အခန်း ၉၅
Vol. 10 Ch. 95
အပိုင်း(၉၅) အထက်တန်းလွှာ မိသားစုထဲက သားအဖကြားက ရန်ငြိုး
ယွီးရှောင်ရှောင်နောက်ကနေ တံတိုင်းပေါ်က ခုန်ဆင်းလာတဲ့ ရှောင်ဝေက မင်းသမီးကို သူ့အနောက်မှာ ကွယ်ထားပေးရင်း တိုးတိုးလေး သတိပေးလိုက်တယ်။ "မင်းသမီး... အခြေအနေက သိပ်မရှင်းဘူး၊ ကျွန်တော်တို့ အထဲမဝင်တာ အကောင်းဆုံးပဲ"
ယွီးရှောင်ရှောင်ရဲ့ အနောက်ဘက်ကနေ ကာကွယ်ပေးထားတဲ့ ရှောင်ကျွမ်းကလည်း ထောက်ခံတယ်။
"မင်းသမီး... ရှောင်ဝေက ခေါင်းပြေးတယ်၊ သူပြောတာ နားထောင်လိုက်ကြရအောင်"
ယွီးရှောင်ရှောင်က ပြန်ပြောတာပေါ့။ "ဒီနေရာက ငါတွေးထားတာနဲ့ တခြားစီပဲဟ၊ ငါတို့ လျှောက်ကြည့်ကြရအောင်"
မင်းမေကြီးတော် နတ်ကတော်…ပူဇော်ပသ မုန့်ဖိုးရ
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်သား စိတ်ထဲကနေ ရေရွတ်လိုက်မိကြ လေရဲ့ ။ သူတို့မင်းသမီးက ရုံးတော်ရဲ့ ပုံစံကိုတောင် စိတ်ကူးယဉ်ဖူးသေးတယ်တဲ့။ ဘယ်လောက်တောင် အလုပ်မရှိ အလုပ်ရှာ အားယားနေတဲ့သူမို့လို့ ဒီလိုတွေ လျှောက်တွေးနေရတာပါလိမ့်။
"အကျဉ်းထောင်က ဘယ်နားမှာလဲ" ယွီးရှောင်ရှောင်က ရှောင်ဝေကို "လမ်းပြ" လို့ ခိုင်းလိုက်လေတယ်။ ဒီကမ္ဘာက ထောင်တွေကိုသာ ပန်းခြံလို လုပ်ထားမယ်ဆိုရင်တော့ သူမအနေနဲ့ ဒီကမ္ဘာကြီးကို ဒူးထောက် ရှိခိုးလိုက်ရုံပဲ ရှိတော့တယ်။ အကျဉ်းသားတွေတောင် ပန်းခြံလိုနေရာမျိုးမှာ နေခွင့်ရနေတယ်ဆိုရင် ကမ္ဘာပျက်ကပ်ကြီးထဲက လာတဲ့ သူမလိုလူမျိုးက ဘယ်နားသွားပြီး မျက်နှာထားရမှာလဲ။
အဲ့ဒီအချိန် အကျဉ်းထောင်ထဲမှာတော့ ကျောင်းပေချန်က သူ့ရှေ့မှာ ရပ်နေတဲ့သူတွေကို ကြည့်ရင်း ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်လိုက်ပြီး "မင်းတို့က ကျူးယိလူမျိုးတွေ မဟုတ်ဘူး" လို့ ပြောလိုက်လေတယ်။
ခေါင်းဆောင်ဖြစ်ပုံရတဲ့ အမည်းရောင်ဝတ်နဲ့လူက ပြန်ဖြေတယ်။ "အကြီးဆုံးကျောင်းသခင်လေး... သေမဲ့အချိန်ရောက်နေပြီကို အေးအေးဆေးဆေးပဲ လမ်းဆုံးခံလိုက်တာ ပိုမကောင်းဘူးလား"
