← Chapters

အခန်း (၁၉၈၅-၁၉၈၆)

Vol. 199 Ch. 1985-1986

အခန်း (၁၉၈၅-၁၉၈၆)

Vol. 199 Ch. 1985-1986

အခန်း (၁၉၈၅) - ရွှမ်အီ ဝိညာဉ်ခေါ်သံတမန်

ဝူရှင်းလင်သည် ဘာဖြစ်လို့ နှစ်ပေါင်းရာချီ ကြာမြင့်ပြီးမှ... နယ်မြေကိုးခုရဲ့ စစ်ပွဲအခြေအနေတွေကို ထိုခရမ်းရောင်ဝတ်စုံနဲ့ လူငယ်ဆီကို လာရောက်အစီရင်ခံနေရတာလဲ...။

“ဒါမှမဟုတ်ရင်... ငါ့မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ ဒီမြင်ကွင်းက... လက်ရှိပစ္စုပ္ပန် အခြေအနေမျိုး မဟုတ်ဘဲနဲ့... အတိတ်က အဖြစ်အပျက်တစ်ခု ဖြစ်နေမလား...”

ဖန့်ချန်၏ မျက်နှာအမူအရာက ရုတ်တရက်ဆိုသလို အလွန်တရာ ထူးဆန်းဆန်းပြားသွားခဲ့ရသည်။

သူ ကောင်းကောင်း သိထားသည်မှာ... အတွင်းနယ်မြေတစ်ခုကို စုစည်းတည်ဆောက်ခြင်းသည် မိမိကိုယ်တိုင် ကျင့်ကြံထားသော ကျင့်စဉ်အမွေအနှစ်များနှင့် အထောင်အသောင်းမကသော ဆက်စပ်ပတ်သက်မှုများ ရှိနေတတ်ခြင်း ဖြစ်ပေသည်။

ဥပမာအားဖြင့် ဤကဲ့သို့သော အလင်းပိတ်စကြီး ပေါ်ထွက်လာခြင်းသည်... သူ၏ ဝိညာဉ် နှင့် အလွန်တရာ ကြီးမားလှသော ဆက်စပ်မှု ရှိနေ၍ ဖြစ်ပေလိမ့်မည်။

လွန်ခဲ့သောအချိန်တုန်းကမူ... သူသည် လျှို့ဝှက်ဆန်းကြယ်လှသော သတင်းအချက်အလက်များကို စူးစမ်းထောက်လှမ်းလိုသည့် အခါတွင် ဝိညာဉ်ကို ခန္ဓာကိုယ်အပြင်ဘက်သို့ စေလွှတ်ရလေ့ရှိသည်။

ယခုအခါတွင်မူ... သူနှင့် ဆက်စပ်ပတ်သက်နေသော သတင်းအချက်အလက်များသည် ဤအလင်းပိတ်စကြီး၏ ပုံသဏ္ဌာန်ဖြင့် သူ၏ အတွင်းနယ်မြေထဲတွင် အလိုအလျောက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

တကယ်လို့ ထိုအရာနှစ်ခုကြားတွင် ဘာဆက်စပ်မှုမှ မရှိဘူးဟု ပြောလျှင်လည်း ယုတ္တိရှိမည် မဟုတ်ချေ။

အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့မည်ဆိုလျှင်... မျက်စိရှေ့မှောက်တွင် မြင်တွေ့နေရသော မြင်ကွင်းသည် လွန်ခဲ့သော နှစ်ပေါင်းရာချီက အဖြစ်အပျက်တစ်ခု ဖြစ်နေခဲ့လျှင်... ဤအရာသည် သေချာပေါက် သံသရာမသေမျိုးဂိုဏ်း နှင့် ဆက်စပ်ပတ်သက်နေပေလိမ့်မည်။

“ဒါပေမဲ့... ငါစုစည်းထားတဲ့ အတွင်းနယ်မြေက လူ့လောက အာရုံ ပဲ...၊ အတိတ် သို့မဟုတ် အနာဂတ် ဆိုတဲ့ မသေမျိုးအာရုံ နှစ်ခုလုံး မဟုတ်ဘူး...၊ ဒါကြောင့်မို့လို့ ငါ့ရဲ့ ခန့်မှန်းချက်က မှန်ချင်မှလည်း မှန်လိမ့်မယ်...၊ ဖြစ်နိုင်တာက ဒီမြင်ကွင်းက လက်ရှိ ပစ္စုပ္ပန်အချိန်မှာ တကယ်ဖြစ်ပျက်နေတာလည်း ဖြစ်နိုင်တာပဲ...”

ဖန့်ချန်၏ မျက်ဝန်းအစုံထဲတွင် နက်ရှိုင်းလှသော တွေးတောဆင်ခြင်မှု အရိပ်အယောင်များ ပြည့်နှက်နေပေသည်။

ယခုအခါတွင်မူ... ကိစ္စရပ်အားလုံးသည် သူ၏ မျက်စိရှေ့မှောက်တွင် တဖြည်းဖြည်းချင်း ရှင်းလင်းထင်ရှားလာခဲ့ပြီ ဖြစ်သည်။

ရှန်းဟုန်း သွေးမျိုးဆက်၊ ဟော်ဆွေ့ မျိုးဆက်... ထိုအရာအားလုံးသည် လူသားမျိုးနွယ် ထဲတွင် ပါဝင်ကြသူများ ဖြစ်ကြသည်။

သို့သော်လည်း... တကယ့် စစ်မှန်သော လူသားမျိုးနွယ်သည် ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ ၏ အတွင်းထဲတွင်မူ... အလွန်တရာ မြင့်မြတ်လှသော ရာထူးအဆင့်အတန်းမျိုးတွင် တည်ရှိနေကြပုံရပြီး... အင်အားကြီးမားလှသော နတ်ဘုရားမျိုးနွယ်ပင်လျှင် ၎င်းတို့နှင့် နှိုင်းယှဉ်နိုင်စွမ်း မရှိချေ။

“ဒီလူ ခုနက ပြောသွားတာ အလွန် ရှင်းလင်းတယ်...၊ လွန်ခဲ့တဲ့အချိန်က လူသားမျိုးနွယ်တွေ လွင့်ပါးတိမ်းရှောင်ခဲ့ရတာက... ဟော်ဆွေ့ ဘိုးဘေးကြီးက ဖြန့်ဖြေရေးခုံရုံးရဲ့ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာမှ ဖြစ်ခဲ့တာ...”

