← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

226

စုဟယ်၏ အကြည့်တို့သည် အခန်းရောင်းချမှုမှ ရရှိသော ဝင်ငွေစာရင်းမှသည် လုပ်ဆောင်ချက် အစီအစဉ်များ ဆီသို့ ရွေ့လျားသွားခဲ့သည်။ စုဟယ်နှင့် ကျန်းရှန့်နန်တို့သည် ဟဲယဲ့တည်းခိုခန်း၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို အပန်းဖြေစခန်းပုံစံ တည်းခိုခန်းအဖြစ် ဖန်တီးရန် ဆုံးဖြတ်ခဲ့ကြသည့် အချိန်မှစ၍ ဟဲယဲ့တည်းခိုခန်းသည် အမျိုးမျိုးသော လှုပ်ရှားမှုများကို ဖော်ဆောင်ရန်အတွက် အင်တိုက်အားတိုက် ကြိုးပမ်းခဲ့၏။ ဂီတဖျော်ဖြေပွဲများမှသည် လက်ရေးလှပညာ ခန်းမများ၊ အလှအပနှင့် ခန္ဓာကိုယ် ထိန်းသိမ်းမှု ကုထုံးများမှသည် အထည်အလိပ် အလုပ်ရုံဆွေးနွေးပွဲများအထိ၊ ဤလုပ်ဆောင်ချက်များသည် ဧည့်သည်များ၏ တည်းခိုမှု အတွေ့အကြုံကို ကြွယ်ဝစေရုံသာမက တည်းခိုခန်း၏ ဆွဲဆောင်မှုကိုလည်း သိသိသာသာ မြင့်တက်စေခဲ့သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း စုဟယ်သည် ဧည့်သည်အချို့ထံမှ တုံ့ပြန်ချက်များကိုလည်း မေးမြန်းခဲ့ရာ ၎င်းတို့မှာ ဤလှုပ်ရှားမှုများကို အလွန်ပင် စိတ်ကျေနပ်ကြပြီး ထူးခြားသော လှုပ်ရှားမှုများကြောင့် တည်းခိုခန်းသို့ နောက်တစ်ကြိမ် ပြန်လည်လာရောက်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ကတ်ဇာတ်ကောင် များကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ဟဲယဲ့တည်းခိုခန်း၏ အထူးအစီအစဉ် အများအပြားကို တည်းခိုခန်းတွင် တည်းခိုသည့် ဧည့်သည်များအတွက် အခမဲ့ ဝန်ဆောင်မှုပေးထားခြင်းဖြစ်၏။ ဝေဖုန်းယီ၏ လက်ရေးလှ သင်တန်းမှာ လုံးဝ အခမဲ့ပင် ဖြစ်သည်။ ဆရာဝေသည် ဟဲယဲ့တည်းခိုခန်းတွင် တည်းခိုသော ဧည့်သည်များကို အခမဲ့ လမ်းညွှန်ပေးရုံသာမက တည်းခိုခန်းတွင် မတည်းခိုသူများပင်လျှင် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနိုင်ပြီး သူတို့၏ မေးခွန်းများကို ဆရာဝေထံမှ အဖြေများ ရယူနိုင်ကြသည်။ ထိုမျှမကသေးဘဲ အခမဲ့ လက်ရေးလှ သင်တန်းများအတွက် ဟဲယဲ့တည်းခိုခန်းမှပင် ငွေစိုက်ထုတ်ပေးနေရသေးသည်။ တည်းခိုခန်းမှ ထောက်ပံ့ပေးထားသော စုတ်တံများ၊ မင်များ၊ စက္ကူများနှင့် မှင်ကျောက်ပြင်များမှာ ဆရာဝေကိုယ်တိုင် ဂရုတစိုက် ရွေးချယ်ပေးထားခြင်းဖြစ်ပြီး အဆင့်အတန်း