အခန်း ၁၈၈၆
Vol. 126 Ch. 1886
အခန်း(၁၈၈၆) ပါရမီရှင်တွေနဲ့ တန်းတူအဆင့်ရှိ ကျွမ်းကျင်သူများ
ချူးယွင်ဖန်းက နတ်ဆိုးနတ်ဘုရားဂိုဏ်းက သူ့ကိုကိုင်တွယ်ရန် အဘယ်ကြောင့် ဤမျှ ထောင်ချောက်ဆင်ထားခဲ့သည်ကို နောက်ဆုံး၌ နားလည်သွား၏။ တကယ်တမ်းတွင် နတ်ဆိုးနတ်ဘုရားဂိုဏ်းဟူသည် အလယ်ပိုင်းလွင်ပြင်၌ ပြဿနာရှာရန် နတ်ဆိုးများချန်ခဲ့သည့် ကိရိယာတစ်ခုဖြစ်သည်။ သတင်းအချက်အလက်များစုဆောင်းခြင်းအပြင် ၎င်းတို့တွင် တရှ၏ ထိပ်တန်း ကျွမ်းကျင်သူများကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်လည်းရှိသည်။
ရှေးခေတ်ကတည်းက နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးခဲ့သော ပါရမီရှင်များစွာ ရှိပေသည်။ ထိုသူများထဲမှ အများစုက ဘုရင်အဆင့် ခန္ဓာကိုယ်များရှိကြသည်။
အနာဂတ်တွင် ၎င်းတို့က ဧကရာဇ်အဆင့်ထိ တိုးတက်လာနိုင်ဖွယ်ရှိသေး၏။
သို့သော် အကြောင်းမလှစွာဖြင့် နတ်ဆိုးနတ်ဘုရားဂိုဏ်း၏လက်ချက်ဖြင့် တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ကြသည်။ ထို့ကြောင့်ပင် ပါရမီရှင်များစွာသည် ၎င်းတို့ပတ်လည်တွင် ကာကွယ်စောင့်ရှောက်သူများစွာ ရှိနေလေ့ရှိသည်။ နတ်ဆိုးနတ်ဘုရားဂိုဏ်းကဲ့သို့သော ဂိုဏ်းတစ်ခုက ရုတ်တရက် ၎င်းတို့ကို တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ သို့သော် ကာကွယ်စောင့်ရှောက်သူများ လိုက်ပါလာသည့်တိုင် လူငယ်ပါရမီရှင်များစွာ သေဆုံးသွားခဲ့ကြသည့် ဥပမာများလည်းရှိသေး၏။
ယခုမူ ၎င်းတို့၏ အာရုံက ချူးယွင်ဖန်းထံရောက်လာကြပြီဖြစ်သည်။
ဤတစ်ကြိမ်၌ ၎င်းတို့က နတ်ဆိုးနတ်ဘုရားဂိုဏ်းကို အမြစ်ဖြတ်ဖယ်ရှားနိုင်ခြင်းမရှိပါက တတိယအကြိမ်၊ စတုတ္ထအကြိမ် စသဖြင့် အကြိမ်ပေါင်းများစွာ ရှိလာနိုင်သေးသည်။ ယင်းက တရှဧကရာဇ်နန်းတော်က လုပ်ချင်ခဲ့သည့် အရာဖြစ်သော်လည်း နတ်ဆိုးနတ်ဘုရားဂိုဏ်းကို အမြစ်မဖြတ်နိုင်ခဲ့ပေ။ ၎င်းတို့၏ အခြားဂိုဏ်းခွဲများ ပျောက်ဆုံးသွားလျှင်ပင် အလုံးစုံအခြေအနေကို မထိခိုက်နိုင်ခဲ့ကြပေ။
နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ ဌာနချုပ်အစစ်အမှန်က တရှ၌မရှိသဖြင့် နှစ်ပေါင်းများစွာ ခေါင်းထောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ တရှက ၎င်းတို့ကို ဖြေရှင်းရန် မကြိုးစားခဲ့ခြင်းမျိုးမဟုတ်ကြဘဲ အောင်မြင်ခဲ့လျှင်ပင် ဂိုဏ်း၏ လူသားကျွန်များကိုသာနှိမ်နင်းနိုင်ခဲ့ကြ၏။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို မဖျက်ဆီးနိုင်လျှင် နတ်ဆိုးနတ်ဘုရားဂိုဏ်းကို လုံးဝဖျက်ဆီးနိုင်မည်မဟုတ်ပေ။ မဟုတ်ပါက အဓိပ္ပာယ်မရှိပေ။
