← Chapters

အခန်း (၉၇၃-၉၇၄)

Vol. 98 Ch. 973-974

အခန်း (၉၇၃-၉၇၄)

Vol. 98 Ch. 973-974

အခန်း (၉၇၃) ကျန့်မုန့်နတ်သစ်ပင်၊ ဆေးဖော်မီးဖိုကြီးနှင့် အဝါရောင်ဝတ်စုံဝတ်အမျိုးသမီးအား ပြန်လည်ဆုံတွေ့ခြင်း

ဘယ်လိုမှ တွန့်ဆုတ်မနေတော့ဘဲ ကျန်ရှန်းဘိုးဘေးသည် မိမိ၏ ကျင့်စဉ်အရှိန်အဝါနှင့် စိတ်အာရုံစွမ်းအားကို ချက်ချင်းပင် အထွတ်အထိပ်သို့ မြှင့်တင်လိုက်လေသည်။ သူ၏နောက်ကျောဘက်တွင် ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ထားသည့် ကြေးညိုရောင်နတ်သစ်ပင်တစ်ပင် ထွက်ပေါ်လာ၏။

ထိုကြေးညိုရောင်နတ်သစ်ပင်သည် အလွန်တရာ ဆန်းကြယ်ပြီး ရှေးဟောင်းဆန်လှသည်။ သစ်ပင်ပေါ်တွင် တောရိုင်းတိရစ္ဆာန်များ၊ ပျံသန်းနေသော ငှက်များ၊ နတ်ဘုရားခေါင်းလောင်းများ၊ ပန်းမန်များ၊ အသီးအနှံများနှင့် တွဲလောင်းခိုနေသော နဂါးပုံရိပ်များ ရှိနေကြပြီး နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံထားသည်။

ဒါကတော့ သူကျင့်ကြံထားတဲ့ ကြီးမားတဲ့ အစွမ်းထက် တန်ခိုးကျင့်စဉ်တစ်ခု ဖြစ်ပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်ကာ ထွက်ပေါ်လာတဲ့ တာအိုပုံရိပ်ကလည်း အလွန်ခမ်းနားထည်ဝါလှသည်။

လီယန်ချူကတော့ တည်ကြည်အေးစက်သော မျက်နှာပေးဖြင့် ကြေးညိုရောင်သစ်ပင်တစ်ပင်ကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ပြီး ကြီးမားလှတဲ့ ကျင့်စဉ်အရှိန်အဝါတွေကို ထိုအထဲသို့ လောင်းထည့်လိုက်သည်။ တစ်ခဏချင်းမှာပဲ နောက်ထပ် ကြေးညိုရောင်နတ်သစ်ပင်တစ်ပင် ထွက်ပေါ်လာခဲ့သည်။

ကျန်ရှန်းဘိုးဘေး ထုတ်ဖော်လိုက်သော ကြေးညိုရောင်နတ်သစ်ပင်၏ တာအိုပုံရိပ်သည် အစောပိုင်းက ခမ်းနားထည်ဝါပြီး ဆန်းကြယ်လှသည်ဟု ထင်ရသော်လည်း လီယန်ချူ ထုတ်ဖော်လိုက်သော ပုံရိပ်နှင့် နှိုင်းယှဉ်လိုက်သောအခါတွင်မူ အလွန်တရာ ကြမ်းတမ်းလွန်းလှပြီး အရည်အသွေးညံ့ဖျင်းသော အတုအယောင်ပစ္စည်းတစ်ခုကဲ့သို့ ဖြစ်သွားရရှာသည်။

လီယန်ချူက ကြေးညိုရောင်နတ်သစ်ပင်ကို လှုံ့ဆော်လိုက်ပြီးနောက် ရောင်ခြည်တော်များ လွှမ်းခြုံသွားကာ

ဝုန်း ဝုန်း ဝုန်း

ကျန်ရှန်းဘိုးဘေး၏ ကြေးညိုရောင်နတ်သစ်ပင် တာအိုပုံရိပ်သည် တစ်စစီ ကြေမွပျက်စီးသွားတော့သည်။ သူသည် ထိုပုံရိပ်ကို အတင်းအဓမ္မ လှုံ့ဆော်ခဲ့ရခြင်းဖြစ်ပြီး လီယန်ချူနှင့် ထျန်းခွေတာအိုဆရာတို့၏ ဆက်တိုက်တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားကာ အသက်သွေးကြောရင်းမြစ်ကိုပါ မီးရှို့အသုံးပြုထားရခြင်း ဖြစ်သည်။

ကျန်ရှန်းဘိုးဘေးသည် လီယန်ချူ၏လက်ထဲရှိ ကြေးညိုရောင်နတ်သစ်ပင်ကို မယုံကြည်နိုင်လောက်အောင် ကြည့်ရင်း တုန်လှုပ်ချောက်ချားစွာ ရေရွတ်လိုက်သည်။

"မဖြစ်နိုင်တာ! ကျန့်မုန့် နတ်သစ်ပင်က မင်းလက်ထဲမှာ ဘယ်လိုလုပ် ရှိနေရတာလဲ "

လီယန်ချူ၏ မျက်နှာပေးက တည်ငြိမ်နေပြီး တုန်လှုပ်ခြင်းမရှိဘဲ ရပ်နေသော်လည်း စိတ်ထဲတွင်မူ အတန်ငယ် အံ့အားသင့်သွားရသည်။

'ကျန့်မုန့်လား ဒီကြေးညိုရောင်နတ်သစ်ပင်က ကျန့်မုန့်သစ်ပင်ပေါ့လေ'

ကျန့်မုန့်ဆိုသည်မှာ တောင်နှင့်ပင်လယ်ကျမ်း ထဲတွင် မှတ်တမ်းတင်ထားသည့် ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ပေးသော နတ်သစ်ပင်ဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားများ နေထိုင်ရာနေရာဟု အဆိုရှိသည်။ သို့သော် အစဉ်အဆက် အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းသဖြင့် မည်သူမျှ မမြင်တွေ့ခဲ့ဖူးချေ။

လီယန်ချူသည် အစောပိုင်းက ကျန်ရှန်းဘိုးဘေး ထုတ်ဖော်ပြသခဲ့သည့် ကြေးညိုရောင်သစ်ပင်၏ တာအိုပုံရိပ်ကို မြင်တွေ့ခဲ့ရဖူးသဖြင့် ယခုအခါ ဤကြေးညိုရောင်နတ်သစ်ပင်ကို လှုံ့ဆော်လိုက်ခြင်းမှာ ထိုရည်ရွယ်ချက်ဖြင့် ကျန်ရှန်းဘိုးဘေးအား ဤအရာ၏ နောက်ခံသမိုင်းကြောင်းကို ထုတ်ပြောလာစေရန် ဆွဲဆောင်ခြင်းသာ ဖြစ်သည်။ သို့သော် ဤအရာက ဒဏ္ဍာရီလာ ကျန့်မုန့်နတ်သစ်ပင် ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။

လီယန်ချူသည် ရှစ်ခွင်မှန်ကို အသုံးပြု၍ ကျန်ရှန်းဘိုးဘေး၏ ခြေရာကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။ ကျန်ရှန်းဘိုးဘေးမှာ ဆက်တိုက်ဆိုသလို ဒဏ်ရာရရှိထားပြီး ကျင့်စဉ်အဆင့်အတန်းလည်း ကန့်သတ်ခံထားရသဖြင့် ရှစ်ခွင်မှန်ဖြင့် ပထမဆုံးအကြိမ် ချောင်းမြောင်းကြည့်ရှုခံရစဉ်ကကဲ့သို့ ချက်ချင်း ရိပ်မိခြင်းမရှိခဲ့ပေ။

သူသည် ဤနေရာတွင် နတ်ပန်းချီကားကို အထူးတလည် ဖြန့်ကျက်ပြီး ကျန်ရှန်းဘိုးဘေးကို ပန်းချီကားကမ္ဘာထဲသို့ ဖမ်းယူသွင်းထားခြင်း ဖြစ်သည်။ ယခုအခါ သူသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ကောင်းကင်ယံမှနေ၍ ကောင်းကင်ထောက်တိုင်ကြီးကဲ့သို့ ကြီးမားလှသော လက်ဝါးကြီးတစ်ဖက် ကျဆင်းလာခဲ့သည်။

ဝုန်းကနဲ မြည်ဟည်းသွား၏။

ကျန်ရှန်းဘိုးဘေး ထုတ်ဖော်ထားသော ကြေးညိုရောင် တာအိုပုံရိပ်ကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော အစွမ်းသတ္တိများက ကျန်ရှန်းဘိုးဘေးအပေါ်သို့ ဖိနှိပ်ချေမှုန်းသွားတော့သည်။

ကျန်ရှန်းဘိုးဘေးသည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသလည်း အလွန်ထွက်သွားရသည်။ ဤငယ်ရွယ်သော တာအိုဆရာလေး၏ အကွက်ချစီစဉ်မှုကို ခံလိုက်ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူသည် သွေးတစ်လုပ်ကို ပြင်းထန်စွာ အော့အန်လိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားကာ ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် တန်ခိုးကျင့်စဉ်ကို ချက်ချင်း လှုံ့ဆော်လိုက်တော့သည်။

သို့သော် ဤကမ္ဘာမြေ၏ ဓာတ်ကြီးငါးပါးစွမ်းအင်ကို လီယန်ချူက ထိန်းချုပ်ထားပြီး ဖြစ်သည်။ ကျန်ရှန်းဘိုးဘေးသည် မြေလျှိုးမိုးပျံအတတ်ကို အသုံးပြုခဲ့သော်လည်း လွတ်မြောက်မသွားဘဲ မူလနေရာတွင်သာ ရှိနေဆဲ ဖြစ်သည်။

ထိုသို့ ခဏတာ အာရုံလွတ်သွားသည့် အမှားကြောင့် ကောင်းကင်ထောက်တိုင် လက်ဝါးကြီးသည် ပိုမိုမြန်ဆန်သော နှုန်းဖြင့် ကျဆင်းလာခဲ့တော့သည်။

ဗြုန်း

သူ့မျက်နှာ ဖြူလျော်သွားပြီး သွေးတစ်လုပ် ထပ်မံ အော့အန်လိုက်ရပြန်သည်။

ဒုန်း ဒုန်း ဒုန်း

ထျန်းခွေတာအိုဆရာသည် မိုးကြိုးအတတ်ကို ကျွမ်းကျင်ပြီး ဂူဟွာနတ်ဘုရားကျမ်းကိုလည်း လေ့လာထားသူဖြစ်ရာ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပြီးနောက် အစွမ်းသတ္တိများ သိသိသာသာ တိုးတက်လာခဲ့ပြီး ကျန်ရှန်းဘိုးဘေးနှင့် ရက်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် နောက်ဆုံးတွင် ကျန်ရှန်းဘိုးဘေးကို အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော် လီယန်ချူ၏ ရှေ့မှောက်တွင်မူ၊ အထူးသဖြင့် ယခုအချိန်၌ သူသည် နတ်ပန်းချီကားကမ္ဘာအတွင်း ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။

ကျန်ရှန်းဘိုးဘေးသည် ဆက်တိုက်ဆိုသလို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း သွေးအန်ကာ နောက်သို့ လွင့်စင်သွားရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားရရှာသည်။ သို့သော် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် တစ်ခဏချင်းအတွင်းမှာပင် ပြန်လည်ကောင်းမွန်လာခဲ့သည်။

"ရိုင်းစိုင်းတဲ့ ကောင်ကလေး ဒီပန်းချီကားကမ္ဘာထဲမှာ ငါက မင်းကို မနိုင်နိုင်ပေမယ့် မင်း ငါ့ကို သတ်ချင်ရင်လည်း လွယ်မှာမဟုတ်ဘူး "

ကျန်ရှန်းဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်မြွေနဂါးကြီးသည် ချက်ချင်းပင် ပေရာချီကြီးမားသော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားပြီး သူသည် ထိုအနီရောင်မြွေနဂါးကြီး၏ ဦးခေါင်းပေါ်တွင် ရပ်တန့်ကာ နတ်ဘုရားအရှိန်အဝါများ လွင့်ပျံနေသည်။

လီယန်ချူသည် တည်ကြည်အေးစက်သော မျက်နှာပေးဖြင့် ခါးတွင်ချိတ်ထားသော ကျန့်ကျောင်း ဓားကို ဆွဲထုတ်လိုက်ရာ ချလွင် ဟူသော အသံသည် နဂါးဟိန်းသံကဲ့သို့ မြည်ဟည်းသွားတော့သည်။

ဓားအလင်းတန်း ဖြတ်သန်းသွားပြီးနောက် ပေရာချီကြီးမားသော မြွေနဂါးကြီး၏ ဦးခေါင်းသည် ချက်ချင်းပင် မြေသို့ပြတ်ကျသွားတော့သည်။

"ရယ်စရာပဲ၊ ဒီနေ့ မင်းကို မသတ်နိုင်ရင် ငါလည်း ဒီနေရာကနေ ထွက်မသွားဘူး "

လီယန်ချူ၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသည်။ ဝါကျင်ကျင်အရောင်ရှိသော ရှေးဟောင်းမှန်တစ်ချပ်သည် လေပြင်းကို ဆီးကြိုရင်း အရွယ်အစား ကြီးမားလာပြီး အလင်းတန်းများ လွှမ်းခြုံသွားရာ ကျန်ရှန်းဘိုးဘေး၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး မျက်ဝန်းများ ချက်ချင်းပင် အရောင်မှိန်သွားတော့သည်။

ကျန့်ကျောင်း ဓားနှင့် ရှစ်ခွင်မှန်၊ ကုသိုလ်မှတ် သန်းချီအဆင့်ရှိသော ဤရတနာနှစ်ပါးသည် အစောပိုင်းကတည်းကပင် ကြီးမားလှသော တန်ခိုးအစွမ်းများကို ပြသထားပြီး ဖြစ်သည်။ ကျန်ရှန်းဘိုးဘေးသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး အရှိန်အဝါများ ယုတ်လျော့သွားကာ ဒဏ်ရာများကို ကုသရန် တန်ခိုးကျင့်စဉ်ကို ထပ်မံလှုံ့ဆော်ရင်း လီယန်ချူကို သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ငါ ကျင့်ကြံလာတဲ့ သက်တမ်းတစ်လျှောက်မှာ မင်းလိုမျိုး ရောက်တတ်ရာရာ ရိုင်းစိုင်းစော်ကားတဲ့ကောင်ကို တစ်ခါမှ မကြုံဖူးသေးဘူး "

တစ်ခဏချင်းအတွင်းမှာပင် ကျန်ရှန်းဘိုးဘေး၏ နောက်ကွယ်၌ ခမ်းနားထည်ဝါလှသော ဝိညာဉ်အရှိန်အဝါပုံရိပ်ကြီး ထွက်ပေါ်လာသည်။ ကျန်ရှန်းဘိုးဘေးက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ခမ်းနားလှသော ပုံရိပ်ကြီး၏ လက်ထဲမှ ပြင်းထန်လှသော လေရိုင်းများသည် ကြီးမားလှသော လေဆင်နှာမောင်းကြီးတစ်ခုအဖြစ် စုစည်းသွားပြီး လီယန်ချူထံသို့ ဟိန်းဟောက်ကာ ပြေးဝင်သွားတော့သည်။ ၎င်းသည် တစ်ခုလုံးသော ပန်းချီကားကမ္ဘာကြီးကို ဆွဲဖြဲပစ်တော့မည့်အတိုင်းပင်။