အလွန်မြင့်မားလှ၏။ ဆရာဝေ၏ လက်ရေးလှ သင်တန်းများမှာ ယခုနှစ်ရက်အတွင်း လူအပြည့်ဖြစ်နေခဲ့သည်။ ဟဲယဲ့တည်းခိုခန်းသည် ရပ်ကွက်သစ်သို့ မပြောင်းရွှေ့မီမှာပင် ဆရာဝေ၏ ဂရု ထဲတွင် ကျောင်းသားအများအပြားမှာ ဆရာ့ကို အပြင်မှာ တွေ့ဆုံပြီး သင်ယူနိုင်ရန် အတွက် ဟဲယဲ့တည်းခိုခန်းတွင် အခန်းအချို့ ဖယ်ထားပေးရန် တောင်းဆိုနေခဲ့ကြသည်။

အထူးသဖြင့် ဆရာဝေသည် တရုတ်နိုင်ငံ၏ လက်ရေးလှ ပြိုင်ပွဲတွင် ပထမဆု ရရှိပြီးနောက်တွင် ဆရာဝေ၏ ကျောင်းသားအဖွဲ့မှာ အဆမတန် ကြီးထွားလာခဲ့သည်။ ယခုအခါ ဟဲယဲ့တည်းခိုခန်းတွင် အခန်းများ ပို၍ များလာသဖြင့် အဖွဲ့ထဲမှကျောင်းသားများမှာ သူတို့၏ ဆန္ဒအတိုင်း နောက်ဆုံးတွင် အခန်းများ ကြိုတင်မှာယူနိုင်ခဲ့ကြပြီး ဆရာဝေနှင့်အတူ လူကိုယ်တိုင် လက်ရေးလှ ပညာရပ်ကို သင်ယူနိုင်ကြပြီ ဖြစ်၏။ ဆရာဝေ၏ အထူးစွမ်းရည်ဖြစ်သော နွေဦးလေပြည်ထဲ ရေချိုးခြင်း၏ ကောင်းချီးကြောင့် လက်ရေးလှ သင်တန်းသို့ တက်ရောက်သော ကျောင်းသားတိုင်းမှာ အလွန်ပင် စိတ်ပါဝင်စားစွာ လေ့လာကြသည်။ လက်ရေးလှ လေ့ကျင့်ရာတွင် အဓိက အသုံးပြုရသည့် ရွှမ်စက္ကူများမှာ အလွန်ပင် အကုန်အကျ များလှ၏။ ကျောင်းသားများသည် ရွှမ်စက္ကူပေါ်တွင် မှင်စက်များကို စိတ်ကြိုက် ခြယ်မှုန်းနေကြပြီး စုတ်ချက်တစ်ခုချင်းစီမှာ လက်ရေးလှ အနုပညာ၏ စူးစမ်းမှုနှင့် လေ့ကျင့်မှုများပင် ဖြစ်သည်။ သင်တန်း အရှိန်ရလာသည်နှင့်အမျှ လူတိုင်းမှာ အပြင်းအထန် လေ့ကျင့်မှုမှတစ်ဆင့် သူတို့၏ လက်ရေးလှ စွမ်းရည်ကို မြှင့်တင်ရန် မျှော်လင့်ကြသဖြင့် ရွှမ်စက္ကူ လိုအပ်ချက်မှာလည်း ဆက်တိုက် တိုးလာနေသည်။ ဆရာဝေ၏ Live stream တွင် မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမရှိသလို၊ မည်သည့် လက်ဆောင် ကိုမျှလည်း လက်မခံပေ။ ဆရာဝေ တင်ထားသော လက်ရေးလှ ဗီဒီယိုများမှာ ဝက်ဘ်ဆိုက်မှရသော လူကြည့်နှုန်းဝင်ငွေ အချို့ ရှိသော်လည်း ထိုဝင်ငွေမှာ တည်းခိုခန်း၏ နေ့စဉ် ရွှမ်စက္ကူ ကုန်ကျစရိတ်ကိုပင် ကာမိရန် မလုံလောက်ပေ။ ရှောင်ယင်းမှာလည်း ဆရာဝေအတွက် ဗီဒီယိုများ တည်းဖြတ်ပေးရန်၊ Live stream ၏ အစီအစဉ်များကို ထိန်းညှိပေးရန်နှင့် Fan အဖွဲ့ကို စီမံခန့်ခွဲပေးရန်အတွက် လက်ထောက်နှစ်ဦး ခန့်ထားပေးထားသဖြင့် လုပ်သားစရိတ်မှာ ပို၍ မြင့်တက်လာခဲ့သည်။

