← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အပိုင်း (၉၃) သေသည်အထိ လက်မလျှော့မဲ့ ယောကျာ်းနတ်ဆိုး

ပန်းကန်လုံးကြီးစားသောက်ဆိုင်ရဲ့ ပိုင်ရှင်ခမျာ သူ့ဆိုင်ထဲကို ကျင်းမော့ ဝင်လာတာ မြင်လိုက်ရတာနဲ့ တစ်ပြိုင်နက် နေရာမှာတင် ကြက်သေသေသွားပြီး အတော်ကြာတဲ့အထိ လှုပ်တောင် မလှုပ်ရဲတော့ဘူး။ ကျူးယိတိုင်းပြည်ရဲ့ ပထမမင်းသားက သူ့ဆိုင်မှာ လာပြီး ထမင်းစားတယ်ဆိုတဲ့ အဖြစ်မှန်ကို သိပ်ပြီး လက်မခံနိုင်သေးဘူး ဖြစ်နေတာ။ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ ဆိုင်ထဲ ဝင်လာပြီးတဲ့နောက် မဖိတ်ဘဲ မျက်နှာပြောင်တိုက် ရောက်လာတဲ့ ကျော်ယို့ကိုပါ မြင်လိုက်ရတော့ ဆိုင်ရှင်ကြီးခမျာ လုံးဝကို ကြောင်အသွားတော့တာပဲ။ ကံကောင်းခြင်းတွေက အရမ်းကို မြန်မြန်ဆန်ဆန်ကြီး ရောက်လာလွန်းတော့ ဆိုင်ရှင်ခမျာ မခံနိုင်တော့ဘူးလေ။

ယွီးရှောင်ရှောင်က ကျော်ယို့ကို မြင်လိုက်တော့ ခဏလောက် ကြောင်သွားတယ်။ သူမရှေ့မှာရပ်နေတဲ့ ဒီကောင်က ဘယ်သူပါလိမ့်ပေါ့။

ယွီးရှောင်ရှောင် အလကားစားဖို့ ခေါ်လာတဲ့ ဝမ်မောမောကလည်း ကျော်ယို့နဲ့ သူ့ရဲ့ နောက်လိုက်သုံးယောက်ကို ကြည့်ပြီး ယွီးရှောင်ရှောင်ကို တိုးတိုးလေး မေးရှာတယ်။ "ဒီရုပ်ချောချော ကောင်လေးက ဘယ်သူလဲဟင်"

ကျော်ယို့က သူ့ရဲ့ ပြောင်ရှင်းနေတဲ့ မေးစေ့ကို တစ်ချက်ပွတ်လိုက်ပြီး ယွီးရှောင်ရှောင်ကို "မင်းသမီး" လို့ လှမ်းခေါ်လေတယ်။

အသံကြားတော့မှ လူကို မှတ်မိသွားတဲ့ ယွီးရှောင်ရှောင်က သဘောပေါက်သွားပြီး ရှေ့ကလူကို မေးလိုက်တော့တယ်။

"ကျော်ယို့... ရှင် မုတ်ဆိတ်မွေးတွေ ရိတ်ပစ်လိုက်တာလား"

ကျော်ယို့က စားပွဲရှေ့မှာ အေးအေးဆေးဆေးပဲ ဝင်ထိုင်ပြီး ပြန်ဖြေတယ်။ "ရိတ်လိုက်ပြီလေ"

ယွီးရှောင်ရှောင်က မုတ်ဆိတ်မွေး ဖားဖားကြီးတွေ မရှိတော့တဲ့ စစ်သူကြီးချုပ် ကျော်ယို့ရဲ့ မျက်နှာကို ကြည့်ရင်း ပြောတာပေါ့။ "ရှင်က ကျွန်မတို့ ရှောင်ကုနဲ့ သေခန်းပြတ် ရန်သူတွေဆို"

ကျော်ယို့က မျက်နှာလေး အေးစက်သွားတဲ့ ကုရှင်းလန်ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေရဲ့။

"မင်းသမီး... ကျွန်တော်နဲ့ သူကတော့ ကိုယ့်သခင်အတွက်ကိုယ် အလုပ်လုပ်ပေးနေရတဲ့သူတွေချည်းပါပဲ"

ကုရှင်းလန်ကတော့ ခေါင်းငုံ့ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်တယ်။ ဒီလက်ဖက်ရည်က အရင်တစ်ခေါက် စံပယ်ပန်းလက်ဖက်ရည်ထက် အများကြီး ပိုကောင်းတယ်လေ။ ဒီနှစ်ထွက်တဲ့ လက်ဖက်ခြောက်အသစ်ကိုး။