လီယန်ချူက လက်ကို မြှောက်လိုက်ရုံဖြင့် အနီရောင်ပိုးဖဲကြိုးတစ်မျှင် ပျံသန်းထွက်ပေါ်သွားပြီး ချက်ချင်းပင် ပေရာချီကြီးမားသွားကာ နတ်အရှိန်အဝါများနှင့် ရောင်စုံအလင်းတန်းပေါင်း သောင်းခြောက်ထောင် ဖြာထွက်သွားသည်။ ၎င်းသည် ထွက်ပေါ်လာရုံမျှဖြင့် ထိုလေဆင်နှာမောင်းကြီးကို ရိုက်ခွဲပစ်လိုက်တော့သည်။

ဒုန်းဒုန်းဒုန်း

ကျန်ရှန်းဘိုးဘေး၏ ခမ်းနားလှသော ပုံရိပ်ကြီးသည် ထိုအနီရောင်ပိုးဖဲကြိုး၏ တုပ်နှောင်ခြင်းကို ချက်ချင်းခံလိုက်ရပြီး ကောင်းကင်မီးတောက်များက တဟုန်းဟုန်း တောက်လောင်သွားတော့သည်။

ကျန်ရှန်းဘိုးဘေး၏ ခံတွင်းမှနေ၍ ပြင်းထန်လှသော စူးရှစူးရှ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

"အားးးးးးးးးးးး"

ထို့နောက် လီယန်ချူသည် ကြေးဝါရောင် ရှေးဟောင်းခေါင်းလောင်းတစ်လုံးကို ထုတ်ဖော်လိုက်ရာ ထိုခေါင်းလောင်းသည် တစ်လံခွဲခန့် အရွယ်အစားသို့ ပြောင်းလဲသွားသည်။ လီယန်ချူက လက်ညှိုးဖြင့် ခပ်ဖွဖွလေး တောက်လိုက်ရာ ကျင့်စဉ်အရှိန်အဝါသည် ခေါင်းလောင်းကိုယ်ထည်ကို ရိုက်ခတ်သွားတော့သည်။

ဒေါင် ဒေါင် ဒေါင်

ကျန်ရှန်းဘိုးဘေးသည် မျက်ဝန်းများ အရောင်မှိန်ဖျော့သွားပြီး မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားရသည်။ ဒါကတော့ ကောင်းကင်ဖဲကြိုး နှင့် ဝိညာဉ်ခြောက်ခြား ခေါင်းလောင်း ပင် ဖြစ်သည်။

ထို့နောက်တွင်မူ လီယန်ချူသည် ရုယီဘူးသီး ကိုပါ ထပ်မံထုတ်ဖော်လိုက်ပြန်ရာ ရုယီဘူးသီးပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းလှသော အစွမ်းသတ္တိများသည် တစ်ခဏချင်းအတွင်းမှာပင် တောင်ပတ်ကုန်းမျှ အရွယ်အစားအထိ ကြီးမားသွားပြီး ကျန်ရှန်းဘိုးဘေးထံသို့ ဖိသိပ်ချေမှုန်းပစ်လိုက်တော့သည်။

ကျန်ရှန်းဘိုးဘေး၏ ခန္ဓာကိုယ်သည် တစ်ခဏချင်းအတွင်းမှာပင် ပျောက်ကွယ် ပျက်စီးသွားရရှာသည်။ ဝိညာဉ်အလင်းတန်းတစ်မျှင် ထွက်ပြေးလွတ်မြောက်သွားပြီး ကောင်းကင်ယံတွင် သူ၏ပုံရိပ်အဖြစ် ပြန်လည်စုစည်းလိုက်သည်။ လီယန်ချူ၏ ဘေးပတ်ပတ်လည်တွင် ပျံသန်းနေသော နတ်ဘုရားလက်နက် ရတနာအပြည့်အစုံကို မြင်လိုက်ရသောအခါ ကျန်ရှန်းဘိုးဘေးသည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"နတ်ဘုရားလက်နက်တွေ "

လီယန်ချူ၏လက်ထဲတွင် နတ်ဘုရားလက်နက် သုံးခုအထိ ရှိနေလိမ့်မည်ဟု သူ ဘယ်လိုမှ ထင်မှတ်မထားခဲ့မိပေ။

"ကောင်းတယ်၊ ကောင်းတယ်၊ မင်းက ဒီလောက်အထိ အကွက်စိပ်စိပ်နဲ့ ဖုံးကွယ်ထားခဲ့တာကိုး "

ကျန်ရှန်းဘိုးဘေးသည် ယခုမှပင် ဤငယ်ရွယ်သော တာအိုဆရာလေးက ဘာကြောင့် ဒီလောက်အထိ ရဲတင်းစော်ကားပြီး မောက်မာနေရသလဲဆိုသည်ကို သဘောပေါက်သွားတော့သည်။ ထို့နောက်တွင်မူ သူ၏စိတ်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရသည်။

တစ်ဖက်လူက လေလုံးထွားနေခြင်း မဟုတ်ဘဲ တကယ့်ကို အစွမ်းထက်နေခြင်း ဖြစ်သည်။ သို့သော် လီယန်ချူက သူ့ကို ဂရုစိုက်မနေတော့ဘဲ ရှစ်ခွင်မှန်မှ နတ်ဘုရားအလင်းတန်းကို လွှတ်ထုတ်ကာ ကျန်ရှန်းဘိုးဘေး၏ ဤဝိညာဉ်အလင်းတန်းကို တိုက်ရိုက် ချေမှုန်းပစ်လိုက်တော့သည်။

မဟာရှမင်းဆက်ခေတ်က ရှေးဟောင်းပုဂ္ဂိုလ်ကြီးတစ်ဦးသည် ယခုအခါ လီယန်ချူ၏လက်ထဲတွင် လုံးဝဥဿုံ ပြာကျပျက်စီးသွားရရှာသည်။ ကျန်ရှန်းဘိုးဘေး၏ နောက်ဆုံးစိတ်ကူးမှာ အတော်လေး ရယ်စရာကောင်းလှသည်။

'ဒီလူက ဒီလောက်အထိ ဘာလို့ မောက်မာနေရသလဲဆိုတာ မဆန်းတော့ပါဘူး။ ငါ့မှာသာ ဒီလောက်အထိ များပြားတဲ့ နတ်ဘုရားလက်နက် ရတနာတွေရှိရင် ငါလည်း သူ့ထက်တောင် ပိုပြီး မောက်မာမိဦးမှာပဲ '

ကျန်ရှန်းဘိုးဘေးကဲ့သို့ ကျင့်စဉ်အဆင့်အတန်းအထိ ကျင့်ကြံနိုင်သူတစ်ဦးမှာ သဘာဝအတိုင်းပင် ပါရမီထူးချွန်သူ ဖြစ်ရမည်ဖြစ်ပြီး စိတ်ဓာတ်နှင့် အကွက်အမြင်များမှာလည်း လောကတွင် ရှားမှရှားပေလိမ့်မည်။ ယခုခေတ်ကာလတွင် မြေပြင်နတ်ဘုရားများ သာ မလှုပ်ရှားပါက သူ့ကို သတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသူ မည်သူမျှ ရှိလိမ့်မည်မဟုတ်ပေ။

သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိပြီးနောက် ထိုထျန်းခွေတာအိုဆရာနှင့် ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသော်လည်း ကျင့်စဉ်သက်တမ်း အနည်းငယ် ယုတ်လျော့သွားပြီး အသက်သွေးကြော အနည်းငယ် ပျက်စီးသွားရုံမျှသာ ဖြစ်ပြီး အခြေခံကိုမူ မထိခိုက်ခဲ့ချေ။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ယခုအကြိမ်တွင် လီယန်ချူ၏ ကျန့်ကျောင်း ဓားနှင့် တွေ့ဆုံခဲ့ရသဖြင့် သူသည် ဘာမှ မတတ်နိုင်ခဲ့ဘဲ၊ ထို့အပြင် နတ်ဘုရားလက်နက် အမြောက်အမြားကြောင့် ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိတော့ဘဲ လုံးဝဥဿုံ ပျက်စီးသွားရခြင်း ဖြစ်သည်။

ကျန်ရှန်းဘိုးဘေး၏ ရုပ်ကလာပ်သည် လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ပစ္စည်းသိုလှောင်သည့် ရတနာအသုံးအဆောင်များ ရှိခဲ့လျှင်ပင် အစောပိုင်းက တိုက်ခိုက်မှုအောက်တွင် ပျက်စီးသွားခဲ့ပြီ ဖြစ်နိုင်သည်။

လီယန်ချူက ခေါင်းကို ခပ်ဖွဖွလေး ရမ်းလိုက်ရင်း ရေရွတ်လိုက်သည်။

"ဒီလိုမျိုး နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့ မိစ္ဆာအိုကြီးတွေက အကွက်တွေ များတတ်တယ်။ ရိုက်သတ်ပြီး ရှင်းရှင်းလင်းလင်း လုပ်လိုက်တာကမှ စိတ်အချရဆုံးပဲ"

သူက ခပ်ဖွဖွလေး ခုန်ပျံလိုက်ပြီး နတ်ပန်းချီကားကမ္ဘာထဲမှ ထွက်ခွာလာခဲ့သည်။ နတ်ပန်းချီကားကမ္ဘာအတွင်းရှိ နူးညံ့သိမ်မွေ့သော နတ်သမီးဝိညာဉ်၏ ပုံရိပ်သည် ထွက်ပေါ်လာခဲ့သည်။ သူမသည် အစောပိုင်းက လီယန်ချူက သူမကို အကူအညီတောင်းရန် ခေါ်ထုတ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လီယန်ချူက လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် နတ်ဘုရားလက်နက် အမြောက်အမြားကို ထုတ်ဖော်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့မိပေ။ လတ်တလောမှ ရရှိထားသည့် လဲ့ချွဲချိတ် ကိုပင် အသုံးပြုခြင်း မရှိခဲ့ချေ။

"နတ်ဘုရားလက်နက် တစ်ခုတည်းနဲ့တင် ဒီလောက်အထိ အစွမ်းထက်တဲ့ ကျင့်ကြံသူကို သတ်ပစ်နိုင်တာကို ဒီလီတာအိုဆရာက တကယ့်ကို ရက်စက်တာပဲ။ လှုပ်ရှား လိုက်တာနဲ့ သုံးခုတောင်မှ ထုတ်သုံးတယ်"

နတ်သမီးဝိညာဉ်က သက်ပြင်းချရင်း မိမိ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိတ်တဆိတ် တွက်ချက်ကြည့်လိုက်မိသည်။ သို့သော် သူမသည် အလွန်ဝမ်းနည်းစရာကောင်းသော အချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ လဲ့ချွဲချိတ်ကို လုယူသွားသည့် ဤသူခိုးလေးသည် အကယ်၍ တကယ်တမ်း အစွမ်းကုန် တိုက်ခိုက်လာပါက မိမိအနေဖြင့် ယူဟန်လျှိုဝှက်နယ်မြေ တစ်ခုလုံး၏ စွမ်းအားကို အသုံးပြုလျှင်ပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ချေ။

နီရှန်းနတ်သမီးက ခေါင်းကို ရမ်းလိုက်ရင်း စိတ်ထဲမှ ဆိုလိုက်မိသည်။

'မြေပြင်နတ်ဘုရား အောက်မှာတော့ ပြိုင်ဘက်ကင်းပဲ။'

လီယန်ချူက လက်ကို ဆန့်ထုတ်ကာ ခပ်ဖွဖွလေး သိမ်းဆည်းလိုက်ရာ ရှေးဟောင်းဆန်သော နတ်ပန်းချီကားလိပ်သည် သူ့လက်ထဲသို့ ကျရောက်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားကာ သိုလှောင် အိတ် ထဲသို့ ထည့်သွင်းခြင်း ခံလိုက်ရသည်။

သူက ခပ်ဖွဖွလေး ခုန်ပျံရင်း ခေါင်ထုံတောင် သို့ ရောက်ရှိလာခဲ့သည်။ ခေါင် ထုံတောင်သည် မြေမျက်နှာသွင်ပြင် အလွန်ကြမ်းတမ်းပြီး တန်ခိုးကျင့်ကြံသူများ အပယ်ဖျောက် နေထိုင်ကြသည့် နေရာဖြစ်သည်။ တောင်ထိပ်သည် ယခုအခါ ပျက်စီးယိုယွင်းနေသော နေရာတစ်ခုအဖြစ် ပြောင်းလဲနေပြီး ထျန်းခွေတာအိုဆရာနှင့် ကျန်ရှန်းဘိုးဘေးတို့၏ တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

ထိုနေရာတွင် သန့်စင်သော ကျင့်စဉ်မိုးကြိုးအတတ်နှင့် အမျိုးမျိုးသော ပြင်းထန်လှသည့် အရှိန်အဝါများ ကျန်ရှိနေဆဲ ဖြစ်သည်။ ယခုအခါ ကျင့်ကြံသူ အတော်များများသည် ဤနေရာတွင် လာရောက်၍ ကျင့်စဉ်တရားများကို ဆင်ခြင်တွေးတော နေကြသည်။ အဆင့်မြင့် ကျင့်ကြံသူကြီးများ တိုက်ခိုက်ခဲ့ပြီးနောက် ကျန်ရှိနေသည့် အရှိန်အဝါများနှင့် ကွက်စိပ်များကို သူတို့အနေဖြင့် နားလည်သဘောပေါက်သွားပါက ကြီးမားသော တိုးတက်မှုများ ရရှိနိုင်မည် ဖြစ်သည်။

လီယန်ချူသည် ခေါင်ထုံတောင်ထိပ်သို့ ရောက်ရှိလာပြီးနောက် စိတ်အာရုံစွမ်းအားကို ဖြန့်ကျက်လိုက်ပြီး ဤနေရာရှိ အရှိန်အဝါများကို တိတ်တဆိတ် ရှာဖွေကြည့်လိုက်သည်။ သူ ဤနေရာသို့ လာရခြင်းမှာ အခြားကြောင့်မဟုတ်ဘဲ ကျန်ရှန်းဘိုးဘေး၏ ဂူဗိမာန်ကို ရှာဖွေရန် ဖြစ်သည်။ ဤကဲ့သို့သော ရှေးဟောင်းခေတ်က ပုဂ္ဂိုလ်ကြီးမျိုးသည် ရတနာအားလုံးကို မိမိ၏ ခန္ဓာကိုယ်ပေါ်တွင် သယ်ဆောင်ထားချင်မှ သယ်ဆောင်ထားမည်ဖြစ်ပြီး ဂူဗိမာန်ထဲတွင် ဝှက်ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

လီယန်ချူသည် သူ၏ရုပ်ကလာပ် လုံးဝပျက်စီးသွားသဖြင့် စစ်ဆေးရန် အချိန်မရခဲ့သောကြောင့် စမ်းသပ်ကြည့်သည့် သဘောဖြင့် ခေါင် ထုံတောင်သို့ လာခဲ့ခြင်း ဖြစ်သည်။ သူသည် တောင်ပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားရင်း ဆက်တိုက်ဆိုသလို အာရုံခံကြည့်နေသည်။

ထို့အပြင် သူသည် ဒိုချန်ပုတီးစေ့ ကိုပါ လှုံ့ဆော်လိုက်သည်။ ဒိုချန်ပုတီးစေ့သည် သူ့ကို ကံကောင်းခြင်းများ ရရှိစေနိုင်ပြီး ရတနာများနှင့် ဆက်နွှယ်မှုကို တိုးမြင့်စေကာ ကံကြမ္မာ၏ လမ်းဆုံလမ်းခွများတွင် မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်နိုင်စေသည်။

