← Chapters

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း။ ၄၀၇

"ဒါဆိုရင် ကန့်သတ်ချက်တွေက ဘာတွေလဲ"

အကြီးအကဲငါးဦးစလုံးက တစ်ပြိုင်နက်တည်း လှမ်းမေးလိုက်ကြသည်။

"ယွဲ့နယ်ပယ်အဆင့်ရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတွေက တစ်ဆယ့်လေးရက်မှာ တစ်ကြိမ်ပဲ သုံးနိုင်ပြီးတော့ ယွဲ့နယ်ပယ်အောက်က ကျင့်ကြံသူတွေကတော့ တစ်လမှာ တစ်ကြိမ်ပဲ အသုံးပြုနိုင်ပါတယ်"

"ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအား ပိုမိုသန်မာတဲ့ ကျင့်ကြံသူတွေကတော့ ဒီအသုံးပြုမှု ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်စွမ်း ရှိပါတယ်"

ထိုစကားကြောင့် အကြီးအကဲငါးဦးစလုံး ခေါင်းငြိမ့်လိုက်ကြသည်။ ဤကဲ့သို့သော ကန့်သတ်ချက်မျိုး ရှိနေခြင်းမှာ အလွန်ပင် သဘာဝကျသည်။

စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း မောပန်းနွမ်းနယ်နေသော ကျင့်ကြံသူတစ်ဦးအား သူ၏စိတဝိညာဉ်ကို အတင်းအဓမ္မ ပြန်လည်ပြည့်ဝစေခြင်းမှာ နာရီပေါင်း နှစ်ဆယ့်လေးနာရီပတ်လုံး အိပ်ရေးပျက်ထားသော လူတစ်ယောက်အား နောက်ထပ် နာရီပေါင်း နှစ်ဆယ့်လေးနာရီ ဆက်ပြီးနိုးနေစေရန် စိတ်ကြွဆေး အတင်းတိုက်လိုက်သကဲ့သို့ပင်။

ထို့ကြောင့် ဘေးထွက်ဆိုးကျိုးများ ရှိနေမည်မှာ အသေအချာပင်။

"ဒါပေမဲ့... ကျွန်တော်တို့ အခုထိ မဖြေရှင်းနိုင်သေးတဲ့ နောက်ထပ် ပြဿနာတစ်ခု ရှိနေပါသေးတယ်"

သုတေသနပညာရှင်က ဆက်လက်တင်ပြသည်။

"အကြောင်းရင်းကတော့ ဒီနွယ်ပင်က လုံးဝဥဿုံ ဗီဇပြောင်းလဲသွားတာမျိုး မဟုတ်သေးလို့ပါပဲ။ အဲဒီကနေ ထွက်တဲ့ အစိမ်းရောင်အရည်က ထွက်လာပြီး ငါးမိနစ်ထက်ကျော်သွားရင် သူ့ရဲ့ ဆေးစွမ်းအာနိသင်တွေ အကုန်ပျောက်ကွယ်သွားတတ်ပြီး လောလောဆယ်မှာတော့ ဒါကို သိုလှောင်သိမ်းဆည်းထားနိုင်မယ့် နည်းလမ်း လုံးဝမရှိသေးပါဘူး"

ဤစကားကို ကြားလိုက်ရချိန်တွင် အကြီးအကဲငါးဦးစလုံး၏ မျက်နှာများ ချက်ချင်း ညှိုးငယ်သွားခဲ့ရတော့သည်။ ယခု ဗီဇပြောင်းနွယ်ပင်သည် လူသားမျိုးနွယ်စုအတွက် ကြီးမားသော ခွန်အားကို ပေးစွမ်းနိုင်လိမ့်မည်ဟု အစောပိုင်းက ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ ကန့်သတ်ချက်များက များပြားလွန်းနေသည်။

