← Chapters

အခန်း ၄၈၂

Vol. 41 Ch. 482

အခန်း ၄၈၂

Vol. 41 Ch. 482

အပိုင်း (၄၈၂)

“ဘယ်သူ လုပ်ရဲလဲ။”

မိန်းမစိုးအိုကြီး ဟောက်ချန်သည် ရှေ့သို့ ထွက်လာပြီး အေးစက်စက်ဖြင့် အော်လိုက်သည်။ “ဧကရာဇ်ဟောင်းက အမိန့်တော် ထုတ်ပြန်တော့မယ်။ ဘယ်သူ လှုပ်ရဲလဲ။ ဧကရာဇ်ဟောင်းကို မရိုမသေ လုပ်ရဲလား။”

လူတိုင်းက မိန်းမစိုးအိုကြီး ဟောက်ချန်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေကြသည်။ ‘ဒီအချိန် ရောက်နေတာတောင် ဘာ ဧကရာဇ်ဟောင်း အမိန့်တော်လဲ။ ဧကရာဇ်ဟောင်းက ရောဂါကြောင့် သေသွားပြီလေ။ ဘာလို့ နတ်ဘုရားလောင်းလို့ ဟန်ဆောင်နေအုံးမှာလဲ။’

ထို့နောက် ယွင်ကျုံးဟဲ့သည် ရုတ်တရက် တုန်ယင်သွားပြီး သရဲ ဝင်ပူးခံရသကဲ့သို့ ဖြစ်သွားတော့၏။

“ဧကရာဇ်... မင်းတို့ ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ။” ယွင်ကျုံးဟဲ့၏ ပါးစပ်မှ ဧကရာဇ်ဟောင်း၏ အသံ ထွက်ပေါ်လာတော့သည်။

‘ချီးတဲ့မှ... တကယ်ကို တူတာပဲ။ ကိုးဆယ် ရာခိုင်နှုန်း လောက်ကို တူနေတာ။’

ဤသည်မှာ ယွင်ကျုံးဟဲ့က အသံမိစ္ဆာ၏ စွမ်းရည်ကို အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။ အမှတ်(၂၄) စိတ်ကျန်းမာရေးလူနာက ဝင်မပူးသော်လည်း ယခင်က ပြောခဲ့ဖူးသည့်အတိုင်း စိတ်ကျန်းမာရေးလူနာ တစ်ယောက်၏ စွမ်းရည်ကို အချိန်အကြာကြီး အသုံးပြုပြီးနောက် ယွင်ကျုံးဟဲ့၏ ဦးနှောက် အာရုံကြောများတွင် မှတ်ဉာဏ်များ ဖြစ်ပေါ်လာပြီး သူကိုယ်တိုင်လည်း ဤစွမ်းရည်၏ တစ်စိတ်တစ်ပိုင်းကို သင်ယူ တတ်မြောက်သွားခြင်းပင် ဖြစ်၏။

ရာခိုင်နှုန်း သုံးဆယ်ခန့်သာ တတ်ကျွမ်းသော်လည်း အခြားသူတစ်ဦး၏ အသံကို အတုခိုးခြင်းမှာ အနည်းငယ် ပိုမို လွယ်ကူသည်။ လှုံ့ဆော်သူ များစွာသည် အဆိုတော် လျူဒယ်ဟွာ (Andy Lau) နှင့်ကျိုးဟွာကျန်း (Emil Chau) တို့၏ သီချင်းဆိုသံများကို အတုခိုးရာတွင် အလွန် တူညီကြသည် မဟုတ်ပါလား။

ယွင်ကျုံးဟဲ့၏ ပါးစပ်မှ ဧကရာဇ်ဟောင်း၏ အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း ရပ်တန့်သွားကြတော့၏။ ‘ကြည့်ရတာ တကယ်ကို ဧကရာဇ်ဟောင်း အိပ်မက်ပေးတဲ့ ပုံစံမျိုးပါပဲလား။’

“အောက်ယွီ... ခင်ဗျား ဟန်ဆောင်ပြီး လှည့်စားမနေနဲ့။”

