← Chapters

အခန်း ၄၀၁

Vol. 41 Ch. 401

အခန်း ၄၀၁

Vol. 41 Ch. 401

အခန်း။ ၄၀၁

ရွှီရန်က သူတို့ကို အထင်သေးရွံရှာသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ရင်း "မင်းတို့ မိစ္ဆာနတ်ဘုရားတွေဆိုတဲ့အတိုင်း တကယ့်ကို တစ်ကောင်ထက်တစ်ကောင် ကြည့်ရဆိုးပြီး ရွံစရာကောင်းလှချေလား" ဟု နှာခေါင်းရှုံ့လိုက်သည်။

ရွှီရန်က သူတို့ကို ဤမျှအထိ သရော်လှောင်ပြောင်နေသော်လည်း မိစ္ဆာနတ်ဘုရားလေးပါးလုံးမှာမူ ရုတ်တရက် ဝူးဝူးဝါးဝါးနှင့် စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်ရန်မဝံ့ကြချေ။

အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့မှောက်ရှိ အသက်တစ်ဆယ့်တစ်နှစ်အရွယ် လူသားယွဲ့နယ်ပယ် ကျင့်ကြံသူသည် တစ်ဦးချင်းစီ၌ သွေးအသက်ဓာတ် ၁၅ သန်း စီ ရှိကြသော မိုဓားစက္ကူရုပ်စစ်သည်တော် ငါးဆယ်ကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း မယ်ဒူဆာ၏ လျှို့ဝှက်အကြောင်းကြားချက်အရ သူတို့ ကောင်းစွာသိရှိထားသောကြောင့်ပင်။ သွေးအသက်ဓာတ် ၁၅ သန်းရှိသော စက္ကူရုပ်ငါးဆယ်နှင့် ရင်ဆိုင်ရမည်ဆိုပါက သူတို့လေးပါး ပေါင်းလျှင်တောင်မှ ရွှီရန်အား နည်းနည်းလေးမှ တုန်လှုပ်အောင် လုပ်နိုင်မည်မဟုတ်ချေ။

သို့သော်လည်း သူတို့အတွက် ကံကောင်းသည်မှာ သူတို့၌ အဆုံးမရှိသော လူသားမျိုးနွယ်၏ အမုန်းတရားအာဃာတစွမ်းအားများ ရှိနေခြင်းပင်။

တိုက်ခိုက်၍ မနိုင်ခဲ့လျှင်တောင်မှ အကန့်အသတ်မရှိ ပြန်လည်အသက်ရှင်ခြင်း နည်းလမ်းကို အသုံးပြု၍ သူတို့ရှေ့မှောက်ရှိ လူသားကို အင်အားကုန်ခမ်းသွားအောင် ဆွဲဆန့်တိုက်ခိုက်နိုင်သည်။

တစ်ကိုယ်လုံး၌ မရေမတွက်နိုင်သော မျက်လုံးအိမ်ကြီးများဖြင့် ပြည့်နှက်နေသည့် ကောင်းကင်တမန်မိုက်ကယ်က ရွှီရန်အား ပြိုင်တူစိုက်ကြည့်ရင်း "လူသား... မင်းတစ်ယောက်တည်းနဲ့ ငါတို့ မိစ္ဆာနတ်ဘုရားလေးပါးလုံးကို တားဆီးနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား" ဟု မေးလိုက်သည်။

ရွှီရန်က တစ်ချက်လှမ်းကြည့်ကာ "ငါတစ်ယောက်တည်းနဲ့ တင်... လုံလောက်ထက်တောင် ပိုသေးတယ်" ဟု အေးဆေးစွာ ပြောလိုက်သည်။

ထိုခဏ၌ ရွေ့လျားကြွက်မိစ္ဆာက ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ရာ မြင့်မြတ်သန့်စင်လှသော အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာပြီး ရွှီရန်၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။

"လူသား... နတ်ဘုရားတွေရဲ့ အောက်မှာ အညံ့ခံစမ်းပါ။ မင်းသာ ငါတို့ဆီမှာ အညံ့ခံမယ်ဆိုရင်... မင်းကို နတ်ဘုရားအဆင့်ရောက်အောင် ငါတို့ ကူညီပေးပြီး ဒီကမ္ဘာမြေကြီးကို အုပ်ချုပ်

