← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉)

ရုတ်တရက် အပူချိန်ပြောင်းလဲခြင်း

ရေ၏အရောင်မှာ ပိုမိုရင့်မှောင်လာသည်မှလွဲ၍ ရေကန်ရေနှင့် ထွေထွေထူးထူး ကွဲပြားခြားနားခြင်း မရှိပေ။

ပြောင်းလဲမှုများကို စစ်ဆေးပြီးနောက် သူမသည် တိရစ္ဆာန်များကို အစာကျွေးကာ နေရာလွတ်အတွင်းမှ စိတ်ဝိညာဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

ဝူလျန်နှင့် နောက်ဆုံးအကြိမ် အရောင်းအဝယ်ပြုလုပ်ပြီးနောက် ယောင်ရန်သည် ရှေးဟောင်းပစ္စည်းများကို ပိုမို လဲလှယ်လိုသော်လည်း သူက ရှေးဟောင်းပစ္စည်းအများစုမှာ ရေအောက်တွင် အေးခဲနေသဖြင့် ဆယ်ယူရန် နည်းလမ်းမရှိကြောင်း ပြောပြခဲ့လေသည်။

ကျွင်းချန်မြို့ရှိ ရှေးဟောင်းပစ္စည်းအများစုကို ဝယ်ယူပြီးစီးသွားခဲ့သဖြင့် ယောင်ရန်သည် သူမ၏ နေရာလွတ်ကို အဆင့်မြှင့်တင်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်လေ၏ ။ လုပ်စရာ ထွေထွေထူးထူးမရှိသဖြင့် သူမသည် အိမ် ၌သာ နေ့ရက်များကို ကုန်ဆုံးစေကာ လုံယုနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ ရံဖန်ရံခါ ထင်းရှာထွက်ခြင်း သို့မဟုတ် စစ်တပ်ဆီသို့ ရိက္ခာများ ပေးပို့ခြင်းတို့သာ လုပ်ဆောင်နေခဲ့ပေသည်။

တစ်ပတ်ခန့် ကြာပြီးနောက် ယောင်ရန်သည် အပြင်ဘက်မှ ဆူညံသံများကြောင့် နိုးထလာခဲ့၏။ သူမသည် အလေ့ အထအတိုင်း နံရံပေါ်ရှိ အပူချိန်တိုင်းကိရိယာကို လှမ်းကြည့်လိုက်ရာ အိပ်ခန်းအတွင်းရှိ အပူချိန်မှာ အနုတ်ဆယ် ဒီဂရီ ဆဲလ်စီးယပ်စ် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည် ။

အိပ်ချင်မူးတူးမျက်လုံးများကို ပွတ်သပ်ရင်း ယောင်ရန်သည် သူမ၏ ဖိနပ်ကို စီးကာ ပြတင်းပေါက်ဆီသို့ လျှောက် သွားခဲ့လေသည်။ လိုက်ကာကို ဖွင့်လိုက်သောအခါ နေရောင်ခြည်တန်းများသည် အိပ်ခန်းအတွင်းသို့ ဖြာကျလာခဲ့ လေသည်။

နေရောင်ခြည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ယောင်ရန်၏ အိပ်ချင်စိတ်များမှာ ချက်ချင်းပင် ပျောက် ကွယ်သွားတော့သည်။ သူမသည် ကောင်းကင်ယံ၌ နေမင်းပွင့်ထွန်းနေပြီး ဆီးနှင်းများ ကျဆင်းခြင်း ရပ်တန့်သွား သည်ကို တွေ့လိုက်ရ၏။ သို့သော်လည်း အပြင်ဘက်မှ ဝမ်းမြောက်ပျော်ရွှင်နေကြသော လူများနှင့်မတူဘဲ သူမ၏ မျက်နှာမှာမူ ညှိုးငယ်အုံ့မှိုင်းသွားခဲ့ပေသည်။

သူမသည် အပြင်ဘက်၌ ဆူညံစွာ အော်ဟစ်အုန်းမောင်းလျက် နေပူဆာလှုံနေကြသော အသက်ရှင်ကျန်ရစ်သူ များကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေမိသည်။ ရုတ်တရက် နေထွက်လာခြင်းကြောင့် လင်းယွမ်တိုက်ခန်းအဆောက် အအုံ တစ်ခုလုံးမှာ ရယ်မောသံများနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေ၏။