ကောင်းကင်ဘုံလက်မှုပညာရှင်က ဘေးမှနေ၍ "လုံခြုံရေးဇုန် တိုးချဲ့ခဲ့တာ ရက်ပိုင်းပဲ ရှိသေးတာလေ။ ပြီးတော့ လုံးဝဥဿုံ ဗီဇမပြောင်းလဲသေးတဲ့ အပင်တွေ အများကြီး ရှိနေသေးတာဆိုတော့... ဒါက သဘာဝကျပါတယ်"

"ဒါတင်မကသေးဘူး... သုံးရက်တည်းနဲ့ ဒီလောက်အထိ ထူးခြားတဲ့ သုတေသနရလဒ်မျိုး ရခဲ့တာပဲ။ ဒါဟာ သတင်းကောင်းတစ်ခု မဟုတ်ဘူးလား" ဟု ဖြေသိမ့် စကားပြောလိုက်သည်။

ဘဏ်လုပ်ငန်းရှင်က သူ၏မျက်မှန်ကို ပင့်တင်ရင်း "ဒီကိစ္စကို အလျင်စလိုလုပ်လို့ မရဘူး။ ပြီးတော့ ဂြိုလ်ပြင်ပစစ်မြေပြင်က သတ္တဝါတွေကလည်း အခု ဆုတ်ခွာသွားပြီး ငြိမ်သက်နေကြပြီဆိုတော့... ဒါက ငါတို့ကို သုတေသနလုပ်ဖို့ အချိန်အလုံအလောက် ပေးထားသလိုပါပဲ" ဟု ပြောလိုက်သည်။

...

ဤသို့ဖြင့် နောက်ထပ် ခုနစ်ရက်တာ ကာလ ကုန်လွန်သွားခဲ့သည်။

မြေကမ္ဘာသွေးကြောပန်းပွင့်များ အနားယူရာ အရပ်၌ ဤတစ်ဆယ့်ငါးရက်တာ ကာလအတွင်း ရွှီရန်သည် အိပ်ပျော်နေသော မြေကမ္ဘာသွေးကြောပန်းပွင့်များကို ဆက်လက်နှိုးဆွပေးနေခဲ့သည့်အပြင် ၎င်းတို့ပေါ်တွင် အင်းကွက်များကိုပါ တစ်ပါတည်း ရေးထွင်းပေးခဲ့သည်။

ယခုအခါ မြေကမ္ဘာသွေးကြောပန်းပွင့် အခုငါးဆယ်ခန့် နိုးထလာခဲ့ပြီဖြစ်ရာ နဂါးသွေးကြောတစ်ခု ဖြစ်တည်လာရန်အတွက် လိုအပ်သော အခြေအနေများ ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။

အပြာရောင်ဝတ်စုံနှင့် မိန်းကလေးငယ်သည် ရွှီရန်၏ လုပ်ဆောင်ချက်များကို ပြုံးရွှင်စွာဖြင့် စောင့်ကြည့်နေခဲ့ပြီး သူမ၏ မျိုးနွယ်စုဝင် အခုငါးဆယ် ထပ်မံနိုးထလာခဲ့သည့်အတွက် နှလုံးသားထဲမှနေ၍ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်နေခဲ့သည်။

ရွှီရန်က နောက်ဆုံးအင်းကွက်၏ အဆုံးသတ်မျဉ်းကို ရေးဆွဲပြီးစီးလိုက်သည်နှင့်

တစ်ပြိုင်နက် ကမ္ဘာပေါ်တွင် အစောကတည်းက ပြည့်နှက်နေသော ဝိညာဉ်စွမ်းအင်များ၏ သိပ်သည်းဆမှာ ထူးခြားစွာဖြင့် တဟုန်ထိုး ထပ်မံမြင့်တက်လာခဲ့တော့သည်။