ခွင့်ပေးမယ်လို့ အာမခံတယ်"

ကြွက်မိစ္ဆာက အနုနည်းဖြင့် စည်းရုံးလိုက်သည်။

မြင့်မြတ်သောအလင်းတန်းများ ရွှီရန်ထံသို့ ပိုမိုနီးကပ်လာသည်ကို ကြည့်ရင်း ကြွက်မိစ္ဆာသည် စိတ်ထဲမှ အောက်ထပ်အပြုံးကို မအောင့်နိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ဤသန့်စင်ခြင်းအလင်းတန်းသည် သူတို့ထက် အဆင့်နိမ့်သော အမုန်းတရားသတ္တဝါများ၏ စွမ်းအားကို အဆမတန် မြှင့်တင်ပေးနိုင်သော်လည်း အကယ်၍ သာမန်သတ္တဝါများနှင့် ထိတွေ့မိပါက သူတို့၏ ဝိညာဉ်အသိဉာဏ်ကို တိုက်ရိုက်ဝါးမြိုဖျက်ဆီးပစ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးအိုင်အဖြစ် ပြောင်းလဲပစ်ပြီး သူတို့အတွက် အာဟာရဖြစ်စေသောကြောင့်ပင်။

တစ်ပြိုင်နက်တည်းမှာပင် မယ်ဒူဆာ၏ မျက်ဝန်းများထံမှ မှောင်မိုက်သော အစိမ်းရောင်အလင်းများ ဖြာထွက်လာပြီး သူမ၏ အစွမ်းထက်လှသော ကျောက်ဖြစ်စေခြင်းစွမ်းအားကို ထုတ်ဖော်ကာ ရွှီရန်ရှိရာသို့ ပစ်လွှတ်လိုက်တော့သည်။

"လူသား... မင်းမှာ သွေးအသက်ဓာတ် ၁၅ သန်းရှိတဲ့ စက္ကူရုပ်ငါးဆယ် ရှိနေရုံနဲ့... ငါတို့ မိစ္ဆာနတ်ဘုရားတွေကို ရင်ဆိုင်နိုင်ပြီလို့ ထင်နေတာလား"

"မမေ့နဲ့ဦး... မင်းကိုယ်တိုင်ကတော့ သွေးအသက်ဓာတ် ၅ သန်းပဲရှိတဲ့ ပုရွက်ဆိတ်တစ်ကောင် သက်သက်ပဲဆိုတာ"

သူမ ပြောဆိုနေစဉ်မှာပင် ကြွက်မိစ္ဆာ၏ သန့်စင်ခြင်းအလင်းတန်းနှင့် မယ်ဒူဆာ၏ ကျောက်ဖြစ်စေခြင်းစွမ်းအားတို့သည် ရွှီရန်၏ ရှေ့မှောက်သို့ တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့သည်။

"သေစမ်း"

အသံလေးခုသည် တညီတညွတ်တည်း ဟိန်းထွက်သွားခဲ့တော့သည်။

နောက်တစ်ခဏ၌ ရွှီရန်၏ မျက်ဝန်းများထံမှ ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ ဖြာထွက်လာပြီး ထပ်ဆင့်မျက်ဝန်းရတနာစွမ်းရည်ကို အသက်သွင်းကာ သူ၏ ရှေ့မှောက်တွင် ရွှေရောင်အလင်းတံတိုင်းကြီးများကို ဖန်တီး၍ ထိုစွမ်းအားနှစ်ခုလုံးကို အလွယ်တကူ ပိတ်ဆို့လိုက်သည်။

ထို့အပြင် ထပ်ဆင့်မျက်ဝန်းရတနာစွမ်းရည်နှင့် မယ်ဒူဆာ၏ ကျောက်ဖြစ်စေခြင်းစွမ်းအားနှစ်ခုလုံးသည် မျက်ဝန်းအခြေခံစွမ်းရည်များ ဖြစ်ကြသဖြင့် မယ်ဒူဆာသည် တိုက်ရိုက်တုံ့ပြန်မှုကို ခံလိုက်ရပြီး သူမ၏ မျက်ဝန်းအစုံထံမှ သွေးမျက်ရည်များ စီးကျလာခဲ့ရတော့သည်။

"အား... ငါ့မျက်လုံးတွေ"

စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့ပြီး ကျန်ရှိသော မိစ္ဆာနတ်ဘုရားများက မယ်ဒူဆာအား အံ့ဩတုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြရာ သူမ၏ မျက်ဝန်းများထံမှ သွေးများ အဆက်မပြတ် စီးကျနေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့သည် ရွှီရန်အား ထူးဆန်းသော အမူအရာများဖြင့် စိုက်ကြည့်မိကြပြီး ရင်ထဲ၌ အတိုင်းအဆမရှိ ထိတ်လန့်သွားခဲ့ကြရသည်။

ဤမိစ္ဆာနတ်ဘုရားလေးပါးစလုံးတွင် ကိုယ်စီကိုယ်စီ ထူးခြားသော စွမ်းရည်များ ရှိကြသည့်အနက် မယ်ဒူဆာ၏ မျက်ဝန်းစွမ်းရည်မှာ အသန်မာဆုံး ဖြစ်ပြီး လူသားများကို ကျောက်ဖြစ်စေနိုင်သည့်အပြင် အမုန်းတရားများကိုလည်း စုပ်ယူနိုင်စွမ်းရှိသည်။

ထို့ကြောင့် နတ်ဘုရားအဆင့်ရှိသော မျက်ဝန်းစွမ်းရည်ကို ယွဲ့နယ်ပယ်ကျင့်ကြံသူတစ်ဦးအပေါ် အသုံးပြုပါလျက်နှင့် ပြန်လည်တုံ့ပြန်ခြင်းကို ခံရရုံတင်မကဘဲ အခြားတစ်ဖက်လူတွင် စိုးစဉ်းမျှ ထိခိုက်မှုမရှိခြင်းက သူတို့၏ ထင်မှတ်ထားမှုအားလုံးကို လုံးဝ ကျော်လွန်နေတော့သည်။

မိုက်ကယ်၏ မရေမတွက်နိုင်သော မျက်လုံးအိမ်ကြီးများက ရွှီရန်အား စိုက်ကြည့်ရင်း "အားနည်းတဲ့ လူသားတစ်ယောက်ရဲ့ မျက်ဝန်းစွမ်းရည်က မယ်ဒူဆာထက်တောင် ပိုပြီးတော့ အစွမ်းထက်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

"ငါ သူ့ကို အပိုင်းပိုင်းပြတ်သွားအောင် ဆုတ်ဖြဲပစ်ချင်တယ်"

ထိုအချိန်တွင် မယ်ဒူဆာ၏ မျက်ဝန်းများသည် အမုန်းတရားစွမ်းအားများ၏ ကုသမှုကြောင့် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခုလေးတင် ရွှီရန်ပေးလိုက်သော အရှက်ကွဲမှုကြီးကိုမူ သူမ ဘယ်သောအခါမှ မေ့ဖျောက်နိုင်လိမ့်မည် မဟုတ်ချေ။

"အချိန်ဆွဲမနေကြနဲ့တော့... သူ့ကို အခုပဲ အပြတ်ရှင်းပစ်ကြရအောင်။ ငါတို့က အကန့်အသတ်မရှိ ပြန်ရှင်နိုင်စွမ်းရှိတာပဲ။ သူက စက္ကူရုပ်ငါးဆယ်ကို ထိန်းချုပ်နိုင်တယ်ဆိုဦးတော့... အဲဒါတွေကို အမြဲတမ်း စဉ်ဆက်မပြတ် ထိန်းချုပ်ထားနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံး သူ့ရဲ့ ဝိညာဉ်

စွမ်းအင်တွေ ကုန်ခမ်းသွားတဲ့နေ့က .. သူ သေရမယ့်နေ့ပဲ"

ပြောပြီးသည်နှင့် မိစ္ဆာနတ်ဘုရားလေးပါးစလုံးသည် အဆုံးမရှိသော အမုန်းတရားအာဃာတများကို စတင်ထုတ်လွှတ်ကြတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ကျားမလေးနှင့် အခြားသူများ ဖျက်ဆီးထားခဲ့သော ရုပ်တုပျက်များအတွင်းမှ အမုန်းတရားများသည် အရှိန်အဟုန်ဖြင့် လျှံထွက်လာပြီး ထိုမိစ္ဆာနတ်ဘုရားလေးပါးထံသို့ စုစည်းရောက်ရှိလာကြသည်။

