← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း (၁၅၂) ငွေတစ်သိန်းသာရှိခြင်း

အိတ်ကပ်ထဲတွင် ငွေစက္ကူလေးသိန်းကို ထည့်ထားရင်းဖြင့် ကျောက်လင်က ချင်းပေါင်စံအိမ်မှ ထွက်လာခဲ့၏။

"တာ့ချန်ငွေလဲဌာနရဲ့ ဘဏ္ဍာတိုက်မှာ ငွေစက္ကူလေးသိန်းနဲ့ ညီမျှတဲ့ ငွေသားတွေ ရှိပါ့မလား..."

ကျောက်လင်က ဟာသတစ်ခုသဖွယ် ရေရွတ်လိုက်ပြီးနောက် သူ၏ မိခင်နှင့် ဇနီးများထံသို့ အမြန်ဆုံး သွားရောက်ရန် မြင်းကို စီးနင်းလိုက်၏။ မင်ချွမ်မြို့က ကြီးမားလှသည်မဟုတ်သဖြင့် ကျောက်လင်က သူတို့ကို အချိန်တိုအတွင်း၌ပင် ရှာတွေ့သွားသည်။

သူတို့က အထည်ဆိုင်တစ်ဆိုင်၌ အထည်များကို ရွေးချယ်နေကြသည်။ မည်သည့်ကမ္ဘာတွင်မဆို အမျိုးသမီးတို့သည် အလှအပကို မြတ်နိုးပြီး မိမိကိုယ်ကိုယ် တင့်တယ်အောင် ပြင်ဆင်လိုကြသည်မှာ ထုံးစံပင်။

"လင်အာ..."

"ခင်ပွန်း..."

ကျောက်လင် ရောက်လာသည်ကို မြင်လိုက်သောအခါ အားလုံးက သူ့ကို လှမ်းခေါ်လိုက်ကြသည်။ ကျောက်လင်က ဆိုင်ထဲရှိ အထည်များကို ကြည့်လိုက်၏။ အထည်အမျိုးအစားများမှာ များပြားလှသည်မဟုတ်ဘဲ ပိတ်ချောနှင့် ပိတ်ကြမ်းများသာ အဓိကဖြစ်ပြီး ဆိုးဆေးမျိုးစုံလည်း သိပ်မရှိလှချေ။

ထိုအခိုက်တွင် ကျောက်လင်က အတွေးတစ်ခုဝင်လာပြီး ခဏတာ စဉ်းစားမိသွားသည်။

"ငါတို့ အထည်စက်ရုံတစ်ခု တည်ထောင်ရင် ကောင်းမလား..."

စား၊ ဝတ်၊ နေ၊ သွား ရေးအတွက် အထည်အလိပ်လုပ်ငန်းမှာ အလွန်ပင် ကြီးမားလှသည်။ စနစ်ဈေးဆိုင်မှ အထည်ထုတ်လုပ်ရေးလိုင်းကို ဝယ်ယူပြီး ကျွမ်းကျင်လုပ်သားများကိုသာ လေ့ကျင့်ပေးနိုင်မည်ဆိုပါက အရည်အသွေးမြင့် အထည်များကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ကျောက်လင် စဉ်းစားလေလေ ပို၍ ဖြစ်နိုင်ချေရှိသည်ဟု ထင်ရလေလေ ဖြစ်သည်။ သို့သော်လည်း ကျောက်လင်က ယခုအချိန်တွင် အလျင်စလို မလုပ်သေးပါ။ အရာအားလုံးကို အဆင့်ဆင့် လုပ်ဆောင်ရမည်သာ။

သူ့ဇနီးများက အထည်အလိပ်အချို့ကို ဝယ်ယူလိုက်ကြသည်။ ငွေကြေး ရှိနေပြီဖြစ်သဖြင့် သူတို့အားလုံးက မိမိကိုယ်ကိုယ် ဝတ်ဆင်ရန် အဝတ်အစားသစ်များကို ချုပ်လုပ်လိုကြသည်။

"ကဲ... အားလုံးပဲ ငါနဲ့အတူ တာ့ချန်ငွေလဲဌာနကို လိုက်ခဲ့ကြဦး... ငွေနည်းနည်း လဲစရာရှိလို့..."

မိန်းမများက အထည်များ ဝယ်ပြီး၍ စိတ်ကြည်လင်နေသည်ကို မြင်သောအခါ ကျောက်လင်က လှမ်းခေါ်လိုက်သည်။

"ကျွန်မတို့ ခင်ပွန်း စကားအတိုင်း လုပ်ပါမယ်ရှင်..."

