← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅)

ဖိတ်ကြားခြင်း

ထိုသို့ပြောပြီးနောက် ရှီရွှမ်းသည် ဟွမ်ချန်ကို ဆွဲခေါ်ကာ လူတန်း၏အနောက်ဆုံးတွင် ဝင်ရောက်တန်းစီလိုက် လေသည်။ သူတို့သည် တစ်နာရီကျော်ခန့် စောင့်ဆိုင်းပြီးနောက်မှသာ သူတို့အလှည့်သို့ ရောက်ရှိလာခဲ့၏။

ဝန်ထမ်းဖြစ်သူက ယောင်ရန်ကို ကြည့်ကာ မေးလိုက်သည်။

"ညီမလေး...၊ ဘာကူညီပေးရမလဲ...။"

ယောင်ရန်က ၊

"ဒီနေရာမှာ အာဟာရရည်တွေ လဲလှယ်လို့ရတယ်လို့ ကြားလို့ပါ...။"

ဝန်ထမ်းဖြစ်သူက ခေါင်းငြိမ့်ပြကာ ဘေးရှိ ကျောက်သင်ပုန်းကို ညွှန်ပြရင်း ပြောလိုက်လေသည်။

"ဒါကတော့ လဲလှယ်လို့ရတဲ့ ပစ္စည်းစာရင်းပါ...။ ကြည့်ရှုပေးပါဦး...။"

ယောင်ရန်သည် ကျောက်သင်ပုန်းကို ကြည့်လိုက်ရာ အအေးဒဏ်ခံ ခရမ်းချဉ်သီးများ၊ သခွားသီးများနှင့် မုန်လာဥ နီများကိုပါ လဲလှယ်ပေးနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ရိက္ခာနှစ်ကီလိုဂရမ်ကို ဤအအေးဒဏ်ခံအပင် များ တစ်ကီလိုဂရမ်နှင့် လဲလှယ်နိုင်ပြီး ရိက္ခာလေးကီလိုဂရမ်ကိုမူ အာဟာရရည် မီလီလီတာ နှစ်ရာနှင့် လဲလှယ် နိုင်ပေသည်။

ဈေးနှုန်းများမှာ အလွန်မြင့်မားလှသော်လည်း ယောင်ရန်၏ နေရာလွတ်အတွင်း၌ ရိက္ခာများ အလျှံပယ် ရှိနေပေ သည်။ သူမသည် ဤအအေးဒဏ်ခံအပင်များနှင့် အာဟာရရည်တို့ကို စူးစမ်းလိုသဖြင့် လဲလှယ်ရန် ဆုံးဖြတ်လိုက် လေ၏။

သူမသည် ဝန်ထမ်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ခရမ်းချဉ်သီး၊ သခွားသီးနဲ့ မုန်လာဥနီ တစ်ကီလိုဂရမ်စီ ပေးပါ...။ ပြီးတော့ အာဟာရရည် တစ်ဗူးလည်း ယူပါ့ မယ်...။"

ဝန်ထမ်းဖြစ်သူက ခေါင်းငြိမ့်ကာ သူမ၏ အမည်နှင့် နိုင်ငံသားကတ်နံပါတ်ကို စတင်ရေးမှတ်ရင်း ပြောလိုက်၏။

"လဲလှယ်ဖို့အတွက် ရိက္ခာ ဆယ်ကီလိုဂရမ် ပေးရပါမယ်...။"

ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ကို ဖွင့်ကာ အအေးဒဏ်ခံ အာလူး ဆယ်ကီလိုဂရမ်ကို ထုတ်ယူ၍ စားပွဲ ပေါ်သို့ တင်လိုက်လေသည်။ ထို့နောက် ဝန်ထမ်းဖြစ်သူက အာလူးများကို ယူလိုက်ပြီး သခွားသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီနှင့် အာဟာရရည်တို့ ပါဝင်သော ပလတ်စတစ်အိတ်ကို သူမအား ကမ်းပေးခဲ့လေသည်။