ထို့အပြင် မပျက်စီးရသေးသော နတ်ဘုရားရုပ်တုအများစုသည်လည်း အလိုအလျောက် အက်ကွဲပျက်စီးသွားကြပြီး ၎င်းတို့အတွင်းမှ မရေမတွက်နိုင်သော အမုန်းတရားများကလည်း သူတို့ထံသို့ ပျံသန်းဝင်ရောက်သွားကြတော့သည်။

အမုန်းတရားများကို ပိုမိုစုပ်ယူမိလာသည်နှင့်အမျှ ထိုမိစ္ဆာနတ်ဘုရားလေးပါး၏ အရှိန်အဝါနှင့် စွမ်းအားများသည် သွေးအသက်ဓာတ် ၃၀ သန်း အဆင့်အထိ တဟုန်ထိုး မြင့်တက်သွားခဲ့ရသည်။

"သေဖို့သာ ပြင်ထားလိုက်တော့"

ချက်ချင်းပင် ကောင်းကင်ယံထက်၌ ကြောက်မက်ဖွယ်ကောင်းလှသော ဖြစ်တည်မှုနိမိတ်လက္ခဏာကြီး လေးခု ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ထက်၌ နေမင်းကိုပင် ကွယ်ဆို့ထားပြီး ကောင်းကင်ဘုံတစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ကြီးမားလှသော မြွေဆိုးကြီးတစ်ကောင် ခွေလိပ်နေသည်။

မြေပြင်အောက်၌မူ အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် ကိုက်ခဲနိုင်သော ထက်မြက်လှသည့် သွားစွယ်များရှိပြီး အဆုံးမရှိသော အဆိပ်ငွေ့များကို မှုတ်ထုတ်နေသည့် ဧရာမ ကြွက်ကြီးတစ်ကောင်သည် မြေကမ္ဘာကို ထိုးခွဲ၍ ထွက်ပေါ်လာခဲ့သည်။

ထိုမြွေဆိုးကြီး၏ အထက်တွင်မူ တစ်ကိုယ်လုံး၌ မရေမတွက်နိုင်သော မျက်လုံးအိမ်ကြီးများရှိပြီး၊ ကျောပြင်ထက်တွင် စင်ကြယ်သန့်ရှင်းလှသော အတောင်ပံခြောက်ခုကို ဖြန့်ကျက်ထားသည့် ဧရာမ မျက်လုံးအိမ်ကြီးတစ်လုံး တည်ရှိနေသည်။

ထိုအတောင်ပံများထံမှ ဖြူဖွေးသောအလင်းတန်းများ စီးဆင်းလာပြီး မြေပြင်ကို တိုက်ရိုက်တိုက်စားကာ ကြီးမားလှသော ကျင်းကြီးများကို ဖြစ်ပေါ်စေသည်။

ထိုဧရာမကြွက်ကြီး၏ အထက်တွင်မူ တစ်ကိုယ်လုံး၌ ပါးစပ်များစွာဖြင့် ပြည့်နှက်နေပြီး ဤမြေပြင်ပေါ်ရှိ သက်ရှိမှန်သမျှကို မနားတမ်း စုပ်ယူဝါးမြိုနေသည့် ဧရာမ မျှော့ကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

ဤနိမိတ်လက္ခဏာကြီးလေးခုသည် ကောင်းကင်နှင့် မြေကမ္ဘာကို နှစ်ခြမ်းခွဲပစ်တော့မည့်အလား ပေါ်ထွက်လာခဲ့ရာ အားလုံး၏ စိတ်လုံးကို အေးစိမ့် တုန်လှုပ်သွားစေခဲ့သည်။

ရုပ်တုများကို ဖြိုဖျက်နေသော အဖွဲ့ဝင်များသည် ထိုနိမိတ်လက္ခဏာကြီးလေးခု၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ထိုဖိအားကြီးအောက်တွင် အသက်ရှူပင် မှားလုနီးပါး ဖြစ်သွားခဲ့ရသည်။

