← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း (၁၅၇) ထင်းရှူးနက်ကျေးရွာဆီသို့ စီးဆင်းလာသော လူအုပ်ကြီး

အာရုဏ်တက်ချိန်တွင် ကျောက်လင်က အာကာသတဲထဲမှ ထွက်လာခဲ့သည်။

"ကျီလင်ရဲ့ လက်ဝတ်ရတနာအလုပ်ရုံမှာ အလုပ်သမား အမျိုးသမီးတစ်ရာရှိပေမဲ့ အခုထိ လက်ဝတ်ရတနာ ကိရိယာအစုံက တစ်စုံပဲ ရှိသေးတယ်..."

"ဒါကြောင့် ဒီနေ့ အရင်ဆုံး ဝယ်ရမှာက လက်ဝတ်ရတနာ ကိရိယာအစုံပဲ..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။ ကျောက်လင်၏ ပထမဆုံး စီးပွားရေးလုပ်ငန်းမှာ လက်ဝတ်ရတနာ အလုပ်ရုံဖြစ်ပြီး ၎င်းကို တတ်နိုင်သမျှ အမြန်ဆုံး တည်ဆောက်လိုသည်။

【လက်လုပ် လက်ဝတ်ရတနာ ကိရိယာအစုံ: ၂၀,၀၀၀ မှတ်】

အစုံ ၁၀၀ ဝယ်ယူလိုက်သည်။

"ပရိဘောဂ အလုပ်ရုံတွေကိုလည်း တည်ဆောက်ရမယ်... ယွီရွှေခရိုင်ရဲ့ ပရိဘောဂလုပ်ငန်းကို စက်မှုလိုင်း စနစ်နဲ့ လက်ဝါးကြီးအုပ်ချင်တယ်..."

ကျောက်လင်က နောက်ထပ် ပြောလိုက်ပြန်သည်။

【ပရိဘောဂ ထုတ်လုပ်ရေးလိုင်း: ၂၀၀,၀၀၀ မှတ်】

လိုင်း ၅၀ ဝယ်ယူလိုက်သည်။

"ဒီတောင်တစ်ရာထဲမှာ မွှေးရနံ့ရှိတဲ့ ပန်းတွေ အများကြီးရှိတာကို ငါ မြင်တယ်... ရေမွှေးဆိုတာ စိန်လက်စွပ်တွေလိုပဲ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေအတွက် တောင့်တစရာ ပစ္စည်းတစ်ခုဖြစ်လာမှာ..."

"ဒါကြောင့် ရေမွှေး အလုပ်ရုံတွေကို တည်ဆောက်ရမယ်..."

ကျောက်လင်က နောက်ထပ်တစ်ခွန်း ပြောလိုက်သည်။

【ရေမွှေး ထုတ်လုပ်ရေးလိုင်း: ၅၀၀,၀၀၀ မှတ်】

လိုင်း ၁၀ ဝယ်ယူလိုက်သည်။

ရုတ်တရက်ပင် စနစ်နေရာလွတ်မှာ စက်ပစ္စည်း အစိတ်အပိုင်းများဖြင့် ပြည့်နှက်သွားသည်။ အလုပ်ရုံများ တည်ဆောက်ပြီးစီးသည်နှင့် ကျောက်လင်က ဤစက်များကို ထုတ်ယူပြီး စက်မှုလိုင်းအဖြစ် တပ်ဆင်ကာ စတင်လည်ပတ်စေမည်ဖြစ်သည်။

"ဒုက္ခသည်တစ်ထောင်က အဝတ်အစား တစ်စုံပဲ ပါလာကြတာ... ကွမ်းနန်စီရင်စုရဲ့ ရာသီဥတုက အလွန်ပူတော့ အမြဲတမ်း အဝတ်အစားတစ်စုံတည်း ဝတ်လို့ မဖြစ်ဘူး..."

"အရင်ဆုံး သူတို့အတွက် အဝတ်အစားတွေ ပြင်ဆင်ပေးရမယ်..."