စုချင်ဝမ်က ပြောလိုက်သည်။ “ခင်ဗျား ဧကရာဇ်ဟောင်းကို မကယ်တင်နိုင်ဘူးဆိုရင်လည်း မကယ်တင်နိုင်ဘူးလို့ ပြောလိုက်။ အကယ်၍ ခင်ဗျားက ဆက်ပြီး ဟန်ဆောင်ပြီး ဧကရာဇ်မင်းမြတ်ကို လှည့်စားနေမယ်ဆိုရင် ခင်ဗျား တစ်မိသားစုလုံးကို အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ရလိမ့်မယ်။ တော်ဝင်သမားတော်... သွားပြီး ဧကရာဇ်ဟောင်းရဲ့ နှာခေါင်း အသက်ရှူသံနဲ့ နှလုံးခုန်သံကို စစ်ဆေးကြည့်လိုက်။”

တော်ဝင်သမားတော်သည် သတိထားကာ ရှေ့သို့ တက်သွားတော့သည်။ ဧကရာဇ်ဟောင်းသည် လေထဲတွင် ပေါလောပေါ်နေသောကြောင့် ကြည့်ရသည်မှာ အမှန်တကယ်ပင် ထူးဆန်းလို့နေ၏။

သူသည် ဧကရာဇ်ဟောင်း၏ နှလုံးခုန်သံနှင့် နှာခေါင်း အသက်ရှူသံကို သတိထား၍ စစ်ဆေးကြည့်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ဧကရာဇ်ဟောင်းမှာ နှလုံးခုန်သံ လုံးဝ မရှိတော့ပါဘူး။ အသက်ရှူသံလည်း မရှိတော့ပါဘူး။ ဧကရာဇ်ဟောင်း နတ်ရွာစံသွားပါပြီ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ် ဒူးထောက်လိုက်ပြီး တော်ဝင်မိသားစုဝင်များလည်း ဒူးထောက်လိုက်ကာ မှူးမတ်များ အားလုံးလည်း ဒူးထောက်လိုက်ကြတော့၏။

“ဧကရာဇ်ဟောင်း နတ်ရွာစံသွားပါပြီ။ အချိန်ကို မှတ်သားထားပါ။”

“ဧကရာဇ်ဟောင်း နတ်ရွာစံသွားပါပြီ။ လောက တစ်ခုလုံး ဝမ်းနည်းပူဆွေးကြပါ။”

သို့ပေမည့် ထိုအချိန်တွင်ပင် ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ အသံဖြင့် ဆက်လက်ကာ အေးစက်စက် ပြောလိုက်သည်။ “ငါ ဘယ်တုန်းက နတ်ရွာစံသွားလို့လဲ။ ငါ ကောင်းကောင်းကြီး အသက်ရှင်နေပါသေးတယ်။ ဧကရာဇ်... ဒီနေ့က ဘယ်နေ့ ရောက်နေပြီလဲ။”

ဧကရာဇ်က မဖြေဆိုဘဲ တော်ဝင်တရားရုံး အကြီးအကဲက ဖြေဆိုလိုက်၏။ “ခြောက်လပိုင်း နှစ်ဆယ့်ခုနစ်ရက်နေ့ပါ။”

ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ အသံဖြင့် ဆက်ပြောလိုက်သည်။ “ခြောက်လပိုင်း နှစ်ဆယ့်ခုနစ်ရက်နေ့ ဟုတ်လား။ မကောင်းတော့ဘူး... မကောင်းတော့ဘူး။ တရားထိုင်တဲ့ အချိန်ကို နောက်ကျသွားပြီပဲ။ ၄၉ ရက်လို့ ပြောထားတာကို ၂၇ ရက်နေ့မှာ အပြင်ထွက်ရမှာ ဖြစ်ပေမယ့် တစ်လတောင် နောက်ကျသွားပြီပဲ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း၏ စိတ်ထဲတွင် အေးစက်စက် ပြုံးလိုက်ကြမိ၏။ ‘ခင်ဗျားပြောတဲ့ အဓိပ္ပာယ် အရဆိုရင် ဧကရာဇ်ဟောင်းဟာ နှလုံးခုန်သံ မရှိ၊ အသက်ရှူသံ မရှိတာက နတ်ပြည်ကို သွားပြီး လည်ပတ်နေလို့၊ အချိန်ကို မေ့သွားလို့၊ ဝိညာဉ် ပြန်ဝင်ဖို့ မေ့သွားလို့၊ တရားထိုင်တဲ့ အချိန်ကုန်ဆုံးသွားတာကို မေ့သွားလို့ပေါ့လေ။ ရောဂါကျွမ်းနေတာ လုံးဝ မဟုတ်သလို၊ သေသွားတာလည်း လုံးဝ မဟုတ်ဘူးပေါ့။’