ယခင်က နိုးထခဲ့သော မြေကမ္ဘာသွေးကြောပန်းပွင့် အခုငါးဆယ်နှင့် ယခုအသစ်နိုးထလာသော အခုငါးဆယ် စုစုပေါင်း တစ်ရာခန့်ရှိသော ပန်းပွင့်များပေါ်ရှိ အင်းကွက်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်မိသွားကြပြီး မြေအောက်၌ ကြီးမားလှသော အင်အားကြီးအင်းကွက်ကြီးတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းသွားခဲ့သည်။

ရွှီရန်သည် မြေအောက်မှ ထူးခြားသော လှုပ်ရှားမှုကို အာရုံခံမိလိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

"အင်းကွက်တွေ ရေးထွင်းထားတဲ့ မြေကမ္ဘာသွေးကြောပန်းပွင့် အခုတစ်ရာ ပေါင်းစပ်သွားတဲ့အခါ... ဒီလောက်အထိ ကြီးမားတဲ့ မဟာကရုဏာအင်းကွက်ကြီးဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ထိုအရာက သူ့အတွက်တော့ ထင်မှတ်မထားသော ဝမ်းမြောက်စရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့သော်လည်း သူက ထပ်မံ၍ သေသေချာချာ အာရုံခံကြည့်လိုက်ရာ တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိပြုမိသွားသည်။

"မဟုတ်သေးဘူး... ဒါက သာမန် မဟာကရုဏာအင်းကွက်မျိုး မဟုတ်ဘူး။ ဒါက သူအလိုအလျောက် ရွှေ့လျားနိုင်စွမ်းရှိတဲ့ မဟာကရုဏာအင်းကွက်ကြီးပဲ"

အပြာရောင်ကြယ်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များသည် စိုက်ပျိုးရေးနတ်ဘုရား ရေးထွင်းခဲ့သော မဟာကရုဏာအင်းကွက်၊ ပင်လယ်အောက်ခြေမြစ်ကြောင်း၏ မဟာကရုဏာအင်းကွက်၊ မြေကမ္ဘာသွေးကြောပန်းပွင့်များနှင့် နဂါးသွေးကြောများ ပြန်လည်နိုးထလာမှုတို့ကြောင့် ယခုကဲ့သို့ အလွန်အမင်း ပြည့်ဝလာခြင်းပင်။

ဤအခြေအနေများအားလုံး ပေါင်းစပ်သွားခြင်းကြောင့်သာ အပြာရောင်ကြယ်၏ ဝိညာဉ်စွမ်းအင်များမှာ ဤမျှအထိ ထူးကဲစွာ သိပ်သည်းနေခြင်းပင်။

သို့သော်ငြားလည်း ဟွာရှနိုင်ငံတော်ကြီးမှာ အလွန်အမင်း ကျယ်ပြောလှသဖြင့် အချို့သော ဝေးလံခေါင်ဖျားသည့် အရပ်ဒေသများတွင် မဟာကရုဏာအင်းကွက်မရှိကြချေ။

ထို့ကြောင့် ထိုနေရာများ၏ ဝိညာဉ်စွမ်းအင် လွှမ်းခြုံမှုမှာ လုံခြုံရေးဇုန်အတွင်းလောက် မသိပ်သည်းလှပေ။

သို့သော် ယခုအခါ အင်းကွက်များ ရေးထွင်းထားသော မြေကမ္ဘာသွေးကြောပန်းပွင့်များသည် ရွှေ့လျားနိုင်စွမ်းရှိသည့် မဟာကရုဏာအင်းကွက်ကြီးအဖြစ်သို့ ဖွဲ့စည်းသွားခဲ့ပြီဖြစ်ရာ ၎င်း၏ တည်နေရာကို သူအလိုရှိသလို ထိန်းချုပ်ရွှေ့ပြောင်းနိုင်ပြီ ဖြစ်သည်။