လီယန်ချူသည် ဒိုချန်ပုတီးစေ့ကို လှုံ့ဆော်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာများသည် ဝေဝါးသွားတော့သည်။ အကယ်၍ ဝိညာဥ်မျက်စိ ဖြင့် ကြည့်မည်ဆိုပါက နတ်ဘုရားအလင်းတန်းများသည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှပြီး ကံကောင်းခြင်း အကျိုးပေးမှာလည်း သာမန်ထက်မက ထူထပ်လှသည်။

ကျင့်ကြံသူအချို့က သူ ခေါင် ထုံတောင်ပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေသည်ကို မြင်သောအခါ မနေနိုင်ဘဲ သတိပေးလိုက်ကြသည်။

"တာအိုဆရာလေး၊ ဒီနေရာမှာ အဆင့်သုံး ကျွမ်းကျင်သူကြီးတွေ တိုက်ခိုက်ထားလို့ မိုးကြိုးအရှိန်အဝါတွေနဲ့ အမျိုးမျိုးတဲ့ တာအိုတရားတွေ ကျန်နေတာ။ မင်း သေချာလေး ဆင်ခြင်တွေးတောရင် တစ်ခုခု ရနိုင်တယ်။ ဒီလိုမျိုး ဟိုပတ်ဒီပတ် လျှောက်သွားနေရင် လောဘကြီးပြီး ဘာမှဖြစ်မြောက်မှာ မဟုတ်ဘူး၊ ဒါ လမ်းမှန်မဟုတ်ဘူး။"

သူက လီယန်ချူသည် မိမိနှင့် သင့်တော်မည့် တရားဆင်ခြင်ရာနေရာကို လိုက်ရှာနေသည်ဟု ထင်မှတ်ပြီး လီယန်ချူ လမ်းမှားရောက်သွားမည်ကို စိုးရိမ်၍ သတိပေးခြင်း ဖြစ်သည်။

လီယန်ချူက ထိုစကားကို ကြားသောအခါ ပြုံးလိုက်ရင်း ပြောလိုက်သည်။

"သတိပေးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော်က ဒီတိုင်း လျှောက်ကြည့်နေတာပါ။"

ထိုကျင့်ကြံသူသည် လီယန်ချူက ထိုသို့ပြောသဖြင့် နောက်ထပ်လည်း အများကြီး မပြောတော့ပေ။ မိတ်ဆွေအဆင့်မျှသာ ရှိသဖြင့် အစောပိုင်းက သတိပေးချက်မှာ စေတနာသက်သက်သာ ဖြစ်သည်။

"အခုခေတ် လူငယ်တွေက တကယ့်ကို စိတ်မြန်လက်မြန် ရှိလွန်းတယ်။ အစောပိုင်းက ကျန်ခဲ့တဲ့ တာအိုတရားတစ်ခုကို အရင်ဆုံး နားလည်အောင် လုပ်ပြီးမှ နောက်တစ်ခုကို ထပ်လေ့လာရမှာ။ ဒါမှသာ တန်ခိုးကျင့်စဉ် အမြောက်အမြားကို တတ်မြောက်နိုင်မှာပေါ့။ ဒီလောက်အထိ စိတ်မရှည်ရင် ဘာအလုပ်ဖြစ်မှာလဲ။"

ထိုကျင့်ကြံသူသည် ခေါင်းကို ရမ်းလိုက်ရင်း မိမိ၏ ရှေ့မှောက်ရှိ မိုးကြိုးကျင့်စဉ်တရားကို ဆက်လက်ဆင်ခြင်နေတော့သည်။ သူ၏ရှေ့တွင် ကြီးမားလှသော ကျင်းကြီးတစ်ခု ရှိနေပြီး ကျောက်တုံးများသည် မှုန့်မှုန့်ညက်ညက် ကြေမွနေကာ မည်းနက်သော အရောင်အသွေး ဖြစ်နေသည်။

လီယန်ချူက နေရာအနှံ့ လျှောက်သွားနေစဉ် သံကွင်းပတ်ထားသော ဦးခေါင်းနှင့် ဝဖြိုးကြီးမားလှသော ကတုံးရဟန်းကြီး တစ်ပါးက စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။

"သွား စမ်း၊ သွား စမ်း တာအိုဆရာလေး မျက်စိမပါဘူးလား၊ ငါ့ရဲ့ တရားဆင်ခြင်မှုကို လာမနှောင့်ယှက်နဲ့"

ဤကတုံးရဟန်းကြီးသည် အနည်းဆုံး တစ်မီတာ ကိုးဆယ်ခန့် မြင့်မားပြီး ခန္ဓာကိုယ် တည်ဆောက်ပုံကလည်း အလွန်ထွားကျိုင်းလှရာ ထိုနေရာတွင် ရပ်နေသည်မှာ အသားတောင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်သည်။ သူ ဆင်ခြင်တွေးတောနေသည်မှာ ဓားရာတစ်ခု ဖြစ်ပြီး၊ ကျန်ရှန်းဘိုးဘေးသည် အမျိုးမျိုးသော တန်ခိုးကျင့်စဉ်များကို ကျွမ်းကျင်သူဖြစ်ရာ ဤဓားရာသည် သူကျင့်ကြံထားသည့် ချီကျွယ်လက်ဝါး တန်ခိုးကျင့်စဉ်ဖြင့် ရိုက်ခတ်ထားခြင်း ဖြစ်ပြီး သံယောဇဉ် ဖြတ်တောက်ကာ အသက်ဘေးဖြစ်စေသည့် မိစ္ဆာလမ်းစဉ် သတ်ဖြတ်ခြင်း တန်ခိုးကျင့်စဉ်တစ်ခု ဖြစ်သည်။

လီယန်ချူသည် ဤနေရာတွင် ဆက်လက်လျှောက်သွားနေဆဲ ဖြစ်ပြီး အစပိုင်းတွင် ဂရုမစိုက်ခဲ့သော်လည်း ထိုဝဖြိုးလှသော ကတုံးရဟန်းကြီးကို တစ်ချက်ကြည့်ကာ မျက်ခုံးပင့်ရင်း မေးလိုက်သည်။

"မိစ္ဆာကျင့်ကြံသူလား"

ဝဖြိုးလှသော ကတုံးရဟန်းကြီးက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း ရယ်မောလိုက်သည်။

"ငါက မင်းလို တာအိုဆရာကို ပြဿနာ သွားမရှာတာကို မင်းကမှ ငါ့ကို လာပြီး စနောက်နေတာကိုး။ ဟုတ်တယ်၊ ငါက တာပေကျန်းသျှီ ပဲ။ မင်းသာ ထပ်ပြီး ဆူညံနေရင် မင်းရဲ့ အရေခွံကို ခွာပြီး အသားတွေကို နှုတ်နှုတ်ဆင်းပစ်မယ် "

လီယန်ချူက ဝိညာဥ်မျက်စိဖြင့် တစ်ချက်ကြည့်လိုက်ရာ ဤသူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နာကျည်းမှု အရှိန်အဝါများ ဝန်းရံနေသည်ကို တွေ့လိုက်ရသဖြင့် သူက အတန်ငယ် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"တာပေကျန်းသျှီ ဆိုတဲ့ နာမည်က ဗုဒ္ဓဘာသာဆန်လှချေလား၊ မင်းရဲ့ ပုံရိပ်နဲ့တော့ မကိုက်ညီဘူး။"

ဝဖြိုးလှသော ကတုံးရဟန်းကြီး "............"

သူက လီယန်ချူကို ဒေါသတကြီး ကြိမ်းမောင်းရန် ပြင်လိုက်ပြီး သံကွင်းကဲ့သို့ ကြီးမားလှသော လက်ဝါးကြီးကို ဆန့်ထုတ်လိုက်စဉ်

သူ့တစ်ကိုယ်လုံးသည် ရုတ်တရက် ခေါင်းငုံ့သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ ခေါင်းငိုက်စိုက်ချရင်း ဘာစကားမျှ မဆိုတော့ပေ။

ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူအချို့က ဤမြင်ကွင်းကို သတိပြုမိသွားကြသဖြင့် မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်ကြသည်။

"တာပေကျန်းသျှီက မိစ္ဆာလမ်းစဉ်မှာ နာမည်ကျော်ကြားတဲ့ မိစ္ဆာကြီးပဲလေ၊ ဘာလို့ ဒီတာအိုဆရာလေးရဲ့ စကားအနည်းငယ်အောက်မှာ တန်းပြီး ဒူးထောက်သွားရတာလဲ"

"ဒါမှမဟုတ် ဒီလူက ရုပ်ရည်နုပျိုအောင် ပြုပြင်ထားတဲ့ တာအိုဂုဏ်း က ကျွမ်းကျင်သူကြီးတစ်ဦးလား "

အစောပိုင်းက လီယန်ချူသည် စိတ်ဓားကျင့်စဉ် တစ်ချက်တည်းဖြင့် ဤမိစ္ဆာလမ်းစဉ်မှ မိစ္ဆာကြီးကို သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ဝိညာဉ်အလင်းတန်းသည် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူ၏ တိုက်ကွက်က မြန်ဆန်လွန်းလှသဖြင့် ဤမိစ္ဆာကြီးသည် တုံ့ပြန်ရန် အချိန်မရခဲ့သလို ဘေးပတ်ပတ်လည်ရှိ လူများလည်း မည်သည့် အရှိန်အဝါလှုပ်ခတ်မှုကိုမျှ အာရုံမခံမိခဲ့ကြချေ။

လီယန်ချူက သူ့ကို ဂရုမစိုက်တော့ဘဲ ဤနေရာတွင် ဆက်လက် လျှောက်ကြည့်နေခဲ့သည်။ ဘေးပတ်ပတ်လည်ရှိ လူအချို့က ထိုမိစ္ဆာကျင့်ကြံသူ၏ အခြေအနေကို သတိပြုမိသွားကြပြီး မျက်နှာပျက်သွားကြတော့သည်။

"သေသွားပြီ"

သူတို့ လီယန်ချူ၏ ကျောပြင်ကို လှမ်းကြည့်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခြေရာလက်ရာကို ရှာမတွေ့တော့ချေ။

လီယန်ချူသည် ဟိုဟိုဒီဒီ သွားလာရင်း တောင်နောက်ဘက်သို့ ရောက်ရှိလာခဲ့သည်။ တောင်နောက်ဘက်ထိပ်သည် ယခုအခါ ပျက်စီးယိုယွင်းနေသော နေရာတစ်ခုအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ လီယန်ချူသည် ဤနေရာတွင် အလွန်ရှေးကျသော အရှိန်အဝါတစ်ခုကို မသဲမကွဲ အာရုံခံမိလိုက်ရပြီး ချန်ရှန်းဘိုးဘေးနှင့် အတန်ငယ် ဆင်တူလှသည်။

သူသည် ဤနေရာတွင် လျှောက်ကြည့်နေစဉ် မထင်မှတ်ဘဲ အမှန်တကယ်ပင် ရှာဖွေတွေ့ရှိသွားသဖြင့် မျက်ခုံးပင့်လိုက်မိသည်။ ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"တာအိုမိတ်ဆွေ၊ ကျွန်မတို့ ပြန်ဆုံကြပြန်ပြီနော်"

လီယန်ချူက လှည့်ကြည့်လိုက်ရာ အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သော အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ စရိုက်က တည်ငြိမ်အေးဆေးလှသည်။ ရုပ်ရည်ကတော့ ပြိုင်ဘက်ကင်း အလှနတ်သမီးကြီး မဟုတ်သော်လည်း ကြည့်လိုက်လျှင် အလွန်တရာ စိတ်အေးချမ်းစေပြီး အထူးသဖြင့် သူမ၏ စရိုက်က အလွန်တရာ အေးဆေးတည်ငြိမ်လှသည်။

"ဟော့ထုံတောင် မှာ လမ်းခွဲခဲ့ပြီးနောက် ဒီနေရာမှာ ပြန်ဆုံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

လီယန်ချူက ပြုံးရင်း ပြောလိုက်သည်။

သူမကတော့ သူ ဟော့ထုံတောင် လျှို့ဝှက်နယ်မြေထဲတွင် ကယ်တင်ခဲ့ဖူးသည့် အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးပင် ဖြစ်သည်။

အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးက ပြုံးရင်း ပြောလိုက်သည်။

"ခေါက်ထုံတောင်က ကျန်ရှန်းဘိုးဘေးနဲ့ ထျန်းခွေတာအိုဆရာတို့ရဲ့ တိုက်ပွဲက လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မအမြင်အရတော့ လီတာအိုမိတ်ဆွေ ဟော့ထုံတောင် လျှို့ဝှက်နယ်မြေထဲမှာ လုပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး လျော့နည်းပါသေးတယ်။"

လီယန်ချူက ပြုံးလိုက်သည်။

"ပြောပလောက်တာ မဟုတ်ပါဘူး။"

အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။

"တာအိုမိတ်ဆွေက အခုအချိန်မှာ ခေါင်ထုံတောင်ကို လာရတာ ဘာကိစ္စရှိလို့လဲဟင် အကယ်၍ ကျွန်မ ကူညီနိုင်တာရှိရင် အင်တင်တင် လုပ်မနေပါဘူး "

လီယန်ချူက အနည်းငယ် တွေးတောလိုက်ပြီးနောက် တိုက်ရိုက်ပင် အမှန်အတိုင်း ပြောလိုက်သည်။

"ကျုပ် ဒီနေရာကို လာတာက ကျန်ရှန်းမိစ္ဆာအိုကြီးရဲ့ ဂူဗိမာန်ကို ရှာပြီး ရတနာအချို့ သွားနှိုက်မလို့ပါ။"

အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ဆွံ့အသွားပြီးနောက် သဘောကျစွာ ရယ်မောလိုက်တော့သည်။

"တာအိုမိတ်ဆွေက တကယ့်ကို ပွင့်လင်းရိုးသားတဲ့သူပဲ"

လီယန်ချူက မေးလိုက်သည်။

"တာအိုမိတ်ဆွေကရော ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"

အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးက တည်ငြိမ်စွာ ပြောပြသည်။

"ခေါင်ထုံတောင် အနီးအနားမှာ ကလေးငယ်တွေကို စားသုံးတတ်တဲ့ မိစ္ဆာဆိုးတစ်ခု သောင်းကျန်းနေခဲ့တယ်။ အဲဒီမိစ္ဆာကို သတ်ပစ်လိုက်တဲ့အချိန်တုန်းက သူက ကျန်ရှန်းဘိုးဘေးရဲ့ စေခိုင်းမှုကို ခံရတာလို့ ပြောသွားခဲ့တယ်။ ဒါကြောင့် အခြေအနေကို လာရောက် စုံစမ်းတာပါ။"

"ဒါပေမဲ့ မထင်မှတ်ဘဲ ကျန်ရှန်းဘိုးဘေးက ထျန်းခွေတာအိုဆရာရဲ့ လက်အောက်မှာ ရှုံးနိမ့်သွားခဲ့ပြီဆိုတော့ ဒီနေရာမှာ ခြေရာလက်ရာ အချို့ကို လာရှာကြည့်တာပါ။"

ကလေးငယ်တွေကို စားသုံးတတ်တယ် တဲ့... လီယန်ချူ မျက်မှောင်ကြုတ်မိသွားသည်။ ကျန်ရှန်းဘိုးဘေး အစောပိုင်းက ရွာထဲတွင် လုပ်ဆောင်ခဲ့သည်များကို တွေးမိပြီး အလွန်တရာ ရွံရှာစက်ဆုပ်မိသွားသည်။ သူက အနည်းငယ် တွေးတောလိုက်ပြီးနောက် ကျန်ရှန်းဘိုးဘေး၏ အဆုံးသတ်ကို ထုတ်မပြောဘဲ တည်ငြိမ်စွာ မေးလိုက်သည်။