ယောင်ရန်သည် ကိုယ်ခန္ဓာ နွေးထွေးလာသည်အထိ ဤနေရာတွင် ခေတ္တမျှ ရပ်နေခဲ့သည်။ အပူချိန်တိုင်း ကိရိယာ ကို ပြန်လည်ကြည့်ရှုလိုက်ရာ အပူချိန်မှာ အတိတ်ဘဝကထက် ပိုမိုလျင်မြန်စွာ မြင့်တက်နေသည်ကို သတိပြုမိ လိုက်လေ၏။ မိနစ်အနည်းငယ်အတွင်းမှာပင် အပူချိန်မှာ ငါးဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်သွားခဲ့လေသည်။

သူမ၏ အအေးဒဏ်ခံဝတ်စုံကို ချွတ်လိုက်ပြီးနောက် ယောင်ရန်သည် အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။ ဧည့်ခန်းရှိ အပူချိန်တိုင်းကိရိယာမှာ အနုတ်သုံးဆယ်ဒီဂရီ ဆဲလ်စီးယပ်စ် ပြသနေသဖြင့် သူမသည် အိပ်ခန်းထဲသို့အလျင်အမြန် ပြန်ဝင်ခဲ့လေသည်။

ယောင်ရန်သည် အပူပေးစက်များကို ပိတ်လိုက်ကာ ၎င်းတို့ကို နေရာလွတ်အတွင်းသို့ သိမ်းဆည်းလိုက်လေသည်။ ထူထဲသော စောင်များကို ခေါက်သိမ်းလိုက်ပြီး လျှပ်စစ်စောင်ကို သိမ်းဆည်းကာ ကုတင်ကို ဝါးကုတင်အဖြစ် ပြောင်းလဲလိုက်လေ၏ ။

အခန်းကို ရှင်းလင်းပြီးနောက် သူမသည် ဧည့်ခန်းနံရံရှိ အပူချိန်တိုင်းကိရိယာကို ထပ်မံကြည့်ရှုရာ ယခုအခါ အပူ ချိန်မှာ အနုတ်နှစ်ဆယ်ဒီဂရီ ဆဲလ်စီးယပ်စ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နာရီဝက်ခန့်အတွင်းမှာတင် နှစ်ဆယ်ဒီဂရီကျော် မြင့်တက်သွားခဲ့ခြင်း ဖြစ်ပေသည်။

ယောင်ရန်သည် ပြတင်းပေါက်ဆီသို့ ပြန်လျှောက်သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ လူအများ အပြားမှာ နေပူဆာလှုံရန် အပြင်သို့ ထွက်လာကြပေသည်။ အချို့မှာ အဝတ်အစားများနှင့် စောင်များကို လျှော်ဖွပ် ကာ ဝရန်တာများတွင် လှန်းထားကြလေ၏။

မကြာမီမှာပင် ယောင်ရန်သည် သူမ၏ ဂျာကင်နှင့် ထူထဲသော ဆောင်းတွင်းဝတ်စုံကြောင့် အလွန်ပူအိုက်လာ သည်ဟု ခံစားလိုက်ရလေသည်။ သူမသည် အပေါ်အင်္ကျီကို အလျင်အမြန် ချွတ်လိုက်ကာ နံရံပေါ်ရှိ အပူချိန်တိုင်း ကိရိယာကို ကြည့်လိုက်လေသည်။ ဆယ်မိနစ်အတွင်းမှာပင် အပူချိန်မှာ နှစ်ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက် သွားခဲ့လေသည်။

ယောင်ရန်သည် သူမ၏ မှန်ပြောင်းကို ထုတ်ယူကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမသည် ဆော့က စားလျက် နေပူဆာလှုံနေကြသော အသက်ရှင်ကျန်ရစ်သူများကို ကြည့်မည့်အစား ဆီးနှင်းပြင်ဆီသို့သာ အာရုံ စိုက်ထားခဲ့လေ၏။ အပူချိန်မှာ ငါးဒီဂရီ ဆဲလ်စီးယပ်စ်သို့ ရောက်ရှိလာသည်နှင့်အမျှ ဆီးနှင်းများမှာ စတင် အရည်ပျော်လာခဲ့ပေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ယောင်ရန်သည် ဆောင်းတွင်းဝတ်စုံများကို ချွတ်ကာ ဆောင်းဦးပေါက်ဝတ်စုံများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ အပူချိန်မှာ တစ်ဆယ့်ငါးဒီဂရီ ဆဲလ်စီးယပ်စ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဆီးနှင်း များမှာ ပိုမိုလျင်မြန်စွာ အရည်ပျော်နေခဲ့လေ၏။

“ဂြွပ်...၊ဗွမ်း...။”

"ကယ်ကြပါဦး...။"