“ဒီ ဖြန့်ဖြေရေးခုံရုံး ဆိုတာက... ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ထဲမှာ သေချာပေါက် အလွန်တရာ ထူးခြားဆန်းပြားလှတဲ့ အဆင့်အတန်းမျိုး ရှိနေရမယ်...”

“ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ဆိုတဲ့ ရာထူးက... ဖြစ်နိုင်တာက ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ရဲ့ တကယ့် စွမ်းအားတွေကိုတောင် စိတ်တိုင်းကျ စေခိုင်းစေလွှတ်နိုင်စွမ်း ရှိနေပြီ ထင်တယ်...၊ ဒါကြောင့်မို့လို့လည်း မျိုးနွယ်စုတစ်ခုလုံးရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့ အစွမ်းသတ္တိမျိုး ရှိနေတာပေါ့...”

ဤသို့ တွေးတောမိလိုက်သည့်အခါ... ဖန့်ချန်၏ အကြည့်က ပိုမို၍ လေးနက်တည်ကြည်သွားခဲ့ရသည်။

သူတို့ ရင်ဆိုင်ရမည့် ရန်သူသည်... သူ စိတ်ကူးယဉ် ထင်မှတ်ထားခဲ့သည်ထက်ပင် များစွာ ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

အကြောက်ရွံ့ရဆုံး အချက်မှာ... တစ်ဖက်လူသည် နယ်မြေကိုးခု တည်ရှိနေသည်ကို အသေအချာ သိရှိသွားခဲ့ပြီ ဖြစ်ရုံတင်မကဘဲ... တိကျသေချာလှသော ရည်ရွယ်ချက်၊ စီမံကိန်းများဖြင့် နယ်မြေကိုးခုဘက်သို့ ဦးတည်၍ ချဉ်းကပ်မောင်းနှင်လာနေခြင်းပင် ဖြစ်သည်။

“အဲဒီ သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီး ခြောက်ဆယ်နဲ့... သူတော်စင်တစ်ပိုင်းအဆင့် ခြောက်ရာကို ခဏဖယ်ထားဦး...၊ သူတို့ရဲ့ ပါးစပ်က ခေါ်နေတဲ့ ဒီ သခင်လေး ဆိုတဲ့ တစ်ယောက်တည်းတင်ကိုတင်... သူ၏ ကိုယ်ပိုင်အစွမ်းသတ္တိက အတိတ်က နဂါးသူတော်စင် ထက်ပင် များစွာ ပိုမို၍ အင်အားကြီးမားနေလိမ့်ဦးမယ်...”

“ဒီလိုမျိုး တည်ရှိမှုတစ်ခုသာ နယ်မြေကိုးခုကို ရောက်ရှိလာခဲ့မယ်ဆိုရင်... ကောင်းကင်တာအိုအဆင့် ကျွမ်းကျင်သူတွေကလွဲလို့ ဘယ်သူမှ ယှဉ်ပြိုင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး...”

ဖန့်ချန်က အလင်းပိတ်စကြီး၏ ရှေ့မှောက်တွင် မတ်တပ်ရပ်လျက် လေးနက်စွာ တွေးတောဆင်ခြင်နေစဉ်မှာပင်...

ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် ရုတ်တရက် ခန္ဓာကိုယ်ကို မတ်တပ်ရပ်လိုက်ပြီး... မသေမျိုးလှေ၏ တစ်စုံတစ်ရာသော အရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်မိသည်။ သူ၏ မျက်နှာပေါ်တွင် ညင်သာလှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး... သူ၏ မျက်ဝန်းထဲတွင်မူ ဝူရှင်းလင်နှင့် အခြားသူများကို ရင်ဆိုင်စဉ်ကကဲ့သို့ မောက်မာလှသော အထက်စီးဆန်သည့် အမူအရာမျိုး လုံးဝမရှိတော့ချေ။

ဖန့်ချန်သည် ထိုအချက်ကို သတိပြုမိလိုက်သည်နှင့်... ချက်ချင်းပင် ထိုလူငယ် ကြည့်နေသည့် အရပ်မျက်နှာဆီသို့ အာရုံစိုက်၍ ကြည့်လိုက်မိသည်။

ထိုနေရာတွင်မူ... မွဲပြာရောင် ထူထပ်လှသော မြူခိုးမြူငွေ့ကြီးတစ်ခု၏ အတွင်းထဲမှနေ၍... လူရိပ်တစ်ခုက ရုတ်တရက် လျှောက်လှမ်းထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုလူရိပ်သည် လူအုပ်ကြီး၏ မျက်စိရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့သည့် အခါတွင်မူ... ထိုထူထပ်လှသော မြူခိုးမြူငွေ့ကြီးသည်လည်း... တစ်ခဏချင်းအတွင်းမှာပင် လုံးဝ လွင့်ပျယ်ကွယ်ပျောက်သွားခဲ့ရပြီး... မူလကတည်းကပင် တည်ရှိမနေခဲ့ဖူးသည့်အလား ဖြစ်သွားခဲ့တော့သည်။

“ဒါက... ဝိညာဉ်အအေးဓာတ် အငွေ့အသက် တွေလား...”

