← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း (၁၄၇) ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်၏ အထွတ်အထိပ်နှင့် အပြီးစုံလင်ဆုံးသော ရုပ်ခန္ဓာ

အဖွဲ့သားတို့ ထင်းရှူးနက်တောင်သို့ ပြန်ရောက်လာကြသည်။

ရှန်ချန်းရွှယ်က တောရိုင်းကျွဲပေါ်မှ ဆင်းပြီးနောက် ပြုံးရွှင်စွာ ပြောလိုက်၏။

"ညီမလေး လန်အာ... ဒီညပဲ မင်္ဂလာဆောင်လိုက်ကြရအောင်..."

ချင်းလန်အာမှာ ခဏမျှ အံ့အားသင့်သွားပြီး သူမ၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ရဲတွတ်သွားသည်။

“အဲ့လောက်တောင် မြန်တာလား…”

သူမ ရောက်တာ ယနေ့မှဖြစ်ပြီး အခုချက်ချင်းပင် မင်္ဂလာဆောင်ရတော့မည်။ သို့သော် ချင်းလန်အာက ငယ်စဉ်ကတည်းက ကျောက်လင်ကို စိတ်ထဲရှိနေသူ ဖြစ်သည့်အတွက် အချိန်အခါသင့်နေပြီဖြစ်ရာ သူမ ငြင်းဆန်မည် မဟုတ်ပေ။

"ကိုယ်ရဲ့ ဇနီးလေး... မင်းပဲ စီစဉ်ပေးလိုက်ပါ..."

ကျောက်လင်က အနည်းငယ် ပြုံး၍ ပြောလိုက်၏။

ချင်းလန်အာက ခေါင်းကို အသာအယာ ငြိမ့်လိုက်ရာ သူမ သဘောတူကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ ရှန်ချန်းရွှယ်က တာဝန်ယူကာ ကြီးမားသည့် တဲကြီးဆီသို့ ချက်ချင်း ပြေးသွားပြီး အစေခံများနှင့် အမျိုးသမီးအချို့ကို မင်္ဂလာပစ္စည်းများ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။

ရိုးရှင်းသော မင်္ဂလာအခမ်းအနားတစ်ခုပင်ဖြစ်သော်လည်း စေ့စပ်သေချာစွာ ပြင်ဆင်ရန် လိုအပ်၏။

ကျောက်လင်က သူ၏ မြင်းရိုင်းကို စီးကာ ကြွက်လေး၏ သစ်သားအိမ်ငယ်လေးဆီသို့ ထွက်လာခဲ့သည်။

"ဖက်တီး... တောဝက်တွေကို အများကြီး သတ်ပေးလို့ မင်းကို မုန့်ကျွေးမယ်လို့ ကတိပေးထားတယ်လေ..."

"အခု မင်းအတွက် ထူးခြားတဲ့ မုန့်အမျိုးအစားအသစ်တွေ ယူလာပေးတယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။

ကြွက်လေးက အနီးနားရှိ သစ်ပင်ပေါ်မှ ချက်ချင်း ခုန်ချလာပြီး သူ၏ သစ်သားအိမ်လေးရှေ့တွင် ဆင်းသက်လိုက်၏။ ကျောက်လင်က စနစ်နေရာလွတ်ထဲမှ ဝါးခြင်းတောင်းတစ်လုံးကို ထုတ်ယူလိုက်ရာ ထိုထဲတွင် ပင်လယ်နက်က ငါးကလေးများတစ်ထောင်ခန့် ပြည့်နှက်နေသည်။

စပ်စပ်၊ အငန်အရသာ၊ အနှစ်အရသာ၊ အချဉ်အရသာ စသည်ဖြင့် အရသာမျိုးစုံကို တစ်မျိုးလျှင် နှစ်ရာစီ ထည့်ထားပေး၏။ ကိုလာများနှင့် အခြားမုန့်များကိုသာ ဆက်တိုက်ကျွေးနေလျှင် ကြွက်လေး စိတ်ဝင်စားမှု လျော့နည်းသွားနိုင်သည်။ ထို့ကြောင့် သူတို့ ဆက်လက် စိတ်ဝင်စားနေစေရန် အသင့်စားမုန့် အမျိုးအစားသစ်များကို ပံ့ပိုးပေးရမည်။

ကျွီ… ကျွီ..

