← Chapters

အခန်း ၃၅၉

Vol. 20 Ch. 359

အခန်း ၃၅၉

Vol. 20 Ch. 359

အပိုင်း (၃၅၉) ကျုပ်ရောက်လာပြီဆိုတော့ စည်းကမ်းတွေကို ပြင်ရတော့မှာပဲ။

စာမေးပွဲရုံမှ စာမေးပွဲစစ်ဆေးသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စကားမပြောနိုင် ဖြစ်သွားကြသည်။

နောက်ကွယ်တွင် ဤမျှ ဝမ်းနည်းဖွယ်ရာကောင်းငေါ ဇာတ်လမ်းတစ်ပုဒ် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

ခိုဘီ၏ အတွေ့အကြုံမှာ ရင်နာစရာ ကောင်းလှသည်။

ဖန်ကျန်းရီ ပြောပြသော ဇာတ်လမ်းမှာ အလွန် နားထောင်ကောင်းပြီး ခွန်အားဖြစ်စေကာ စာမေးပွဲဖြေဆိုသူများ ကိုလည်း သနားသွားကြ၏။

ဒါပေမဲ့... ဒါက ဘာဖြစ်လို့လဲ။ ဒါက အချိန်ကြာမြင့်စွာ လက်ဆင့်ကမ်းလာခဲ့တဲ့ စည်းကမ်းတစ်ခုပဲလေ။ ရေးသားမထားတဲ့ လျှို့ဝှက်စည်းကမ်း ဖြစ်နေရင်တောင်မှ စည်းကမ်းက စည်းကမ်းပဲ။

တည်ငြိမ်စွာ လည်ပတ်နေသော စနစ်တစ်ခုသည် ၎င်းကို သွားမထိသရွေ့ မည်သည့် သက်ရောက်မှုမှ ရှိမည်မဟုတ်ချေ။

သို့သော်ငြား သွားထိလိုက်ပါက အကျိုးအမြတ် ဘာမှ မရသည့်အပြင် ပြဿနာများစွာကိုပါ ဖန်တီးနိုင်သည်။ ထိုကဲ့သို့သော အလုပ်မျိုးကို မည်သူကမှ မလုပ်ချင်ကြပေ။

ထိုညတွင် ဖန်ကျန်းရီ ထွက်သွားပြီး မကြာမီ စာမေးပွဲစစ်ဆေးသူ အားလုံးသည် စိတ်လှုပ်ရှားနေရာမှ သတိပြန်ဝင်လာကြ၏။

လူဆယ်ယောက်ခန့်သည် တံဆိပ်တုံးများကို သွားတောင်းရန် အတူတကွ သွားရောက်ခဲ့ကြသည်။

ကျန်သူများမှာမူ သတ္တိအနည်းငယ် ပိုရှိကြပြီး တစ်ခုခုဖြစ်လျှင်လည်း အရမ်း ထိတ်လန့်စရာ မလိုကြောင်း၊ ကောင်းကင်ပြိုကျလျှင် ဖန်ကျန်းရီ ရှိနေကြောင်း တွေးလိုက်ကြ၏။

အဆိုးဆုံးအခြေအနေတွင် ကျန်းတုန်ရှန်း ရှိနေသေးသည်။

ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ငါက စောင့်ကြည့်သူ တစ်ယောက်ပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒုက္ခမရောက်ရင် ပြီးတာပဲ။

ထို့အပြင် စာမေးပွဲဖြေဆိုသူများကို ဒုက္ခပေးခြင်းသည်လည်း အဆင့်အတန်း မရှိလွန်းလှပေ။ ဖန်ကျန်းရီ ပြောသည်မှာ အနည်းငယ် ယုတ္တိရှိသည်။

ဤကဲ့သို့ ရှုပ်ယှက်ခတ်ပြီးနောက် လူတိုင်းသည် အလုပ်လုပ်ချင်စိတ် မရှိတော့ဘဲ မိမိတို့ အခန်းများသို့ ပြန်၍ အနားယူကြတော့သည်။