ဆရာဝေအပြင် မစ္စကျိ သည်လည်း လုပ်ဆောင်ချက်များအတွက် ငွေစိုက်ထုတ်နေရသူ ဖြစ်သည်။ ဧည့်သည်များသည် ကြိုတင်စာရင်းပေးရုံဖြင့် မစ္စကျိ ပြုလုပ်သော ကောင်းချီးပေးသည့် အခမ်းအနားများတွင် ပါဝင်နိုင်၏။ မွေးနေ့အခမ်းအနားဖြစ်စေ နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်စေ ဟဲယဲ့တည်းခိုခန်းသည် မည်သည့်အခကြေးငွေမျှ မယူသည့်အပြင် ဧည့်သည်များကို အမှတ်တရ ကိတ်မုန့်တစ်ခုကိုပါ ထပ်မံ လက်ဆောင်ပေးတတ်၏။ ထို့ကြောင့် အချိန်ရသရွေ့ တည်းခိုခန်းမှ ဧည့်သည်တိုင်းသည် ထိုအခမ်းအနားတွင် ပါဝင်ရန် စာရင်းပေးကြသည်။ ယခုအခါ မစ္စကျိ၏ အခမ်းအနား အချိန်များကို ညနေပိုင်းတွင်သာမက မနက်၊ နေ့လယ်၊ ည ဟူ၍ အချိန်သုံးမျိုးလုံး သတ်မှတ်ထားသော်လည်း အပြည့်ဖြစ်နေခဲ့သည်။ ထိုသို့ ပြုလုပ်သော်လည်း အချိန်မလောက်သဖြင့် အချို့ဧည့်သည်များမှာ အစုအဖွဲ့လိုက် အခမ်းအနား များတွင် ပါဝင်ကြရသည်။ မစ္စကျိ၏ အခမ်းအနားများ ကျင်းပရာနေရာမှာ ဟိုတယ်ပန်းခြံ၏ သံစည်းရိုးနောက်ကွယ်မှ စင်မြင့်ပေါ်တွင် ဖြစ်ပြီး ထိုစင်မြင့်မှာ တည်ဆောက်ရန်အတွက် ငွေအမြောက်အမြား အကုန်အကျခံထားရခြင်းဖြစ်၏။ ထိုစင်မြင့်ကို အလွန်ပင် စေ့စပ်သေချာစွာ ပြင်ဆင်ထားပြီး အဖိုးတန်ပြီး အသစ်တဖန် ပြောင်းရွှေ့စိုက်ပျိုးထားသော လတ်ဆတ်သည့် ပန်းပင်များဖြင့် ဝန်းရံထားသည်။ ထိုပန်းများသည် သူတို့၏ အလှပဆုံး ပုံသဏ္ဌာန်များဖြင့် ဖူးပွင့်နေကြပြီး သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။

ဤပန်းများသည် သက်ရှိများကဲ့သို့ပင် သူတို့၏ အလှအပနှင့် ဆွဲဆောင်မှုများကို အပြိုင်အဆိုင် ပြသနေကြသည်။ အနီရောင်မှာ စိတ်အားထက်သန်မှု၊ အဝါရောင်မှာ တောက်ပမှု၊ အပြာရောင်မှာ အေးချမ်းမှု၊ ခရမ်းရောင်မှာ ဆန်းကြယ်မှု ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ရောယှက်ကာ ထင်ရှားလှပသော မြင်ကွင်းတစ်ခုကို ဖန်တီးထားပြီး စင်မြင့်အတွက် အတိုင်းအဆမရှိသော သက်ဝင်မှုကို ဖြည့်ဆည်းပေးနေသည်။ မစ္စကျိ ကပြဖျော်ဖြေပြီး အခမ်းအနား မလုပ်သည့် အချိန်တွင်ပင် ဤစင်မြင့်မှာ အလွန်ပင် ခမ်းနားထည်ဝါလှ၏။ အချို့ဧည့်သည်များသည် စည်းရိုးကြားမှ စင်မြင့်ကို မြင်လိုက်ရသောအခါ သူတို့၏ မင်္ဂလာဆောင်များကို ထိုနေရာတွင် ကျင်းပရန် စိတ်ကူးမိကြသလို