အခန်း ၁၈၈၃
Vol. 126 Ch. 1883
အခန်း(၁၈၈၃) ဝိဉာဥ်ကျောက်တုံးသန်းတစ်ရာတန်ဆေးလုံး
ချူးယွင်ဖန်းက လီချန်းယွမ်ကို ကိုင်တွယ်ရန် ဝှက်ဖဲများစွာ ပြင်ဆင်ထားခဲ့သည့်တိုင် ဤရုတ်တရက်အခြေအနေကြောင့် ဝှက်ဖဲများကို ထုတ်သုံးရတော့မည်ဖြစ်သည်။
မင်းသမီးကြီးက တန်စီယုအတွက် ခင်ပွန်းကောင်းတစ်ဦးရွေးချယ်ပေးချင်ဆိုသည်လျှင်ပင် သူ့အတွက် ပြဿနာမရှိပေ။ သူ့တွင် ဝှက်ဖဲများစွာရှိသည်။ မည်သူဖြစ်စေကာမူ ၎င်းတို့ကို သတ်နိုင်မည်ဟု သူယုံကြည်ထားသည်။ သို့သော် ယခု သူထောင်ချောက်ဆင်ခံထားရပြီဖြစ်၍ ထိုဝှက်ဖဲများကို စောစောစီးစီး ထုတ်ပြရပေတော့မည်။
ချူးယွင်ဖန်းပြန်လာသည့်သတင်းသည် တပ်မတော်တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားပြီး မူလက ထိတ်လန့်နေသော စစ်သားများ ငြိမ်သက်သွားကြသည်။ ချူးယွင်ဖန်းက တပ်မတော်၏ဝိညာဉ်ဖြစ်ကြောင်း သံသယဖြစ်ရန်ပင်မလိုပေ။ သီးခြားကိစ္စရပ်များကို လုပ်ဆောင်လေ့မရှိသော်လည်း
အစားထိုး၍ရမည့်သူမျိုးမဟုတ်ပေ။ သူသည် ပြင်ပတပ်မတော်တစ်ခုလုံးတွင် ချူးယွင်ဖန်းမပါလျှင် ပြင်ပတပ်မတော်သည် သာမန် လက်ရွေးစင်တပ်တစ်ခုသာဖြစ်သည်။
ချူးယွင်ဖန်းပြန်လာသောအခါ ပြင်ပတပ်သည် ပုံမှန်အခြေအနေသို့ပြန်ရောက်သွားသည်။ သူ ဒုဗိုလ်အဆင့်အထက်အရာရှိများကို အစည်းအဝေးအတွက်ဆင့်ခေါ်ခဲ့သည်။ ထိုအရာရှိများကို နှစ်သိမ့်ပြီးနောက် ၎င်းတို့၏နေရာများသို့ ပြန်ခွင့်ပြုခဲ့သည်။ မည်သည့်အရာမျှ မဖြစ်ပျက်သွားသကဲ့သို့ အရာအားလုံး ပုံမှန်အတိုင်းဖြစ်ပျက်ခဲ့သည်။ ချူးယွင်ဖန်းသည် တစ်ဖက်လူ၏အင်အားဖြင့် ပြင်ပတပ်က အသုံးမဝင်ကြောင်း သိသောကြောင့် ၎င်းတို့ တိုက်ပွဲဝင်ရန်အသင့်မဖြစ်ခဲ့ပေ။
ရတနာတစ်ထောင် နန်းဆောင်ကလည်း အလျင်အမြန်လှုပ်ရှားခဲ့သဖြင့် မကြာမီ၌ပင် တာဝန်ရှိသူ ဝမ်စံချန်းက သူ့ကို လာတွေ့သည်။
"မင်္ဂလာပါ ဗိုလ်ချုပ်ချူး”
ဝမ်စံချန်းက သက်ပြင်းကြီးတစ်ချက်ချလိုက်သည်။
ချူးယွင်ဖန်း၏ အဆင့်ကျဆင်းလာမှုနှင့်ပတ်သက်၍ လူတချို့က ဝေဖန်နေကြသည့်တိုင် ယင်းက လူအချို့သာဖြစ်သည်။ ကမ္ဘာပေါ်၌ လူငယ်ပါရမီရှင်များစွာရှိသည့်တိုင် ရာဂဏန်းခန့်ကသာ ပါရမီရှင်စာရင်း၌ပါဝင်နိုင်သည်ဖြစ်၍ ထိုပါရမီရှင်များ၏ တန်ဖိုးကို စိတ်ကူးကြည့်နိုင်၏။
ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းနှင့် တရှအင်ပါယာတစ်ခုလုံး၏ အာရုံစိုက်ရာဖြစ်လာကြောင်း ဝမ်စံချန်း သံသယမဝင်မိပေ။ သူသည် အနာဂတ်တွင် တရှ၌ အစွမ်းထက်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်လာမည်မှာ သေချာသည်။ ချူးယွင်ဖန်းက ဤအရာအားလုံးကို အချိန်တိုအတွင်း ပြီးမြောက်အောင်မြင်နိုင်ခဲ့သဖြင့် သူ မည်ကဲ့သို့ မအံ့သြဘဲနေနိုင်လိမ့်မည်နည်း။
