← Chapters

အခန်း ၁၈၇၉

Vol. 126 Ch. 1879

အခန်း ၁၈၇၉

Vol. 126 Ch. 1879

အခန်း(၁၈၇၉) ခင်ပွန်းရွေးချယ်ခြင်း

"ကျေးဇူးပြုပြီး စီယုအကြောင်းပြောပြပေးပါ" ချူးယွင်ဖန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။

"ဗိုလ်ချုပ် ရှင် ဒီလောက် သစ္စာရှိမယ်လို့ ကျွန်မမမျှော်လင့်ထားမိဘူး” မင်းသမီးယွင်ယန်က ချူးယွင်ဖန်း၏ စိုးရိမ်မှုကို မြင်သောအခါ ပြုံးလိုက်သည်။

ထိုအချိန်၌ မင်းသမီးယွင်ယန်က လူတိုင်းကို သတ်ခဲ့သည်ပြိုင်ဘက်ကင်းပုဂ္ဂိုလ်နှင့် တူသည့် ချူးယွင်ဖန်းကို ကြည့်နေသည်။ ယခုအချိန်၌ သူသည် သူ့ချစ်သူကို လွမ်းဆွတ်နေသော သာမန်လူတစ်ယောက်သာ ဖြစ်သည်။

"ဟုတ်တယ်။ စီယုက ရှင့်ကိုတွေ့ဖို့ ဖိတ်လိုက်တာ။ ကံကောင်းလို့ ရှင်က နှလုံးသားမရှိတဲ့သူမျိုးမဟုတ်ဘူး။ မဟုတ်ရင် ကျွန်မ ရှင့်ကို သည်းခံနေမှာမဟုတ်ဘူး” မင်းသမီး ယွင်ယန်က ဘာသိဘာသာပြောလိုက်သည်။

သူမ၏ စကားလုံးများက အနည်းငယ်အေးစက်နေသည်။ အမှန်တကယ်တမ်းတွင် ဖိအားပေးနိုင်သည့် အရှိန်အဝါတစ်ခုလည်းရှိနေသည်။ သို့သော် ထိုဖိအားက ခဏတာသာ ခံ၍ အရိပ်အယောင်ပင်မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။ ချူးယွင်ဖန်းက သူမကို သံသယမဝင်ခဲ့ပေ။ တန်စီယုကို ကိုယ်တိုင်ထွက်လာ၍ အကူအညီတောင်းစေနိုင်သည့်သူမှာ သူမယုံကြည်ရသူဖြစ်ရမည်။ ထို့ကြောင့် ချူးယွင်ဖန်းက မင်းသမီး၏ သဘောထားကို စိတ်ထဲမထားပေ။

"စီယုဘယ်မှာရှိနေလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ အခု မင်းသမီးကြီးရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတယ်ဆိုတာပဲ သိပေမယ့် အခြေအနေကို အတိအကျတော့မသိဘူး။ သူဘာလို့ ကျွန်တော့်ကိုလာမတွေ့တာလဲ" ချူးယွင်ဖန်းက မေးလိုက်သည်။

လက်ရှိမျိုးဆက်၏ အကြီးဆုံးသမီးတော်သာ မင်းသမီးကြီးရာထူးကို ရနိုင်ကြောင်းသူသိသည်။ တရှ၌ ထီးနန်းအတွက် တိုက်ပွဲဝင်ခဲ့သူ များစွာရှိသည်။ ယင်းကို တားမြစ်ချက်တစ်ခုဟု ယူဆ၍ မရပေ။

မင်းသမီးကြီးက တရှ၌ မည်မျှ အာဏာရှိသည်ကို မြင်ယောင်ကြည့်နိုင်သည်။

"ကမ္ဘာ" စာအုပ်ထဲ၌ တရှ၏ အတိတ်မှ မင်းသမီးကြီးများအနက် နိုင်ငံကို အုပ်ချုပ်နိုင်သည့် အာဏာရှိသော မင်းသမီးကြီး တစ်ဦးထက်မက ပိုရှိသည်ဟု သူဖတ်ဖူးသည်။

"ဘာလို့လဲဆိုတော့ သူ့မှာ ရွေးချယ်စရာ မရှိလို့ပဲ" မင်းသမီးယွင်ယန်က ချူးယွင်ဖန်းကို ပူလောင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

"မရည်ရွယ်ဘဲလား။ တစ်ယောက်ယောက်က သူ့ကို အတင်းအကျပ် လုပ်နေတာလား။" ချူးယွင်ဖန်း ယင်းကိုကြားသောအခါ သူ့မျက်လုံးများမှ ကြောက်မက်ဖွယ်အလင်းရောင်တချို့ ဖြတ်ပြေးသွားသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲမှ အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာသည်။

