ချိုင့်ဝှမ်းသုံးခုရှိ နဂါးမျိုးနွယ်စုများ ဒူးထောက်အရှုံးပေးခြင်း
Vol. 42 Ch. 414
မိုးပြာနဂါးချိုင့်ဝှမ်းဘက်တွင်မူ... ဆန်းကျိ၊ ဆန်းချုံးနှင့် ယီခုန်းတို့ကဲ့သို့သော နဂါးမျိုးနွယ်စုဝင်များသည် ဤရလဒ်ကို လုံးဝလက်မခံနိုင်ကြချေ။
ဆန်းချန် ဧကရာဇ်ကြီးက ဘာလို့ ဒီလိုမျိုး လွယ်လွယ်လေးနဲ့ သေဆုံးသွားရမှာလဲ။
"မဖြစ်နိုင်တာ..."
"ဆန်းချန်မှာ မင်းတို့ နဂါးဧကရာဇ်နဲ့ အဆင့်အတန်းတူတဲ့ အပြစ်အနာအဆာကင်းစင်တဲ့ နဂါးအရိုး ရှိပြီးသားလေ"
"ဒီနဂါးချိပ်ပိတ်ရေကန်က သူ့ကို ဘယ်လိုမှ မသတ်နိုင်ဘူး"
"မင်းက သူ့ကို မနာလိုဖြစ်ပြီး တမင်သက်သက် ကျိန်ဆဲနေတာပဲ"
နဂါးပြာဧကရာဇ်ကြီးက နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"ဂုဏ်သိက္ခာရှိတဲ့ နဂါးဧကရာဇ်တစ်ပါးအနေနဲ့ ငါက သူ့ကို မနာလိုဖြစ်စရာ လိုလို့လား"
"မင်းတို့တွေ အနက်ရောင်ရေကန်အကြောင်းကို လုံးဝနားမလည်ကြတာပဲ"
သူသည် အောက်ခြေရှိ စုဝေးနေကြသော စူးစမ်းလိုစိတ်ပြင်းပြနေသည့် နဂါးများကို ငုံ့ကြည့်ကာ... အာဏာပိုင် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြန်သည်။
"နဂါးဧကရာဇ်တစ်ပါးက အနက်ရောင်ရေကန်ကို ဖြတ်ကျော်နိုင်တယ်လို့ မင်းတို့ကို ဘယ်သူပြောလဲ"
"အမှန်အတိုင်း ပြောရရင်... ငါကိုယ်တိုင်တောင် အဲဒီအနက်ရောင်ရေကန်ထဲမှာ အသက်ရှင်နိုင်ဖို့ ယုံကြည်ချက်မရှိဘူး။ အပြစ်အနာအဆာကင်းစင်တဲ့ နဂါးအရိုးရဲ့ အကန့်အသတ်က အဖြူရောင်ရေကန်အထိပဲ"
"သူက အခုထိ နဂါးဘုရင်အဆင့်မှာပဲ ရှိသေးတာ၊ နဂါးဧကရာဇ် နယ်ပယ်ကိုတောင် မရောက်သေးဘူး။ အဲဒါကို သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ"
ဒါ... ဒါဆို အနက်ရောင် ရေကန်က တကယ်ပဲ အဲဒီလောက်အထိ ကြောက်စရာကောင်းတာလား။ နဂါးဧကရာဇ်တစ်ပါးတောင် မဖြတ်ကျော်နိုင်ဘူးတဲ့လား...
ချိုင့်ဝှမ်းသုံးခုမှ နဂါးမျိုးနွယ်စုဝင်များအားလုံး မှင်တက်သွားသည်။
"မဟုတ်ဘူး... မဖြစ်နိုင်တာ..."
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
သူတို့သည် မျှော်လင့်ချက်မဲ့နေသည့်ကြားမှ ဆန်းကျိနှင့် ယီခုန်းတို့ကဲ့သို့သော နဂါးမျိုးနွယ်စုဝင်များသည် မိုးပြာနဂါးဧကရီထံသို့ အားကိုးတကြီး လှည့်ကြည့်လိုက်ကြပြီး... သူမထံမှ ငြင်းဆိုသည့် စကားလုံးများကို ကြားချင်နေကြသည်။
"ဧကရီ... ဒါက တကယ်ပဲလား"
"နဂါးပြာဧကရာဇ်ကြီးက လိမ်နေတာ မဟုတ်လား"
"ဟူး..."
