← Chapters

အခန်း ၄၈၄

Vol. 41 Ch. 484

အခန်း ၄၈၄

Vol. 41 Ch. 484

အပိုင်း (၄၈၄)

ချက်ချင်းပဲ ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ အရှေ့သို့ သွားကာ ဒူးထောက်၍ ပြောလိုက်သည်။ “ကျုပ် အောက်ယွီက ဧကရာဇ်ဟောင်း နတ်ပြည်မှာ လည်ပတ်ပြီး တည်ထောင်သူ ဧကရာဇ်နဲ့ တွေ့ဆုံကာ နတ်ရေစက်တွေ အများကြီး ရရှိပြီး ဝိညာဉ် ပြန်ဝင်လာတာကို ဂုဏ်ပြုပါတယ်။”

‘ခင်ဗျားတို့က ကြွေးကြော်သံတွေ မအော်တတ်ဘူးဆိုရင် ကျုပ်က သင်ပေးရမှာပေါ့။’

ယွင်ကျုံးဟဲ့က ပထမအကြိမ် အော်ဟစ်လိုက်ပြီးနောက် ဒုတိယအကြိမ်တွင် ဟောက်ချန်လည်း လိုက်ပါ အော်ဟစ်လိုက်၏။

ထို့နောက် လူတိုင်း၏ အကြည့်များက ဧကရာဇ် ဝမ်ယွင်ထံသို့ ရောက်ရှိသွားကြသည်။ ‘အရှင်မင်းမြတ်က ဘာလို့ မအော်တာလဲ။ အရှင်မင်းမြတ်က ဧကရာဇ်ဟောင်း သေဖို့ မျှော်လင့်နေတာလား။ တည်ထောင်သူ ဧကရာဇ်ဟာ နတ်ဘုရား တစ်ပါး ဖြစ်တယ်ဆိုတာကို အရှင်မင်းမြတ်က အသိအမှတ် မပြုဘူးလား။’

ချက်ချင်းပဲ ဧကရာဇ် ဝမ်ယွင်၏ စိတ်ထဲတွင် အံကို တင်းတင်းကြိတ်လိုက်သော်လည်း မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်နေသော အမူအရာဖြင့် ဒူးထောက်ကာ ပြောလိုက်၏။ “သားတော်က ဧကရာဇ်ဟောင်း နတ်ပြည်မှာ လည်ပတ်ပြီး တည်ထောင်သူ ဧကရာဇ်နဲ့ တွေ့ဆုံကာ နတ်ရေစက်တွေ အများကြီး ရရှိပြီး ဝိညာဉ် ပြန်ဝင်လာတာကို ဂုဏ်ပြုပါတယ်။”

ဤစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် တော်ဝင်မိသားစုဝင်များ၊ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွတ်လျက် အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြတော့သည်။ “ဧကရာဇ်ဟောင်း နတ်ပြည်မှာ လည်ပတ်ပြီး တည်ထောင်သူ ဧကရာဇ်နဲ့ တွေ့ဆုံကာ နတ်ရေစက်တွေ အများကြီး ရရှိပြီး ဝိညာဉ် ပြန်ဝင်လာတာကို ဂုဏ်ပြုပါတယ်။”

‘အောင်မြင်သွားပြီ။ အောက်ယွီရဲ့ ဒဏ္ဍာရီက နောက်တစ်ကြိမ် ဆက်လက် အသက်ဝင်သွားပြီ။’

ဤအပြောင်းအလဲ တစ်ခုတည်းဖြင့် ဧကရာဇ်ဟောင်း၏ ရွှေရောင် အလွှာကြီးကို ထိန်းသိမ်းနိုင်ရုံသာမက နောက်ထပ် အဆင့်တစ်ခုသို့ပင် မြင့်တက်သွားစေခဲ့၏။

ယခင်ကာလများက ဧကရာဇ်ဟောင်းအား နတ်ဘုရားလောင်းဟု တင်စားကြခြင်းမှာ အပြောအဆိုမျှသာရှိသော ပါးစပ်ရာဇဝင်သက်သက်မျှသာ ဖြစ်သည်။

ဧကရာဇ်ဟောင်းသည် အချိန်ကာလကြာမြင့်စွာ တရားဘာဝနာ ပွားများအားထုတ်ခဲ့ပြီးနောက် လန်ကျိုး ပင်လယ်ပြင်၌ ဖြစ်ပွားမည့် ပြင်းထန်သော ငလျင်နှင့် ဆူနာမီဘေးဒုက္ခကို တစ်လကြိုတင်၍ ဟောကိန်း ထုတ်နိုင်ခဲ့သောကြောင့် ထိုသို့ သတ်မှတ်ခဲ့ကြခြင်း ဖြစ်၏။