ဒီအမည်းရောင်ဝတ်နဲ့လူ ပြောလိုက်တဲ့ လေယူလေသိမ်းထဲမှာ ကျူးယိသံလေး ပါနေပေမဲ့ တမင်သက်သက် လုပ်ယူထားမှန်း အရမ်းသိသာလွန်းနေတယ်။ ကျောင်းပေချန်က နံရံကိုမှီရင်း သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း မတ်လိုက်တယ်။ ခုနက သူ အသံကုန်ဟစ်အော်နေတာတောင် အကျဉ်းထောင်ထဲက အစောင့်တွေဆိုတာ အကုန်သေကုန်ကြတဲ့အတိုင်း တစ်ယောက်မှ ရောက်မလာကြဘူးလေ။ ကျူးယိလူမျိုးတွေက သူ့ကို သတ်ချင်တယ်ဆိုရင်တောင် သူ့ကို မသတ်ခင် ရုံးတော်က အစောင့်တွေ အကုန်လုံးကို အရင် သတ်ပစ်ပါ့မလား။ အဲဒါနဲ့ပဲ ကျောင်းပေချန်က မေးလိုက်တော့တယ်။
"ငါ သေရမယ်ဆိုရင်တောင် ရှင်းရှင်းလင်းလင်း သိပြီးမှ သေချင်တယ်။ မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ"
ခေါင်းဆောင်ဖြစ်တဲ့လူက မျက်နှာကို အဝတ်မည်း စည်းထားပေမဲ့ သူ့မျက်လုံးတွေထဲမှာတော့ ကျောင်းပေချန်ကို သနားနေတဲ့ အရိပ်အယောင်တွေ ပေါ်လွင်နေရှာတယ်။ "သခင်လေး ကိုယ့်ဘာသာ စဉ်းစားလို့ မရဘူးလား"
ဒီလူတွေ အကျဉ်းထောင်ထဲကို ဗြောင်ကျကျကြီး ဝင်လာတာတောင် ဘယ်သူကမှ မမေးကြ၊ မတားကြဘူးဆိုတော့ တစ်ယောက်ယောက်က တမင် လွှတ်ပေးထားတာ သိသာနေတာပဲ။ တရားရေးဝန်ကြီးက သူ့အဖေရဲ့ လူလေ။ တခြားသူတွေနဲ့ ပေါင်းပြီး သူ့ကို ဒုက္ခပေးစရာ အကြောင်းမရှိဘူး။ ဒါဆို တရားရေးဝန်ကြီးကို ဒီလိုလုပ်ဖို့ အမိန့်ပေးနိုင်တဲ့သူက သူ့အဖေကလွဲလို့ ဘယ်သူရှိနိုင်တော့မှာလဲ။ ကျောင်းပေချန် ခါးသီးစွာ ပြုံးလိုက်မိလေတယ်။ စဉ်းစားကြည့်လို့ ရပေမဲ့ သူကိုယ်တိုင်က လက်မခံချင်ဘူး ဖြစ်နေတာ။
အမည်းရောင်ဝတ် ခေါင်းဆောင်က ဆက်ပြောလေရဲ့။ "ကျွန်တော်တို့ ဝင်လာတုန်းကတော့ တားတဲ့သူ တချို့ ရှိပါသေးတယ်။ ဒါပေမဲ့ အဲ့ဒီကောင်တွေက အရင် ငရဲပြည်ကို သွားနှင့်ကြပြီလေ။ အကြီးဆုံးသခင်လေး မြေအောက်ရောက်သွားရင် သူတို့နဲ့ အဖော်လုပ်လို့ ရတာပေါ့"
"ဘာလို့လဲ" ကျောင်းပေချန်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်ရင်း မေးလိုက်မိတယ်။
"ကျွန်တော်တို့က အထက်က အမိန့်ကို နာခံရုံပါပဲ။ ဘာလို့လဲဆိုတဲ့ မေးခွန်းကိုတော့ သခင်လေးအနေနဲ့ ကျွန်တော့်ကို မမေးသင့်ဘူးထင်တယ်"
