← Chapters

အခန်း ၁၈၇၈

Vol. 126 Ch. 1878

အခန်း ၁၈၇၈

Vol. 126 Ch. 1878

အခန်း(၁၈၇၈) မင်းနဲ့စေ့စပ်ထားတဲ့ တန်စီယုကို မှတ်မိလား

မင်းသမီးယွင်ယန်၏ ပန်းကိုးပွင့် နှင်းကျောက်စိမ်းဆေးက ချူးယွင်ဖန်း အာရုံစိုက်စေခဲ့သည်။ ထိုဆေးသည် ရှေးဟောင်းဆေးပညာဖြင့် ဖော်စပ်ထားခြင်းဖြစ်၍ ယွင်ယန်မင်းသမီးလက်ထဲ၌ မည်သို့ရောက်နေသည်ကို မသိရပေ။ မင်းသမီးယွင်ယန်က ထိုနည်းစနစ်ကို အသုံးပြု၍ ပန်းကိုးပွင့်နှင်းကျောက်စိမ်းဆေးများကို ပြုလုပ်ခဲ့သည်။ သို့သော် မရေမတွက်နိုင်အောင်များပြားသော လူများက ရွှေ၊ ငွေ သောင်းချီ၊ သန်းချီ အကုန်ဆုံးခံကြလျှင်ပင် ရနိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် ပြောရပါက ထိုဆေးကို စျေးကွက်၌ တွေးရန်ပင် မလွယ်ပေ။

မင်းသမီးယွင်ယန်က သူမနှင့် ဆက်ဆံရေးကောင်းသူများကို ထိုဆေးများ ဆုချီးမြင့်လေ့ရှိသည်။ ယင်းက လူများ၏နှလုံးသားကို သိမ်းပိုက်ရန် သူမ၏ နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ဤသည်က လူတိုင်းသိထားသောအရာလည်းဖြစ်သည်။ တကယ်တမ်းတွင် တက်ရောက်လာသူတိုင်းက ကျွမ်းကျင်သူများဖြစ်ကြကာ သက်ရှိအားလုံး၏ အထွတ်အထိပ်၌ ရပ်တည်နေကြသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။ မင်းသမီးယွင်ယန် မည်သို့တွေးနေသည်ကို ၎င်းတို့ နားလည်ကြသော်လည်း ယင်းက စိတ်အနှောက်အယှက်ဖြစ်စေသောအရာမျိုးမဟုတ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ အခမဲ့နေ့လယ်စာဟူသည်ကား မရှိပေ။

တစ်စုံတစ်ယောက်ကသာ တစ်စုံတစ်ခုကို ရယူလိုပါက သက်ဆိုင်ရာ တန်ကြေးကို ပေးဆောင်ရမည်မှာ သဘာဝကျပေသည်။

မှန်သည်။ လူတိုင်းက ထိုအခြေခံမူကို နားလည်ကြသည်။ ထို့အပြင် ၎င်းတို့လည်း ပန်းကိုးပွင့်နှင်းကျောက်စိမ်းဆေးလုံး၏ သွေးဆောင်မှုကို ငြင်းဆိုရန် မလွယ်ပေ။

ယင်းက ဒဏ္ဍာရီလာ ကုသရေးဆေးလုံးတစ်မျိုးဖြစ်သည်။

ပန်းကိုးပွင့်နှင်းကျောက်စိမ်းဆေးလုံးသည် တစ်နည်းအားဖြင့် အသက်အပိုတစ်ခုရသည်နှင့်ညီမျှသည်။ အရေးကြီးသောအချိန်များတွင် အသက်ကို ကယ်တင်နိုင်သကဲ့သို့ ၎င်းတို့၏ ကျင့်ကြံမှုကိုလည်း မြှင့်တင်နိုင်သည်။ ထို့ကြောင့် ယင်းက မင်းသမီးယင်ယန်၏ လူများ၏ နှလုံးသားကို သိမ်းပိုက်မည့်နည်းလမ်းဖြစ်သည်ကို ထိုကျွမ်းကျင်သူများက သိသော်လည်း ငြင်းပယ်ရန် နည်းလမ်းမရှိပေ။