သို့ရာတွင် ထိုအံ့မခန်းဖြစ်ရပ်ကြီးမှာ ကြားဖူးရုံမျှသာရှိပြီး မည်သူမှ မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရဖူးချေ။ ယခုအခါတွင်မူ လူအပေါင်းတို့သည် ဧကရာဇ်ဟောင်း ဝေဟင်ထက်၌ ပေါလောပေါ်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရလေ၏။ ဤမျှအစွမ်းထက်လှသည်ကို နတ်ဘုရားလောင်းဟု မခေါ်ဆိုလျှင် မည်ကဲ့သို့ ခေါ်ဆိုရပါမည်နည်း။

ထို့အပြင် တည်ထောင်သူ ဧကရာဇ်၏ ဧရာမ အလင်းရောင်ဝိညာဉ်တော်ကြီးကလည်း ကောင်းကင်ယံ၌ ကိုယ်ထင်ပြခဲ့လေရာ ဤသည်မှာ နတ်ဘုရားတစ်ပါး ကြွရောက်လာခြင်းမဟုတ်ဟု မည်သူက ငြင်းပယ်နိုင်ပါမည်နည်း။

ဧကရာဇ်ဟောင်း၏ နှလုံးခုန်သံနှင့် အသက်ရှူသံများ ခေတ္တရပ်တန့်သွားခဲ့သော်လည်း တည်ထောင်သူ ဧကရာဇ်၏ ဝိညာဉ်တော်နှင့် ခွဲခွာခဲ့ပြီးနောက်တွင်မူ ဝိညာဉ်ပြန်လည်ဝင်ရောက်လာကာ အသက်ရှူသံနှင့် နှလုံးခုန်သံများ ချက်ချင်း ပြန်လည်ရရှိလာခဲ့သည်။

ဤသို့သော ထူးခြားဆန်းပြားသည့် ဖြစ်ရပ်များမှာ နတ်ဘုရားလောင်း တစ်ဦး၏ တန်ခိုးအာနုဘော်ကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဧကရာဇ်ဟောင်းက ညင်သာစွာ ပြောလိုက်၏။ “ဧကရာဇ်ရဲ့ မိဘကျေးဇူး သိတတ်မှုကို ကိုယ်တော် မြင်တွေ့ခဲ့ရသလို အမတ်တွေရဲ့ ချစ်ခင်မှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီရက်ပိုင်းအတွင်း ခင်ဗျားတို့ ပင်ပန်းသွားကြပြီ။ ပြန်ကြတော့။

ကိုယ်တော်လို တရားကျင့်နေတဲ့ သူတစ်ယောက်က ဆူညံတာကို သိပ်မကြိုက်ဘူး။ နောက်ပိုင်း ဒီ ဝူဝေ့နန်းဆောင်ရဲ့ တံခါးကို ပိတ်ထားလိုက်တော့။ ဒီ ရှန်ချင်းနန်းဆောင်ဟာလည်း အရင်ကလိုပဲ ဘယ်သူ့ကိုမှ ဝင်ခွင့် မပြုတော့ဘူး။”

ထို့နောက် ဧကရာဇ်ဟောင်းသည် ဧကရာဇ် ဝမ်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။ “ဧကရာဇ်... ဒီကာလအတွင်း မင်း လုပ်ဆောင်ခဲ့တာတွေ အရမ်းကောင်းပါတယ်။ လန်ကျိုးက ဒုက္ခသည် သန်းချီ ငတ်မသေခဲ့သလို လုံးဝ အိမ်ရာမဲ့လည်း မဖြစ်ခဲ့ရဘူး။ ပြီးတော့ လန်ကျိုးရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေလည်း စတင်နေပြီဆိုတော့ မင်း တကယ် လုပ်ဆောင်တာ ကောင်းပါတယ်။”