၎င်းတို့ကို ကျောပိုးအိတ်ထဲသို့ ထည့်ပြီးနောက် ယောင်ရန်သည် လုံယုနှင့် အခြားသူများကို စောင့်ဆိုင်းရန် ဘေး ဘက်သို့ ရွှေ့ရပ်လိုက်သည်။ သူမ စောင့်ဆိုင်းနေစဉ် လူတစ်ဦးက သူမအနီးသို့ လျှောက်လာကာ မေးလာလေ၏။

"ညီမလေး...၊ ကျွန်တော့်ကို မှတ်မိသေးရဲ့လား...။"

ယောင်ရန်က လှည့်ကြည့်လိုက်ရာ ယခင်က ရပ်ကွက်ကော်မတီ၌ တွေ့ဆုံခဲ့ဖူးသော စစ်သားဖြစ်ကြောင်း မှတ်မိ သွားခဲ့လေသည်။

သူမက ပြုံးလျက် ခေါင်းငြိမ့်ပြကာ ၊

"မှတ်မိပါတယ်...၊ ဒီနေ့ ဒီနေရာမှာ ထပ်ပြီး တွေ့ရတာ ဝမ်းသာစရာပဲ...။"

စစ်သားကလည်း ပြုံးလျက် ၊

"ဟုတ်ပါတယ်...။"

သူက စကားတစ်ခွန်း ပြောချင်နေပုံရသည်ကို သတိပြုမိသဖြင့် ယောင်ရန်က မေးလိုက်၏။

"ကျွန်မကို ပြောစရာ တစ်ခုခု ရှိလို့လား...။"

စစ်သားက ခေါင်းငြိမ့်ကာ၊

"ညီမလေး ကျွန်တော့်ကို ပေးခဲ့တဲ့ မြေဩဇာအရည်ကို ကျွန်တော့်ရဲ့ အထက်လူကြီးဆီ ပေးလိုက်တယ်...။ သူတို့ က ညီမလေးနဲ့ တွေ့ချင်တယ်လို့ ပြောလို့ပါ...၊ ညီမလေး အချိန်ရမလား...။"

ထိုစကားကို ကြားရသောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားခဲ့သည်။ သူမသည် အာဟာရရည်အ ကြောင်းကို စဉ်းစားမိကာ ၎င်းကို ထုတ်လုပ်ရန်အတွက် မည်သို့သော ဓာတ်ကူပစ္စည်းများ လိုအပ်သည်ကို ရိပ်မိ သွားသလို ခံစားလိုက်ရ၏။ အကယ်၍ သူမ၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့ပါက ချွမ်ယွမ်ဝေ့ ပြောခဲ့သော အကန့်အ သတ်ရှိသည့် ဓာတ်ကူပစ္စည်းများမှာ သူမ၏ ရောစပ်ထားသော ရေကန်ရေသာ ဖြစ်ရပေမည်။

သူမသည် ကျွင်းချန်မြို့၏ ရိက္ခာပြတ်လပ်မှုကို ကူညီဖြေရှင်းပေးရန်အတွက် စစ်တပ်သို့ ရောစပ်ထားသော ရေ ကန်ရေများ ပိုမိုပံ့ပိုးပေးရန် ကြိုတင်စီစဉ်ထားခဲ့ပြီး ဖြစ်သည်။

သို့သော် သူမ၏ အစီအစဉ်ကို အကောင်အထည် မဖော်ရသေးမီမှာပင် ဤစစ်သားက သူ၏အထက်လူကြီးနှင့် တွေ့ဆုံရန် လာရောက်ပြောကြားလာခြင်း ဖြစ်ပေသည်။ ဤသည်မှာ အိပ်ချင်နေစဉ် ခေါင်းအုံး အပ်လိုက်သကဲ့သို့ ပင်။

ယောင်ရန်က ပြုံးကာ ပြောလိုက်သည်။

"ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့လို့ ရပါတယ်...၊ ဒါပေမယ့် ကျွန်မရဲ့ မိတ်ဆွေတွေကို အရင် စောင့်ရဦးမယ်...။"

စစ်သားသည် တဲအတွင်း၌ ပစ္စည်းများ လဲလှယ်နေကြဆဲဖြစ်သော လုံယုနှင့် အခြားသူများကို လှမ်းကြည့်ကာ ပြန်ဖြေလိုက်၏။