ဆန်းလင်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး...
"သူ ပြောတာက အမှန်တရားပဲ... ဒါပေမဲ့ ငါလည်း ဆန်းချန်က ဒီလိုမျိုး အလွယ်တကူ သေသွားလိမ့်မယ်လို့ မယုံကြည်ဘူး"
သူမ စကား၏ နောက်ဆုံးအပိုင်းကိုမူ အခြားသော နဂါးများအားလုံးက ဂရုမစိုက်ဘဲ ကျော်လိုက်ကြသည်။ ချိုင့်ဝှမ်းသုံးခုရှိ နဂါးမျိုးနွယ်စုဝင်များကြားတွင် ဆူညံပွက်လောရိုက်သွား၏။
နဂါးပြာချိုင့်ဝှမ်းနှင့် ရွှေနဂါးချိုင့်ဝှမ်းတို့မှ နဂါးများပင်လျှင် သူတို့၏ နှမြောတသမှုကို စတင်ဖော်ပြလာကြသည်။
"သူ တကယ်ပဲ ဒီလိုမျိုး သေဆုံးသွားရလိမ့်မယ်လို့ မထင်ထားမိဘူး... နှမြောစရာကြီး"
"ဟုတ်ပါပတ်... သူက ဧကရာဇ်ကြီးတစ်ပါးရဲ့ အငွေ့အသက်ကို ထင်ထင်ရှားရှား ပိုင်ဆိုင်ထားတာလေ..."
"သူ အနက်ရောင်ရေကန်ကို စိန်မခေါ်ခဲ့သင့်ဘူး"
အထက်ကွင်းပြင်တွင်မူ နဂါးပြာဧကရာဇ်ကြီးသည် သူတို့၏ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း စိတ်ကျေနပ်မှုကို ခံစားနေရသည်။ နောက်ဆုံးတော့ သူ ကောင်းကောင်း ခန့်မှန်းနိုင်ခဲ့လေပြီ။ ထို့အပြင် ကျန်းချန်သေဆုံးသွားပြီဖြစ်ရာ သူသည် လောင်းကြေးများကို ပေးရန်မလိုတော့ချေ။
"ကဲ... ရလဒ်ကတော့ ထွက်ပေါ်လာခဲ့ပြီ"
"ဆန်းချန်က အရင်စမ်းသပ်မှုတွေကို အောင်မြင်ခဲ့တယ်ဆိုတာကို ငါ ဝန်ခံပါတယ်"
"ဒါပေမဲ့ နှမြောစရာကောင်းတာက... သူက မဆင်မခြင်နဲ့ အစွမ်းထက်လွန်းတဲ့အရာကို စိန်ခေါ်ခဲ့တယ်..."
"သူက ရည်မှန်းချက် ကြီးမားလွန်းသွားခဲ့တာပဲ... မင်းတို့တွေ အနာဂတ်မှာ ဒါကို သတိပေးချက်တစ်ခုအနေနဲ့ မှတ်သားထားကြရမယ်"
မိမိ၏ ယုံကြည်စိတ်ချရမှုကို ပြန်လည်တည်ဆောက်ရန်အတွက် ဧကရာဇ်ကြီးသည် နောက်ထပ် စကားအနည်းငယ်ကို မနေနိုင်ဘဲ ထပ်လောင်းပြောဆိုလိုက်သေးသည်။
"ငါ အစကတည်းက မြင်ခဲ့သားပဲ... သူက အသက်တိုမယ့်လက္ခဏာ ရှိနေတာ။ အဲဒါကြောင့် ငါက အစကတည်းက သူ့အပေါ် အကောင်းမမြင်ခဲ့တာပေါ့။ အခုတော့... ငါပြောတဲ့အတိုင်း တကယ်ပဲဖြစ်လာခဲ့ပြီ..."
ဪ... ဒါကြောင့်မလို့ကိုး...