ချက်ချင်းပဲ ဧကရာဇ် ဝမ်ယွင် သည် ဒူးထောက်ကာ ပြောလိုက်၏။ “သားတော်က ဉာဏ်နည်းလို့ ခမည်းတော်ရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “နိုင်ငံရေးကိစ္စတွေကို မင်းဆီ လွှဲအပ်ထားတာ ငါ အရမ်းကို စိတ်ချပါတယ်။ ဒါကြောင့် နောက်ပိုင်း အရေးကြီးတဲ့ကိစ္စ မရှိရင် ငါ့ရဲ့ တရားကျင့်မှုကို လာမနှောင့်ယှက်ပါနဲ့တော့။”

ဤအချိန်တွင် လူအပေါင်းတို့သည် စောစောက တည်ထောင်သူ ဧကရာဇ်၏ ဝိညာဉ်တော် မြွက်ကြားခဲ့သည့် စကားများကို ပြန်လည်အမှတ်ရကာ တုန်လှုပ်ချောက်ချားသွားကြတော့၏။

‘ဝူဝေ့နတ်ဘုရားလောင်းဟာ နတ်ပြည်ကို တက်ရတော့မှာ ဖြစ်ပေမယ့် ခင်ဗျားတို့ရဲ့ တိုင်းပြည် အရေးကိစ္စ တွေကြောင့် ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို အကြိမ်ကြိမ် ဖွင့်ဟခဲ့ရလို့ တရားကျင့်တာ နှောင့်နှေးသွားပြီး နတ်ပြည် တက်ဖို့ အချိန်တွေ အများကြီး လိုသွားရပြန်ပြီ။ ခင်ဗျားတို့ သူ့ကို စိတ်ပျက်အောင် မလုပ်ကြနဲ့။’

“ပြန်ကြတော့... ပြန်ကြတော့...” ဧကရာဇ်ဟောင်းက ပြောလိုက်သည်။

ချက်ချင်းပဲ ဧကရာဇ် ဝမ်ယွင် သည် နောက်တစ်ကြိမ် ဒူးထောက်ကာ ပြောလိုက်၏။ “ခမည်းတော်...”

သူသည် ခမည်းတော်အား ကျန်းမာရေးကို ဂရုစိုက်တော်မူပါဟု ပြောရန် ကြံရွယ်လိုက်သော်လည်း ထိုသို့ပြောဆိုရန် မသင့်တော်ကြောင်းကို ချက်ချင်းပင် သတိပြုမိသွားလေသည်။

အကြောင်းမူ ဧကရာဇ်ဟောင်းသည် သာမန်လူသားတစ်ဦး မဟုတ်တော့ဘဲ မြင့်မြတ်သော နတ်ဘုရားလောင်း အဖြစ်သို့ ကူးပြောင်းနေပြီဖြစ်ရာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ပူပန်နေရန် လိုအပ်ပါဦးမည်လား။

“သားတော်က ခမည်းတော်ရဲ့ တရားကျင့်ကြံမှုကို မနှောင့်ယှက်တော့ပါဘူး။ ခမည်းတော် အမြန်ဆုံး နတ်ပြည် တက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။” ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “သွားတော့... သွားတော့။”

ထို့နောက် ဧကရာဇ် ဝမ်ယွင်သည် အမတ်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားပြီး ဝူဝေ့နန်းဆောင်မှ ထွက်ခွာကာ ရှန်ချင်းနန်းဆောင်မှလည်း ထွက်ခွာသွားတော့၏။

ဧကရာဇ် ထွက်ခွာသွားပြီးနောက် ဟောက်ချန်သည် ဧကရာဇ်ဟောင်းကို လေထဲ ပေါလောပေါ်စေသော သံဘောင်ပေါ်မှ အလျင်အမြန် ချပေးပြီး ကုတင်ပေါ်တွင် လှဲလျောင်းစေလိုက်သည်။

ဧကရာဇ်ဟောင်းသည် မျက်လုံးများကို မှိတ်ထားပြီး အလွန်အမင်း ဒေါသထွက်နေကြောင်း ထင်ရှားလို့နေသည်။ ယခင်က ရှန်ချင်းနန်းဆောင်သည် မည်မျှ ဩဇာတိက္ကမ ရှိပြီး၊ မည်မျှ လျှို့ဝှက်ဆန်းကြယ်ကာ၊ မည်မျှ နက်နဲခဲ့သနည်း။

မည်သူမှ အနားမကပ်ရသလို ဧကရာဇ်ပင်လျှင် အနားမကပ်ရချေ။ အမတ်များဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