သို့သော်လည်း ကံကောင်းစွာဖြင့် သူတို့၏ ပတ်ပတ်လည်တွင် ပြာလဲ့လဲ့ အလင်းတံတိုင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ရွှီရန်၏ စွမ်းအားက သူတို့ကို လွှမ်းခြုံကာကွယ်ပေးလိုက်သဖြင့် သူတို့ ပုံမှန်အတိုင်း ပြန်လည်အသက်ရှူနိုင်သွားခဲ့ခြင်းပင်။

ထိုသို့ဖြစ်လင့်ကစား အဖွဲ့ဝင်များသည် ထိုနိမိတ်လက္ခဏာကြီးလေးခုကို စိုးရိမ်တကြီးဖြင့် ကြည့်နေမိကြဆဲပင်။

ထန်ချီချီက "ဒီလိုမျိုး အရှိန်အဝါက... တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လွန်းတယ်"

ကွမ်ရှင်းကလည်း "ဒါဟာ နတ်ဘုရားအဆင့် သတ္တဝါတွေ ယူဆောင်လာတဲ့ ဖိအားနဲ့ ဖျက်ဆီးခြင်း အားမာန်ပဲ။ တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ဆိုးဝါးလွန်းတယ်"

နင်းရွှမ်းက "ငါတို့ ခေါင်းဆောင်ရဲ့ စက္ကူရုပ်စစ်သည်တော်အုပ်ကြီးက သူတို့ကို တားဆီးနိုင်ပါ့မလား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။

ကျူးယွီဟန်၏ မျက်နှာမှာ ဖြူလျော်သွားခဲ့ရပြီး "ဂြိုလ်ပြင်ပက နတ်ဘုရားအဆင့် သတ္တဝါတွေ ကမ္ဘာမြေပေါ်ကို ဘာလို့ တိုက်ရိုက်ဆင်းသက်လို့မရဘူးလဲဆိုတာ အံ့ဩစရာမရှိတော့ဘူး။ သူတို့ရဲ့ ဖျက်ဆီးနိုင်စွမ်းက ကြီးမားလွန်းတယ်။ မြေကမ္ဘာတွေ အက်ကွဲပြီး ကောင်းကင်ကြီးတွေတောင် အရောင်မှိန်သွားရတယ်" ဟု ပြောလိုက်သည်။

ကျားမလေးကမူ ရွှီရန်အား ယုံကြည်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း "အစ်ကိုကြီးကတော့ ဒီမိစ္ဆာနတ်ဘုရားလေးပါးစလုံးကို သေချာပေါက် ပိတ်ဆို့တားဆီးနိုင်မှာပဲ။ ငါတို့ကတော့ ငါတို့လုပ်ရမယ့် အလုပ်ကိုပဲ ဆက်ပြီး အာရုံစိုက်လုပ်ကြရအောင်" ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် သူတို့အားလုံးသည် သူတို့၏ တာဝန်ကို ဆက်လက်လုပ်ဆောင်ကြသော်လည်း တစ်ချိန်တည်းမှာပင် ကျားမလေး၏ လက်ဖဝါးများထဲတွင် ချွေးစေးများ ပြန်လာခဲ့ရရှာသည်။

မိစ္ဆာနတ်ဘုရားလေးပါးသည် ရွှီရန်အား စိန်ခေါ်လှောင်ပြောင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြပြီး "မင်းရဲ့ စက္ကူရုပ်စစ်သည်တော်တွေကို ဘာလို့ ထုတ်မသုံးသေးတာလဲ" ဟု မယ်ဒူဆာက မေးလိုက်သည်။

"မင်းရဲ့ စက္ကူရုပ်တွေကို အမြန်ဆုံး ထွက်လာခိုင်းတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် နောက်ကျသွားပြီး အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"

ကြွက်မိစ္ဆာကလည်း သရော်လိုက်သည်။

"ဒါပေမဲ့... မင်းသာ အဲဒီစက္ကူရုပ်ငါးဆယ်ကို ထုတ်သုံးခဲ့ရင်တောင်မှ အခုအချိန်မှာ ဘာမှ အသုံးဝင်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အခု ငါတို့ရဲ့ သွေးအသက်ဓာတ်က ၃0 သန်း အဆင့်အထိ ရောက်ရှိသွားပြီမို့လို့ပဲ"

မိစ္ဆာနတ်ဘုရားများ၏ သရော်လှောင်ပြောင်မှုများကို ကြားရသော်လည်း ရွှီရန်ကမူ တည်ငြိမ်အေးဆေးသော အမူအရာကိုသာ ထိန်းသိမ်းထားဆဲပင်။

