← Chapters

အခန်း ၄၇၆

Vol. 41 Ch. 476

အခန်း ၄၇၆

Vol. 41 Ch. 476

အပိုင်း (၄၇၆)

ယွင်ကျုံးဟဲ့သည် မျက်လုံးများကို မှိတ်ကာ မေးလိုက်၏။ “အမှတ်(၉)ကွမ်တန်... ကျုပ် ဆေးစမ်းသပ်ရင် သေဆုံးနိုင်ခြေ ဘယ်လောက် ရှိလဲ။”

“နှစ်ဆယ် ရာခိုင်နှုန်းလောက်ပါ။” အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီလောက်တောင် နည်းတာလား။”

‘ဒါက နည်းသေးလို့လား။ အရမ်းကို အံ့ဩစရာကောင်းနေပြီ။ ဒါပေမဲ့ တခြားလူတွေက သေဆုံးမှုနှုန်း ရာခိုင်နှုန်းပြည့် ဖြစ်နေချိန်မှာ ယွင်ကျုံးဟဲ့ကျတော့ နှစ်ဆယ် ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတော့ တကယ်ပဲ နည်းနေသလို ခံစားရတာပေါ့။’

အမှတ်(၉)ကွမ်တန်က ဆက်ပြောလိုက်သည်။ “အရေးအကြီးဆုံးက ခန့်မှန်းလို့ မရနိုင်တဲ့ တခြား အကျိုးဆက်တွေ ရှိလာနိုင်တာပါပဲ။ ဒီ အကျိုးဆက်တွေက ကောင်းတာလည်း ဖြစ်နိုင်သလို ဆိုးတာလည်း ဖြစ်နိုင်တယ်။ သေလောက်တဲ့အထိတောင် ဖြစ်နိုင်ပြီး ထိန်းချုပ်လို့ မရနိုင်ပါဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ဒီဆေးဝါးက ထျန်းယန် ဧကရာဇ်ဟောင်းကို ကယ်တင်နိုင်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက် ရှိလဲ။”

အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ဒါကတော့ အတော်လေး မြင့်မားပါတယ်။ ခုနစ်ဆယ် ရာခိုင်နှုန်း အထက်တောင် ရှိနိုင်ပါတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါက ဘာဖြစ်လို့လဲ။”

အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ ဒီဆေးဝါးက အဲဒီ လူတစ်စုအတွက် အထူး သုတေသန လုပ်ထားတာ ဖြစ်လို့ ရောဂါနဲ့ကိုက်ညီတဲ့ ဆေးဝါး ဖြစ်နေလို့ပါပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကွမ်တန်... ခင်ဗျားရဲ့ အစီအစဉ်အရဆိုရင် ကျုပ်သာ ဝင်မကယ်ဘူးဆိုရင် ထျန်းယန် ဧကရာဇ်ဟောင်း သေချာပေါက် သေမှာလား။”

အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ရာခိုင်နှုန်းပြည့် သေမှာပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာလို့ ကျုပ်ကို ကြိုမပြောခဲ့တာလဲ။”

အမှတ်(၉)ကွမ်တန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ “ဆရာဝန်ကြီး... အမြဲတမ်း ခင်ဗျားမေးတဲ့ အရာကိုပဲ ကျုပ် တွက်ချက်ပေးတာပါ။ ခင်ဗျား မမေးတဲ့ အရာတွေကို ကျုပ်ကိုယ်တိုင် သွားပြီး မတွက်ချက်ပါဘူး။ ကျုပ်ရဲ့ တွက်ချက်နိုင်စွမ်းက အကန့်အသတ် ရှိပါတယ်။

ပြီးတော့ တချို့ကိစ္စတွေက သေချာပေါက် ဖြစ်လာမှာ ဖြစ်သလို အခြေအနေတွေရဲ့ လိုအပ်ချက်အရလည်း ဖြစ်လာမှာပါ။ တချို့ အကြောင်းတရားနဲ့ အကျိုးဆက်တွေကို ဖြတ်တောက်လို့ ရပေမယ့် တချို့ကတော့ မရပါဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အကယ်၍ ထျန်းယန် ဧကရာဇ်ဟောင်းသာ သေသွားရင် ကျုပ် တောင်ပိုင်းကျိုး အင်ပါယာကို ပြန်သွားတဲ့အခါ သေချာပေါက် သေရမှာလား။ တာဝန်လည်း သေချာပေါက် ကျရှုံးသွားမှာလား။”