မူလက ထိုအချိန်က ပေါင်းထိုင်တပ်၏ တပ်မှူးတစ်ဦးသာဖြစ်သော သူ လျစ်လျူရှုထားနိုင်ဆဲဖြစ်သည်။ သို့သော် ယခုအခါ ချူးယွင်ဖန်းသည် သူ အားကျရမည့်သူ ဖြစ်လာခဲ့၏။
ကွာခြားချက်က ကြီးမားလွန်းလှသဖြင့် ဝမ်စံချန်းကဲ့သို့သောသူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်နှင့်ပင် လက်ခံရန် ခက်ခဲနေသည်။ ကံကောင်းထောက်မစွာဖြင့် သူ မြန်မြန်ဆန်ဆန်ပင် နေသားကျသွားခဲ့၏။
"ဗိုလ်ချုပ်ကြီးချူး၊ ကျွန်တော့်ကို ဘာလို့ဒီကိုခေါ်တာလဲ။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တာ တစ်ခုခုများရှိလား" ဝမ်စံချန်းက မေးလိုက်သည်။
"ဟုတ်ကဲ့၊ ဒီမှာ စာရင်းတစ်ခုရှိတယ်။ စာရင်းထဲက ပါဝင်ပစ္စည်းတွေကို ဘယ်လိုနည်းလမ်းနဲ့ ရှာရမလဲဆိုတာ ကျွန်တော် ဂရုမစိုက်ပါဘူး။ မြန်မြန်ရလေ ကောင်းလေပါပဲ။ ဒီပါဝင်ပစ္စည်းတွေကို စခန်းကို လေးနာရီအတွင်း ရောက်စေချင်တယ်"
"လေးနာရီလား" ဝမ်စံချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ချူးယွင်ဖန်းသည် လေးနာရီအတွင်း အဘယ်ကြောင့် ဤမျှလောက် အလျင်စလို ပါဝင်ပစ္စည်းများစွာကို စုဆောင်းနေရသည်ကို သူမသိပေ။ သူစာရင်းကိုကြည့်လိုက်သည့်အခါ စာရင်းထဲက ပစ္စည်းအများစုက အဖိုးတန်ပါဝင်ပစ္စည်းများဖြစ်နေသည်ကိုမြင်လိုက်ရသည်။ သာမန်လူတစ်ဦးသာဖြစ်ပါက ၎င်းတို့ကို စုဆောင်းရန် အချိန်အတန်ကြာပေလိမ့်မည်။
"ဒါက ရတနာတစ်ထောင်နန်းဆောင်အတွက် ပြဿနာရှိနိုင်လား" ချူးယွင်ဖန်းက ပြောသည်၊ "ရတနာတစ်ထောင် နန်းဆောင်က အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးမှာ ရှိတဲ့အကြောင်း ကျွန်တော်သိထားပါတယ်။ ဒါကြောင့် ခင်ဗျားတို့မှာ ကုန်ပစ္စည်းပမာဏ အများကြီးရှိလောက်တယ်။ အချို့ ပါဝင်ပစ္စည်းတွေကို ရှာရခက်ရင်တောင် ခင်ဗျားတို့အတွက် ပြဿနာမဖြစ်သင့်ဘူး”
ထို့ကြောင့်ပင် ချူးယွင်ဖန်းက ရတနာတစ်ထောင်နန်းဆောင်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကသာ သူ့ကို ထိုအချိန်တိုအတွင်း ကူညီပေးနိုင်လိမ့်မည်ဟု တွေးမိ၏။
"ပြဿနာမရှိပါဘူး ဗိုလ်ချုပ်ကြီး။ ဒါပေမယ့် ပါဝင်ပစ္စည်းတချို့ကို တခြားသူတွေက ကြိုတင်မှာထားပြီးသားမို့ ဈေးနှုန်းက ပုံမှန်ထက် ပိုမြင့်လိမ့်မယ်။ အခု မင်းဆီ လွှဲပြောင်းပေးတော့မှာဆိုတော့ နှောင့်နှေးမှုအတွက် ကျုပ်တို့ကို လျော်ကြေးပေးရမယ်။"
ဝမ်စံချန်းက ခဏမျှ စဥ်းစားကာ အံကြိတ်လိုက်သည်။ ယင်းက အဆုံးမဲ့ အနာဂတ်ရှိသည့် ထိပ်တန်းပါရမီရှင်တစ်ဦးကို ရင်ဆိုင်ရန် တစ်သက်တွင်တစ်ခါသာရမည့် အခွင့်အရေးဖြစ်သည်။ ချူးယွင်ဖန်း အဘယ်ကြောင့် ဤမျှ အလျင်လိုနေသည်ကို မသိသော်လည်း ယင်းကအလွန်အရေးကြီးသော အရာတစ်ခုဖြစ်ပေလိမ့်မည်။