"ရပါတယ်...၊ ကျွန်တော် အရင်သွားပြီး အထက်လူကြီးကို သတင်းပို့ထားလိုက်ပါ့မယ်...။"

ယောင်ရန်က ခေါင်းငြိမ့်ကာ ၊

"ကောင်းပါပြီ...၊ ကျွန်မ ဒီနေရာကနေ စောင့်နေပါ့မယ်...။"

"ဒါဆိုရင် ခဏနော်...။"

ထိုသို့ပြောပြီးနောက် စစ်သားသည် အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။ မကြာမီမှာပင် သူ ပြန်လည်ရောက်ရှိ လာကာ ပြောလိုက်လေ၏။

"ညီမလေး...၊ ကျွန်တော့်ရဲ့ အထက်လူကြီးက ညီမလေးကို သူ့ရုံးခန်းဆီ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်...။"

သူ ဤသို့ပြောလိုက်သည့် အချိန်မှာပင် လုံယုနှင့် အခြားသူများ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။

လုံယုသည် ယောင်ရန်ကို ကြည့်ကာ ခပ်တိုးတိုး မေးလိုက်၏။

"ဘာကိစ္စရှိလို့လဲ...။"

ယောင်ရန်သည် စစ်သားနှင့် ပြောဆိုခဲ့သည်များကို သူ့အား ပြောပြလိုက်ပြီးနောက် မေးလိုက်လေသည်။

"ရှင် ကျွန်မနဲ့အတူ လိုက်ခဲ့ချင်လား...။"

လုံယုက ခေါင်းငြိမ့်ပြကာ ၊

"လိုက်ခဲ့မယ်လေ...။"

ထို့နောက် သူက စစ်သားကို ကြည့်ကာ ပြောလိုက်၏။

"ရဲဘော်...၊ လမ်းပြပေးပါဦး...။"

စစ်သားသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။

"ဒီဘက်ကို ကြွပါ...။"

စစ်သားနှင့်အတူ မထွက်ခွာမီ ယောင်ရန်သည် သူမ၏ မိတ်ဆွေများကို အရင်ပြန်နှင့်ရန် ပြောကြားခဲ့၏။ စစ်သား ၏ နောက်သို့ လိုက်ပါရင်း သူတို့သည် ကုန်သွယ်ရေးစင်တာအနီးရှိ လူနေရပ်ကွက်တစ်ခုသို့ လမ်းလျှောက်လာ ခဲ့ကြလေသည်။

စစ်သားအနည်းငယ်သာ ကင်းလှည့်လေ့ရှိသော လင်းယွမ်တိုက်ခန်းအဆောက်အအုံနှင့် မတူဘဲ ဤလူနေရပ် ကွက် အတွင်း ဝင်ထွက်သွားလာနေသူ အားလုံးမှာ စစ်သားများ သို့မဟုတ် အစိုးရဝန်ထမ်းများသာ ဖြစ်ပုံရ ပေသည်။

ယောင်ရန်နှင့် လုံယုသည် စစ်သား၏နောက်သို့ လိုက်ပါ၍ တိုက်ခန်းအဆောက်အအုံအတွင်းသို့ ဝင်ရောက်ခဲ့ ကြလေ၏။ လှေကားအတိုင်း တက်လာကြစဉ် သူတို့ကို စူးစမ်းစွာ ကြည့်ရှုနေကြသော လူအမြောက်အမြားနှင့် ဆုံတွေ့ခဲ့ကြရလေသည်။

ယောင်ရန်သည် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေဆဲမှာပင် စစ်သားသည် တိုက်ခန်းတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက် လေသည်။ တံခါးဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ငယ်လေးတစ်ခုကို သူမ သတိပြုမိလိုက်၏။

[တပ်မှူး ဝူလျန်]

သူမသည် အတိတ်ဘဝက ဝူလျန်ဟူသော အမည်ရှိသူတစ်ဦးဦးကို ကြားဖူးခဲ့ခြင်း ရှိမရှိ စဉ်းစားကြည့်သော်လည်း ထိုအမည်နှင့် ပတ်သက်၍ မည်သည့်အရာမျှ မမှတ်မိချေ။ သူမ အတွေးများပြန့်လွင့်နေစဉ်မှာပင် စစ်သားသည် တံခါးကို ခေါက်လိုက်လေသည်။