“ဟုတ်ပါတယ်။”

အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်သည်။ “အရင်တုန်းက ခင်ဗျားက ဧကရာဇ် ဝမ်ယွင်ကို သစ္စာခံဖို့ ရွေးချယ်လို့ ရခဲ့ပါတယ်။ အဲဒီလိုဆိုရင် တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ပေမယ့် အချိန် အများကြီး ပိုကြာမှာဖြစ်သလို အကွေ့အကောက်တွေလည်း အများကြီး ရှိလာမှာပါ။

ထျန်းယန် ဧကရာဇ်ဟောင်းကို အားကိုးဖို့ ရွေးချယ်တာက ဖြတ်လမ်း တစ်ခုပါ။ ခင်ဗျားက ရွေးချယ်ခဲ့ပြီးပြီ ဆိုတော့ ပြောင်းလဲလို့ မရတော့ပါဘူး။ ဒါကြောင့် တာဝန်ကို စွန့်လွှတ်လိုက်မလား၊ ဒါမှမဟုတ် စွန့်စားပြီး တိုက်ခိုက်မလား ဆိုတာပဲ ရှိပါတော့တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် နားလည်ပါပြီ။ ကျုပ် ဒီကမ္ဘာလောကကို ရောက်လာတာက အသက်တစ်ချောင်း အပို ရလာတာပါပဲ။ ဒါကြောင့် စွန့်စားရမှာကို မကြောက်ပါဘူး။ ပြီးတော့ သေဆုံးနိုင်ခြေက နှစ်ဆယ် ရာခိုင်နှုန်း ပဲ ရှိတာလေ။”

အမှတ်(၉)ကွမ်တန်က ပြန်ပြောလိုက်သည်။ “ဆရာဝန်ကြီး... သေဆုံးနိုင်ခြေက နှစ်ဆယ် ရာခိုင်နှုန်း မပြည့်ပေမယ့် ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေကတော့ ငါးဆယ် ရာခိုင်နှုန်း အထက် ရှိပါတယ်။ကောင်းတဲ့ ဘေးထွက် ဆိုးကျိုးလည်း ဖြစ်နိုင်သလို ဆိုးတဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဆရာကြီး... ကျုပ် ဆုံးဖြတ်ပြီးပါပြီ။ ကိုယ်တိုင် ဆေးစမ်းသပ်ဖို့ သဘောတူပါတယ်။ အကယ်၍ အောင်မြင်ပြီး အကျိုးသက်ရောက်မှု ရှိတယ်ဆိုရင် ကျုပ်ကို ဆေးနှစ်လုံး ပေးရပါမယ်။”

“နှစ်လုံး ဟုတ်လား။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီး အံ့ဩသွားပြီး မေးလိုက်သည်။ “သခင်လေး အောက်ယွီ... ဒီဆေးတစ်လုံးကို ဖန်တီးဖို့ ဘယ်လောက် ကြီးမားတဲ့ တန်ဖိုးတွေ ပေးဆပ်ခဲ့ရလဲ၊ အသက်ပေါင်း ဘယ်လောက် ပေးဆပ်ခဲ့ရလဲ ဆိုတာ ခင်ဗျား သိပါသလား။”

ယွင်ကျုံးဟဲ့က ပြန်မေးလိုက်၏။ “ဒီလောက်တောင် တန်ဖိုးကြီးတာကို ခင်ဗျားတို့က သေဒဏ်ကျ အကျဉ်းသား ရာချီ၊ ထောင်ချီကို အသုံးပြုပြီး စမ်းသပ်ခဲ့တယ်ဆိုတာ ဘယ်လိုဖြစ်ရတာလဲ။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။ “သူတို့ကို စမ်းသပ်တဲ့အခါမှာ တိုက်ရိုက် သောက်ခိုင်းတာ မဟုတ်ပါဘူး။ ဆေးကို အရည်ဖျော်ပြီး အပိုင်းများစွာ ခွဲကာ နှလုံးထဲကို တိုက်ရိုက် ထိုးသွင်းတာပါ။ အဲဒီလိုဆိုရင် အကျိုးသက်ရောက်မှု ပိုပြီး သိသာပါတယ်။”