ပါရမီရှင်စာရင်းထဲက လူအားလုံးနီးပါးသည် နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့ကို ပစ်မှတ်ထားရန် ဤမျှကြီးမားသော အခြေအနေမျိုးကို ဘယ်သောအခါကမျှ မစီစဥ်ခဲ့ကြပေ။ ဤတိုက်ပွဲ၌ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ တရှ၏ တုံ့ပြန်မှုကို ခံရမည်မှာ သေချာသည်။
မည်သို့ပင်ဖြစ်စေကာမူ နတ်ဆိုးနတ်ဘုရားဂိုဏ်းက တရှ၏ ပါရမီရှင်များကို အကြိမ်ပေါင်းများစွာ သုတ်သင်ခဲ့ပြီးဖြစ်သဖြင့် တရှကလည်း နတ်ဆိုးများ ဟူမျိုးနွယ်စုများနှင့် လူရိုင်းမျိုးနွယ်များမှ ပါရမီရှင်များကို သတ်ရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့သည်။
ချူးယွင်ဖန်းကို ဝန်းရံထားသော ဤပုဂ္ဂိုလ်တစ်ဦးစီသည် အနည်းဆုံး စကြဝဠာသတ္တမအဆင့်၌ရှိကြကာ ၎င်းတို့အနက် ထက်ဝက်ကျော်သည် စကြဝဠာအဆင့်၏ အထွတ်အထိပ်တွင် ရှိနေကြသည်။ နတ်ဆိုးနတ်ဘုရားဂိုဏ်းသည် စတင်မလှုပ်ရှားခင်၌ သုတေသနအချို့ပြုလုပ်ခဲ့ကြောင်း သိသာပေသည်။ ချူးယွင်ဖန်းသည် စကြဝဠာအဆင့်၏ အထွတ်အထိပ်တွင် အခြားပါရမီရှင်များကို အလွယ်တကူအနိုင်ယူနိုင်ခဲ့သည်ကို ၎င်းတို့အားလုံးသိကြသည်။
ဤပုံရိပ်များစွာသည် ချူးယွင်ဖန်း ယခင်က အနိုင်ယူခဲ့သော ပါရမီရှင်များထက် အားနည်းခြင်း မရှိပေ။ အမှန်တကယ်တွင်၊ ၎င်းတို့၏ ကျင့်ကြံမှုက ပို၍ပင် နက်ရှိုင်းသည်။ ထိုကဲ့သို့သော လူစာရင်းဖြင့် ယခင်က ချူးယွင်ဖန်းဖြစ်ခဲ့ပါက လွတ်မြောက်ရန် အလွန်အမင်းကြိုးစားရပေလိမ့်မည်။
ခဏအကြာ၌ တောင်တစ်လုံးပမာဏကြီးမားသော သားရဲကြီးတစ်ကောင်ခုန်ထွက်လာကာ သွေးသံတရဲရဲ မေးရိုးကြီးကို ဟလျက် ချူးယွင်ဖန်းကို ကိုက်ရန်ပြင်လိုက်သည်။
လေပြင်းတစ်ချက်က ချူးယွင်ဖန်း၏ မျက်နှာသို့ ရိုက်ခတ်သွား၏။
စကြဝဠာအဆင့် အထွတ်အထိပ်
ဧရာမသားရဲကြီး၏ မျက်လုံးများထဲ၌ သွေးဆာနေသော အကြည့်တစ်ချက် လက်ခနဲဖြတ်ပြေးသွားသည်။ လူသားပါရမီရှင် ချူးယွင်ဖန်းကို တစ်ကျိုက်တည်းဖြင့် ဝါးမြိုပစ်ချင်နေသည်။
ယင်းက မကြုံစဖူးအခွင့်အရေးတစ်ခုပင်ဖြစ်၏။
"မင်းက အရမ်းဆူညံလွန်းတယ်"
ချူးယွင်ဖန်းသည် သားရဲကိုပင် မကြည့်ပေ။ သူ့လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်သောအခါ သူ့လက်မှ မိုးကြိုးများ ထွက်ပေါ်လာသည်။
အားလုံးက အသားစိုင်များ စုတ်ဖြဲခံလိုက်ရသည့်အသံကို ကြားနိုင်၏။ လူတိုင်း ကြီးမားသော သားရဲကြီးက၏ ခန္ဓာကိုယ်တစ်ခုလုံး စုတ်ဖြဲခံလိုက်ရကာ သွေးများ မိုးရွာချသကဲ့သို့ ပန်းထွက်လာသည်ကို မြင်လိုက်ကြရသ်ည။
