အခန်း ၁၈၇၇
Vol. 126 Ch. 1877
အခန်း(၁၈၇၇) ပြိုင်ဘက်ကင်းမှု
အလွန်လျင်မြန်စွာဖြင့်ပင် ဟုယန်ကျိုးရှုံးနိမ့်ခဲ့၏။ အဖြစ်အပျက်တစ်ခုလုံးက အလွန်မြန်ဆန်လွန်းသဖြင့် မည်သူမျှ တုံ့ပြန်နိုင်ခြင်းမရှိပေ။
ချူးယွင်ဖန်းကမူ အဆင့်ဖြတ်ကျော်ပြီးနောက် အမြန်နှုန်းတွင် နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ စကြဝဠာအဆင့်ရှိသူများမဆိုနှင့် ဖန်ဆင်းရှင်အဆင့်ရှိသူများပင် ချူးယွင်ဖန်း၏ အမြန်နှုန်းနှင့် နှိုင်းယှဥ်၍ ရနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ချူးယွင်ဖန်း၏တိုက်ခိုက်မှုကိုပင် မမြင်နိုင်ကြဘဲ နောက်ဆက်တွဲ ပုံရိပ်များကိုသာ မြင်နိုင်ကြရသည်။ ၎င်းတို့ မြင်လိုက်ရချိန်၌ တိုက်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ်ပေးပြီးပင်ဖြစ်သည်။
ထိုမျှ အံ့သြဖွယ် အမြန်နှုန်းက လူတိုင်းကို ထိတ်လန့်စေ၏။
"ဘုရားရေ၊ ဘယ်လောက်တောင်မြန်လိုက်သလဲ..." တစ်ယောက်ယောက်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
သူက ချူးယွင်ဖန်း၏ အမြန်နှုန်းကို ရည်ညွှန်းသည်လော ချူးးယွင်ဖန်းက ယုယန်ကျိုးကို အနိုင်ယူခဲ့သည့် အမြန်နှုန်းကို ရည်ညွှန်းသည်လောကို မသိရပေ။ ပြီးသွားသည်အထိ ၎င်းတို့တွင် တုံ့ပြန်ရန် အချိန်မရှိသလောက်ပင်ဖြစ်သည်။ နေရာတစ်ခုလုံးက သေလုမျောပါး တိတ်ဆိတ်နေကာ အပ်ကျသံကိုပင်ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ တစ်နေရာလုံး၌ ကျန်နေသည့် တစ်ခုတည်းသောအသံက လူတိုင်း ပင့်သက်ရှိုက်နေကြသောအသံများပင်ဖြစ်ပေ၏။
၎င်းတို့အားလုံး မိမိတို ့မြင်လိုက်ရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေကြသည်။ ပါရမီရှင်စာရင်း၏ ထိပ်ဆုံး၌ ရပ်တည်နေသော ဟုယန်ကျိုးက ချူးယွင်ဖန်းထံ၌ အလွယ်တကူ ရှုံးနိမ့်ခဲ့သည်။ ယင်းက ၎င်းတို့ ယခင်က ထင်ထားသည်နှင့် လုံးလုံးလျားလျား ကွာခြားနေသည်။ မူလက ဖန်ဆင်းရှင်အဆင့်သို့မရောက်သေးသည့် ချူးယွင်ဖန်းက သုံးဦးအနက် အင်အားအနည်းဆုံးဖြစ်မည်ဟု ၎င်းတို့ထင်ခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်း ဟန်ဆောင်နေခြင်းဖြစ်လိမ့်မည်ဟု မည်သူက သိမည်နည်း။
ကျန်းဖုန်းကို အလွယ်တကူ အနိုင်ယူပြီးနောက် ဟုယန်ကျိုးကိုလည်း အလွယ်တကူ အနိုင်ယူခဲ့ပြန်သည်။