အချို့မှာလည်း ထိုစင်မြင့်ပေါ်တွင် ဓာတ်ပုံရိုက်ရန် ပြင်းပြသော ဆန္ဒများကို ဖော်ပြကြသည်။ ထိုစင်မြင့်မှာ အခမ်းအနားများအတွက်သာ ဖြစ်ကြောင်း သိရှိပြီးနောက်တွင်မူ သူတို့အားလုံးမှာ ကောင်းချီးပေးသည့် အခမ်းအနားတွင် ပါဝင်ရန် စာရင်းသွင်းကြတော့သည်။ မစ္စကျိမှာ အလွန်အလုပ်ရှုပ်နေသဖြင့် ခြေဖျားပင် မြေမထိနိုင်အောင် ဖြစ်နေရသည်။ ယခုအခါ သူမ၏ စိုက်ပျိုးရေးခြံကို ပြုစုရန်အတွက် သူမသည် မနက်တိုင်း တစ်နာရီ စောထကာ သီးနှံများအတွက် မြေဆွပေးရန် အချိန်ညှစ်ထုတ်နေရရှာ၏။

လုပ်ဆောင်ချက်များအတွက် ငွေစိုက်ထုတ် နေရသူများအပြင်၊ လုပ်ဆောင်ချက်များအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ နေရသူများလည်း ရှိသေးသည်။ ရှောင်ရှီးသည် တည်းခိုခန်း၏ ရှားပါးကတ်တစ်ခုဖြစ်သည့်အလျောက် ၎င်း၏ စွမ်းရည်မှာ အမှန်တကယ်ပင် အစွမ်းထက်လှ၏။ နေမင်း၏စစ်မှန်သောမီး သည် တည်းခိုခန်းအတွက် အလွန်ပင် အထောက်အကူ ဖြစ်ခဲ့သည်။ ယခုအခါ ဟဲယဲ့တည်းခိုခန်း၏ အိပ်ရာခင်း၊ စောင်ခင်း အားလုံးကို မီနာ ရက်လုပ်သော ချည်ထည်များဖြင့် လဲလှယ်လိုက်ပြီ ဖြစ်သည်။ မီနာရက်လုပ်သော အဝတ်အထည်များသည် ကိုယ်တိုင်သန့်စင်နိုင်စွမ်း မြင့်မားလှ၏။ အဝတ်လျှော်စက်ထဲ ထည့်လိုက်ရုံဖြင့် အိပ်ရာခင်းများမှာ စင်ကြယ်သွားတော့သည်။ ထို့နောက် ရှောင်ရှီး၏ နေမင်း၏စစ်မှန်သောမီး ဖြင့် အခြောက်ခံပြီး ပိုးသတ်လိုက်သောအခါတွင်မူ အဆိုးရွားဆုံး အစွန်းအထင်းများပင်လျှင် ပုန်းအောင်းစရာ နေရာမရှိတော့ဘဲ နူးညံ့ပြီး သန့်ရှင်းစင်ကြယ်သော အိပ်ရာခင်းများမှာ ဧည့်သည်များကို တည်းခိုခန်းတွင် မိမိအိမ်ကဲ့သို့ ခံစားရစေသည်။ တည်းခိုခန်းတွင် လူအဝင်အထွက် များပြားလှသဖြင့် မကြာသေးမီက ရာသီတုပ်ကွေးများ ပြန့်ပွားနေသည်။ လူစုလူဝေးကြောင့် ရောဂါများ မပြန့်ပွားစေရန်အတွက် ရှောင်ရှီးသည် ၎င်း၏ အမွေးအတောင်များကို လက်ရေးလှ သင်တန်းခန်းမနှင့် ဂီတဖျော်ဖြေပွဲ ခန်းမကဲ့သို့သော လူစည်ကားရာ နေရာများတွင် ထားရှိကာ ဧည့်သည်များ၏ ကိုယ်ခံအားကို မြှင့်တင်ပေးထား၏။ စုဟယ်သည် ရှောင်ရှီးမှာ မကြာသေးမီက နည်းနည်း ပိန်သွားသလိုပင် ခံစားနေရပြီး အရင်လို ပြည့်ပြည့်လေးမဟုတ်တော့ပေ။