ဟွာရှနိုင်ငံ၏ ဝိညာဉ်စွမ်းအင် မသိပ်သည်းသေးသော ဝေးလံခေါင်သီသည့် အရပ်ဒေသများကိုပါ လုံခြုံရေးဇုန်ကဲ့သို့ ဝိညာဉ်စွမ်းအင်များ ပြည့်ဝလာအောင် ပြုလုပ်ပေးနိုင်တော့မည်ပင်။ ထိုအရာက ဟွာရှနိုင်ငံအတွက် သတင်းကောင်းပင်။

ရွှီရန် အံ့ဩဝမ်းသာနေဆဲမှာပင် အသစ်နိုးထလာသော မြေကမ္ဘာသွေးကြောပန်းပွင့် အခုငါးဆယ်ထံမှ ရရှိလာမည့် အကျိုးကျေးဇူးများက စတင်ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အထင်ရှားဆုံး အချက်တစ်ခုအနေဖြင့် ကောင်းကင်ယံထက်တွင် နောက်ထပ်တစ်ကြိမ် ရွှေရောင်မိုးစက်မိုးပေါက်များ ရွာသွန်းလာခဲ့ပြန်သည်။

မြေကမ္ဘာသွေးကြောပန်းပွင့်များဖြင့် ဖွဲ့စည်းထားသော မဟာကရုဏာအင်းကွက်ကြီးသည် အပြာရောင်ကြယ်၏ မြေအောက်အနက်ပိုင်းတွင် မွေးကင်းစကလေးငယ်တစ်ဦးကဲ့သို့ အရပ်မျက်နှာအနှံ့သို့ စူးစမ်းလိုစိတ်များဖြင့် လှည့်လည်ရွှေ့လျားနေခဲ့သည်။

မဟာကရုဏာအင်းကွက်ကြီးဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကောင်းကင်ယံ၌ ရွှေရောင်တိမ်တိုက်ကြီးများ ပေါ်ထွက်လာလေ့ရှိပြီး ထို့နောက်တွင်မူ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော မိုးစက်မိုးပေါက်များက အချိန်ကိုက် ရွာသွန်းလာခဲ့သည်။

တစ်မိနစ်မျှသော ကာလအတွင်းမှာတင် ထိုရွှေ့လျားနေသော မဟာကရုဏာအင်းကွက်ကြီးသည် ဟွာရှနိုင်ငံတော်တစ်ခုလုံးကို နှံ့စပ်အောင် ဖြတ်သန်းသွားခဲ့ပြီးဖြစ်ရာ ဟွာရှနိုင်ငံ၏ အရပ်မျက်နှာအားလုံးတွင် ဝိညာဉ်စွမ်းအင်မိုးများ တပြိုင်နက်တည်း ရွာသွန်းလျက် ရှိနေခဲ့ပြီ ဖြစ်သည်။

ဟွာရှနိုင်ငံအတွင်းရှိ လူတိုင်းသည် ဤရွှေရောင်မိုးစက်များကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရသဖြင့် လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

ဤကဲ့သို့သော ဝိညာဉ်စွမ်းအင်မိုးမျိုး ရွာသွန်းခြင်းမှာ ဟွာရှပြည်သူများအတွက် ရိုးအီနေသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လူတိုင်းက ထိုအရာက ရွှီရန်၏ လက်ချက်ကြောင့် ဖြစ်မှန်း ကောင်းစွာ သိရှိကြသည်။

"တပ်မှူးရွှီက ငါတို့အတွက် နောက်ထပ် ဝိညာဉ်စွမ်းအင် ရွှေရောင်မိုးတွေကို ယူဆောင်ပေးလာပြန်ပြီဟေ့"

"တပ်မှူးရွှီက ဝိညာဉ်စွမ်းအင်မိုးတွေကို ရွာချပေးတိုင်း... အမြဲတမ်း ကြီးမားတဲ့ အဖြစ်အပျက်တွေ ပေါ်လာတတ်တာ။ ဒီတစ်ခေါက်ရော ဘယ်လိုမျိုး အံ့ဩစရာတွေ ဖြစ်လာဦးမလဲ မသိဘူးနော်"

