိမိတ်ကို ခံစားလိုက်ရသည်။

သူသည် ခြေလှမ်း၀က် မဟာအရှင်သခင်အဆင့် ကျင့်ကြံသူဖြစ်သည်။

ခွန်အား ကြီးမားလေလေ၊ ဓားအလင်းတန်းက ပြိုင်ဘက်၏ စွမ်းအင်စက်ကွင်းကို ထိုးဖောက်နိုင်လေလေဖြစ်ပြီး ပြိုင်ဘက်၏ ခန္ဓာကိုယ်နှင့် ဖျက်ဆီးနိုင်စွမ်း အားကောင်းလေလေဖြစ်သည်။

‘ဒါပေမဲ့ ခုနက ဘာလို့ မီတာတစ်သောင်း အကွာမှာတင် ပေါက်ကွဲသွားရတာလဲ'

သူ အဖြေရှာမရသေးမီမှာပင် ကျိုးရီက ဖုန်လုံးများကြားမှ ပြေးထွက်လာပြီး သားကောင်ကို ဖမ်းဆီးတော့မည့် နဂါးတစ်ကောင်ပမာ လက်ဝါးကြီးကို ဆန့်ထုတ်ကာ သူ့လည်ပင်းကို ချက်ချင်း ညှစ်လိုက်သည်။

ဤအခိုက်အတန့်တွင် ဓားအင်မော်တယ်ဇောင်၏ မျက်၀န်းများ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ အေးစက်သွားကာ ခန္ဓာကိုယ်ရှိ အမွေးအမျှင်များအားလုံး ထောင်တက်သွားတော့သည်။

ပြင်းထန်လွန်းသော အသက်အန္တရာယ် ခြိမ်းခြောက်မှုကို သူ ခံစားလိုက်ရသည်။

သူ မတုံ့ပြန်နိုင်မီမှာပင် ကျိုးရီက သူ့လည်ပင်းကို ချေမွပစ်လိုက်ပြီး ကျောရိုးကို ဆွဲထုတ်လိုက်လေသည်။

ရွှေရောင်သွေးများ ကောင်းကင်အနှံ့ ပြန့်ကျဲသွားပြီး ကြယ်များပမာ တောက်ပနေတော့သည်။

ချက်ချင်း သတ်ဖြတ်လိုက်ခြင်းပင်။

အခြားသူများ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားကြပြီး သူတို့၏ မူလဝိညာဉ်များပင် အပြင်းအထန် တုန်လှုပ်သွားကြသည်။

“မဟာအရှင်သခင်... သူက မဟာအရှင်သခင်တစ်ပါးပဲ”

“အား... မြန်မြန်ဆုတ်ကြ”

လူတိုင်းသည် အစွမ်းကုန်ဆုတ်ခွာရန် ကြိုးစားနေကြပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အနည်းငယ်မျှပင် ချန်လှပ်မထားဘဲ အစွမ်းကုန် ထွက်ပြေးကြတော့သည်။

အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ခြေလှမ်းဝက် မဟာအရှင်သခင်အဆင့် ကျင့်ကြံသူပင်လျှင် ပေါ့ပေါ့ဆဆ မနေရဲတော့ချေ။

သို့သော် ကံမကောင်းစွာဖြင့် သူတို့ ကျိုးရီအပေါ် သတ်ဖြတ်လိုစိတ်ရှိသည့် အချိန်ကတည်းက သူတို့သည် ကျိုးရီ၏ မဖြစ်မနေသတ်ရမည့် စာရင်းထဲသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ပြီးတော့ ကျိုးရီ၏ မဖြစ်မနေသတ်ရမည့် စာရင်းထဲ ရောက်နေသူ မည်သူမဆို အသက်ရှင်ခွင့် ရမည်မဟုတ်ပေ။

ကျိုးရီသည် လေဟုန်စီးကာ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် လူအချို့၏ဘေးမှ ဖြတ်သန်းသွားသည်။

ထိုလူစုမှာ အော်သံများနှင့်အတူ သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားကြပြီးနောက် ကျိုးရီ၏ စုပ်ယူခြင်းကို ခံလိုက်ကြရသည်။

ကျိုးရီ၏ ပုံရိပ် ပျောက်ကွယ်သွားသောအခါ အဝေးမှ စောင့်ကြည့်နေသော လီရွှန်ကျိုးမှာ ခေါင်းမခါဘဲ မနေနိုင်တော့ချေ။

“ဒီကောင်လေးက သိပ်ကို ထက်မြက်လွန်းတယ်။ ငါ ငယ်ငယ်တုန်းကနဲ့ အတော်ကွာတယ်၊ သိုသိုသိပ်သိပ် နေရမယ်ဆိုတဲ့မူကို သူ နားမလည်ဘူး၊ အားနည်းနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး အချိန်ကောင်းကို စောင့်ရမယ်ဆိုတာ သူ မသိသေးဘူး”