ဤအချိန်တွင်၊ ကြယ်ကြွေကောင်းကင်ဂိုဏ်း တပည့်စစ်များသည် ချူးယွင်ဖန်း၏ အမူအရာက အစမှအဆုံးထိ မည်သူ့ကိုမျှ ဂရုမစိုက်သည့်အလား တည်ငြိမ်နေခဲ့သည်ကို ပြန်တွေးမိကြသည်။
ယခင်က ချူးယွင်ဖန်း၌ ထိုသို့သော ခွန်အားမျိုးရှိနေသည်ကို မည်သူမျှ မယုံကြည်ခဲ့ကြသဖြင့် ၎င်းတို့လည်း ယုံကြည်ချင်စိတ်မရှိခဲ့ကြပေ။ သို့သော် ချူးယွင်ဖန်းအပေါ် ၎င်းတို့၏ ယခင်က ခန့်မှန်းချက်က မည်မျှ မှားယွင်း၍ ရယ်စရာကောင်းသည်ကို သဘောပေါက်လာကြသည်။
ချူးယွင်ဖန်းက မိမိတွင် ထိုမျှ ခွန်အားရှိနေခြင်းဖြစ်၍ အလွန်တည်ငြိမ်ကာ နှစ်ဖက်စလုံးမှ တိုက်ခိုက်ခံရမည်ကို စိတ်မပူခဲ့ခြင်းမှာ သဘာဝကျပေသည်။
သို့သော် ဤအချိန်တွင် ပို၍ များပြားသောသူများက တုံ့ပြန်လာကြသည်။ ချူးယွင်ဖန်းသည် ပြင်းထန်သောတိုက်ပွဲတစ်ခုအပြီးတွင် ၎င်းတို့နှစ်ဦးကို အနိုင်ယူနိုင်ခဲ့ပါက ၎င်းတို့၏ အစွမ်းက တန်းတူဖြစ်သည်ဟု ဆိုနိုင်မည်။ အများအားဖြင့် ချူးယွင်ဖန်း၏အစွမ်းသည် ၎င်းတို့ထက် အနည်းငယ်သာ ပို၍ သန်မာခြင်းဖြစ်သော်လည်း လက်တွေ့တွင် ၎င်းတို့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ သူ၏အစွမ်းက နှစ်ဦးစလုံးထက် များစွာသာလွန်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။
ယင်းက လူတိုင်းကို ချူးယွင်ဖန်း ထိပ်ဆုံးအယောက်သုံးဆယ်စာရင်း၌ ရှိနေသည့်အချက်ကို သတိရစေသည်။
ထူးချွန်သူစာရင်းတွင် မျိုးနွယ်စုအမျိုးမျိုး ဂိုဏ်းအမျိုးမျိုးမှ ထိပ်တန်းပါရမီရှင်များ ပါဝင်သည်ကို ထည့်သွင်းစဉ်းစားလျှင် ထိပ်ဆုံး ၃၀ သည် တရှ၏ လူငယ်မျိုးဆက်၏ ထိပ်တန်းဆယ်ဦးနှင့် နီးစပ်သည်။
သို့သော်လည်း ပြီးခဲ့သည့် တစ်နှစ်ခန့်တွင် ချူးယွင်ဖန်း၏ အဆင့်သတ်မှတ်ချက်မှာ ဆက်တိုက်ကျဆင်းနေခဲ့သည်။ ထို့ကြောင့် လူအများက သူ၏ အစွမ်းများက အတုအယောင်သာဖြစ်မည်ဟု တွေးမိကြ၏။ ကျွမ်းကျင်သူအများစုက တဖြည်းဖြည်းနှင့် ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်နှင့်အမျှ မကြာမီ၌ ချူးယွင်ဖန်းလည်း ပါရမီရှင်စာရင်းမှ ထွက်သွားရလိမ့်မည်ဟု ခန့်မှန်းထားကြ၏။
သို့သော် ယခုမူ ချူးယွင်ဖန်းက ၎င်းတို့ မမှန်းနိုင်သည့်အတိုင်းအတာဖြင့် သန်မာနေဆဲဖြစ်သည်ကို လူတိုင်းကို သက်သေပြခဲ့သည်။
"သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေတာလဲ" ကျန်းဖုန်း၏ မျက်လုံးများ အနည်းငယ်ကျဥ်းသွားပြန်သည်။