‘ချီးတဲ့မှ... တကယ်ကို လူ့အသက်ကို မျက်ခုံးမွှေး လောက်တောင် အရေးမစိုက်ပါလား။’

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်က နှစ်လုံး လိုချင်ပါတယ်။ သေချာပေါက် ကျုပ် ဆေးစမ်းသပ်တာ ကျရှုံးသွားရင်တော့ တစ်လုံးမှ မရနိုင်တော့သလို သေသွားမှာပါပဲ။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “မီတျဲ ချိုင့်ဝှမ်းရဲ့ ရပ်တည်ချက် အရဆိုရင်တော့ ခင်ဗျား ဆေးစမ်းသပ်တာကို ကျုပ်တို့ မျှော်လင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ကျုပ်တို့ရဲ့ သုတေသန အတွက် ကြီးမားတဲ့ တိုးတက်မှု ဖြစ်လာနိုင်လို့ပါ။

ဒါပေမဲ့ ပုဂ္ဂိုလ်ရေး ရပ်တည်ချက် အရဆိုရင်တော့ ခင်ဗျား ဒီလောက် ကြီးမားတဲ့ အန္တရာယ်ကို မစွန့်စားဖို့ အကြံပြုချင်ပါတယ်။ သခင်လေး အောက်ယွီရဲ့ ပါရမီတွေနဲ့ဆိုရင် တောင်ပိုင်းကျိုးအင်ပါယာမှာ မနေရင်တောင် တခြားနေရာမှာ အောင်မြင်နိုင်ပါတယ်။ ထျန်းယန် ဧကရာဇ်ဟောင်းကို ကယ်တင်ဖို့အတွက် ဒီလောက် ကြီးမားတဲ့ အန္တရာယ်ကို စွန့်စားတာ တန်ချင်မှ တန်ပါလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဆရာကြီး... ကျုပ် ဆုံးဖြတ်ပြီးပါပြီ။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြောလိုက်သည်။ “အဲဒါဆိုလည်း ကောင်းပါပြီ။”

ထို့နောက် သူက ကြွေပုလင်း တစ်လုံးကို တိုက်ရိုက်ကမ်းပေးကာ ပြောလိုက်၏။ “ဆေးက အထဲမှာ ရှိပါတယ်။ ကျုပ် အရင်က ပြောခဲ့တဲ့အတိုင်းပါပဲ။ ဒီဆေးကို သောက်လိုက်တာနဲ့ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကို ကျုပ်တို့ လုံးဝ အာမမခံနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဆေးက လူရာချီ ထောင်ချီကို သေအောင် လုပ်ခဲ့ပြီးပြီလေ။ ခင်ဗျားအနေနဲ့ သေဆုံးနိုင်ခြေ အရမ်းများသလို၊ တခြား ထူးဆန်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ခြေကလည်း ပိုပြီး များပါတယ်။”

ယွင်ကျုံးဟဲ့ သည် စကားတစ်ခွန်းမှ မဆိုဘဲ ကြွေပုလင်းကို တိုက်ရိုက် လက်ခံရယူလိုက်တော့သည်။

‘သေရေးရှင်ရေးဟာ ကံတရား အပေါ်မှာပဲ မူတည်တယ်။ ဘာဖြစ်လာလာ ဂရုမစိုက်တော့ဘူး။ ထျန်းယန် ဧကရာဇ်ဟောင်းကို ကယ်တင်နိုင်မလား၊ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မလား ဆိုတာ ဒီတစ်ကြိမ် အပေါ်မှာပဲ မူတည်တော့တယ်။’

အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ယွင်ကျုံးဟဲ့သည် ပုလင်းအဆို့ကို ဖွင့်ကာ အတွင်းရှိ ဆေးကို ထုတ်ယူပြီး တိုက်ရိုက် မျိုချလိုက်တော့၏။