ဧကရာဇ်ဟောင်းသည် ဤကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်မှုကို အသုံးပြုကာ အမြင့်ဆုံး ဩဇာတိက္ကမကို ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် ယခုတစ်ကြိမ် သူ၏ ခန္ဓာကိုယ် ပြဿနာ ဖြစ်သွားချိန်တွင် ဧကရာဇ်သည် ရှန်ချင်းနန်းဆောင်ကို အတင်း ဝင်ရောက်ခဲ့ပြီး ဝူဝေ့နန်းဆောင်ထဲအထိ အတင်း ဝင်ရောက်ကာ လေဖြတ်ပြီး လှုပ်ရှား၍ မရတော့သော သူ၏ ခန္ဓာကိုယ်ကို လူတိုင်း မြင်တွေ့စေခဲ့၏။

ထို့အပြင် ရှန်ချင်းနန်းဆောင် တစ်ခုလုံး၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဩဇာတိက္ကမကိုလည်း လုံးဝ ဖျက်ဆီး ပစ်ခဲ့သည်။

ရှန်ချင်းနန်းဆောင်၏ အစောင့်အရှောက် ရာချီ၊ မိန်းမစိုးများနှင့် တာအို ဘုန်းကြီးများ အားလုံး ဝူဝေ့ နန်းဆောင်၏ အရှေ့တွင် ဒူးထောက်ကာ အပြစ်ဝန်ခံနေကြ၏။

“ခင်ဗျားတို့ကို အပြစ်မတင်ပါဘူး။ ကျုပ် လဲကျသွားပြီးတဲ့နောက် ဧကရာဇ်ကို ဘယ်သူက တားဆီးနိုင်တော့မှာလဲ။”

ဧကရာဇ်ဟောင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ယင်းယန်... ခင်ဗျားရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲ။”

“ကျုပ် ဘာမှ မဖြစ်ပါဘူး။” စစ်သူကြီး ယင်းယန်က ပြန်ဖြေလိုက်၏။

သူသည် မည်ကဲ့သို့ ဘေးဥပဒ်ကင်းကင်းနှင့် ရှိနေနိုင်ပါအံ့နည်း။ ထိုနေ့က အရှင်မင်းမြတ်၏ အပြုအမူကို တားဆီးရန် ကြိုးပမ်းခဲ့သည့်အတွက်ကြောင့် ရက်စက်စွာ နှိပ်စက်ခြင်း ခံခဲ့ရပြီး သူ၏ လက်ခြေတို့မှာလည်း ရိုက်ချိုးခြင်း ခံခဲ့ရသည်။

“လူစုခွဲလိုက်တော့။ ကိုယ့်နေရာကိုယ် ပြန်သွားကြ။” ဧကရာဇ်ဟောင်းက ပြောလိုက်၏။

ဝူဝေ့နန်းဆောင် တစ်ခုလုံးတွင် ယွင်ကျုံးဟဲ့၊ ဧကရာဇ်ဟောင်းနှင့် ဟောက်ချန်တို့ သုံးဦးတည်းသာ ကျန်ရှိတော့သည်။

“သား… မင်းက တကယ်ကို အရည်အချင်းရှိပြီး အံ့ဩစရာကောင်းလောက်အောင် ထူးချွန်တဲ့သူပဲ။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒီနေ့ မင်းက အခြေအနေကို ပြောင်းပြန်လှန်ပေးနိုင်ခဲ့လို့သာ ငါ့ရဲ့ နတ်ဘုရားလောင်း ရွှေရောင် အလွှာကြီး မပျက်စီးရုံတင် မကဘူး၊ ပိုပြီးတော့တောင် ဒဏ္ဍာရီ ဆန်လာခဲ့တာ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... တည်ထောင်သူ ဧကရာဇ်ကိုယ်ထင်ပြတဲ့ သဘောတရားကို ကျုပ် ရှင်းပြပါ့မယ်။”

“မလိုဘူး... မလိုဘူး... မလိုဘူး...”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ငါက ဧကရာဇ်မှ မဟုတ်တော့တာ။ ကိစ္စတိုင်းကို သိစရာ မလိုသလို ကိစ္စတိုင်းကို ဝင်ပါစရာလည်း မလိုဘူး။ ဒါကြောင့် မင်း ငါ့ကို ပြောပြစရာ မလိုပါဘူး။”

“ကောင်းပါပြီ... ဧကရာဇ်ဟောင်းကို ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းကျရင် ဒီပစ္စည်းကိရိယာကို ကျုပ် ဧကရာဇ်ဟောင်းဆီ ဆက်သပါ့မယ်။” ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။