၎င်းတို့ နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကြသည့်တိုင် ချူးယွင်ဖန်း၏ အစွမ်းအစကို မစမ်းသပ်နိုင်ခဲ့ပေ။ ယခုအချိန်အထိ သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကိုသာ သူတို့ မြင်တွေ့နိုင်ခဲ့ကြသည်။ အစောပိုင်းက တိုက်ခိုက်စဉ်က ချူးယွင်ဖန်းက မိမိ၏ စွမ်းသတ္တိအပြည့်အဝကို အသုံးမပြုခဲ့ကြောင်းပင် ခံစားမိနိုင်သည်။ သူ၏အစွမ်းသတ္တိ၏ တစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုခဲ့သည့်တိုင် ၎င်းတို့ ရှုံးနိမ့်ခဲ့ကြသည်။ သူ၏အစွမ်းသတ္တိအပြည့်အဝဖြင့် တိုက်ခိုက်ပါက သူမည်မျှကြောက်စရာကောင်းမည်နည်း။
ထို့ကြောင့် ကျန်းဖုန်းက ပါရမီရှင်စာရင်း ထိပ်ဆုံးနေရာရှိ နတ်ဆိုးများကို တွေးမိသည်။ တစ်ချိန်က သူ့မျက်လုံးဖြင့် ထိုထိပ်တန်းနှစ်ဦး မြင်ခဲ့ရဖူးကာ ယခုအချိန်ထိ သူ့နှလုံးခုန်သံကို ခံစားမိနေဆဲဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံးက ပါရမီရှင်စာရင်း၌ ပါဝင်ကြသော်လည်း ၎င်းတို့ကြားကွာခြားချက်က အလွန်ကြီးမားလွန်းလှပေ၏။
ယခု ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ထိုနတ်ဆိုးများ၏ ပြိုင်ဘက်ကင်းသော အရှိန်အဝါကို ခံစားမိလာသည်။
လူငယ်မျိုးဆက်၌ လီချန်းယွမ်သည် လက်ရှိတွင် ခေါင်းဆောင်ဖြစ်သော်လည်း ယာယီအဆင့်သာ ရှိသည်။ မည်သူမျှ အထွတ်အထိပ်သို့ မရောက်ရှိသေးသကဲ့သို့ စစ်မှန်သော စစ်ပွဲလည်း မဖြစ်ပွားခဲ့ပေ။
ကမ္ဘာ့နံပါတ်တစ်သည် ဤလူများမှ ပေါက်ဖွားလာမည်ဖြစ်ကာ အနာဂတ်၏ ကမ္ဘာ့ထိပ်တန်း အရှင်သခင်များသည် ဤလူများထဲမှ တစ်ဦးဖြစ်လိမ့်မည်။
နှစ်အနည်းငယ်အတွင်းတွင် အလွန်ကြောက်မက်ဖွယ်စစ်ပွဲတစ်ခု ပေါ်ပေါက်လာပေတော့မည်။
ကျန်းဖုန်းက ဤသို့တွေးပြီးနောက် ခေါင်းခါလိုက်၏။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဖန်ဆင်းရှင်အဆင့်ကို မရောက်သေးတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုမွန်းစတားမျိုးဖြစ်လာနိုင်မှာတဲ့လဲ”
ထို့အပြင် သူ့အတွက် မည်သည့်ကွာခြားချက်မျှမရှိပေ။ ချူးယွင်ဖန်းက သူ၏အစွမ်းကုန်အသုံးပြုသည်ဖြစ်စေ အသုံးမပြုသည်ဖြစ်စေ ၎င်းသည် လက်သီးတစ်ချက်သာဖြစ်သည်။ ကွာဟချက်မရှိပေ။ ထိုအကြောင်းကိုတွေး၍ ကျန်းဖုန်းက ပို၍ စိတ်ဓာတ်ကျလာသည်။ သူ့မာနက ချူးယွင်ဖန်း၏ လက်သီးကြောင့် ပြိုကွဲသွားခဲ့ပြီးဖြစ်ကာ ထိုအရှုံးရှေ့၌ သူ့အတိတ်မှ သတ္တိနှင့်ဇွဲလုံ့လတို့ကို ထည့်တွက်ရန်မလိုတော့ပေ။
