← Chapters

အခန်း ၃၆၇

Vol. 20 Ch. 367

အခန်း ၃၆၇

Vol. 20 Ch. 367

အပိုင်း (၃၆၇) ကျောပွတ်ပေးမယ်။

တစ်ဝက်အိပ် တစ်ဝက်နိုး အခြေအနေတွင် ဖန်ကျန်းရီသည် မိမိ၏ ပခုံးပေါ်သို့ အေးစက်စက်နှင့် ချောမွေ့သော လက်တစ်ဖက် တင်လာသည်ကို ခံစားလိုက်ရသည်။

သူက ပခုံးကို ပျင်းရိစွာ တွန့်လိုက်ပြီး ဗလုံးဗထွေး မေးလိုက်၏။ "ကျန်းပြောင်လား။"

သူ ရေချိုးလျှင် အမြဲတမ်း တစ်ယောက်တည်း ချိုးလေ့ရှိသည်။ ယခင်က ရှောင်ထောင်က ခန္ဓာကိုယ်ကို ပွတ်သပ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း သူက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့၏။

ရေချိုးနေခိုက်တွင် မိန်းမပျိုလေးတစ်ဦးမှ လာရောက်ပြုစုယုယပေးခြင်းကို သူအနေဖြင့် ယခုတိုင် အသားမကျသေးချေ။

အတိတ်ကာလက ဤကဲ့သို့ ဆွဲဆောင်မှုရှိလှသော မြင်ကွင်းမျိုးကို စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ဖူးသော်ငြားလည်း နောက်ပိုင်း ဆင်းရဲဒုက္ခ အခက်အခဲများနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်လာရချိန်မှာတော့ ဤသို့ ဇိမ်ကျကျ နေထိုင်လိုသည့် အတွေးအာရုံများလည်း အလိုလို ပျောက်ကွယ်သွားခဲ့ရသည်။

ယခု ရေချိုးခန်းအတွင်းသို့ ဝင်ရောက်လာသူမှာ ကျန်းပြောင်သာ ဖြစ်ပေလိမ့်မည်။

ဤအကောင်သည် ကိစ္စတစ်စုံတစ်ရာ ရှိလာပါက မိမိထံသို့ တိုက်ရိုက် လာရောက်တတ်မြဲ ဖြစ်သည်။ အခြားသူ တစ်ဦးတစ်ယောက် မဖြစ်နိုင်ပေ။

သို့ပေမည့် ကျန်းပြောင်သည် အဘယ်ကြောင့် သူ၏ ပခုံးပေါ်သို့ လာရောက်ကာ လက်တင်နေရသနည်း။

ကျန်းပြောင်လား။

ဤစကားလုံး နှစ်လုံးကို ကြားလိုက်ရသောအခါ လော့နင်ရှင်းမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

သူက ဘာလို့ ကျန်းပြောင်ကို သွားတွေးမိရတာလဲ။ သာမန်အချိန်တွေမှာ သူ ရေချိုးရင် ကျန်းပြောင်က အဖော်ပြုပေးနေတာများလား။

လော့နင်ရှင်း၏ မျက်နှာမှာ စိမ်းလိုက် ဖြူလိုက် ဖြစ်သွားပြီး ဖန်ကျန်းရီ၏ ကိုယ်ပေါ် တင်ထားသော လက်လေးကို အနေခက်စွာ ရုပ်သိမ်းကာ ဘာလုပ်ရမှန်း မသိ ဖြစ်သွား၏။

ဖန်ကျန်းရီက ခန္ဓာကိုယ်ပေါ်မှ လက်ဖယ်သွားသည်ကို ခံစားမိသောအခါ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "ပြောစရာရှိရင် မြန်မြန်ပြော။ ကိစ္စမရှိရင် ထွက်သွား။"

"သခင်လေး ... ကျွန်မပါ။"

