← Chapters

အခန်း ၁၈၇၆

Vol. 126 Ch. 1876

အခန်း ၁၈၇၆

Vol. 126 Ch. 1876

အခန်း(၁၈၇၆) ဟုယန်ကျိုးကို အနိုင်ယူခြင်း

ဟုယန်ကျိုးက အံ့အားသင့်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်လိုက်သည်။

ထိုစဥ်က မိုးကြိုးခရမ်းဓားဂိုဏ်းက ပြင်ပနယ်မြေသို့ လေ့လာခရီးထွက်ခဲ့ကြသည်။ သို့သော် အဆုံးသတ်၌ ၎င်းတို့၏ တပ်တစ်ခုလုံး အမြစ်ဖြုတ်ရှင်းလင်းသုတ်သင်ခံရကာ အလွန်ဆိုးရွားသော အခြေအနေမျိုး ဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ကြရသဖြင့် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ကြရ၏။ နောက်ပိုင်း၌ ထိုဂိုဏ်းတစ်ခုလုံးက မိုးကြိုးခရမ်းဓားနယ်မြေ၏ သူပုန်တပ်ဖွဲ့များထံတွင် အမြစ်ပြတ်ရှင်းလင်းခံခဲ့ကြရသည်။ အဆုံးသတ်၌ ဂိုဏ်း၏ နောက်ဆုံးမျိုးဆက်ကို တရှ၌ ဖမ်းမိကာ မိုးကြိုးခရမ်းဓားနယ်မြေ၏ အတားအဆီးကို ဖွင့်နိုင်မည့် နည်းလမ်းကို ၎င်းတို့ထံမှ ဖော်ထုတ်နိုင်ခဲ့ကြ၏။

ယင်းကပင် အလွန်ဆိုးရွားသော အခြေအနေဟု ပြော၍ရသည်။

သို့သော်လည်း မိုးကြိုးခရမ်းဓားဂိုဏ်းကို မည်သည့်ဂိုဏ်းက တိုက်ခိုက်ခဲ့သည်ကို မည်သူမျှ အတိအကျမသိကြပေ။ ယခုမူ ၎င်းတို့က နောက်ဆုံး၌ မိုးကြိုးခရမ်းဓားနယ်မြေတွင် နှစ်ပေါင်းများစွာကြာ မဖြေရှင်းနိုင်ခဲ့သည့် ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်ခဲ့ကြပြီဖြစ်သည်။ မိုးကြိုးခရမ်းဓားနယ်မြေကို အနိုင်ယူနိုင်ခဲ့သည့် အင်အားစုမှာ ဟုယန်ကျိုး၏ ကံကြမ္မာဂိုဏ်းမှတပါး အခြားမဟုတ်ကြောင်း ပေါ်လွင်လာခဲ့သည်။ ထိုစဥ်က ၎င်းတို့၏ အစွမ်းသတ္တိနှင့်ပင် ကံကြမ္မာဂိုဏ်းမှ ဖိနှိပ်မှုကြောင့် အရှက်တကွဲထွက်ပြေးခဲ့ကြရကာ ၎င်းတို့၏ တပ်တစ်ခုလုံးလည်း သုတ်သင်ရှင်းလင်းခံခဲ့ရသည်။ ထို့ကြောင့် ကံကြမ္မာဂိုဏ်းက မည်မျှ အင်အားကြီးကြောင်း မြင်ယောင်ကြည့်နိုင်ပေသည်။

မိုးကြိုးခရမ်းဓားနယ်မြေမှ လာသော ချူးယွင်ဖန်းသည် မိုးကြိုးခရမ်းဓားဂိုဏ်း၏ အမွေအနှစ်ကို ရရှိခဲ့သည်ဟု လူတိုင်းနီးပါး ထင်မြင်ယူဆကြသည်။ နောက်ဆုံးတွင်မူ မိုးကြိုးခရမ်းဓားဂိုဏ်းမှ ဆင်းသက်လာသည့် မိုးကြိုးခရမ်းဓားခုနှစ်သွယ် ဓားသိုင်းကို သူ တစ်ချိန်က သုံးပြခဲ့ဖူးသည်။ ထိုအချက်ကပင် လူအျား၏ ခန့်မှန်းချက်ကို ပို၍ အတည်ပြုပေးလိုက်၏။