ဖန့်ချန်သည် ဤမြူခိုးမြူငွေ့များ၏ အငွေ့အသက်ကို အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေခဲ့သဖြင့်... ချက်ချင်းပင် ယခု ပေါ်ထွက်လာသော လူရိပ်သည် မည်သို့သော တည်ရှိမှုမျိုး ဖြစ်သည်ကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ရသည်။

ဝိညာဉ်မျိုးနွယ်

အတိတ်က နတ်ဘုရားနယ်မြေထဲတွင်မူ... ၎င်းတို့၏ ရာထူးအဆင့်အတန်းသည် အလွန်တရာပင် ထူးခြားဆန်းပြားလှပေသည်။

“ရွှမ်အီ ဝိညာဉ်ခေါ်သံတမန်...”

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က လက်နှစ်ဖက်စုကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ဝိညာဉ်ခေါ်သံတမန် ဟုတ်လား...

ဖန့်ချန်က တစ်စုံတစ်ခုကို တွေးတောမိလိုက်သည်။

ထိုအချိန်တွင်မူ... ရွှမ်အီ ဝိညာဉ်ခေါ်သံတမန်သည် တည်ငြိမ်အေးဆေးလှသော မျက်ဝန်းအစုံဖြင့်... ဤနေရာတွင် ရှိနေကြသော သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးများအားလုံးကို တစ်ချက် လှမ်း၍ ကြည့်လိုက်ပြီးနောက်... နောက်ဆုံးတွင် သူ၏ အကြည့်က ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ရင်း...

“ချင်မိတ်ဆွေ ..၊ ဝိညာဉ်သခင် က ကျုပ်ကို လွှတ်ပြီးတော့ သတင်းစကား ပါးခိုင်းလိုက်တာပါ...၊ ခင်ဗျားတို့ရဲ့ ဒီတစ်ခေါက် တိုက်ခိုက်ချီတက်မှုက အချိန်တွေ အလွန်အမင်း ကြာမြင့်နေခဲ့ပြီ...၊ နောက်ထပ် ဘယ်နှနှစ်လောက်အထိ အချိန်ယူရဦးမလဲဆိုတာ မသိနိုင်ဘူးလား...။ တကယ်လို့ အချိန်တွေ အများကြီး ထပ်ပြီး ကြာမြင့်နေဦးမယ်ဆိုရင်တော့... ကျုပ်တို့အနေနဲ့ တခြားသော အရပ်ဒေသတွေကိုပဲ အရင်သွားရပါလိမ့်မယ်...”

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ မျက်နှာပေါ်ရှိ အပြုံးများသည်... ထိုတစ်ခဏအတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့ရပုံရသော်လည်း... ချက်ချင်းပင် မူလအတိုင်း ပြန်လည်၍ ပြုံးရွှင်သွားခဲ့ပြီး ရယ်မောလျက်...

“ရွှမ်အီ ဝိညာဉ်ခေါ်သံတမန်အနေနဲ့ ဝိညာဥ်သခင်ကို ပြန်လည်တင်ပြပေးဖို့ တောင်းဆိုချင်ပါတယ်...၊ ဒီတစ်ခေါက် တိုက်ခိုက်မှုက... နောက်ထပ် အများဆုံး နှစ်ပေါင်း ငါးရာ အတွင်းမှာတင်... သေချာပေါက် စတင်နိုင်ပါလိမ့်မယ်...”

“ကောင်းပြီ...၊ ဒါဆိုရင် ကျုပ်လည်း အရှိကိုအရှိအတိုင်းပဲ ပြန်ပြီးတော့ တင်ပြလိုက်ပါ့မယ်...၊ ခင်ဗျားတို့ကို နောက်ထပ် အများဆုံး အချိန် နှစ်ပေါင်း ငါးရာပဲ ပေးနိုင်ပါလိမ့်မယ်...”

စကားပြောဆိုပြီးသည်နှင့်... ရွှမ်အီ ဝိညာဉ်ခေါ်သံတမန်သည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး... များပြားလှသော ဖြူဖွေးလှသည့် မြူခိုးမြူငွေ့ကြီး၏ အတွင်းထဲသို့ ပြန်လည်လျှောက်လှမ်းဝင်ရောက်သွားခဲ့ကာ... လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

သူ ထွက်ခွာသွားခဲ့ပြီးနောက်တွင်မူ... ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ မျက်နှာပေါ်ရှိ အပြုံးများသည် တဖြည်းဖြည်းချင်း အေးစက်ခက်ထန်သွားခဲ့ရပြီး... ထို့နောက်တွင်မူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စွာ နှာမှုတ်လိုက်မိသည်။

သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦးက လေသံတိုးတိုးဖြင့်...

“ဒီ ဝိညာဉ်မျိုးနွယ်တွေက... တကယ်ပဲ အခြေအနေအရပ်ရပ်ကို နားမလည်ကြဘူး...၊ ဒီလိုမျိုး ကိစ္စရပ်လေးကိုတောင်မှ လာပြီးတော့ အတင်းအကျပ် လောဆော်နေရတယ်လို့...”

“ကိစ္စမရှိပါဘူး...၊ ဒါက သူတို့ရဲ့ တာဝန်ဝတ္တရားပဲလေ...၊ ပြီးတော့ ဒါက ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ရဲ့ တကယ့် စည်းမျဉ်းစည်းကမ်းပဲ...”

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က တည်ငြိမ်စွာဖြင့်...

