← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) - နယ်မြေနတ်ဘုရား

“ဒါက အသေးအမွှားလေးပါ”

‘ငါထင်တဲ့အတိုင်းပဲ’

ထိုစကားကို ကြားသောအခါ ဤကိစ္စသည် ကျိုးရီနှင့် သက်ဆိုင်နေကြောင်း လီရွှန်ကျိုး အတည်ပြုလိုက်နိုင်သည်။

ယခင်က ပြဿနာရှာရန် သွေးဖီးနစ်နတ်ဘုရားနန်းတော်၏ နာမည်ကို အသုံးပြုခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

‘အပြင်ဘက်မှာကတည်းက သူတို့နဲ့ ရန်ငြိုး ရှိနေခဲ့တာကိုး'

‘ဒီလူက အရမ်းအငြိုးကြီးလွန်းတယ်၊ သူ့ကို ဘယ်တော့မှ သွားဆွမိလို့မဖြစ်ဘူး၊ မဟုတ်ရင် ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး'

ကျိုးရီသည် ထိုအရာများကို ဂရုစိုက်နေရန်အထိ စိတ်မဝင်စားပေ။

ဝါရင့်မဟာအရှင်သခင်သုံးပါး၏ မှတ်ဉာဏ်များကို စုပ်ယူလိုက်ရသဖြင့် ဤလောကနှင့် ပတ်သက်သော ကျိုးရီ၏ အသိဉာဏ်များ ပိုမို နက်ရှိုင်းလာခဲ့သည်။

ယခုအခါ သာမန်လူများမသိသော အရာများကို သူ သိလာခဲ့ပြီး အဆင့်တက်လာကာစ မဟာအရှင်သခင်အများအပြား မသိသော အရာများကိုပါ သိလာခဲ့သည်။

လက်ရှိလောကတွင် မဟာအရှင်သခင်အဆင့်သည် အစွမ်းအထက်ဆုံးမဟုတ်ပေ။

အထက်တွင် နယ်မြေနတ်ဘုရား ဟုခေါ်သော နောက်ထပ်အဆင့်တစ်ခု ရှိနေသေးသည်။

နယ်မြေနတ်ဘုရားဆိုသည်မှာ ဤလောကအပြင် အခြားလောကများကိုပါ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်သော ထိပ်တန်းအဆင့် ဖြစ်လေသည်။

တစ်နည်းဆိုရလျှင် ထိုအဆင့်သို့ ရောက်ရှိသွားသည့်သူတိုင်း လက်ရှိလောက၏ ကန့်သတ်ချက်များနှင့် ချည်နှောင်ခံရတော့မည် မဟုတ်ပေ။

ပိုမို မြင့်မားသော တာအိုကို ရှာဖွေရန်အတွက် အခြားလောကများသို့ သွားရောက်နိုင်ပေသည်။

သို့သော် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်လာရုံဖြင့် အခြားလောကများသို့ အလွယ်တကူ ဝင်ရောက်နိုင်မည်ဟု မဆိုလိုပေ။

အဘယ်ကြောင့်ဆိုသော် နယ်မြေနတ်ဘုရား တစ်ပါးသည် စွမ်းအားကြီးမားပြီး လက်ရှိလောကတွင် အထွတ်အထိပ် တည်ရှိမှုတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ပိုအဆင့်မြင့်သော နယ်မြေများသို့ ရောက်ရှိသွားသောအခါ ဤအားသာချက် ရှိနေတော့မည် မဟုတ်ပေ။

‘နယ်မြေတစ်ခုမှာ ကမ္ဘာပေါင်းသုံးထောင် ရှိတယ်’ ဟု ဆိုရိုးစကား ရှိသည်မဟုတ်လော။

သို့သော် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်လာပြီးနောက် လက်ရှိလောက၏ အုပ်စိုးသူနေရာကို ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသွားမည်ဖြစ်သည်။