ချူးယွင်ဖန်းက မိုးကြိုးခရမ်းဓားဂိုဏ်းနှင့် တိုက်ရိုက် ဆက်နွယ်မှု ရှိကြောင်း အားလုံး သေချာသွားကြသည်။ အကယ်၍ သူက တိုက်ရိုက်ဆက်ခံသူမဟုတ်လျှင်ပင် အနည်းနှင့်အများ ထိုနည်း၎င်းပင်ဖြစ်သည်။

အကယ်၍ ချူးယွင်ဖန်းသာ ထိုစဥ်က သူ့ကိုယ်သူ သိသာစေခဲ့လျှင် လူများစွာ၏ ပစ်မှတ်ထားခြင်းကို ခံရနှင့်ပြီးဖြစ်လိမ့်မည်။ သို့သော် မိုးကြိုးခရမ်းဓားဂိုဏ်းက ဖျက်ဆီးခံရပြီးဖြစ်ကာ တရှ၏ မိုးကြိုးခရမ်းဓားနယ်မြေဖြစ်လာခဲ့သည်။ မိုးကြိုးခရမ်းဓားဂိုဏ်း၏ အမွေအနှစ်များကိုလည်း တရှဧကရာဇ်တရားရုံးက သိမ်းပိုက်သွားခဲ့ပြီးသည်မှာ ကြာပြီဖြစ်၍ အခြေခံအားဖြင့် တန်ဖိုးမရှိတော့ပေ။

သူ့တွင် မိုးကြိုးခရမ်းဓားနယ်မြေမှ အမွေအနှစ်တချို့ရှိနေလျှင်ပင် မည်သို့မျှ ထူးခြားမည်မဟုတ်ပေ။ ကံကြမ္မာဂိုဏ်း၏ ဆက်ခံသူအနေဖြင့် ဟုယန်ကျိုးသည် ချူးယွင်ဖန်းထက် စိတ်ပိုင်းဆိုင်ရာ အားသာချက် အပြည့်အဝ ရှိထား၏။ မိုးကြိုးခရမ်းဓားဂိုဏ်း၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားသော ချူးယွင်ဖန်းသည် အခြားသူများအတွက် အလွန်မာနကြီးပုံပေါ်သည့်တိုင် ဟုယန်ကျိုး၏ မျက်လုံးထဲတွင် ရှုံးနိမ့်နှင့်ပြီးသား ပြိုင်ဘက်တစ်ဦးဖြစ်သည်။

"ငါက မိုးကြိုးခရမ်းဓားနယ်မြေရဲ့ မျိုးဆက်မဟုတ်ဘူး။ ဒါပေမယ့် ဟုတ်ရင်ရော.. ဘာဖြစ်လဲ” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ဤအချိန်တွင် ဟုယန်ကျိုး ထပ်မံတိုက်ခိုက်ခဲ့သည်။ သူသည်လည်း ကြင်နာတတ်သူမဟုတ်ပေ။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် သူ၏ အရှိန်အဝါက ရုတ်တရက် ပို၍ ကြီးမားလာသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအင်များ သူ့နောက်ကျောမှ ရုတ်တရက် ထွက်လာသည်။ ဤနတ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ အလင်းစက်ဝန်းများဖြစ်လာစေကာ ချူးယွင်ဖန်းကို ဖိနှိပ်ဝါးမျိုသွားတာ့မည့်အလားဖြစ်နေသည်။

"ကံကြမ္မာက ငါ့အပိုင်ပဲ!"

ဟုယန်ကျိုးက ကမ္ဘာမြေတစ်ခုလုံး မိမိထိန်းချုပ်မှုအောက်ရှိနေသည့် စစ်မှန်သော နတ်ဆိုးတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာကြုံးဝါးကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးအပြည့်ဖြာထွက်နေသည့် စွမ်းအားများဖြင့် ထပ်မံတိုက်ခိုက်ပေတော့သည်။

ထိုထိတ်လန့်ဖွယ် လေပြင်းက ချူးယွင်ဖန်း၏ ဝတ်ရုံစကို လေထုတစ်ခွင်၌ လွင့်ပျံနေစေသည်။

"ငါ့လက်နဲ့ ရှုံးနိမ့်ရတာ မင်းရဲ့ ဂုဏ်ယူစရာပဲ!" ဟုယန်ကျိုးက အေးစက်စက် ပြောလိုက်သည်။