လော့နင်ရှင်း၏ ငိုသံပါကြီးဖြင့် အသံထွက်ပေါ်လာသောအခါ ဖန်ကျန်းရီမှာ ချက်ချင်း လန့်ဖြန့်သွားတော့သည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကြောင်အမ်းသွား၏။

လော့နင်ရှင်းက အိမ်ထောင်သည် အမျိုးသမီးငယ်လေး တစ်ယောက်လိုမျိုး ငိုယိုကာ ခေါင်းငုံ့ထားပြီး သနားစရာ ကောင်းသော အမူအရာကို ပြသနေသည်။

လက်နှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ထားပြီး မျက်နှာသုတ်ပဝါကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ရှေ့သို့ တိုးချင်သော်လည်း မတိုးရဲဖြစ်နေ၏။

ဖန်ကျန်းရီက ခေါင်းမှစ၍ ခြေအထိ အကဲခတ်ကြည့်လိုက်သည်။

ဒီအဝတ်အစားက ဘယ်က ရလာတာလဲ။ ချန်ရှန်စံအိမ်က ယူလာတာ ဖြစ်ရမယ်။ အိမ်မှာ ဒီလို အဝတ်အစားမျိုး မရှိဘူး။ ရှောင်ထောင်ကလည်း သူ့ကို ဝယ်ပေးမှာ မဟုတ်ဘူး။

"……."

ဒါက သာမန် ဆွဲဆောင်မှုမျိုး မဟုတ်ဘူး။ ရင်ခုန်စရာ ကောင်းလွန်းတဲ့ မြင်ကွင်းမျိုးပဲ။

ဖန်ကျန်းရီက အနေခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်ပြီး အကြည့်လွှဲကာ နောက်သို့ လှည့်လိုက်၏။ ပြီးနောက် တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်၏။ "အာ ... နင်ရှင်းပါလား။ ဘာဖြစ်လို့လဲ။ ကိစ္စရှိလို့လား။"

"ကျွန်မ သခင်လေး ရေချိုးတာကို ပြုစုပေးမလို့ပါ။" လော့နင်ရှင်းက ခေါင်းငုံ့ထားဆဲဖြစ်ပြီး ဖန်ကျန်းရီ၏ အကြည့်ကို သတိမထားမိချေ။

သို့ပေမည့် ယခုအချိန်တွင် ရင်ခုန်သံများက မထိန်းချုပ်နိုင်အောင် မြန်ဆန်နေ၏။

အရင်တုန်းက ဟန်ဆောင်ပြီး ဆက်ဆံရတဲ့ အချိန်တွေမှာတောင် ဒီလောက် မစိုးရိမ်ဖူးဘူး။ ဒီနေ့ ငါ ဘာဖြစ်နေတာလဲ။ ငါက မယားငယ် တစ်ယောက်တောင် မဖြစ်နိုင်တော့ဘူးလား။

"မလိုဘူး။ မင်း သွားတော့။"

"ရှင်။"

လော့နင်ရှင်းသည် ထပ်မံ၍ ဘဝကို သံသယဝင်သွားပြန်သည်။ ယခုတစ်ကြိမ်တော့ သူမ သေချာသွားပြီ ဖြစ်၏။

ဖန်ကျန်းရီက တကယ်ကို ပုံမှန်လူ မဟုတ်ဘူး။

အလှတရားက မျက်စိရှေ့ ရောက်နေပြီး ငါ ဒီလို ဝတ်ဆင်ထားတာတောင်မှ ထွက်သွားခိုင်းတယ်ပေါ့။ သူက ကျန်းပြောင်လို ပုံစံမျိုးကို ကြိုက်နေတာလား။ မဖြစ်နိုင်တာ။

ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ လော့နင်ရှင်းသည်လည်း လက်မြှောက်အရှုံးပေးရန် မရည်ရွယ်တော့ဘဲ မျက်နှာပြောင်တိုက်ကာ မျက်နှာသုတ်ပဝါကို ကိုင်ပြီး ဖန်ကျန်းရီ၏ ပခုံးပေါ်သို့ ကပ်လိုက်၏။