“အပြင်ဘက် ကမ္ဘာတွေကို တိုက်ခိုက်ချီတက်တဲ့ အခါတိုင်းမှာ... ဝိညာဉ်မျိုးနွယ်ရဲ့ ဝိညာဉ်ခေါ်သံတမန်တွေက သေချာပေါက် အနားမှာ ရှိနေပေးရတယ်...၊ ဒီလိုမှသာ... သူတို့တွေက သေဆုံးသွားတဲ့သူတွေရဲ့ ဝိညာဉ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့... ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ဆီကို ပြန်လည်ပို့ဆောင်နိုင်မှာလေ...”

“သာမန်အခြေအနေမျိုးမှာ အပြင်ဘက်ကမ္ဘာတွေကို တိုက်ခိုက်တာက... အဓိကအားဖြင့် ကျွန် တွေကို ရှာဖွေဖို့ပဲ...၊ အဲဒီ ကျွန် တွေက မူလကတည်းက ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ရဲ့ နယ်မြေထဲမှာပဲ ရှိနေကြတာမို့လို့... ဝိညာဉ်မျိုးနွယ်တွေ အများကြီး လိုက်ပါလာဖို့ မလိုဘူး...”

“ဒါပေမဲ့ ငါတို့ရဲ့ ဒီတစ်ခေါက် ကိစ္စကတော့... စတင်ကတည်းက အထက်ကို တင်ပြထားပြီးသား...၊ အခုတစ်ခေါက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အများကြီး ရှိလာမှာမို့လို့... ဝိညာဉ်ခေါ်သံတမန် အမြောက်အမြားကလည်း စောင့်ဆိုင်းနေကြတာ။ သူတို့တွေကလည်း အလုပ်တွေ အလွန်များပြားနေကြတဲ့သူတွေဆိုတော့... အခုလိုမျိုး အနည်းငယ် လောဆော်နေတာကလည်း သဘာဝကျပါတယ်...”

“ဒါပေမဲ့... အကယ်၍ အဲဒီ ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ အကြွင်းအကျန်တွေကို ဝိညာဉ်မျိုးနွယ်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့... သူတို့ကို ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ရဲ့ အတွင်းထဲမှာတင် လူဝင်စား သံသရာလည်ခွင့် ပေးလိုက်မယ်ဆိုရင်... အဲဒါက သူတို့ကို အသက်ရှင်သန်ခွင့် လမ်းစတစ်ခု ပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား...”

“သူတို့တွေမှာ လူဝင်စား သံသရာလည်ခွင့် ရရှိဖို့ အခွင့်အရေး လုံးဝမရှိပါဘူး...၊ ဝိညာဉ်မျိုးနွယ်တွေထဲမှာလည်း... ငါတို့ ဟော်ဆွေ့ ဘိုးဘေးကြီးနဲ့ အလွန်အမင်း ရင်းနှီးကျွမ်းဝင်လှတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရှိနေသလို... ငါတို့မျိုးနွယ်စုရဲ့ လူတွေလည်း အများကြီး ရှိနေတာပဲ...”

“ပြောရမယ်ဆိုရင်... ဝိညာဉ်မျိုးနွယ်တွေက ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ထဲမှာ ပိုင်ဆိုင်ထားတဲ့ အခြေခံအုတ်မြစ် သမိုင်းကြောင်းက... ငါတို့မျိုးနွယ်စုထက်စာရင် များစွာ ပိုမိုပြီးတော့ အားကောင်းလွန်းလှတယ်...”

“ဟော်ဆွေ့ ဘိုးဘေးကြီးက... ဖြန့်ဖြေရေးခုံရုံးထဲမှာ နေရာတစ်နေရာပဲ ရရှိထားတာ ဖြစ်ပေမဲ့... ဝိညာဉ်မျိုးနွယ်တွေကတော့ ဖြန့်ဖြေရေးခုံရုံးထဲမှာ စုစုပေါင်း နေရာ သုံးဆယ့်ခြောက်နေရာ တောင်မှ ရရှိထားတာလေ...”

“ဖြန့်ဖြေရေးခုံရုံးရဲ့ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ဆိုတဲ့ နေရာကို ရရှိဖို့က အလွန်တရာ ခက်ခဲလွန်းတယ်...၊ ငါတို့အနေနဲ့ တခြား နည်းလမ်းတွေကိုပဲ အသုံးပြုပြီးတော့... ဝိညာဉ်မျိုးနွယ်စုရဲ့ အတွင်းထဲမှာ ငါတို့မျိုးနွယ်စုရဲ့ အဆင့်မြင့် အရာရှိကြီးတွေ ပိုမိုပြီးတော့ များပြားလာအောင်ပဲ ကြိုးစားရလိမ့်မယ်...၊ ဒါမှသာ နောင် အနာဂတ်မှာ ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါ ပိုပြီးတော့ အဆင်ပြေချောမွေ့မှာပေါ့...”

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် တွန့်ကွေးသွားခဲ့ရင်း...

“ဟော်ဆွေ့ မျိုးဆက်က... အမြဲတမ်း ဒီကိစ္စရပ်တွေအတွက်ကိုပဲ အစွမ်းကုန် ကြိုးစားအားထုတ်နေခဲ့တာ...၊ အခုအချိန်မှာတော့ အတော်လေးကို အောင်မြင်မှု ရလဒ်တွေ ထွက်ပေါ်နေပြီလို့ ပြောလို့ရတာပေါ့...”

အလင်းပိတ်စကြီး၏ နောက်ကွယ်တွင်မူ...

“ဒီတော့... ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့က အပြင်ဘက်ကမ္ဘာတွေကို တိုက်ခိုက်တဲ့အခါတိုင်းမှာ... စစ်တပ်နဲ့အတူ လိုက်ပါလာတဲ့ ဝိညာဉ်မျိုးနွယ်ရဲ့ ဝိညာဉ်ခေါ်သံတမန်တွေ ရှိနေတတ်တာကိုး...”