ကျင်းမော့က မျက်နှာအမူအရာ မပျက်ဘဲ မေးလိုက်တာပေါ့။ "ကျုပ်က ဒီမှာ မင်းသမီးနဲ့ သမက်တော်ကို ထမင်းစားဖိတ်ထားတာလေ။ စစ်သူကြီးချုပ် ကျော်ယို့က ဘယ်လိုလုပ် ရောက်လာရတာလဲ"

ကျော်ယို့က ပြောလေရဲ့။ "ကျုပ်လည်း ထမင်းလာစားရင်း လမ်းကြုံလို့လေ။ အားလုံးကလည်း အသိတွေပဲဟာ။ အတူတူပဲ စားကြတာပေါ့"

"မင်းသမီးကရော" ကျင်းမော့က ယွီးရှောင်ရှောင်ရဲ့ သဘောထားကို မေးလိုက်လေတယ်။

ကိုယ့်ဘက်ကနေ ပိုက်ဆံမရှင်းရဘူးဆိုရင် ဘယ်နှစ်ယောက်ပဲ ထပ်လာစားစား ယွီးရှောင်ရှောင်ကတော့ ဂရုမစိုက်ပါဘူးလေ။ မင်းသမီးက ခေါင်းတညိတ်ညိတ်နဲ့ ပြောချလိုက်လေရဲ့။ "ရှင်က ပိုက်ဆံရှင်းမှာဆိုတော့ ရှင့်သဘောပါပဲ"

ဒီလို ကွေ့ကောက်မနေဘဲ ဒဲ့ကြီး ပြောချလိုက်တဲ့ စကားကြောင့် ပထမမင်းသား ကျင်းမော့ခမျာ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး။

ကျော်ယို့က ခေါင်းငုံ့ပြီး လက်ဖက်ရည်သောက်နေတဲ့ ကုရှင်းလန်ကို ကြည့်ပြီး မေးလိုက်လေတယ်။

"ကုရှင်းလန်... မင်းရဲ့ ခြေထောက်ဒဏ်ရာရော ဘယ်လိုနေသေးလဲ"

ကုရှင်းလန်က ခေါင်းမော့ကာ ကျော်ယို့ကို ကြည့်ပြီး ပြန်ဖြေတယ်။ "ဘာမှ မဖြစ်တော့ပါဘူး။ စစ်သူကြီးချုပ် စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ငါက မင်းကို စိတ်ပူတာ မဟုတ်ပါဘူးကွာ" ကျော်ယို့က ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတာပေါ့။

ကုရှင်းလန်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း လက်ထဲက လက်ဖက်ရည်ပန်းကန်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်ပါတော့တယ်။

ယွီးရှောင်ရှောင်ကတော့ ကျွတ်စ်ခနဲ စုပ်သပ်လိုက်လေရဲ့။ "သူ့ကို စိတ်မပူဘူးဆိုရင် ဘာလို့ တွေ့တွေ့ချင်း သူ့ဒဏ်ရာအကြောင်း သွားမေးနေသေးလဲ"

ကျော်ယို့ရဲ့ ရုပ်ချောချော မျက်နှာပေါ်က အပြုံးကြီးကို မြင်တော့ ကျင်းမော့ရော ကုရှင်းလန်ပါ ဒီကောင်ကြီးကို ပြေးထုပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတော့တာပဲ။

"ကျွန်တော်က မင်းသမီးကို စိတ်ပူနေတာပါ" စစ်သူကြီးချုပ် ကျော်ယို့က သူ့ကိုယ်သူ အင်မတိ အင်မတန် အချစ်ကြီးချစစ်တတ်တဲ့အထာမျိုးနဲ့ ယွီးရှောင်ရှောင်ကို ပြောချလိုက်တာပေါ့။

"ခင်ဗျား..." တတိယသခင်လေးကုတစ်ယောက် ဒေါသတွေ ထောင်းကနဲ ထွက်သွားပြီလေ။ ဒီလောက်ထိ စော်ကားနေတာကိုတောင် သည်းခံနေမယ်ဆိုရင် သူက ယောက်ျားစစ်စစ် မဟုတ်တော့ဘူး။