အောက်ခြေရှိ နဂါးများမှာလည်း မယုံကြည်ဘဲ မနေနိုင်တော့ချေ။ နဂါးပြာဧကရာဇ်ကြီးပီပီ... သူက ဒီကံကြမ္မာကို ကြိုတင်ပြီး မြင်နေခဲ့တာလား။
"ကဲ... ဒီစမ်းသပ်မှုကတော့ ဒီနေရာတင် ပြီးဆုံးသွားပြီ..."
ဧကရာဇ်ကြီးသည် သူ၏ နတ်ဘုရားစွမ်းရည်ကို ပြန်လည်ရုတ်သိမ်းတော့မည့်အချိန်မှာပင် အနက်ရောင်ရေကန်အတွင်း၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ကျန်းချန်သည် ထိုနေရာတွင် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ခြင်းမှာ အပြင်ဘက်ရှိ လူတိုင်း စိုးရိမ်ပူပန်နေကြပြီး သူသေဆုံးသွားပြီဟု ယူဆသွားစေရန်ဖြစ်သည်။ ယခုအချိန်တွင်မှ ပေါ်ထွက်လာမှသာ... တုန်လှုပ်ချောက်ချားမှုတန်ဖိုးက ပိုမိုမြင့်မားလာမည်။
သူထပ်မံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်... တစ်ကွင်းပြင်လုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ ဤအဆင့်ကို မည်သည့်နဂါးမျှ မဖြတ်ကျော်နိုင်ဟု ပြောခဲ့ကြသည် မဟုတ်ပါလား။ သူ သေချာပေါက် သေလိမ့်မည်ဟု ပြောခဲ့ကြသည် မဟုတ်ပါလား။
ခန္ဓာကိုယ်ပေါ်တွင် ရေစက်ကလေးများဖြင့် ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံသန်းတက်လှမ်းလာသော ပုံစံကိုးမျိုး မိုးပြာနဂါးကြီးကို ကြည့်ကာ... သူ့ထံတွင် ဒဏ်ရာရရှိထားသည့် သို့မဟုတ် သေဆုံးလုနီးပါး ဖြစ်နေသည့် အရိပ်အယောင်တစ်ခုမျှပင် မရှိချေ။
သူတို့သည် ဆန်းချန် ဧကရာဇ်ကြီးထံတွင် စကားလုံးဖြင့် ဖော်ပြ၍မရနိုင်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေပြီး... သူက အဆင့်တက်လှမ်းသွားခဲ့သည့်အလား ခံစားလိုက်ရသည်။ သူ၏ အင်အားနှင့် ကျင့်စဉ်နယ်ပယ် တိုးတက်လာခြင်းအပြင်... သူ၏ အရည်အသွေးအချို့က အခြားသော နဂါးမျိုးနွယ်စုဝင်များနှင့် တန်းတူမရှိတော့သည့်အလား...
မူလနဂါးအရိုးက သူ့ခန္ဓာကိုယ်အတွင်း၌သာ ရှိနေသော်လည်း... ၎င်းမှ ထွက်ပေါ်နေသော အားနည်းပြီး ဆန်းကြယ်သော အရှိန်အဝါကပင် တက်ရောက်လာကြသည့် နဂါးများကို စိတ်လှုပ်ရှား ရီဝေသွားစေရန် လုံလောက်၏။ သူက နဂါးမျိုးနွယ်စုတစ်ခုလုံး၏ ဗဟိုချက်မ ဖြစ်နေသည့်အလား ခံစားရစေသည်။
"မိုးပြာနဂါးဧကရာဇ်ကြီး..."
ဆန်းကျိက ရုတ်တရက် သူ၏ ခွန်အားရှိသမျှ အော်ဟစ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင်... မိုးပြာနဂါးချိုင့်ဝှမ်းတစ်ခုလုံးရှိ နဂါးမျိုးနွယ်စုဝင်များအားလုံးက တညီတညွတ်တည်း ကြွေးကြော်ကြတော့သည်။
"မိုးပြာနဂါးဧကရာဇ်ကြီး..."