"တာအိုမိတ်ဆွေက ကျန်ရှန်းဘိုးဘေးကို နိုင်ဖို့ ယုံကြည်ချက် ရှိလို့လား "

အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးက ပြုံးရင်း ဆိုသည်။

"အစောပိုင်းတုန်းက ဟော့ထုံတောင် လျှို့ဝှက်နယ်မြေထဲမှာ တာအိုမိတ်ဆွေရဲ့ ကယ်တင်မှုကို ခံခဲ့ရတာက ကျွန်မရဲ့ ပညာမပြည့်စုံသေးလို့ပါ။ အခုအချိန်မှာ ခေါင်ထုံတောင်ကို လာရဲတယ်ဆိုကတည်းက ကျွန်မမှာလည်း အားကိုးစရာ အချို့ ရှိနေလို့ပေါ့။"

လီယန်ချူက ခေါင်းညိတ်လိုက်သည်။ အဝါရောင်ဝတ်စုံဝတ် အမျိုးသမီး၏ စရိုက်က တည်ငြိမ်လှသော်လည်း ပြောလိုက်သည့် စကားများကမူ ရဲရင့်ပြတ်သားမှု အပြည့် ရှိနေသည်။

'တကယ့်ကို အပြိုင်အဆိုင် များလှတဲ့ ခေတ်ကြီးပဲ၊ ပါရမီရှင်တွေ အမြောက်အမြား ထွက်ပေါ်လာနေတာပဲ။' လီယန်ချူ စိတ်ထဲမှ ဆိုလိုက်မိသည်။

သူနှင့် အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ရေစက်ဆုံရုံမျှသာ ဖြစ်ပြီး ရင်းနှီးမှု အများကြီး မရှိသော်လည်း သူမ၏ အသက်ကို ကယ်တင်ခဲ့ဖူးသဖြင့် နှစ်ဦးသားကြားတွင် ကံကြမ္မာ ရေစက်အချို့ ရှိနေသည်။ သို့သော် ပြန်လည်ဆုံတွေ့ရသည့်တိုင် စကားအများကြီး မပြောဖြစ်ခဲ့ကြချေ။

လမ်းခွဲခါနီးတွင် လီယန်ချူက တည်ငြိမ်စွာ ပြောလိုက်သည်။

"အကယ်၍ ကျန်ရှန်းဘိုးဘေးကို လာရှာတာဆိုရင်တော့ တာအိုမိတ်ဆွေ အနေနဲ့ ဒီနေရာမှာ ဆက်နေဖို့ မလိုတော့ပါဘူး။"

အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးက အံ့သြတကြီး မေးလိုက်သည်။

"ဒါက ဘာဖြစ်လို့လဲဟင်"

လီယန်ချူက ပြောလိုက်သည်။

" ကျန်ရှန်းဘိုးဘေးကို ကျွန်တော် သတ်ပစ်လိုက်ပြီ၊ ဝိညာဉ်ပါ ပြာကျသွားခဲ့ပါပြီ။"

အဝါရောင်ဝတ်စုံဝတ် အမျိုးသမီး "............"

လီယန်ချူက အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး တိတ်တဆိတ် ထွက်ခွာလာခဲ့ကာ ချန်ရှန်းဘိုးဘေး ချန်ထားခဲ့သည့် ဂူဗိမာန်ကို ဆက်လက်ရှာဖွေနေခဲ့သည်။

အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်မှ ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။

"ဒီလိုလူမျိုးနဲ့ ခေတ်ပြိုင်တစ်ခုတည်းမှာ မွေးဖွားလာရတာ ကံကောင်းတာလား ကံဆိုးတာလား မသိတော့ဘူး "

ခဏအကြာတွင် သူမလည်း ထွက်ခွာသွားခဲ့သည်။ ကျန်ရှန်းဘိုးဘေး ဤနေရာတွင် မရှိတော့သဖြင့် သူမလည်း အခြားနေရာများသို့ ခရီးဆက်ရပေလိမ့်မည်။ သူမတွင်လည်း မိမိ၏ ကိုယ်ပိုင်တာအိုလမ်းစဉ် ရှိနေသည် မဟုတ်ပါလား။

........................

မကြာမီမှာပင် လီယန်ချူသည် ကျန်ရှန်းဘိုးဘေး၏ ဂူဗိမာန်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ဤ ကျန်ရှန်းဘိုးဘေး၏ ဂူဗိမာန်သည် မထင်မှတ်ဘဲ ခေါင်ထုံတောင်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေခြင်း ဖြစ်သည်။ သို့သော် ထိုအထဲတွင် ကျန်ရှန်းဘိုးဘေး စုဆောင်းထားသည့် ရတနာများ မရှိချေ။

မှောင်မည်းနေသော ဆေးဖော်မီးဖိုကြီး တစ်လုံးသာ ရှိနေပြီး ဤဆေးဖော်ဖိုကြီးပေါ်တွင် နာကျည်းမှု အရှိန်အဝါများ အလွန်ထူထပ်လှရာ လူသား မည်မျှများများ၏ အသားနှင့်အသွေးကို ကျိုချက်ခဲ့သည်မသိချေ။

လီယန်ချူသည် ရုတ်တရက် သတိရသွားသည်။ ထို ကျန်ရှန်းဘိုးဘေး အစောပိုင်းက ထျန်းခွေတာအိုဆရာကို ပေးခဲ့သည့် အနီရောင်ဆေးလုံးသည် ဖြစ်နိုင်သည်မှာ ဤမှောင်မည်းနေသော ဆေးဖော်ဖိုကြီးထဲတွင် ကျိုချက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"ကလေးငယ်တွေကို စားသုံးပြီး ရရှိလာတဲ့ သက်တမ်းရှည် ကျင့်စဉ်လမ်းစဉ်က ပိုင်ယန်တာအိုဆရာ နဲ့ တော်တော်လေး တူတာပဲ။"

လီယန်ချူက တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် ဂူဗိမာန်ထဲတွင် ရှာဖွေခဲ့သော်လည်း ရိုးရှင်းသော နေ့စဉ်သုံးပစ္စည်းများမှအပ အခြားဘာမျှ ရှာမတွေ့ခဲ့ချေ။ ထို့နောက်တွင်မူ လက်ဝါးတစ်ချက်ဖြင့် ကျန်ရှန်းဘိုးဘေး၏ ဂူဗိမာန်ကို ဖျက်ဆီးပစ်လိုက်ပြီး နတ်မီးတောက်များ ကို တဟုန်းဟုန်း လွှတ်ထုတ်ကာ ဤနေရာရှိ အရာအားလုံးကို ပြာအဖြစ်သို့ အရည်ကျိုပစ်လိုက်တော့သည်။

ဤနတ်မီးတောက်များအောက်တွင် ဤမှောင်မည်းနေသော ဆေးဖော်မီးဖိုကြီးသည်လည်း မပျက်စီးဘဲ မနေနိုင်တော့ချေ။ တောက်လောင်နေသော နတ်မီးတောက်များအောက်တွင် ၎င်းသည် သက်ရှိတစ်ခုကဲ့သို့ တကျိကျိ မြည်သံများ ထွက်ပေါ်လာပြီး ဆေးဖော်ဖိုပေါ်မှ မည်းနက်သော အရည်များ ဆက်တိုက်ဆိုသလို စီးကျလာရာ ကြည့်ရသည်မှာ အလွန်တရာ ရွံရှာဖွယ်ကောင်းလှသည်။ သို့သော် နောက်ဆုံးတွင် လီယန်ချူ၏ လက်ထဲ၌ လုံးဝဥဿုံ ပျက်စီးကွယ်ပျောက်သွားခဲ့ရရှာသည်။

"ကုသိုလ်မှတ် တစ်သောင်းလား"

လီယန်ချူသည် ရင်းနှီးနေသော ကောင်းကင်တာအို အာရုံခံစားမှုကို ရရှိလိုက်သဖြင့် မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။ ဤမှောင်မည်းနေသော ဆေးဖော်မီးဖိုကြီးသည် မထင်မှတ်ဘဲ သက်ရှိဝိညာဉ်တစ်ခု ဖြစ်နေပြီး သက်ရှိသတ္တဝါများစာရင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။ ဤအချက်ကိုတော့ သူ အနည်းငယ် အံ့အားသင့်သွားရပြီးနောက် တစ်ခုလုံးသော ဂူဗိမာန်ကို လုံးဝ ဖျက်ဆီးပစ်လိုက်တော့သည်။

ခေါင်ထုံတောင်မှ ထွက်ခွာလာပြီးနောက် သူသည် ပထမဆုံးအနေဖြင့် ကျင်းကွမ်းကျောင်းတော် သို့ တစ်ခေါက် သွားရောက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဝူရှဲ့ဘုန်းကြိး နှင့် ယွီရှု တို့ထံ သွားရောက်လည်ပတ်ခဲ့သည်။

လီယန်ချူက ဝူရှဲ့၏ စိတ်မိစ္ဆာကို နှိမ်နင်းပေးခဲ့ပြီးနောက် ဝူရှဲ့၏ စရိုက်သည် ပိုမို၍ ဆိတ်ငြိမ်ဆန်းကြယ်လာခဲ့ပြီး မျက်လုံးကိုမှိတ်ကာ စကားမပြောဘဲ နေသည့်အချိန်တွင်မူ လောကသို့ ကြွချီလာသည့် ရဟန္တာတစ်ပါးကဲ့သို့ပင် ဖြစ်နေသည်။

ဝူရှဲ့ရဟန်းသည် လီယန်ချူကို မြင်သောအခါ အလွန်ဝမ်းမြောက်သွားခဲ့သည်။

"မတွေ့ရတာ ကြာပြီနော်၊ လီတာအိုဆရာက အရင်အတိုင်း ခန့်ညားနေတုန်းပဲ။"

လီယန်ချူက ပြုံးလိုက်သည်။

"နဂါးပိတ်မျှော်စင် က လတ်တလောမှာ ထူးခြားမှု ရှိသေးလား"

ဝူရှဲ့က ခေါင်းကို ရမ်းလိုက်သည်။

"ဘာထူးခြားမှုမှ မရှိပါဘူး။ တာအိုမိတ်ဆွေ ထွက်ခွာသွားပြီးကတည်းက နဂါးပိတ်မျှော်စင်က လုံးဝဥဿုံ ဆိတ်ငြိမ်သွားခဲ့ပြီး အောက်ခြေက ဆန်းကြယ်တဲ့ အာကာသဟင်းလင်းပြင်လည်း ပျောက်ကွယ်သွားခဲ့ပါပြီ။"

လီယန်ချူက ခေါင်းကို အသာအယာ ညိတ်လိုက်ရင်း မေးလိုက်သည်။

"မင်းရဲ့ စိတ်မိစ္ဆာကရော ဘယ်လိုလဲ၊ ထပ်ပြီး ထဖောက်သေးလား "

ဝူရှဲ့က ပြုံးရင်း ဆိုသည်။

"စိတ်မိစ္ဆာဆိုတာ လူ့လောကက ရောဂါဝေဒနာမှ မဟုတ်တာ၊ ဘယ်လိုလုပ် ထဖောက်မှာလဲ"

လီယန်ချူလည်း ပြုံးလိုက်မိသည်။

ယွီရှုကိုယ်‌ေတာ်က ပြုံးရင်း ဆိုသည်။

"ကျင်းကွမ်းကျောင်းတော်က တာအိုမိတ်ဆွေကြောင့်သာ တည်တံ့နေနိုင်တာပါ။ လီတာအိုဆရာက ကျွန်တော်တို့ ကျင်းကွမ်းကျောင်းတော်ရဲ့ ထာဝရ အမွန်မြတ်ဆုံး ဧည့်သည်တော်ကြီး ဖြစ်ပါတယ်။"

လီယန်ချူက မျက်တောင်ခတ်လိုက်ရင်း မေးလိုက်သည်။

"ဆရာတော်ကြီး၊ တစ်ခုခု ကူညီပေးဖို့ တောင်းဆိုစရာ ရှိနေလို့ မဟုတ်ပါဘူးနော် "

ယွီရှုကိုယ်တော် က တည်ငြိမ်စွာ ဆိုသည်။

"အာ... အဲလို ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ ဆရာတော်က တကယ့်ကို စေတနာအစစ်အမှန်နဲ့ ပြောတာပါ။"

ဝူရှဲ့ရဟန်း၏ လက်ထဲရှိ ပုတီးစေ့တစ်ကုံးမှာ ထိုစဉ်က ကျင်းကွမ်းကျောင်းတော်ထဲတွင် ရုတ်တရက် ပျံသန်းသွားပြီး ယွန်းနျန်း ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည့် လက်ပတ်ပုတီးစေ့ ဖြစ်ပြီး ပြင်းထန်လှသော ဗုဒ္ဓအလင်းတန်းများ ပါဝင်နေသည်။ အခုအခါ ဝူရှဲ့က ၎င်းကို မိမိ၏ပိုင်ဆိုင်မှုအဖြစ် သန့်စင်ပြီး ဖြစ်ရာ ဝူရှဲ့၏ ကျင့်စဉ်အဆင့်အတန်းသည်လည်း ဒုန်းစိုင်းကာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ယွီရှုကိုယ်တော် မှာ ပြုံး၍ မဆုံးနိုင်အောင် ဖြစ်နေရသည်။ ဝူရှဲ့၏ ကျင့်စဉ်အဆင့်အတန်းသည် ဘိုးဘေးများကို ကျော်လွန်သွားနိုင်ပြီး ဗုဒ္ဓဘာသာ၏ လောကခေါင်းဆောင် ရဟန္တာတစ်ပါး ဖြစ်လာရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။

ထို့ကြောင့် လီယန်ချူအပေါ် ထားရှိသည့် ကျေးဇူးတင်ရှိမှုမှာလည်း စေတနာအစစ်အမှန်မှ လာခြင်း ဖြစ်ပေတော့သည်။

အခန်း (၉၇၄) ချွန်းယန်တာအိုလမ်းစဉ်၊ ကံကြမ္မာစက္ကူချပ်နှင့် မင်းနောက်တစ်ကြိမ်ပါလား

လီယန်ချူသည် ကျင်းကွမ်းကျောင်းတော်မှ ထွက်ခွာလာပြီးနောက် ယွန်းနျန်း ကို သွားရောက်ရှာဖွေခဲ့သည်။ ယွန်းနျန်း သည် ထိုမြက်ပင်သက်ငယ်မိုးထားသော တဲအိမ်လေးထဲတွင် ယခင်အတိုင်း ဆက်လက်နေထိုင်နေဆဲ ဖြစ်သည်။

သူမသည် အပြာရောင် ပိတ်သားအင်္ကျီနှင့် လုံချည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို အနောက်တွင် ကျနစွာ ထုံးဖွဲ့ထားကာ ရိုးရှင်းအေးချမ်းသည့် အလှတရားတစ်ခုကို ပိုင်ဆိုင်ထားသည်။ တဲအိမ်လေး၏ ဘေးပတ်ပတ်လည်တွင် ကြက်အုပ်တစ်အုပ်ကို မွေးမြူထားပြီး ယခုအချိန်၌ သူမသည် ကြက်စာကျွေးနေခြင်း ဖြစ်သည်။