"ခင်ဗျားတို့ လိုချင်သလောက် ကျွန်တော်ပေးနိုင်တယ်”
ချူးယွင်ဖန်း၏ လေသံက ပြတ်သားသည်။ ချမ်းသာ၍ မာနကြီးသော သာမန်လူတစ်ဦးကဲ့သို့ အငွေ့အသက်မျိုး ကိန်းအောင်းနေသည်။
သူလိမ်နေခြင်းမဟုတ်ပေ။ ပြီးခဲ့သည့်နှစ်အတွင်း ပြင်ပတပ်များသည် ပေါင်းထိုင်မြို့၏ မိုင်တစ်ထောင်အတွင်းရှိ တပ်ဖွဲ့အမျိုးမျိုးကို ဝိုင်းရံဖျက်ဆီးနေသောကြောင့် တိုက်ပွဲများဆက်တိုက်အနိုင်ရရှိခဲ့သည်။ ချူးယွင်ဖန်းက တပည့်စစ်များစွာကိုပင် သတ်ဖြတ်ခဲ့၍ ထိုလူတို့ နှစ်ပေါင်းများစွာစုဆောင်းခဲ့သော ချမ်းသာကြွယ်ဝမှုသည်လည်း သူ့လက်ထဲသို့ ကျရောက်လာခဲ့သည်။
ထိုချမ်းသာကြွယ်ဝမှု၏ တစ်စိတ်တစ်ပိုင်းကို သူ့လေ့ကျင့်မှုကြောင့် သုံးခဲ့ပြီးသော်လည်း ယခုအချိန်၌ သူ့လက်ထဲတွင် အနည်းဆုံး အလယ်အလတ်အဆင့် ဝိဉာဥ်ကျောက်တုံး သန်း၈၀ ကျန်နေသေးသည်။
"ကျုပ် ခန့်မှန်းချက်အရ ဒီပစ္စည်းတွေရဲ့ အစပြုကုန်ကျစရိတ်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်လောက်ရှိမှာမို့ လျော်ကြေး ၅၀% ကို ထည့်ပေါင်းလိုက်ရင် စုစုပေါင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကျပါမယ်"
စာရင်းကို ကြည့်ပြီးနောက် ဝမ်စံချန်းက စျေးနှုန်းကို အလျင်အမြန်ပင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မှန်သည်။ ထိုပါဝင်ပစ္စည်းများကို ဆေးပညာအတွက် အသုံးပြုမည်ဖြစ်ကြောင်း သူသိသည်။
အဓိကအချက်က ပါဝင်ပစ္စည်းတစ်ခုတည်း၏ တန်ဖိုးက ဝိဉာဥ်ကျောက်တုံးသန်းနှစ်ဆယ်ဖြစ်ရာ ဆေးဆရာများ ရောင်းချသော ပုံမှန်စျေးနှုန်းများအရ အပြီးသတ်ထုတ်ကုန်၏ ကုန်ကျစရိတ်က အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးသန်းတစ်ရာတန်ဖိုးရှိနိုင်သည်။
သူကိုယ်တိုင်ပင် ဝိဉာဥ်ကျောက်တုံးသန်းတစ်ရာတန်ဆေးတစ်လုံးက မည်သို့ဖြစ်နိုင်သည်ကို မတွေးနိုင်ဖြစ်နေသည်။ ထို့အပြင် သူ အနည်းငယ် စပ်စုလိုစိတ်လည်း ပြင်းထန်လျက်ရှိ၏။ ချူးယွင်ဖန်းက ပါဝင်ပစ္စည်းတစ်စုံစာသာဝယ်ထားကာ ဒုတိယတစ်စုံ အရံအဖြစ် မပြင်ဆင်ထားပေ။
‘ပထမဆုံးတစ်ကြိမ်မှာတင် အောင်မြင်မယ်လို့ သူဒီလောက်ယုံကြည်မှုရှိနေတာလား’
သို့သော် ဝမ်စံချန်းက ယင်းကို ကျယ်လောင်စွာမပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ယင်းက ချူးယွင်ဖန်း၏ လျို့ဝှက်ချက်ဖြစ်သည်။
"ကောင်းပြီ" ချူးယွင်ဖန်းက တွန့်ဆုတ်ခြင်းမရှိ ပြောလိုက်သည်။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်၊ ပြီးတော့ ပါဝင်ပစ္စည်းတွေကို လေးနာရီအတွင်း ပို့ပေးတာကို မြင်ချင်တယ်"
--