ကျောင်းပေချန်က ဓားတွေဆွဲပြီး သူ့ဆီ တစ်လှမ်းချင်း လျှောက်လာနေတဲ့ အမည်းရောင်ဝတ် လူတွေကို ကြည့်နေရှာတယ်။ ပြီးတော့ မျက်လုံးကို မှိတ်ချလိုက်တော့တယ်။ ခန္ဓာကိုယ်မှာ သံကြိုးတွေ ခတ်မထားပေမဲ့ အကြီးဆုံးကျောင်းသခင်လေးမှာ ဒဏ်ရာတွေ ရှိနေတာမို့လို့ ပြန်ခုခံဖို့ ခွန်အားမရှိတော့ဘူးလေ။ မသေခင်လေးမှာတော့ ကျောင်းပေချန်က သူ့ရဲ့ နှစ်ဆယ်ကျော် သက်တမ်းတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ ဘဝကြီးကို စိတ်ထဲကနေ ပြန်တွေးကြည့်မိသေးတယ်။ အရည်အချင်း သာမန်လောက်ပဲရှိတဲ့ ကျောင်းမိသားစုရဲ့ သားအကြီးဆုံး။ ကျောင်းမိသားစုက အစွမ်းကုန် ပံ့ပိုးပေးခဲ့တာတောင် ဆယ်နှစ်ကျော် အချိန်ကာလအတွင်းမှာ သူက အဖေ့ရဲ့ အရိပ်အောက်မှာပဲ ခိုအောင်းနေရတဲ့ အသုံးမကျတဲ့ကောင် တစ်ကောင်အဖြစ် ရှိနေဆဲပဲ။ သူများဆီက ခိုးယူ၊ သူများကို အကွက်ဆင် ချောက်ချပြီးမှ စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုတစ်ခုကို ရခဲ့တာဆိုတော့ သိပ်ကို ရယ်စရာကောင်းလွန်းပါတယ်လေ။ ကျောင်းပေချန်က စိတ်ထဲကနေ သက်ပြင်းချရင်း တွေးလိုက်မိရှာတယ်။
ခေါင်းဆောင်ဖြစ်တဲ့ အမည်းရောင်ဝတ်နဲ့လူက ကျောင်းပေချန်ရဲ့ အနားကို ရောက်လာတဲ့အချိန်မှာပဲ ဓားမြှောင်လေးကို ကိုင်ထားတဲ့ လက်က ပိုပြီး တင်းကျပ်သွားတယ်။
အဲ့ဒီအချိန်မှာပဲ ကျောင်းပေချန်က ရုတ်တရက် ထမေးလိုက်တာပေါ့။ "ငါ သေသွားတော့ရော၊ သူ့အတွက် ဘာအကျိုးအမြတ်များ ရသွားမှာမို့လို့လဲ"
ကျောင်းပေချန်ရဲ့ ဒီမေးခွန်းကိုတော့ ဘယ်သူကမှ ပြန်မဖြေနိုင်ကြဘူး။
"အကြီးဆုံးကျောင်းသခင်လေး... တောင်းပန်ပါတယ်။ အမတ်ချုပ်ကြီးက အမိန့်ပေးလာတော့ ကျွန်တော်တို့ကလည်း မလွန်ဆန်နိုင်လို့ပါ" အမည်းရောင်ဝတ် ခေါင်းဆောင်က ကျောင်းပေချန်ကို တောင်းပန်စကား ဆိုပြီးတာနဲ့ ဓားကိုမြှောက်ပြီး ထိုးချလိုက်တော့တယ်။
"ကျောင်းချိုးမင်က ကိုယ့်သားအရင်းကိုတောင် မချမ်းသာပေးဘူးပေါ့လေ"
ကျောင်းပေချန်တစ်ယောက် မျက်စိမှိတ်ပြီး သေမဲ့အချိန်ကို စောင့်နေတုန်းမှာပဲ အကျဉ်းခန်းရဲ့ အပြင်ဘက်ကနေ အံ့သြတကြီး အော်လိုက်တဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။ အမည်းရောင်ဝတ် ခေါင်းဆောင်ရဲ့ ဓားဖျားက ကျောင်းပေချန်ရဲ့ လည်မျိုနားကိုတောင် ရောက်နေပြီ။
ကျောင်းပေချန်လည်း မျက်လုံးပွင့်သွားပြီး အကျဉ်းခန်း အပြင်ဘက်ကို လှမ်းကြည့်လိုက်မိလေတယ်။ အမည်းရောင်ဝတ် လူတွေလည်း အကုန်လုံး လှည့်ကြည့်လိုက်ကြတာပေါ့။