ယောင်ရန်သည် အော်ဟစ်သံထွက်ပေါ်ရာအရပ်သို့ လှမ်းကြည့်လိုက်ရာ ရေထဲသို့ ပြုတ်ကျသွားသော လူငယ် တစ်ဦးကို တွေ့လိုက်ရလေသည်။ အပူချိန်မှာ အလွန်လျင်မြန်စွာ မြင့်တက်လာသောကြောင့် နှင်းခဲပြင်များမှာ လျင်မြန်စွာ အရည်ပျော်နေခြင်း ဖြစ်ပေသည် ။ မာကျောသော နှင်းခဲပြင်ကြီးမှာ စတင်အက်ကွဲလာပြီး လူအများ အပြားမှာ ညစ်ပတ်ပြီး အေးခဲနေသော ရေထဲသို့ ပြုတ်ကျသွားကြတော့သည် ။

"ကယ်ကြပါဦး...၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပေးကြပါဦး....။"

ရေထဲသို့ ပြုတ်ကျသွားသူများကို ကယ်တင်ရန် မိသားစုဝင်များနှင့် ရင်းနှီးသော မိတ်ဆွေများကသာ ကြိုးပမ်းကြ ပေသည်။ ကူညီမည့်သူမရှိသောသူများမှာမူ ရေအောက်သို့ တဖြည်းဖြည်း ပျောက်ကွယ်မသွားမီ အော်ဟစ် အကူအညီတောင်းရုံမှတစ်ပါး အခြားမတတ်နိုင်ကြချေ ။

နှင်းခဲပြင်မှာ သိသိသာသာ ပါးလွှာသွားသည်ကို ယောင်ရန် စောင့်ကြည့်နေခဲ့သည်။ ရေမျက်နှာပြင်မှာ ချောမွတ် နေပြီး ခြေကုပ်ယူစရာမရှိသဖြင့် ရေထဲသို့ ပြုတ်ကျသွားသူများသည် အကူအညီမပါဘဲ အပေါ်သို့ ပြန်လည် မတက်နိုင်ကြချေ။

ဆယ်မိနစ်ခန့် ကြာပြီးနောက် အပူချိန်မှာ နှစ်ဆယ်ဒီဂရီ ဆဲလ်စီးယပ်စ်သို့ ရောက်ရှိသွားပြီး နှင်းခဲများမှာ လုံးဝအရည်ပျော်သွားခဲ့ပေသည်။

ကောင်းကင်ယံရှိ တောက်ပနေသော နေမင်းကြီးကို ကြည့်ရင်း ယောင်ရန်သည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရလေသည်။

ကျွင်းချန်မြို့ကို တောင်တန်းများက ဝန်းရံထားသော်လည်း မြို့သည် မြင့်မားသော အမြင့်ပိုင်းတွင် တည်ရှိနေခြင်း မဟုတ်ချေ။ အပူချိန် မြင့်တက်လာသည်နှင့်အမျှ ယောင်ရန်မှာ လေထုထဲတွင် အောက်ဆီဂျင် မလုံလောက်တော့ သကဲ့သို့ မွန်းကျပ်လာသည်ဟု ခံစားလိုက်ရလေသည်။

သူမသည် ဘယ်ဘက်လက်ကောက်ဝတ်ရှိ သူမ၏ သွေးခုန်နှုန်းကို အလျင်အမြန် စစ်ဆေးလိုက်၏။ နှလုံးခုန်နှုန်း မှာ မြန်ဆန်နေပြီး အသက်ရှူနှုန်းမှာ တိုတောင်းကာ အရေပြားအရောင်မှာလည်း အနည်းငယ် ပြောင်းလဲနေ ပေသည်။

ယောင်ရန်သည် အပူချိန်တိုင်းကိရိယာကို ထုတ်ယူကာ သူမ၏ ကိုယ်အပူချိန်ကို စစ်ဆေးကြည့်ရာ သုံးဆယ့်ရှစ် ဒီဂရီ ဆဲလ်စီးယပ်စ် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ကိုယ်အပူချိန် မြင့်တက်လာခြင်းမှာ အောက်ဆီဂျင် ပြတ်လပ်မှု၏ ထင်ရှားသော လက္ခဏာတစ်ရပ် ဖြစ်ပေသည်။

အချိန်မဆွဲတော့ဘဲ သူမသည် ရေငုပ်ရာတွင် အသုံးပြုသော အောက်ဆီဂျင်ဘူးမှ အောက်ဆီဂျင်ပိုက်ကို ထုတ် ယူကာ အသက်ရှူသွင်းလိုက်လေသည်။ လက္ခဏာများ သက်သာသွားပြီးနောက် ယောင်ရန်သည် သူမ၏ ကိုယ်အပူချိန်ကို ထပ်မံစစ်ဆေးလိုက်၏။