လျှို့ဝှက်နယ်ပယ်အတွင်း၌ ရှိနေစဉ်ကတည်းက သူ၏ သွေးအသက်ဓာတ်မှာ ၅ သန်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်ကာ သူ၏ အစွမ်းထက်လှသော လျှို့ဝှက်လက်နက်များနှင့် စွမ်းရည်မျိုးစုံ၏ ပံ့ပိုးမှုကြောင့် သွေးဆာသောမသေနိုင်သောအမြုတေအရိုးကိုပင် အသုံးမပြုဘဲ သွေးအသက်ဓာတ် သန်း ၄၀ ရှိသော ရန်သူများကို အလွယ်တကူ တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ထိုသို့ဖြစ်ရာ သွေးအသက်ဓာတ် ၃၀ သန်းစီသာရှိကြသော ရန်သူလေးပါးကိုမူ သူ စိုးစဉ်းမျှ ထည့်တွက်နေစရာ မလိုချေ။

သွေးအသက်ဓာတ် ၃၀ သန်းနှင့် သန်း ၄၀ အကြားတွင် ရှိနေသော ကွာဟချက်မှာ အနက်ရှိုင်းဆုံးသော ချောက်ကမ္ဘားကြီးတစ်ခုကဲ့သို့ ကျယ်ပြောလှသဖြင့် အရေအတွက်သက်သက်ဖြင့် ဖြည့်ဆည်းနိုင်ခြင်း မရှိချေ။

မျှော့ဧကရာဇ်က ရွှီရန် တိတ်ဆိတ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ "လူသား... မင်း ကြောက်လွန်းလို့ စိတ်လွတ်သွားပြီလား" ဟု မေးလိုက်သည်။

ရွှီရန်က သူတို့ကို အေးစက်စွာ ပြုံးပြရင်း "မင်းတို့လို လောက်ကောင်တွေကလား" ဟု ပြန်လည်မေးခွန်းထုတ်လိုက်သည်။

ယခုအခါ မိစ္ဆာနတ်ဘုရားလေးပါးစလုံး အလွန်အမင်း ဒေါသထွက်သွားကြတော့သည်။ သူတို့၏ သွေးအသက်ဓာတ်မှာ လက်ရှိတွင် ၃၀ သန်းအထိ ရှိနေပြီး စက္ကူရုပ်ငါးဆယ်ကို ရင်ဆိုင်ရန်မှာ ဘာမျှပြဿနာမရှိတော့သည့် အခြေအနေတွင် ရွှီရန်က မည်သည့်အတွက်ကြောင့် ဤမျှအထိ မာနထောင်လွှားနေနိုင်သည်ကို သူတို့ နားမလည်နိုင်ကြချေ။

မယ်ဒူဆာက မျက်လုံးများကို ဒေါသတကြီး စိုက်ကြည့်ရင်း "မင်းက သေချင်နေမှတော့... ငါကပဲ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့" ဟု အော်ဟစ်လိုက်သည်။

ပြောပြီးသည်နှင့် နိမိတ်လက္ခဏာကြီးလေးခုသည် ရွှီရန်ရှိရာအရပ်သို့ တစ်ပြိုင်နက်တည်း ထိုးနှက်တိုက်ခိုက်လိုက်ကြရာ သူတို့၏ ပြင်းထန်လှသော သွေးအသက်ဓာတ် စွမ်းအားကြီးကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးပင်လျှင် ပုံပျက်ပန်းပျက် လှုပ်ခတ်သွားခဲ့ရတော့သည်။

ထိုနိမိတ်လက္ခဏာကြီးလေးခု၏ ပြင်းထန်လှသော ဖိအားအောက်တွင် ရွှီရန်၏ ခန္ဓာကိုယ်ထံမှ ထည်ဝါလှသော ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူသည် ရတနာအဆောင်စာရွက် အချို့ကိုအမြစ်ပြတ်ချေမှုန်းခြင်းကပ်ဘေးအလင်းတန်းအတွင်းသို့ ပစ်ထည့်လိုက်တော့သည်။