ကိုယ့်ကိုယ်ကိုယ် အနစ်နာခံသော်လည်း ပိုက်ဆံမရသည့် ရှောင်ရှီး နှင့် နှိုင်းယှဉ်လျှင် ဝက်သစ်ချပင် မှာမူ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီးနောက်တွင် ငွေအချို့ ရရှိနိုင်သေးသည်။ လီရှူးအိပ်မက်ပို့ဆောင်ခြင်း၏ အကျိုးသက်ရောက်မှုမှာ အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းလှ၏။ အထူးသဖြင့် ဝက်သစ်ချပင်သည် ကောင်းမွန်သော မှတ်ချက် (၁၀၀) ရရှိပြီးနောက် ကြယ်နှစ်ပွင့်အဆင့်သို့ မြှင့်တင်ခြင်း ခံရသည့်အခါတွင် ဟွားရွှီအိပ်မက်ဆိုသည့် အထူးစွမ်းအင်ကို ရရှိခဲ့သည်။ ၎င်းသည် အိပ်မက်များ၏ အစစ်အမှန်ဖြစ်နိုင်စွမ်းကို (၁၅) ရာခိုင်နှုန်း မြှင့်တင်ပေးသဖြင့် ဖန်တီးလိုက်သော အိပ်မက်များမှာ ပို၍ပင် သက်ဝင်လှုပ်ရှားလာခဲ့သည်။ ယခုအခါ ဟဲယဲ့တည်းခိုခန်းသည် လီရှူးအိပ်မက်ပို့ဆောင်ခြင်း ဝန်ဆောင်မှု၏ စျေးနှုန်းကို တစ်ကြိမ်လျှင် ယွမ် (၁၀၀၀) အထိ မြှင့်တင်လိုက်သော်လည်း၊ ဤစျေးနှုန်းမှာ ဧည့်သည်များ၏ စိတ်အားထက်သန်မှုကို ဟန့်တားနိုင်ပုံမရဘဲ ယင်းအစား ဝန်ဆောင်မှုအပေါ် ဆန်းကြယ်မှုနှင့် သီးသန့်ဖြစ်မှု ခံစားချက်ကိုပါ တိုးစေခဲ့၏။ လီရှူးအိပ်မက်ပို့ဆောင်ခြင်း ဝန်ဆောင်မှုမှာ နာမည်ကြီး လူသိများလာခဲ့ပြီး ဧည့်သည်အများအပြားမှာ ၎င်းအတွက်ကြောင့်ပင် သီးသန့် လာရောက်ကြသည်။ ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီရုပ်ရှင်ရိုက်ကူးရေး အဖွဲ့၏ ကြော်ငြာမှုအောက်တွင် အိပ်မက်နှင့် လက်တွေ့ ပေါင်းစပ်မှုကို ခံစားကြည့်ချင်ကြသည့် ဖျော်ဖြေရေးလောကမှ ပညာရှင် အများအပြားလည်း ရှိနေသည်။ အကယ်၍ ဟဲယဲ့တည်းခိုခန်းမှာသာ ထိုဝန်ဆောင်မှုကို အခန်းပေါင်း (၁၆၀) လုံးတွင် အပြည့်အဝ ဖွင့်လှစ်ပေးလိုက်မည်ဆိုလျှင် ဝက်သစ်ချပင်၏ သစ်ကိုင်းနှင့် သစ်ရွက်များမှာ တစ်ရက်တည်းနှင့်ပင် ပြောင်သလင်းခါသွားနိုင်သည်။ ထို့ကြောင့် ဟဲယဲ့တည်းခိုခန်းသည် လီရှူးအိပ်မက်ပို့ဆောင်ခြင်း ဝန်ဆောင်မှုကို တစ်ရက်လျှင် (၁၀) ယောက်သာ ကန့်သတ်ထားရှိသည်။

ရလဒ်အနေဖြင့် ကတ်ဇာတ်ကောင်များအနက် ဟုန်လျန် နှင့် ယွမ်ဒန်းချူး တို့သာလျှင် တည်းခိုခန်းအတွက် ရေရှည်တည်တံ့သော ဝင်ငွေကို ယူဆောင်ပေးနိုင်ကြသည်။ ဟုန်လျန် ပြုလုပ်သော လက်ဖက်ရည် မုန့်များမှာ အလွန်ပင် ထူးခြားသော အရသာရှိလှပြီး ဧည့်သည်များ၏ ချီးကျူးနှစ်သက်မှုကို အပြည့်အဝ ရရှိထား၏။ လက်ဖက်ရည် မုန့်ထုတ်လုပ်မှု