လောကဧကရာဇ်တစ်ပါးသည် လောကကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ခွန်အားများ တိုးတက်စေရန်အတွက် လောကကြီးရှိ အကောင်းဆုံး အရင်းအမြစ်များကို အသုံးပြုနိုင်လေသည်။

လောကဧကရာဇ်တစ်ပါး၏ ခွန်အားမှာ နယ်မြေနတ်ဘုရားအဆင့်အတွင်း၌သာ ရှိနေသေးသော်လည်း သာမန် နယ်မြေနတ်ဘုရားများထက် များစွာ သာလွန်နေပေသည်။

လောကဧကရာဇ်တစ်ပါး ဖြစ်လာခြင်းက အကျိုးအမြတ်ချည်းရနေခြင်းတော့ မဟုတ်ပေ။

အကယ်၍ လက်ရှိလောကသည် တစ်စုံတစ်ရာ၏ တိုက်ခိုက်မှုကို ခံရပါက လောကဧကရာဇ်သည်လည်း တန်းတူခံစားရမည်ဖြစ်သည်။

အကယ်၍ လောကကြီး ပျက်စီးသွားပါက လောကဧကရာဇ်သည်လည်း ၎င်းနှင့်အတူ ပျက်စီးသွားမည်ဖြစ်သည်။

ဤသည်မှာ လောကဧရာဇ်တစ်ပါး ဖြစ်ရခြင်း၏ ပေးဆပ်ရမှုပင်။

ထိုကဲ့သို့သော တည်ရှိမှုမျိုးသည် လက်ရှိလောကနှင့် တစ်သားတည်း ပေါင်းစပ်သွားခြင်းပင်။

ကျိုးရီသည် လောကဧရာဇ်တစ်ပါး ဖြစ်လာရန် မလိုလားသော်လည်း နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ရည်ရွယ်ထားပေသည်။

နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်မှသာ အဆင့်မြင့်တာအိုများကို သူ ရှာဖွေနိုင်ပေမည်။

သို့သော် နယ်မြေနတ်ဘုရားအဆင့်ကို ရောက်ရှိရန်မှာ ထိုမျှ မလွယ်ကူလှပေ။

မဟာအရှင်သခင်အဆင့်မတိုင်မီနှင့် ကျင့်ကြံခြင်း နည်းလမ်းများမှာ အဓိကအားဖြင့် သိုင်းတာအိုနှင့် နတ်ဘုရားစွမ်းရည်များအပေါ်တွင် အခြေခံထားသည်။

သို့သော် နယ်မြေနတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ဝင်ရောက်ရန်မှ ဉာဏ်အလင်းပွင့်ခြင်းအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေပေသည်။

ဦးစွာ ဘဝ၏ မတည်မြဲ‌သော အခြေအနေများကို နားလည်သဘောပေါက်ရန်လိုအပ်‌ပေသည်။

ထို့နောက် ကောင်းကင်နှင့်မြေကြီး၏ ဘုံနိယာမများကို စုဆောင်းရမည်ဖြစ်ပြီး အဆုံးတွင် ဉာဏ်အလင်းပွင့်ခြင်းမှတစ်ဆင့် နတ်ဘုရားအဖြစ်သို့ ကူးပြောင်းရပေမည်။

ဤသည်မှာ အလွန်အမင်း နက်နဲလှသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံး၌ အမှန်တကယ် အောင်မြင်ခဲ့သူများမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှပေသည်။

မဟာကမ္ဘာ၏အောက်တွင် နတ်ဘုရားမင်းဆက်များ ရှိပြီး ၎င်းတို့အောက်တွင် နတ်ဘုရားနန်းတော်များ ရှိကာ နတ်ဘုရားနန်းတော်များ၏အောက်တွင် ဂိုဏ်းပေါင်းများစွာ ရှိနေလေသည်။

လူဦးရေမှာ ရေတွက်၍ မရနိုင်လောက်အောင် များပြားလွန်းသော်လည်း နယ်မြေနတ်ဘုရား ဖြစ်လာနိုင်သူများမှာမူ လက်နှစ်ဖက်ဖြင့် ရေတွက်၍ ရနိုင်လောက်ပေသည်။

