← Chapters

အခန်း ၁၈၈၂

Vol. 126 Ch. 1882

အခန်း ၁၈၈၂

Vol. 126 Ch. 1882

အခန်း(၁၈၈၂) ချူးယွင်ဖန်းအတွက်ထောင်ချောက်

ဤအရာတစ်ခုလုံးက သူ့ကို မျှားခေါ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။ ထို့ကြောင့် ယူချူးယွင်နှင့် ချူးဟုန်ချိုင်တို့ကို ဖမ်းထားသည့်တိုင် သုတ်သင်ခြင်းမခံခြင်းဖြစ်သည်။ ဤသည်က တရှ၏ နယ်မြေဖြစ်၍ ပတ်ပတ်လည်၌ ကျွမ်းကျင်သူများစွာလည်းရှိနေသည်။ ချူးယွင်ဖန်းအပြင် ကျန်းယောင်၌လည်း

ထိပ်တန်းကျွမ်းကျင်သူများစွာရှိသည်ဖြစ်ရာ ဖန်ဆင်းရှင်အဆင့်များပင်ရှိသည်။

ထိုသတင်းက ကျန်းယောင်သို့‌ရောက်သွားသည်နှင့် မြို့တော်က အင်အားအနည်းငယ်စေလွှတ်ပေးရုံဖြင့် ကျူးကျော်သူမည်မျှပင်ရှိနေစေကာမူ ၎င်းတို့အားလုံး သေဆုံးသွားလိမ့်မည်။ ယင်းအချက်ကြောင့်ပင် ထိုကျူးကျော်သူများသည် အမြဲတစေ အလျင်အမြန်တိုက်ခိုက်ရန်သာ ကြိုးစားခဲ့ကြကာ ၎င်းတို့၏ ရန်သူများကို အတိုဆုံးအချိန်အတွင်း ချေမှုန်းရန် ကြိုးစားခဲ့ကြသည်။

သို့သော် ယခုတစ်ကြိမ်တွင် ရန်သူများသည် လုံးဝကွာခြားနေ၏။ ၎င်းတို့က ၎င်းတို့၏ပစ်မှတ်ကို ဝိုင်းထားကာ ရက်အနည်းငယ်ကြာပြီးနောက်ပင် ဆုတ်ခွာခြင်းမပြုကြဘဲ ချူးယွင်ဖန်းပြန်လာရန် စောင့်ဆိုင်းနေကြသည်။

ချူးယွင်ဖန်းတွင် ဤထောင်ချောက်ထဲသို့ ဝင်ရောက်ရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ထိုခြုံခိုတိုက်ခိုက်မှုက ပေါင်းထိုင်၌ဖြစ်ပျက်ခဲ့ပါက မြို့ထဲတွင် အကာအကွယ်များစွာရှိ၍ သူ့ကို မည်သို့မျှ ထိခိုက်စေနိုင်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ပေါင်းထိုင်က တစ်ချိန်က နယ်စပ်မြို့တစ်မြို့ဖြစ်ခဲ့ဖူးသည်။ မြို့ထဲမှ မှော်စွမ်းအင်များနှင့် အကာအကွယ်များအားလုံးက အလွန် အလွန်အထင်ကြီးဖွယ်ကောင်း၍ ထိုစဥ်က ဖြစ်ပျက်ခဲ့သော တိုက်ပွဲမှတစ်ဆင့် တစ်ဖက်လူက သာမန်နည်းလမ်းများသည် ချူးယွင်ဖန်းကို မည်သို့မျှ ထိခိုက်စေနိုင်မည်မဟုတ်ကြောင်းသိသည်။ ဤနည်းလမ်းဖြင့် ချူးယွင်ဖန်းကို အပြင်ထွက်လာစေခြင်းဖြစ်၏။

"ကျန်းယောင်နဲ့ စစ်ဝန်ကြီးဌာနကို အရေးပေါ်သတင်း မပို့ဘူးလား" ချူးယွင်ဖန်း မျက်မှောင်ကြုတ်လိုက်သည်။

ယုချူးယွင်က သူ၏ ညာလက်ရုံးဖြစ်သော်လည်း ထိုစဥ်တွင် တပ်မတော်၌ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများစွာရှိနေသင့်သည်ဖြစ်၍ လက်ရွေးစင်ရှားမည်မဟုတ်ပေ။ ထိုလူများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ လက်ရွေးစင်များကြားမှ လက်ရွေးစင်များဖြစ်သည်။ ယခု ၎င်းတို့က ဤမျှ ရိုးရှင်းသော ဆုံးဖြတ်ချက်ကိုပင်မချနိုင်ကြပေ။