ဖြည်းဖြည်းချင်းဖြင့် ရွှေနဂါးချိုင့်ဝှမ်းနှင့် နဂါးပြာချိုင့်ဝှမ်းတို့မှ နဂါးများစွာတို့ကလည်း တညီတညွတ်တည်း ကြွေးကြော်လာကြသည်။
"မိုးပြာနဂါးဧကရာဇ်ကြီး..."
၎င်းက သူတို့၏ နှလုံးသားအောက်ခြေမှလာသော ဒူးထောက်အရှုံးပေးခြင်း ဖြစ်သည်။ သူသည် အနက်ရောင်ရေကန်ကို ဖြတ်ကျော်နိုင်ခဲ့လေပြီ။ လွန်ခဲ့သည့် မိနစ်ပိုင်းကတင် နဂါးပြာဧကရာဇ်ကြီးကိုယ်တိုင်ပင် သူ ဤအဆင့်ကို မဖြတ်ကျော်နိုင်ကြောင်း ဝန်ခံခဲ့ရာ သူက နဂါးပြာဧကရာဇ်ကြီးထက်ပင် ပိုမို ထူးခြားထက်မြက်နေပြီဖြစ်သည်။ အကယ်၍ ဤကဲ့သို့သော နဂါးဧကရာဇ်ကိုမှ အားလုံးက သဘောမတူကြလျှင်... သူတို့အားလုံး မျက်စိကန်းနေကြခြင်းသာ ဖြစ်လိမ့်မည်။
သူ၏အင်အားက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ပင် မရောက်သေးသော်လည်း... ဤအခိုက်အတန့်မှစ၍ နဂါးမျိုးနွယ်စုဝင်အားလုံး၏ မျက်လုံးထဲတွင် ကျန်းချန်သည် ယခင် နဂါးဧကရာဇ်သုံးပါးနှင့် တန်းတူရှိသော အဆင့်အတန်းကို ရရှိသွားလေပြီ။
နဂါးပြာဧကရာဇ်ကြီး၏ မျက်လုံးများမှာ ပြူးကျယ်ထွက်လာတော့မည့်အတိုင်း ဖြစ်နေပြီး... ယခုတစ်ကြိမ်တွင်မူ သူသည် ခြေဆုံးခေါင်းဆုံး အရှက်ရသွားခဲ့ရပြီဖြစ်သည်။ သူသည် ကျန်းချန်က တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သံသယဝင်ရန် လုံလောက်သော အကြောင်းပြချက် ရှိနေ၏။
ဒီကောင်စုတ်က သူ့ကို တမင်တကာ သိက္ခာချနေတာ မဟုတ်လား...
မင်း အဆင်ပြေနေရင်လည်း စောစောစီးစီး ထွက်မလာဘူး...
ဘာလို့ ရေကန်ထဲမှာ အဲဒီလောက်အထိ အကြာကြီး နေနေရတာလဲ...
ဂုဏ်သိက္ခာရှိတဲ့ ဧကရာဇ်ကြီးတစ်ပါးရဲ့ ရှေ့ဖြစ်ဟောကို နောက်တစ်ကြိမ် မှားယွင်းအောင် လုပ်လိုက်ပြန်ပြီ။ လွန်ခဲ့တဲ့ ခေတ္တမျှတင် သူက ကျန်းချန်ကို အသက်တိုမယ့်သူလို့ ကျိန်ဆိုခဲ့ပြီးကာမှ... အခုတော့ သူ့မျက်နှာကို သူ ပြန်လည် ရိုက်နှက်ခြင်း ခံလိုက်ရပြီး မျက်နှာတစ်ခုလုံး ရောင်ကိုင်းသွားခဲ့ရပြီဖြစ်သည်။
"မင်း... မင်း ဒါက ဘာနဂါးအရိုးလဲ"
သူ ကျန်းချန်၏ နဂါးအရိုးကို ထပ်မံ ကြည့်ရှုလိုက်သောအခါ... ၎င်းက ထူထပ်သော မီးခိုးရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် အထဲကို ထိုးဖောက်မမြင်နိုင်ကြောင်း တွေ့လိုက်ရ၏။ သို့သော်လည်း ခန့်မှန်းနေစရာမလိုဘဲ... ၎င်းက အပြစ်အနာအဆာကင်းစင်သော နဂါးအရိုးထက် အဆင့်ပိုမြင့်မည်ကို သူ သိရှိနေသည်။