"သခင်လေးရဲ့ ကျောကို ကျွန်မ ပွတ်ပေးပါ့မယ်။"

ထိုသို့ပြောပြီးနောက် တစ်ချက်ချင်း စတင် ပွတ်တိုက်ပေးနေတော့သည်။

ဖန်ကျန်းရီက စည်ပိုင်းအစွန်းတွင် ပက်လက်လှန်နေပြီး တစ်ခဏမျှ စကားမပြောနိုင်တော့ဘဲ သူမ၏ ပွတ်တိုက်ပေးမှုကို ငြိမ်ခံနေလိုက်၏။

သူ ဘာလုပ်ချင်နေတာလဲ။ အိမ်တိုင်ရာရောက် လာဆက်သနေတာလား။ ဒါက အလုပ်ခွင်မှာ ဖြတ်လမ်းကနေ ရာထူးတက်ချင်နေတာပဲ။

သူတို့နှစ်ဦးစလုံး အတွေးကိုယ်စီနှင့် တိတ်ဆိတ်နေကြသည်။

ဖန်ကျန်းရီက ထိုနေရာတွင် မှီကာ စိတ်ကို ဖြေလျှော့ထားပြီး လော့နင်ရှင်းကလည်း ရှက်ရွံ့မှုကို ကျော်လွှားရန် ကြိုးစားနေ၏။

သူမက ပထမဆုံးအကြိမ် သူတစ်ပါးကို ရေချိုးပေးခြင်း ဖြစ်သောကြောင့် အမူအရာများက အလွန် အဆင်မပြေဖြစ်နေပြီး အချိန်အတော်ကြာသည်အထိ နေရာမပြောင်းခဲ့ချေ။ မျက်နှာသုတ်ပဝါကလည်း ခြောက်သွေ့နေဆဲဖြစ်ပြီး ပခုံးကလည်း ခြောက်သွေ့နေဆဲ ဖြစ်သည်။

ဖန်ကျန်းရီသည် ပခုံးမှ စူးရှသော နာကျင်မှုကို ခံစားနေရပြီ ဖြစ်၏ ... မတတ်နိုင်သဖြင့် ပခုံးပေါ်သို့ ရေအနည်းငယ် ဆမ်းလိုက်ရ၏။

လှုပ်ရှားမှု ပြင်းထန်သွားသဖြင့် ရေအများအပြားက ပခုံးကို ကျော်လွန်ကာ လော့နင်ရှင်း၏ ခေါင်းပေါ်သို့ လောင်းချလိုက်သလို ဖြစ်သွားသည်။

ရေများက ခေါင်းပေါ်သို့ အဆက်မပြတ် ကျဆင်းလာသည်။ သူမ၏ ဆံပင်များ စိုရွှဲသွားပြီး ဆံပင်အုံကလည်း နဖူးပေါ်သို့ ကပ်သွားခဲ့၏။

အရူး … အရူးပဲ။

လော့နင်ရှင်း၏ မျက်နှာမှာ ညှိုးကျသွားပြီး လက်ထဲတွင် မသိမသာ ခွန်အားများ ပိုမို ပါဝင်လာခဲ့၏။

"ရပ် ... ဆက်မပွတ်နဲ့တော့။ ဆက်ပွတ်ရင် အရေပြားတွေ ပြဲကုန်လိမ့်မယ်။" ဖန်ကျန်းရီက မတတ်နိုင်ဘဲ တားမြစ်လိုက်ရသည်။

မင်း တခြားနေရာကို ပြောင်းပွတ်လေ။ နေရာတစ်ခုတည်းကိုပဲ စိုက်ပြီး ပွတ်နေတာ၊ မင်းက ကျောပွတ်ပေးဖို့ လာတာလား၊ ညှဉ်းပန်းနှိပ်စက်ဖို့ လာတာလား။