ပြည်သူများက အားရပါးရ ဆွေးနွေးပြောဆိုနေကြစဉ်မှာပင် ရွှေရောင်တိမ်တိုက်များထဲမှနေ၍ ဟိန်းဟောက်သံကြီးများနှင့်အတူ ရွှေရောင်နတ်ဘုရားနဂါးကြီးတစ်ကောင်၏ ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

"ဒါ... နဂါးသွေးကြောပဲ နောက်ထပ် နဂါးသွေးကြောတစ်ခု ထပ်ပြီး ပေါ်လာပြန်ပြီ"

ဤရင်းနှီးလှသော နဂါးဟိန်းသံကြီးကို ကြားလိုက်ရုံဖြင့် အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို လူတိုင်း ကောင်းစွာ သဘောပေါက်လိုက်ကြပြီ ဖြစ်သည်။ ရွှီရန်သည် နောက်ထပ် နဂါးသွေးကြောတစ်ခုကို တစ်ဖန်ပြန်လည် နိုးထစေခဲ့ပြီ ဖြစ်သည်။

နဂါးသွေးကြောများက လူသားမျိုးနွယ်စုအပေါ် ပေးစွမ်းနိုင်သော စွမ်းအားမြှင့်တင်မှုများမှာ သံသယဖြစ်ဖွယ် မရှိချေ။

ကောင်းကင်ဘုံတောင်ထိပ်ဆောင်၌ ကောင်းကင်ဘုံလက်မှုပညာရှင်၊ ဘဏ်လုပ်ငန်းရှင်၊ အစိုးရအဖွဲ့အကြီးအကဲ၊ ရေပြင်ဝေဖန်ဆန်းစစ်သူနှင့် ဗေဒင်ဆရာကြီးတည်းဟူသော အကြီးအကဲငါးဦးစလုံးသည် ကွင်းပြင်ကျယ်ကြီးထဲတွင် ရပ်နေကြရင်း ကောင်းကင်ယံထက်မှ ရွှေရောင်တိမ်တိုက်ကြီးများကို မော့ကြည့်နေကြသည်။

ကောင်းကင်ဘုံလက်မှုပညာရှင်က ချီးကျူးစကားပြောလိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းတင် မိစ္ဆာနတ်ဘုရားရဲ့ ကိစ္စကို ဖြေရှင်းပြီးခါစပဲ ရှိသေးတယ်။ အခုဆိုရင် နောက်ထပ် နဂါးသွေးကြောတစ်ခု ထပ်ပြီး ပေါ်လာပြန်ပြီ။ ရွှီရန်ကတော့ တကယ့်ကို စံပြလုပ်သားကြီးပဲ"

အစိုးရအဖွဲ့အကြီးအကဲက "ငါတို့တွေ ဗီဇပြောင်းနွယ်ပင်ရဲ့ တိုးတက်မှုအခြေအနေကိုပဲ အာရုံစိုက်နေမိတာကြောင့်... ရွှီရန် ဘာတွေလုပ်နေလဲဆိုတာကို သတိမထားမိလိုက်ကြဘူး" ဟု ပြောလိုက်သည်။

ရေပြင်ဝေဖန်ဆန်းစစ်သူက မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းရင်း "လွန်ခဲ့တဲ့အကြိမ်တုန်းက နဂါးသွေးကြော ပေါ်လာတုန်းက လျှို့ဝှက်နယ်ပယ်တစ်ခု ပွင့်လာခဲ့ဖူးတယ်။ ဒီတစ်ခေါက်ရော... လျှို့ဝှက်နယ်ပယ်တစ်ခု ထပ်ပြီး ပွင့်လာဦးမလား" ဟု လှမ်းပြောလိုက်သည်။

