← Chapters

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀- ငါ မင်းကို ရှာတွေ့ပြီ

“မိတ်ဆွေ... ငါ့ကို မျက်နှာသာပေးပါဦး... နိဂုံးနတ်ဘုရားဘုရင်က ငါ့အပေါ်မှာ ကျေးဇူးတစ်ခု တင်ရှိခဲ့ဖူးပြီး ငါကလည်း သူ့ရဲ့အသက်ကို ကယ်တင်ပေးမယ်လို့ ကတိပေးခဲ့ဖူးတယ်... အကယ်၍ မိတ်ဆွေက နိဂုံးနတ်ဘုရားဘုရင်ရဲ့ အသက်ကို ချမ်းသာပေးမယ်ဆိုရင် ငါက မိတ်ဆွေနဲ့ မိတ်ဆွေဖွဲ့ဖို့ အသင့်ပါပဲ...”

ပညာအလင်းနတ်ဘုရားအရှင်မြတ်က လေးနက်တည်ကြည်စွာဖြင့် ပြောဆိုလိုက်သည်။ အခြားနည်းလမ်းမရှိချေ၊ သူသည် နိဂုံးနတ်ဘုရားဘုရင်အပေါ် ကျေးဇူးကြွေး တင်ရှိနေသောကြောင့် ဖြစ်သည်။ သူတို့ကဲ့သို့သော အစွမ်းထက်သည့် ပုဂ္ဂိုလ်များအတွက် ကျေးဇူးကြွေးဟူသည်မှာ စိတ်အလိုရှိတိုင်း ပယ်ဖျက်၍ ရသောအရာ မဟုတ်ဘဲ၊ ၎င်းကို ပယ်ဖျက်နိုင်ရန်အတွက် အချို့သော ကတိကဝတ်စာချုပ်များကို ဖြည့်ဆည်းပေးရန် လိုအပ်ပေသည်။

“ဒါ့အပြင် ငါမြင်တာတော့ မိတ်ဆွေနဲ့ နိဂုံးနတ်ဘုရားဘုရင်ဟာ အသေအလဲ ရန်ငြိုးတွေ ရှိနေတာလည်း မဟုတ်ဘူးဆိုတော့၊ ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ရင် ဘယ်လိုလဲ...”

ဤသည်မှာ ပညာအလင်းနတ်ဘုရားအရှင်မြတ် လက်ရှိအချိန်တွင် တွေးတောနိုင်သော အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပေသည်။ ၎င်းကို ကြားသောအခါ နိဂုံးနတ်ဘုရားဘုရင်က တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း ပညာအလင်းနတ်ဘုရားအရှင်မြတ်၏ အကြည့်တစ်ချက်ကြောင့် တားဆီးခြင်း ခံလိုက်ရသည်။ ဤသည်ကို မြင်သောအခါ နိဂုံးနတ်ဘုရားဘုရင်သည် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်ရုံသာ တတ်နိုင်တော့၏။

“စီနီယာ... ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ပါတော့...”

“ဟားဟားဟား... စိတ်ဝင်စားဖို့ကောင်းလိုက်တာ... ငါက မင်းကို ဘယ်တုန်းက မျက်နှာသာပေးမယ်လို့ ပြောခဲ့လို့လဲ... မင်းရဲ့မျက်နှာက ငါ့အတွက် ဘာမှမတန်ဘူး... ဒါကို ထားလိုက်ပါဦး... မင်းရဲ့ ကိုယ်ပွားတင်မကဘူး၊ မင်းကိုယ်တိုင် လူကိုယ်တိုင် လာရင်တောင် ငါက ဘာတွန့်ဆုတ်မှုမှမရှိဘဲ သတ်မှာပဲ...”