မျှော်လင့်ထားသည့်အတိုင်းပင် မူလက ဒေါသထွက်နေသည့် ကျန်းဖုန်းနှင့် ဟုယန်ကျိုးတို့သည်လည်း ထိုဆေးများအကြောင်းသိ၍ ယခုအခါ များစွာပိုမို စိတ်သက်သာရာရသွားကြသည်။

ထိုအချိန်၌ ရုတ်တရက် စင်မြင့်ပေါ်တွင် လူတစ်ဦးပေါ်လာ၍ လူတိုင်းကြည့်လိုက်သည့်အခါ မင်းသမီးယွမ်ယန်၏ ဓားကိုင် တားတီးယက်စ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ မည်သူမည်ဝါဖြစ်ကြောင်း လူတိုင်းသိကြသည်။ နတ်ဆိုးဓားဂိုဏ်း၏ ယခင်ဂိုဏ်းခေါင်းဆောင်ဖြစ်သောကြောင့် မည်သူမျှ သူမကို မလျှော့တွက်ဝံ့ကြပေ။

၎င်းတို့က သူမ အဖြူရောင်ကျောက်စိမ်းကြွေပုလင်းနှစ်လုံးကိုကိုင်ထားသည်ကို မြင်လိုက်ရသည်။ ကြွေပုလင်းများထဲတွင် ပန်းကိုးပွင့်နှင်းကျောက်စိမ်းဆေးများ ရှိနေသည်။

"ဆေးအတွက် ကျေးဇူးတင်ပါတယ်၊ မင်းသမီး!"

ကျန်းဖန်းနှင့် ဟုယန်ကျိုးတို့သည် လက်အုပ်၍ ကျေးဇူးတင်လိုက်ကြသည်။ ထို့နောက် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ဆေးပုလင်းများကို ဖွင့်လိုက်သည့်အခါ တစ်နေရာလုံးက ပန်းရနံ့များဖြင့် ပြည့်သွားသည်။ ၎င်းသည် သာမန်ဆေးများကဲ့သို့ မထင်ရပေ။

၎င်းတို့ ပန်းကိုးပွင့် နှင်းကျောက်စိမ်းဆေးများကို ‌သောက်လိုက်ပြီးသည်နှင့် ၎င်းတို့၏ အသားအရေက ချက်ချင်းပင် တိုးတက်လာခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများသည် မျက်စိနှင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ပြန်လည်သက်သာလာခဲ့သည်။

အထူးသဖြင့် ကျန်းဖုန်းက ထိုအချက်ကို ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရသည်။ သူ၏ ဒဏ်ရာများလည်း မြန်မြန်ဆန်ဆန် ပျောက်ကင်းသွားခဲ့သည်။ ယခု သူ ပန်းကိုးပွင့် နှင်းကျောက်စိမ်းဆေးကို သောက်လိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အကော်းဆုံးအခြေအနေ၏ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာ၏။ ယခု သူ၏ အခြေအနေ ကောင်းမွန်နေပြီဖြစ်ကာ မကြာခင်၌ ကျန်သော ဒဏ်ရာများလည်း ပြန်လည် ကောင်းမွန်လာတော့ပေမည်။

ဤအချိန်တွင် မကျေမနပ်ဖြစ်ခြင်း မရှိတော့ဘဲ ယွမ်ယန်မင်းသမီးကို ပို၍ပင် လေးစားအားကျစွာ ကြည့်နေမိသည်။ တစ်ဖက်တွင်မူ ဟုယန်ကျိုး၏ ကုသနှုန်းသည် သူ့ထက် နှေးကွေးသော်လည်း သူ အလွန်လျင်မြန်စွာ ပြန်ထရပ်နိုင်ခဲ့သည်။ ချူးယွင်ဖန်းကို ပြင်းထန်စွာ စိုက်ကြည့်နေရင်းမှ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။

သူရှုံးနိမ့်ခဲ့သည်။

သူ အထင်သေးခဲ့သော ချူးယွင်ဖန်း၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းက အလွန်ရှက်စရာကောင်းသည်ဟု ခံစားရသည့်တိုင် သူ ထိုသို့သာ ကြည့်ဝံ့သည်။ ရှေ့သို့မတိုးရဲပေ။ မည်မျှထိ ရယ်စရာကောင်းသနည်း။ ထိုအချိန်၌ သူအလွန်မိုက်မဲနေလျှင်ပင် ချူးယွင်ဖန်း၏ ခွန်အားက သူ့ထက်များစွာသာလွန်သည်ကို သူမြင်နိုင်သည်။