ဤမှတ်ချက်စကားကြောင့် အားလုံး၏ စိတ်ဝင်စားမှုမှာ ချက်ချင်း မြင့်တက်သွားခဲ့ရသည်။ လျှို့ဝှက်နယ်ပယ်တစ်ခုထံမှ ရရှိမည့် အကျိုးကျေးဇူးများသည် နတ်ဘုရားအဆင့် အရိုးတည်ဆောက်ပုံရှိသော ကျင့်ကြံသူတစ်ဦးအတွက် ကောင်းချီးမင်္ဂလာတစ်ပါးပင်။

ဘဏ်လုပ်ငန်းရှင်က အသံကို မြှင့်လျက် "လွန်ခဲ့တဲ့ လျှို့ဝှက်နယ်ပယ်တုန်းက စွမ်းအားကို သန်းချီပြီး တိုးစေနိုင်တဲ့ ထူးဆန်းတဲ့ သစ်ပင်ကြီး ရှိခဲ့တယ်လေ။ ဒီတစ်ခေါက်မှာရော ဘယ်လိုမျိုး အရာတွေ ရှိနေမလဲ"

ဗေဒင်ဆရာကြီးကလည်း "ဒီလျှို့ဝှက်နယ်ပယ်ထဲမှာ... ငါတို့ရဲ့ ဗီဇပြောင်းလဲနေတဲ့ အပင်တွေနဲ့ ပတ်သက်ပြီး အခွင့်အလမ်းကောင်းတွေ ရှိနေမလားဆိုတာ စဉ်းစားစရာပဲ" ဟု ပြောလိုက်သည်။

ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းများနှင့် ပတ်သက်၍ အကြီးအကဲလေးဦးစလုံးက ခေါင်းငြိမ့်၍ ထောက်ခံကြသည်။ ရွှီရန်နှင့် မှော်မှန်ဘီလူးစစ်သည်တပ်ဖွဲ့တို့၏ ပြောပြချက်အရ ထိုလျှို့ဝှက်နယ်ပယ်များအတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ အလွန်အမင်း ထူးကဲလှပြီး ဟွာရှနိုင်ငံတော်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို အကြိမ်ကြိမ် သန့်စင်ပေးခဲ့ပြီး ဖြစ်သော်လည်း ၎င်းလျှို့ဝှက်နယ်ပယ်၏ အခြေအနေကို မမီသေးချေ။

ထို့ကြောင့် လုံခြုံရေးဇုန်အတွင်းရှိ အပင်များပင် ဗီဇပြောင်းလဲလာနိုင်သည်ဆိုပါက ထိုလျှို့ဝှက်နယ်ပယ်အတွင်းရှိ အပင်များမှာလည်း ဗီဇပြောင်းလဲမှုများ ရှိနေလိမ့်မည်မှာ အသေအချာပင်။ ဖြစ်နိုင်ခြေက အလွန်ပင် မြင့်မားသည်။

သူတို့အဖွဲ့ ဆွေးနွေးနေကြစဉ်မှာပင် ကောင်းကင်ယံ တိမ်တိုက်များကြား၌ ကနဦးက ဖုံးကွယ်နေခဲ့သော နဂါးသွေးကြောကြီးသည် ဝေးလံသော အရပ်မျက်နှာဆီသို့ လျင်မြန်စွာ ရွှေ့လျားသွားခဲ့တော့သည်။

"ဒီနဂါးသွေးကြောက ဘယ်ကို သွားနေတာလဲ"

အားလုံးက သိလိုစိတ်များဖြင့် တွေးတောနေကြသည်။

ထိုရွှေရောင်နဂါးကြီးသည် တိမ်တိုက်များကြားထဲတွင် ပျောက်ကွယ်သွားခဲ့ပြီးနောက် နောက်တစ်ခဏ၌ ဟွာရှနိုင်ငံအတွင်းရှိ ယခင်က မိစ္ဆာနတ်ဘုရားများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော နေရာများသို့ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

နဂါးသွေးကြောကို နိုးထစေခဲ့သော မူလလက်သည်ဖြစ်သည့် ရွှီရန်သည်လည်း ၎င်းနေရာသို့ ချက်ချင်း လိုက်ပါလာခဲ့သည်။