သို့သော်လည်း သူသည် ထို အရှိန်အဝါကို ချက်ချင်း ထိန်းချုပ်လိုက်သည်။

"မင်းသမီး၊ ဘာတွေဖြစ်ခဲ့လဲဆိုတာ မေးလို့ရမလား" ချူးယွင်ဖန်းက မေးလိုက်သည်။

"ရှင်နဲ့ ဟန်ထျန်းမြို့ဝန်တို့က တိုက်ခိုက်နေပေမယ့် နန်းတော်မှာ သူ ဘယ်သူ့ကို အားကိုးနေရလဲဆိုတာ မင်းသိလား" မင်းသမီးယွင်ယန်က ချူးယွင်ဖန်းကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော် မသိပါဘူး" ချူးယွင်ဖန်း ခေါင်းခါလိုက်သည်။

"ဒါဆို ကျွန်မ အဓိကအချက်ကို ပြောမယ်။ ဟန်ထျန်မြို့ဝန်က စစ်တပ်ထဲမဝင်ခင် အရှေ့ပိုင်းနန်းတော်မှာ အစေခံတစ်ယောက်ဖြစ်ခဲ့တယ်။"

မင်းသမီးယွင်ယန်က ချူးယွင်ဖန်း၏ မျက်ခွံများတွန့်သွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။ အရှေ့ပိုင်းနန်းတော်၌ အစေခံတစ်ဦးဖြစ်ရခြင်းက မည်သည်ကို ဆိုလိုကြောင်း သူကောင်းစွာသိသည်။

အရှေ့ပိုင်းနန်းတော်သည် အိမ်ရှေ့စံအပိုင်ဖြစ်ကာ အရှေ့ပိုင်းနန်းတော်ရှိ အစေခံများသည် အိမ်ရှေ့စံ၏လက်အောက်တွင် ရှိကြသည်။ ဘုရင်မျိုးဆက်တိုင်းသည် အိမ်ရှေ့စံလေ့လာရန်အတွက် အထူးချွန်ဆုံးပါရမီရှင်အချို့ကို ရွေးချယ်ကြသည်။ ဤပါရမီရှင်များသည် ဂိုဏ်းကြီးဆယ်ဂိုဏ်း သို့မဟုတ် နန်းတော်ရှိ မင်းမျိုးမင်းနွယ်အမျိုးမျိုးမှ ဖြစ်ကြကာ သာမန်ပြည်သူများပင် ထူးချွန်သူများဖြစ်သည်ဟု ဆိုရပေမည်။ ၎င်းတို့ တစ်ဦးစီက ရွယ်တူချင်းများထဲတွင် အကောင်းတကာ့အကော်းဆုံးများဖြစ်ကြသည်။

ဤလူများသည် အိမ်ရှေ့စံ နန်းတက်ပြီးနောက် အရေးကြီးသော အရာရှိများ၏ ကျောရိုးဖြစ်လေ့ရှိသဖြင့် အစေခံအများစုသည် အိမ်ရှေ့စံ၏ အယုံကြည်ရဆုံးလူများဖြစ်သည်။ တစ်နည်းအားဖြင့် လီချန်းယွမ်သည် အိမ်ရှေ့စံ၏ လက်အောက်ငယ်သားတစ်ဦးပင်ဖြစ်၏။

ချူးယွင်ဖန်းလည်း အနည်းငယ် နားလည်သွားသည်။ ဤမျှကြီးမားသော လူထံမှ ထောက်ပံ့မှုမရှိပါက လီချန်းယွမ်သည် မည်သို့မည်ပုံနည်းဖြင့် ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်နိုင်မည်နည်း။

သို့သော်လည်း ခဏတာမျှ မှင်သက်သွားခဲ့သည်။ အရှေ့ပိုင်းနန်းတော်၏ အိမ်ရှေ့စံဖြစ်လျှင်ပင် သူ ဤကိစ္စကို ဘယ်သောအခါမျှ အလျှော့ပေးမည်မဟုတ်ပေ။

"ဒါက အိမ်ရှေ့စံနဲ့ သက်ဆိုင်တာလား"

ချူးယွင်ဖန်း၏ မျက်နှာအမူအရာက ပို၍ ပို၍ အေးစက်လာသည်။

"တကယ်ကို တစ်ခုခုဆက်နွယ်နေပါတယ်။ ကျွန်မရဲ့အဒေါ်၊ မင်းသမီးကြီးက သူ့ ရပ်တည်ချက်ကို မဖော်ပြရသေးပါဘူး၊ လူအတော်များများက သူ့ထောက်ခံမှုကို ရယူချင်ကြတယ်" မင်းသမီးယွင်ယန်က ပြောသည်။

ချူးယွင်ဖန်းက ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးကို ချက်ချင်းနားလည်သွားသည်။ အထူးသဖြင့် နှစ်ဖက်ကြား ရန်ငြှိုးမရှိသောအခါ လီချန်းယွမ်က သူ့ကို သတ်ချင်သည်က အံ့သြဖွယ်မဟုတ်ပေ။