"တခြားတပ်မှူးတွေက စစ်ဝန်ကြီးဌာနနဲ့ ကျန်းယောင်ကို အကူအညီတောင်းဖို့ တမန်တွေစေလွှတ်ထားပါတယ် ဗိုလ်ချုပ်ကြီး။ အနီးအနားက မြို့ကြီးတွေဆီတောင် လူတွေစေလွှတ်ပြီး အကူအညီတောင်းကြတယ်။ ဒါပေမယ့် သတင်းအားလုံးက ပင်လယ်ထဲ ကျောက်တုံးတစ်တုံး နစ်မြုပ်သွားသလိုပါပဲ။ အခုချိန်ထိတော့ ကျွန်တော်တို့ဆီကို အကြောင်းပြန်တာ မရှိလာသေးဘူး"

"တပ်မှူးတွေက တစ်ယောက်ယောက်က ကျွန်တော်တို့ကို စောင့်ကြည့်နေတယ်လို့ ကောက်ချက်ချထားကြတယ်။ ဒါကြောင့် ကျွန်တော်တို့ စေလွှတ်လိုက်တဲ့ တမန်တွေက သတင်းကို ပုံမှန်အတိုင်း မပို့နိုင်ခဲ့ဘူး"

ဤစကားများသည် တည်ငြိမ်သော ချူးယွင်ဖန်းကဲ့သို့သောလူကိုပင် အံ့သြစေခဲ့သည်။

ယင်းကအလွန် ကြောက်မက်ဖွယ်ကောင်း၏။

ပေါင်းထိုင်သည် ကျယ်ပြောသောနယ်မြေဖြစ်၍ ဤနေရာမှ စေလွှတ်လိုက်သည့် တမန်တော်တိုင်းက အဘက်ဘက်သို့သွားလာနိုင်သည်။ တမန်တော်များအားလုံးက သိုင်းပညာကျွမ်းကျင်သူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့ တိတ်တဆိတ်ထွက်သွားခြင်းက အလွန်လွယ်ကူသည်ဟုပင်ပြောနိုင်သည်။ သို့သော် ယခုမူ သတင်းအားလုံးကြားဖြတ်ခံထားရ၏။

"ဘယ်လောက်တောင် ရှုပ်ထွေးတဲ့ အစီအစဥ်လဲ" ချူးယွင်ဖန်းက အံ့သြတကြီး ပြောလိုက်သည်။

ပေါင်းထိုင်မှ သတင်းကို လုံးဝခွဲထုတ်နိုင်ရန်မှာ အင်အားကြီးမားသောသူ ရှိရမည်။ ထိုလူသည် လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ဖုံးအုပ်ထားနိုင်သည်အထိ အာဏာရှိရမည်။

ထို့ကြောင့် တရှ၌ ဤလူများနှင့် ပူးပေါင်းကြံစည်နေသူများ ရှိနေသည်ဟုပင် သံသယဝင်မိ၏။

မဟုတ်ပါက ဧကရာဇ်မြို့တော်၏ စစ်ဝန်ကြီးဌာနကို စေလွှတ်လိုက်သည့် သံတမန်က သမုဒ္ဒရာထဲကို နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးကဲ့သို့မဖြစ်နိုင်ပေ။ ကျန်းယောင်က အနီး၌တင်ရှိနေသည့်တိုင် ထိုတိုက်ခိုက်မှုအကြောင်း ၎င်းတို့ မကြားကြပေ။ ၎င်းကို ဖုံးကွယ်ထားရန် လူအင်အားနှင့် အရင်းအမြစ်များ မည်မျှ လိုအပ်သည်က မယုံနိုင်စရာပင်ဖြစ်သည်။ ထို့အပြင် ချူးယွင်ဖန်းသည် ဤပိုက်ကွန်၏ မလွဲမသေ ပစ်မှတ်ဖြစ်လာခဲ့၏။

"ဟေးဟေး တော်တော်ရှုပ်ထွေးတဲ့ အကြံပဲ။ ဒီနောက်ကွယ်မှာ နတ်ဆိုးတွေ၊ သားရဲတွေ ဘယ်လောက်များများရှိလဲ သိချင်လိုက်တာ" ချူးယွင်ဖန်းက အေးစက်စွာ ပြုံးလိုက်သည်။