ထိုအချိန်တွင် ဖန်ကျန်းရီ၏ တံခါးဝ၌ စာမေးပွဲစစ်ဆေးသူ ဆယ်ယောက်ခန့် ဝိုင်းနေကြပြီး လူအနည်းငယ်မှာ လက်ကို ပွတ်သပ်ကာ ရှက်ရွံ့နေကြ၏။

သူပြောသည်မှာ တရားမျှတမှု ရှိသော်လည်း ဤတံဆိပ်တုံးကိုတော့ တောင်းရမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အမှုမပတ်ချင်ကြပေ။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်ပြီးနောက် ဖန်ကျန်းရီ၏ အခန်းတံခါးကို စတင် ခေါက်လိုက်ကြသည်။

ဖန်ကျန်းရီသည် တံခါးကို ဖွင့်လိုက်ပြီး စာမေးပွဲစစ်ဆေးသူ ဆယ်ယောက်ခန့်ကို သေသေချာချာ ကြည့်လိုက်၏။

သူက စိတ်ထဲတွင် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ပေါ့ပေါ့ပါးပါး ဖန်တီးထားသော ဇာတ်လမ်းလေး တစ်ပုဒ်ဖြင့် ဤလူအားလုံးကို လှည့်စား၍ မရနိုင်ကြောင်း သူသိသည်။

အယူအဆဆိုသည်ကို ဇာတ်လမ်းလေး တစ်ပုဒ်၊ စကားအနည်းငယ်ဖြင့် ပြောင်းလဲချင်သည်ဆိုလျှင် သူကိုယ်တိုင် မှော်ပညာ တတ်နေမှသာ ဖြစ်မည်။ အရာရာတိုင်းတွင် လမ်းကြောင်း နှစ်ခု သို့မဟုတ် နှစ်ခုထက်မက ရှိတတ်သည်။ မိမိက မှန်သည်ဟု ထင်သော်လည်း သူတစ်ပါးက ထိုသို့ ထင်မည်မဟုတ်ချေ။

ဤစာမေးပွဲစစ်ဆေးသူများသည်ပညာတတ်များ ဖြစ်သည်မှာ မှန်သော်လည်း အများစုမှာ နောက်ခံကောင်းသော မိသားစုများမှ လာသူများ ဖြစ်ကြရာ အခက်အခဲရှိသော စာမေးပွဲဖြေဆိုသူများ၏ ခံစားချက်ကို ကိုယ်ချင်းစာနိုင်မည် မဟုတ်ချေ။

သို့ပေမည့် စောစောက ဇာတ်လမ်းမှာ အလကားတော့ မဖြစ်သွားချေ။ အနည်းဆုံးတော့ စာမေးပွဲစစ်ဆေးသူ အုပ်စုကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်နိုင်သည်။ မလာသော စာမေးပွဲစစ်ဆေးသူများမှာ မိမိဘက်သို့ ပါလာသော အုပ်စုများ ဖြစ်ကြောင်း သိသာသည်။

သူ့ရှေ့ရှိ ဤလူစုကိုတော့ ဖြည်းဖြည်းချင်း အလုပ်လုပ်ရန် လိုအပ်သည်။ အဓိကအားဖြင့် သူ့ကို တိုင်တန်းမည့် အခွင့်အရေးကို လျှော့ချရန် ဖြစ်၏။

သူက တိုင်တန်းခံရမည်ကို မကြောက်သော်လည်း အရှင်မင်းကြီးက သူ့အတွက် ပြဿနာများကို ရှင်းပေးရသည်မှာ မကြာခဏ ဖြစ်နေသည်။ စာမေးပွဲကိစ္စသည် ကြီးမားလှပြီး ဝန်ကြီးအဖွဲ့သို့ ရောက်သွားလျှင် သေချာပေါက် ဖုံးကွယ်ထား၍ ရမည်မဟုတ်ချေ။

ထိုအချိန်ရောက်လျှင် ယောက္ခမတော်ကို ဒုက္ခပေးသလို ဖြစ်သွားမည် မဟုတ်ပါလား။ အမှတ်ကောင်းများကို မရလိုက်ဘဲ အထင်အမြင်လွဲမှားမှုများ ကျန်ရစ်ခဲ့လျှင် အလွန်ဆိုးရွားသွားလိမ့်မည်။