လော့နင်ရှင်းသည် သတိပြန်ဝင်လာပြီး ပြဿနာကို သတိပြုမိသွားပုံရသည်။ လက်ထဲမှ မျက်နှာသုတ်ပဝါကို အနေခက်စွာ လွှတ်လိုက်ပြီး စိတ်ထဲတွင် ရှက်ရွံ့သွား၏။

ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်သည်။ "နင်ရှင်း ... ဘာပြဿနာ ရှိလို့လဲ။ ဒါမှမဟုတ် အိမ်မှာ နေရတာ မပျော်လို့လား။"

"ပြောစရာရှိရင် ပြောပါ။ ကွေ့ပတ်နေစရာ မလိုပါဘူး။ ကျုပ်တို့ ဖန်မိသားစုက အဲဒီလို အကျင့်တွေ မရှိဘူး။"

"မ ... မဟုတ်ပါဘူး။ အိမ်မှာ နေရတာ အရမ်း ပျော်ပါတယ်။"

ရိုးရိုးသားသား ပြောရလျှင် ဖန်မိသားစု၏ နေထိုင်မှု ဘဝက အလွန် ကောင်းမွန်လှပသည်။ ရှောင်ပိုင် မရှိသောအခါ ရှောင်ထောင်ကသာ ရံဖန်ရံခါ သူမကို အလုပ်ကြမ်း အနည်းငယ် လုပ်ခိုင်းတတ်၏။

သာမန်အချိန်များတွင် အပြင်ထွက်၍ လမ်းလျှောက်နိုင်သည်။ ဘယ်သွားသွား မည်သူကမှ လိုက်မတားချေ။

ရှောင်ထောင်နှင့်အတူ သွားလျှင် အထုပ်ကြီး အထုပ်ငယ်ဖြင့် လက်ဆောင်များစွာ ရရှိတတ်သေးသည်။

တစ်ခုတည်းသော အားနည်းချက်မှာ လစာ လုံးဝ မပေးခြင်း ဖြစ်သည် ... ကိုယ်တိုင် ဈေးဝယ်ထွက်လျှင် စုဆောင်းထားသော ငွေများကိုသာ သုံးစွဲရ၏။

လော့နင်ရှင်း၏ စိတ်ထဲတွင် ရေရွတ်နေမိသည်။ ရှင် ဒီလိုပြောတော့ ကျွန်မက ဘယ်လိုလုပ် ပြောရဲတော့မလဲ။ ကျွန်မက အစေခံ တစ်ယောက်အဖြစ်နဲ့ မကျေနပ်နိုင်ဘူးလို့ ပြောရမှာလား။

ရှင်နဲ့ အတူအိပ်ပြီး ကျွန်မရဲ့ အဆင့်အတန်းကို မြှင့်တင်ချင်တယ်လို့ ပြောရမှာလား။

တုံ့ဆိုင်းနေစဉ်မှာပဲ ဖန်ကျန်းရီက ထပ်ပြောလာ၏။ "ကျုပ် သိပါတယ်။ ဖန်အိမ်တော်မှာ အစေခံ လုပ်ရတာ ခံပြင်းတယ်လို့ မင်း တွေးနေမှာ သေချာတယ်။

မင်းက အရင်တုန်းက ချန်ရှန်စံအိမ်ရဲ့ နာမည်အကြီးဆုံး အလှမယ်လေ။ ပြီးတော့ ဝူမင်းသားရဲ့ လူလည်း ဖြစ်တယ်။ ဒီနေ့ ဒီလို အဆင့်အတန်းမျိုး ဖြစ်သွားတာကို လက်ခံဖို့ ခက်ခဲမှာပေါ့။ ဒါပေမဲ့ ဖန်အိမ်တော်ထဲကို ဝင်လာတည်းက ဖန်အိမ်တော်ရဲ့ လူဖြစ်သွားပြီ။