"ဒါက လွန်ခဲ့တဲ့အကြိမ်က မိစ္ဆာနတ်ဘုရား ပေါ်လာခဲ့တဲ့ နေရာပဲ"

လွန်ခဲ့သော အကြိမ်က ဟွာရှနိုင်ငံတော်အတွင်းသို့ ကျူးကျော်လာခဲ့သော မိစ္ဆာနတ်ဘုရားသည် ၎င်း၏ ပြင်းထန်လှသော အမုန်းတရားမိစ္ဆာစွမ်းအားများဖြင့် အရပ်ဒေသ သုံးခုကို အပြင်းအထန် ညစ်ညမ်းစေခဲ့သည်။

အဆောက်အအုံများကို ပြန်လည်တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သော်လည်း ထိုအမုန်းတရားများကြောင့် ဖြစ်ပေါ်ခဲ့သော ညစ်ညမ်းမှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက်မူ ပြည်သူများအနေဖြင့် မည်သို့ကိုင်တွယ်ရမည်ကို မသိဘဲ ဖြစ်နေခဲ့ကြရသည်။

ဤကဲ့သို့သော အမုန်းတရားညစ်ညမ်းမှုမျိုးကို သာမန်ဝိညာဉ်စွမ်းအင်များဖြင့် ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ချေ။ ၎င်းမှာ အပြာရောင်ကြယ်၏ သူဘာသာပြန်လည်ကုစားနိုင်စွမ်းနှင့် အချိန်ကာလကိုသာ အမှီပြု၍ မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာအောင် စောင့်ဆိုင်းရမည့် အရာမျိုး ဖြစ်သည်။

ဤအချိန်တွင် အပြာရောင်ဝတ်စုံနှင့် မိန်းကလေးငယ် ပေါ်လာခဲ့ပြီး "ဒီနဂါးသွေးကြောက ဟွာရှရဲ့ ကုန်းမြေပေါ်မှာ ပြန်ပြီး ပြုပြင်လို့မရနိုင်တဲ့ ပျက်စီးမှုတွေ ရှိနေတာကို သိရှိသွားလို့... ဒါကို အထူးတလည် ပြန်လည်ကုစားပေးဖို့ ရောက်လာတာပဲ" ဟု ပြောလိုက်သည်။

ပြောပြောဆိုဆိုဖြင့် ကောင်းကင်ယံထက်တွင် ပျံသန်းနေသော နဂါးသွေးကြောကြီးသည် မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာခဲ့တော့သည်။ မြေပြင်နှင့် နီးကပ်လာသောအခါ ရွှေရောင်နဂါးကြီးသည် ပုံရိပ်သုံးခုအဖြစ် ကွဲပြားသွားခဲ့ပြီး မြေကမ္ဘာအောက်သို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ပုံရိပ်တစ်ခုသည် မျက်နှာသုံးခုမျက်နှာရှိနတ်ဘုရားကြောင့် ပျက်စီးခဲ့ရသော မြို့ပြဆီသို့ ဦးတည်သွားခဲ့ပြီး နောက်ပုံရိပ်တစ်ခုမှာ ခေါင်းတစ်ဆယ်ရှိသော ကြွက်မိစ္ဆာကြောင့် ညစ်ညမ်းခဲ့ရသော နေရာဆီသို့ တိုးဝင်သွားခဲ့ကာ ကျန်ရှိနေသော နောက်ဆုံးပုံရိပ်တစ်ခုမှာမူ သွေးနွယ်ပင်များ ရစ်ပတ်ခြင်းကို ခံခဲ့ရသော နတ်ကွန်းရှိရာ အရပ်ဆီသို့ တိုးဝင်သွားခဲ့သည်။

ထိုရွှေရောင်နဂါး ပုံရိပ်သုံးခု ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတန်းများနှင့် ထိတွေ့မိသော ပြည်သူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