ကျင်းမော့က လက်ဖက်ရည်တစ်ခွက် ငဲ့ပြီး ကျော်ယို့ရဲ့ရှေ့ကို ခပ်ပြင်းပြင်း ဆောင့်ချလိုက်တယ်။ ပြီးတော့ "ဒီနေ့ ကျုပ်က အိမ်ရှင်အနေနဲ့ ဧည့်ခံနေတာ။ စစ်သူကြီးချုပ် ကျော်ယို့အနေနဲ့ စကားကို ဆင်ခြင်ပြောတာ ပိုကောင်းမယ်ထင်တယ်"

ဝမ်မောမောကတော့ ယွီးရှောင်ရှောင်ရဲ့ အနောက်မှာ ရပ်နေတုန်းပဲလေ။ စားပွဲဝိုင်းက လူငယ်သုံးယောက်ရဲ့ အခြေအနေ မဟန်တာကို ရိပ်မိသွားတော့ အရပ်အမောင်း ကောင်းကောင်းနဲ့ ရုပ်ချောချော ကျော်ယို့ကို လက်ညှိုးလေးထိုးပြရင်း ယွီးရှောင်ရှောင်ကို တိုးတိုးလေး မေးရှာတယ်။

"မင်းသမီး၊ ဒီလူက ဘယ်သူလဲဟင်"

"ကျော်ယို့လေ၊ ပိုင်ဟူတိုင်းပြည်ရဲ့ စစ်သူကြီးချုပ်ပဲ" ယွီးရှောင်ရှောင်ကလည်း ဝမ်မောမောကို လေသံလေးနဲ့ တိုးတိုးလေး ပြန်ဖြေလိုက်တယ်။ "ငါတို့ ရှောင်ကုလေးရဲ့ ဒုက္ခအစပေါ့"

ဝမ်မောမောရဲ့ ရွှေငါးမျက်လုံးလို ခပ်ဖောင်းဖောင်း မျက်လုံးကြီးတွေဆိုတာ ချက်ချင်းကို ပြူးကျယ်သွားတော့တာပဲ။ "အဲဒါ ဘာအဓိပ္ပာယ်လဲ မင်းသမီးလေရဲ့"

"ရှောင်ကုက သူနဲ့ စစ်တိုက်ပြီးတော့မှ အချုပ်ထဲ ရောက်သွားရတာလေ" ယွီးရှောင်ရှောင်က ဆက်ပြောပြတယ်။ "ဒီကောင်က ရှောင်ကုကို မျက်စိကျနေတာ၊ သေတဲ့အထိ တိုက်ယူမယ်ဆိုပဲ"

ဝမ်မောမောကတော့ ယွီးရှောင်ရှောင် ပြောချင်တဲ့ သဘောကို စက္ကန့်ပိုင်းအတွင်း သဘောပေါက်သွားတော့တာပဲ။ ကျော်ယို့ကို ကြည့်တဲ့ အကြည့်တွေတောင် ချက်ချင်း ပြောင်းလဲသွားသေး။ ဪ... ဒီကောင်က သူတို့ရဲ့ သမက်တော်ကို အပိုင်ကြံချင်နေတာကိုး။ တောက်စ် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတာနဲ့တစ်ပြိုင်နက် ဝမ်မောမောရဲ့ ရင်ထဲမှာ ဒေါသတွေ ပေါက်ကွဲထွက်လာတော့တာပဲ။ ဒါက သူတို့မင်းသမီးကို အသေသတ်ချင်နေကြတာ မဟုတ်ဘူးလား။ ချင်းယွီဆိုတဲ့ မြေခွေးမ ကိစ္စက ပြီးသွားတာ ဘယ်လောက်မှတောင် မကြာသေးဘူး၊ အခု ယောက်ျားမြေခွေး နောက်တစ်ကောင် ထပ်ပေါ်လာပြန်ပြီပေါ့လေ။

ယွီးရှောင်ရှောင်ကတော့ ဝမ်မောမောဆီကို ဗုံးတစ်လုံး ပစ်ချပြီး ဘာမှမသိတဲ့အတိုင်း အရင်ဆုံး လာချပေးတဲ့ အမြည်းဟင်းပွဲတွေကို ပျော်ပျော်ကြီး စားသောက်နေတော့တယ်။