နယ်မြေနတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ဝင်ရောက်ရန် သော့ချက်ကို သေချာနားလည်သဘောပေါက်နိုင်မည့် နေရာတစ်ခုကို သူ ရှာဖွေရန် လိုအပ်ပေသည်။

သူတို့ ရှေ့ဆက်သွားနေစဉ်မှာပင် တစ်စုံတစ်ယောက် လိုက်ဖမ်းခံနေရသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

“ကျောက်ကျင်းယန်... မင်း ထပ်ပြေးလို့မရတော့ဘူး၊ ကောင်းကင်လျှို့ဝှက်ချက်ပေတံကို အခုချက်ချင်း အပ်စမ်း”

“အိပ်မက်မက်နေလိုက်၊ နတ်ဘုရားနန်းတော်တွေကြားကစစ်ပွဲမှာ ငါ့ရဲ့ ထျန်းကျီဂိုဏ်းက မတော်တဆ ဖျက်ဆီးခံလိုက်ရရင်တောင်မှ နင်တို့က ကောင်းကင်လျှို့ဝှက်ချက်ပေတံကို လုယုလို့မရဘူး”

“နင်တို့ကို ကောင်းကင်နတ်ဘုရားနန်းတော်မှာ တိုင်မယ်”

“ဟီးဟီးဟီး... သွားတိုင်လိုက်လေ၊ ငါတို့ မြင့်မြတ်နဂါးဂိုဏ်းက နတ်ဘုရားနန်းတော်ရဲ့ စစ်ပွဲမှာ အဓိက ပံ့ပိုးပေးခဲ့သူတွေပဲ”

ကောင်းကင်နတ်ဘုရားနန်းတော်က မင်းရဲ့ ထျန်းကျီဂိုဏ်းကို ကူညီမယ်လို့ ထင်လား၊ ဒါမှမဟုတ် ငါတို့ မြင့်မြတ်နဂါးဂိုဏ်းကို ကူညီမယ် ထင်လား”

“အရှက်မရှိတဲ့ကောင်တွေ”

“ကလေးမလေး... မင်း လွတ်လမ်းမရှိတော့ဘူး၊ အခု ထျန်းကျီဂိုဏ်းက မရှိတော့ဘူးဆိုတော့ မြင့်မြတ်နဂါးဂိုဏ်းထဲ ဝင်ပြီး ငါ့မိန်းမ လုပ်လိုက်တာက ပိုမကောင်းဘူးလား"

“ဇိမ်ကျကျနေပြီး ရိုမန်းတစ်ဆန်တဲ့ ညလေးတွေကို အတူတူဖြတ်သန်းရတာ ပိုကောင်းတာပေါ့”

“အိပ်မက်မက်နေလိုက်၊ နင်တို့ အကြံအစည်အတိုင်း လိုက်လုပ်မယ့်အစား သေသွားတာကမှ ပိုကောင်းဦးမယ်”

ကျိုးရီ တစ်ချက်ကြည့်လိုက်ရာ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်းကို အကြမ်းဖျင်း နားလည်သွားသည်။

နတ်ဘုရားနန်းတော်နှစ်ခု ထိပ်တိုက်တွေ့ဆုံကြသောအခါ သူတို့၏ လက်အောက်ခံဂိုဏ်းများ အသေအပျောက်ရှိလာမည်မှာ မလွဲမသွေပင်။

ထျန်းကျီဂိုဏ်းမှာ မတော်တဆ သုတ်သင်ရှင်းလင်းခံလိုက်ရပြီး မြင့်မြတ်နဂါးဂိုဏ်းက သူတို့ဂိုဏ်း၏ ရတနာဖြစ်သော ကောင်းကင်လျှို့ဝှက်ချက်ပေတံကို အင်အားသုံး၍ သိမ်းပိုက်ရန် ကြိုးစားနေခြင်းဖြစ်သည်။