ကိုယ်အပူချိန် တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားသည်ကို မြင်တွေ့ရမှသာ သူမသည် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ နွေရာသီဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးနောက် ယောင်ရန်သည် အောက်ဆီဂျင်ပိုက်ကို ယူဆောင်ကာ သူမ၏ တိုက်ခန်းထဲမှ အလျင်အမြန် ထွက်ခွာလာခဲ့လေသည်။

လုံယု၏ တံခါးကို ခောက်ရင်း သူမက လှမ်းအော်လိုက်သည်။

"လုံယု...၊ တံခါးဖွင့်ပေးပါဦး...။"

အကြိမ်အနည်းငယ် လှမ်းခေါ်ပြီးနောက် ယောင်ရန်သည် အခန်းအမှတ် (၂၀၀၁) ၏ တံခါးကိုလည်း ခေါက်ကာ ရှီရွှမ်းနှင့် အခြားသူများကို လှမ်းခေါ်လိုက်၏။ မကြာမီမှာပင် တံခါးနှစ်ချပ်စလုံး ပွင့်လာခဲ့ပေသည်။

လုံယုသည် သူမ၏ ပူပန်နေသော မျက်နှာအမူအရာကို မြင်တွေ့ရသောအခါ အလျင်အမြန် မေးမြန်းလိုက်လေ သည်။

"ရန်ရန်...၊ ဘာဖြစ်လို့လဲ...၊ မင်း အဆင်ပြေရဲ့လား...။"

ယောင်ရန်က သူ့အား ပြန်မဖြေခဲ့ဘဲ သူ၏သွေးခုန်နှုန်းကို ချက်ချင်း စစ်ဆေးလိုက်၏။ စက္ကန့်နှစ်ဆယ်ခန့် ကြာပြီး နောက် သူမသည် သူ၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ကာ မေးလိုက်သည်။

"ရှင် အဆင်ပြေရဲ့လား...။ ပျို့အန်ချင်တာ ဒါမှမဟုတ် ခေါင်းမူးတာမျိုး ခံစားရလား...။"

လုံယုက ခေါင်းယမ်းပြကာ၊

"မဖြစ်ပါဘူး...။ ငါ အဆင်ပြေပါတယ်...၊ ရုတ်တရက် အပူချိန်ပြောင်းလဲသွားလို့ နေလို့မကောင်းရုံပါပဲ...။"

ဤစကားကို ကြားရသောအခါ ယောင်ရန်သည် စိတ်အနည်းငယ် သက်သာရာရသွားခဲ့ပေသည်။ သူမသည် ရှီရွှမ်း ဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။

"ရှီရွှမ်း...၊ ရှင်ကောပဲ...။ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ ဒါမှမဟုတ် အသက်ရှူကျပ်တာမျိုး ခံစားရလား...။"

ရှီရွှမ်းက ခေါင်းယမ်းပြကာ ဖြေကြားခဲ့သည်။

"ကျွန်တော်တော့ အဆင်ပြေပါတယ်...။ ဒါပေမယ့် ခုနတင် တန်ချီချီနဲ့ ဟွမ်ကျိဟွေးတို့ ခေါင်းမူးနေတယ်လို့ ပြောကြတယ်...။"

ထိုစကားကို ကြားလိုက်ရသဖြင့် ယောင်ရန်သည် အခန်းအမှတ် (၂၀၀၁) အတွက် အလျင်အမြန် ဝင်ရောက်သွားခဲ့ ၏။ လုံယုနှင့် ရှီရွှမ်းတို့သည် တစ်ဦးကိုတစ်ဦး ခေတ္တမျှ ကြည့်လိုက်ကြပြီးနောက် သူမ၏နောက်သို့ လျင်မြန်စွာ လိုက်ပါသွားခဲ့ကြလေသည်။

သူတို့ ရောက်ရှိသွားသောအခါ ယောင်ရန်သည် အောက်ဆီဂျင်ပိုက်ကို တန်ချီချီထံသို့ ကမ်းပေးကာ အသက်ရှူ စေပြီးနောက် ဟွမ်ကျိဟွေးထံသို့ လွှဲပြောင်းပေးလိုက်သည်ကို မြင်တွေ့လိုက်ရပေသည်။

ဟွမ်ကျိဟွေး၏ ဘေးတွင် ထိုင်လိုက်ရင်း ယောင်ရန်သည် သူမ၏သွေးခုန်နှုန်းကို စစ်ဆေးကာ ပြောလိုက်၏။

"နင့်ရဲ့ လက္ခဏာတွေက တန်ချီချီထက် ပိုပြီး ပြင်းထန်တယ်...။ ဒါကြောင့်မို့လို့ သက်သာသွားတဲ့အထိ ဒီ အောက်ဆီဂျင်ပိုက်ကနေ ဆက်ပြီး အသက်ရှူနေပါဦး...။"

All Chapters