ဟုယန်ကျိုးသည် ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိသွားကာ သူ၏ခွန်အားက ယခင်ကကဲ့သို့ မဟုတ်တော့သော်လည်း သူနှင့် ချူးယွင်ဖန်းကြားရှိ ကွာဟချက်မှာ ကျဉ်းမြောင်းမသွားဘဲ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ချူးယွင်ဖန်းက ဟုယန်ကျိုး၏ အကြည့်ကို ဂရုမစိုက်ပေ။ သူက လှောင်ပြောင်ရုံသာ ပြုံးလိုက်သည်။ တကယ်တမ်းတွင် သူ့အတွက် ရည်မှန်းချက်တစ်ခုသာ ရှိကာ ယင်းက လီချန်းယွမ်ဖြစ်သည်။ ဟုယန်ကျိုး၏ အဆင့်သတ်မှတ်ချက် မြင့်မားသော်လည်း ဟုယန်ကျိုးကို သူ မျက်လုံးထဲမထည့်ပေ။

ချူးယွင်ဖန်းသည် အဓိကတပည့်တစ်ဦးဖြစ်နေပြီဖြစ်သော်လည်း ယန်တန့်ရှန်ကဲ့သို့ တန်ဖိုးထားမခံရပေ။ သူရရှိနိုင်သော အရင်းအမြစ်များသည် ယန်တန့်ရှန်နှင့် အဆင့်မတူပေ။ ပို၍ သန်မာသော ခွန်အားနှင့် ပို၍ များပြားသော အရည်အချင်းများကို ပြသရမည်။ သို့မှသာ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများက သူ့ထံသို့ အရင်းအမြစ်များ စိုက်ထုတ်ပေးကြပေလိမ့်မည်။ ထိုအခါမှသာ လီချန်းယွမ်ကို ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် လိုက်မီနိုင်မည်ဖြစ်သည်။

"ပြင်ပဗိုလ်ချုပ်ကြီး ကျွန်မ ပြောစရာရှိပါတယ်။ ကျွန်မတို့ သီးသန့်စကားပြောလို့ရမလား” မင်းသမီးယွင်ယန်က ချူးယွင်ဖန်းကိုပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင့်သမီး”

အဓိကအကြောင်းအရာလာတော့မည်ကို သူသိသည်။ တန်စီယု၏ ပစ္စည်းသာမပါလာပါက ဤဥယျာဉ်ပါတီကို တက်ရောက်ရန် အစတည်းက စိတ်ဝင်စားမိမည်မဟုတ်ပေ။

မင်းသမီး ယွမ်ယန်နှင့် ချူးယွင်ဖန်းတို့ စကားပြောတော့မည့်အကြောင်းကြားသောအခါ

အားလုံး၏ စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ လူတိုင်းကို ရှောင်နေရသည်အထိ မည်သည့်အရာက လျှို့ဝှက်ချက်ဖြစ်ကြောင်း ၎င်းတို့ မသိကြပေ။ မင်းသမီးယွင်ယန်ကို လေးစားသော

နောက်လိုက်များအားလုံးက ချူးယွင်ဖန်းကို ဆွဲခေါ်သွားတော့မယောင် စိုက်ကြည့်နေကြသည်။ အထူးသဖြင့် ချူးယွင်ဖန်း၏ အနိုင်ယူခြင်းကို ဂရုမစိုက်သော ကျန်းဖုန်းနှင့် ဟုယန်ကျိုးတို့ ဖြစ်ကာ အားလုံးက ချူးယွင်ဖန်းကို သတိပေးနေသကဲ့သို့ ကြည့်နေကြသည်။

ချူးယွင်ဖန်းက ရယ်ရုံသာရယ်လိုက်နိုင်တော့သည်။ ဤလူများသည် သူ့ကြောင့် ရှုံးနိမ့်သွားခြင်းသာ ဖြစ်သော်လည်း သူ့ကို ထိုသို့ကြည့်ရဲကြ၏။

သို့သော် ချူးယွင်ဖန်းက ပြန်လည် လှမ်းကြည့်လိုက်သောအခါ လူတိုင်းက ချက်ချင်းပင် သူ့ကို မကြည့်ရဲတော့ဘဲ ခေါင်းများကို လွှဲလိုက်ကြသည်။