ဧကရာဇ်ဟောင်းက ညင်သာစွာ သက်ပြင်းချကာ ပြောလိုက်၏။ “သား… မင်းက အခြေအနေကို ပြောင်းပြန်လှန် ပေးနိုင်ခဲ့ပေမယ့် ငါက ဧကရာဇ်ဟောင်း တစ်ယောက် အနေနဲ့ အားနည်းချက် ပြမိသွားလို့ ဒီတစ်ကြိမ်မှာ ငါတို့ရဲ့ ဩဇာတိက္ကမတွေ ကျဆင်းသွားခဲ့ရတယ်။”

အမှန်တကယ်ပင် ဩဇာတိက္ကမ များကျဆင်းသွားခဲ့ရ၏။ ယွင်ကျုံးဟဲ့၏ အံ့ဩစရာ ပြကွက်များမှာ နောက်ဆက်တွဲ ပြုပြင်မှုများ သက်သက်သာဖြစ်ပြီး ဧကရာဇ်ဟောင်း၏ နတ်ဘုရားလောင်း ပုံရိပ်ကို လူတိုင်း မြင်တွေ့စေခဲ့သော်လည်း ရှန်ချင်းနန်းဆောင်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဩဇာတိက္ကမမှာမူ လုံးဝ ဖျက်ဆီး ခံလိုက်ရပြီ ဖြစ်သည်။

ဧကရာဇ်ဟောင်းက ရှစ်နှစ်တိုင်တိုင် ဖန်တီးခဲ့သော ရှန်ချင်းနန်းဆောင်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ကျူးလွန်၍ မရသော အငွေ့အသက်များသည် လုံးဝ နင်းခြေခံလိုက်ရပြီ ဖြစ်၏။

လွန်ခဲ့သော ရှစ်နှစ်အတွင်း ရှန်ချင်းနန်းဆောင်သည် မည်သူမှ မချဉ်းကပ်ရသော လုံးဝ တားမြစ်နယ်မြေ တစ်ခု ဖြစ်ခဲ့သည်။ ဧကရာဇ်ကိုယ်တိုင်ပင် ခြွင်းချက် မဟုတ်ချေ။

အချိန်ကြာလာသည်နှင့်အမျှ ဤအရာက လူများ၏ စိတ်ထဲတွင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အချက်ပြမှု တစ်ခု ဖြစ်လာပြီး ရှန်ချင်းနန်းဆောင်သည် တောင်ပိုင်းကျိုးအင်ပါယာ၏ အမြင့်ဆုံး အာဏာပိုင် နေရာဖြစ်ကြောင်း သတ်မှတ်လာကြသည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်မင်းမြတ်ပင်လျှင် ဝင်ရောက်ခွင့် မရှိသလို အမတ်များဆိုလျှင် ပို၍ပင် အနားမကပ်ရသောကြောင့်ပင်။

ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ အချက်ပြမှုမျိုးမှာ အလွန် အစွမ်းထက်လေသည်။ နိုင်ငံ၏ နန်းတော်ဟောင်းများကို လွတ်လပ်စွာ ဝင်ရောက်လည်ပတ်ခွင့် ရှိသော်လည်း အချို့သော နေရာများကိုမူ ဝင်ရောက်ခွင့် မရှိချေ။ ထိုနေရာများမှာ အမြင့်ဆုံး တားမြစ်နယ်မြေများ ဖြစ်ကြသည်။

သို့ပေမည့် ယခုတစ်ကြိမ်တွင် ဧကရာဇ်သည် အမတ်များကို ခေါ်ဆောင်ကာ ရှန်ချင်းနန်းဆောင်သို့ အတင်း ဝင်ရောက်ခဲ့ပြီး ဝူဝေ့နန်းဆောင်ထဲသို့ပါ ဝင်ရောက်ခဲ့၏။

ရှန်ချင်းနန်းဆောင်၏ လျှို့ဝှက်ဆန်းကြယ်မှု၊ ကျူးလွန်၍ မရသော အငွေ့အသက်များနှင့် မြင့်မားသော အခြေအနေများ လုံးဝ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

ထို့ကြောင့် လူတိုင်း၏ စိတ်ထဲတွင် ဤကဲ့သို့သော အယူအဆတစ်ခု ဖြစ်ပေါ်လာမှာဖြစ်သည်။ ဧကရာဇ်ဟောင်း၏ ဩဇာတိက္ကမသည် ဤမျှလောက်သာ ရှိတော့သည်ဟု ထင်မြင်လာကြမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း ဝင်ရောက်ဖူးသွားကြပြီ ဖြစ်သောကြောင့်ပင်။