သူ စဉ်းစားနေစဉ်မှာပင် ကျောက်ကျင်းယန်သည် ရန်သူဘက်မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကြောင့် ဒဏ်ရာရသွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ကောင်းကောင်းပြောတာ လက်မခံဘဲ ဖိအားပေးနေတဲ့ ခွေးမ၊ အမှန်အတိုင်း ပြောရရင် ထျန်းကျီဂိုဏ်းကို စစ်မြေပြင်မှာ ငါတို့ မြင့်မြတ်နဂါးဂိုဏ်းက အကွက်ဆင်ခဲ့တာပဲ”

“သွေးဖီးနစ် နတ်ဘုရားနန်းတော်ရဲ့ လက်အောက်ခံဂိုဏ်းတွေ ဝိုင်းတိုက်လာအောင် မင်းတို့ရဲ့ တည်နေရာကို ငါတို့ သတင်းပေးခဲ့တာ”

ဒီနေ့ မင်းသဘောတူတူ၊ မတူတူ ကောင်းကင်လျှို့ဝှက်ချက်ပေတံကို ပေးရမှာပဲ”

“ခွေးတိရစ္ဆာန်ကောင်တွေ၊ နင်တို့ ဖြစ်စေချင်တဲ့အတိုင်း မဖြစ်စေရဘူး၊ ငါ့ကိုယ်ငါ သတ်သေပစ်မယ်”

ခမ်းနားကြီးကျယ်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

ကျောက်ကျင်းယန်သည် ကောင်းကင်လျှို့ဝှက်ချက်ပေတံကို ဖောက်ခွဲပစ်ရန် ကြံစည်နေလေ၏။

“မကောင်းတော့ဘူး”

မြင့်မြတ်နဂါးဂိုဏ်းမှ လူများ၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။

ကောင်းကင်ယံတွင် ကျိုးရီ ခေတ္တမျှ တွေးတောလိုက်သည်။

သူ၏ အတွေးတစ်ချက်ဖြင့် မြင့်မြတ်နဂါးဂိုဏ်းမှ လူအချို့မှာ ချက်ချင်း ပေါက်ကွဲထွက်သွားကြပြီး ကောင်းကင်လျှို့ဝှက်ချက်ပေတံကို အဝေးမှနေ၍ သူ လှမ်းယူလိုက်သည်။

ကျောက်ကျင်းယန်မှာ မှင်တက်သွားပြီး မည်သည့်အရာများ ဖြစ်ပျက်သွားမှန်း နားမလည်သေးခင်မှာပင် ကျိုးရီ၏အသံက ပျံ့လွင့်လာခဲ့သည်။

“မြင့်မြတိနဂါးဂိုဏ်းကို ငါ ဖျက်ဆီးပစ်လိုက်မယ်၊ ကောင်းကင်လျှို့ဝှက်ချက်ပေတံက ငါ့အပိုင်ဖြစ်သွားပြီ”

စကားဆုံးသည်နှင့် သူတို့နှစ်ဦးမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။

ကျောက်ကျင်းယန်မှာ အေးခဲသွားပြီးနောက် သူမ၏ နှလုံးသား အပြင်းအထန် ခုန်ပေါက်လာတော့သည်။

“အဲဒါ ဘယ်လိုကျင့်ကြံသူမျိုးလဲ၊ ဒီလိုမျိုး နည်းလမ်းတွေကိုတောင် ပိုင်ဆိုင်ထားတယ်”

သူမနှင့် သူမကို လိုက်လံဖမ်းဆီးနေသော မြင့်မြတ်နဂါးဂိုဏ်းမှ လူအားလုံးမှာ ခြေလှမ်းဝက် မြေကမ္ဘာအင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော်ငြား ထိုလူအားလုံး အတွေးတစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်လော။

‘ဒီလိုလုပ်နိုင်ဖို့ဆိုတာ မဟာအရှင်သခင်တစ်ပါးပဲ ရမှာမဟုတ်လား'