ဖန်အိမ်တော်မှာ လွတ်လပ်သူတွေပဲ ရှိတယ်။ မင်းက နာမည်ခံသာ အစေခံ ဖြစ်ပေမဲ့ လွတ်လွတ်လပ်လပ် သွားလာလို့ ရပါတယ်။

မင်း လမ်းပေါ် ထွက်ချင်ထွက်၊ ဘယ်နေရာကိုပဲ သွားသွား မင်းစိတ်ကြိုက် လုပ်လို့ရတယ်။ ဒါမှမဟုတ် ချန်ရှန်စံအိမ်ကို ပြန်ပြီး အလှမယ် သွားလုပ်လည်း ရတယ်။

ကျုပ် ဘာမှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ပြီးတော့ မင်း မလုပ်တတ်တဲ့ အလုပ်တွေကိုလည်း အတင်းအကျပ် လုပ်စရာ မလိုဘူး။"

လော့နင်ရှင်းမှာ ကြောင်အမ်းသွားသည်။ ရင်ထဲတွင် အတွေးများစွာ လည်ပတ်နေ၏။

ဖန်ကျန်းရီက ဤသို့သော စကားမျိုး ပြောထွက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရုတ်တရက် သူမက မိမိကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။

လွတ်လပ်သူ ဟုတ်လား။ လွတ်လပ်မှုဆိုတဲ့ စကားလုံးနှစ်လုံးနဲ့ တစ်ခါမှ မပတ်သက်ခဲ့ဖူးဘူး။ ကိုယ်က အသုံးချခံဖို့ တန်ဖိုးရှိနေလို့သာ။ တန်ဖိုးမရှိတော့ရင် ပေးပို့ခံရမယ့် ကစားစရာ တစ်ခုပဲလေ။

အခု ဖန်အိမ်တော်ကို ရောက်လာပြီး အစေခံ ဖြစ်သွားခဲ့တယ်။ ဒါကိုလွတ်လပ်သူ ဖြစ်သွားပြီတဲ့လား။

"နင်ရှင်း မဝံ့ရဲပါဘူး။ ဖန်အိမ်တော်ကို ရောက်လာပြီဆိုမှတော့ တစ်သက်လုံး သခင်လေးအတွက် အစေခံကျွန် အဖြစ်နဲ့ ကျေကျေနပ်နပ်ကြီး နေသွားမှာပါ။"

ဖန်ကျန်းရီက နောက်သို့ လှည့်ကာ လော့နင်ရှင်းကို တည့်တည့် ကြည့်လိုက်သည်။ သူမက ဝမ်းနည်းနေသော ပုံစံဖြင့် မြေကြီးပေါ်တွင် ဒူးတစ်ဖက် ထောက်ထားပြီး အပေါ်မှ ငုံ့ကြည့်လိုက်ရာ ရင်သားအလှများ အတိုင်းသား ပေါ်လွင်နေသည်ကို မြင်လိုက်ရ၏။

သူ၏ သံမဏိလို မာကျောသော စိတ်ဆန္ဒကို ဖိနှိပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ နောက်နေတယ်လို့ မထင်နဲ့နော်။ ဖန်အိမ်တော်ထဲကို ဝင်လာပြီဆိုတော့ အရင်ဘဝတွေက မင်းနဲ့ ဘာမှ မဆိုင်တော့ဘူး။ အခု မင်းရဲ့ ဘဝကို မင်းဘာသာ ရွေးချယ်လို့ ရပြီ။

လွတ်လပ်စွာ ချစ်ကြိုက်ခွင့်၊ လွတ်လပ်စွာ နေထိုင်ခွင့် ရှိတယ်။ ငါလည်း မင်းကို ချုပ်ချယ်ထားမှာ မဟုတ်ဘူး။ ပြီးတော့ တစ်သက်လုံး ငါ့ကို မှီခိုနေစရာလည်း မလိုဘူး။"

လော့နင်ရှင်းက ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး ဖန်ကျန်းရီ၏ မျက်လုံးများကို ကြည့်လိုက်သည်။