ကျောက်လင်မှာ အရာရာကို သေချာစွာ တွက်ချက်ထားသူဖြစ်သည်။

【တီရှပ်အင်္ကျီ: ၁၅ မှတ်】

အထည် ၅,၀၀၀ ဝယ်ယူလိုက်သည်။

【ရေခဲပိုးသား ဘောင်းဘီတို: ၂၅ မှတ်】

အထည် ၅,၀၀၀ ဝယ်ယူလိုက်သည်။

【ချည်သား အတွင်းခံ: ၁၀ မှတ်】

အထည် ၅,၀၀၀ ဝယ်ယူလိုက်သည်။

【အင်္ကျီလက်ပြတ်: ၂၀ မှတ်】

အထည် ၅၀၀ ဝယ်ယူလိုက်သည်။

တီရှပ်၊ ဘောင်းဘီတိုနှင့် အတွင်းခံများမှာ ကျား/မ မရွေး ဝတ်ဆင်နိုင်ပြီး လက်ပြတ်အင်္ကျီများမှာ အမျိုးသမီးများအတွက်ဖြစ်သည်။ လူတစ်ထောင်ကျော် ရှိသော်လည်း အထည် ၅,၀၀၀ စီ ပြင်ဆင်ထားသဖြင့် လုံလောက်သည်ထက် ပိုနေသည်။ ကျောက်လင်အနေဖြင့် တစ်ရက်လျှင် စနစ်ဈေးဆိုင်မှ ပစ္စည်း ၈ မျိုးသာ ဝယ်ယူခွင့်ရှိသော်လည်း ဤခဏလေးအတွင်းမှာပင် ပစ္စည်း ၇ မျိုးကို ဝယ်ယူခဲ့သည်။ နောက်ဆုံး တစ်ကြိမ် ထပ်ကျန်နေသေးသည်။ ခဏတာ စဉ်းစားပြီးနောက် ကျောက်လင် ဆုံးဖြတ်ချက်ချလိုက်သည်။

"ချမ်းသာချင်ရင် လမ်းအရင်ဖောက်ရမယ်..."

"အရင်ဆုံး ဘိလပ်မြေတွေ စုဆောင်းထားလိုက်တော့မယ်..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်သည်။

【ဘိလပ်မြေ: ၂၅ မှတ်】

အိတ် ၁ သန်း ဝယ်ယူလိုက်သည်။

ဤသည်ကတော့ တကယ့်ကို ရူးသွပ်မှုပါပဲ။ အနာဂတ်မှာ အလုပ်ရုံများစွာ ဆောက်ရတော့မည်ဖြစ်၍ ဘိလပ်မြေ များစွာ လိုအပ်မည်ဖြစ်ရာ ကျောက်လင်က သူ့ဘဝတစ်လျှောက် လိုအပ်မည့် ပမာဏကို တစ်ခါတည်း ဝယ်ယူထားလိုက်ခြင်း ဖြစ်သည်။

တစ်ခါတည်းဖြင့် ကျောက်လင်သည် ၄၂,၂၆၀,၀၀၀ မှတ်ကို သုံးစွဲလိုက်သည်။

စနစ်အမှတ်ကျန်: ၃၅၅,၄၃၀,၆၆၀

ပစ္စည်းများစွာ ဝယ်ယူပြီးသော်လည်း မှတ်ပေါင်း သန်း ၃၀၀ ကျော် ကျန်ရှိနေသေးသည်။ သုံးစွဲဖို့ လုံလောက်သည်ထက် ပိုနေသည့် ခံစားချက်မှာ တကယ့်ကို ကောင်းမွန်လှသည်။

ထို့နောက် ကျောက်လင်သည် ထင်းရှူးနက်တောင် ထိပ်သို့ ရောက်လာခဲ့သည်။ လက်လုပ် လက်ဝတ်ရတနာ ကိရိယာအစုံ ၁၀၀ ကို ထုတ်ယူလိုက်သည်။ ဤကိရိယာများကို အခုပဲ ထုတ်ထားမှ ထျန်ကျီလင်အနေဖြင့် အလုပ်သမား အမျိုးသမီးများကို အပ်နှံပေးနိုင်မည်ဖြစ်ပြီး အလုပ်ရုံ မဆောက်ခင်မှာပင် ကိရိယာများကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ထားနိုင်မည်ဖြစ်သည်။

အဝတ်အစားများကိုလည်း အကုန် ထုတ်ထားလိုက်သည်။ ပရိဘောဂ၊ ရေမွှေးနှင့် ဘိလပ်မြေ ထုတ်လုပ်ရေးလိုင်းများကိုမူ အလုပ်ရုံများ ဆောက်ပြီးမှသာ ထုတ်ယူတပ်ဆင်မည်ဖြစ်သည်။ ထို့နောက်တွင် ကျောက်လင်သည် တောင်အောက်သို့ ပြန်ဆင်းသွားသည်။

ထိုအချိန်တွင် ရှန်ချန်းရွှယ် အိပ်ရာမှ နိုးလာပြီး အာကာသတဲထဲမှ ထွက်လာသည်။

"ခင်ပွန်း... စောစောစီးစီး နိုးလာတာလား..."