အထည်စက်ရုံကလည်း ဆောက်နေတုန်းပဲ... ကိုယ်တိုင်လည်း မင်းသမီးနဲ့ မတွေ့ရတာ အတော်ကြာနေပြီ...။

ဖန်ကျန်းရီက ပြုံးလိုက်သည်။ "ခင်ဗျားတို့... ကျုပ်ဆီက တံဆိပ်တုံး လာတောင်းတာလား။"

ခေါင်းဆောင်လုပ်သူ စာမေးပွဲစစ်ဆေးသူက အနေခက်စွာဖြင့် ပြောလိုက်၏။ "ဟုတ်ကဲ့... ဖန်သခင်လေးကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ စဉ်းစားကြည့်လိုက်တော့ အခက်အခဲရှိတဲ့ စာမေးပွဲဖြေဆိုသူတွေ အများကြီး ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ စည်းကမ်းတွေကိုတော့ ဖျက်ဆီးလို့ မရဘူးလေ။ ဖန်သခင်လေး... အဲဒီ တံဆိပ်တုံးက..."

ဖန်ကျန်းရီက လက်သီးဆုပ်လိုက်သည်။ "ခင်ဗျားတို့ ပြောတာ ယုတ္တိရှိပါတယ်။ ဒါပေမဲ့ တံဆိပ်တုံးကို ကျုပ် လွှင့်ပစ်လိုက်ပြီ။ မနက်ဖြန်ကျရင် ကျုပ် လူလွှတ်ပြီး ခင်ဗျားတို့အတွက် အသစ်သွားဝယ်ခိုင်းလိုက်မယ်။ တကယ်ကို တောင်းပန်ပါတယ်။ အားလုံး နားလည်ပေးကြပါဗျာ။

ဒီနေ့ ကျုပ် အရက်သောက်တာ များသွားလို့ ခေါင်းကိုက်နေတယ်။ ဧည့်မခံနိုင်တာ ခွင့်လွှတ်ပါ။ အားလုံး သွားနားကြတော့။"

ထိုသို့ပြောပြီးနောက် တံခါးမှာ ဝုန်းခနဲ ပိတ်သွားခဲ့၏။

စာမေးပွဲစစ်ဆေးသူ တစ်စုမှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့တော့သည်။

"ဘယ်လိုလုပ်ကြမလဲ။ တံဆိပ်တုံးကို တောင်းလို့မရဘူး။ သူက မပေးချင်တော့တာများလား။"

"ဘာမှ လုပ်လို့မရဘူးလေ။ မနက်ဖြန် ကျန်းတုန်ရှန်းကိုပဲ အဆုံးအဖြတ် ပေးခိုင်းရမှာပေါ့။ ဟူး... စာမေးပွဲမှာ ဒီလိုထူးဆန်းတဲ့ကိစ္စမျိုး ဖြစ်လာရတယ်လို့ .. ဒီဖန်သခင်လေးက တကယ်ကိုပဲ... သူများကိစ္စကို အရမ်းဝင်ပါတာပဲ။"

"သွားကြစို့... သွားကြစို့။"

ဖန်ကျန်းရီသည် တံခါးချပ်ပေါ်တွင် မှီကာ လူများ ထွက်သွားသည်ကို နားထောင်ပြီးမှ စားပွဲဘေးသို့ ပြန်လာခဲ့သည်။

စုတ်တံကို ကိုင်ကာ စက္ကူပေါ်တွင် အမည်စာရင်း တစ်ခုကို တိတ်တဆိတ် ရေးချလိုက်၏။

...