နေရောင်ခြည်သည် ယွန်းနျန်း ၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး သူမ၏ အသားအရေမှာ သွေးကြောလေးများ မြင်ရလုနီးပါး နူးညံ့ဖြူစင်လှသည်။ အပြာရောင် ပိတ်သားဝတ်စုံသည် သူမ၏ ကောက်ကြောင်းအလှကို ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ သူမကို ပိုမို၍ ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိစေသည်။

သူမသည် ခန္ဓာကိုယ်ကို အသာအယာ ငုံ့လိုက်ရာ သွယ်လျသော ခါးလေး၏ အောက်ဘက်တွင် လုံးဝန်းအိစက်နေသော တင်ပါးကောက်ကြောင်းတို့က ပေါ်လွင်နေတော့သည်။

ယခုအချိန်မှာ ကိုးလပိုင်းသို့ ရောက်ရှိနေပြီဖြစ်၍ ရာသီဥတုက တဖြည်းဖြည်း အေးစိမ့်လာပြီ ဖြစ်သော်လည်း ယွန်းနျန်း မှာမူ ခြေသလုံးတစ်ဝက်ကို ဖော်ထားပြီး စင်ကြယ်ဖြူဖွေးသော ခြေအိတ်တစ်စုံကို ဝတ်ဆင်ထားသည်။ ကြည့်ရသည်မှာ အောက်ခြေအထိ ထိုးထွင်းမြင်ရသည့် တောင်ကျစမ်းရေကြည်တစ်တွင်းကဲ့သို့ပင်။

ခြံစည်းရိုးအပြင်ဘက်တွင် ခန့်ညားထည်ဝါပြီး ရုပ်ရည်ချောမောလှသော တာအိုဆရာလေး တစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသောအခါ ယွန်းနျန်း သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

"ရှင် ရောက်လာပြီပဲ"

လီယန်ချူက ပြုံးလိုက်ရင်း ဆိုသည်။

"ဒီလောက်တောင် စိတ်အေးလက်အေး ရှိလှချေလား၊ ကြက်တွေတောင် မွေးနေတယ်ပေါ့လေ"

ယွန်းနျန်း ၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး ပြုံး၍ ပြန်ပြောလိုက်သည်။

"ဘာမှလုပ်စရာမရှိဘဲ ပျင်းနေတာနဲ့ ဒီတိုင်း ကြက်တွေကို ကစားနေတာပါ"

လီယန်ချူက အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။

"မင်းပြောတဲ့ စကားက သိပ်ပြီး ယဉ်ကျေးမှု မရှိသလိုပဲနော်"

ယွန်းနျန်းက "အာ" ဟု တစ်ချက်အော်လိုက်ပြီး ဘာကိုဆိုလိုမှန်း သေချာနားမလည်ဘဲ ဖြစ်သွားရသည်။ ယွန်းနျန်းသည် မူလက စင်ကြယ်သန့်စင်သော သစ်ပင်ပန်းမန်ဝိညာဉ် မျှသာ ဖြစ်သည်။ လွန်ခဲ့သောတစ်ခေါက်က လီယန်ချူ ရောက်လာစဉ် ေလျှို့ဝှက်နယ်မြေ ထဲမှ ရရှိခဲ့သည့် ဖန်ရှန်းနတ်သမီး၏ တောင်တန်းကျောက်ကျောက်စိမ်းရတနာကို သူမအား လက်ဆောင်ပေးခဲ့ဖူးသည်။ ယွန်းနျန်းသည် ထိုအရာကို သန့်စင်ပြီးနောက် ကျင့်စဉ်အဆင့်အတန်း တဟုန်ထိုး တိုးတက်လာခဲ့ရာ ယခုအခါတွင်မူ နတ်ဘုရားအငွေ့အသက်များ လွင့်ပျံမနေတော့ဘဲ လူသားဆန်သော အလှတရားများ ပိုမို စိမ့်ဝင်နေခြင်း ဖြစ်သည်။

လီယန်ချူက မေးလိုက်သည်။

"ဒီမှာ နေရတာ အဆင်ပြေရဲ့လား၊ ဘေးပတ်ပတ်လည်မှာ သောင်းကျန်းတဲ့ မိစ္ဆာတွေ ဘာတွေ ရှိသေးလား"

ယွန်းနျန်း က ခေါင်းကို ရမ်းလိုက်ပြီး ရိုးသားအေးစက်စွာ ပြောလိုက်သည်။

"ဘယ်လိုရှိရမှာလဲ၊ ဒီနေရာမှာ ကျင့်ကြံလာတာ နှစ်ပေါင်းရာနဲ့ချီနေပြီလေ။ ဘေးပတ်ပတ်လည်မှာလည်း ဘာမိစ္ဆာမှ သောင်းကျန်းတာ မရှိပါဘူး"

လီယန်ချူက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

ယွန်းနျန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ဆိုသည်။

"ဒါပေမဲ့ လတ်တလောမှာ ဒီအနီးအနားက တောင်ပေါ်မှာ ဘာသာရေးအဖွဲ့အစည်းအသစ်တစ်ခု ထွက်ပေါ်လာတယ်"

လီယန်ချူက မျက်ခုံးပင့်ရင်း မေးလိုက်သည်။

"ဘာအဖွဲ့အစည်းလဲ"

ယွန်းနျန်း က အသံတိုးတက်လေးဖြင့် ပြောပြသည်။

" ချွန်းယန်တာအိုလမ်းစဉ် လို့ ခေါ်တယ်။ ချွန်းယန်တာအိုလမ်းစဉ်ရဲ့ အဆောင်က ရောဂါဝေဒနာတွေကို ပျောက်ကင်းစေနိုင်တယ်လို့ လူပြောများနေကြပြီး အခုဆို တောင်ပေါ်ရွာ တော်တော်များများက စပြီး ယုံကြည်ကိုးကွယ်နေကြပြီ"

လီယန်ချူက ခေါင်းညိတ်လိုက်သည်။

"မကောင်းမှုတွေ ဘာတွေ လုပ်နေကြလဲ"

ယွန်းနျန်းက အတန်ငယ် တွေးတောလိုက်ပြီးနောက် ညင်သာစွာ ဆိုသည်။

"မကောင်းမှု လုပ်တာတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ အဲဒီ အဆောင်ရဲ့ အာနိသင်က မယုံနိုင်လောက်အောင်ကို ကောင်းလွန်းနေတယ်။ ကျွန်မ တိတ်တဆိတ်နဲ့ အဆောင်တစ်ချပ်ကို ယူပြီး စစ်ဆေးကြည့်တာတောင် အထဲက လျှို့ဝှက်ချက်ကို ထိုးထွင်းမမြင်နိုင်ဘူး ဖြစ်နေတယ်"

လီယန်ချူက မျက်ခုံးပင့်လိုက်သည်။

"အဲဒီ အဆောင်က ရှိသေးလား"

ယွန်းနျန်းက ခေါင်းညိတ်လိုက်ပြီး လက်ဝါးကို လှန်လိုက်ရာ အဝါရောင် အ‌ဆောင် တစ်ချပ် ထွက်ပေါ်လာသဖြင့် လီယန်ချူထံသို့ ကမ်းပေးလိုက်သည်။ လီယန်ချူက လှမ်းယူလိုက်ပြီး ခေတ္တမျှ သေချာစွာ စိစစ်ကြည့်ရှုလိုက်ကာ ဝိညာဥ်မျက်စိ ကျင့်စဉ်ကိုပါ ထုတ်ဖော်ကြည့်သော်လည်း မည်သည့် ပြဿနာမျှ ရှာမတွေ့ခဲ့ချေ။

သို့သော် ဤကဲ့သို့ ဘာမျှ ရှာမတွေ့ခြင်းကပင် သူ့ကို ပို၍ ထူးဆန်းသွားစေသည်။

"ဒါက သာမန် အဆောင်တစ်ခုပဲ၊ ရောဂါပျောက်ကင်းစေနိုင်တဲ့ အာနိသင် မရှိသင့်ဘူး"

ယွန်းနျန်း၏ အာရုံခံနိုင်စွမ်းမှာ အလွန်တရာ ထက်မြက်လှပြီး ယခင်က ရှစ်ခွင်မှန်ထက်ပင် ပိုမို အစွမ်းထက်လှသည်။ လီယန်ချူသည် အနည်းငယ် တွေးတောလိုက်ပြီးနောက် မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ စိတ်ကြည်လင်ကျောက်စိမ်းပြား ကို လှုံ့ဆော်လိုက်တော့သည်။

စိတ်ကြည်လင် ကျောက်စိမ်းမှ နတ်ဘုရားအလင်းတန်းများ တဖျတ်ဖျတ် တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နတ်ဘုရားတစ်ပါးကဲ့သို့ ဝေဝါးဆန်းကြယ်သွားစေသည်။ ခဏအကြာတွင် လီယန်ချူက တန်ခိုးကျင့်စဉ်ကို ပြန်သိမ်းလိုက်ပြီး သက်ပြင်းအသာချရင်း ဆိုလိုက်သည်။

"ဒီအပေါ်မှာ နတ်ပညာတစ်ခုခုကို ပေါင်းစပ်ထည့်သွင်းထားပုံရတယ်။ မသဲမကွဲနဲ့ ကံကြမ္မာအကျိုးပေးစွမ်းအင် တွေ ရှိနေတယ်"

ယွန်းနျန်းက ထိုစကားကို ကြားသောအခါ အံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။

"ကံကြမ္မာအကျိုးပေးစွမ်းအင် ဟုတ်လား"

လီယန်ချူက ခေါင်းညိတ်လိုက်သည်။ 'လောကယင်ယန်တံဆိပ်တော်' သည် ကံကြမ္မာအကျိုးပေးစွမ်းအင်ကို ချိတ်ဆက်နိုင်ပြီး လူသားများ၏ ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာကြိုးမျှင်များကိုပါ ထင်ရှားစေနိုင်သည်။ သို့သော် ဤရတနာမှာ အလွန်တရာ ဆန်းကြယ်လွန်းလှပြီး ဆိုင်ရှင်မ က နတ်ဘုရားများကို သွားရောက်ရှာဖွေရန် ပင်လယ်ပြင်သို့ မထွက်ခွာမီက ချန်ထားခဲ့ခြင်း ဖြစ်သည်။ လီယန်ချူသည်လည်း တစ်ခါမျှ မသုံးဖူးဘဲ သိုလှောင်အိတ် ထဲတွင်သာ ဒီတိုင်း ပစ်ထားခဲ့ခြင်း ဖြစ်သည်။

လီယန်ချူသည် အတန်ငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်သွားသည်။ သာမန် အဆောင်တစ်ချပ်မျှသာ ဖြစ်ပြီး ဘာကြောင့် ကံကြမ္မာအကျိုးပေးစွမ်းအင်ကို ထည့်သွင်းထားရသနည်း။ သူက ခေါင်းကိုမော့ကာ ယွန်းနျန်း ကို ကြည့်ရင်း မေးလိုက်သည်။

" ချွန်းယန်တာအိုလမ်းစဉ်ရဲ့ နယ်ပယ်က ဘယ်နားမှာလဲ၊ ကျုပ် သွားပြီး ကြည့်ချင်လို့"

ယွန်းနျန်း က ဆိုသည်။

"ဘေးပတ်ပတ်လည်က တောင်ပေါ်ရွာ ဆယ်ရွာကျော်မှာ ချွန်းယန်တာအိုလမ်းစဉ်က တရားဟောနေကြတယ်။ ကျွန်မ လမ်းပြပေးမယ်"

လီယန်ချူက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ချန်ကျန်းရွာ...

ဤနေရာသည် အလွန်တရာ ဝေးလံခေါင်သီသော တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်သော်လည်း ကြီးမားလှသော တောင်တန်းကြီးကို မှီခိုနေရသဖြင့် လူနေမှုဘဝကမူ အလွန်အမင်း ဆင်းရဲကျပ်တည်းခြင်း မရှိချေ။ တောင်ကိုမှီ၍ တောင်ထွက်ပစ္စည်းကို စားသုံးပြီး ရေကိုမှီ၍ ရေထွက်ပစ္စည်းကို စားသုံးကြသည် မဟုတ်ပါလား။

ချန်ကျန်းရွာတွင် အိမ်ခြေ တစ်ရာ့ခုနစ်ဆယ်ကျော်ခန့် ရှိပြီး ရွာထဲရှိ အမျိုးသား အများစုမှာ တောင်ပေါ်မှ မုဆိုးများ ဖြစ်ကြသည်။ တောင်ပေါ်မှ ဆေးဝါးများ၊ သားရေများနှင့် တောရိုင်းတိရစ္ဆာန်များကို ရောင်းချရုံမျှဖြင့် သူတို့၏ လူနေမှုဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်သည်။

ချန်တာဟုသည် မူလက သန်မာထွားကျိုင်းပြီး ရွာထဲတွင် အတော်ဆုံး မုဆိုးတစ်ဦး ဖြစ်သည်။ သူသည် အိမ်ထောင်ပြု၍ သားသမီးရပြီးနောက် တစ်နေ့တွင် တောင်ပေါ်သို့ ဆေးမြစ် သွားရောက်တူးဖော်စဉ် မတော်တဆ လိမ့်ကျခဲ့သဖြင့် ခြေထောက်တစ်ဖက် ကျိုးသွားခဲ့ရသည်။ ထိုအချိန်မှစ၍ ချန်တာဟု၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အားနည်းပိန်ချုံးလာခဲ့ပြီး လူနေမှုဘဝကလည်း အလွန်တရာ ဆင်းရဲကျပ်တည်းသွားခဲ့ရသည်။

ပို၍ ကံဆိုးသည်မှာ အိမ်ရှိ ကလေးငယ်မှာလည်း ပြင်းထန်သော ရောဂါဝေဒနာတစ်ခု ခံစားရပြီး အဖျားက လုံးဝမကျဘဲ ပါးစပ်မှလည်း ယောင်ယမ်းကာ အဓိပ္ပာယ်မရှိသော စကားများကို အမြဲ ပြောဆိုနေခြင်း ဖြစ်သည်။ တစ်ခါတရံ သတိပြန်လည်လာသည့်တိုင် မျက်ဝန်းများမှာ ကြောင်တောင်တောင် ဖြစ်နေသဖြင့် ချန်တာဟု ဇနီးမောင်နှံနှစ်ဦးမှာ အလွန်တရာ ထိတ်လန့်ချောက်ချားနေကြရသည်။

သမားတော်များကို ပင့်ဖိတ်၍ ကုသသော်လည်း ဘာမျှ အကျိုးမထူးခဲ့ချေ။ နောက်ပိုင်းတွင် ဘေးပတ်ပတ်လည်ရှိ တောင်ပေါ်၌ ချွန်းယန်တာအိုလမ်းစဉ်က တရားဟောနေသည်ကို ကြားသိရသဖြင့် ချွန်းယန်တာအိုလမ်းစဉ်မှ ဆရာတစ်ဦးထံတွင် အဆောင်တစ်ချပ်ကို သွားရောက်တောင်းခံခဲ့သည်။ ထူးဆန်းသည်မှာ ထို အဆောင်ကို ရေဖျော်၍ တိုက်ကျွေးပြီးနောက် သားဖြစ်သူ၏ ရောဂါမှာ ချက်ချင်းပင် ပျောက်ကင်းသွားခဲ့သည်။ အဖျားများ ကျသွားပြီး မျက်ဝန်းများမှာလည်း ပုံမှန်အတိုင်း ပြန်လည် ထက်မြက်လင်းလက်လာခဲ့သည်။

သို့သော် ခုနစ်ရက်ခန့် အကြာတွင်မူ...

