← Chapters

အခန်း ၁၈၉၀

Vol. 126 Ch. 1890

အခန်း ၁၈၉၀

Vol. 126 Ch. 1890

အခန်း(၁၈၉၀) ကြက်များကဲ့သို့ သုတ်သင်ခြင်း

နင်ယန်တုအတွက် ချူးယွင်ဖန်းသည် ယခု နတ်ဆိုးများအပေါ် ခြိမ်းခြောက်မှုမရှိသေးသည့်တိုင် သူ ဆက်လက် တိုးတက်လာသရွေ့ အနာဂတ်၌ နတ်ဆိုးများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည်။ သူ့အမြင်တွင် ဤတစ်ခုတည်းကပင် ချူးယွင်ဖန်းအတွက် သေဒဏ်ပေးထိုက်သော ရာဇဝတ်မှုတစ်ခုဖြစ်သည်။ သာမန်လူများကို သတ်ရန်မလိုအပ်သော်လည်း အလွန်ထူးချွန်သော သူများကိုမူ သတ်ပစ်ရမည်။

“မြန်မြန်လုပ်” နင်ယန်တုက လက်ပိုက်၍ အေးစက်စက်ပြောလိုက်သည်။

ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများရှိသည့် ဖန်ဆင်းရှင်အဆင့်ရှိသူသုံးဦးသည် ကောင်းကင်မှ ဆင်းသက်လာကာ ချူးယွင်ဖန်းဆီ အပြေးအလွှားပြေးလာကြသည်။ ထိုပညာရှင်များသည် အလွန် မြန်ဆန်ကာ တစ်ချိန်တည်း၌ပင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အလွန် တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုအချိန်တွင် ချူးယွင်ဖန်းက ဆေးတစ်လုံးထုတ်၍ သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဘမ်း

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် ချိုင့်ဝှမ်းထဲရှိ ပြင်ပတပ်သားများ၏ မျက်နှာများ ဖြူဖျော့သွားသည်ကို မြင်လိုက်ကြရသည်။

ကျယ်လောင်သော ပေါက်ကွဲသံများသည် မှိုတိမ်တိုက်များအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီးသို့ ထိမှန်သွားသည်။ မည်သူမျှ တုံ့ပြန်နိုင်ခြင်းမရှိမီ၌ အရာအားလုံး ဖြစ်ပျက်သွားခဲ့ပြီးဖြစ်သည်။ ဤဖန်ဆင်းရှင်များကို ချူးယွင်ဖန်း နောက်ကွယ်ရှိသူကို ကိုင်တွယ်ရန် အသုံးပြုလိုခဲ့ခြင်းဖြစ်ကာ ပြောရန်မလိုအောင်ပင် ၎င်းတို့ အများစုမှာ ဖန်ဆင်းရှင်အဆင့်၌ရှိကြသည်။

ချူးယွင်ဖန်းကိုသတ်ရန်အတွက် နတ်ဆိုးနတ်ဘုရားဂိုဏ်းသည် ၎င်းတို့၏ကျွမ်းကျင်သူများ၏ အနည်းဆုံးထက်ဝက်ကို သူ့ကိုသတ်ရန် စေလွှတ်ခဲ့သည်။ ထိုကဲ့သို့သော လူစာရင်းကို မကြုံစဖူးဟု ယူဆနိုင်သည်။

“ဝေါင်း”

ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်သံနှင့်အတူ တောင်ငယ်လေးတစ်ခုအရွယ်ပမာဏရှိသည့် သားရဲတစ်ကောင်က ထို ပေါက်ကွဲမှုမှိုတိမ်တိုက်ထဲမှ ပြေးထွက်လာသည်။

ချွင်

ဧရာမသားရဲကြီး၏ ခြေသည်းများသည် မှိုတိမ်တိုက်ကို ထိုးဖောက်၍ သတ္တုနှင့်တူသော အရာတစ်ခုကို ထိမှန်သွားသည်။ သတ္တုတိုက်မိသည့်အသံများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်တုန်ခါမှုတစ်ခုဖြစ်ပေါ်လာသည်။ တုန်ခါမှုလှိုင်းလုံးက မှိုတိမ်တိုက်ကို ပျက်ပြယ်သွားစေသဖြင့် ထိုအချိန်၌ လူတိုင်းက မှိုတိမ်တိုက်အလယ်မှ အခြေအနေကို နောက်ဆုံး၌ မြင်တွေ့လိုက်ရ၏။ ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားပြီဟု မူလက ယူဆခဲ့ကြသော ချူးယွင်ဖန်း မသေဆုံးသေးသည့်အပြင် အပြင်းအထန်လည်း ဒဏ်ရာမရခဲ့ပေ။