စကြဝဠာ အထွတ်အထိပ်အဆင့်ရှိ ထိုရက်စက်ကြမ်းကြုတ်သော သားရဲကြီး ဤသို့ဖြင့် သေဆုံးသွားသည်။
မည်သူမျှ တုံ့ပြန်နိုင်ခြင်းမပြုမီတွင် လူအများက ချူးယွင်ဖန်းကို တိုက်ခိုက်နိုင်သည်ဟု ထင်မြင်ယူဆထားသော သားရဲ အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရသည်ကို မြင်လိုက်ကြသည်။ အလောင်း မြေပြင်ပေါ်သို့ မပြုတ်ကျလာမီ၌ ချူးယွင်ဖန်းဆီမှ ဧရာမလက်ကြီးတစ်ဖက်ထွက်လာကာ အလောင်းကို တောင်မြစ်ပန်းချီကားထဲသို့ ဆွဲယူသွား၏။
"လာတဲ့အရေအတွက်ကတော့ မဆိုးပါဘူး၊ ဒါပေမယ့် မင်းတို့ ငါ့ကို လျှော့တွက်ထားတာ။ မင်းတို့ နောက်ဆုံးရသတင်းကို မရသေးဘူးလို့ ထင်တယ်" ချူးယွင်ဖန်းက အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။
တစ်ဖက်က ထိုသို့သော ခိုင်မာတောင့်တင်းသည့် တပ်တစ်ခုကို စီစဥ်ထားသော်လည်း နတ်ဆိုးနတ်ဘုရားဂိုဏ်း၌ ထို့ထက် ပို၍ အစွမ်းထက်သည့် ပညာရှင်များ မရှိဟု မဆိုလိုပေ။ ချူးယွင်ဖန်းနှင့် တန်းတူတိုက်ခိုက်နိုင်သော ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာရှိသည်။ အတူတကွ တိုက်ခိုက်ပါက ချူးယွင်ဖန်း၌ အတောင်များရှိလျှင်ပင် လွတ်မြောက်ရန် ခက်ခဲမည်ဟု ၎င်းတို့ယူဆကြသည်။ ယင်းက လွန်ခဲ့သော ခြောက်လက ပါရမီရှင်စာရင်းထဲမှ အချက်အလက်များကို အခြေခံထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။
လွန်ခဲ့သော ခြောက်လကဖြစ်ပါက ချူးယွင်ဖန်း ဤမျှ စိတ်အေးလက်အေးနေနိုင်မည်မဟုတ်ပေ။
အပြေးအလွှားရောက်ရှိလာသော နတ်ဆိုးများနှင့် နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများအားလုံးက ၎င်းတို့အတွက် အခြေအနေမကောင်းသည်ကို သဘောပေါက်လာကြ၏။ ချူးယွင်ဖန်း၏ ခွန်အားက ၎င်းတို့၏ ဆုံးဖြတ်ချက်ထက် သိသိသာသာ ကျော်လွန်သွားခဲ့သည်။ သို့သော်လည်း နောက်ကျသွားပေပြီ။ ချူးယွင်ဖန်းက စတင်လှုပ်ရှားခဲ့၏။
ခဏအကြာတွင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်က လျှပ်စီးလက်သကဲ့သို့ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါတွင် ပါရမီရှင်များနှင့်ပင်တိုက်ခိုက်ရဲသော ထိုအံ့မခန်းဖြစ်တည်မှုများကို ချူးယွင်ဖန်းက ပုရွက်ဆိတ်များကိုနင်းသကဲ့သို့ သတ်ပစ်လိုက်သည်။
ချူးယွင်ဖန်း၏လက်က ဓားရှည်တစ်စင်းကဲ့သို့ ထင်ရလောက်အောင် မိုးကြိုးတစ်စင်းအလား လင်းလက်သွားသည်။ ထို့နောက် ပေါ့ပေါ့ပါးပါးဓားချက်ဖြင့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးကို ထက်ခြမ်းပိုင်းပစ်လိုက်၏။