ကျောက်လင် တောင်အောက်ဆင်းလာသည်ကို မြင်သောအခါ ရှန်ချန်းရွှယ်က သိလိုစိတ်ဖြင့် နှုတ်ဆက်လိုက်သည်။ မနေ့ညက ကျောက်လင်နှင့် ဇနီးသည်များမှာ တစ်ညလုံး ပျော်ပါးနေခဲ့ကြပြီး အသံများမှာ ဂူထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ကျောက်လင်မှာ တစ်ညလုံး မအိပ်ဘဲ အလုပ်ရှုပ်နေခဲ့သဖြင့် မောပန်းနေရမည်ဖြစ်သည်။ အခုလို စောစောနိုးလာသည်ကို မြင်ရသဖြင့် ရှန်ချန်းရွှယ် အံ့သြသွားသည်။

"သူငယ်ချင်းက ပစ္စည်းတွေကို ညတွင်းချင်း ပို့ပေးပြီး တောင်ထိပ်မှာ ထားခဲ့တာ..."

"နံနက်စာ စားပြီးရင် လူတွေကို ခေါ်ပြီး အပေါ်က ပစ္စည်းတွေကို အောက်ကို သယ်လာပေးပါ..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။ စနစ်၏ လျှို့ဝှက်ချက်ကို မပေါက်ကြားစေရန်အတွက် ကျောက်လင်အနေဖြင့် ပစ္စည်းများကို တောင်ထိပ်တွင် ထားခဲ့ပြီး သူ၏ သူငယ်ချင်းအပေါ် အပြစ်ပုံချရုံသာ ရှိတော့သည်။ ဤစကားကို ကြားသောအခါ ရှန်ချန်းရွှယ်မှာ စိတ်ဝင်စားသွားသည်။ ကျောက်လင်က သူငယ်ချင်းပို့လိုက်သည်ဟု ပြောလိုက်တိုင်း အမြဲတမ်း လူတိုင်း၏ အံ့အားသင့်စရာကောင်းသည့် ရတနာများသာ ဖြစ်နေတတ်သည်။

"ဟုတ်ကဲ့..."

ရှန်ချန်းရွှယ်က ချက်ချင်း သဘောတူလိုက်သည်။

အာရုဏ်ဦးတွင် မင်ချွမ်မြို့မှ ထင်းရှူးနက်ကျေးရွာသို့သွားသော လမ်းတစ်လျှောက်တွင် မြင်းလှည်းများ ခုတ်မောင်းနေကြပြီး ရွာသားအချို့မှာလည်း လမ်းလျှောက်နေကြသည်။ မနေ့က ကျောက်လင်သည် မင်ချွမ်မြို့တွင် ငွေပြားတစ်သိန်း လဲလှယ်ခဲ့သည်ဆိုသည့် သတင်းမှာ ပြန့်နှံ့သွားခဲ့ရာ ကျောက်လင်ကို ကျော်ကြားလာစေပြီး ကုန်သည်များနှင့် သာမန်လူများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။ ကျောက်လင်မှာ ဒီလောက် ချမ်းသာနေသည်ကို မြင်သော် လူများမှာ သူ ဘယ်လိုလုပ်ပြီး ဤမျှလောက်ငွေရှာနိုင်တာလဲဆိုသည်ကို ကိုယ်တိုင် လာရောက် လေ့လာလိုကြသည်။

ငွေကို လိုချင်သည့်ဆန္ဒမှာ မည်သည့်ကမ္ဘာတွင်မဆို အတူတူပင်။ တချို့လူများမှာလည်း ကျောက်လင်က ဒုက္ခသည် တစ်ထောင်ကို ဝယ်ပြီးနောက် ဘာတွေ ဆက်လုပ်မည်ကို သိလို၍ စိတ်ဝင်တစား ဖြစ်နေကြသည်။ ရလဒ်အနေဖြင့် လူသွားနည်းသည့် တောင်လမ်းမှာ နံနက်စောစောကပင် လူစည်ကားလာခဲ့သည်။

လှည်းတစ်စင်းတွင် အဘိုးအိုတစ်ဦးနှင့် မြေးဖြစ်သူ မိန်းကလေးတစ်ဦး ထိုင်နေကြသည်။

"အဘိုး... မင်ချွမ်မြို့ရဲ့ အေးခဲသံမဏိမိုင်းတွင်း ပိုင်ရှင်က အဘိုးကို လာရောက် စစ်ဆေးပေးဖို့နဲ့ သံမဏိရိုင်းတွေကို သန့်စင်ပေးဖို့ ဖိတ်ခေါ်တုန်းက ဘာလို့ ငြင်းလိုက်တာလဲ..."

"ပေးတဲ့အခကြေးငွေကလည်း မြင့်တာကို..."

လှပသော မိန်းကလေးက ပြုံး၍ မေးလိုက်သည်။

"အဘိုး... ပိုက်ဆံ လိုနေတာလား..."

"မိုင်းတွင်းပိုင်ရှင်က အေးခဲသံမဏိကို သန့်စင်ပြီး အဆင့်(၃)အထိ မာကျောအောင် လုပ်နည်း ရှာခိုင်းတာ... ငါ့မှာ နည်းလမ်းရှိပေမဲ့ မင်ချွမ်မြို့မှာ အဂ္ဂိရတ်မီးဖိုရော၊ ဝိညာဉ်မီးပါ မရှိဘူး... နည်းလမ်း ပြောပြရင်လည်း သူတို့ လုပ်နိုင်မှာ မဟုတ်ဘူး..."