သူ့ခေါင်းအထက်တွင် တောင်မြစ်ဆေးဖိုကြီး လည်ပတ်ကာ တိုက်ခိုက်မှုအားလုံးကို တားဆီးလိုက်သည်။

“အဲ့တာ ဘာအိုးကြီးလဲ”

နင်ယန်တုပင် ဤအချိန်၌ လုံးဝ အံ့သြနေမိပြီဖြစ်သည်။

ဖန်ဆင်းရှင်အဆင့်ရှိသူတစ်ဦးပင် ထိုတိုက်ိခုက်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ချူးယွင်ဖန်းကမူ ထိုတိုက်ခိုက်မှုကို ခံနိုင်ခဲ့သည်။ ထိုအချက်တစ်ချက်တည်းကပင် အံ့ဖွယ်ကိစ္စဖြစ်နေပြီဖြစ်၍ အိုးကြီးက ထိုကဲ့သို့သော တိုက်ခိုက်မှုကို ကာကွယ်နိုင်သည့် ကာကွယ်ရေးအစီအရင်တစ်ခုဖြစ်ကြောင်း သံသယဖြစ်ရန်မလိုပေ။ သို့သော်လည်း ယင်းက ထိုသို့ဖြစ်သင့်သည်မဟုတ်ပေ။

ချူးယွင်ဖန်းတွင် ကာကွယ်ရေး ကိရိယာတစ်ခုရှိလျှင်ပင် ထိုမှော်ကိရိယာ၏ စွမ်းအားကို ထုတ်ဖော်ပြသလိုပါက အသုံးပြုနိုင်ရန် လိုအပ်ချက်များမှာ များပြားလှပေသည်။ မျက်စိဖြင့်မြင်နိုင်သော နတ်စွမ်းအင်များသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင် သိပ်သည်းဆရှိသည်။ ယင်းက သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် သံချပ်ကာဝတ်စုံအဖြစ် ပြောင်းလဲလျက် သူ့ကိုကာကွယ်ပေးခဲ့သည်။

ရုတ်တရက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ပိုမို၍ နတ်စွမ်းအားများ ထုတ်လွှတ်နေသည်ကို သူမြင်လိုက်ရ၏။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"

ချူးယွင်ဖန်း၏ စွမ်းအားက အံ့မခန်းအမြန်နှုန်းဖြင့် မြင့်တက်လာသည်ကို နင်ယန်တု သဘောပေါက်နားလည်လိုက်သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားက အရူးအမူးမြင့်တက်လာကာ ထိတ်လန့်ဖွယ်အဆင့်သို့ ‌ရောက်သွားသည်။

ဘမ်း

ချူးယွင်ဖန်း၏ စွမ်းအင်က လုံးဝအသစ်စက်စက် အဆင့်တစ်ခုထိ မြင့်တက်လာကာ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း ဖန်ဆင်းရှင်အဆင့် ဒုတိယအဆင့်သို့ရောက်သွား၏။

ဖန်ဆင်းရှင် တတိယအဆင့်

ဖန်ဆင်းရှင် စတုတ္ထအဆင့်

ခဏတာလေးအတွင်း၌ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအစွမ်းက ဖန်ဆင်းရှင်အဆင့်၏ စတုတ္ထအဆင့်ကို အရှိန်အဟုန်ဖြင့်ရောက်လာခဲ့သည်။ ထိုအချိန်၌ ချူးယွင်ဖန်း၏ မျက်နှာတွင် နာကျင်နေသော အမူအရာတစ်ခု ပေါ်လာသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အလွန်သန်မာလှသည့်တိုင် ထိုမျှ အလျင်အမြန် ခွန်အားတိုးလာခြင်းက သူ့ခန္ဓာကိုယ်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဟု မဆိုလိုနိုင်ပေ။ ရွှေ‌ခြောက်စင်းဆေးလုံးကို သောက်ပြီးနောက် ချူးယွင်ဖန်း၏ ခွန်အားက အဆမတန် မြင့်တက်လာခဲ့သည်။

သူသည် ဖန်ဆင်းရှင်အဆင့် စတုတ္ထအဆင့်ကို လျင်မြန်စွာ ဖြတ်ကျော်၍ ပဉ္စမအဆင့်သို့ တန်းတက်သွားခဲ့သည်။