မည်သို့ပင်ဆိုစေ ထိုလူများကို သူမနှင့်အတူ အသေခံခေါ်သွားရန် ကောင်းကင်လျှို့ဝှက်ချက်ပေတံအား ဖောက်ခွဲပစ်လိုက်ခြင်းထက်စာလျှင် မြင့်မြတ်နဂါးဂိုဏ်းတစ်ခုလုံးကို ဤအရာနှင့် လဲလှယ်လိုက်ရခြင်းက သူမအတွက် အမြတ်ထွက်သော အလဲအလှယ်တစ်ခု ဖြစ်ပေသည်။

“ဂိုဏ်းချုပ်နဲ့ ဂိုဏ်းတူညီအစ်ကို မောင်နှမတို့... အခုတော့ ငြိမ်းငြိမ်းချမ်းချမ်း အနားယူလို့ရပါပြီ”

လီရွှန်ကျိုး ဤမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ရယ်မောလိုက်သည်။

“အရှင်ကျိုးက အလဲအလှယ် ကောင်းကောင်းလုပ်တတ်တာပဲ၊ အဲဒီကောင်းကင်လျှို့ဝှက်ချက်ပေတံက ပစ္စည်းကောင်းတစ်ခုပဲ၊ ဒီလောကအတွင်းက ဘယ်အရာကိုမဆို စူးစမ်းနိုင်တယ်”

“နှမြောစရာတစ်ခုက အဲ့ရတနာရ သက်တမ်းကို စားသုံးတာပဲ။ ဒါပေမယ့် ဒီကျိန်စာကို ချိုးဖျက်ဖို့ သိပ်မခက်ခဲပါဘူး၊ တပည့်နှစ်ယောက်သုံးယောက်လောက် ရှာပြီး သူတို့ရဲ့ သက်တမ်းကို အစားထိုး အသုံးပြုခိုင်းလိုက်ရုံပဲ”

ကျိုးရီသည် သက်တမ်းအတွက် အခြားသူများကို အားကိုးနေရန် မလိုအပ်ပေ။

သူ့တွင် ထာ၀ရအသက် ရှိနေပြီး ကောင်းကင်လျှို့ဝှက်ချက်ပေတံ၏ ဘေးထွက်ဆိုးကျိုးများကို အနည်းငယ်မျှပင် ပူပန်နေစရာ မလိုချေ။

“မြင့်မြတ်နဂါးဂိုဏ်းကို သွားရှင်းဖို့ရာ အချိန်နည်းနည်းလောက် ရှာရမယ်”

“ဟီးဟီး... နားလည်ပါပြီ”

“ဝမ်းသာမနေနဲ့ဦး၊ အခု ခင်ဗျားအိမ်မှာလည်း အခြေအနေ သိပ်မကောင်းဘူးထင်တယ်”

လီရွှန်ကျိုး ဝေခွဲမရ ဖြစ်သွားသော်လည်း ကျိုးရီက ဆက်မပြောတော့ပေ။

တာ့ချန်သို့ ပြန်ရောက်သောအခါ သူ သေချာပေါက် သိရပေလိမ့်မည်။

ကျောက်ကျင်းယန်သည် မူလက တာ့ချန်တွင် ရှိနေခဲ့၏။

ယခု သူမ လိုက်လံ ဖမ်းဆီးခံနေရပြီဆိုရာ တာ့ချန်၏ အခြေအနေများကလည်း ကောင်းမွန်နေမည်တော့ မဟုတ်ပေ။

သူတို့နှစ်ဦး များမကြာမီ တာ့ချန်သို့ ပြန်ရောက်လာကြသည်။

ရောက်ရောက်ချင်းမှာပင် မြို့တော်၏ ကောင်းကင်ယံတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည်ကို မြင်တွေ့လိုက်ရသည်။

တိုက်ခိုက်နေသူ နှစ်ဦးလုံးမှာ မြေကမ္ဘာအင်မော်တယ်များ ဖြစ်ကြသည်။

“လီကျန်းဝမ်... မင်းက ပြည်သူတွေရဲ့ အသက်ကို လျစ်လျူရှုပြီး ငါတို့တာ့ချန်ရဲ့ နိုင်ငံတော်ကံကြမ္မာကို ဖြတ်တောက်နေတာပဲ”