ယခု အရာအားလုံးကို သူနားလည်သွားပြီဖြစ်သည်။ တန်စီယုကြောင့်သာဖြစ်ရပေမည်။ ထိုစဥ်က လီချန်းယွမ်က အရေးမပါသောလူတစ်ဦးကို ဖယ်ရှားပစ်ရန်သာဟု ထင်ခဲ့ပုံရသည်။ သူကိုယ်တိုင် သို့မဟုတ်

သူ့နောက်လိုက်များကိုပင် လွှတ်လိုက်ရန်မလိုပေ။ ချူးယွင်ဖန်းကို သတ်ချင်သည်ဟူသော သတင်းကို ဖြန့်ရန်သာလိုအပ်ကာ သူ့အတွက် အလုပ်လုပ်ပေးချင်သူများစွာရှိသည်။

တကယ့်အမှန်တရားက သူထင်ထားသည်နှင့် ဆင်တူသည်။ လူများစွာက ထိုသတင်းကို အမှန်တကယ်ပင် ကြားခဲ့ကြပြီးဖြစ်သည်။

သဘာဝအတိုင်းပင် လူအများအပြားသည် လီချန်းယွမ်ကို ကျေနပ်စေရန် ချူးယွင်ဖန်းကို သတ်ချင်ကြသည်။ သို့သော် သူတို့သည် ချူးယွင်ဖန်း၏ ဇွဲလုံ့လကို လျှော့တွက်ခဲ့ကြသည်။ ထိုလူများသည် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြကာ ယခုအချိန်တွင်ပင် အစပိုင်းတွင် မည်သူမျှ ထည့်မဖော်ပြသည့် သေးငယ်သော ပုံရိပ်လေးတစ်ခုအဆင့်မှ လီချန်းယွမ်နှင့် ယှဉ်ပြိုင်ရန် လုံလောက်သော တည်ရှိမှုတစ်ခုအဖြစ် ကြီးပြင်းလာခဲ့သည်။

တရှဗိုလ်ချုပ်တစ်ဦး၏ လက်အောက်တွင် လက်ရွေးစင် သောင်းနှင့်ချီရှိသည်။ သူ့ကို အရေးပါသောပုဂ္ဂိုလ်တစ်ဦးအဖြစ် မသတ်မှတ်နိုင်သော်လည်း မူလကတမျှ အရေးမပါသူမျိုး မဟုတ်တော့ပေ။

"မင်းသမီးကြီးက စီယုရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားလို့ ဖြစ်နိုင်တယ်မလား" ယင်းကိုစဥ်းစားလိုက်သောအခါ သူ့မျက်လုံးများ၌ သတ်ဖြတ်ချင်စိတ်များပြည့်လာသည်။

"အဒေါ်က စီယုကို စိတ်ရင်းမှန်နဲ့ ဆက်ဆံတာပါ။ အခု နောက်ဆုံးတပည့်အဖြစ် သဘောထားတယ်။ တော်ဝင်မိသားစုရဲ့ လျှို့ဝှက်နယ်မြေမှာ တစ်ယောက်တည်း သီးသန့်ကျင့်ကြံခိုင်းထားတာလေ… ကျွတ် ကျွတ် ကျွန်မတောင် အဲ့နေရာကိုဝင်ဖို့ ခက်တယ်။ အဒေါ့် အတင်းအကျပ် တောင်းဆိုမှုကြောင့် မဟုတ်ရင် စီယုမှာ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။" မင်းသမီးယွင်ယန်၏အသံ၌ မနာလိုမှု အရိပ်အယောင်တချို့ပါနေသည်။

တန်စီယု အဆင်ပြေကြောင်း သိသောအခါ ချူးယွင်ဖန်း သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် အဒေါ်က စီယုအတွက် ခင်ပွန်းတစ်ယောက် ရွေးပေးချင်တယ်။ ဒီသတင်းက ပေါက်ကြားပြီးသား။ စီယု သီးသန့်ကျင့်ကြံမှုက ထွက်လာတာနဲ့ ကမ္ဘာ့ပါရမီရှင်တွေထဲက ခင်ပွန်းတစ်ယောက်ကို ရွေးချယ်ရလိမ့်မယ်" မင်းသမီး ယွမ်ယန်က ပြောသည်။

"လီချန်းယွမ်က ရှင့်ကို ဘာလို့ ပစ်မှတ်ထားချင်လဲဆိုတာ အခု ရှင်သိပြီမလား။ သူက ဒီအခွင့်အရေးကို လိုချင်တယ်၊ အထူးသဖြင့် ထီးနန်းကို စိတ်ဝင်စားတဲ့ လူအများစုအတွက်ပေါ့။ ဒါက ကျွန်မအဒေါ်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အခွင့်အရေးပဲ။"

"ဘာပဲဖြစ်ဖြစ်၊ စီယုက ကျွန်မအဒေါ်ရဲ့ ဆက်ခံသူဖြစ်လာမှာဆိုတော့ ဘယ်သူမဆို သူ့ကိုလက်ထပ်မယ်ဆိုရင် အဒေါ့် အပြည့်အဝထောက်ပံ့မှုကို ရမှာပဲ"

--

All Chapters