ဖန့်ချန်၏ မျက်နှာအမူအရာက လှုပ်ခတ်သွားခဲ့ရသည်။

သူ ကောင်းကောင်း သိထားသည်မှာ... လူသားတစ်ယောက်၏ ဝိညာဉ်လိပ်ပြာ ဆိုသည်မှာ... အမှန်တကယ်တော့ အလွန်တရာ အရေးကြီးလှသော အရင်းအမြစ် ရတနာတစ်ခု ဖြစ်ပေသည်။

ယခု ကြည့်ရသလောက်ဆိုလျှင်... ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ကလည်း ဤအချက်အပေါ်တွင် တူညီသော အမြင်မျိုး ရှိနေကြပုံရပေသည်။

“ငါတို့တွေ နယ်မြေကိုးခုကို ရောက်ရှိသွားတာနဲ့ တပြိုင်နက်... ဝိညာဉ်ခေါ်သံတမန်တွေက ယင်လောက ကို အရင်ဆုံး စတင်ပြီးတော့ တိုက်ခိုက်နှိမ်နင်းလိမ့်မယ်...၊ ပြီးတော့ အဲဒီနေရာကို အပြီးသတ် စနစ်တကျ ပြန်လည်ပြင်ဆင်ပြီး သိမ်းပိုက်လိမ့်မယ်...”

“ငါတို့တွေ နတ်ဆိုးမျိုးနွယ်တွေနဲ့ ချုပ်ဆိုထားခဲ့တဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ... အဲဒီအချိန်ကျရင် ကိစ္စရပ်အားလုံး ငြိမ်သက်သွားတာနဲ့... အရာအားလုံးကို နတ်မျိုးနွယ်ရဲ့ လောကအမြင်စောင့်ထိန်းရေးအဖွဲ့ ဆီကိုပဲ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်မှာပါ...”

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က ထပ်မံ၍ ပါးစပ်ကို ဖွင့်ဟပြောဆိုလိုက်ပြန်သည်။

ယင်လောကကို အရင်ဆုံး စတင်တိုက်ခိုက်မယ် ဟုတ်လား...။

“ဒါက တကယ်ပဲ... လမ်းကြောင်းနှစ်ခုစလုံးကနေ တပြိုင်နက်တည်း ညှပ်ပိတ်ပြီးတော့ တိုက်ခိုက်မယ့် နည်းလမ်းပဲ...၊ ဘာအသက်ရှင်သန်ခွင့် လမ်းစမှ ချန်မထားခဲ့ဘူး...”

ဖန့်ချန်၏ မျက်ဝန်းထဲတွင် အေးစက်လှသော သရော်လှောင်ပြောင်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရသည်။

သို့သော်လည်း... တကယ်လို့ သူသာ တစ်ဖက်လူ၏ နေရာတွင် ရှိနေခဲ့မည်ဆိုလျှင်လည်း ဤကဲ့သို့သော နည်းလမ်းမျိုးကိုသာ အသုံးပြုမိလိမ့်မည် ဖြစ်သည်။

ဤအရာက ပြောနေစရာ အကြောင်းမရှိချေ...၊ လက်ရှိ အခြေအနေတွင်မူ... သူသည် မျှော်လင့်ချက်အားလုံးကို မော်ထျန်းတီကျန် ဆီမှာသာ ပုံအပ်ထားရတော့မည် ဖြစ်သည်။

သူမအနေနဲ့ တာအိုကို မြန်မြန်ဆန်ဆန် ကျင့်ကြံမှုအောင်မြင်အောင် လုပ်ဆောင်နိုင်လေလေ... နယ်မြေကိုးခုက ပိုမို၍ ဘေးကင်းလုံခြုံလေလေ ဖြစ်ပေလိမ့်မည်။

ခုနက ပေါ်ထွက်လာခဲ့သော ဝိညာဉ်ခေါ်သံတမန်၏ အရှိန်အဝါ စွမ်းအားကိုလည်း... ဖန့်ချန်အနေဖြင့် လုံးဝ ဖောက်ထွက်၍ စူးစမ်းနိုင်ခြင်း မရှိခဲ့ချေ။ ဖြစ်နိုင်သည်မှာ ထိုသူသည်လည်း ဝိညာဉ်မျိုးနွယ်၏ သူတော်စင်အဆင့်ရှိသူတစ်ဦး ဖြစ်နေ၍ ဖြစ်ပေလိမ့်မည်။

အကယ်၍ ဤကဲ့သို့သော ဝိညာဉ်ခေါ်သံတမန်မျိုး သုံးယောက် သို့မဟုတ် ငါးယောက်လောက်သာ လာရောက်ခဲ့မည်ဆိုလျှင်... ခန့်မှန်းရသလောက် တစ်လအတွင်းမှာတင်... နယ်မြေကိုးခု၏ ယင်လောကတစ်ခုလုံးကို လုံးဝ စနစ်တကျ ချေမှုန်းသိမ်းပိုက်သွားနိုင်လိမ့်မည် ဖြစ်သည်။

သူ လက်ရှိ ပိုင်ဆိုင်ထားသော စွမ်းအားများသည်... ဤကဲ့သို့သော အဆင့်အတန်းကြီးမားလှသည့် အချုပ်အခြာအာဏာများ၏ ရှေ့မှောက်တွင်မူ... ဘာမှအသုံးမဝင်လှချေ။