ဤဆေးကို မျိုချလိုက်ပြီးနောက်တွင် ယွင်ကျုံးဟဲ့သည် မည်သည့်ထူးခြားသော တုံ့ပြန်မှုကိုမှ မခံစားရဘဲ ဘာကိုမှ မစားသုံးခဲ့ရသကဲ့သို့ ပုံမှန်အတိုင်းပင် ရှိနေခဲ့သည်။

သို့ပေမည့် ခဏကြာပြီးသည့်နောက် ယွင်ကျုံးဟဲ့သည် ရုတ်တရက် အသံကုန်ဟစ်၍ အော်လိုက်တော့၏။ “ကျုပ် ခန္ဓာကိုယ် ကြီးကြီးလာနေပြီ... ကျုပ်ခန္ဓာကိုယ် ကြီးကြီးလာနေပြီ။ ပိုပိုပြီး ကြီးလာပြီ... ပိုပိုပြီး ကြီးလာပြီ။”

ယွင်ကျုံးဟဲ့သည် ထိုသို့သော ဝေဒနာကို အမှန်တကယ် ခံစားနေရခြင်းဖြစ်ပြီး သူ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့နေရသကဲ့သို့ ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အဆက်မပြတ် ဖောင်းကားလာပြီးလျှင် တစ်စထက်တစ်စ ပိုမိုကြီးထွား ဖောင်းကြွလာလေတော့သည်။

“အား... အား... အား...”

ထို့နောက် သူ ခံစားလိုက်ရသည်မှာ နာကျင်မှုဖြစ်ပြီး အဆုံးအစမရှိသော နာကျင်မှုပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ခန္ဓာကိုယ်မှာ အစွန်းရောက်သည်အထိ ဖောင်းကားလာသောကြောင့် အရေပြားများ စတင် ကွဲအက်လာပြီး ကြွက်သားများလည်း စတင်ကွဲအက်လာသောကြောင့်ပင်။

တစ်ကိုယ်လုံးရှိ အရိုးစုများပင်လျှင် ဤမျှလောက် ကြီးမားသော ဖိအားကို မခံနိုင်တော့သကဲ့သို့ စတင်ကျိုးပဲ့လာတော့၏။

“ဂျွတ်... ဂျွတ်... ဂျွတ်...”

တစ်ကိုယ်လုံးရှိ အရိုးစုများ တစ်လက်မချင်းစီကျိုးပဲ့သွားတော့၏။ တစ်ကိုယ်လုံးရှိ အကြောများလည်း တစ်လက်မချင်းစီ ကျိုးပဲ့သွားတော့၏။ တကယ်ကို နာကျင်လွန်းလှပြီး စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ချေ။

“အား... အား... အား...”

ယွင်ကျုံးဟဲ့၏ သနားဖွယ်ကောင်းသော အော်ဟစ်သံများ ပို၍ပို၍ ပြင်းထန်လာပြီးနောက် ရုတ်တရက် ရပ်တန့်သွားတော့၏။

“ဘုန်း....”

ခန္ဓာကိုယ်သည် အစွန်းရောက်သည်အထိ ဖောင်းကားသွားပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးသည် ချက်ချင်းပဲ မျက်နှာပျက်ယွင်းသွားပြီး စိတ်ပျက်သွားတော့၏။ အဘယ်ကြောင့် ဆိုသော် အောက်ယွီ၏ ဆေးစမ်းသပ်မှု ကျရှုံးသွားပြီ ဖြစ်သောကြောင့်ပင်။

မီတျဲ ချိုင့်ဝှမ်း အနေဖြင့် အောက်ယွီ သည် အလွန် ထူးခြားပြီး အခြားသူများနှင့် လုံးဝ မတူညီကြောင်း ခန့်မှန်း ထားခဲ့သောကြောင့် သူ၏ ဆေးစမ်းသပ်မှုအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့သော်လည်း ယခုအခါတွင်မူ သူသည် အခြား ဆေးစမ်းသပ်သူများနှင့် အတူတူပင် ဖြစ်နေသည်။