ဇနီးများက ပြန်ပြောလိုက်ပြီးနောက် လှည်းပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လိုက်ကြသည်။ သူတို့လည်း တာ့ချန်ငွေလဲဌာနဆိုသည်ကို သိကြပြီး ကျောက်လင် ငွေမည်မျှ လဲလှယ်မည်ကို သိလို၍ စိတ်အားထက်သန်နေကြသည်။ အရင်က ကျောက်လင် ငွေအများကြီး ရှာနိုင်သည်ကို သိသော်လည်း အတိအကျကိုမူ မသိကြသေးပေ။

ထို့နောက် အဖွဲ့လိုက် လှည်းဖြင့် တာ့ချန်ငွေလဲဌာနသို့ ခရီးနှင်လာခဲ့ကြသည်။ ထိုနေရာမှာ ကျောက်တံတိုင်း နှစ်မီတာကျော်မြင့်သည့် ခြံဝင်းကြီးတစ်ခုဖြစ်ပြီး အလယ်တွင် အပြာရောင်အုတ်များဖြင့် တည်ဆောက်ထားသည့် ရိုးရာနေအိမ်တစ်ခု ရှိသည်။

"သက်ဆိုင်သူမဟုတ်ရင် အပြင်မှာပဲ စောင့်ပါ..."

ကျောက်လင် မြင်းစီးပြီး ဝင်ပေါက်သို့ ရောက်သောအခါ ဓားကိုင်ကာ ကင်းစောင့်နေသည့် လူနှစ်ယောက်က လှမ်းတားလိုက်သည်။ ဤနေရာမှာ ငွေကြေးများစွာ သိုလှောင်ထားသည့် နေရာဖြစ်၍ သူစိမ်းများ လွတ်လပ်စွာ ဝင်ရောက်ခွင့် မပြုခြင်းမှာ သဘာဝပင်။

တာ့ချန်ငွေလဲဌာနမှာ တော်ဝင်မိသားစုမှ တည်ထောင်ထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မင်းဆက်တစ်လျှောက် ပြန့်နှံ့နေကာ ငြင်းခုံမရသည့် အာဏာကို ပိုင်ဆိုင်ထားသည်။ တာ့ချန်ငွေလဲဌာနတွင် ပြစ်မှုကျူးလွန်ရန် ကြိုးစားသူတိုင်းမှာ ဥပဒေအရ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ပြီး၊ ပြစ်မှုကြီးလေးပါက ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်အထိ ကွပ်မျက်ခံရနိုင်သည်။

"ညီလေးတို့... သူတို့က ငါ့အမေနဲ့ ဇနီးတွေပါ... သူတို့ကို ငါနဲ့အတူ ဝင်ခွင့်ပေးပါဦး..."

ကျောက်လင် မြင်းပေါ်မှ ဆင်းကာ ပြုံး၍ ပြောလိုက်သည်။

"မရဘူး..."

လူတစ်ယောက်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

"ဒီနေရာက တာ့ချန်ငွေလဲဌာနပဲ... သက်ဆိုင်သူတွေပဲ ဝင်ရမယ်..."

အခြားလူတစ်ယောက်ကမူ ဒေါသသံ အနည်းငယ် ပါလာသည်။ အရင်တစ်ခေါက် ကျောက်လင်တစ်ယောက်တည်း လာစဉ်က ငွေပြားတစ်ရာသာ လဲလှယ်ခဲ့သည်။ ထိုစဉ်က ကျောက်လင်က ငွေစက္ကူကို ထုတ်ပြလိုက်ရုံနှင့် ကင်းစောင့်က ဝင်ခွင့်ပေးခဲ့သည်။ ယခုမူ ကျောက်လင်က လူအုပ်နှင့် ဝင်လာသဖြင့် ငွေနည်းနည်းသာ လဲမည့်သူဟု ထင်မှတ်ကာ ဌာနတာဝန်ခံ သိသွားလျှင် အပြစ်ပေးခံရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ကျောက်လင်က စကားအများကြီး မပြောဘဲ ပြုံးရင်း အိတ်ကပ်ထဲမှ ငွေစက္ကူ လေးသိန်းကို ထုတ်ပြလိုက်သည်။

"ညီလေးတို့... ငါ ဒီနေ့ ငွေ လေးသိန်းလဲမှာ... ငါ့အမေနဲ့ ဇနီးတွေက ငွေရေဖို့ လိုက်လာတာ... ဝင်လို့ ရပြီလား..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"အာ..."