ကြွက်လေးက ပင်လယ်နက်က ငါးကလေးများ၏ ထုပ်ပိုးပုံအသစ်ကို မြင်လိုက်ရသောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ ဝုန်းခနဲ ခုန်ဝင်လိုက်ပြီးနောက် ကျွမ်းကျင်စွာ အထုပ်ကို ဖောက်ကာ ငါးကလေးကို ညှစ်ထုတ်ပြီး တစ်ကိုက်တည်းနှင့် မြိုချလိုက်၏။ ချက်ချင်းဆိုသလိုပင် ကြွက်လေး၏ မျက်နှာတွင် အလွန်အမင်း ကျေနပ်နေသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

"ကောင်းပြီ... ငါးကလေးတွေကို ပျော်ပျော်ကြီး စားပေတော့..."

ကြွက်လေး ငါးကလေးများနှင့် ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို မြင်သောအခါ ကျောက်လင်က အနှောင့်အယှက် မပေးလိုတော့ဘဲ သူ့ဘာသာ သူ ထွက်လာခဲ့လိုက်၏။

ညနေပိုင်းတွင် မင်္ဂလာဆောင်ကျင်းပမည့် နေရာမှာ အသင့်ဖြစ်နေပြီဖြစ်သည်။ ဤတဲကြီးထဲတွင် အနီရောင် ကော်ဇောကို ခင်းထားပြီး ဂုဏ်သရေရှိသူများအတွက် ထိုင်ခုံများ စီစဉ်ထား၏။ ဒုက္ခသည်များနှင့် အမျိုးသမီးများအားလုံး တန်းနှစ်တန်းခွဲ၍ ရပ်နေကြပြီး လက်ခုပ်တီးကာ အားပေးနေကြသည်။ ကျောက်လင်နှင့် ချင်းလန်အာတို့မှာ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ကော်ဇောနီပေါ်တွင် လက်ချင်းတွဲ၍ လျှောက်လာကြသည်။ ဆွေမျိုးမိတ်သင်္ဂဟများ၏ ဆုမွန်ကောင်းများကြားတွင် ကျီစုဖျင်၏ ရှေ့မှောက်သို့ ရောက်ရှိလာကြ၏။

ယောင်းဟွိုင်တောက်က အခမ်းအနားမှူး ဖြစ်လာသည်။

"ကောင်းကင်နှင့် မြေကြီးကို အရိုအသေပေး၏

ပါ..."

"မိဘနှစ်ပါးကို အရိုအသေပေးပါ.."

"ခင်ပွန်းနှင့် ဇနီးသည် အပြန်အလှန် အရိုအသေပေးပါ..."

ရိုးရှင်းသော မင်္ဂလာပွဲသည် အချိန်တိုအတွင်း ပြီးဆုံးသွားသည်။ ထို့နောက် အရေးအကြီးဆုံး အချိန်သို့ ရောက်လာ၏။ မနက်ခင်းတွင် စုယောင်နှင့် ယဲ့လင်အာတို့ တောင်ပေါ်သို့ အမဲလိုက်ထွက်သွားကြရာ ရက်ကွန်းခွေး၊ သမင်နှင့် တောယုန်အပါအဝင် တောကောင် ၂၀ ကျော် ရခဲ့သည်။ အားလုံးမှာ အသားလတ်ဆတ်သည့် တောကောင်များသာ ဖြစ်၏။

အသားအားလုံးကို ချက်ပြုတ်ထားလိုက်ရာ မင်္ဂလာပွဲ၏ စားသောက်ပွဲသည် အလွန်ပင် ကြွယ်ဝနေသည်။ ထို့ကြောင့် လူတိုင်းမှာ ပျော်ရွှင်နေကြပြီး တစ်ပွဲလုံးမှာ အလွန်ပင် စည်ကားသိုက်မြိုက်နေ၏။ ကျောက်လင်နှင့် ချင်းလန်အာတို့မှာတော့ အခန်းထဲသို့ ဝင်နှင့်ကြလေပြီ။

"လန်အာ... ကိုယ် မင်းကို တန်ဖိုးထားပြီး ချစ်ခင်သွားမှာပါ..."