သူ ပြောတာ တကယ် စိတ်ရင်းနဲ့လား။ တကယ်လို့ သွားခွင့်ရရင်တောင်မှ ဘယ်ကို သွားရမှာလဲ။

ဖန်ကျန်းရီက ရှေ့သို့ ပြန်လှည့်ကာ ရေချိုးစည်တွင် ပြန်မှီလိုက်၏။

"ပြန်နားတော့။ ဒီလိုကိစ္စတွေ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အနှိမ်ခံမဖြစ်စေနဲ့။"

အလှတရားက မျက်စိရှေ့ ရောက်နေချိန်မှာ စိတ်မလှုပ်ရှားဘူးဆိုတာ မဖြစ်နိုင်ပေ။

သို့ပေမည့် ဖန်ကျန်းရီ သူသည် စည်းမျဉ်းရှိသော လူတစ်ယောက် ဖြစ်၏။

အာဏာ၊ အဆင့်အတန်းများကို အသုံးပြုပြီး မိမိ၏ ရာထူးကို အသုံးချကာ အမျိုးသမီးများကို ကစားခြင်းက သူ၏ လုပ်ပုံကိုင်ပုံမျိုး လုံးဝ မဟုတ်ချေ။

"ဘာလို့ မသွားသေးတာလဲ။ ဘာစောင့်နေတာလဲ။"

ဘာစောင့်နေတာလဲ။ ကျွန်မကိုယ်တိုင်လည်း ဘာစောင့်နေမှန်း မသိဘူး။ ရှင် ပြောခဲ့တဲ့ စကားမျိုးကို နောက်တစ်ခါ ထပ်ကြားချင်လို့များလား ...

လော့နင်ရှင်းက ဖန်ကျန်းရီ၏ နောက်ကျောကို ကြည့်ကာ ရင်ထဲတွင် တုန်လှုပ်နေပြီး မျက်လုံးထဲတွင်လည်း မျက်ရည်များ ဝဲနေကာ တီးတိုးရေရွတ်လိုက်၏။ "ရှင် ... အရင်တုန်းက ကျွန်မဆီ ရေးပေးခဲ့တဲ့ စာက တကယ်လား။"

"စာ ... ဘာစာလဲ။"

"ဘာမှ မဟုတ်ပါဘူး ... ကျေးဇူးတင်ပါတယ် သခင်လေး။ ဒါဆို ကျွန်မ သွားတော့မယ်။"

"သွားတော့။ ကျုပ်ရဲ့ အင်္ကျီကို ခြုံသွားလိုက်ပါ။"

လော့နင်ရှင်းက အင်္ကျီချိတ်စင်အနီးသို့ သွားပြီး ဖန်ကျန်းရီ၏ အပြင်အင်္ကျီကို ယူကာ နှစ်ချက်ခန့် ပွတ်သပ်ပြီးနောက် ကိုယ်ပေါ်တွင် ခြုံလိုက်၏။

တံခါးပြင် မထွက်မီ ရေခိုးရေငွေ့များ ကြားမှ နောက်ကျောကို တစ်ချက် ပြန်ကြည့်ပြီး တံခါးကို တိတ်တဆိတ် ပိတ်လိုက်သည်။

လော့နင်ရှင်း ထွက်သွားသည်ကို ကြားမှသာ ဖန်ကျန်းရီလည်း သက်ပြင်းချနိုင်၏။

ဘယ်အရာရှိက ဒီလို စမ်းသပ်မှုကို ခံနိုင်ရည် ရှိမှာလဲ။

ပင်ပန်းနွမ်းနယ်မှုများက တဖြည်းဖြည်း ပြန်လည် ပေါ်ထွက်လာပြန်သည် ... စည်ပိုင်းအစွန်းတွင် မှီရင်း ဖန်ကျန်းရီသည် ဖြည်းညှင်းစွာ အိပ်မောကျသွားတော့သည်။

All Chapters