← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း (၁၅၈) အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို ဘယ်လို သိမ်းသွင်းမလဲ

"ခွင့်ပြုပါဦး... ကျောက်လင်ဆိုတဲ့သူက ဘယ်မှာ နေပါသလဲ..."

လူတစ်စုက လောဟုန်ဖေးကို လှမ်းမေးလိုက်သည်။ ဤစကားကို ကြားသောအခါ လောဟုန်ဖေးမှာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။ မနေ့ညက ကျောက်လင် ဝယ်ယူခဲ့သော ဒုက္ခသည် တစ်ထောင်မှာ ထင်းရှူးနက်ကျေးရွာရှိ နန်းမူသစ်ပင်အောက်မှ ဖြတ်သွားခဲ့ကြရာ ရွာသူရွာသားများအားလုံး မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ဤလူစိမ်းများက ကျောက်လင်ကို လိုက်ရှာနေသည်မှာ ကျောက်လင်၏ အကြောင်းကို စုံစမ်းပြီး သူတို့ဆီကနေ အကျိုးအမြတ် ရယူနိုင်မည့် အခွင့်အရေးကို ရှာဖွေနေကြခြင်းဖြစ်ကြောင်း လောဟုန်ဖေး သိလိုက်သည်။

"ကျောက်လင်နဲ့ နယ်ခြားစောင့်တပ်သားတွေက ထင်းရှူးနက်တောင်ပေါ်မှာ နေကြတာ... ဒီနေရာကနေ တောင်ခြေလမ်းအတိုင်း လျှောက်သွားလိုက်ရင် ကျောက်လင်ရဲ့ နေအိမ်ကို ရောက်ပါလိမ့်မယ်..."

လောဟုန်ဖေးက အမှန်အတိုင်း ပြောပြလိုက်သည်။ ဖုံးကွယ်ထားရန် မလိုပေ။ ထင်းရှူးနက်ကျေးရွာမှာ သေးငယ်လှသဖြင့် လောဟုန်ဖေးက မပြောပြလျှင်တောင် သူတို့ကိုယ်တိုင် ကျောက်လင်၏ နေအိမ်ကို ရှာတွေ့နိုင်ပေသည်။ ထို့ကြောင့် ပထမဆုံး ရောက်လာသည့် လူစုမှာ ထင်းရှူးနက်တောင်ဆီသို့ ဦးတည်သွားကြသည်။ နန်းမူသစ်ပင်အောက်တွင် ရပ်လျက် လူစိမ်းများ တသုတ်ပြီး တသုတ် ရောက်လာသည်ကို ကြည့်ကာ လောဟုန်ဖေးမှာ တွေးတောမိသည်။

"ဒီလူတွေက ကျောက်လင်ဆီကနေ ငွေရှာချင်နေတာပဲ... ငါလည်း ဒီလူတွေဆီကနေ ငွေရှာလို့ ရတာပဲ..."

ရုတ်တရက် လောဟုန်ဖေးမှာ ငွေရှာနည်းတစ်ခုကို တွေးမိလိုက်သည်။ လူစိမ်းများ ထင်းရှူးနက်ကျေးရွာသို့ လာသောအခါ စားဖို့သောက်ဖို့ လိုအပ်သလို ပစ္စည်းသယ်ရန် လူအင်အားလည်း လိုအပ်ပေမည်။ ဤနည်းဖြင့် ရွာသူရွာသားများမှာ အလုပ်အကိုင် ရရှိမည်ဖြစ်ပြီး မင်ချွမ်မြို့သို့ သွားစရာ မလိုတော့ဘဲ မိမိတို့ တံခါးဝတွင်ပင် ငွေရှာနိုင်မည်ဖြစ်သည်။ ကျောက်လင်နှင့် နယ်ခြားစောင့်တပ်သားများ ရောက်လာခြင်းမှာ ထင်းရှူးနက်ကျေးရွာသားများအတွက် အကျိုးအမြတ် များစွာ ဖြစ်ထွန်းစေကြောင်း လောဟုန်ဖေး နောက်ဆုံးတွင် နားလည်သွားသည်။ ယခင်က ရွာသားများမှာ ကျောက်လင်တို့ကို ကန့်ကွက်ခဲ့သော်လည်း ယခုမူ အမြင်လုံးဝ ပြောင်းလဲသွားကြပြီ။ ကျောက်လင်မှာ သူတို့အတွက် ငွေရှာပေးမည့် အခွင့်အရေးပင်။