အကျဉ်းခန်း အပြင်ဘက်မှာတော့ ရှောင်ကျွမ်းက အဲ့ဒီ အမည်းရောင်ဝတ် လူတွေကို လက်ညှိုးထိုးပြရင်း "မင်းသမီး... သူတို့ပဲ" လို့ ပြောလိုက်လေတယ်။
ရှောင်ဝေကလည်း "မင်းတို့က ဘယ်သူတွေလဲ" လို့ လှမ်းအော်တာပေါ့။
အလယ်က ကောင်မလေးကို 'မင်းသမီး' လို့ ခေါ်လိုက်တာကိုလည်း ကြားရော အမည်းရောင်ဝတ် ခေါင်းဆောင်ရဲ့ လက်တွေတောင် တုန်သွားပြီး နောက်ကို ချက်ချင်း ပြန်လှည့်၊ ကျောင်းပေချန်ကို ဓားနဲ့ အမြန်ပိုင်းချဖို့ လုပ်တော့တယ်။
ဒါပေမဲ့ ယွီးရှောင်ရှောင်က ခြေတစ်ဖက် မြှောက်လိုက်ပြီး သံလုံးတိုင် ဆယ်တိုင်ကျော်လောက်နဲ့ ဆောက်ထားတဲ့ အကျဉ်းခန်း တံခါးကြီးကို မြေကြီးထဲကနေ ကျွတ်ထွက်သွားတဲ့အထိ ဆောင့်ကန်ပစ်လိုက်တာပေါ့။
"ဂျိန်း"
"အား..."
"အမလေး..."
အကျဉ်းခန်း သံတံခါးကြီး ပြိုကျသွားတဲ့ အသံရယ်၊ စူးစူးဝါးဝါး အော်ဟစ်သံတွေရယ် ရောယှက်သွားပြီး မြေအောက် သုံးထပ်မြောက် အကျဉ်းထောင် တစ်ခုလုံး ဟိန်းထွက်သွားတော့တာပဲ။
ကျောင်းပေချန်လည်း ကြောင်တောင်တောင်လေးနဲ့ ယွီးရှောင်ရှောင်တို့ သုံးယောက် သူ့အနားလျှောက်လာတာကို ကြည့်နေမိတယ်။ ဘာလို့များ ဒီမင်းသမီးနဲ့ တွေ့တိုင်း သူနေတဲ့ ကမ္ဘာကြီးက ပုံမှန်မဟုတ်တော့သလို ခံစားနေရတာပါလိမ့်။
ယွီးရှောင်ရှောင်က သံတံခါးကြီးပေါ်ကနေ တစ်ဆင့် အမည်းရောင်ဝတ် ခေါင်းဆောင်ရဲ့ ကျောကုန်းကို နင်းထားတယ်။ လက်ထဲမှာလည်း အော်ကွေ့ကြည်ကို ကိုင်ထားသေးတာ။ ပြီးတော့ မေးလိုက်သေးတယ်။ "မင်းအဖေက မင်းကို မလိုချင်တော့ဘူးပေါ့လေ"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေကလည်း အဲ့ဒီ အမည်းရောင်ဝတ် လူတွေကို ဆွဲထုတ်ပြီး ကြိုးတုပ်ဖို့ သိပ်မလောကြဘူး။ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေက အသက်တစ်ဝက်လောက် ထွက်နေတဲ့ ပုံပေါက်နေပြီလေ။ ညီအစ်ကို နှစ်ယောက်က ယွီးရှောင်ရှောင်ရဲ့ ဘေး တစ်ဖက်တစ်ချက်စီမှာ ရပ်ရင်း ကျောင်းပေချန်ကို ဝိုင်းကြည့်နေကြတယ်။
"မင်းသမီး... ကျူးယိလူမျိုးတွေက ဘာလို့ အမတ်ချုပ်ကြီးကျောင်းကို ကူပြီး ကျောင်းပေချန်ကို လာသတ်ပေးရတာလဲဗျ" ရှောင်ကျွမ်းက ဝင်မေးလိုက်လေရဲ့။