"အချိန်ဖြုန်းပြီး မိုင်းတွင်းကို သွားနေဖို့ စိတ်မပါဘူး..."

"ထင်းရှူးနက်ကျေးရွာကို သွားပြီး ကြည့်ကြရအောင်... အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်လင်ဆိုတဲ့သူကို မြင်ကြည့်ချင်တယ်... သူ့မှာ ဘာလျှို့ဝှက်ချက်တွေ ရှိမလဲဆိုတာ သိချင်တယ်..."

ဆံပင်တစ်ဝက်ဖြူ တစ်ဝက်နက်နှင့် အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။

"အဘိုး... အဘိုးကို အလုပ်သမား ဝန်ကြီးဌာနက အဂ္ဂိရတ်ဆရာအဖြစ်ကနေ ထုတ်ပယ်လိုက်တုန်းက အဲ့ဒီအရာရှိတွေကို မုန်းခဲ့သလား..."

ရုတ်တရက် လှပသော မိန်းကလေးက စပ်စုလိုက်သည်။ သူမမှာ အဘိုး၏ စိတ်ထဲ ဘာရှိလဲဆိုတာ သိလိုနေသည်။

မုန်းလား...

"မုန်းတော့လည်း မမုန်းတော့ပါဘူး..."

"ငါ အလုပ်သမား ဝန်ကြီးဌာနအတွက် ရတနာတွေ အများကြီး ဖန်တီးပေးခဲ့ပေမဲ့ သူတို့က မနာလိုပြီး အကြိမ်ကြိမ် ပယောဂဆင်ကြတယ်..."

"နန်းတွင်း အလုပ်ရုံမှာတုန်းက အဘိုးက သုတေသန လုပ်ရတာကိုပဲသိတယ်... လူဆိုးတွေရဲ့ လှည့်ကွက်တွေကို မကာကွယ်နိုင်ခဲ့ဘူး..."

"ပင်ပန်းလွန်းပါတယ်... အခု အလုပ်ရုံက ထွက်လာပြီး နိုင်ငံအနှံ့ လှည့်လည်နေရတာက တကယ့်ကို ပေါ့ပါးပြီး ပျော်စရာကောင်းတယ်..."

အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။ မိန်းကလေးမှာ တိတ်ဆိတ်သွားသည်။ အဘိုးဖြစ်သူ၏ စိတ်ထဲတွင် မကျေနပ်မှုများ ရှိနေသေးသည်ကို သူမ သိသည်။ အဘိုးက ရတနာများစွာ ရှာဖွေတွေ့ရှိခဲ့သော်လည်း ဂုဏ်ပုဒ်တွေကို အရာရှိတွေက ယူသွားကြတာလေ။ ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ။

အဘိုးနှင့် မြေးနှစ်ဦး တိတ်ဆိတ်သွားသည်။ လှည်းမှာ ယိမ်းထိုးလျက် ထင်းရှူးနက်ကျေးရွာ နယ်မြေသို့ ရောက်ရှိလာကြသည်။

"ရောက်ပြီ... ထင်းရှူးနက်ကျေးရွာကို ရောက်ပြီ..."

ရှေ့မှ လူများက အော်ပြောလိုက်ကြသည်။ အဘိုးနှင့်မြေးမှာ လှည်းကန့်လန့်ကာကို လှပ်ကြည့်လိုက်ရာ ရွာ၏ မြင်ကွင်းကို တွေ့လိုက်ရသည်။

"ထူးခြားတာ ဘာမှမရှိပါလား..."

မိန်းကလေးက ထင်းရှူးနက်ကျေးရွာကိုကြည့်ပြီး စိတ်ပျက်စွာ ပြောလိုက်သည်။ ထိုအချိန်တွင် ထင်းရှူးနက်ကျေးရွာ၏ ရွာသူကြီး လောဟုန်ဖေးမှာ နံနက်စောစော ထလာပြီး နန်းမူသစ်ပင်အောက်သို့ ရောက်လာသည်။ လူစိမ်းများစွာ ရွာထဲသို့ ဝင်လာသည်ကို မြင်ရပြီး လှည်းများမှာလည်း တစ်စင်းပြီးတစ်စင်း ရောက်လာနေသည်။

"ဘယ်သူတွေလဲ... ဘာကိစ္စနဲ့ ထင်းရှူးနက်ကျေးရွာကို လာတာလဲ..."

ရွာသူကြီးအနေဖြင့် လူစိမ်းများစွာကို မေးခွန်းထုတ်ရတော့မည် ဖြစ်သည်။

All Chapters