ရောက်လာသည့် ပထမဆုံး လူအုပ်စုမှာ ထင်းရှူးနက်တောင်ကို အမြန်ပင် ရှာတွေ့သွားသည်။ တောင်ပေါ်ရှိ အဆောက်အအုံကြီးမှာ အလွန်ပင် ထင်ရှားလှသည်။ ဒုက္ခသည် တစ်ထောင်မှာ မနေ့ညက ဂူနှစ်ခုထဲသို့ အလူးအလဲ တိုးဝင်ကာ အိပ်စက်ခဲ့ကြရသည်။ မနက်ပိုင်းတွင်မူ သူတို့ဘာသာ ထလာပြီး တဲကြီးအောက်တွင် အသားပြုတ်ရည်နှင့် ပေါက်စီများကို တန်းစီယူကြသည်။

"ကျောက်လင်က ဒုက္ခသည် တစ်ထောင်ကို တကယ်ပဲ စားနပ်ရိက္ခာ ထောက်ပံ့နိုင်နေတာပဲ"

ပထမဆုံး ရောက်လာသည့် လူစိမ်းများမှာ ဒုက္ခသည်များ စားသောက်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားကြသည်။ လှည်းပေါ်မှ ဆင်းပြီးနောက် အဘိုးအိုနှင့် မိန်းကလေးမှာ တောင်ခြေလမ်းအတိုင်း လျှောက်လာကြသည်။ သူတို့မှာ တောင်၏ ညာဘက်ခြမ်းသို့ အရင်ရောက်လာပြီး ယောင်ဟွဲ့သောက်၊ ရှုံ့တာကျွမ်းတို့ မိသားစု ခြောက်စု စားသောက်နေသည်ကို မြင်လိုက်ရသည်။

"ထူးခြားတာ ဘာမှမရှိပါလား..."

မိန်းကလေးက တည်ငြိမ်စွာ ပြောလိုက်သည်။ တဲကြီးမှာ ကျယ်ဝန်းသော်လည်း သစ်သားများဖြင့်သာ ဆောက်လုပ်ထားသည်။ သူတို့နှစ်ဦးမှာ တစ်နိုင်ငံလုံးကို လှည့်လည်ခဲ့ဖူးသဖြင့် မည်သည့် နေထိုင်မှုပုံစံကိုမဆို မြင်ဖူးကြသည်။ ဂူများ၊ သစ်ပင်အိမ်များ၊ ကျောက်အိမ်များ၊ ဝါးအိမ်များ... ထို့ကြောင့် တဲကြီးနှင့် ဂူကို မြင်ရသည်မှာ သူတို့အတွက် အံ့ဩစရာ မဟုတ်ပေ။ ထို့နောက် သူတို့နှစ်ဦးမှာ တောင်၏ ဘယ်ဘက်ခြမ်းသို့ လှည့်ပတ်သွားလိုက်ရာ ဒုက္ခသည်တစ်ထောင် ပေါက်စီစားနေသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။

"ကျောက်လင်ရဲ့ မိသားစုက ဂူရဲ့ ဘယ်ဘက်ခြမ်းမှာ နေတာပဲ... သူ တကယ်ပဲ ဒီလောက်လူတွေကို ကျွေးမွေးနိုင်တာပဲ..."

အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။

"အဘိုး... တောင်ပေါ်ကို ကြည့်ဦး... ထူးဆန်းတဲ့ အိမ်နှစ်ဆယ်ရှိတယ်..."

ထိုအချိန်တွင် မိန်းကလေးမှာ အာကာသတဲကို မြင်သွားပြီး အံ့အားသင့်သွားသည်။ အဘိုးအိုမှာလည်း အာကာသတဲနှင့် အဆောက်အအုံပေါ်ရှိ သံမဏိတဲကို တစ်ချက်ကြည့်ရုံနှင့် မြင်လိုက်သည်။

"အင်း..."

"ထူးဆန်းလှချည်လား... သွားကြည့်ရအောင်..."

အဘိုးအိုမှာလည်း စိတ်ဝင်စားသွားသည်။ အခြားအရာများကို သူမအံ့ဩသော်လည်း အာကာသတဲမှာ သူ၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်တစ်ဦးအနေဖြင့် အရာရာကို သိလိုစိတ်မှာ အမြဲတမ်း ရှိနေသည်။

ကျောက်လင်မှာလည်း တဲကြီးအောက်တွင် စားသောက်နေသည်။ ရှန်ချန်းရွှယ်၊ စုယောင်၊ ယဲ့လင်အာတို့နှင့်အတူ ထိုင်နေကြသည်။ ဇနီးသည်များမှာ လူစိမ်းများ ရောက်လာသည်ကို မြင်ပြီး အချို့မှာ ဒုက္ခသည်များကို ကြည့်နေကာ အချို့မှာ ဝေ့ဝဲကြည့်နေကြသည်။

"ခင်ပွန်း... ဘာလို့ လူစိမ်းတွေ ဒီလောက်များတာလဲ... သူတို့ကို မောင်းထုတ်လိုက်ရမလား..."

ရှန်ချန်းရွှယ်က မေးလိုက်သည်။

ကျောက်လင်က ခေါင်းခါလိုက်သည်။

"မလိုပါဘူး... သူတို့ ကြည့်ချင်ရင် ကြည့်ပါစေ..."

"ငါ့ရဲ့ စွမ်းအားကို သူတို့ သိသွားရင် ငါတို့ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းက ပစ္စည်းတွေကို သူတို့ရဲ့ လမ်းကြောင်းကနေတဆင့် ရောင်းချလို့ ရမှာလေ..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်သည်။ မင်ချွမ်မြို့တွင် သူ၏ ဟန်အမူအရာကြောင့် လူတွေ ရောက်လာမည်ကို သူ သိပြီးသား ဖြစ်သည်။ ငွေပြားတစ်သိန်း ရှိနေသည်ကိုမြင်သော် မည်သူက မက်မောမှာလဲ။ ကုန်သည်များမှာ ကျောက်လင်ကို လာရောက် စုံစမ်းပြီး အခွင့်အရေး ရယူရန် ကြိုးစားကြမည်သာ။ ကျောက်လင်မှာလည်း စီးပွားရေးလုပ်မည့်သူတိုင်းကို ကြိုဆိုသည်။

"ခင်ပွန်း... အဲ့ဒီအဘိုးအိုနဲ့ မိန်းကလေးကို ကြည့်... သူတို့ အာကာသတဲထဲ ဝင်သွားတာ ထင်တယ်..."

စုယောင်က သတိပေးလိုက်သည်။ မနေ့က လဲထားသည့် ငွေပြားတစ်သိန်းမှာ ရှန်ချန်းရွှယ်နေသည့် အာကာသတဲထဲတွင် ရှိနေသည်။ အကယ်၍ သူတို့က ဝင်ခိုးသွားပါက ဆုံးရှုံးမှု များပြားပေမည်။

"စိတ်မပူပါနဲ့... ကြည့်ချင်ရင် ကြည့်ပါစေ..."