နောက်နေ့တွင် စာမေးပွဲကို ပုံမှန်အတိုင်း ဆက်လက် ကျင်းပခဲ့သည်။

မနေ့ညက တံဆိပ်တုံးလာတောင်းသော စာမေးပွဲစစ်ဆေးသူများသည်လည်း ဖန်ကျန်းရီအား ထပ်မံ အနှောင့်အယှက် မပေးကြတော့ချေ။ မည်သို့ပင်ဖြစ်စေ စာမေးပွဲရုံတွင် အလုပ်လုပ်ရအုံးမည် ဖြစ်သောကြောင့် သူတို့ မလောကြပေ။

ဤပစ္စည်းကို များသောအားဖြင့် မွန်းလွဲပိုင်းမှသာ အသုံးပြုလေ့ရှိသည်။

ကျန်းတုန်ရှန်းမှာ သတိလစ်သွားပြီး တစ်ညလုံး အိပ်ပျော်သွားခဲ့ရာ ဒုတိယနေ့တွင် စိတ်အားထက်သန်မှု အတော်လေး ပြန်လည် ရရှိလာခဲ့၏။

စာမေးပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စီစဉ်ပြီးသည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီအား သူ၏ ရှေ့သို့ ချက်ချင်း ခေါ်လိုက်သည်။

ထိုအချိန်တွင် ရုံးခန်းထဲ၌ သူတို့နှစ်ယောက်သာ ရှိ၏။

သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ကျန်းတုန်ရှန်းမှာ စိတ်လှုပ်ရှားမှု မရှိတော့သော်လည်း ဘာမှမဖြစ်ခဲ့သကဲ့သို့ လုပ်နေသော ဖန်ကျန်းရီ၏ မျက်နှာကို ကြည့်ကာ ဒေါသများ အလိုလို ထွက်လာပြန်သည်။

သူက တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။ "ဖန်ကျန်းရီ။ မနေ့ညက ကိစ္စ မပြီးသေးဘူး။ ငါ ကြည့်ရသလောက် မင်းက စာမေးပွဲစစ်ဆေးသူ တာဝန်ကို ဆက်ယူနေဖို့ မလိုတော့ဘူး။ စာမေးပွဲ ပြီးတဲ့အထိ ဒီမှာပဲ နေနေ။ အချိန်ရောက်ရင် အရှင်မင်းကြီးကို ငါကိုယ်တိုင် တင်ပြလိုက်မယ်။ ပြီးတော့ အဲဒီတံဆိပ်တုံးတွေကို ပြန်ပေးစမ်း။ ငါ့ကို ဒုတိယအကြိမ် ထပ်ပြောရအောင် မလုပ်နဲ့။"

ဖန်ကျန်းရီသည် လက်ဖက်ရည်အိုးကို ယူကာ သူ့အတွက် တစ်ခွက် ငဲ့ပေးလိုက်ပြီး နှစ်သိမ့်လိုက်သည်။ "ဦးလေးသုံး... ဒေါသကို လျှော့ပါ။ လက်ဖက်ရည် အရင်သောက်လိုက်အုံး။ မနေ့ညက ကျုပ် မှားသွားတယ်။ ကျုပ် တောင်းပန်ပါတယ်။ တံဆိပ်တုံးတွေကို ကျုပ် လွှင့်ပစ်လိုက်ပြီ။ ဝယ်ဖို့လည်း လူလွှတ်ထားပါတယ်။

ခင်ဗျားလို လူကြီးက ကျုပ်လို လူငယ်တစ်ယောက်ရဲ့ အမှားကို ခွင့်လွှတ်ပေးပါ။ ဘာမှ မဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။"

ဖန်ကျန်းရီက လက်ဖက်ရည်ပန်းကန်ကို သူ့ရှေ့သို့ တွန်းပို့ပေးသည်ကို ကြည့်ကာ ကျန်းတုန်ရှန်းက အေးစက်စက် ပြုံးပြလိုက်၏။

"အင်း... ဦးလေးသုံး။ ကျုပ် ခင်ဗျားကို ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်။ ကျုပ်မှာ ခိုဘီလို့ခေါ်တဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်..." ဖန်ကျန်းရီက အဟောင်းအတိုင်း ပြန်စရန် ပြင်လိုက်သည်။

ကျန်းတုန်ရှန်းက အေးစက်သောအသံဖြင့် ပြောလိုက်၏။ "မင်းမှာ ခိုဘီဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ် ဟုတ်လား။ ထပ်ပြီး လိမ်နေစရာ မလိုတော့ဘူး။ တခြားသူတွေက မင်းအကြောင်း မသိပေမဲ့ မင်း ဘာကောင်လဲဆိုတာ ငါ မသိဘဲ နေမလား။