ဤအမြစ်ပြတ်ချေမှုန်းခြင်းကပ်ဘေးအလင်းတန်းသည် ရန်သူကို တိုက်ရိုက် အစိတ်စိတ်အမွှာမွှာ ကြေမွ ပျက်စီးသွားစေနိုင်ပြီး ကောင်းကင်နှင့်မြေပြင်ကြားမှ လုံးဝဥဿုံ ပျောက်ကွယ်သွားစေကာ မည်သည့်နည်းဖြင့်မျှ ပြန်လည်မကုသနိုင်သလို ပြန်လည်၍ အသက်မဝင်နိုင်အောင် ပြုလုပ်နိုင်စွမ်း ရှိသည်။

ဤအချက်ကြောင့်ပင် ရွှီရန်အနေဖြင့် ရုပ်တုများကို လုံးဝဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ဧရာမ ရွှေရောင်အလင်းတန်းကြီး တစ်ခု ပေါ်ထွက်လာခဲ့ပြီး ယခင်က အမုန်းတရားများဖြင့် မှောင်မိုက်နေခဲ့သော ကောင်းကင်နှင့်မြေပြင်ကြီးတစ်ခုလုံးကို ခဏချင်းမှာပင် ပြန်လည်၍ လင်းထိန်သွားစေခဲ့သည်။

မိစ္ဆာနတ်ဘုရားလေးပါးသည် စူးရှလှသော ရွှေရောင်အလင်းတန်းကြောင့် သူတို့၏ မျက်ဝန်းများကို အမြန်ကာကွယ်လိုက်ကြရပြီး မျှော့ဧကရာဇ်မှာမူ ထိုရွှေရောင်အလင်းတန်းနှင့် ထိတွေ့မိသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ကြီးမှာ တဖြည်းဖြည်းနှင့် စတင်၍ ကြေမွပျက်စီးလာခဲ့တော့သည်။

အသက်နှစ်ရှူစာမျှ ကြာပြီးနောက်တွင်တော့ ရွှေရောင်အလင်းတန်းမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး အသက်ငါးရှူစာမျှ ကြာသောအခါ အလင်းတန်းများ လုံးဝပျောက်ကွယ်သွားခဲ့ရာ မိစ္ဆာနတ်ဘုရားများက သူတို့၏ မျက်စိများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ကြသည်။

သူတို့၏ မျက်စိရှေ့မှောက်ရှိ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် မိစ္ဆာနတ်ဘုရားများအားလုံးသည် မျက်လုံးအစုံ ဝိုင်းစက်သွားကြပြီး ဖြစ်ပျက်နေသမျှအရာအားလုံးကို လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြရသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အမြောက်အမြားရှိလှသော အမုန်းတရားများကို အသုံးချ၍ ဆင့်ခေါ်ခဲ့ကြသည့် ကြောက်မက်ဖွယ်ကောင်းလှသော နိမိတ်လက္ခဏာကြီးများမှာ ယခုအခါ အသက်ခုနစ်ရှူစာအတွင်းမှာတင် ဘာမျှမကျန်ရှိတော့ဘဲ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ပြီး တစ်ခါမျှ ပေါ်မလာခဲ့ဖူးသည့်အလား ဖြစ်နေသောကြောင့်ပင်။

"ဒါ... ဒါ ဘာဖြစ်သွားတာလဲ"

မယ်ဒူဆာက ပတ်ဝန်းကျင်ကို ကြောင်တောင်တောင်ဖြင့် လှည့်ပတ်ကြည့်ရှုရင်း ရေရွတ်လိုက်သည်။

မိုက်ကယ်၏ မရေမတွက်နိုင်သော မျက်လုံးအိမ်ကြီးများကလည်း ဇဝေဇဝါ ဖြစ်နေကြပြီး "ငါ့ရဲ့ အတောင်ပံခြောက်ခုပါတဲ့ ကောင်းကင်တမန် စစ်မှန်တဲ့ ခန္ဓာကိုယ်ကြီး ဘယ်ရောက်သွားတာလဲ" ဟု ပြောလိုက်သည်။

ကြွက်မိစ္ဆာကလည်း နားမလည်နိုင်စွာဖြင့် "ဒါဟာ ငါတို့တွေ နိမိတ်လက္ခဏာတွေကို မဆင့်ခေါ်ရသေးလို့ ဖြစ်နေတာလား" ဟု တွေးတောမိလိုက်သည်။