စွမ်းအားနှင့် ထိရောက်မှုကို မြှင့်တင်ရန်အတွက် ဟုန်လျန် သည် အသစ်ခန့်ထားသော မုန့်ဖုတ်ဆရာများကို ရိုးရှင်းသော အဆင့်ဆင့် လုပ်ဆောင်ချက်များတွင် ကူညီပေးရန် စီစဉ်ထားသည်။ ၎င်းမှာ ဟုန်လျန်ကို ဟင်းချက်နည်း အသစ်များ ဖော်ထုတ်ခြင်းနှင့် မုန့်ဖုတ်ရာတွင် ထိန်းချုပ်ခြင်းများကို ပိုမို အာရုံစိုက်နိုင်စေသဖြင့် မုန့်တိုင်းကို အကောင်းဆုံး အရသာနှင့် အရည်အသွေး ရရှိစေရန် အာမခံနိုင်ခဲ့သည်။ ဟုန်လျန် ၏ ဂရုတစိုက် လမ်းညွှန်မှုနှင့် မုန့်ဖုတ်ဆရာများ၏ အကူအညီကြောင့် ဟဲယဲ့တည်းခိုခန်းမှ ထုတ်လုပ်သော မုန့်အရေအတွက်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ဖွင့်လှစ်ပြီးသည့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မုန့်အရောင်းပြတင်းပေါက်၏ အရောင်းရရှိမှုမှာ တရိပ်ရိပ် မြင့်တက်နေခဲ့ပြီး၊ တစ်ရက်လျှင် အရောင်းဝင်ငွေ ယွမ် (၅၀,၀၀၀) ခန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

စုဟယ်သည် ဟဲယဲ့တည်းခိုခန်း၏ လက်ဖက်ရည် မုန့်လုပ်ငန်းမှ ရရှိလာနိုင်သော ကြီးမားသည့် အလားအလာကို သဘာဝကျစွာပင် သတိပြုမိပြီးဖြစ်ရာ မုန့်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချရန်အတွက် သုတေသနပြုရန် အဖွဲ့တစ်ဖွဲ့ကို စတင် တာဝန်ပေးထားပြီး ဖြစ်သည်။ မုန့်ထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ အွန်လိုင်းအရောင်းမှာ စျေးကွက်ချဲ့ထွင်ရန်နှင့် ဝင်ငွေတိုးရန်အတွက် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်လာမည်မှာ ဧကန်မလွဲပင်။ ဤကံစမ်းမဲတွင် ပါဝင်သော ဆုများထဲ၌ ဟဲယဲ့တည်းခိုခန်း၏ မုန့်လက်ဆောင်ဗူးကြီးများ ပါဝင်နေခြင်းမှာလည်း ဟဲယဲ့တည်းခိုခန်းအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ အကယ်၍ ဆုရရှိသော ကံထူးရှင်များမှာ စာတိုက်မှ ပေးပို့လိုက်သော မုန့်များကို နှစ်သက်သဘောကျကြမည်ဆိုလျှင် ဟဲယဲ့တည်းခိုခန်း၏ အွန်လိုင်း မုန့်အရောင်းလုပ်ငန်းကို ချက်ချင်းပင် စတင် အကောင်အထည်ဖော်နိုင်မည်ဖြစ်၏။ တစ်ချိန်တည်းမှာပင် ယွမ်ဒန်းချူးသည် မနက်တိုင်း အားကစားခန်းမတွင် ဧည့်သည်များကို ထိုက်ချီ သင်ကြားပေးရုံသာမက ထုတ်ကုန်အသစ်များ ဖော်ထုတ်ရန်အတွက်လည်း အစွမ်းကုန် ကြိုးပမ်းနေလေတော့သည်။

All Chapters