ကင်းစောင့်နှစ်ယောက်မှာ အံ့သြသွားပြီး ကျောက်လင် ကိုင်ထားသည့် ငွေစက္ကူလေးရွက်ကို ကြည့်လိုက်ရာ တန်ဖိုးမှာ အမှန်ပင် တစ်သိန်းစီ ဖြစ်နေသည်။

"ဝင်ပါ... ဝင်ပါခင်ဗျာ..."

သူတို့နှစ်ယောက်မှာ ချက်ချင်းပင် အမူအရာ ပြောင်းသွားပြီး အရိုအသေပေးကာ လမ်းဖွင့်ပေးလိုက်ကြသည်။ ကျောက်လင်က ခေါင်းညိတ်ပြပြီး သူ၏ မိခင်နှင့် ဇနီးများကို ခေါ်ကာ ဝင်လာခဲ့သည်။ မကြာမီပင် အားလုံး လှည်းပေါ်မှ ဆင်းလိုက်ကြသည်။

"လာကြ... အားလုံးပဲ ငါ့နောက်က လိုက်ခဲ့ကြ..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။ လူစုလည်း ခန်းမထဲသို့ လျှောက်သွားကြသည်။ ကျောက်လင်က ငွေစက္ကူများကို ကိုင်ကာ ကောင်တာသို့ သွားပြီး တည်ငြိမ်စွာ ထိုင်လိုက်သည်။ သူ့ရှေ့တွင်မူ အလွန်တင့်တယ်သည့် မိန်းကလေးတစ်ယောက် ရှိနေသည်။

"ဧည့်သည်တော်... ဘာများ ကူညီပေးရမလဲရှင်..."

ထိုမိန်းကလေးက တောက်ပသည့် မျက်လုံး၊ ဖြူဖွေးသည့် သွားများဖြင့် ပြုံး၍ မေးလိုက်သည်။ ကျောက်လင်က ငွေစက္ကူ လေးသိန်းကို တွန်းပေးလိုက်၏။

"ငွေလဲပေးဖို့ပါ..."

ကျောက်လင်က ခပ်အုပ်အုပ်လေး ပြောလိုက်သည်။ မိန်းကလေးက ငွေစက္ကူကို ကောက်ကိုင်ပြီး ကြည့်လိုက်ရာ သူမ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အလွန်အမင်း အံ့သြသွားရသည်။ မင်ချွမ်မြို့ကဲ့သို့ မြို့ငယ်လေးတွင် ငွေတစ်သောင်းကို လဲလှယ်သူပင် ရှားပါးလှပြီး ငွေတစ်ရာ လဲလှယ်သူကသာ ပိုများသည်။ ကျောက်လင်၏ ငွေလေးသိန်း လဲလှယ်မှုမှာမူ တစ်ခါမျှ မကြုံဖူးသည့်ကိစ္စဖြစ်သည်။

တာ့ချန်မင်းဆက် အစောပိုင်းကာလတွင် လုပ်ငန်းအားလုံးမှာ အစပျိုးရုံသာ ရှိသေးပြီး ကုန်သွယ်ရေးမှာလည်း သိပ်မဖွံ့ဖြိုးသေးပေ။ ထိုမျှမက မင်ချွမ်မြို့ကဲ့သို့ နယ်စပ်မြို့လေးတွင် ကုန်သွယ်မှုမှာ ရှားပါးပြီး ကုန်သည်များကြားတွင် ငွေတစ်ရာ လဲလှယ်မှုပင်လျှင် ပွဲကြီးတစ်ခုဟု သတ်မှတ်ရသည်။ တာ့ချန်ငွေလဲဌာန၏ ဘဏ္ဍာတိုက်တွင်ပင် ငွေသား တစ်သိန်းခန့်သာ ရှိသည်။

"ဘာဖြစ်လို့လဲ..."

မိန်းကလေး၏ အံ့သြနေသည့် အမူအရာကို မြင်သော် ကျောက်လင်က မေးလိုက်သည်။

"အဲ... အဲလိုပါ... ဧည့်သည်တော်... ကျွန်မတို့ ဘဏ်မှာ ငွေသားလုံလောက်အောင် မရှိလို့ပါ..."

"ဒီနေ့တော့ ငွေတစ်သိန်းပဲ လဲပေးနိုင်မှာမို့ပါ..."

ထိုမိန်းကလေးက အလျင်အမြန် ပြန်ဖြေသည်။ ကျောက်လင်လည်း ချက်ချင်း နားလည်သွား၏။ ယွီရွှေခရိုင်သို့ သွားရဦးမည်ဖြစ်သည်။ မြို့ငယ်လေးများတွင် ငွေသား အမြောက်အမြား မရှိသည်မှာ သဘာဝပင်။

"ကောင်းပါပြီ... အဲ့ဒါဆိုလည်း တစ်သိန်းပဲ လဲလိုက်ပါ..."