မှန်ပေသည်။ ဤသည်မှာ ယွင်ကျုံးဟဲ့၏ အစီအမံပင် ဖြစ်တော့၏။ ၎င်းသည် ဧကရာဇ်ဟောင်းအား ဒဏ္ဍာရီဆန်ဆန် အရှိန်အဝါ တစ်ဖန်ပြန်လည် ရရှိစေရန် စနစ်တကျ စီစဉ်နေခြင်း ဖြစ်သည်။

ဧကရာဇ်ဟောင်းမှာ လုံးဝဖျားနာနေခြင်း မဟုတ်သကဲ့သို့၊ သေလုမြောပါး ဖြစ်နေခြင်းလည်း မဟုတ်ပေ။ ၎င်းသည် နတ်ပြည်သို့ သွားရောက်လည်ပတ်နေစဉ် အချိန်ကာလကို မေ့လျော့နေသောကြောင့် ဝိညာဉ်တော် ပြန်လည် ဝင်ရောက်ရန် နောက်ကျနေခြင်းသာ ဖြစ်သည်ဟု ဆိုရပေမည်။

သို့သော်ငြား ယခုကဲ့သို့သော အခြေအနေတွင် မှူးမတ်အပေါင်းတို့အား လှည့်စားရန်မှာမူ အလွန်တရာ ခဲယဉ်းလွန်းလှ၏။

လူအများစုမှာ စိတ်အတွင်း၌ အေးစက်စွာ ပြုံးလျက် ဧကရာဇ်ဟောင်းမှာ ကွယ်လွန်သွားပြီ၊ အောက်ယွီ အနေဖြင့် မည်မျှပင် ဖုံးကွယ်ရန် ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်သည်၊ ဧကရာဇ်မှာ ရောဂါကျွမ်း၍ သေဆုံးသွားခဲ့ပြီ ဟုသာ ယူဆနေကြလေသည်။

တော်ဝင်တရားရုံး အကြီးအကဲက အေးစက်စက်ဖြင့် မေးလိုက်၏။ “အောက်ယွီ... ခင်ဗျား ပြောချင်တဲ့ အဓိပ္ပာယ်က ဧကရာဇ်ဟောင်းက သေသွားတာ မဟုတ်ဘူး၊ နတ်ပြည်မှာ ဝိညာဉ် ပြန်ဝင်ဖို့ မေ့နေတာလို့ ပြောချင်တာလား။”

ထို့နောက် အခြား တော်ဝင်မိသားစုဝင် မင်းသား တစ်ပါးကလည်း မေးလိုက်သည်။ “အောက်ယွီ... ခင်ဗျားက ဧကရာဇ်ဟောင်း ဝိညာဉ် ပြန်ဝင်ဖို့ မေ့နေတယ်လို့ ပြောတယ်မလား။ ဒါဆို သူ ဘယ်အချိန်မှ ဝိညာဉ် ပြန်ဝင်မှာလဲ။ ပြီးတော့ နတ်ပြည်မှာ ဘာကိစ္စတွေ ရှိနေလို့ အချိန်ကိုတောင် မေ့သွားပြီး ဝိညာဉ် ပြန်ဝင်ဖို့ မေ့နေရတာလဲ။”

မှန်ပေသည်။ ဤသည်မှာ အရေးအကြီးဆုံးသော အချက်ကို ထောက်ပြလိုက်ခြင်းပင် ဖြစ်တော့သည်။ ဧကရာဇ်ဟောင်းမှာ ကွယ်လွန်သွားပြီဖြစ်ရာ နတ်ဘုရားတို့ပင် မကယ်တင်နိုင်တော့ချေ။

အောက်ယွီက ဧကရာဇ်ဟောင်း၏ ဝိညာဉ်မှာ နတ်ပြည်၌ လည်ပတ်နေရင်း ပြန်လာရန် မေ့လျော့နေသည်ဟု ပြောနေသည်လျှင် ဧကရာဇ်ဟောင်း၏ ဝိညာဉ်သည် မည်သည့်အချိန်၌ ပြန်လည်ဝင်ရောက်မည်နည်း။ မည်သည့်အချိန်တွင် နိုးထလာမည်နည်း။

အောက်ယွီ မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်ပေ။ နေမင်းသည် အနောက်အရပ်မှ ထွက်ပေါ်လာခဲ့လျှင်ပင် ဧကရာဇ်ဟောင်းမှာမူ တစ်ဖန်ပြန်လည် နိုးထလာတော့မည် မဟုတ်ချေ။