တစ်ဖက်တွင်မူ မင်းသမီးယွင်ယန်က ချူးယွင်ဖန်းအား တုနှိုင်းမမီသော ရတနာတစ်ခုကို ရှာဖွေတွေ့ရှိသကဲ့သို့ တောက်ပသောမျက်လုံးများဖြင့် ကြည့်နေသည်။ ချူးယွင်ဖန်းက ဤမျှလောက် သန်မာမည်ဟု သူမ မမျှော်လင့်ထားပေ။ သူသည် ပါရမီရှင်စာရင်း၏ ထိပ်ဆုံးရှိ မွန်းစတားများနှင့် တန်းတူပင်ဖြစ်သည်။
"သူ့လူပေါ် မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီလူ့ကို နှစ်ပေါင်းများစွာ သူလွမ်းနေခဲ့တာ အလကားတော့မဟုတ်ဘူးပဲ” မင်းသမီးယွင်ယန်က ခပ်တိုးတိုးပြောလိုက်သည်။
သို့သော် သူမ၏ မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားပြီး လှပသော အပြုံးတစ်ခု ပေါ်လာသည်။
"တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲပဲ။ ရှင်တို့သုံးယောက်စလုံးက အံ့သြဖွယ်ကောင်းတဲ့ အရည်အချင်းတွေကို ပြသခဲ့ကြတယ်၊ အထူးသဖြင့် ပြင်ပဗိုလ်ချုပ်၊ ဗိုလ်ချုပ်ချူး ရှင်က တရှရဲ့ လူငယ်မျိုးဆက်ရဲ့ အထွတ်အထိပ် စွမ်းအားကိုပြခဲ့တယ်။ ရှင့်လို သူရဲကောင်းတွေကြောင့်ပဲ အင်ပါယာက ပိုပိုပြီး တိုးတက်လာလိမ့်မယ်”
“ဒီသခင်လေးနှစ်ယောက်ကို သီးသန့်အခန်းကို ခေါ်သွားပြီး အနားယူခိုင်းလိုက်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ ပန်းကိုးပွင့် နှင်းကျောက်စိမ်းဆေးပေးလိုက်"
လူတိုင်း ချက်ချင်းရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ လွန်ခဲ့သော ခေတ္တခဏကပင် ကျန်းဖုန်းနှင့် ယုယန်ကျိုးကို သနားဂရုဏာသက်စွာကြည့်နေသော ၎င်းတို့၏ မျက်လုံးများ၌ မနာလိုမှုများ သိသိသာသာ ပေါ်လာသည်။
"ပန်းကိုးပွင့် နှင်းကျောက်စိမ်းဆေးနှစ်လုံးတောင် ထုတ်ပေးတယ်… မင်းသမီးက တကယ်ကို ရက်ရောတာပဲ။ ဒီဆေးလုံးတွေလုပ်ဖို့က နတ်ပန်းကိုးမျိုးကို စုဆောင်းပြီးမှ အများကြီး ကြိုးစားအားထုတ်ရတယ်။ ကုသတဲ့နေရာမှာ အံ့သြဖို့ကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ပေးနိုင်ရုံတင်မကဘဲ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုကိုလည်း သိသိသာသာ မြှင့်တင်ပေးနိုင်တယ်ကွ"
"ဟုတ်တယ်။ ပန်းကျိုးပွင့်နှင်းကျောက်စိမ်းဆေးအကြောင်း ကြားဖူးပေမယ့် တစ်ခါမှ မမြင်ဖူးဘူး။ သိပ်မကြာခင်မှာ သူတို့နှစ်ယောက်လုံး နောက်ထပ်တစ်ဆင့်တက်နိုင်တော့မယ်ထင်တယ်။ … အားကျလိုက်တာ”
"ပန်းကိုးပွင့် နှင်းကျောက်စိမ်းဆေးအကြောင်း ငါကြားဖူးတာကြာပြီ။ နာမည်ကြီး ကုသရေးဆေးလုံးပဲ”
--