ကျောက်လင်က ပြုံးလိုက်သည်။ ဒုက္ခသည် တစ်ထောင် ဝယ်ယူရန် ငွေသုံးထောင်ကျော် မလိုပါ။ ဤငွေတစ်သိန်းမှာ ကျောက်လင် စီစဉ်ထားသည့် လုပ်ငန်းများကို အစပျိုးရန် လုံလောက်သည်ထက် ပိုနေသည်။

"ကျေးဇူးတင်ပါတယ်ရှင်..."

မိန်းကလေးက လေးစားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် ကျောက်လင်၏ ငွေစက္ကူကို ယူကာ လဲလှယ်သည့် လုပ်ငန်းစဉ်ကို အမြန်ပင် လုပ်ဆောင်ပေးလိုက်သည်။

"ဧည့်သည်တော်... လိုက်ခဲ့ပေးပါရှင်... အောက်က လူတွေက ငွေတစ်သိန်းကို ယူလာပေးပါလိမ့်မယ်..."

မိန်းကလေးက ရှေ့မှ ဦးဆောင်သွားသည်။ ကျောက်လင်လည်း ခေါင်းညိတ်ကာ သူ့မိခင်နှင့် ဇနီးများကို ခေါ်ပြီး နောက်မှ လိုက်သွားခဲ့သည်။ မကြာမီပင် အဖွဲ့လိုက် ဘဏ္ဍာတိုက်ရှိရာ နောက်ဖေးသို့ ရောက်လာကြသည်။ အံ့သြစရာကောင်းသည်မှာ ဘဏ္ဍာတိုက်ကို စောင့်ကြပ်နေသူမှာ ရွှေခန္ဓာနယ်ပယ်ရှိသူ ဖြစ်သည်။

လူနှစ်ယောက်က သစ်သားသေတ္တာ လှလှလေး ငါးလုံးကို သယ်လာပြီး စနစ်တကျ ချထားပေးသည်။

"ဧည့်သည်တော်... သေတ္တာတစ်လုံးစီမှာ ငွေနှစ်သောင်းစီ ပါဝင်ပါတယ်ရှင်... စုစုပေါင်း တစ်သိန်းပါ..."

မိန်းကလေးက ရှင်းပြသည်။ ကျောက်လင်မှာမူ ရှင်းပြစရာမလို၊ စိတ်စွမ်းအားဖြင့် ငွေပမာဏကို သိရှိပြီးသားပင် ဖြစ်သည်။

"ကောင်းပြီ... ငွေလဲတာ ပြီးပြီ.. ဒီငွေတွေကို ငါ ယူသွားတော့မယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။ ဤစကားကို ကြားလျှင် စုယောင်၊ ရှန်ချန်းရွှယ်နှင့် တခြားသူများမှာ ကျောက်လင် လုပ်စရာမလိုဘဲ အပြေးသွားကာ သေတ္တာများကို မလိုက်ကြသည်။ မနေ့က ဝိညာဉ်အရည်ဖြင့် ခန္ဓာကိုယ်ကို သန့်စင်ထားသည့် ဇနီးများမှာ ကြေးဝါအရေပြားနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေကြပြီး တစ်ယောက်စီမှာ အားအင် ကျင်းသုံးရာကျော်သာရှိသဖြင့် ဤသေတ္တာလေးများကို မခြင်းမှာ သူတို့အတွက် အလွန်ပင် လွယ်ကူလှသည်။

ချွေးမလေးများက သားဖြစ်သူ၏ ကိစ္စလေးများကို ကြိုးစားပမ်းစား ကူညီပေးနေသည်ကို မြင်ရသဖြင့် ကျီစုဖျင်၏ မျက်လုံးများတွင် ကျေနပ်မှုများ ပြည့်နှက်သွားသည်။

"သွားကြစို့... ညီမလေး..."

"နောက်တစ်ခါ လာရင် တွေ့မယ်နော်..."

ကျောက်လင်က မိန်းကလေးကို ပြုံး၍ နှုတ်ဆက်လိုက်ပြီး လှည်းပေါ်သို့ ခုန်တက်လိုက်သည်။ မိန်းကလေးမှာ ရှက်ရွံ့စွာဖြင့် ပြုံးကာ လက်ပြနှုတ်ဆက်လိုက်သည်။

All Chapters