တပြိုင်နက်တည်းမှာပင်... ခုနက စကားလုံးများ၏ အတွင်းထဲမှနေ၍ အလွန်တရာ အသုံးဝင်လှသော သတင်းအချက်အလက် တစ်ခုကိုလည်း ရရှိခဲ့သေးသည်။

“နတ်ဆိုးမျိုးနွယ်ရဲ့ ရှာဖွေရေးဂိုဏ်းခွဲ က... နတ်ဘုရားနယ်မြေဘက်မှာလည်း အင်အားတွေ အလွန်အမင်း ကြီးထွားနေပြီထင်တယ်...၊ အဲလိုမှ မဟုတ်ရင်... ဒီလောက်အထိ မောက်မာရိုင်းစိုင်းလှတဲ့ ပုဂ္ဂိုလ်မျိုးက...နတ်ဆိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေကို ဘယ်လိုလုပ်ပြီးတော့ လွယ်လွယ်ကူကူ ချုပ်ဆိုပါ့မလဲ...”

“မီးနတ်ဘုရားမျိုးနွယ်...၊ နတ်ဆိုးမျိုးနွယ်...၊ အတိတ်က လူသားမျိုးနွယ်ရဲ့ ရန်သူတွေ အားလုံးက... အခုအချိန်မှာတော့ မြင့်မြတ်လှတဲ့ ရာထူးနေရာတွေကို ပေးအပ်ခြင်း ခံထားရတယ်...”

“ရှန်းဟုန်း သွေးမျိုးဆက်နဲ့ ဟော်ဆွေ့ မျိုးဆက်ကြားက ရန်ငြိုးရန်စတွေက... ငါ ထင်မှတ်ထားခဲ့တာထက်ကို များစွာ ပိုပြီးတော့ နက်ရှိုင်းလွန်းနေတာပဲ...”

ဤသို့ တွေးတောမိလိုက်ပြီးနောက်... ဖန့်ချန်သည် ထိုအလင်းပိတ်စကြီးကို ထပ်မံ၍ အချိန်အနည်းငယ်လောက် ပိုပြီး စောင့်ကြည့်လိုသေးသည်။ ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ ပါးစပ်မှနေ၍ ပိုမို၍ အသုံးဝင်လှသော သတင်းအချက်အလက်များကို ထပ်မံ၍ ကြားသိလိုသောကြောင့် ဖြစ်သည်။ သို့သော်လည်း... ရုတ်တရက်ဆိုသလို သူ၏ အတွင်းနယ်မြေထဲတွင် ရှိနေသော စွမ်းအားများသည် တစ်ခဏချင်းအတွင်းမှာပင် စတင်၍ ပြင်းထန်စွာ သောင်းကျန်းရုန်းကန်လာခဲ့ကြတော့သည်။

ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအားလှိုင်းလုံးကြီးများသည်... ထိုအလင်းပိတ်စကြီးကို တစစီ ဆွဲဖြဲပစ်လိုက်ကြသဖြင့်... ဖန့်ချန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရင်း အတွင်းနယ်မြေထဲမှနေ၍ အပြင်ဘက်သို့ အမြန်ဆုံး ထွက်ခွာခဲ့ရတော့သည်။

သူသည် ဝင်းခြံကျယ်ကြီး၏ အတွင်းထဲတွင် မတ်တပ်ရပ်နေရင်း... ဟင်းလင်းပြင်ကြီး၏ အတွင်းထဲမှနေ၍ အဆက်မပြတ် ထွက်ပေါ်လာနေသော ကျယ်လောင်လှသည့် မိုးခြိမ်းသံကဲ့သို့သော အုန်းအုန်းဒိုင်းဒိုင်း အသံကြီးများကို နားထောင်လျက်... မိမိကိုယ်တိုင် အနိုင်နိုင် စုစည်းတည်ဆောက်ထားခဲ့ရသော အတွင်းနယ်မြေကြီးတစ်ခုလုံးသည်... သူ၏ မျက်စိရှေ့မှောက်တွင်တင် အုန်းအုန်းဒိုင်းဒိုင်းဖြင့် ပြိုလဲပျက်စီးသွားခဲ့ရသည်ကို... မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေခဲ့ရတော့သည်။

အခန်း (၁၉၈၆) - လူသားမျိုးနွယ်နှင့် နတ်ဘုရားနယ်မြေ ခုနစ်ခု

ကျိုရွှမ်းနယ်မြေရဲ့ အတွင်းထဲမှာ ဖန့်ချန် တစ်စိုက်မတ်မတ် နှစ်ပေါင်းသုံးထောင်တိုင်တိုင် အချိန်ကုန်ခံပြီး အနိုင်နိုင် စုစည်းတည်ဆောက်ခဲ့ရတဲ့ အတွင်းနယ်မြေကြီး ပြိုလဲပျက်စီးသွားဖို့ကတော့... ဆယ်ဂဏန်းမျှသော အချိန်တိုလေးအတွင်းမှာတင် ပြီးဆုံးသွားခဲ့ရပေသည်။

နောက်ဆုံးမှာတော့... အရာခပ်သိမ်းဟာ မြူမှုန်တွေအဖြစ် ပြောင်းလဲသွားပြီး မြေမှုန့်ထဲမှာပဲ အဆုံးသတ်သွားခဲ့ရတော့သည်။

"သခင်လေး အတွင်းနယ်မြေက တကယ်ပဲ ပျက်စီးသွားခဲ့ပြီလား..."