ခဏအကြာ၌ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ရှေးဟောင်းရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် နိုးထလာသကဲ့သို့ ပေါက်ကွဲသွားရာ အလွန် ပြင်းထန်လှသဖြင့် ကောင်းကင်တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်လုနီးနီးဖြစ်သွားသည်။

ဘမ်း

ဧရာမလက်သည်းကြီးက ကြောက်မက်ဖွယ်အင်အားတစ်ခုကြောင့် ချက်ချင်း လွင့်စင်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားကာ ဤကြီးမား၍ ရက်စက်ကြမ်းကြုတ်သော သားရဲကို ထိုးဖောက်ဝင်ရောက်သွားသည်။ ဓားအလင်းတန်းမှ မိုးကြိုးစွမ်းအား ပျံ့နှံ့သွားသဖြင့် ရက်စက်ကြမ်းကြုတ်သော သားရဲလည်း ကောင်းကင်မှ ပြုတ်ကျလာသည်။

ဘမ်း

ဧရာမသားရဲအလောင်းကြီးကြောင့် အောက်၌ ပေရာချီမြင့်သော ဖုန်မှုန့်လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"တစ်ကောင်”

ချူးယွင်ဖန်း၏ မျက်နှာအမူအရာက အနည်းငယ် ရက်စက်ကြမ်းကြုတ်နေသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် ကြီးမားသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို စုတ်ဖြဲဖြစ်လျက်ရှိရာ ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။ အနည်းငယ်မျှသာ လှုပ်ရှားလိုက်လျှင်ပင် အလွန်အမင်း နာကျင်မှု ဖြစ်စေသည်။ သာမန်လူတစ်ယောက်ဆိုပါက ၎င်းတို့ ပြိုလဲသွားကြပြီးလိမ့်မည်မှာ ကြာနှင့်ပေပြီဖြစ်၏။

ရွှေခြောက်စင်းဆေးလုံးက အလွန်အစွမ်းထက်သော်လည်း တစ်ချိန်တည်း၌ပင် ဘေးထွက်ဆိုးကျိုးများက အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

နာကျင်မှုကို အံတုလျက်ပင် အံ့ဖွယ် စွမ်းအားသည် သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ဖန်ဆင်းရှင်အဆင့် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း သွေးများဖြင့် ဖုံးလွှမ်းနေလျက်ရှိသည်။

ဘမ်း

ခဏအကြာ၌ ချူးယွင်ဖန်းသည် လေထဲသို့ ပျောက်ကွယ်သွားပြီး ကောင်းကင်တွင် မိုးကြိုးစွမ်းအားသာ ကျန်ရစ်ခဲ့သည်။ သူ ပြန်လည်ပေါ်လာသောအခါ သူသည် အခြားသော သားရဲတစ်ကောင်ရှေ့တွင် ရပ်နေခဲ့သည်။

"ငရဲကန်ချက် ကိုးချက်!" ချူးယွင်ဖန်းက အံကြိတ်လျက် ခြေဆောင့်ချလိုက်သည်။

ကန်ချက်ကြောင့် ကောင်းကင်တစ်ခုလုံး တုန်ခါသွားပြီး အပေါက်ကြီးတစ်ခု ကွဲထွက်သွားသကဲ့သို့ ထင်ရသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲကို ကန်ချလိုက်သဖြင့် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျကာ မီတာ ၃၀၀ အမြင့်ရှိ ဖုန်မှုန့်များ မြင့်တက်လာစေသည်။

ချူးယွင်ဖန်း၏ခြေထောက်က သားရဲ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသောအခါ ထိုနေရာမှ သွေးများ တိုင်တစ်တိုင်နှယ်‌ပန်းထွက်လာသည်ကို လူတိုင်းမြင်တွေ့လိုက်ကြရသည်။ ဤသို့ဖြင့် အံ့ဖွယ် စွမ်းအားတစ်ခု ချက်ချင်း ထွက်ပေါ်လာ၍ ဤဖန်ဆင်းရှင်အဆင့်သားရဲများအားလုံးကို ပုရွက်ဆိတ်များကဲ့သို့ နင်းချေသုတ်သင်ပစ်ခဲ့သည်။

ထိုမြင်ကွင်းက ပြင်ပတပ်အတွက် ထပ်ခါတလဲလဲ မြင်တွေ့နေရဖူးသည့် မြင်ကွင်းတစ်ခုအလား ထင်ရစေသည်။ ရန်သူက ရန်လိုသောပုံစံဖြင့် ရောက်လာခဲ့သည့်တိုင်… အလွယ်တကူ ရှုံးနိမ့်သွားကြရ၏။

--

All Chapters