ဝမ်မောမောက ကုရှင်းလန်ကို လှမ်းကြည့်လိုက်တယ်။ ကုရှင်းလန်ရဲ့ မျက်နှာလေးကို ကြည့်လေလေ ဝမ်မောမောခမျာ ရင်လေးလေလေ ဖြစ်ရတော့တာပါပဲ။ ရုပ်ဖြောင့်ဖြောင့် ခပ်ချောချော ကောင်လေးတွေဆိုတာ အဝေးကနေ ကြည့်လို့သာ ကောင်းတာ၊ အနားသွားမကပ်သင့်ဘူးလို့ လူတွေ ပြောကြတာ သိပ်မှန်တာပဲ။ လုံးဝကို အနား မသီသင့်တာ။ သူမရဲ့ မင်းသမီးသာ ရုပ်ရည် သာမန်လောက်နဲ့ ရိုးသားယုံကြည်ရတဲ့ သမက်တော်မျိုးကို ရွေးခဲ့ရင် ဒီလို မြေခွေးတွေနဲ့ ဘယ်လာတွေ့နေစရာ လိုပါတော့မလဲ။

"ကိုယ်တို့..." ကျင်းမော့က အငမ်းမရ ခေါင်းငုံ့စားသောက်နေတဲ့ ယွီးရှောင်ရှောင်ကို ကြည့်ရင်း တစ်ခုခုတော့ ဝင်ပြောသင့်တယ်လို့ တွေးလိုက်မိလေတယ်။

"သကြားလှော် သစ်အယ်သီးရမယ်..." အဲ့ဒီအချိန်မှာပဲ အောက်ထပ်ဆီကနေ ဈေးသည်တစ်ယောက်ရဲ့ သကြားလှော် သစ်အယ်သီး အော်ရောင်းသံ ထွက်ပေါ်လာပါလေရော။

ယွီးရှောင်ရှောင်က ခေါင်းမော့လာပြီး "အဲဒါက စားလို့ ကောင်းလားဟင်" လို့ ကုရှင်းလန်ကို မေးရှာတယ်။

"သကြားလှော် သစ်အယ်သီးကို ပြောတာလား"

အောက်ထပ်က ဈေးသည်ကလည်း "စားမကောင်းရင် ပိုက်ဆံမပေးနဲ့ဗျို့" လို့ ထပ်အော်နေပြန်ရော။

"ရှင်တို့ကို သစ်အယ်သီး ကျွန်မ ဝယ်ကျွေးမယ်" ပြောပြောဆိုဆိုနဲ့ ယွီးရှောင်ရှောင်တစ်ယောက် မတ်တတ်ထရပ်ပြီး ပြတင်းပေါက်ဘက်ကို လျှောက်သွားတော့တယ်။

ကုရှင်းလန်လည်း ပြာပြာသလဲနဲ့ လို့ လှမ်းတားရတာပေါ့။ "မင်းသမီး... အစေခံတွေကို သွားဝယ်ခိုင်းလိုက်ပါလား"

ဒါပေမဲ့ တတိယသခင်လေးကု စကားတောင် ဆုံးအောင် မပြောရသေးဘူး၊ ယွီးရှောင်ရှောင်က ပြတင်းပေါက်ဘောင်ကို လက်တစ်ဖက်နဲ့ ထောက်ပြီး သကြားလှော် သစ်အယ်သီးဝယ်ဖို့ အောက်ထပ်ကို ခုန်ဆင်းသွားခဲ့ပြီလေ။

ဝမ်မောမောက အခြားစားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ဘက်ကို လှမ်းကြည့်ပြီး ချောင်းတစ်ချက် ဟန့်လိုက်တယ်။ သခင်က ပြတင်းပေါက်ကနေ ခုန်ဆင်းသွားတာတောင် မင်းတို့နှစ်ကောင်က ငုတ်တုတ်ကြီး ထိုင်နေတုန်းလားပေါ့။

"သမက်တော်... ကျွန်တော်တို့ မင်းသမီးကို သွားစောင့်ရှောက်လိုက်ပါ့မယ်" ဉာဏ်ရည်သွက်တဲ့ လူငယ်လေး ရှောင်ဝေက မတ်တတ်ထရပ်လိုက်ပြီး ဘာမှနားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေတဲ့ ရှောင်ကျွမ်းကိုပါ ပြတင်းပေါက်ဆီ ဆွဲခေါ်သွားရင်း နှစ်ယောက်သား အောက်ကို ခုန်ဆင်းသွားကြတော့တယ်။

ကုရှင်းလန်က မေးလေရဲ့‌။ "အထိန်းတော်ကြီး... ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ဆီမှာ ပိုက်ဆံပါရဲ့လား။ အောက်ဆင်းပြီး မင်းသမီးကို သွားကြည့်လိုက်ပါဦး"