ထို့အပြင် ဧကရာဇ်ဟောင်း၏ ဝိညာဉ်သည် နတ်ပြည်၌ လည်ပတ်နေရင်း အချိန်ကို မေ့လျော့သွားသည်ဟု သင်ဆိုခဲ့ပြန်ရာ၊ တရားထိုင်ရမည့် အချိန်ကန့်သတ်ချက်ကိုပင် မေ့လျော့သွားရလောက်အောင် အဘယ်သို့သော ထူးခြားဖြစ်ရပ်များနှင့် ကြုံတွေ့နေရသနည်း။

ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ အသံဖြင့် ရယ်မောကာ ပြောလိုက်၏။ “ဧကရာဇ်... ငါ ကောင်းကင်ဘုံမှာ လည်ပတ်နေတုန်း ဘယ်သူနဲ့ တွေ့ခဲ့ရလဲဆိုတာ မင်း သိလား။”

“ဘယ်သူလဲ။” ဧကရာဇ်က အလိုအလျောက် မေးလိုက်မိသည်။

ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ အသံဖြင့် ပြန်ဖြေလိုက်၏။ “ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်းနဲ့ တွေ့ခဲ့တာလေ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း အံ့ဩမှင်သက်သွားကြတော့သည်။ ‘သောက်ကျိုးနည်း... ယွင်ကျုံးဟဲ့ ခင်ဗျား တကယ်ကို လျှောက်ပြောတတ်တာပဲ။ တကယ်ကို လျှောက်ပြောနိုင်တာပဲ။’

သို့သော်လည်း ထိုအချက်ကို ခိုင်လုံသော အကြောင်းပြချက်ဖြင့် ပြန်လည်ရှင်းလင်း၍ ရနေပြန်သည်။ တော်ဝင်မိသားစု၏ ဝါဒဖြန့်ချိမှုများနှင့် ပြည်သူအပေါင်း၏ လက်ခံယုံကြည်မှုများအရ တည်ထောင်သူ ဧကရာဇ်ကျိုးရှန်သည် သက်ကြီးရွယ်အိုဘဝတွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး နတ်ရွာစံကြောင်း သတင်း ထွက်ပေါ်ခဲ့သော်လည်း သူ၏ ရုပ်ကလာပ်ကိုမူ မည်သူမှ မတွေ့ရှိခဲ့ရပေ။

ထို့ကြောင့်ပင် လူအများက ၎င်းအား နတ်ပြည်သို့ ကိုယ်ရောင်ဖျောက် တက်လှမ်းသွားပြီဟု ယုံကြည်နေကြခြင်း ဖြစ်သည်။ ၎င်းသည် အချိန်အတော်များများကို သီလရှင်ဝတ်၍ ဗုဒ္ဓတရားတော်များကို လေ့လာဆည်းပူးရင်း ကုန်ဆုံးစေခဲ့သူလည်း ဖြစ်၏။

ထို့ကြောင့်ပင် တာ့ကျုံးဧကရာဇ်က သူအတွက် ပေတစ်ရာမြင့်သော ထျန်းဖူထူ စေတီတော်ကြီးကို တည်ဆောက် ပူဇော်ပေးခဲ့ပြီး တာ့ဖာရှန့်ကျွင်းဟု ဘွဲ့တော်ကပ်လှူကာ ရိုသေစွာ ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိ ထျန်းယန် ဧကရာဇ် (ဝူဝေ့ ဧကရာဇ်ဟောင်း)မှာ နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းထက်သူ ဟုတ်၊ မဟုတ် ဆိုသည်ကို အပြည့်အဝ အသိအမှတ်မပြုနိုင်သေးသော်လည်း၊ တည်ထောင်သူ ဧကရာဇ် တာ့ဖာရှန့်ကျွင်းမှာမူ နတ်ဘုရားတစ်ပါး ဖြစ်သည်ဆိုသော အချက်ကို လူတိုင်းက လက်ခံထားကြ၏။

အကြောင်းမှာ အဆက်ဆက်သော ဧကရာဇ်များက ထိုအတိုင်းသာ မိန့်ကြားခဲ့ကြသောကြောင့် ဖြစ်သည်။ ဧကရာဇ်တို့၏ စိတ်အတွင်း၌ အမှန်တကယ် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ကျိုးတော်ဝင် မိသားစုအား လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါဖြင့် ဖုံးလွှမ်းနိုင်စေရန် ဤသို့ပင် ဆိုကြရမြဲဖြစ်သည်။