ယွီးရှောင်ရှောင်လည်း နားလည်မနေဘူး။
"မသိဘူးလေ၊ ငါတို့ ပြန်ရောက်မှ ကျင်းမော့ကိုပဲ မေးကြည့်လိုက်ကြတာပေါ့" လို့ပဲ ပြန်ဖြေလိုက်တယ်။ တကယ်တော့ ကျင်းမော့ကနဲ့ ကျောင်းချိုးမင် ဘာလို့ခွာပြဲကုန်ကြတာလဲ ဆိုတာက မင်းသမီးအတွက်တော့ ခုထိ အဖြေရှာလို့မရသေးတဲ့ ပဟေဠိတစ်ခု ဖြစ်နေတုန်းပဲလေ။
သူတို့သုံးယောက်ထဲမှာ ရှောင်ဝေတစ်ယောက်ပဲ အားကိုးရတဲ့ လူငယ်ကောင်းလေး ဖြစ်နေတာ။ ရှောင်ဝေက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေကြီးပေါ်မှာ သတိမေ့လဲနေတဲ့ အမည်းရောင်ဝတ်လူတွေကို သေချာလိုက်ကြည့်တယ်။ ပြီးတော့မှ ယွီးရှောင်ရှောင်ကို ပြန်ပြောလေရဲ့။
"မင်းသမီး... သူတို့က ဘယ်တိုင်းပြည်ကလဲဆိုတာ ကြည့်လို့ မရဘူးဖြစ်နေတယ်"
ယွီးရှောင်ရှောင်က ကျောင်းပေချန်ရှေ့မှာ သွားပြီး ဆောင့်ကြောင့်ထိုင်ရင်း မေးလိုက်ပြန်တယ်။
"နင့်အဖေက နင့်ကို ဘာလို့ သတ်ချင်နေရတာလဲ"
ကျောင်းပေချန်ရဲ့ မျက်လုံးတွေက လှုပ်တောင် မလှုပ်သေးဘူး။
ယွီးရှောင်ရှောင်က ကျောင်းပေချန်ရဲ့ မျက်လုံးရှေ့မှာ လက်ယမ်းပြလိုက်တာပေါ့။ "ဒီကောင် ကြောင်သွားပြီလား"
ကျောင်းပေချန်က ဘာတုံ့ပြန်မှုမှ မရှိသေးဘူး။
ရှောင်ကျွမ်းလည်း ဝင်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ရင်း ခန့်မှန်းကြည့်ရှာတယ်။ "လန့်ပြီး ကြောင်သွားများတာလား"
ယွီးရှောင်ရှောင်က ဘာစကားမှ ဆက်မပြောနေတော့ဘဲ ကျောင်းပေချန်ရဲ့ မျက်နှာကို ဖြန်းခနဲနေအောင် ဖြတ်ရိုက်ချလိုက်တော့တယ်။
"ဖြန်း" ဆိုတဲ့ အသံအဆုံးမှာတင် အကြီးဆုံးသခင်လေးကျောင်းရဲ့ မျက်နှာက ချက်ချင်းကို ဖောင်းအစ်လာတော့တာ။ ရှောင်ကျွမ်းခမျာ လန့်ဖြန့်ပြီး သူ့မျက်နှာသူ အသာလေး ပြန်စမ်းကြည့်မိသွားတယ်။ ပြီးမှ ကျောင်းပေချန်ကို သနားကရုဏာသက်တဲ့ မျက်နှာလေးနဲ့ မေးတာပေါ့။
"ခင်ဗျား အဆင်ပြေရဲ့လား"
သူ့မင်းသမီးက သစ်သားအိမ်တစ်လုံးကိုတောင် လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ ပြိုကျအောင် လုပ်နိုင်တဲ့သူလေ၊ ကျောင်းပေချန်ခမျာ လုပ်ကြံတဲ့လူတွေ လက်ထဲမှာ မသေဘဲ သူ့မင်းသမီး ရိုက်သတ်လို့ သေသွားဦးမယ်