အနက်ရောင် ရေကန်ထဲမှ အောင်မြင်စွာ ထွက်ပေါ်လာခဲ့ပြီးနောက် ကျန်းချန်သည် စိတ်လက်ပေါ့ပါးလန်းဆန်းမှုကို ခံစားလိုက်ရပြီး စနစ်မျက်နှာပြင်ကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် တုန်လှုပ်ချောက်ချားမှု တန်ဖိုး ၁၁၀ သန်းအထိ ရရှိခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်... သူသည် နဂါးပြာဧကရာဇ်ကြီး၏ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ရမည်။ ထိုလူက သူသေဆုံးသွားပြီဟု အမြဲတစေပြောဆိုနေခဲ့သဖြင့်... သူ အသက်ပြန်ရှင်လာသည့်အချိန်တွင် တုန်လှုပ်ချောက်ချားမှုတန်ဖိုးက မြင့်မားသွားခဲ့ခြင်းဖြစ်၏။
ယခင်ရရှိခဲ့သော တန်ဖိုးများနှင့် ပေါင်းစပ်လိုက်လျှင်... ဤနဂါးချိပ်ပိတ်ရေကန်သို့ လာခဲ့သည့် ခရီးစဉ်တွင် သူသည် စုစုပေါင်း တုန်လှုပ်ချောက်ချားမှု တန်ဖိုး သန်း ၃၀၀ အထိ ရရှိခဲ့သည်။ သူသည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ရန်အတွက် မျှော်လင့်ချက်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရလေပြီ။ ထိုနေရာတွင် နဂါးဧကရာဇ်နှင့် ဧကရာဇ်တစ်ပိုင်း အမြောက်အမြား ရှိနေခဲ့ခြင်းက ကံကောင်းခြင်းတစ်ခုဖြစ်ပြီး... နောက်ဆုံးတွင် တုန်လှုပ်ချောက်ချားမှု တန်ဖိုးကို အဆုံးစွန်အထိ တွန်းပို့နိုင်ခဲ့သည်။ သို့မဟုတ်ပါက ဤကဲ့သို့သော ကြီးမားလှသည့် အကျိုးအမြတ်ကို ရရှိရန် မဖြစ်နိုင်ချေ။
"ဟာသပဲ... အမှန်တော့ ငါက အစကတည်းက ဒီမူလနဂါးအရိုးကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ မင်းတို့အားလုံးကို ထိတ်လန့်သွားမှာစိုးလို့... ငါက နိမ့်ကျတဲ့ နဂါးအရိုးတစ်ခုနဲ့ပဲ ပြသနေခဲ့တာ"
ကျန်းချန်က တမင်သက်သက် သက်ပြင်းချလိုက်ပြီး...
"ဒါပေမဲ့ နောက်ဆုံး အနက်ရောင်ရေကန်က အနည်းငယ် အန္တရာယ်များလိမ့်မယ်လို့ မထင်ထားမိဘူး။ တခြားရွေးချယ်စရာ မရှိတော့တဲ့အတွက်... ငါလည်း ဒါကို အကုန်ထုတ်ပြလိုက်ရတာပဲ"
သူ၏ စကားလုံးတိုင်းမှာ... သူက ဤကဲ့သို့ လူသိရှင်ကြား မပြသချင်သော်လည်း အခြေအနေအရ မဖြစ်မနေပြသလိုက်ရသည့်အလား ကြွားဝါမှုအပြည့် ဖြစ်နေတော့သည်။
နဂါးပြာဧကရာဇ်ကြီးကမူ စိတ်ထဲမှ တွေးလိုက်သည်...
ငါ မင်းရဲ့ စကားတစ်ခွန်းကိုမှ မယုံဘူး၊ မင်းက ငါ့ကို လူအလို့ ထင်နေတာလား...
အဲဒီရေကန်ထဲမှာ တစ်ခုခု ထူးခြားဆန်းပြားတာ ရှိနေတာလား...