ကျုပ်တို့ရဲ့ ဘိုးဘေးမှာ နတ်ဘုရားတစ်ပါးဖြစ်၍ လွန်စွာ အစွမ်းထက်သည် ဟူသော အဆိုမှာ လီရှီမင်က သူ၏ ဘိုးဘေးမှာ ထိုက်ရှန်လောင်ကျွင်း လီအာ ဖြစ်သည်ဟု ဆိုခဲ့ခြင်းနှင့် သဘောတရားချင်း တူညီလှ၏။

ထို့ကြောင့် နတ်ဘုရားတစ်ပါးကဲ့သို့ အဆင့်အတန်းရှိသော ဧကရာဇ်ဟောင်း၏ ဝိညာဉ်သည် နတ်ပြည်သို့ သွားရောက်လည်ပတ်စဉ် နတ်ပြည်သို့ ကြွမြန်းသွားနှင့်သော ဘိုးဘေးဖြစ်သူ တာ့ဖာရှန့်ကျွင်းနှင့် မတော်တဆ တွေ့ဆုံခဲ့ရသောကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမည်မှာ ဧကန်မလွဲပေ။

ဘိုးဘိုးကြီးနှင့် တွေ့ဆုံကာ စကားလက်ဆုံ ကျနေသောကြောင့် အချိန်ကုန်မှန်းမသိ ဖြစ်ရကာ ဝိညာဉ်တော် ပြန်လည်ဝင်ရောက်ရန် မေ့လျော့နေခြင်း ဖြစ်သည်ဟူသော အကြောင်းပြချက်မှာ လုံလောက်မှု ရှိပါသလား။

အမှန်စင်စစ် လုံလောက်သည်။ ဤအကြောင်းပြချက်သည် ဝေဖန်ကန့်ကွက်သူတို့အား နှုတ်ဆိတ်သွားစေရန် ပြုလုပ်နိုင်စွမ်း ရှိ၏။

သို့သော်ငြား လူအပေါင်း၏ စိတ်အတွင်း၌မူ အေးစက်စက် ပြုံးနေကြဆဲပင်။ ‘အောက်ယွီ... ခင်ဗျား ဒီအချက်ကို ဘယ်လို သက်သေပြမှာလဲ။ ပါးစပ်က လျှောက်ပြောဖို့ လွယ်ကူပေမဲ့ လက်တွေ့မှာ ဘယ်လို သက်သေပြမှာလဲ။’

အကယ်၍ အောက်ယွီသည် ဧကရာဇ်ဟောင်း၏ ဝိညာဉ်မှာ နတ်ပြည်၌ ဘိုးဘေးဧကရာဇ်နှင့် တွေ့ဆုံနေသောကြောင့် ပြန်လာရန် နောက်ကျနေခြင်းဖြစ်ကြောင်း သက်သေမပြနိုင်ဘဲ၊ ဧကရာဇ်ဟောင်း ကိုလည်း ပြန်လည်နိုးထလာအောင် မလုပ်ဆောင်နိုင်ပါက မည်မျှပင် တတ်သိလိမ္မာစွာ ပြောဆိုပါစေ မည်သူမှ ယုံကြည်ကြမည် မဟုတ်သည့်အပြင် အောက်ယွီကိုယ်တိုင်လည်း သေဒဏ်မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့ သည် ဧကရာဇ်ဟောင်း၏ အသံဖြင့် ပြောလိုက်၏။ “တည်ထောင်သူ ဧကရာဇ်... မဟုတ်ဘူး... အခုတော့ တာ့ဖာရှန့်ကျွင်းလို့ ခေါ်ရတော့မှာပေါ့။ သူနဲ့ တွေ့ရတာ ငါ အရမ်းကို ဝမ်းသာသွားတယ်။ ခင်ဗျားတို့ သိကြလား။ ဒီနတ်ပြည်ဟာ ဘယ်လောက်တောင် ကျယ်လဲဆိုတာ။ မိုင်ပေါင်း ဘီလီယံချီကျယ်ဝန်းတယ်။

ကျုပ်နဲ့ တည်ထောင်သူ ဧကရာဇ်တို့ မတော်တဆ တွေ့ဆုံနိုင်ခြေ ဟာ အရမ်းကို နည်းပါးပြီး တကယ့်ကို ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ ရေစက်ပါပဲ။ ဒါကြောင့် စကားတွေ ပြောရင်း အချိန်တွေကို မေ့သွားပြီး ဝိညာဉ် ပြန်ဝင်ဖို့ မေ့သွားကာ တစ်လလောက် နောက်ကျသွားခဲ့တာပါ။