မျှော့ဧကရာဇ်ကမူ "ငါတို့ရဲ့ နိမိတ်လက္ခဏာတွေအားလုံးက... ငါတို့ရှေ့က လူသားရဲ့ လက်ချက်နဲ့ လုံးဝဥဿုံ အမြစ်ပြတ် ချေမှုန်းခံလိုက်ရတာပဲ" ဟု ပြောလိုက်သည်။

သူတို့ မယုံကြည်ချင်ကြသော်လည်း ယခုအခါ ပကတိအမှန်တရားကို လက်ခံလိုက်ကြရတော့သည်။

မယ်ဒူဆာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း "သူက ငါတို့ရဲ့ နိမိတ်လက္ခဏာတွေကို ချေမှုန်းနိုင်တယ်ဆိုဦးတော့...ဒီလိုဆန်းကြယ်တဲ့ နည်းလမ်းမျိုးကို အချိန်တိုအတွင်းမှာ ဒုတိယအကြိမ် ထပ်ပြီး ထုတ်သုံးနိုင်လိမ့်မယ်လို့ ငါ မယုံဘူး။ သူကိုယ်တိုင်က သွေးအသက်ဓာတ် ၅ သန်းပဲ ရှိတာဥစ္စာ"

မိုက်ကယ်ကလည်း သဘောတူစွာဖြင့် "မှန်တယ်... သူ သေချာပေါက် ဒုတိယအကြိမ် ထပ်ပြီး ထုတ်သုံးနိုင်မှာ မဟုတ်ဘူး"

ကြွက်မိစ္ဆာက "ဒုတိယအကြိမ် ထပ်မသုံးနိုင်ဘူးဆိုရင်တော့... သူ့ရဲ့ သာမန်ခန္ဓာကိုယ်ကို ငါတို့ လက်ချောင်းတစ်ချောင်းတည်းနဲ့တင် ဖိချေပစ်လို့ရတယ်" ဟု ပြောလိုက်သည်။

မိစ္ဆာနတ်ဘုရား သုံးပါးလုံး စကားပြောဆိုပြီးနောက် ဘေးနားရှိ မျှော့ဧကရာဇ်ထံမှ မည်သည့်တုံ့ပြန်သံမျှ ကြားမရသဖြင့် လှည့်ကြည့်လိုက်ကြရာ မျှော့ဧကရာဇ်၏ အခြေအနေကို မြင်တွေ့လိုက်ရတော့သည်။

မျှော့ဧကရာဇ်သည် သူဘာသာ အလိုအလျောက် အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးနေပြီး သူ၏ ကြီးမားထည်ဝါလှသော ခန္ဓာကိုယ်ကြီး၏ အစိတ်အပိုင်း အများစုမှာ ကြေမွပျက်စီးသွားခဲ့ပြီဖြစ်ကာ ထိုပျက်စီးခြင်းဖြစ်စဉ်မှာလည်း လုံးဝ ရပ်တန့်သွားမည့် အရိပ်အယောင် ရှိမနေခဲ့ချေ။

မိစ္ဆာနတ်ဘုရား သုံးပါးစလုံး ရွှီရန်အား အံ့ဩတုန်လှုပ်စွာဖြင့် စိုက်ကြည့်လိုက်ကြပြီး "မင်းရဲ့ နည်းလမ်းက သွေးအသက်ဓာတ် ၃၀ သန်းရှိတဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးကို တိုက်ရိုက် သတ်ဖြတ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ မင်းကိုယ်တိုင်က သွေးအသက်ဓာတ် ၅ သန်းပဲ ရှိတာဆိုတော့ တကယ့်ကို ချီးကျူးစရာကောင်းပါတယ်"

မိုက်ကယ်က ချီးကျူးလိုက်သည်။

မယ်ဒူဆာကလည်း သဘောတူစွာဖြင့် "မင်းသာ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် မင်းရဲ့ ဒီလိုမျိုး ထူးခြားဆန်းပြားတဲ့ နည်းလမ်းတွေနဲ့ ငါတို့ကို တကယ်ပဲ သတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက... အခုအချိန်မှာ မင်းက အရမ်းကို အားနည်းလွန်းနေသေးတယ်" ဟု ပြောလိုက်တော့သည်။

All Chapters