အမြန်နှုန်းက အလွန်မြန်လှသဖြင့် မည်သူမျှ မတုံ့ပြန်နိုင်ကြသေးပေ။
ရုတ်တရက်တိုက်ခိုက်မှုက မီတာရာပေါင်းများစွာရှည်သည့် ဓားတစ်ချောင်းကို ဖြစ်ပေါ်စေခဲ့သည်။ ထိုရက်စက်ကြမ်းကြုတ်သော သားရဲများက တုံ့ပြန်ရန် အချိန်မရှိကြသဖြင့် အပိုင်းပိုင်း ခုတ်ပိုင်းခြင်းကို ခံရုံသာ တတ်နိုင်ကြတော့၏။ ရန်သူအဆင့်များတွင် အလွန်လျင်မြန်သော ကျွမ်းကျင်သူအချို့ ရှိခဲ့သည်။ ၎င်းတို့က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးလိုကြသော်လည်း ချူးယွင်ဖန်း၏ အမြန်နှုန်းကို မယှဉ်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် စစ်မှန်သော မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့ အဆုံးမဲ့မိုးကြိုးများကြားတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။ မျက်စိတစ်မှိတ်အတွင်း သူ့အား ဝန်းရံထားသော ကြောက်မက်ဖွယ်ကောင်းသော ပညာရှင်များစွာကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကာ နတ်ဆိုးလမ်းစဥ်ကိုလျှောက်လှမ်းသည့် နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ပညာရှင်များဖြစ်စေ၊ မရေမတွက်နိုင်သော လူသားပညာရှင်များကို ခေါင်းကိုက်စေသော နတ်ဆိုးသားရဲများဖြစ်စေ ချူးယွင်ဖန်း၏ လှုပ်ရှားမှုတစ်ခုကိုပင် သူတို့ မခံနိုင်ကြပေ။
၎င်းတို့၏ ကာကွယ်ရေးအတားအဆီးများနှင့် မှော်ကိရိယာများအားလုံး ချူးယွင်ဖန်း၏ ဓားအလင်းနှင့် ထိတွေ့လိုက်သည်နှင့် ပျက်ဆီးသွားသည်။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များလည်း လုံးဝ မခံနိုင်ကြတော့ပေ။ တစ်ချက်တည်းဖြင့် ၎င်းတို့၏ ဝိဉာဥ်နှင့် ဦးနှောက်များ ကြေမွသွား၏။
ချူးယွင်ဖန်းက အေးအေးဆေးဆေး လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်မြန်ဆန်သော အလျင်ဖြင့် သွားနေခြင်းဖြစ်ကာ အသက်အနည်းငယ်ရှုစာအချိန်အတွင်း ထိုကျွမ်းကျင်သူများအားလုံးကို သတ်ခဲ့ပြီးဖြစ်သည်။ ထို့နောက် ၎င်းတို့၏ အလောင်းများကို ဆွဲယူကာ တောင်မြစ်ပန်းချီကားထဲသို့ ပစ်ချ၍ ၎င်းတို့၏ သွေးများဖြင့် ဗြဟ္မာသစ်ပင်ကို သွန်းလောင်းလိုက်သည်။
ဤအရာအားလုံးကို လုပ်ဆောင်ခဲ့သော ချူးယွင်ဖန်းသည် အသက်ရှုစာတစ်ချက်ကိုမျှလွတ်ခဲ့ခြင်း သို့မဟုတ် နှလုံးခုန်မြန်လာခြင်းတို့ မရှိခဲ့ပေ။
ဤသည်က သူ့အတွက် သွေးပူလေ့ကျင့်ခန်းသာဖြစ်သည်။
--