သူကိုယ်တိုင်ပင် အခုအချိန်မှာ အဲဒီထဲကို ဆင်းပြီး စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့ရသည်။
"မူလနဂါးအရိုး... အဲဒါက ဘာလဲ"
အရိပ်ထဲတွင်ရှိနေသော ဆန်းလင်သည်လည်း စိတ်ရှုပ်ထွေးမှုကို မအောင့်နိုင်တော့ချေ။ သူမသည် ဤနဂါးအရိုးအကြောင်းကို တကယ်ပင် မကြားဖူးခဲ့သလို... နဂါးပြာဧကရာဇ်ကြီးသည်လည်း ဒါကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်မှာ ထင်ရှား၏။
သူသည် မနာလိုဝန်တိုမှုများဖြင့်သာ ပြောဆိုနိုင်တော့သည်...
"ဘယ်သူသိမှာလဲ... ဖြစ်နိုင်တာကတော့ အဲဒါက အပြစ်အနာအဆာကင်းစင်တဲ့ နဂါးအရိုးထက် နည်းနည်းလေးပိုပြီး အစွမ်းထက်တာ ဖြစ်လိမ့်မယ်"
မိုးပြာနဂါးဧကရီကမူ ရယ်မောကာ ကျန်းချန်အတွက် ကြွေးမြီများကို တောင်းဆိုပေးလိုက်သည်...
"ခစ်ခစ်... ရွှမ်းမင်... မင်း အရှုံးကိုဝန်ခံပြီး လောင်းကြေးတွေကို ပေးလိုက်တော့"
"မင်းက ငါ့ကို ရှုံးတာလည်း မဟုတ်ဘဲနဲ့... ဘာလို့ အဲဒီလောက်အထိ ပျော်နေရတာလဲ"
"နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီလေ... မင်း ပထမဆုံးအကြိမ် အရှက်ရတာကို မြင်ရတာက ပျော်စရာ မကောင်းဘူးလား"
စမ်းသပ်မှုကို အဆုံးသတ်ပြီးနောက် ကျန်းချန်သည် မြေပြင်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လူတိုင်း၏ ကိုးကွယ်ဆည်းကပ်မှုကို နောက်တစ်ကြိမ် ခံယူလိုက်သည်။ မိုးပြာနဂါးချိုင့်ဝှမ်းမှ အဆင့်မြင့် အဖွဲ့ဝင်များဖြစ်ကြသော ဆန်းကျိနှင့် ဆန်းချုံးတို့သည် သူ့အား အလွန်အမင်း ရိုသေလေးစားမှုနှင့် အားကျစိတ်များဖြင့် ကြည့်ရှုနေကြ၏။ အနီးနားရှိ ရွှေနဂါးချိုင့်ဝှမ်းမှ နဂါးများပင်လျှင် တစ်ခုခုကို ပြောဆိုချင်နေသည့်အလား သူ့ထံသို့ မကြာခဏလှည့်ကြည့်နေကြသည်။
တစ်ကွင်းပြင်လုံးတွင် စိတ်ခံစားချက်အမျိုးမျိုးဖြစ်ပေါ်နေသူမှာ ကျိလင်းဟန်တစ်ဦးတည်းသာ ဖြစ်လိမ့်မည်။ ဤမိုးပြာနဂါးဧကရာဇ်ကြီးက စမ်းသပ်မှုကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့ခြင်းက သဘာဝအတိုင်း ကောင်းမွန်သောအရာဖြစ်သော်လည်း ဤအချက်က သူသည် တကယ်ပင် နဂါးမျိုးနွယ်စုဝင်တစ်ဦးဖြစ်ကြောင်း သက်သေပြနေလေပြီ။ သူက အခြားသော နဂါးများထက်ပင် ပိုမိုစစ်မှန်သော နဂါးတစ်ကောင်ဖြစ်နေကြောင်း နဂါးပြာဧကရာဇ်ကြီးကိုယ်တိုင် ဝန်ခံခဲ့သည်။
သူက တကယ်ပဲ ဂိုဏ်းချုပ်ကျန်း မဟုတ်နိုင်တော့ဘူးလား...