“မင်းရဲ့ ဘိုးဘေးတွေက တမလွန်ကနေ မင်းကို အပြစ်တင်မှာကို မကြောက်ဘူးလား”

“နိုင်ငံတော်ကံကြမ္မာနဲ့ ဘိုးဘေးတွေအကြောင်း လာမပြောနဲ့။ မင်းရဲ့ မျိုးဆက်က ငါ့ထီနန်းကို မခိုးယူခဲ့ဘူးဆိုရင် တာ့ချန်က ဒီနေ့ ဒီအခြေအနေကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ၊ ငါက ငါ့ပိုင်ဆိုင်တဲ့အရာကို ပြန်ယူဖို့ လာခဲ့တာပဲ”

တိုက်ခိုက်နေကြသူများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ယန်မင်းသား၏ ပြည်နှင်ဒဏ်ပေးခြင်းကို ခံခဲ့ရသော ဝမ်ဧကရာဇ်နှင့် လက်ရှိ ကျင်းဧကရာဇ်တို့ဖြစ်ပေသည်။

“ငါထင်တဲ့အတိုင်းပဲ”

ကျိုးရီ၏ ခန့်မှန်းချက် မှန်ကန်နေခဲ့သည်။

ဝမ်ဧကရာဇ်သည် ထျန်းကျီဂိုဏ်း ပျက်စီးသွားသည်ကို အခွင့်ကောင်းယူကာ ပွဲထဲဝင်ပြီး ဆူပူအုံကြွမှုများ ဖန်တီးနေခြင်းပင်။

“တကယ်ကိုပဲ သက်တမ်းရှည်လာတဲ့အခါ ရှားပါးတဲ့ အရာမျိုးစုံကို မြင်တွေ့နိုင်တာပဲ”

“ငါ့ရဲ အရင်ဘဝကဆိုရင် တစ်ယောက်ယောက်ရဲ့ မြေးက တစ်ယောက်ယောက်ရဲ့ မြစ်နဲ့ တိုက်ခိုက်နေတာကို ဘယ်လိုလုပ်တွေ့နိုင်မှာလဲ'

‘ဒီလိုမျိုး ကမ္ဘာ့အဆင့်မီ မြင်ကွင်းမျိုးကို ဒီလောကမှာပဲ မြင်တွေ့နိုင်တာပဲ'

“အဘိုးကြီးလီ... အံ့ဩသွားလား၊ ထိတ်လန့်သွားလား”

လီရွှန်ကျိုး၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်သွားတော့သည်။

“ဒီကောင်လေးကျန်းဝမ်က အိမ်မှာပဲ ရန်ဖြစ်တတ်တာလား၊ သူက မဟာကမ္ဘာ ရောက်သွားပြီကို အဲဒီမှာ နိုင်ငံတည်ဆောက်ဖို့ မတွေးဘဲ တာ့ချန်ရဲ့ ထီးနန်းကို ပြန်လုဖို့ လာရတယ်လို့”

“အဲဒီတုန်းက ငါ ဘယ်လိုလုပ်ပြီး ဒီလို အသုံးမကျတဲ့ကောင်ကို ဧကရာဇ်အဖြစ် ရွေးချယ်ခဲ့မိတာလဲ။ အရှင်ကျိုး... ခဏလောက် စောင့်ပါဦး၊ ကျွန်တော် အသုံးမကျတဲ့ ဒီမျိုးဆက်ကို သွားပြီး ဆုံးမလိုက်ပါဦးမယ်”

ထိုသို့ပြောပြီးနောက် သူသည် တိမ်တိုက်များကြားရှိ ထိုနှစ်ဦးထံသို့ ဒေါသတကြီးဖြင့် ပျံသန်းသွားတော့သည်။

ကျိုးရီ ခေါင်းခါယမ်းလိုက်၏။

သူတို့၏ အရှုပ်တော်ပုံများကို စောင့်ကြည့်နေရန် စိတ်မဝင်စားပေ။ အတွေးတစ်ချက်ဖြင့် သူ၏ နေအိမ်လေးဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ခြံဝင်းငယ်လေးထဲသို့ ရောက်ရောက်ချင်း ကျိုးရီ စိတ်စွမ်းအားဖြင့် စူးစမ်းကြည့်လိုက်သည်။

မည်သည့် ပိုင်ဆိုင်မှုကိုမျှ အခိုးမခံလိုက်ရသော်လည်း….