“ရိက္ခာတွေကို ကြိုစုဆောင်းထားပြီး ဘုရင်ဖြစ်ကြောင်း မထုတ်ဖော်ပြတာက တိုးတက်လာဖို့အတွက် အကောင်းဆုံး နည်းဗျူဟာပဲ”

သူ ခေတ္တရပ်နားပြီးနောက် ဆက်ပြောလာသည်။

“အခုတော့ စန်းရွှေနဲ့ လုစန်းထျန်းဆိုတဲ့ အဘိုးကြီးနှစ်ယောက်က ပိုပြီးတောင် ဒေါသထွက်နေကြလောက်”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

“သူတို့ ဒီလောက်မြန်မြန် ရောက်လာကြတာလား”

နောက်တစ်စက္ကန့်တွင် အလွန်အမင်း အစွမ်းထက်လှသော အငွေ့အသက်နှစ်ခုက ချီယန်ခွန်းဧည့်ရိပ်သာ တစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။

“ကောင်လေး ရွှန်ကျိုး... အခုချက်ချင်း အပြင်ထွက်မလာဘူးလား”

လီရွှန်ကျိုး ခါးသီးစွာ ပြုံးလိုက်ပြီး အချိန်မဆွဲရဲတော့ဘဲ ကောင်းကင်ယံသို့ ချက်ချင်း ရောက်ရှိသွားသည်။

မှောင်မိုက်သော ညဥ့်ယံတွင် အလင်းရောင်များ ထုတ်လွှတ်နေသော လူရိပ်နှစ်ခုက နတ်ဘုရားနှစ်ပါးပမာ လေဟာနယ်ကို ခွဲကာ ရောက်ရှိလာကြသည်။

သူတို့အထဲမှ တစ်ဦးမှာ တကယ့်ကို လှပလွန်းသော အမျိုးသားတစ်ဦးဖြစ်ပြီး သူ့တစ်ကိုယ်လုံးမှ မီးတောက်တစ်ခုပမာ နီရဲရဲ အလင်းရောင်များ ဖြာထွက်နေကာ အလင်းရောင်၏ ပုံသဏ္ဌာန်မှာ မီးလျှံဖီးနစ်တစ်ကောင်နှင့် တူညီနေသည်။

အခြားတစ်ဦးမှာမူ ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး အင်မော်တယ်တစ်ပါး၏ အငွေ့အသက်မျိုး ထွက်ပေါ်နေသော်လည်း သူ့ကိုယ်ပေါ်တွင် မကောင်းဆိုးဝါး အငွေ့အသက်များလည်း ရှိနေသည်။

ဖြောင့်မတ်ခြင်းနှင့် ဆိုးယုတ်ခြင်းကြားတွင် ခရမ်းရောင်နှင့် အစိမ်းရင့်ရောင် အလင်းများ ရောနှောနေပြီး အမည်းရောင် နည်းနည်းပင် ပါဝင်နေကာ ထိတ်လန့်စရာ ကောင်းနေတော့သည်။

ထိုနှစ်ဦး ပေါ်လာသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်ပင် မေးမြန်းလာကြသည်။

“ကောင်လေး ရွှန်ကျိုး... အဲဒီကောင်လေး မင်းဆီရောက်လာသေးလား”

“ငြင်းဖို့ မကြိုးစားနဲ့။ ဇောင်ဝူကျီတို့အုပ်စု ခုလေးတင် ဒီနေရာမှာ အသတ်ခံလိုက်ရတာ၊ မင်း သူတို့ကို သတ်လိုက်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်”

လီရွှန်ကျိုး၏ မျက်နှာအမူအရာမှာ ခါးသီးနေသည်။ သူ စကားမပြောရသေးမီမှာပင် အဝေးတစ်နေရာမှ အခြားသော အမည်းရောင်ချီစွမ်းအင် တစ်ခုက တစ္ဆေ ငိုကြွေးသံများ၊ ဝံပုလွေ အူသံများနှင့်အတူ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။

အမည်းရောင်ချီစွမ်းအင်များက နဂါးနက်တစ်ကောင်ပမာ တဝီဝီမြည်သံများ ထွက်ပေါ်လျက်ရှိသည်။

“ခွေးကောင်လေး၊ ဒီပလ္လင်အရှင်သခင်ရဲ့ တစ္ဆေအစီအရင်ကို မင်းက ဖျက်ဆီးရဲတယ်ပေါ့၊ ထွက်လာပြီး အသေခံစမ်း”

All Chapters