"ဗိုလ်ချုပ်ကြီး ချူး၊ ဗိုလ်ချုပ်ကြီးသွားလို့မရဘူး ဗိုလ်ချုပ်မှာ ဝိုင်းရံထားတဲ့နေရာကနေ ထွက်လာနိုင်လောက်တဲ့ ခွန်အားရှိပြီးသား၊ သတင်းပို့လို့ရတယ်။” အရာရှိကပြောလိုက်သည်။

"အသုံးမဝင်ဘူး။ ငါတကယ်ပဲ ဝိုင်းရံထားတဲ့နေရာကနေ ဖောက်ထွက်ပြီး သတင်းပို့နိုင်ပေမယ့် အဲ့အချိန်ရောက်ရင် ရန်သူတွေက ငါတို့လူတွေကို သတ်ပြီး မိုင်ထောင်ချီ ထွက်ပြေးသွားလိမ့်မယ်။ ကျန်းယောင်တပ် ရောက်လာတဲ့အခါ နောက်ကျသွားမှာကို ငါစိုးရိမ်တယ်။"

ချူးယွင်ဖန်း ခေါင်းခါလိုက်သည်။ ဝိုင်းရံထားရာမှ ထွက်လာ၍ သတင်းကို ဖြန့်လိုက်လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သူတွေးမိသည်။ ယုချူးယွင်နှင့် ချူးဟုန်ချိုင်တို့သည် ရန်သူ့လက်ထဲ၌ ပုရွက်ဆိတ်နှစ်ကောင်သာသာသာရှိသည်။ တစ်ဖက်လူက ချူးယွင်ဖန်းကို မျှားခေါ်ချင်သဖြင့် ချက်ချင်း မသတ်ပစ်ခဲ့ခြင်းဖြစ်သော်လည်း ချူးယွင်ဖန်းသာ လာမည့်အရိပ်အယောင်မပြပါက ထိုနှစ်ဦးကို ချက်ချင်း သတ်ပစ်လိုက်လိမ့်မည်။

"ဒါပေမယ့် ဒါက ထောင်ချောက်တစ်ခုဆိုတာ သိသာသားပဲ။ အဲ့မှာ ကျွမ်းကျင်သူတွေ အများကြီး ချုံခိုတိုက်ခိုက်နေကြလိမ့်မယ်" အရာရှိက စိုးရိမ်ပူပန်နေမိသည်။

"အသုံးမဝင်ဘူး။ ရန်သူမှာ ထိပ်တန်းပညာရှင် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ထက်ပိုပြီး ရှိရမယ်။ ပြင်ပတပ်တွေ လိုက်သွားရင်တောင် အသုံးမဝင်ဘူး။" ချူးယွင်ဖန်း ခေါင်းခါလိုက်သည်။

"ဒါပေမယ့် ဗိုလ်ချုပ်ကြီးသွားရင် အရမ်းအန္တရာယ်များလိမ့်မယ်!" အရာရှိက သတိပေးသည်။

"စိတ်မပူပါနဲ့၊ သူတို့က အင်အားကြီးနိုင်ပေမယ့် ငါလည်း ပေါ့ပေါ့တန်တန် မနေပါဘူး" ချူးယွင်ဖန်းက အလွန်အေးစက်သော အကြည့်ဖြင့် အဝေးကို ကြည့်လိုက်သည်။

"သူတို့က ဘာကောင်တွေဖြစ်ဖြစ် ငါ သူတို့ကို ရှင်းပစ်မယ်။"

"ရတနာတစ်ထောင်နန်းဆောင်ကို ဆက်သွယ်လိုက်။ ဆေးဖက်ဝင်အပင်တွေ ဝယ်ချင်တယ်။ မြန်မြန်ရလေ ကောင်းလေပဲ” ချူးယွင်ဖန်းက တည်ငြိမ်စွာပြောသည်။

သူ့တွင်မူလက လီချန်းယွမ်ကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုခဲ့သည့် ဝှက်ဖဲတစ်ခုရှိနေဆဲဖြစ်ကာ တစ်ကြိမ်ဖော်ထုတ်လိုက်သည်နှင့် ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။

"မင်းဘယ်သူပဲဖြစ်ဖြစ်၊ မင်းသေလောက်အောင် ကြောက်နေရအောင် ငါသေချာလုပ်ပေးမယ်!"

--

All Chapters