ချန်တာဟု အိမ်သို့ ပြန်ရောက်လာသည့်အချိန်၌ မိမိ၏ သားဖြစ်သူမှာ နောက်တစ်ကြိမ် အဖျားများ တက်လာပြီး သတိလစ်နေပြန်သည်ကို တွေ့လိုက်ရသည်။ ယခုအကြိမ်မှာ ယခင်အကြိမ်ထက် ပို၍ ကြောက်စရာကောင်းလှသည်။ ပါးစပ်မှ ယောင်ယမ်းနေရုံမျှမကဘဲ တစ်ခါတရံတွင် အဘိုးအိုတစ်ဦး၏ အသံမျိုးကိုပါ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ချန်တာဟုသည် ပျာပျာသလဲဖြင့် ချွန်းယန်တာအိုလမ်းစဉ်သို့ နောက်ထပ်တစ်ကြိမ် သွားရောက်ကာ အဆောင်တစ်ချပ်ကို ထပ်မံတောင်းခံခဲ့သည်။ သူသည် အိမ်သို့ ပြန်ရောက်လာပြီးနောက် သားဖြစ်သူအား အဆောင်ကို မီးရှို့၍ တိုက်ကျွေးရန် ပြင်လိုက်စဉ်...

"နေဦး"

သူ၏ နောက်ကျောဘက်မှနေ၍ ရုတ်တရက် သာယာကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ချန်တာဟု လှည့်ကြည့်လိုက်ရာ ရုပ်ရည်ချောမောလှပသော တာအိုဆရာလေးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရပြီး သူ၏ဘေးတွင် နတ်သမီးတစ်ပါးကဲ့သို့ အပြာရောင် ပိတ်သားဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ပါလာခဲ့သည်။ သူမ၏ စရိုက်မှာ ရေကန်ထဲမှ ကြာပန်းတစ်ပွင့်ကဲ့သို့ စင်ကြယ်လှသည်။

ချန်တာဟုသည် သားဖြစ်သူ၏ ရောဂါကို စိတ်ပူနေသဖြင့် ပျာပျာသလဲဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

တာအိုလမ်းစဉ်မှ ဆရာများ ဝတ်ဆင်ထားသည်မှာ အမည်းရောင်နှင့် အဖြူရောင် ရောယှက်ထားသော တာအိုဝတ်စုံများ ဖြစ်ကြသည်။ သို့သော် ဤငယ်ရွယ်သော တာအိုဆရာလေးမှာမူ အပြာရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ပုံစံမှာလည်း အလွန်တရာ ရိုးရှင်းလှသည်။

ငယ်ရွယ်သော တာအိုဆရာလေးက တည်ငြိမ်စွာ ဆိုသည်။

"ဒီ အဆောင်ကို နောက်ထပ်တစ်ကြိမ် ထပ်တိုက်လိုက်မယ်ဆိုရင် မင်းရဲ့ သားက တကယ်ပဲ အသက်ဘေးကနေ လွတ်တော့မှာ မဟုတ်ဘူး"

ချန်တာဟုက မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါ့သားက အဖျားတွေတက်ပြီး သတိလစ်နေတာ။ ဒါက ငါ အခုတင် ချွန်းယန်တာအိုလမ်းစဥ်ကနေ သွားတောင်းလာတဲ့ အဆောင်ပဲ"

ဤငယ်ရွယ်သော တာအိုဆရာလေး၏ စရိုက်က တည်ငြိမ်အေးဆေးပြီး သာမန်ထက် ထူးကဲလှသော်လည်း ချန်တာဟုမှာမူ သားဖြစ်သူ၏ ရောဂါအခြေအနေကို စိုးရိမ်စိတ်လွန်ကဲနေသဖြင့် စကားပြောဆိုရာတွင် အလွန်တရာ ရိုင်းစိုင်းခက်ထန်နေခြင်း ဖြစ်သည်။

ငယ်ရွယ်သော တာအိုဆရာလေးက ခေါင်းကို ရမ်းလိုက်သည်။

"သူ့ရောဂါကို ငါ ကုပေးနိုင်တယ်။ ဒါပေမဲ့ ဒီအ‌ေဆာင်ကိုတော့ ထပ်ပြီး မသုံးရတော့ဘူး။ အဆောင်က သူ့ရဲ့ သက်တမ်း ကို စုပ်ယူဖျက်ဆီးနေတာ"

ချန်တာဟုသည် ဘာကိုဆိုလိုမှန်း သေသေချာချာ နားမလည်သော်လည်း ငယ်ရွယ်သော တာအိုဆရာလေးက မိမိ၏ သားဖြစ်သူကို ကယ်တင်နိုင်သည်ဟူသော စကားကိုမူ သဲသဲကွဲကွဲ ကြားလိုက်ရသည်။ ဤငယ်ရွယ်သော တာအိုဆရာလေးမှာ ဤနေရာသို့ ရောက်ရှိလာသည့် လီယန်ချူပင် ဖြစ်သည်။ သူက အနည်းငယ် စုံစမ်းစစ်ဆေးကြည့်လိုက်ရုံဖြင့် အထဲမှ လျှို့ဝှက်ချက်ကို သဘောပေါက်သွားခြင်း ဖြစ်သည်။

ချန်တာဟု၏ မျက်နှာပေါ်တွင် သံသယနှင့် ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်ကို မြင်သော်လည်း လီယန်ချူက ဂရုစိုက်မနေတော့ချေ။ သူက အရှေ့သို့ လျှောက်လှမ်းသွားပြီးနောက် ခပ်အေးအေး အော်ဟစ်လိုက်သည်။

"လူသားရဲ့ အသက်စွမ်းအင် ကို စုပ်ယူရဲတယ်ပေါ့လေ၊ သတ္တိကတော့ မသေးဘူး။ ငါ့ရှေ့ကနေ ချက်ချင်း ထွက်ခဲ့စမ်း"

စကားဆုံးသည်နှင့် တပြိုင်နက် ချန်တာဟုသည် မိမိ၏ ဘေးပတ်ပတ်လည်တွင် ဆောင်းလေညင်းများ တိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားရသည်။ ထို့နောက်တွင်မူ သူသည် အရုပ်ဆိုး အကျည်းတန်လှသော သရဲလေးတစ်ကောင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး တုန်တုန်ရင်ရင်ဖြင့် ရှိခိုးနေသည်ကို မြင်လိုက်ရတော့သည်။

ဤသရဲလေးမှာ ခေါင်းက အလွန်တရာ ကြီးမားသော်လည်း ခန္ဓာကိုယ်ကမူ ပိန်လှီလှပြီး ခြေလက်များမှာလည်း အလွန်တရာ ဆန်းကြယ်ထူးဆန်းလှသည်။

သာမန်လူသားများအနေဖြင့် သရဲကို မမြင်တွေ့နိုင်သော်လည်း ချန်တာဟုမှာမူ နှစ်ရှည်လများ ရောဂါအိပ်ရာထဲ လဲနေခဲ့သဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ယန်စွမ်းအင် များက အားနည်းနေပြီး သရဲလေး၏ ခန္ဓာကိုယ်ပေါ်ရှိ ယင်စွမ်းအင် များက အလွန်တရာ ထူထပ်လှသဖြင့် ပုံရိပ်ကို ထင်ရှားစွာ မြင်တွေ့နိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤသရဲလေးမှာ မိမိ၏ သားဖြစ်သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ကို သူ အထင်အရှား မြင်တွေ့လိုက်ရတော့သည်။ ချန်တာဟုသည် တစ်ကိုယ်လုံး ခြေဖျားလက်ဖျားများ အေးစက်သွားပြီး ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ထိတ်လန့်ချောက်ချားမှုများ ပြည့်နှက်သွားရသည်။

သရဲလေးသည် လီယန်ချူ၏ အော်ဟစ်သံအောက်တွင် ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ မောင်းထုတ်ခြင်း ခံလိုက်ရပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မရပ်မနား ဦးချရင်း တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်နေရှာသည်။

လီယန်ချူက အေးစက်စွာ မေးလိုက်သည်။

"မင်းကို ချွန်းယန်တာအိုလမ်းစဉ်က တာအိုဆရာတွေ စေခိုင်းတာလား"

သရဲလေး၏ အသံမှာ အလွန်တရာ စူးရှစူးရှ ဖြစ်နေပြီး ပျာပျာသလဲဖြင့် ပြန်ပြောလိုက်သည်။

"ဆရာကြီး... အသက်ချမ်းသာပေးပါဗျာ။ ချွန်းယန်တာအိုလမ်းစဉ်က ဆရာက ကျွန်တော့်ကို ဒီကလေးရဲ့ အသက်စွမ်းအင်ကို စုပ်ယူဖို့ စေခိုင်းခဲ့တာပါ"

ချန်တာဟုသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး မျက်နှာတွင် ဒေါသရိပ်များ ပြည့်နှက်သွားတော့သည်။

"ဘာဖြစ်လို့လဲ"

မိမိ၏ သားအရင်းနှင့် ပတ်သက်လာပြီ ဖြစ်ရာ တစ်ဖက်လူမှာ သရဲတစ်ကောင် ဖြစ်နေသော်လည်း ချန်တာဟုသည် ကြီးမားသော ဒေါသတရားများကို ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ သရဲလေးမှာ တုန်တုန်ရီရီ ဖြစ်နေပြီး လီယန်ချူ၏ ရှေ့မှောက်တွင်မူ တစ်ဖက်လူက လေတစ်ချက် မှုတ်ထုတ်လိုက်ရုံမျှဖြင့် မိမိ၏ ဝိညာဉ်ကို လွင့်စင်ပျက်စီးသွားစေနိုင်သည်ဟု ခံစားနေရသည်။ သူက ပျာပျာသလဲဖြင့် ဆိုသည်။

"ဘာဖြစ်လို့လဲဆိုတာ ကျွန်တော်လည်း သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ ချွန်းယန်တာအိုလမ်းစဉ်က နတ်ဆရာက ကျွန်တော်တို့ကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း ထွက်ပြီး လူတွေရဲ့ အသက်စွမ်းအင်ကို စုပ်ယူဖို့ စေခိုင်းထားတာပါ"

လီယန်ချူ၏ မျက်နှာမှာ အလွန်တရာ တည်ကြည်အေးစက်နေပြီး စိတ်အာရုံစွမ်းအား ကို ဖြန့်ကျက်လိုက်ရာ အနီးအနားရှိ ချွန်းယန်တာအိုလမ်းစဉ်မှ တာအိုဆရာ၏ ခြေရာလက်ရာကို ချက်ချင်း ရှာဖွေတွေ့ရှိသွားသည်။ ၎င်းမှာ အသက်နှစ်ဆယ်ကျော်ခန့် ရှိသည့် လူငယ်တစ်ဦး ဖြစ်ပြီး ရုပ်ရည်က အလွန်တရာ အရုပ်ဆိုးကာ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး မျက်ခုံးမွှေးများမှာလည်း ရှုပ်ပွနေကာ ခန္ဓာကိုယ်ကမူ သန်မာထွားကျိုင်းလှသည်။

ယခုအချိန်၌ သူသည် အုတ်နီခဲများဖြင့် ဆောက်လုပ်ထားသည့် လှပခမ်းနားသော အိမ်ကြီးတစ်အိမ်ထဲတွင် ရှိနေခြင်း ဖြစ်သည်။ သူ၏ ရှေ့တွင်မူ အသက် တစ်ဆယ့်ခုနစ်နှစ်၊ တစ်ဆယ့်ရှစ်နှစ်ခန့် ရှိသည့် ကြောက်ကြောက်လန့်လန့် ဖြစ်နေသော အမျိုးသမီးငယ်တစ်ဦး ရှိနေပြီး သူမသည် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်။

အမျိုးသမီးငယ်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။

"နတ်ဆရာကြီး... ကျွန်မရဲ့ လင်ယောက်ျားကို ကယ်တင်ပေးပါဦးရှင်"

ချွန်းယန်တာအိုလမ်းစဉ်မှ ဤလူငယ်တာအိုဆရာက ခပ်အေးအေး ပြောလိုက်သည်။

"တကယ့်ကို တိုက်ဆိုင်တာပဲ၊ ဒီနေ့အတွက် အဆောင်ကို ချန်တာဟုက သူ့သားကို ကယ်ဖို့အတွက် ယူသွားပြီလေ။ မင်းရဲ့ လင်ယောက်ျား ရောဂါကတော့ မနက်ဖြန်အထိ ဆက်ပြီး စောင့်ရုံပဲ ရှိတော့တယ်"

ထိုအမျိုးသမီးငယ်မှာ ကိုးကွယ်ရာမဲ့ ဖြစ်သွားပြီး ပျာပျာသလဲဖြင့် ဆိုသည်။

"ဒါ... ဒါဆိုရင် ဘယ်လိုလုပ်မလဲရှင်၊ ကျွန်မရဲ့ လင်ယောက်ျားက အဖျားတွေ အရမ်းတက်နေတာ၊ မနက်ဖြန်အထိဆိုရင် လူက အသက်မှီတော့မှာ မဟုတ်ဘူး"

ချွန်းယန်တာအိုလမ်းစဉ်မှ ဤလူငယ်တာအိုဆရာက ခပ်အေးအေး ထပ်ပြောလိုက်သည်။

"ဒါလည်း တတ်နိုင်ဘူးလေ၊ အစောပိုင်းက ချန်တာဟုရဲ့ သားကလည်း အဖျားတွေ အရမ်းတက်နေတာ။ လတ်တလောမှာ ဒီရောဂါက အလွန်တရာ ပြင်းထန်လွန်းတယ်"

အမျိုးသမီးငယ်သည် ခေါင်းငုံ့ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ လင်ယောက်ျား၏ ရောဂါကို တွေးမိပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များဖြင့် လှပစွာ စိုစွတ်နေရှာသည်။ ထိုစဉ် လူငယ်တာအိုဆရာက ခပ်ဖွဖွလေး ပြုံးလိုက်ရင်း ဆိုသည်။

"တကယ်တော့ အခြားနည်းလမ်းတစ်ခုတော့ ရှိပါသေးတယ်"

အမျိုးသမီးငယ်သည် ခေါင်းကိုမော့ကာ လူငယ်တာအိုဆရာကို ကြည့်လိုက်ပြီး မျက်ဝန်းများတွင် မျက်ရည်စများဖြင့် မေးလိုက်မိသည်။

"နတ်ဆရာကြီး... ဘာနည်းလမ်းရှိလို့လဲရှင်"

မျက်ခုံးမွှေးရှုပ်ပွနေသော လူငယ်တာအိုဆရာက ခပ်အေးအေး ပြောလိုက်သည်။

"ဒီနေ့အတွက် ဂိုဏ်းက ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အဆောင်က ကုန်သွားပြီ ဆိုပေမယ့် ငါကိုယ်တိုင်လည်း မန္တန်အတတ်ကို အနည်းငယ် ကျွမ်းကျင်တာပဲလေ။ ငါကိုယ်တိုင် အဆောင်တစ်ချပ် ရေးဆွဲပြီး မင်းရဲ့ လင်ယောက်ျား အသက်ကို ကယ်တင်ပေးလို့ရတယ်"

အမျိုးသမီးငယ်သည် ထိုစကားကို ကြားသောအခါ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။

"ဒီလိုဆိုရင်တော့... နတ်ဆရာကြီးအနေနဲ့ ကျွန်မရဲ့ လင်ယောက်ျား အသက်ကို ကယ်တင်ပေးဖို့ လက်နက်ထုတ်ဖော်ပေးပါဦးရှင်"

သူမသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး အကြိမ်ကြိမ် ဦးချတော့သည်။ ရုပ်ရည်အရုပ်ဆိုးပြီး မျက်ခုံးမွှေးရှုပ်ပွနေသော လူငယ်တာအိုဆရာသည် အိမ်ထောင်သည် အမျိုးသမီးငယ်ကို ဆွဲထူလိုက်ပြီး မျက်လုံးများက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဝှေ့ယမ်းကြည့်ရှုလိုက်ကာ နှုတ်ခမ်းထောင့်တွင် အကြံသမား အပြုံးတစ်ခု ပေါ်လွင်နေသည်။

သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း ဆိုသည်။

"မင်းအနေနဲ့ လောမကြီးပါနဲ့ဦး၊ ဒီမန္တန်ကို အတင်းအဓမ္မ လှုံ့ဆော်မယ်ဆိုရင် ငါ့ရဲ့ သက်တမ်း ဆယ်နှစ်ခန့် ယုတ်လျော့သွားလိမ့်မယ်။ အကယ်၍ လျှို့ဝှက်ကျင့်စဉ်နဲ့ ပြန်ပြီး မဖြည့်တင်းနိုင်ဘူးဆိုရင် နောက်နောင် ငါ့ရဲ့ ကျင့်စဉ်ကလည်း တိုးတက်တော့မှာ မဟုတ်ဘူး"

ဤအမျိုးသမီးငယ်မှာ အသက် တစ်ဆယ့်ခုနစ်နှစ်၊ တစ်ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေးပြီး ရုပ်ရည်ကလည်း လှပချောမောလှရာ ထိုစကားကို ကြားသောအခါ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်မိပြီး တစ်ခဏချင်းအတွင်း မည်သို့ တုံ့ပြန်ရမှန်း မသိဘဲ ဖြစ်သွားရရှာသည်။

လူငယ်တာအိုဆရာက သက်ပြင်း ထပ်မံချလိုက်ပြန်သည်။

"အကယ်၍ အမျိုးသမီးတစ်ဦးက ငါနဲ့အတူ နှစ်ကိုယ်အတူကျင့်ကြံခြင်းအတတ် ကို ကျင့်ကြံမယ်ဆိုရင်တော့ ဒီဆုံးရှုံးမှုကို ပြန်ပြီး ဖြည့်တင်းနိုင်လိမ့်မယ်။ မဟုတ်ရင်တော့ ငါက သက်တမ်းတိုရုံတင်မကဘဲ အသက်ဘေးပါ ကြုံရလိမ့်မယ်။ အား... ဒီကိစ္စကို ပြောရတာ တကယ့်ကို အားနာစရာကောင်းလှချေရဲ့"

အမျိုးသမီးငယ်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ သူမသည် ရိုးသားဖြူစင်သော အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်ရာ ဤကဲ့သို့သော ကိစ္စကို ကြားလိုက်ရသဖြင့် အလွန်တရာ အံ့အားသင့်သွားပြီး ရှိုက်ကြီးတငင် ဆက်လက်ငိုကြွေးနေရုံမျှသာ တတ်နိုင်ရှာသည်။ ရုပ်ရည်အရုပ်ဆိုးသော တာအိုဆရာသည် အနည်းငယ် စိတ်မရှည်ဖြစ်သွားပြီး အမျိုးသမီးငယ်အား တိုက်ရိုက်ပင် လေသံပြတ်ဖြင့် ပြောလိုက်တော့သည်။

"အကယ်၍ မင်းက ငါနဲ့အတူ အတူကျင့်ကြံခြင်းအတတ်ကို ကျင့်ကြံမယ်ဆိုရင် ငါက မင်းရဲ့ လင်ယောက်ျားကို ကယ်တင်ပေးမယ်၊ ဘယ်လိုလဲ"

ဤကဲ့သို့သော ငယ်ရွယ်သည့် အမျိုးသမီးများကို ကိုင်တွယ်ရာတွင် သူသည် အလွန်တရာ ကျွမ်းကျင်လှပြီး ခြိမ်းခြောက်ခြင်း၊ မြှူဆွယ်ခြင်း အမျိုးမျိုးကို အသုံးပြုလေ့ရှိသည်။

အမျိုးသမီးငယ်က မည်သို့ ပြန်လည်ဖြေကြားရမှန်း မသိသေးခင်မှာပင်...

ရုပ်ရည်အရုပ်ဆိုးသော လူငယ်တာအိုဆရာသည် တံခါးဝတွင် ရုတ်တရက် အမှောင်ထုတစ်ခု လွှမ်းခြုံသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုနေရာတွင် ခန့်ညားထည်ဝါပြီး ရုပ်ရည်ချောမောလှသော တာအိုဆရာလေးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်ခုံးမွှေးများမှာ ဓားကဲ့သို့ ထက်မြက်လှပြီး ရုပ်ရည်ကတော့ လောကတွင် ရှားမှရှားပေလိမ့်မည်။

ဤလူငယ်တာအိုဆရာသည် မိမိကိုယ်တိုင်က အလွန်တရာ အရုပ်ဆိုးလှသဖြင့် ဤကဲ့သို့ ချောမောလှပသော တာအိုဆရာကို မြင်လိုက်ရသောအခါ ရင်ထဲတွင် ချက်ချင်းပင် မနာလိုဝန်တိုမှုများနှင့် မုန်းတီးမှုများ ဖြစ်ပေါ်သွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

"မင်းက ဘယ်သူလဲ"

သို့သော် နောက်တစ်ခဏ၌ သူသည် နောက်ထပ် ဘာစကားမျှ မဆိုနိုင်တော့ချေ။ လီယန်ချူသည် လက်တစ်ဖက်ဖြင့် သူ၏ လည်ပင်းကို တိုက်ရိုက် ညှစ်ထားလိုက်ပြီး လှောင်ပြုံးပြုံးရင်း ဆိုလိုက်သည်။

"သရဲမွေးပြီး လူတွေကို ဒုက္ခပေးတယ်၊ ပြီးတော့ အဆောင်ကို သုံးပြီး မိမိရဲ့ ကာမရာဂစိတ်ကို ဖြည့်ဆည်းဖို့ ကြိုးစားနေတယ်ပေါ့လေ။ တာအိုဂိုဏ်းရဲ့ မျက်နှာကို မင်းတို့လို ကောင်တွေက လုံးဝ ဖျက်ဆီးပစ်နေတာပဲ"

တစ်ခဏချင်းအတွင်းမှာပင် ရုပ်ရည်အရုပ်ဆိုးသော လူငယ်တာအိုဆရာ၏ မျက်နှာတစ်ခုလုံး ညိုမည်းသွားပြီး ရေနစ်နေသူတစ်ဦးကဲ့သို့ ဖြစ်သွားရသည်။ လီယန်ချူက လက်ကို လွှတ်လိုက်ပြီး သူ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ပေါက်ပြဲနေသော ဂုန်နီအိတ်တစ်လုံးကဲ့သို့ ဝုန်းကနဲ ကျဆင်းသွားတော့သည်။

ထိုအမျိုးသမီးငယ်မှာ ဤကဲ့သို့သော ရုတ်တရက် အပြောင်းအလဲကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး နံရံထောင့်သို့ ဆုတ်ခွာသွားကာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားရှာသည်။ လီယန်ချူ၏ မျက်ဝန်းများက ဓားကဲ့သို့ ထက်မြက်နေပြီး ခပ်အေးအေး မေးလိုက်သည်။

"ဒီမန္တန်အတတ်ကို မင်းကို ဘယ်သူသင်ပေးတာလဲ"

ဤရုပ်ရည်အရုပ်ဆိုးသော လူငယ်တာအိုဆရာသည် ကြောက်ရွံ့ခြင်းမရှိဘဲ မြေပြင်မှ ရုတ်တရက် ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘယ်က ရောက်လာတဲ့ တာအိုဆရာအိုလဲ။ ငါ့ကိစ္စကို လာပြီး ဝင်စွက်ဖက်ရဲတယ်ပေါ့လေ၊ မင်း အသက်ရှင်ရတာ ပျင်းနေပြီ ထင်တယ်"

လီယန်ချူက လက်ကို မြှောက်လိုက်ရာ ထိုလူငယ်တာအိုဆရာ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ဆွဲထုတ်ခြင်း ခံလိုက်ရတော့သည်။ သူ၏ ဝိညာဉ်မှာ အလွန်တရာ အားနည်းလှပြီး စိတ်ဝိညာဉ်ကျင့်စဉ်ကိုလည်း ကျင့်ကြံထားခြင်း မရှိသဖြင့် ဝိညာဉ်ပုံစံဖြင့် ပြင်ပလောကရှိ ကောင်းကင်နှင့်မြေပြင်၏ သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသောအခါ ရင်ထဲတွင် ကြီးစွာသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်သွားပြီး လီယန်ချူကို ကြည့်ရင်း တုန်တုန်ရီရီ ဖြစ်နေတော့သည်။

လီယန်ချူသည် ဝိညာဉ်ဆွဲထုတ်ခြင် အတတ်ပညာကို ထုတ်ဖော်လိုက်သည်။ ဤသူ၏ ဝိညာဉ်မှာ အလွန်တရာ အားနည်းလွန်းလှသဖြင့် သူ၏ မှတ်ဉာဏ်အားလုံးကို တစ်ခဏချင်းအတွင်းမှာပင် လီယန်ချူက အကုန်အစင် သိရှိသွားတော့သည်။

ဤသူ၏အမည်မှာ ချန်ရှဲ ဟု ခေါ်ပြီး ချန်ကျန်းရွာမှ လေလွင့်သူ တစ်ဦး ဖြစ်ကာ လောင်းကစားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်သည်။ နောက်ပိုင်းတွင် ချွန်းယန်တာအိုလမ်းစဉ်သို့ ဝင်ရောက်ခဲ့ပြီး တစ်ခဏချင်းအတွင်းမှာပင် ချွန်းယန်တာအိုလမ်းစဉ်မှ နတ်ဆရာတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ဘေးပတ်ပတ်လည်တွင် အဆောင်များကို လှည့်လည်ရောင်းချရင်း ရွာသူရွာသားများကို ဒုက္ခပေးနေခြင်း ဖြစ်သည်။ ရိုးသားဖြူစင်သော အမျိုးသမီးငယ် အတော်များများမှာ သူ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်ကာ လူအနည်းငယ်မှာလည်း သူ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရပြီး ဖြစ်သည်။

ရုပ်ရည်အရုပ်ဆိုးသော လူငယ်တာအိုဆရာသည် လီယန်ချူ၏ နတ်ပညာကို မြင်တွေ့လိုက်ရသောအခါ ထိတ်လန့်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ချေ။ လီယန်ချူသည် သူ၏ ဝိညာဉ်ကို တိုက်ရိုက် လက်ဖြင့် ညှစ်ခြေပစ်လိုက်ရာ လုံးဝဥဿုံ ပျက်စီးကွယ်ပျောက်သွားတော့သည်။

ထိုအမျိုးသမီးငယ်သည် ချန်ရှဲ မြေပြင်ပေါ်သို့ လဲကျကာ တစ်ခဏချင်းအတွင်း အသက်ပျောက်သွားသည်ကို မြင်လိုက်ရသောအခါ ပိုမို၍ ကိုးကွယ်ရာမဲ့ ဖြစ်သွားရရှာသည်။ လီယန်ချူက ခေါင်းကို လှည့်ကာ ခပ်အေးအေး ပြောလိုက်သည်။

"ဒီလူက နတ်ဘုရားအမည်ကို အလွဲသုံးစားလုပ်ပြီး လူတွေရဲ့ စည်းစိမ်နဲ့ အသက်ကို ရန်ရှာနေတာမလို့ ငါက သူ့ကို သတ်ပစ်လိုက်ပြီ။ မင်း အိမ်ကို ပြန်လို့ရပြီ၊ မင်းရဲ့ လင်ယောက်ျား ရောဂါလည်း ပျောက်သွားပါပြီ"

ထိုအမျိုးသမီးငယ်မှာ ကြောက်လွန်းသဖြင့် ခြေဖျားလက်ဖျားများ တုန်ရီနေပြီး သံသယများ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ လီယန်ချူ ထွက်ခွာသွားပြီးနောက် အတော်ကြာမှ စိတ်ပြန်လည်လာပြီး အံကိုကြိတ်ကာ အိမ်သို့ အပြေးပြန်ခဲ့ရာ အဖျားတက်ပြီး သတိလစ်နေသော လင်ယောက်ျားမှာ သတိပြန်လည်လာပြီး ရောဂါတစ်ခါမျှ မဖြစ်ခဲ့ဖူးသလို ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်နေသည်ကို တွေ့လိုက်ရတော့သည်။ သူမသည် ခုနက ကြုံတွေ့ခဲ့ရသည်များကို တွေးမိပြီး လင်ယောက်ျားကို ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

လီယန်ချူနှင့် ယွန်းနျန်း တို့သည် အပြင်ဘက်တွင် လျှောက်လှမ်းနေကြသည်။ သူ၏ လက်ဝါးထဲတွင် ထူထပ်လှသော ယင်စွမ်းအင်လုံးတစ်လုံး ရှိနေသည်။

အစောပိုင်းက သူသည် နတ်ဘုရားဖိနှိပ်ခြင်း အတတ်ကို ထုတ်ဖော်ကာ ရွာထဲရှိ အသက်စွမ်းအင်စုပ်သရဲ အားလုံးကို ဤနေရာသို့ အကုန်အစင် ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဤရွာသူရွာသားများမှာ မူလက ဘာရောဂါဝေဒနာမျှ ခံစားနေရခြင်း မဟုတ်ဘဲ အသက်စွမ်းအင်စုပ်သရဲများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ အသက်စွမ်းအင်များကို စုပ်ယူနေသဖြင့် သတိလစ်ပြီး မူးဝေနေကြခြင်းသာ ဖြစ်သည်။

ဤ အဆောင်မှာ လူသားများ၏ သက်တမ်းကို လဲလှယ်ရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် အပေးအယူဟူသည်မှာ သဘာဝအတိုင်း ရှိစမြဲ ဖြစ်ရာ သက်တမ်းကို လုယူသည့် ဤနည်းလမ်းမှာ အဆောင် ကို အခြေခံ၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ လီယန်ချူ၏ မျက်နှာမှာ အလွန်တရာ တည်ကြည်အေးစက်နေပြီး ဤအသက်စွမ်းအင်စုပ်သရဲ အားလုံးကို လက်ဖြင့် တိုက်ရိုက် ညှစ်သတ်ပစ်လိုက်တော့သည်။

သူသည် ဤကဲ့သို့သော သာမန် ချွန်းယန်တာအိုလမ်းစဉ်မှ တာအိုဆရာများကို လိုက်လံရှာဖွေမနေတော့ဘဲ လက်ကို ဆန့်ထုတ်ကာ သိုလှောင်အိတ်ထဲမှ ရှေးဟောင်းဓားတစ်လက်ကို ထုတ်ဖော်လိုက်သည်။

ရှုဟွားဓား

ဤဓားမှာ သူ ဟော့ထုံတောင် လျှို့ဝှက်နယ်မြေထဲမှ ရရှိခဲ့သည့် ဓားဖြစ်ပြီး မဟာရှမင်းဆက်ခေတ်က ကျုန်းကျုံးဧကရာဇ်၏ ကိုယ်ပိုင်ဓား ဖြစ်ကာ တိုင်းပြည်၏ ကံကြမ္မာအကျိုးပေးစွမ်းအင် များ ပြည့်နှက်နေသည်။ အထဲတွင် ပါဝင်သည့် တိုင်းပြည်၏ ကံကြမ္မာအကျိုးပေးစွမ်းအင်မှာ ထိုချွန်ကျွင်းဓား ထက်ပင် ပိုမို ပြင်းထန်လှသည်။

လီယန်ချူက အေးစက်စွာ အော်ဟစ်လိုက်သည်။

"သွားစမ်း"

စကားဆုံးသည်နှင့် တပြိုင်နက် ရှုဟွားဓားသည် ဖြူဖွေးသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ဒုန်းစိုင်း ပျံသန်းသွားတော့သည်။ ချွန်းယန်တာအိုလမ်းစဉ်မှ တာအိုဆရာများမှာ မကောင်းမှုမျိုးစုံကို လုပ်ဆောင်နေကြပြီး အားလုံးမှာ ဒေသခံ လူမိုက်များနှင့် လူဆိုးလူသွမ်းများသာ ဖြစ်ကြသည်။ ချွန်းယန်တာအိုလမ်းစဉ်သို့ ဝင်ရောက်ပြီး သရဲမွေးသည့် အတတ်ကို တတ်မြောက်ပြီးနောက်တွင်မူ ပိုမို၍ ရဲတင်းစော်ကားလာကြပြီး ကွယ်ရာတွင် ရွာသူရွာသားများကို အမျိုးမျိုး ဒုက္ခပေးနေကြခြင်း ဖြစ်သည်။

ဖြူဖွေးသော အလင်းတန်း ဖြတ်သန်းသွားပြီးနောက် ချွန်းယန်တာအိုလမ်းစဉ်မှ တာအိုဆရာများ၏ ဦးခေါင်းများမှာ တစ်ဦးပြီးတစ်ဦး မြေသို့ ပြတ်ကျသွားတော့သည်။ ဤဓားတွင် တိုင်းပြည်၏ ကံကြမ္မာအကျိုးပေးစွမ်းအင်များ ပါဝင်နေသဖြင့် မိစ္ဆာဆိုးများကို ဖိနှိပ်ချေမှုန်းနိုင်ရာ ရွာထဲရှိ အသက်စွမ်းအင်စုပ်သရဲ အားလုံးမှာလည်း တစ်ခဏချင်းအတွင်းမှာပင် လုံးဝဥဿုံ ပျက်စီးကွယ်ပျောက်သွားတော့သည်။

ရုတ်တရက်...