ယင်းကိုမြင်သောအခါ မင်းသမီးက မည်သည့်စကားမျှမပြောဘဲ ပြုံးသာပြုံးလိုက်သည်။ သူမ၏ ကျော့ရှင်းလှပသော ခန္ဓာကိုယ်က စံအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာသို့ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားသည်။

ချူးယွင်ဖန်းက သူမနောက်သို့ လျင်မြန်စွာလိုက်သွားကာ စံအိမ်တော်၏ အတွင်းပိုင်းရှိ ခြံဝင်းတစ်ခုသို့ ရောက်ရှိသွားသည်။ မင်းသမီးယွင်ယန်က ခြံဝင်းအတွင်းရှိ ကျောက်ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်နေကာ သူမရှေ့တွင် လက်ဖက်ရည်တစ်ခွက်ချထားသည်။ မင်းသမီး၏ လက်ဖက်ရည်ဖျော်နေသည့် လှုပ်ရှားမှုများသည် ရေစီးကြောင်းကဲ့သို့ ကျော့ရှင်းနေကာ အလွန်လှပသည်။

"ဗိုလ်ချုပ်ချူး ကျေးဇူးပြုပြီး ထိုင်ပါ" မင်းသမီး ယွမ်ယန်က အခြားခုံတန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

ချူးယွင်ဖန်းက ရပ်မနေတော့ဘဲ သူမ၏ရှေ့တွင် ထိုင်လိုက်သည်။

"မင်းသမီး၊ ကျွန်တော့်ကို ဘာလို့ဒီကိုခေါ်တာလဲ"

"ရှင်တကယ် နားမလည်ဘူးလား" မင်းသမီးယွင်ယန်က မေးလိုက်သည်။

"ကောင်းပြီ၊ ဒါဆို အဓိကအချက်ကို တည့်တည့်ပြောကြရအောင်။ မင်းသမီး ကိုယ်ပိုင်ဆက်သွယ်ရေးစနစ်ကို ဘယ်ကရတာလဲ”ချူးယွင်ဖန်းက မေးလိုက်သည်။

သူ့မျက်လုံးများသည် ထက်မြက်သော ဓားနှစ်စင်းကဲ့သို့ မင်းသမီးယွင်ယန်ကို စိုက်ကြည့်နေသည်။

"ဒါဆို အဲဒီလက်ကောက်ကို ကိုယ်ပိုင်စက်သွယ်ရေးစနစ်လို့ ခေါ်တာပေါ့" မင်းသမီး ယွမ်ယန်က ဘာသိဘာသာပြောလိုက်သည်။

"အင်း…သူ့ရဲ့ လုပ်ဆောင်ချက်အရဆိုရင် အရမ်းသင့်တော်တဲ့ နာမည်ပဲ"

"ကျွန်မ အဓိကအချက်ကို ပြောပါမယ်။ ဒီနေ့ တစ်ယောက်ယောက်က အကြောင်းကြားပေးခိုင်းလို့

ဖိတ်ခေါ်တာပါ။ ဗိုလ်ချုပ်ကြီး ချူး၊ ရှင်နဲ့ စေ့စပ်ထားသူ တန်စီယုကို မှတ်မိသေးလား"

ချူးယွင်ဖန်းက ထိုစကားကိုကြားသောအခါ အနည်းငယ် တုန်လှုပ်သွား၏။ သူ့ရှေ့တွင် ထိုက်တောင်ကြီးတစ်‌တောင် ပြိုကျသွားလျှင်ပင် သူ့မျက်နှာအမူအရာက ပြောင်းလဲမည်မဟုတ်ပေ။ သို့ထိတိုင်… ဤအမည်ကိုကြားသောအခါ မတုန်လှုပ်ဘဲ မနေနိုင်ပေ။

သူသည် တန်စီယုကို ရှာရန် အချိန်များစွာပေးဆပ်ခဲ့သည်။

မိုးကြိုးခရမ်းဓားနယ်မြေတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း သူမအကြောင်း မည်သည့်သတင်းမျှမရခဲ့ပေ။

ယခုမူ အရာအားလုံး နောက်ဆုံး၌ အဆင်ပြေတော့မည်ဖြစ်၏။

--

All Chapters