မင်္ဂလာဦးအုပ်ကို ဖယ်လိုက်ပြီးနောက် ကျောက်လင်က ရှက်ရွံ့နေသည့် ချင်းလန်အာကို ကြည့်ကာ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ ချင်းလန်အာမှာ အလွန်ပင် ရှက်ရွံ့နေသည်။ ထို့နောက် ကျောက်လင်က သူ၏ အတွေ့အကြုံများဖြင့် ချင်းလန်အာအား သူ၏ မိန်းမဖြစ်လာစေရန် ဖြည်းညင်းစွာ လမ်းညွှန်ပေးလိုက်၏။

ထို့နောက် ကျောက်လင်က စနစ်မျက်နှာပြင်ကို ချက်ချင်း ကြည့်လိုက်သည်။

【ဂုဏ်ယူပါသည်... ပိုင်ရှင်... သင်သည် သင်၏ ဇနီး ချင်းလန်အာနှင့် မင်္ဂလာဦးညကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ စနစ်မှ သင့်အား ကျင့်ကြံခြင်းအနှစ် ၂၀ ကို ဆုချီးမြှင့်လိုက်သည်】

ကိုယ်ဝန်မရသေးပေ။ သို့သော် ဤကျင့်ကြံခြင်းအနှစ် ၂၀ ကြောင့် ကျောက်လင်က အလွန်ပင် ပျော်ရွှင်နေသည်။ ထိုအချိန်တွင် ကျောက်လင်၏ အသိစိတ်မှာ သူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များဆီသို့ စူးစိုက်ထား၏။

【ပိုင်ရှင်: ကျောက်လင်】

【ဇနီးများ: စုယောင်၊ ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်း၊ ထျန်ကျီလင်၊ အိုယန်ပင်း၊ တန်ထိုက်ပေါင်ပေါင်၊ ချင်းလန်အာ】

【ကျွမ်းကျင်မှုများ: အမဲလိုက်ခြင်း၊ ပန်းချီဆွဲခြင်း၊ ရှန်းနုန်ဆေးဖက်ဝင်အပင်မှတ်တမ်း】

【အထူးစွမ်းရည်: လင်းယုန်မျက်လုံး】

【ကျင့်စဉ်များ: ဟယ်ယန်ကျင့်စဉ် (တတိယအဆင့်)၊ မူလဝိညာဉ်ကျင့်စဉ် (တတိယအဆင့်)၊ သွေးနတ်ဘုရားဓား (တတိယအဆင့်)】

【နယ်ပယ်အဆင့်: အလယ်အလတ်အဆင့် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်】

【ကျင့်ကြံခြင်းအဆင့်: ၂၂+】

ကျောက်လင် မနက်ခင်းတွင် ပြန်ရောက်သောအခါ ရှန်ချန်းရွှယ်ကို အခန်းထဲ ခေါ်သွင်းခဲ့ပြီး နေ့လယ်တွင်လည်း တန်ထိုက်ပေါင်ပေါင်နှင့် စကားပြောခဲ့သေး၏။ အခု ချင်းလန်အာထံမှရရှိသော အနှစ် ၂၀ နှင့်ဆိုလျှင် စုစုပေါင်း ၂၂ နှစ် ရှိသွားပြီဖြစ်သည်။ ကျောက်လင် စိတ်ထဲတွင် ခဏမျှ တွေးတောလိုက်ပြီးနောက် အမိန့်ပေးလိုက်၏။

"စနစ်... ကျင့်ကြံခြင်း ၂၂ နှစ်ကို ဟယ်ယန်ကျင့်စဉ်ထဲသို့ ပေါင်းထည့်လိုက်..."

သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ အလွန် နိမ့်ကျနေသေးသည်။ သူသည် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် အလယ်အလတ်အဆင့်သာ ရှိသေး၏။ မကြာမီတွင် ကျောက်လင် သူ၏ ခန္ဓာကိုယ်မှာ ပိုမို သန်မာလာသည်ကို ခံစားလိုက်ရသည်။

ပုဂ္ဂိုလ်ရေး အချက်အလက်တွင်...

【နယ်ပယ်အဆင့်: အထွတ်အထိပ် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်】

နောက်တစ်ဆင့် တက်လှမ်းခြင်းမှာ ရွှေခန္ဓာနယ်ပယ်သို့ ရောက်ရှိခြင်းပင် ဖြစ်သည်။

"စနစ်ဈေးဆိုင်ကနေ စတုတ္ထအဆင့် ဝိညာဉ်သစ်သီးတွေကို ဝယ်ပြီး ရွှေခန္ဓာနယ်ပယ်ကို တက်လှမ်းဖို့ သုံးရမလား..."