"တဲတွေကို သော့ခတ်ထားတယ်... သူတို့ မခိုးရဲပါဘူး..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ ပစ္စည်းကို မည်သူက ခိုးရဲမှာလဲ။ ပထမဦးစွာ ကြွက်လေး၏ သစ်သားအိမ်မှာ အာကာသတဲပေါ်ရှိ သစ်ပင်တွင် ရှိနေပြီး ကြွက်လေးက စောင့်ပေးနေသည်။ ဒုတိယအနေဖြင့် အကယ်၍ ခိုးရန် ကြိုးစားပါက ကျောက်လင်အနေဖြင့် သူတို့ကို သင်ခန်းစာပေးရန် အခွင့်အရေး ရသွားမည်သာ။

ထိုအခိုက်တွင် ကျောက်လင်၏ စိတ်စွမ်းအားမှာ စနစ်မျက်နှာပြင်ဆီ ရောက်သွားသည်။

【အမည်: မိုဟုန်လျန်】

【အဆင့်: အက်စ်】

【မိုဟုန်လျန်မှာ အဂ္ဂိရတ်ပညာရှင် မိန်းကလေးတစ်ဦး ဖြစ်ပြီး၊ သူ၏ အဘိုးဖြစ်သူ မိုချန်းချွမ်းမှာ အလုပ်သမား ဝန်ကြီးဌာန၏ နန်းတွင်းလက်မှုပညာဌာနမှ အဂ္ဂိရတ်ဆရာ ဖြစ်သည်။】

ဤသတင်းကို မြင်ရသောအခါ ကျောက်လင် အဘိုးအမြေးနှစ်ဦး၏ နာမည်ကို သိသွားသည်။ တစ်ချိန်တည်းမှာပင် ကျောက်လင်၏ စိတ်ထဲတွင် အတွေးရူးတစ်ခု ပေါ်လာသည်။ ဤနှစ်ယောက်မှာ အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြသည်။ သူတို့ကိုသာ ထင်းရှူးနက်ကျေးရွာတွင် နေအောင် သိမ်းသွင်းနိုင်လျှင် အနာဂတ်တွင် အလုပ်အကိုင်အတွက် နည်းပညာ အကြံပေးများ ရရှိသွားမည်ဖြစ်သည်။ အကယ်၍ ထူးဆန်းသည့် လုပ်ငန်းများကို လုပ်မည်ဆိုလျှင်လည်း မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့ ဖန်တီးပေးထားသည်ဟု လူတို့က ယုံကြည်ကြလိမ့်မည်။

ဤအချက်ကို တွေးမိပြီးနောက် ကျောက်လင်မှာ အသားပြုတ်ရည်ကို အမြန်သောက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အာကာသတဲရှိရာသို့ ပြေးသွားလိုက်သည်။

"ဒီအိမ်ရဲ့ ဒီဇိုင်းက ထူးခြားလိုက်တာ... ကြည်လင်တဲ့ မှန်ပြားကြီးနဲ့... ဘယ်လို လုပ်ထားလဲ မသိဘူး..."

"ပြီးတော့ ဒီသံမဏိ ပစ္စည်းတွေ... ငါ့အမြင်မှာတော့ အဆင့်(၅) အဂ္ဂိရတ် ပစ္စည်းတွေရဲ့ မာကျောမှုလောက် ရှိမယ်..."

"ဒီအပြာရောင်အပြားတွေက ဘာလုပ်ဖို့လဲ..."

"ဒီလိုကုတင်မျိုး တစ်ခါမှ မမြင်ဖူးဘူး... စောင်တွေက ပိုးသားလို ချောမွေ့ပြီး ကြမ်းပြင်ကလည်း မှန်လို ပြောင်လက်နေတာပဲ..."

မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့မှာ အာကာသတဲကို ကြည့်ကာ အံ့အားသင့်စွာဖြင့် ပြောဆိုနေကြသည်။

All Chapters