ဝမ်မောမောက ခေါင်းခါပြလိုက်တယ်။ မင်းသမီးက ဘာဖြစ်နိုင်မှာမို့လို့လဲ။ ပိုက်ဆံမပါရင်တောင် သကြားလှော် သစ်အယ်သီး တစ်အိုးလုံးကို လုပြီး တက်လာနိုင်တဲ့သူလေ။ အခု တကယ် အန္တရာယ်ရှိနေတာက သမက်တော်ထင်တယ်နော်။

အဲဒါနဲ့ပဲ ဝမ်မောမောက ကုရှင်းလန်ရဲ့ ကျောဘက်မှာ မားမားမတ်မတ်ကြီး ရပ်နေလိုက်တော့တယ်။ ခဏနေလို့ စစ်သူကြီးချုပ် ကျော်ယို့များ ရမ်းကားလာခဲ့ရင် သူမအနေနဲ့ ဝင်မချနိုင်ရင်တောင် အသံကုန်ဟစ်ပြီး လူအော်ခေါ်လို့ ရသေးတယ် မဟုတ်လား။

ကျော်ယို့ခမျာတော့ ဝမ်မောမောရဲ့ စူးစူးရဲရဲ အကြည့်တွေအောက်မှာ ကျောချမ်းလာရပြီလေ။ ဒီအဒေါ်ဝဝကြီးရဲ့ အကြည့်တွေက သူ့ကို အရှင်လတ်လတ် အရေခွံခွာချင်နေတဲ့အတိုင်းပဲ။ သူ့ခမျာ ဒီရန်ငြိုးအကြီးကြီးက ဘယ်ကနေ ဘယ်လို ရောက်လာမှန်း လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေရတာ။ အဲ့ဒါနဲ့ လက်ဖက်ရည်ပန်းကန်ကို ချပြီး ကျော်ယို့လည်း ပြတင်းပေါက်ကနေ ခုန်ချဖို့ ပြင်လိုက်တော့တယ်။

ကျင်းမော့က ကျော်ယို့ မတ်တတ်ထရပ်မလို့ လုပ်တာကို မြင်တော့ လက်ကိုလှမ်းပြီး ကျော်ယို့ရဲ့ ပခုံးကို ဖိချလိုက်လေတယ်။ "ရောက်လာမှတော့လည်း ထိုင်ပြီး စကားလေးဘာလေး ပြောကြတာပေါ့။ မင်းသမီးဆီမှာ သက်တော်စောင့်တွေ ပါသွားတာပဲ၊ မင်း စိတ်ပူစရာ မလိုပါဘူး"

"ငါ အခု မင်းကျွေးတဲ့ ထမင်းကို မစားချင်တော့ဘူး" လို့ ကျော်ယို့က ပြန်အာခံတယ်။

ကျင်းမော့က အသံကို နည်းနည်းမြှင့်ပြီး ပြောတာပေါ့။ "ဒါဆိုလည်း ခဏနေ မင်းသမီး တက်လာတဲ့အခါ နှုတ်ဆက်ပြီးမှ ပြန်ပေါ့ကွာ"

အဲ့ဒီတော့မှ ကျော်ယို့လည်း ငြိမ်ငြိမ်လေး ပြန်ထိုင်နေရတော့တယ်။

ယွီးရှောင်ရှောင်ကတော့ ပန်းကန်လုံးကြီးစားသောက်ဆိုင်ရဲ့ အောက်ထပ်ကို ခုန်ဆင်းသွားပြီးတာနဲ့ သကြားလှော် သစ်အယ်သီး တစ်ကျင်းတိတိ ဝယ်လိုက်တယ်။ ရှောင်ဝေက ပိုက်ဆံရှင်းပေးပြီးတာနဲ့ သူမရယ် ရှောင်ကျွမ်းရယ်က လမ်းမပေါ်မှာတင် မတ်တတ်ရပ်ပြီး စားသောက်ပွဲကြီး ကျင်းပနေကြပြီလေ။

ရှောင်ဝေက ပိုက်ဆံရှင်းပြီးလို့ သစ်အယ်သီးသည်အဘိုးကြီး တွန်းလှည်းလေးတွန်းပြီး ထွက်သွားတာကို ကြည့်နေရင်း ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်းသမီး... ကျွန်တော်တို့ အပေါ်ထပ် ပြန်တက်ရအောင်လေ"