“ဟင်။ ငါ့သစ်ပင် ဘယ်ရောက်သွားလဲ။ ငါ အရိပ်ခိုဖို့ စိုက်ထားတဲ့ တည်သီးပင်လေး ဘယ်ရောက်သွားတာလဲ”

ကျိုးရီ မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်လျှို့ဝှက်ချက်ပေတံကို ထုတ်ယူလိုက်သည်။

သူသည် သွေးတစ်စက်ချပြီး စိတ်စွမ်းအားကို တိုက်ရိုက်အသုံးပြုကာ ဝိညာဉ်အမှတ်သား အတင်းအကျပ်ထည့်သွင်းပြီး ပေတံကို အသက်သွင်းလိုက်သည်။

သက်တမ်းလောင်ကျွမ်းနေသည်ကို ခံစားရသော်ငြား မျက်စိဖြင့်မမြင်နိုင်သော စွမ်းအားတစ်ခုကလည်း တစ်ချိန်တည်းမှာပင် ပျံ့နှံ့သွားခဲ့သည်။

မိုင်တစ်သောင်း၊ မိုင်တစ်သိန်း၊ မိုင်တစ်သန်း...

နောက်ဆုံးတွင် မျက်စိဖြင့်မမြင်နိုင်သော စွမ်းအားက အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့သွားသောအခါ ကျိုးရီသည် တည်သီးပင်ကို ရှာတွေ့သွားတော့သည်။

[တည်သီးပင်က လောလောဆယ် စစ်မြေပြင်မှာရှိနေပြီး သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေကို စားသုံးနေတယ်]

[တည်သီးပင်က ကျားနဂါးဂိုဏ်းက တပည့်တွေနဲ့ တွေ့ပြီး ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့တယ်၊ သူတို့ထဲက သုံးယောက်ကို သတ်ပစ်လိုက်တယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားတယ်]

[တည်သီးပင်က သစ်သားအနှစ်သာရကို စုပ်ယူပြီးနောက် ခွန်အားတွေ တိုးတက်လာခဲ့တယ်]

[တည်သီးပင်က လောလောဆယ် ကျားနဂါးဂိုဏ်းက တပည့်တွေကို လက်စားချေနေပြီး လူကွဲနေတဲ့သူတွေကို လိုက်လံ ဖမ်းဆီးနေတယ်]

ကျိုးရီ: “….”

‘ဘုရားရေ၊ ငါ စိုက်ထားခဲ့တဲ့ တည်သီးပင်က ဝိညာဉ်ဖြစ်တည်လာတာလား’

အခြားတစ်ဖက်တွင်မူ လီရွှန်ကျိုးက ဝင်ရောက်စွက်ဖက်ပြီး ဝမ်ဧကရာဇ်ကို သတ်ပစ်လိုက်သည်။

ဆူပူအုံကြွမှုများ အလျင်အမြန် ငြိမ်သက်သွားပြီး တာ့ချန်မြို့တော်မှာ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများအားလုံး ပြန်လည်ဖွင့်လှစ်လာကြသည်။

သာမန်ပြည်သူများသည် ခေတ်ရေစီးကြောင်းကို မတွန်းလှန်နိုင်ကြချေ။

လှိုင်းလုံးများ လာသောအခါ ပုန်းအောင်းကြပြီး လှိုင်းလုံးများ ပြန်ဆုတ်သွားသောအခါ သူတို့၏ သာမန်နေ့ရက်များကို စတင်ကြပြန်သည်။

All Chapters