ဝိညာဉ်က ခန္ဓာကိုယ် ထဲကနေ ထွက်သွားလို့ ကိုယ်တော့်မှာ နှလုံးခုန်သံ မရှိတော့သလို အသက်ရှူသံလည်း မရှိတော့လို့ ခင်ဗျားတို့က ကိုယ်တော် သေပြီလို့ ထင်သွားကြတာပါ။

ဟား... ဟား...ဟား... ဧကရာဇ်ရေ... မင်းက မိဘကျေးဇူး သိတတ်တယ် ဆိုတာကို ကိုယ်တော် သိပါတယ်။ ဒီတစ်ကြိမ် မင်းကို စိုးရိမ်အောင် လုပ်မိတာက ခမည်းတော်ရဲ့ အမှားပါ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ် သည် ဆက်လက်၍ သည်းမခံနိုင်တော့ချေ။ ‘အောက်ယွီ… ခင်ဗျား ဟန်ဆောင်ပြီး လှည့်စားတာတွေ လုံလောက်ပြီ။ ခင်ဗျားကို အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ဖို့ အချိန်တန်ပြီ။’

ထိုနေရာတွင် ရှိနေသော လူတိုင်းကလည်း အေးစက်စက် ပြုံးနေကြသည်။ ‘အောက်ယွီ… ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ အသံကို ဘယ်လောက်ပဲ တူအောင် အတုခိုးနိုင်ပါစေ အလကားပါပဲ။ ခင်ဗျားက လူတိုင်းကို ယုံကြည်စေချင်တယ်ဆိုရင် ကိစ္စနှစ်ခုကို လုပ်ပြမှ ရမယ်။

ပထမတစ်ခုက တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်းကို လူတိုင်းရဲ့ အရှေ့မှာ ထွက်ပေါ်လာအောင် လုပ်ပြရမယ်။ ဒုတိယတစ်ခုက ဧကရာဇ်ဟောင်းရဲ့ ဝိညာဉ်ကို ပြန်ဝင်လာအောင် လုပ်ပြီး နိုးလာအောင် လုပ်ပြရမယ်။’

တော်ဝင်တရားရုံး အကြီးအကဲသည် ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ရာ မိန်းမစိုး သိုင်းပညာရှင် အချို့ ရှေ့သို့ တက်လာပြီး ယွင်ကျုံးဟဲ့ကို ဖမ်းဆီးကာ သတ်ဖြတ်ရန် ပြင်လိုက်ကြတော့၏။ ‘ခင်ဗျားရဲ့ အဓိပ္ပာယ်မရှိတဲ့ ပြကွက်တွေကို အဆုံးသတ်လိုက်တော့။ ဟန်ဆောင်ပြီး လှည့်စားမနေနဲ့တော့။’

သို့ပေမည့် ဤအချိန်တွင် ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ လေသံဖြင့် ရုတ်တရက် ပြောလိုက်သည်။ “တည်ထောင်သူ ဧကရာဇ်... မျက်စိရှေ့က ဒီလူကတော့ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ၂၇ ဆက်မြောက် ဧကရာဇ်ပါ။ ခင်ဗျားရဲ့ မြေးမြစ်တွေ ဖြစ်နေပါပြီ။ ပြီးတော့ ဒီလူတွေကလည်း ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ သစ္စာရှိတဲ့ အမတ်တွေချည်းပါပဲ။ သူတို့ကို တွေ့ချင်ပါသလား။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း တုန်လှုပ်သွားကြတော့၏။

‘သောက်ကျိုးနည်း... အောက်ယွီ ခင်ဗျား တကယ်ပဲ တည်ထောင်သူ ဧကရာဇ်ရဲ့ နတ်ဝိညာဉ်ကို ခေါ်ထုတ်နိုင်မယ်ဆိုရင်တော့ ခင်ဗျား တကယ် အစွမ်းထက်တယ်လို့ ကျုပ်တို့ ဝန်ခံလိုက်ပါ့မယ်။ ခင်ဗျားက တည်ထောင်သူ ဧကရာဇ် ဝင်ပူးသလို ဟန်ဆောင်ပြီး တခြားလေသံ တစ်ခုနဲ့ စကားနည်းနည်း ပြောပြီးရင် တည်ထောင်သူ ဧကရာဇ်ကိုယ်ထင်ပြတယ်လို့ ကြေညာလိုက်အုံးမလို့လား။’

All Chapters