တစ်စက္ကန့်ခန့် ကြာပြီးနောက် တံခါးနောက်ကွယ်မှ ပင်ပန်းနွမ်းနယ်ပြီး အက်ရှရှအသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"ဝင်ခဲ့ပါ...။"

စစ်သားသည် တံခါးကို ဖွင့်ကာ အတွင်းသို့ ဝင်ရောက်၍ စားပွဲနောက်တွင် ထိုင်နေသော အမျိုးသားကို အလေးပြု လျက် ပြောလိုက်လေသည်။

"တပ်မှူး ဝူ...၊ ကျွန်တော် ညီမလေးနဲ့ သူမရဲ့ မိတ်ဆွေကို ဖိတ်ခေါ်လာခဲ့ပါတယ်...။"

ဝူလျန်သည် စာရွက်စာတမ်းများဖတ်နေရာမှ မော့ကြည့်လိုက်ရာ အအေးဒဏ်ခံဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ​ဝင်ရောက်လာသည်ကို တွေ့လိုက်လေ၏။ သူသည် စာရွက်စာတမ်းကို ချလိုက်ပြီး စစ်သားကို ပြောလိုက်လေသည်။

"ကျေးဇူးပဲ...၊ မင်းရဲ့ ကင်းစောင့်တာဝန်ဆီ ပြန်သွားနိုင်ပြီ...။"

"ဟုတ်ကဲ့ပါ တပ်မှူး...။"

စစ်သားက တံခါးပိတ်ပြီးနောက် ဝူလျန်သည် မတ်တပ်ရပ်ကာ ပြောလိုက်၏။

"ကျေးဇူးပြုပြီး ထိုင်ကြပါဦး...။"

ယောင်ရန်နှင့် လုံယုသည် ဆိုဖာပေါ်၌ ထိုင်လိုက်ကြစဉ် ဝူလျန်သည် ရေနွေးသုံးခွက်ကို ငှဲ့ပေးခဲ့၏။ ရေနွေးခွက် များကို သူတို့ရှေ့၌ ချပေးရင်း သူက ပြုံးလျက် ပြောလိုက်လေသည်။

"ကျွန်တော့်ရဲ့ ဖိတ်ကြားချက်ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။"

အခန်းအတွင်းမှာ နွေးထွေးနေသဖြင့် ယောင်ရန်နှင့် လုံယုသည် သူတို့၏ နှာခေါင်းစည်းများကို ချွတ်လိုက်ကြ လေသည်။ဝူလျန်သည် လုံယု၏ မျက်နှာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး လုံယုနှင့် ယောင်ရန်တို့ကို စူးစမ်းစွာ ကြည့်လိုက်မိ၏။

လုံယုက ဝူလျန်ကို ကြည့်ကာ ပြောလိုက်သည်။

"မတွေ့ရတာ ကြာပြီနော် တပ်မှူး ဝူ...။"

သူမ၏ ချစ်သူက ဝူလျန်ကို သိနေသည်ကို တွေ့ရသောအခါ ယောင်ရန်က ခပ်တိုးတိုး မေးလိုက်၏။

"ရှင်တို့နှစ်ယောက်က သိကြတာလား...။"

လုံယုက ခေါင်းငြိမ့်ပြကာ၊

"ဟုတ်တယ်...။ ငါတို့နှစ်ယောက်စလုံးက ကျွင်းချန် စစ်အခြေစိုက်စခန်းရှိ ပထမစစ်စခန်းမှာ အတူတူ တာဝန် ထမ်းဆောင်ခဲ့ကြတာ...။"

"ဩော်..."

ယောင်ရန်က ခေါင်းငြိမ့်ကာ ဝူလျန်ကို စူးစမ်းစွာ ကြည့်လိုက်မိ၏။

ဝူလျန်သည် သူတို့နှစ်ဦးကို စောင့်ကြည့်ရင်း သူတို့၏ ဆက်ဆံပြောဆိုပုံများအရ သူတို့နှစ်ဦးမှာ ရင်းနှီးသော ဆက်ဆံရေး ရှိရမည်ဖြစ်ကြောင်း ခံစားမိလိုက်လေသည်။

All Chapters