ပညာအလင်းနတ်ဘုရားအရှင်မြတ်နှင့် နိဂုံးနတ်ဘုရားဘုရင်တို့ အံ့အားသင့်သွားစေသည်မှာ ဝူဟောက်သည် ကျယ်လောင်စွာ ရယ်မောလိုက်ခြင်းပင် ဖြစ်ပြီး၊ ၎င်းက နိဂုံးနတ်ဘုရားဘုရင်နှင့် ပညာအလင်းနတ်ဘုရားအရှင်မြတ်တို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

အထူးသဖြင့် ပညာအလင်းနတ်ဘုရားအရှင်မြတ် ဖြစ်ပေသည်၊ သူသည် မိမိကိုယ်တိုင် ကြောက်မက်ဖွယ်ကောင်းလှသော အန္တရာယ်ကြီးတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် နတ်ဘုရားအရှင်မြတ် နှောင်းပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သင် သိထားသင့်သည်။ နတ်ဘုရားဧကရာဇ် မရှိသောအခြေအနေတွင် နတ်ဘုရားအရှင်မြတ် အထွတ်အထိပ်အဆင့်ရှိသော လူနည်းစုထဲမှ မည်သူကများ သူ့ကို ခြိမ်းခြောက်နိုင်မည်နည်း။

‘ငါသိတဲ့ နတ်ဘုရားအရှင်မြတ် အထွတ်အထိပ်အဆင့်တွေနဲ့ နတ်ဘုရားဧကရာဇ်တွေထဲမှာ ဝူဟောက် ဆိုတဲ့လူ မရှိပါဘူး...’

သူ နောက်ထပ် ဘာမှမပြောနိုင်ခင်မှာတင် ဝူဟောက်သည် စိတ်မရှည်တော့ဘဲ ကောင်းကင်နှိမ်နင်းခြင်း လက်ညှိုး ဖြင့် တိုက်ရိုက် ထိုးနှက်လိုက်ကာ၊ ပညာအလင်းနတ်ဘုရားအရှင်မြတ်၏ ပုံရိပ်ယောင်ကို နိဂုံးနတ်ဘုရားဘုရင်နှင့်အတူ တစ်ပါတည်း သတ်ဖြတ်ပစ်လိုက်တော့သည်။

နိဂုံးနတ်ဘုရားဘုရင်ကို သတ်ဖြတ်ပြီးနောက် ဝူဟောက်သည် လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး နိဂုံးနတ်ဘုရားဘုရင်၏ မူလရင််းမြစ်စွမ်းအားကို ဆင့်ခေါ်လိုက်၏။

အစွမ်းထက်သော ပုဂ္ဂိုလ်တိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်မူလရင်းမြစ်စွမ်းအား ရှိကြသည်ဟု ဆိုသော်လည်း၊ အလွန်တရာ အစွမ်းထက်လှသော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင် သို့မဟုတ် မူလရင်းမြစ်စွမ်းအား ပိုင်ရှင်ကိုယ်တိုင်က လိုလိုလားလား ပေးသနားခဲ့ခြင်း မဟုတ်လျှင် ထိုစွမ်းအားကို စုပ်ယူပြီး သန့်စင်နိုင်ခြင်း မရှိကြချေ။

နှမြောစရာကောင်းသည်မှာ ဝူဟောက်သည် ထိုကဲ့သို့သော အလွန်တရာ အစွမ်းထက်လှသည့် ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်နေခြင်းပင်။

နိဂုံးနတ်ဘုရားဘုရင်၏ မူလရင်းမြစ်စွမ်းအားကို စုပ်ယူပြီးနောက် ဝူဟောက်သည် မျက်စိတစ်မှိတ်အတွင်းမှာတင် ၎င်းကို သန့်စင်လိုက်ရာ တိုက်ရိုက်စုပ်ယူနိုင်သော အပြစ်အနာအဆာကင်းသည့် အရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ဝူဟောက်သည် နိဂုံးနတ်ဘုရားဘုရင်၏ မူလရင်းမြစ်စွမ်းအားကို သိမ်းဆည်းလိုက်သည်။ ရွှမ်ယွမ်နယ်မြေသို့ ပြန်ရောက်သောအခါ သူသည် နိဂုံးနတ်ဘုရားဘုရင်၏ မူလရင်းမြစ်စွမ်းအားကို ဝူယီဖန်နှင့် အခြားသူများကို ပေးနိုင်မည်ဖြစ်ပြီး၊ ထိုအချိန်တွင် သူသည် နောက်ထပ် အဆပေါင်း တစ်သန်းခန့် ပြန်လည်ရရှိမည် ဖြစ်သည်။

သို့သော်လည်း အဆပေါင်း တစ်သန်း ပြန်ရခြင်းကပင် လက်ရှိ သူ့အတွက်မူ များစွာ အဓိပ္ပာယ်မရှိလှချေ။ လက်ရှိတွင် နတ်ဘုရားအရှင်မြတ် နှောင်းပိုင်းအဆင့် ၏ မူလရင်းမြစ်စွမ်းအား အဆပေါင်း တစ်သန်းခန့်ကသာ သူ့ကို နတ်ဘုရားဧကရာဇ်အဆင့်သို့ ဖောက်ထွက်ရန် ကူညီပေးနိုင်မည် ဖြစ်သည်။