ရုတ်တရက် အလံတစ်ခုက သူ့လက်ထဲ၌ ရုတ်တရက်ပေါ်လာသည်။ ဤအလံကို ရွှေရောင်ပုံစံပန်းထိုးထားသည်။ ထိုအလံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်အောင်များပြားလှသည့် မီးလျှံများ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးကို လောင်ကျွမ်းသွားစေသည်။

"ဒါက ငရဲအလံပဲ။ ဟုယန်ကျိုးက ငရဲအလံကို ထုတ်လာတယ်ကွ… သူ ဒီတိုက်ပွဲကို အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားပြီ.. ချူးယွင်ဖန်း ရှုံးတော့မယ်”

"ဟုတ်တယ်။ ကောလာဟလတွေအရ ဒါက ငရဲဂိုဏ်းလို့ခေါ်တဲ့ ရှေးဟောင်းဂိုဏ်းရဲ့ နာမည်ကြီး မှော်ပစ္စည်းပဲ။ နောက်ပိုင်းမှာ ငရဲဂိုဏ်းကို ကံကြမ္မာဂိုဏ်းက ဖျက်ဆီးလိုက်ပြီး သူတို့ရဲ့ အမွေအနှစ်ကိုလည်း ကံကြမ္မာဂိုဏ်းက သိမ်းပိုက်ခဲ့တယ်။ ငရဲအလံက ကံကြမ္မာဂိုဏ်းရဲ့ ထိပ်တန်းကျွမ်းကျင်သူတချို့ သန့်စင်ရမယ့် မှော်ပစ္စည်းတစ်ခု ဖြစ်လာတယ်။ ငရဲအလံ ထွက်လာတာနဲ့ မိုင်တစ်ထောင်ပတ်လည်ကို မြေရိုင်းဒေသအဖြစ် ပြောင်းလဲနိုင်တယ်။"

"ဖန်ဆင်းရှင်အဆင့်ကိုရောက်တဲ့သူတွေကပဲ ငရဲအလံကို သန့်စင်ဖို့ အရည်အချင်းပြည့်တာဆိုတဲ့ ကောလဟာလတွေထွက်နေတယ်။ ဟုယန်ကျိုးက သိပ်မကြာခင်ကမှ ဖန်ဆင်းရှင်အဆင့်ကို ရောက်ခဲ့တာ။ အစတည်းက ပြင်ဆင်ထားတာမျိုးမဟုတ်ရင် ပစ္စည်းအမျိုးမျိုးကို စုဆောင်းဖို့ အချိန်ရှိဖို့မဖြစ်နိုင်ဘူး”

ထိုအလံကိုမြင်သောအခါ အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ငရဲအလံက နာမည်ကြီးသည်။ ကံကြမ္မာဂိုဏ်းက လာခြင်းမျိုးမဟုတ်သော်လည်း ငရဲဂိုဏ်းဖျက်ဆီးခံရပြီးနောက် ငရဲအလံသည် ကံကြမ္မာဂိုဏ်း၏ သင်္ကေတဖြစ်လာခဲ့သည်။ ဘေးတွင် ပြန်လည် ကုသနေသည့် ကျန်းဖုန်း၏ မျက်လုံးများပင် အတန်ငယ်ကျဥ်းသွားသည်။ ဟုယန်ကျိုးက ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ကျန်းဖုန်းကဲ့သို့ မာနကြီးသောသူပင် ငရဲအလံကို ရပြီးနောက်၌ ဟုယန်ကျိုး၏ ခွန်အားက သူ့ထက် သာလွန်နေဆဲဖြစ်သည်ကို ဝန်ခံရသည်။ မူလက ဟုယန်ကျိုးကို သန်မာသော ပြိုင်ဘက်ဟု ထင်ခဲ့သည်။ ယခု သူ့ပြိုင်ဘက်က သူ့ထက် များစွာ ပိုသန်မာသည်ကို သဘောပေါက်သွားသောအခါ သူ့အမူအရာကလေးနက်လာ၏။