ယခင်က ဆေးစမ်းသပ်သူများ အားလုံးသည် သူတို့၏ ခန္ဓာကိုယ် အဆက်မပြတ် ဖောင်းကားလာပြီး အစွန်းရောက်သည်အထိ ဖောင်းကားလာသည်ဟု ခံစားခဲ့ကြရသည်။ ထို့နောက် ခန္ဓာကိုယ် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး လုံးဝ သေဆုံးသွားကြတော့၏။

သေချာပေါက် ဤအရာများ အားလုံးမှာ ထင်ယောင်ထင်မှား ဖြစ်မှုများသာ ဖြစ်၏။ လူသားတစ်ဦး၏ ခန္ဓာကိုယ်သည် အဘယ်ကဲ့သို့ အဆက်မပြတ် ဖောင်းကားလာနိုင်ပါမည်နည်း။ မည်သို့သော အကြောင်းကြောင့် အပိုင်းပိုင်း အပြတ်ပြတ် ပေါက်ကွဲထွက်သွားနိုင်မည်နည်း။

ဤသည်မှာ ဆေးအာနိသင်၏ တုံ့ပြန်မှုများ ဖြစ်ပြီး အခြေခံအကျဆုံး တုံ့ပြန်မှုမှာ သွေးပေါင်ချိန် ရုတ်တရက် မြင့်တက်လာပြီး သွေးလည်ပတ်မှု အရှိန် အများကြီး ပိုမို မြန်ဆန်လာခြင်းပင် ဖြစ်သည်။

ထိုမျှသာမက ဤဆေးအာနိသင်သည် တစ်ကိုယ်လုံးရှိ အကြောများနှင့် အာရုံကြောများကို ယခင်က မရှိခဲ့ဖူးသည့် အတိုင်း ပြင်းထန်စွာ လှုံ့ဆော်ပေးပြီး အကြောများနှင့် အာရုံကြောများကို အလွန် အကဲဆတ်လာစေသည်။ ဤသည်မှာ ခန္ဓာကိုယ် ဖောင်းကားလာသည်ဟု ခံစားရခြင်း၏ မူလအကြောင်းရင်းပင် ဖြစ်၏။

နောက်ဆုံးတွင် ခန္ဓာကိုယ် လုံးဝ ပေါက်ကွဲထွက်သွားသည်ဟု ခံစားရခြင်းမှာ တကယ်တော့ သွေးကြောများနှင့် နှလုံးတို့က ဤမျှလောက် မြန်ဆန်သော လည်ပတ်မှု အရှိန်နှင့် ဖိအားကို မခံနိုင်တော့ဘဲ တိုက်ရိုက် ပေါက်ကွဲသွားသောကြောင့် ခံစားချက်အရ ခန္ဓာကိုယ် တစ်ခုလုံး အပိုင်းပိုင်းအစစ ဖြစ်သွားသကဲ့သို့ ခံစားရခြင်းပင် ဖြစ်သည်။

စမ်းသပ်မှု ဤအဆင့်သို့ ရောက်ရှိလာပါက အခြေခံအားဖြင့် သေချာပေါက် သေဆုံးသွားပြီ ဖြစ်သည်။ ဆေးစမ်းသပ်သူ အားလုံးနီးပါးသည် ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ကွဲပြီး ချက်ချင်း သေဆုံး သွားခဲ့ကြ၏။

ဤမျှလောက် ပြင်းထန်လှသော သွေးတိုးနှုန်းနှင့် လျင်မြန်လွန်းလှသော သွေးလည်ပတ်မှု အရှိန်အဟုန်အောက်တွင် အသက်မသေဘဲ ရှိနေပါက ထူးဆန်းသည်ဟုပင် ဆိုရပေလိမ့်မည်။ ၎င်းတို့မှာ ရှောင်လွှဲ၍မရနိုင်သော အခြေခံ ဘေးထွက်ဆိုးကျိုးများသာ ဖြစ်ပေသည်။

ဤသို့သော ကြောက်မက်ဖွယ်ရာ ဘေးထွက်ဆိုးကျိုးများကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်မှသာလျှင် ထိုဆေး၏ အံ့ဩဖွယ်ရာ ကောင်းလှသော အကျိုးအာနိသင်ကို အပြည့်အဝ ခံစားရရှိနိုင်ပေလိမ့်မည်။