ထိုအချိန်တွင် ကျောက်လင်၏ စိတ်ထဲတွင် ထိုသို့တွေးမိလိုက်သည်။ သို့သော် ကျောက်လင်က ထိုအကြံကို ချက်ချင်း ငြင်းပယ်လိုက်သည်။ ဝိညာဉ်သစ်သီးများကို သုံး၍ ရွှေခန္ဓာနယ်ပယ်သို့ တက်လှမ်းနိုင်သည်မှာ မှန်၏။ သို့သော် ဝိညာဉ်သစ်သီးတိုင်းသည် ကျင့်ကြံသူများကို အဆင့်တက်စေသော်လည်း ဘေးထွက်ဆိုးကျိုးအချို့ ရှိနေနိုင်သည်ဟု ကျောက်လင် ရိပ်မိနေသည်။

အသူရာသစ်သီးကိုသာ ဥပမာပေးရလျှင် ၎င်းသည် အရိုးတွင်းခြင်ဆီကို ပုံသွင်းရာတွင် ကူညီပေးနိုင်ပြီး သံမဏိအရိုးနယ်ပယ်သို့ တက်လှမ်းနိုင်စေသည်။ သို့သော် အသူရာသစ်သီးထဲတွင် မသန့်စင်သော အရာအချို့ ပါဝင်နေသည်။ ထိုအရာများက အရိုးများထဲတွင် ရောနှောသွားပြီး ကျင့်ကြံသူ၏ အရိုးများကို ပိုမို သန့်စင်မှု မရှိစေတော့ပေ။

ကျောက်လင်သည် စနစ်၏ ဆုလာဘ်များကိုသာ အသုံးပြု၍ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ချင်သည်။ စနစ်၏ ဆုလာဘ်များသည် အသန့်စင်ဆုံးသော ဆုလာဘ်များဖြစ်၏။ ကျင့်ကြံခြင်းဖြင့် နယ်ပယ်ကို တိုးမြှင့်ခြင်းသည် ကြွက်သားများ၊ အရိုးများ သို့မဟုတ် ရိုးတွင်းခြင်ဆီကို ပုံသွင်းခြင်းဖြစ်ပြီး မည်သည့် အညစ်အကြေးမျှ မကျန်ခဲ့စေဘဲ ပြည့်စုံစွာ ပုံသွင်းခြင်း ဖြစ်သည်။

ကျောက်လင်သည် သူ၏ ရုပ်ခန္ဓာကို အပြီးစုံလင်ဆုံးသော ရုပ်ခန္ဓာအဖြစ် ပြောင်းလဲချင်သည်။ ဤအချက်ကို သဘောပေါက်သွားသောအခါ ကျောက်လင်သည် ဝိညာဉ်သစ်သီးများနှင့် ဆေးလုံးများကို အသုံးပြု၍ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် မစဉ်းစားတော့ပေ။ သို့သော် စုယောင်၊ ရှန်ချန်းရွှယ်နှင့် အခြားဇနီးများ သို့မဟုတ် ယောင်းဟွိုင်တောက်၊ ရှုံ့တာကျွမ်းတို့တွင် စနစ်မရှိပေ။ အကယ်၍ ကျောက်လင် သူတို့ကို ကူညီချင်ပါက စနစ်ဈေးဆိုင်မှ ဝိညာဉ်သစ်သီးများနှင့် ဆေးလုံးများကိုသာ ဝယ်ယူပေးနိုင်လိမ့်မည်။

နောက်ဆုံးတော့လည်း ဤဆွေမျိုးများနှင့် မိတ်ဆွေများ၏ ရုပ်ခန္ဓာမှာ အလွန်ကောင်းမွန်သည်တော့ မဟုတ်ပေ။ အကယ်၍ သူတို့ဘာသာ ကျင့်ကြံမည်ဆိုပါက မည်သည့်အချိန်တွင် အဆင့်တက်နိုင်မည်ကို မသိနိုင်ဘဲ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်အောက်တွင်သာ တစ်သက်လုံး နေသွားရနိုင်၏။ ဝိညာဉ်သစ်သီးများနှင့် ဆေးလုံးများကို အသုံးပြု၍ သူတို့ကို တိုးမြှင့်ပေးခြင်းဖြင့် သူတို့သည် နဝမအဆင့်၏ ထိပ်ဆုံးအထိ တိုးတက်လာနိုင်မည်ဟု ကျောက်လင် ယုံကြည်သည်။

ဒေါက်... ဒေါက်...