ယွီးရှောင်ရှောင်က သူမရောက်နေတဲ့ လမ်းမကြီးကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ ဖုန်ထျန်းမြို့တော်ရဲ့ နာမည်ကြီး စားသောက်တန်းလမ်းမကြီးပီပီ ဒီလမ်းပေါ်မှာ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ အများကြီးရှိနေရုံတင်မကဘူး၊ လမ်းဘေးဝဲယာတစ်လျှောက်မှာလည်း ဈေးသည်လေးတွေက နှစ်တန်းတိတိ နေရာယူထားကြတာ၊ ကျောက်တံတားကြီးညဈေးက ဆိုင်ခန်းတွေထက် မများရင်တောင် နည်းမနေဘူးရယ်။ လမ်းတစ်လျှောက်လုံး စားစရာအနံ့အသက်တွေ သင်းပျံ့နေတာများ ယွီးရှောင်ရှောင်အတွက်တော့ လူ့ပြည်က နတ်ဘုံလေးလို ဖြစ်နေတော့တာပါပဲ။

ရှောင်ဝေက ယွီးရှောင်ရှောင်ရဲ့ အကြည့်တွေနောက်ကို လိုက်ကြည့်လိုက်ပေမဲ့ ဒီလမ်းကြီးက ဘာတွေများ ထူးခြားနေလို့လဲဆိုတာတော့ နားမလည်နိုင်ပါဘူး။ ဒါနဲ့ပဲ ယွီးရှောင်ရှောင်ကို မေးလိုက်ရတယ်။ "မင်းသမီး... ဘာများ ထပ်စားချင်သေးလို့လဲဟင်၊ ကျွန်တော်မျိုး သွားဝယ်ပေးရမလား"

ယွီးရှောင်ရှောင်က မျက်နှာသေလေးနဲ့ ပါးစပ်ထဲ ပြည့်လာတဲ့ သွားရည်တွေကို ပလွတ်ကနဲ မျိုချလိုက်ရတယ်။ "ငါတို့ လမ်းနည်းနည်း လျှောက်ကြည့်ကြရအောင်"

ယွီးရှောင်ရှောင်က ပြောရင်းဆိုရင်း လမ်းတောင်ဘက်ခြမ်းကို လျှောက်သွားတာ မြင်တော့ ရှောင်ဝေလည်း အနောက်ကနေ ပြေးလိုက်သွားရင်း လှမ်းမေးရတာပေါ့။ "ဒါဆို အပေါ်ထပ်က ထမင်းကို မစားတော့ဘူးလား"

"ပြန်လာမှ စားမယ်လေ" ပြောရင်းနဲ့ပဲ ယွီးရှောင်ရှောင်က ကြက်သားပေါင်းရောင်းတဲ့ ဈေးဆိုင်လေး တစ်ဆိုင်ကို မျက်စိကျသွားတယ်။ ဒယ်အိုးအကြီးကြီး တစ်လုံးထဲမှာ မွှေးပျံ့နေတဲ့ ဟင်းခတ်အမွှေးအကြိုင် အရည်တွေ ဆူပွက်နေပြီး အဲ့ဒီအရည်ထဲမှာ ပေါင်းထားတဲ့ ကြက်ကောင်လုံးကြီးတွေက သကြားညိုရောင်လေး သန်းနေတာ။

"တစ်ကောင်လောက် ယူမယ်" ယွီးရှောင်ရှောင်က ဒယ်အိုးကြီးကို လက်ညှိုးထိုးပြရင်း ရှောင်ဝေကို ခိုင်းလိုက်တယ်။

ရှောင်ကျွမ်းကတော့ ယွီးရှောင်ရှောင်ရဲ့ နောက်မှာ မတ်တတ်ရပ်ရင်း ခေါင်းငုံ့ပြီး သကြားလှော် သစ်အယ်သီးတွေကို အခွံခွာနေလေရဲ့။ အဲ့ဒီအချိန်မှာ အနက်ရောင်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လူတစ်စုက ရှောင်ကျွမ်းရဲ့ ဘေးကနေ ကမန်းကတန်း ဖြတ်လျှောက်သွားကြတယ်။ အဲ့ဒီလူတွေက ခြေဖျားထောက်ပြီး လျှောက်သွားတာမို့ ခြေသံတောင် လုံးဝ မထွက်ဘူး။ ဒါကြောင့်လည်း ရှောင်ကျွမ်းက ခေါင်းမော့ပြီး အဲ့ဒီ အမည်းရောင်ဝတ် လူတွေကို လိုက်ကြည့်လိုက်မိတော့တယ်။

…

All Chapters