မီးလျှံသည် ချူးယွင်ဖန်းထံသို့ ဧရာမမီးလှိုင်းကဲ့သို့ တိုက်ခတ်သွားချိန်၌ ဟုယန်ကျိုး၏ မျက်နှာတွင် အေးစက်သောအပြုံးတစ်ခု ပေါ်လွင်နေသည်။ ဖန်ဆင်းရှင်အဆင့်ရှိသူပင် ဤကဲ့သို့သော မီးလျှံကို ခုခံနိုင်စွမ်းမရှိပေ။ ၎င်းတို့အားလုံး ရှောင်တိမ်းရန်သာ ရွေးချယ်နိုင်ကြသည်။ ဤမျှသေးငယ်သော နေရာလေး၌ ချူးယွင်ဖန်းပုန်းအောင်းနေရန် နေရာမရှိလှပေ။ မီးလျှံက ချူးယွင်ဖန်းကို ရုတ်တရက် ဖုံးလွှမ်းသွားခြင်းဖြစ်၍ ပုန်းရန်နေရာပင်မရှိတော့ဟုပြော၍ရပေသည်။

သို့သော်လည်း ချူးယွင်ဖန်းသည် လုံးဝရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိဘဲနေလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မမျှော်လင့်ထားပေ။ ချူးယွင်ဖန်းသည် သူ၏နတ်ဘုရားစွမ်းအားကို အဆုံးစွန်အထိ မြှင့်တင်၍ ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။ ဓားအလင်းသည် ကောင်းကင်အပြည့် မိုးကြိုးများကဲ့ ပျံ့နှံ့သွားသည်။

အဆုံးမဲ့မိုးကြိုးများနှင့် မီးလျှံတို့ ထိပ်တိုက်တွေ့၍ တစ်ဘက်နှင့်တစ်ဘက်ဝါးမြိုကာ ကြောက်မက်ဖွယ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

သို့သော် လူတိုင်း အံ့သြသွားရသည်မှာ ငရဲအလံကို အသုံးပြုပြီးနောက်၌ပင် ဟုယန်ကျိုးက အသာစီးမရခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်း၏ခန္ဓာကိုယ်သည် အဆုံးမဲ့လျှပ်စီးကြောင်းများဖြင့် ပေါက်ကွဲထွက်လာပြီး အရာအားလုံးကို ဖိ ဖြိုခွင်း၍ ကောင်းကင်ကို ဖုံးလွှမ်းနေသော မီးလျှံများကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် မြေပြင်မှ ရုတ်တရက်ထရပ်၍ ထရိုင်နိုဆောရပ်စ်တစ်ကောင်ကဲ့သို့ ထွက်ပြေးလာသည်။

လူတိုင်း ကြီးမားသော ပေါက်ကွဲသံကို ကြားလိုက်ကြရပြီးနောက် ငရဲအလံကို ချူးယွင်ဖန်းက လက်ဗလာဖြင့် နှစ်ခြမ်းဆွဲဖြဲလိုက်သည်ကိုလည်း မြင်လိုက်ကြရသည်။ ယုယန်ကျိုးက သွေးတစ်ပွက်အန်ထုတ်ကာ ချက်ချင်းပင် ဒဏ်ရာအပြင်းအထန် ရရှိလျက် ပြင်းပြင်းထန်ထန် နောက်သို့လွင့်ထွက်သွားသည်။

“ငရဲကန်ချက် ကိုးချက်”

ချူးယွင်ဖန်းက သက်ညှာပေးရန် ရည်ရွယ်ချက်မရှိဘဲ ဟုယန်ကျိုးကို နင်းချေလိုက်သည်။

ဘမ်း

ဟုယန်ကျိုးလည်း ကောင်းကင်မှ မြေပြင်သို့ ပြင်းထန်စွာ ကျသဖြင့် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု မြေပြင်၌ ဖြစ်ပေါ်လာ၏။

ဖွီး

ဟုယန်ကျိုးက ပါးစပ်အပြည့်သွေးများ ထွေးထုတ်လိုက်သည်။

သူ ရုန်းကန်၍ ပြန်ထရန် ကြိုးစားနေချိန်တွင် ချူးယွင်ဖန်းက ထပ်မံ နင်းချေလိုက်ပြန်သည်။

ဘမ်း

မြေပြင်တစ်ခုလုံး တုန်ခါသွားကာ ချက်ချင်းဆိုသကဲ့သို့ပင် ဟုယန်ကျိုး ပြင်းထန်စွာ ဒဏ်ရာရလျက် မေ့မြောသွား၏။

ဤသို့ဖြင့် ဟုယန်ကျိုး ရှံးနိမ့်၍ နေရာတစ်ခုလုံး သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

--

All Chapters