ကျောက်လင် တွေးတောနေစဉ် တံခါးကို တစ်စုံတစ်ယောက် လာခေါက်သည်။ ကျောက်လင်၏ စိတ်စွမ်းအားက ကျောက်သားလွှာများကို ထိုးဖောက်သွားပြီး အပြင်ဘက်မှ လာသူမှာ မည်သူဖြစ်ကြောင်း သဘာဝအတိုင်း သိလိုက်သည်။

စုယောင်၊ ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့မှာ ပျော်ရွှင်စွာဖြင့် အခန်းထဲသို့ ဝင်လာကြသည်။

"ကောင်းပြီ... ဒါကတော့ ကျင့်ကြံခြင်း ၅ နှစ်စာပဲ..."

"ရှင့်ကို ခဏလောက် အနှောင့်အယှက်ပေးပါဦးမယ်..."

ကျောက်လင်သည် သူတို့၏ ရည်ရွယ်ချက်ကို သိရှိပြီး သူတို့၏ အကူအညီလည်း လိုအပ်နေသည့်အတွက် သူတို့နှင့် တိုက်ရိုက် ရင်ဆိုင်ရပေတော့မည်။

အရေးကြီးဆုံးအချက်မှာ ကျောက်လင်သည် သူတို့အားလုံး ကိုယ်ဝန်ရှိနေကြကြောင်း သိသည်။ မနက်ခင်းတွင် မူးဝေခြင်း မဖြစ်ပေါ်လာမီ ကျောက်လင်သည် အချိန်ကို အမိအရ ဖမ်းဆုပ်ကာ သူတို့ကို စဉ်ဆက်မပြတ် တိုက်ခိုက်ပြီး ကျင့်ကြံခြင်း အများဆုံးရရှိအောင် ကြိုးစားရမည်။

ထို့ကြောင့် ကျောက်လင်က တံခါးကို ဖွင့်ပေးလိုက်သည်။

နေ့လယ်တွင် ရောက်ရှိလာပြီးနောက် ကျီစုဖျင်သည် ခဏနားနေပြီး နေ့လယ်ပိုင်းတွင် အခြားသူများနှင့် စကားပြောကာ သတင်းအချို့ ရရှိခဲ့သည်။ ထိုအချိန်တွင် ကျီစုဖျင်သည် သူမ၏ အခန်းထဲတွင် တံခါးတစ်ဝက်ဟလျက် ရပ်နေသည်။ တံခါးအက်ကြောင်းမှတစ်ဆင့် အမျိုးသမီးငါးဦး ကျောက်လင်၏ အခန်းထဲသို့ ဝင်သွားသည်ကို သူမ မြင်လိုက်ရသည်။

"ငါ့သားဆီမှာ ဘာပြောင်းလဲမှုတွေ ဖြစ်သွားတာလဲ... သူ အရမ်းကို တော်လာပါလား”

မိခင်တစ်ယောက်ထက် ပို၍ သိသူ မရှိပေ။ ခဏတာ ကျောက်လင် အဘယ်ကြောင့် ဤမျှ အံ့ဖွယ်ကောင်းလာရသနည်းဆိုသည်ကို ကျီစုဖျင် နားမလည်နိုင်ပေ။ သို့သော် မိခင်တစ်ယောက်အနေဖြင့် သူမ၏ သားဖြစ်သူတွင် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို မြင်ရသည်မှာလည်း ပျော်ရွှင်ရပါသည်။

"သားရေ... ကြိုးစားပါဦး... ကလေးတွေ အများကြီး မွေးပေးပါ... အမေက အခုထိ ငယ်သေးလို့ ရှိသေးတာမို့ ကလေးတွေကို ပြုစုပေးနိုင်ပါတယ်..."

ကျီစုဖျင်က သူမကိုယ်သူမ စိတ်အားပေးလိုက်သည်။

All Chapters