အမည်းရောင်နှင့် အဖြူရောင် ရောယှက်ထားသော တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း တာအိုဆရာတစ်ဦးသည် မိမိ၏ မျက်ဝန်းများကို ရုတ်တရက် ဖွင့်လိုက်ရာ မျက်ဝန်းများထဲမှ ရွှေရောင်အလင်းတန်းများ ဗုန်းခနဲ ထွက်ပေါ်လာခဲ့သည်။

"ငါမွေးထားတဲ့ သရဲတွေ အကုန်လုံး အသတ်ခံလိုက်ရပြီ"

ဤသက်လတ်ပိုင်း တာအိုဆရာမှာ ချွန်းယန်တာအိုလမ်းစဉ်၏ တရားဟောဆရာကြီး ဖြစ်သည့် ယွီချင်းဇီ ပင် ဖြစ်သည်။ ချွန်းယန်တာအိုလမ်းစဉ်သည် ဘေးပတ်ပတ်လည်ရှိ တောင်ပေါ်ရွာ ဆယ်ရွာကျော်ခန့်တွင်သာ ပြန့်နှံ့နေသဖြင့် ဤ ချွန်းယန်တာအိုကျောင်းမှ တရားဟောဆရာကြီး၏ ကျင့်စဉ်အဆင့်အတန်းမှာ အလွန်အမင်း မြင့်မားလိမ့်မည်မဟုတ်ဟု ထင်ရသည်။

သို့သော် သူသည် တစ်ခဏချင်းအတွင်းမှာပင် စိတ်အာရုံစွမ်းအားကို အသုံးပြု၍ ဘေးပတ်ပတ်လည်ရှိ ကြီးမားလှသော တောင်တန်းကြီးတစ်ခုလုံးကို ဖြန့်ကျက် ရှာဖွေကြည့်လိုက်ရာ... ရုပ်ရည်ချောမောလှသော တာအိုဆရာလေးတစ်ဦးနှင့် အပြာရောင် ပိတ်သားဝတ်စုံကို ဝတ်ဆင်ထားသည့် လှပချောမောလှသော အမျိုးသမီးတစ်ဦးကို ချက်ချင်း ရှာဖွေတွေ့ရှိသွားသည်။

သူသည် လီယန်ချူ၏ ရုပ်ရည်ကို သေသေချာချာ မြင်တွေ့လိုက်ရသောအခါ မျက်ခုံးပင့်ရင်း မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

"ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ"

ယွီချင်းဇီ၏ မျက်နှာပေါ်တွင် သံသယနှင့် ထိတ်လန့်မှုများ ဖြစ်ပေါ်နေပြီး သူ၏ ခန္ဓာကိုယ်မှာ အိမ်ထဲမှ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားကာ စိမ်းပြာရောင် ရောင်ခြည်တန်းတစ်ခုအဖြစ် ပြောင်းလဲ၍ အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။ စိတ်အာရုံစွမ်းအားကို ဤမျှအထိ ကျယ်ပြောစွာ ဖြန့်ကျက်နိုင်ခြင်းနှင့် ရောင်ခြည်တန်းအဖြစ် ပြောင်းလဲ၍ ပျံသန်းနိုင်သည့် အတတ်ကို ကြည့်ခြင်းအားဖြင့် သူသည် သာမန် ကျင့်ကြံသူတစ်ဦး မဟုတ်ကြောင်း ထင်ရှားလှသည်။

သို့သော် သူသည် အတော်ကြာအောင် ပျံသန်းခဲ့သော်လည်း ကောင်းကင်နှင့်မြေပြင်မှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေပြီး ဘေးပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်မှာလည်း မည်သည့် အပြောင်းအလဲမျှ မရှိချေ။ ယွီချင်းဇီသည် ရင်ထဲတွင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် လက်ညှိုးနှစ်ဖက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ မျက်ဝန်းထဲမှ မိုးကြိုးအလင်းတန်း နှစ်ခု ဖြတ်သန်းသွားသကဲ့သို့ ဖြစ်သွားပြီးမှ ဤကောင်းကင်နှင့်မြေပြင်တွင် ပြဿနာတစ်ခု ရှိနေကြောင်း ရိပ်မိသွားတော့သည်။

"မကောင်းတော့ဘူး၊ တစ်ပါးသူရဲ့ ရတနာကမ္ဘာထဲကို ရောက်သွားပြီပဲ"

ဝုန်း ဝုန်း ဝုန်း

ဘေးပတ်ပတ်လည်ရှိ ကောင်းကင်နှင့်မြေပြင်သည် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံး ခေါက်ချိုးခံလိုက်ရသလို ဖြစ်သွားရသည်။ ကြီးမားလှသော ဖိအားကြီးက သူ့ထံသို့ ဖိနှိပ်ကျဆင်းလာခဲ့ပြီး သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် ချေမှုန်းတော့မည့်အတိုင်းပင်။

လီယန်ချူသည် အစောပိုင်းကတည်းက ဤသူ၏ ခြေရာလက်ရာကို ပထမဆုံးအနေဖြင့် ရှာဖွေတွေ့ရှိထားပြီး ဖြစ်သဖြင့် နတ်ပန်းချီကားကို ဖြန့်ကျက်ကာ ဤကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ အစစ်အမှန်ကဲ့သို့ပင်။

ဤနတ်ပန်းချီကားကိုပင် ကျန်ရှန်းဘိုးဘေး ကဲ့သို့ ပုဂ္ဂိုလ်ကြီးမျိုးတောင် ထိုးထွင်းမမြင်နိုင်ခဲ့ချေ။

သူသည် နတ်ပန်းချီကားကို ပြန်လည်လိပ်သိမ်းလိုက်ပြီး ဤသက်လတ်ပိုင်း တာအိုဆရာကို တိုက်ရိုက် သတ်ဖြတ်ပစ်ရန် ပြင်လိုက်သည်။ သို့သော် နတ်ပန်းချီကားကို နောက်တစ်ကြိမ် ပြန်လည်ဖြန့်ကျက်လိုက်သည့်အချိန်၌ ပန်းချီကားထဲတွင် လူရိပ်တစ်ခု ရှိနေဆဲ ဖြစ်သည်။ သို့သော် ၎င်းမှာ ယွီချင်းဇီ၏ ရုပ်ရည်ပုံစံ မဟုတ်တော့ဘဲ တည်ငြိမ်အေးဆေးသော မျက်နှာပေးနှင့် အလွန်ရှေးကျသော ဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုဆရာတစ်ဦး ဖြစ်နေပြီး နတ်ဘုရားအငွေ့အသက်များ လွင့်ပျံနေသည်။

ပိုင်ယန်တာအိုဆရာ

လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်။

" အဆောင်ကို သုံးပြီး လူတွေရဲ့ သက်တမ်းကို လဲလှယ်နိုင်တာ မဆန်းတော့ပါဘူး။ ဒီမိစ္ဆာအိုကြီး ဖြစ်နေတာကိုး"

နတ်ပန်းချီကားထဲတွင် ပိုင်ယန်တာအိုဆရာ၏ ပုံရိပ် ထင်ရှားလာပြီးနောက် ရေလှိုင်းများကဲ့သို့ ဆက်တိုက်ဆိုသလို လှုပ်ခတ်သွားသည်။ ပိုင်ယန်တာအိုဆရာသည် ပန်းချီကားထဲမှ ရုန်းထွက်ရန် ကြိုးစားနေသော်လည်း သူ ခန္ဓာကိုယ်ချင်း လဲလှယ်ထားသည့် ဤခန္ဓာကိုယ်မှာ ကြီးမားသော တန်ခိုးအစွမ်းများကို ကျင့်ကြံထားခြင်း မရှိသေးချေ။

လီယန်ချူက လှည့်၍ ယွန်းနျန်း ကို ပြောလိုက်သည်။

"ကျုပ် ဒီလူနဲ့ ရန်ငြိုးရှိလို့၊ မင်း ဒီနေရာမှာ ခဏစောင့်နေဦး"

ယွန်းနျန်း က လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။

လီယန်ချူက အသာအယာ ခုန်ပျံလိုက်ပြီး နတ်ပန်းချီကားကမ္ဘာထဲသို့ ဝင်ရောက်သွားတော့သည်။ ပိုင်ယန်တာအိုဆရာသည် ပြင်းထန်လှသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ကောင်းကင်တွင် ကြီးမားလှသော လူသားမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ မျက်ခုံးများက ဓားကဲ့သို့ ထက်မြက်ပြီး မျက်ဝန်းများက ကြယ်တာရာများကဲ့သို့ တောက်ပနေသော်လည်း မျက်နှာပေးကမူ အလွန်တရာ အေးစက်လွန်းလှသည်။

"မိစ္ဆာအိုကြီး... တွေ့ရတာ မကြာသေးဘူး၊ ပြန်ဆုံကြပြန်ပြီနော်"

လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသည်။

ပိုင်ယန်တာအိုဆရာသည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသလည်း အလွန်ထွက်သွားရသည်။

"ငါက အထက်လောကက နတ်ဘုရားတစ်ပါးပဲ။ မင်းက ငါ့ရဲ့ ဝိညာဉ်အလင်းတန်းတစ်ခုကို ဖျက်ဆီးခဲ့တာတောင် အသက်ရှင်ရတာ ပျင်းလို့ ငါ့နောက်ကို ထပ်ပြီး လိုက်လာရဲသေးတယ်ပေါ့လေ"

သူက လီယန်ချူသည် မိမိကို ရည်ရွယ်ချက်ရှိရှိ လာရောက်ပြဿနာရှာခြင်း ဖြစ်သည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။ လီယန်ချူကလည်း အများကြီး ရှင်းပြမနေတော့ဘဲ မျက်ဝန်းထဲမှ နတ်ဘုရားအလင်းတန်း နှစ်ခုကို လွှတ်ထုတ်လိုက်တော့သည်။

စကားဆုံးသည်နှင့် တပြိုင်နက် ပိုင်ယန်တာအိုဆရာ ရပ်နေသည့် နေရာမှာ ချက်ချင်းပင် ပိတ်ဆို့ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာများဖြင့် ပြိုကျပျက်စီးလုနီးပါး ဖြစ်သွားရသည်။ ယခင်က တာအိုဆရာ ရုပ်တုနှင့် နှိုင်းယှဉ်လိုက်ပါက သူ ခန္ဓာကိုယ်ချင်း လဲလှယ်ထားသည့် ယွီချင်းဇီ၏ ခန္ဓာကိုယ်မှာ စွမ်းအားက အလွန်တရာ အားနည်းလွန်းလှသည်။ ထို့အပြင် ပြီးခဲ့သည့်တစ်ခေါက်က ဝိညာဉ်အလင်းတန်းတစ်ခု ပေါက်ကွဲပျက်စီးသွားခဲ့သဖြင့် သူ့အတွက် ဆုံးရှုံးမှုက အလွန်တရာ ကြီးမားလှသည်။

ဤအချက်ကပင် သူ၏ ရင်ထဲတွင် ကြီးစွာသော အရှက်ရမှုနှင့် ခါးသီးမှုများကို ဖြစ်ပေါ်စေသည်။ ပြီးခဲ့သည့်တစ်ခေါက်က လီယန်ချူနှင့် တိုက်ခိုက်စဉ်ကမူ သူသည် နတ်ဘုရားဖျက်ဆီးခြင်းလက်ညှိုး နတ်ပညာကို ထုတ်ဖော်ခဲ့သဖြင့် အရှိန်အဝါက အလွန်တရာ ပြင်းထန်လှသည်။ သို့သော် ယခုအကြိမ်တွင်မူ လီယန်ချူက ချက်ချင်း ခြေရာခံမိပြီး တစ်ခဏချင်းအတွင်းမှာပင် ဖိနှိပ်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

"ဒီလောက်အထိ အားနည်းတဲ့ နတ်ဘုရားမျိုးကတော့ တကယ့်ကို ရယ်စရာကောင်းတယ်"

ကောင်းကင်ယံတွင် ကြီးမားလှသော လူသားမျက်နှာကြီးက ပိုင်ယန်တာအိုဆရာကို စိုက်ကြည့်နေသည်။ ပိုင်ယန်တာအိုဆရာ၏ ခန္ဓာကိုယ်မှာ အလွန်တရာ သေးငယ်လွန်းလှသဖြင့် သူသည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"မင်းက နတ်ဘုရားကို စော်ကားနေတာပဲ။ ငါ့ရဲ့ စွမ်းအားတွေ ပြန်ပြီး ပြည့်စုံလာတဲ့နေ့ကျရင် ပထမဆုံးအနေနဲ့ မင်းကို အရင်ဆုံး သတ်ပစ်မယ်"

ကောင်းကင်ယံမှ ကြီးမားလှသော လူသားမျက်နှာကြီး ပျောက်ကွယ်သွားပြီး ရုပ်ရည်ချောမောလှပကာ တည်ငြိမ်အေးဆေးသော လူငယ်တာအိုဆရာလေးတစ်ဦး ထွက်ပေါ်လာခဲ့သည်။

လီယန်ချူက လှောင်ပြုံးပြုံးရင်း ဆိုလိုက်သည်။

"ငါ့ကို သတ်မယ် ဟုတ်လား... မင်းရဲ့ အရည်အချင်းနဲ့ပေါ့လေ"

All Chapters