ထိုအကျိုးကျေးဇူးများမှာ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သော လှုံ့ဆော်မှုများနှင့် နိုးကြားတက်ကြွလာမှုများ သာမက၊ အာရုံကြောစနစ်၏ ထူးကဲသော တုံ့ပြန်မှုများနှင့် ဦးနှောက် ဖွံ့ဖြိုးထက်မြက်လာမှုများပင် ဖြစ်တော့သည်။

“စမ်းသပ်မှုကျရှုံးသွားပြီ။ သူ သေသွားပြီ။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက သက်ပြင်းချကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကြိုးစား အားထုတ်မှုတွေ အားလုံး အချည်းနှီး ဖြစ်သွားပြန်ပြီ။ သူ့ကို ဆွဲထုတ်သွားပြီး ခွဲစိတ်ကြည့်လိုက်ပါ။ သူ သေသွားရင်တောင် နည်းနည်းလောက်တော့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။”

သို့ပေမည့် နောက်တစ်စက္ကန့်တွင် ယွင်ကျုံးဟဲ့ ပြန်လည် နိုးထလာပြီး အလွန် ထူးဆန်းသော အခြေအနေ တစ်ခုသို့ ရောက်ရှိသွားတော့သည်။

ပထမဆုံး အနေဖြင့် သူသည် သူ၏ ခန္ဓာကိုယ်ကို လုံးဝ မခံစားရတော့ဘဲ လုံးဝ ထုံကျင်နေကာ စောစောက ပေါက်ကွဲမှုက ခန္ဓာကိုယ်ကို တကယ်ပဲ အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ဖောက်ခွဲလိုက်သကဲ့သို့၊ ခန္ဓာကိုယ် ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေ၏။

သို့ပေမည့် ခန္ဓာကိုယ်ကို မခံစားရတော့သော်လည်း သူ၏ ဦးနှောက်မှာ အလွန် ဖွံ့ဖြိုးလာပြီး အလွန် ရှင်းလင်းလာတော့၏။ မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာတော့ သူ ပို၍ပင် အံ့ဩသွားရသည်။

‘ဒီနေရာက လက်ငါးချောင်းကိုတောင် မမြင်ရအောင် မှောင်မည်းနေတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် လင်းနေရတာလဲ။’

ထို့နောက် ယွင်ကျုံးဟဲ့ အလန့်တကြား အော်ဟစ်လိုက်မိသည်။ ဤနေရာသည် ဂူပေါက်တစ်ခု မဟုတ်ဘူးလား။ သူ၏ စိတ်ကူးထဲတွင် ဤနေရာသည် အလွန် ရှေးကျသော အခြေအနေမျိုး ဖြစ်သင့်သော်လည်း မထင်မှတ်ဘဲ ဤနေရာသည် အလွန် ရိုးရှင်းသော ဟန်ပန်ရှိသည့် ခေတ်မီ ဆေးကုသခန်း တစ်ခု ဖြစ်နေ၏။

ထို့အပြင် မျက်နှာကြက်နှင့် နံရံများမှာ အဖြူရောင်ဖြစ်ပြီး မျက်နှာကြက်ပေါ်တွင်လည်း အမျိုးမျိုးသော စာလုံးများ ရေးသားထားသေးသည်။

ဤမျှသာမက သူသည် မျက်စိရှေ့ရှိ မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီး၏ ရုပ်ရည်ကိုလည်း မြင်တွေ့လိုက်ရပြီး စိတ်ကူးထဲကနှင့် လုံးဝ မတူညီချေ။

သူသည် ဆံပင်ရှည် မဟုတ်ဘဲ ဆံပင်တို ဖြစ်ပြီး ဝတ်ဆင်ထားသော ဝတ်ရုံရှည်မှာလည်း အလွန် ပညာရှင် ဆန်လေ၏။ ဤဝတ်စားဆင်ယင်မှုမျိုးသည် ဤကမ္ဘာလောကတွင် အလွန် ထူးဆန်းနေသည်။

........................

All Chapters