ထိုသို့ တွေးတောရင်း ဝူဟောက်သည် ပညာအလင်းနတ်ဘုရားအရှင်မြတ် ရှိရာအရပ်ဖြစ်သော အဝေးတစ်နေရာသို့ မသိမသာ လှမ်းကြည့်လိုက်မိသည်။

ဝူဟောက်အနေဖြင့် ပညာအလင်းနတ်ဘုရားအရှင်မြတ်၏ ပုံရိပ်ယောင်ကို ချက်ချင်း မဖျက်ဆီးပစ်ခဲ့ခြင်းမှာ ထိုပုံရိပ်ယောင်ကို အသုံးပြု၍ ပညာအလင်းနတ်ဘုရားအရှင်မြတ်၏ တည်နေရာကို ရှာဖွေလိုသောကြောင့် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့သော စကားလုံးများသည် ပညာအလင်းနတ်ဘုရားအရှင်မြတ်ကို ရန်စရန်နှင့် သူ့ကို ဤဘက်သို့ လှည့်လာစေရန် တွန်းအားပေးရန်အတွက်သာ ဖြစ်ပေသည်။

ထိုပုံရိပ်ယောင်သည် အစောပိုင်းက စကားပြောဆိုနေစဉ်အတွင်းမှာပင် ဝူဟောက်သည် ပညာအလင်းနတ်ဘုရားအရှင်မြတ် တည်ရှိရာ နေရာကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး ဖြစ်သည်။

“ငါ မင်းကို ရှာတွေ့ပြီ...”

ဝူဟောက်သည် ချက်ချင်းပင် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပညာအလင်းနတ်ဘုရားအရှင်မြတ် ရှိရာဆီသို့ ဦးတည်သွားလိုက်တော့သည်။

ထိုအတောအတွင်း အခြားတစ်ဖက်တွင်မူ ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် မိမိ၏ ကိုယ်ပိုင်လောကထဲမှ ထွက်ခွာလာနေပြီး၊ နိဂုံးနတ်ဘုရားဘုရင်အပေါ်တွင် သူ ချန်ထားရစ်ခဲ့သော စွမ်းအားများ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်ရသဖြင့် သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ ခက်ထန်သွားခဲ့သည်။

“တောက်... ငါ့ကို မျက်နှာသာမပေးဘူးပေါ့လေ...”

ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် အလွန်တရာ မကျေမနပ်ဖြစ်နေသော ပုံစံဖြင့် ဒေါသတကြီး ရေရွတ်လိုက်၏။

သူသည် နိဂုံးနတ်ဘုရားဘုရင်ထံတွင် ချန်ထားခဲ့သော စွမ်းအားမှာ သူ၏ မူလစွမ်းအား၏ သောင်းဂဏန်းပုံတစ်ပုံမျှသာ ဖြစ်သည်။ ထိုချန်ထားခဲ့သော စွမ်းအားကို တစ်ဖက်လူက ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ သူ့ကို သတ်ဖြတ်နိုင်သည်ဟု အဓိပ္ပာယ်မရချေ။ ဤသည်မှာ ပညာအလင်းနတ်ဘုရားအရှင်မြတ်အနေဖြင့် မိမိ၏စွမ်းအား ဖျက်ဆီးခံလိုက်ရသည်ကို သိရှိပြီးနောက် ဝူဟောက်ရှိရာသို့ အပြေးအလွှား လာခဲ့ရခြင်း အကြောင်းအရင်း ဖြစ်သည်။

သို့သော်လည်း ထွက်လာပြီးနောက်တွင် ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် ခြေလှမ်းများကို ရပ်တန့်လိုက်မိပြီး တွေးတောဆင်ခြင်နေမိတော့သည်။

‘အခု နတ်ဘုရားဘုရင် ကျဆုံးသွားပြီဆိုတော့ ငါက သူ့ရဲ့ ကျေးဇူးကြွေးကို ဆပ်ပြီးသား ဖြစ်သွားပြီ... သူ့ရဲ့စွမ်းအားက ပြင်းထန်လွန်းလို့ ငါက မယှဉ်နိုင်ခဲ့တာပဲလေ၊ ဒီလိုနည်းနဲ့ဆိုရင် ငါ့ဘက်က ကတိပျက်ကွက်တယ်လို့ ပြောလို့မရတော့ဘူး...’