ဤသည်မှာ တီဗီတွင် နေ့စဉ် မြင်တွေ့နေရသော နတ်သမီးကဲ့သို့ မင်းသမီး တစ်ဦးကို အချိန်အကြာကြီး ငေးကြည့်ရင်း နတ်ဘုရားမ တစ်ပါးကဲ့သို့ ခံစားလာရကာ သူမကို ပိုင်ဆိုင်ချင်စိတ်များ ရူးသွပ်မတတ် ဖြစ်ပေါ်လာပြီး သူမနှင့် တစ်ညတာ အတူအိပ်ရမည်ဆိုလျှင် အသက်အနည်းငယ် တိုသွားပါစေ ဂရုမစိုက်ဟု ပြောဆိုတတ်ကြသည်နှင့် အတူတူပင် ဖြစ်သည်။

သို့ပေမည့် တစ်နေ့တွင် ဤမင်းသမီးနှင့် အမှန်တကယ် တစ်ညတာ အတူအိပ်ခွင့် ရလိုက်ချိန်မှာတော့ ဘာမှ မထူးခြားလှဘူးဟု ခံစားသွားရသည်နှင့် အတူတူပင်ဖြစ်၏။

ဤကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်မှုနှင့် ကြောက်ရွံ့လေးစားမှုများ တစ်ကြိမ် ပျက်စီးသွားပါက ပြန်လည် ရယူရန် အလွန် ခက်ခဲလေသည်။

ယွင်ကျုံးဟဲ့က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... ဧကရာဇ်ဟာ လူအုပ်ကြီးကို ခေါ်ဆောင်ပြီး ရှန်ချင်းနန်းဆောင်ကို အတင်း ဝင်ရောက်ခဲ့တဲ့အတွက် ရှန်ချင်းနန်းဆောင်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တားမြစ် နယ်မြေ အငွေ့အသက်တွေ လုံးဝ ပျက်စီးသွားပြီး လူတိုင်းရဲ့ အရှင့်အပေါ် ကြောက်ရွံ့လေးစားမှုတွေလည်း ထိခိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒါကို ပြန်လည် ရယူလို့ ရပါသေးတယ်။”

ဧကရာဇ်ဟောင်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ပြောကြည့်ပါ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ခုနက လူတိုင်းက တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြတာကို တွေ့ခဲ့ရသလို ဧကရာဇ်ဟောင်းရဲ့ ဝိညာဉ် ပြန်ဝင်လာတာကိုလည်း တွေ့ခဲ့ရတယ်။ သူတို့က အံ့ဩသွားကြပြီး အဲဒီအချိန်တုန်းကတော့ ယုံကြည်ခဲ့ကြပေမယ့် အိမ်ပြန်ရောက်သွားတဲ့ အချိန်ကျရင်တော့ တစ်ဝက်ပဲ ယုံကြည်တော့မှာပါ။”

ဤအခြေအနေသည် မလွဲမသွေ ဖြစ်ပေါ်လာမည့် အကျိုးဆက်တစ်ခုပင် ဖြစ်သည်။ ထိုစဉ်က မျက်မှောက်၌ မြင်တွေ့ခဲ့ရသော မြင်ကွင်းတို့မှာ စိတ်နှလုံးကို ပြင်းထန်စွာ လှုံ့ဆော်နိုင်စွမ်း ရှိခဲ့သောကြောင့် အားလုံးက မိန်းမောတွေဝေခဲ့ကြရသည်။

သို့သော်လည်း မိမိတို့ နေရာဌာနသို့ ပြန်လည်ရောက်ရှိ၍ စိတ်အစဉ် တည်ငြိမ်မှု ရရှိလာသောအခါတွင်မူ ဖြစ်ရပ်မှန်အပေါ် သံသယစိတ်တို့ တဖြည်းဖြည်း ကိန်းအောင်းလာကြပေလိမ့်မည်။

သို့ဖြစ်ရာ နောက်ဆုံးတွင်မူ ဧကရာဇ်ဟောင်း ဖန်တီးပြသခဲ့သည့် အံ့မခန်းဖွယ်ရာ ပြကွက်များအပေါ်၌ ထက်ဝက်ခန့်သာ ယုံကြည်မှု ရှိကြတော့မှာ ဖြစ်သည်။

....................

All Chapters