မကြာမီမှာပင် ထိုရွှေရောင်တောက်ပမှုကြီးသည် ဟွာရှနိုင်ငံတော်တစ်ခုလုံး၏ ကုန်းမြေပေါ်တွင် ဖုံးလွှမ်းသွားခဲ့သည်။ အကယ်၍သာ အပြာရောင်ကြယ်၏ အထက်ကောင်းကင်ယံမှနေ၍ ဟွာရှနိုင်ငံတော်ကို လှမ်းမျှော်ကြည့်လိုက်မည်ဆိုပါက ရွှေရောင်အလင်းတန်းများ ဝန်းရံနေသော တိုင်းပြည်ကြီးတစ်ခုအဖြစ် မြင်တွေ့ရမည်ပင်။

မကြာခင်မှာပင် ရွှေရောင်နဂါးကြီး သုံးကောင်သည် မြေကမ္ဘာအောက်မှ ပြန်လည်ပေါ်ထွက်လာခဲ့ကြပြီး သူတို့၏ ဟိန်းဟောက်သံကြီးများမှာ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့တော့သည်။

သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော အသံလှိုင်းများသည် မြေပြင်အောက်ခြေ အက်ကွဲကြောင်းများ၊ ကုန်းမြေအစိပ်စိပ်အမွှာမွှာ၊ အဆောက်အအုံများနှင့် လူသားတိုင်း၏ ခန္ဓာကိုယ်များထဲအထိ စိမ့်ဝင် ပျံ့နှံ့သွားခဲ့သည်။

ယခင်က အမုန်းတရားမိစ္ဆာများကြောင့် ညစ်ညမ်းခဲ့ရသော ကုန်းမြေကြီးသည် မျက်ဝါးထင်ထင်ပင် မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများမှာလည်း လူတိုင်းကို စွဲမက်စေခဲ့သည်။

ဤမြင်ကွင်းကို ဒေသအသီးသီးရှိ ရုပ်မြင်သံကြားသတင်းဌာနများမှနေ၍ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြသည်။

တပ်မှူးရွှီသည် အမုန်းတရားမိစ္ဆာများကြောင့် ပျက်စီးခဲ့ရသော မြို့ပြများကို ပြန်လည်ကုစားပေးရန်အတွက် နဂါးသွေးကြောကို နောက်ထပ်တစ်ကြိမ် ပြန်လည်နိုးထစေခဲ့ပြန်ပြီ ဖြစ်သည်။

ရွှီရန်သည် ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော တိုက်ရိုက်သတင်းများကို ကြည့်ရှုနေခဲ့သည်။

"ဒါက နဂါးသွေးကြောရဲ့ ပြန်လည်ပြုပြင်ပေးတဲ့ နည်းလမ်းပဲပေါ့"

ရွှီရန်က တဖြည်းဖြည်းနှင့် မူလအတိုင်း ပြန်လည်ကောင်းမွန်လာသော ကုန်းမြေကြီးကို ကြည့်ရင်း မှတ်ချက်ချလိုက်သည်။

အပြာရောင်ဝတ်စုံနှင့် မိန်းကလေးငယ်က "တွေ့လား... ငါ မင်းကို မလိမ်ပါဘူး" ဟု ပြောလိုက်သည်။

ရွှီရန်က ခေါင်းငြိမ့်ပြရင်း "ဟွာရှနိုင်ငံတော်အတွင်းက အမုန်းတရားညစ်ညမ်းမှုတွေအားလုံး လုံးဝ ပြန်လည်ကောင်းမွန်သွားပြီဆိုတော့... ငါ့ရဲ့ အရင်က စိုးရိမ်ပူပန်မှုတွေအားလုံးလည်း မရှိတော့ဘူးပေါ့" ဟု စိတ်သက်သာရာရစွာဖြင့် ဆိုလိုက်တော့သည်။

All Chapters