‘တစ်ဖက်လူနဲ့ ပတ်သက်ရင်တော့ သူတို့က အသေအလဲ တိုက်ခိုက်ရမယ့် ရန်သူအစစ်အမှန်တွေ ဖြစ်နေတာလေ... အကယ်၍ ငါက ငြိမ်းချမ်းရေး လုပ်နိုင်မယ်ဆိုရင် သူနဲ့ ရန်သူဖြစ်ရမယ့် ဘေးကနေ ရှောင်ရှားနိုင်လိမ့်မယ်...’

ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် စိတ်ထဲတွင် တွေးတောနေမိသည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားအရှင်မြတ်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သော သူများသည် အသိဉာဏ်ရှိသော သက်ရှိများဖြစ်ကြပြီး၊ သဘာဝကျကျပင် စွန့်စားရခြင်းကို မနှစ်သက်ကြချေ။

ဝူဟောက် ချေမှုန်းခဲ့သည်မှာ သူ၏ ပုံရိပ်ယောင်မျှသာဖြစ်ပြီး ချက်ချင်းလက်ငင်း သတ်ဖြတ်နိုင်စွမ်းရှိသည့် ပုံစံမျိုး မပေါ်လွင်ခဲ့သော်လည်း အကယ်၍သာ ဝူဟောက်က သူ့ကို ထိုနေရာသို့ ရောက်ရှိလာစေရန် တမင်တကာ မျှားခေါ်ခဲ့ခြင်းမျိုး ဖြစ်နေခဲ့လျှင် ဘာဆက်ဖြစ်မည်နည်း။

ထိုသို့ တွေးမိသည်နှင့် ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် ကျောရိုးထဲအထိ စိမ့်အောင် အေးစက်သွားခဲ့ပြီး၊ မိမိသည် တစ်ဖက်လူ ထောင်ထားသော ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ရသလို ခံစားလိုက်ရသည်။

“မဖြစ်ဘူး... ငါ အဲဒီကို သွားလို့မရဘူး... အခြေအနေကို ခဏလောက် စောင့်ကြည့်နေတာက ပိုကောင်းလိမ့်မယ်...”

ပညာအလင်းနတ်ဘုရားအရှင်မြတ် လှည့်ထွက်ရန် ပြင်လိုက်သည့် နောက်တစ်စက္ကန့်မှာပင်၊ သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ဗြောင်းဆန်အောင် လည်ပတ်သွားခဲ့တော့သည်။

ပညာအလင်းနတ်ဘုရားအရှင်မြတ်အနေဖြင့် တုံ့ပြန်ရန် အချိန်မရခင်မှာတင်၊ သူသည် ဝူဟောက်၏ အတွင်းလောကထဲသို့ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ခံလိုက်ရတော့၏။

“ငါ မင်းကို ရှာတွေ့ပြီ...”

ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် အခြေအနေကို သဘောပေါက်သွားချိန်၌ ဝူဟောက်သည် သူ၏ရှေ့မှောက်တွင် ရပ်နေပြီဖြစ်ကာ၊ သူ့ကို ပြုံးစိစိဖြင့် စိုက်ကြည့်နေခဲ့သည်။

ဝူဟောက်နှင့် လူချင်း ထိပ်တိုက်တွေ့ဆုံရသည့် အခါမှသာ ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် ဝူဟောက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို နောက်ဆုံး၌ ခံစားလိုက်ရပြီး၊ သူ၏ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။

“မိတ်ဆွေ... ဒီကိစ္စမှာ ငါတို့ကြားထဲမှာ အထင်လွဲမှုအချို့ ရှိနေပုံရပါတယ်... ဒါကို ဒီအတိုင်းပဲ ထားလိုက်ရင် ဘယ်လိုလဲ... ငါက မိတ်ဆွေနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ဖို့ အသင့်ပါပဲ... အကယ်၍ မိတ်ဆွေက ငါ့ရဲ့ အကူအညီ လိုအပ်မယ်ဆိုရင်လည်း ငါ အစွမ်းကုန် ကူညီပေးပါ့မယ်... ဘာပြောချင်လဲ ...”

ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် ဝူဟောက်နှင့် ပြန်လည်သင့်မြတ်ရန်အတွက် လျင်မြန်စွာ ပြောဆိုလိုက်သည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ အထင်လွဲမှုတစ်ခုသာ ဖြစ်ပေသည်။ အကယ်၍ နိဂုံးနတ်ဘုရားဘုရင်သာ မရှိခဲ့ပါက သူသည် ဝူဟောက်နှင့် ဤကဲ့သို့သော ဆက်ဆံရေးမျိုး ဖြစ်လာစရာ အကြောင်းမရှိချေ။

ထိုသို့ တွေးမိသောအခါ ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် သေဆုံးသွားခဲ့ပြီဖြစ်သော နိဂုံးနတ်ဘုရားဘုရင်ကို သူ၏ရင်ထဲတွင် အကြိမ်ပေါင်း သောင်းချီ၍ ကျိန်ဆဲနေမိတော့သည်။

သို့သော်လည်း ပညာအလင်းနတ်ဘုရားအရှင်မြတ်၏ စကားကို ကြားပြီးနောက် ဝူဟောက်က ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။

“နှမြောစရာကောင်းတာက ငါ့မှာ အဲဒီလို အကြံအစည်မျိုး မရှိတာပဲ... ငါ ဒီကို လာခဲ့တာက မင်းအတွက် သီးသန့်ပဲဆိုတော့... ကဲ သွားကြစို့ လမ်းကြုံမိတ်ဆွေ...”

စကားဆုံးသည်နှင့် ဝူဟောက်သည် ချက်ချင်းပင် ဖရိုဖ‌ရဲ ခေါင်းလောင်းကို လှုပ်နိုးလိုက်ပြီး ပညာအလင်းနတ်ဘုရားအရှင်မြတ်ထံသို့ ဦးတည်တိုက်ခိုက်လိုက်တော့သည်။ တစ်ဖက်လူမှာ နတ်ဘုရားအရှင်မြတ် နှောင်းပိုင်းအဆင့်ရှိသော စွမ်းအားရှင်ဖြစ်သဖြင့်၊ အကယ်၍ ၎င်းက မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးပစ်ရန် ကြံစည်ပါက အစွမ်းကုန် မထုတ်ပါက တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဝူဟောက်သည် မိမိ၏စွမ်းအားကို လုံးဝ ချန်လှပ်ထားခြင်း မရှိခဲ့ချေ။

သို့သော် ပညာအလင်းနတ်ဘုရားအရှင်မြတ်၏ မျက်နှာထက်မှ အမူအရာများသည် ဖရိုဖရဲခေါင်းလောင်းကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်ပင် ချက်ချင်း သွေးပျက်အံ့ဩမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။

“ဖရိုဖရဲခေါင်းလောင်း... မင်းက...”

သိသာထင်ရှားစွာပင် ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် ဖရိုဖရဲခေါင်းလောင်းကို သိရှိနေခဲ့သည်၊။ သို့သော် ဝူဟောက်သည် သူ၏စကားကို နားထောင်ရန် ရည်ရွယ်ချက်မရှိဘဲ သူ့ကို အရင်ဆုံး သတ်ဖြတ်ရန်သာ ဆုံးဖြတ်လိုက်သည်။

ဖရိုဖရဲခေါင်းလောင်း၏ ကောင်းချီးပေးမှုနှင့်အတူ ဝူဟောက်၏ အစွမ်းကုန်ထုတ်လိုက်သော စွမ်းအားအောက်တွင် ပညာအလင်းနတ်ဘုရားအရှင်မြတ်သည် မိမိကိုယ်ကိုယ် ဖောက်ခွဲရန် ကြံစည်လျှင်ပင် တုံ့ပြန်ရန် အချိန်ရလိမ့်မည်မဟုတ်ချေ၊ ခုခံနိုင်ရန်မူကား ဆိုဖွယ်ရာမရှိတော့ပေ။ သူသည် ဝူဟောက်၏ တိုက်ခိုက်မှုကြောင့် တိုက်ရိုက်ပင် အမှုန့်ခြေဖျက်ခြင်း ခံလိုက်ရပြီး၊ ကြောက်မက်ဖွယ်ကောင်းလှသော မူလရင်းမြစ်စွမ်းအားထုကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

All Chapters