သူ့ဘေးနားမှာ အလင်းတန်းတစ်ခု လျှပ်ခနဲ လင်းလက်သွားပြီးနောက်...နတ်မိမယ်ယွီ က ဖန့်ချန်ရဲ့ ဘေးနားကို ရောက်ရှိလာခဲ့သည်။ ဟင်းလင်းပြင်ကြီးရဲ့ အတွင်းထဲကနေ ထွက်ပေါ်နေတဲ့ ပြင်းထန်လှတဲ့ လှုပ်ခတ်မှုတွေကို သူမအနေနဲ့ သတိပြုမိလိုက်ပုံရပြီး... မျက်မှောင်ကြုတ်လျက် ချက်ချင်းပင် စိုးရိမ်တကြီး မေးမြန်းလိုက်မိခြင်း ဖြစ်သည်။

"ပျက်စီးသွားလည်း ပျက်စီးပါစေဦးတော့...၊ ဒါတွေက ဘယ်လိုပဲဖြစ်ဖြစ် အတုအယောင်တွေပဲဥစ္စာ..."

ဖန့်ချန်က ပြုံးလျက် ဖြေကြားလိုက်သည်။

သူသည် ဤအရာအားလုံးက အတုအယောင်များသာ ဖြစ်သည်ကို အစကတည်းက ကောင်းကောင်းကြီး သိထားခဲ့ပြီးသား ဖြစ်သည်။ သူ၏ အတုအယောင် အတွင်းနယ်မြေထဲတွင် ဤကဲ့သို့သော အလင်းပိတ်စကြီး ပေါ်ထွက်လာပြီး ထိုမြင်ကွင်းများကို မြင်တွေ့နိုင်ခဲ့ခြင်းမှာ... ဖြစ်နိုင်သည်မှာ ဤကျိုရွှမ်းနယ်မြေရဲ့ ထူးဆန်းဆန်းပြားလှတဲ့ လျှို့ဝှက်ချက်တွေကြောင့်သာ ဖြစ်ပေလိမ့်မည်။

ထိုနေရာတွင် ကျင့်ကြံလေ့ကျင့်ခဲ့သော အတတ်ပညာ၊ မန္တန်မှန်သမျှသည်... ဤနေရာတွင် တည်ရှိနေသရွေ့တော့ တကယ့် လက်တွေ့ဘဝကဲ့သို့ပင် မှန်ကန်နေမည် ဖြစ်သည်။

ကျိုရွှမ်းနယ်မြေရဲ့ မူလသခင်ကြီးသည်... ဖြစ်နိုင်သည်မှာ မိမိကိုယ်တိုင် သူတော်စင်ကျမ်းစာကို အတုယူပြီးတော့မှသာ... ဤကဲ့သို့သော အတွင်းနယ်မြေမျိုးကို စုစည်းတည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူ သံသယဝင်မိသည်။

သူ့ရဲ့ တကယ့် တိုက်ခိုက်ရေးစွမ်းအားက ဘယ်လောက်အထိ ရှိမလဲဆိုတာ မသိနိုင်သော်လည်း... တစ်ဖက်လူကို ကူညီပေးနိုင်တဲ့ အထောက်အကူပြု စွမ်းရည်တစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင်တောင်မှ... ဤအတွင်းနယ်မြေရဲ့ တန်ဖိုးက အလွန်တရာ မနိမ့်ကျလှချေ။

စကားပြောဆိုနေစဉ်မှာတင်... ဖန့်ချန်ရဲ့ ကျင့်ကြံမှု အဆင့်အတန်းက တဖြည်းဖြည်းချင်း အောက်သို့ ဆုတ်ယုတ်ကျဆင်းသွားခဲ့ရသည်။ သူတော်စင်တစ်ပိုင်းအဆင့်ကနေ... ကန့်သတ်ချက်ကို ကျော်လွန်ခြင်းအဆင့်သို့ ကျဆင်းသွားပြီး... နောက်ဆုံးတွင် အဆင့် ၉ မှ ဆုတ်ယုတ်သွားခဲ့ကာ... အဆင့် ၈ မှာမှ တည်ငြိမ်စွာ ရပ်တန့်သွားခဲ့တော့သည်။

တပြိုင်နက်တည်းမှာပင်... သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါ စွမ်းအားများကလည်း အပြောင်းအလဲ အချို့ ဖြစ်ပေါ်သွားခဲ့ရပြီး... မသေမျိုးစွမ်းအင် များက ပိုမို၍ ထက်မြက်ပြတ်သားလှသော ဓားအရှိန်အဝါများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

ဤအရာကမှသာ... သူ၏ တကယ့် စစ်မှန်သော ကျင့်ကြံမှုအဆင့် ဖြစ်ပေသည်။ အဆင့် ၈ ဓားမသေမျိုး။

ဟော်ဟွန်းမြက် ရဲ့ အာနိသင် စွမ်းအားများကို... သူသည် လွန်ခဲ့သောအချိန်ကတည်းက မိမိကိုယ်တိုင် စနစ်တကျ သန့်စင်ပြီးသား ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဓားမသေမျိုး လမ်းစဉ်သည် သူတော်စင်ကျမ်းစာ ရဲ့ နည်းလမ်းများအောက်တွင် အမြဲတမ်း ဖုံးလွှမ်းခြင်း ခံထားခဲ့ရသဖြင့် ခန္ဓာကိုယ်ရဲ့ အနက်ရှိုင်းဆုံး နေရာတွင်သာ တိတ်တဆိတ် ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။

"သွားကြစို့..."