သွေးတွေ ရောနေတဲ့ တံတွေးတွေကို ထွေးထုတ်လိုက်ပြီးတဲ့နောက်မှာတော့ ယွီးရှောင်ရှောင်ကို ကြည့်နေတဲ့ ကျောင်းပေချန်ရဲ့ မျက်လုံးတွေ နောက်ဆုံးတော့ လှုပ်ရှားလာနိုင်တော့တယ်။ သူက အံကို တင်းတင်းကြိတ်ရင်း "မင်းသမီး" လို့ ခေါ်လိုက်တယ်။
ယွီးရှောင်ရှောင်ကတော့ အားလည်းနာမနေပါဘူး။ မေးချလိုက်တော့တာပဲ။
"နင့်အစ်မကလည်း သူ့သားကို မလိုချင်ဘူး၊ နင့်အဖေကလည်း သူ့သားကို မလိုချင်ဘူးဆိုတော့၊ နင်တို့ ကျောင်းမိသားစုက သားတွေကို မလိုချင်ဘူးဆိုတဲ့ အစဉ်အလာများ ရှိနေလို့လား"
ကျောင်းပေချန်က ယွီးရှောင်ရှောင်ကို စိုက်ကြည့်နေပေမဲ့ ဘာစကားမှ ထွက်မလာဘူး။
ယွီးရှောင်ရှောင်က အော်ကွေ့ကြည်ကို ဝါးစားနေရင်း ရုတ်တရက် ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာတယ်။
"ဒါမှမဟုတ် နင့်အဖေက နင် သူ့သားမဟုတ်ဘူးဆိုတာကို သိသွားလို့များလား" နည်းပြယွီဆိုတဲ့ သူမကလည်း အထက်တန်းလွှာ မိသားစုတွေရဲ့ ဇာတ်လမ်းတွေကို ကြားဖူးနားဝ ရှိထားတာကိုး။ သာမန်အားဖြင့် အဖေက သားကို သတ်တယ်ဆိုတာ အဲ့ဒီသားက သူ့သွေးသား မဟုတ်လို့ဆိုတာချည်းပဲလေ။
ဒီတစ်ခါတော့ ရှောင်ဝေပါ ကျောင်းပေချန်နားကို ရောက်လာပြီး စိုက်ကြည့်နေတော့တယ်။ သူတို့တွေ ရုံးတော်ရဲ့ အကျဉ်းထောင်ကို လာတာ ဒီလောက်တောင် အံ့သြစရာကောင်းတဲ့ သတင်းကြီးကို ရလိုက်တာလားပေါ့။
ကျောင်းပေချန်ရဲ့ ရောင်ကိုင်းနေတဲ့ မျက်နှာကြီးက ရှုံ့မဲ့သွားပြီး ယွီးရှောင်ရှောင်ကို ဒေါသတကြီး အော်လိုက်တော့ တယ်။ "ငါ့အမေကို မစော်ကားနဲ့နော်"
ယွီးရှောင်ရှောင်က ကျောင်းပေချန်ရဲ့ နောက်ထပ် မျက်နှာတစ်ခြမ်းကို ဖြန်းကနဲ ထပ်ရိုက်ချလိုက်ပြန်တယ်။ "စကားကို ကောင်းကောင်းပြော"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ကြည့်လိုက်ကြတယ်။ ကဲ... အခုမှပဲ အကြီးဆုံးကျောင်းသခင်လေးရဲ့ မျက်နှာက ညီညာသွားတော့တယ်။ ဟိုဘက်ဒီဘက် နှစ်ဖက်စလုံး အတူတူ ရောင်ကိုင်းသွားပြီလေ။
ကျောင်းပေချန်က ယွီးရှောင်ရှောင်ကို ပြန်မချနိုင်မှန်း သိပေမဲ့ ဒီကောင်မလေးကို အပေါ်ကနေ ခုန်အုပ်ပြီး အသေကိုက်သတ်ချင်စိတ်တွေ ပေါက်နေတာ။ သူက ယွီးရှောင်ရှောင်ကို ဒေါသတကြီးနဲ့ အော်တော့တာပဲ။ "ငါ အခုလို အခြေအနေ ရောက်ရတာ မင်းသမီးရဲ့ ကျေးဇူးတွေကြောင့်ပဲလေ။ မဟုတ်လို့လား"
…