တောက်ယွမ်ခရိုင်မှာ မင်းလုပ်ခဲ့တဲ့ အရှက်မရှိတဲ့ ကိစ္စတွေ အကုန်လုံးက မင်းလက်ရာတွေချည်းပဲ။ ငါ ကြားဖူးတာ ကြာပြီ။"

"……" ဖန်ကျန်းရီ ကြောင်သွားခဲ့သည်။

ချီးတဲ့မှပဲ။ တောက်ယွမ်ခရိုင်က ပြဇာတ်ထဲမှာ ဒီဇာတ်လမ်လည်း ပါတာပဲလား။

ပန်နီဆီလင် ကိစ္စကို ကျုပ် ဝန်ခံတယ်။ ဒါပေမဲ့ ဒီအပြစ်ကိုတော့ ကျုပ်ခေါင်းပေါ် ပုံချလို့ မရဘူး။ ကျုပ်ပြောခဲ့တာတွေ အားလုံးက အကောင်းတွေချည်းပဲ။

"အဟွတ်... ဦးလေးသုံး …. ကျုပ်ရေးခဲ့တဲ့ မူရင်း ဝတ္ထုကြီးလေးအုပ်အကြောင်းကို ပြောပြမယ်..."

ကျန်းတုန်ရှန်း၏ မျက်နှာအမူအရာမှာ အေးစက်စက်အပြုံးမှသည် ရွံရှာစက်ဆုပ်သည့် အမူအရာသို့ ပြောင်းလဲသွားခဲ့၏။

မင်း ရေးတယ်ဟုတ်လား။ မင်းလိုကောင်က စာရေးဖို့ ထိုက်တန်လို့လား။ လေးအုပ်တောင် ရေးခဲ့သေးတယ်။ မင်းရေးတဲ့ စာအုပ်တွေကို ဝတ္ထုကြီးလေးအုပ်လို့တောင် ခေါ်ရဲသေးတယ်ပေါ့။ တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ။

"ငါ့စကားကို လာမဖြတ်နဲ့။ ဒီတစ်ခါ ပြဿနာက သေးသေးလေး လုံးဝ မဟုတ်ဘူး။

မင်းက ဒါကို သာမန် တံဆိပ်တုံးလေး တစ်ခုလို့ ထင်နေပေမဲ့ စာမေးပွဲမှာ ခိုးချတာကို ကာကွယ်ဖို့အတွက် နှစ်ပေါင်းရာချီ လက်ဆင့်ကမ်းလာခဲ့တာ။ မင်း ပြင်ချင်တိုင်း ပြင်လို့ရမလား။ ဘာအခွင့်အရေးနဲ့လဲ။"

အဘိုးကြီးကျန်း အေးစက်စက် စကားလုံးများကို ဆက်တိုက် ပြောနေသည်ကို နားထောင်ရင်း ဖန်ကျန်းရီ၏ စိတ်ထဲတွင်လည်း မကျေနပ်မှုများ တိုးလာခဲ့သည်။

ခင်ဗျားက အဘိုးကြီးမို့လို့ ကျုပ်က အလျှော့ပေးနေတာကို။ ဘာလို့ အဆုံးမသတ်နိုင်သေးတာလဲ။

"စည်းကမ်း ဟုတ်လား။ ဒါက အနိုင်ကျင့်တဲ့ စည်းကမ်းလို့ ကျုပ်ကတော့ မြင်တယ်။"

ဖန်ကျန်းရီက စားပွဲကို အားကုန် ရိုက်ချလိုက်၏။ "စည်းကမ်းဆိုတာ ဘာလဲ။ ပန်းရှန်းရပ်ကွက်ကို မပြုပြင်ခင်က ပြည်သူတွေက နေရာအနှံ့ မစင်စွန့်နေကြတာပဲ။ ကျုပ်ရောက်လာပြီဆိုတော့ စည်းကမ်းတွေကို ပြင်ပစ်ခဲ့တယ်။ ဘယ်ခွေးသား ချီးပါရဲသေးလဲ။"

All Chapters