ဖန့်ချန်က နတ်မိမယ်ယွီရဲ့ လက်ကလေးကို ဆွဲကိုင်လိုက်ရင်း... ဝင်းခြံကျယ်ကြီးရဲ့ အပြင်ဘက်သို့ လျှောက်လှမ်းသွားခဲ့ကြတော့သည်။

သူတို့နှစ်ဦး ဝင်းခြံကျယ်ကြီးထဲမှ ထွက်ခွာလာခဲ့ကြသည်နှင့် တပြိုင်နက်... အလွန်တရာ ချောမွေ့ပြီး ဖြူဖွေးလှသော အလင်းရောင်များ ထွက်ပေါ်နေသည့် ကျောက်နံရံကြီး၏ အတွင်းထဲမှနေ၍ အပြင်ဘက်သို့ တိုက်ရိုက် လျှောက်လှမ်းထွက်ပေါ်လာခဲ့ကြသည်။

ထိုအချိန်တွင်မူ... ခုံလင်းသည် ခေါင်းကို ငုံ့လျက် တရိုတသေ မတ်တပ်ရပ်နေခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက... ဤနေရာတွင်တင် တစ်စိုက်မတ်မတ် အမြဲတမ်း စောင့်ဆိုင်းနေခဲ့ပုံရပေသည်။

ဖန့်ချန် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်နှင့်... ခုံလင်းသည် ချက်ချင်းပင် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားခဲ့ရပြီး အမြန်ဆုံး ရှေ့သို့ လျှောက်လှမ်းလာခဲ့ရင်း...

"အရှင်မင်းကြီး...၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက... ကျွန်တော်တို့တွေ အပြင်ဘက်ကမ္ဘာက ကျူးကျော်သူ ကျင့်ကြံသူ သုံးယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်...။ သူတို့ရဲ့ ပါးစပ်ကနေပြီးတော့ အလွန်တရာ အရေးကြီးလှတဲ့ သတင်းအချက်အလက် အမြောက်အမြားကို မေးမြန်းသိရှိထားခဲ့ပြီးပါပြီ...၊ လက်ရှိမှာတော့ အဲဒီ ကျူးကျော်သူ သုံးယောက်ကို တရားသူကြီးဌာန ထဲမှာ နှိမ်နင်းချုပ်နှောင်ထားပါတယ်..."

"အို..."

ဖန့်ချန်၏ မျက်နှာအမူအရာက တစ်ချက် လှုပ်ခတ်သွားခဲ့ရသည်။

……

……

ယင်လောက ၊ တရားသူကြီးဌာန

တန်ဇီဟောင်၊ ချင်းရှုလန်၊ ရဲ့မင် တို့ သုံးဦးကို... တရားရုံးတော်၏ ရှေ့မှောက်သို့ ထပ်မံ၍ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြပြန်သည်။

သူတို့ သုံးဦးစလုံးက... ဤတစ်ခေါက်တွင်လည်း ယခင်ကကဲ့သို့ပင် တရားရုံးတော်၌ အများပြည်သူ ရှေ့မှောက်တွင် စစ်ဆေးမေးမြန်းခြင်း ခံရမည်ဖြစ်ပြီး... နယ်မြေကိုးခု၏ ထိပ်သီးကျွမ်းကျင်သူ အားလုံးက ဘေးနားကနေ စောင့်ကြည့်နေကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော်လည်း မမျှော်လင့်ဘဲ... ထို ရှကျီ ဟု ခေါ်သော ရက်စက်ကြမ်းကြုတ်လှသည့် လူယုတ်မာကြီးအပြင်... အလွန်တရာ ပျိုမြစ်နုပျိုလှသော ပုံစံရှိသည့် လူငယ်တစ်ဦးနှင့် တရားသူကြီးဌာနရဲ့ ဌာနမှူးဖြစ်သူ ကျန်းယီရှု တို့ သုံးဦးတည်းသာ ရှိနေသည်ကို တွေ့လိုက်ရပေသည်။

"ဖန့်ကြီး...၊ ဒီသုံးယောက်ပါပဲ...၊မင်းကိုယ်တိုင်ပဲ သူတို့ကို သေချာပေါက် ထပ်ပြီးတော့ မေးမြန်းကြည့်လိုက်ပါဦး...၊ ဖြစ်နိုင်တာက လွန်ခဲ့တဲ့ အချိန်တုန်းက ငါ မေးမြန်းခဲ့တဲ့အထဲမှာ တစ်စုံတစ်ရာသော လစ်ဟင်းမှုတွေ ရှိနေခဲ့တာမျိုးလည်း ဖြစ်နိုင်တာပဲ..."

ရှကျီ က ထိုလူသုံးဦးကို လက်ညှိုးထိုးပြလိုက်ရင်း... ပြုံးလျက် ပြောဆိုလိုက်သည်။

"သူတို့က မွေးရာပါကိုက အလွန်တရာ မောက်မာရိုင်းစိုင်းကြတဲ့သူတွေ...၊ အခုလိုမျိုး အကျဉ်းသား ဘဝကို ရောက်ရှိနေတာတောင်မှ... ငါတို့ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ပဲ ကြည့်နေကြတုန်းပဲ..."

"မင်းတို့ သုံးယောက်က... ဟော်ဆွေ့ မျိုးဆက်ရဲ့ လူ တွေလား..."

ဖန့်ချန်က တန်ဇီဟောင်တို့ သုံးဦးကို လှမ်း၍ ကြည့်လိုက်ရင်း မေးမြန်းလိုက်သည်။

"မင်းက... ဘယ်သူလဲ..."

တန်ဇီဟောင်က တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။

"ဒီပုဂ္ဂိုလ်ကတော့...ယင်လောကရဲ ငရဲမင်းကြီး ပဲ...၊ ပြီးတော့ လက်ရှိ နယ်မြေကိုးခုစလုံးရဲ့ တကယ့် အရှင်သခင် လည်း ဟုတ်တယ်..."

ရှကျီက ပြုံးလျက်...

"သူက ငါနဲ့ မတူဘူးနော်...၊ ငါက မင်းတို့ကို အသက်ချမ်းသာပေးထားတာက... သူကိုယ်တိုင် လာပြီးတော့ စစ်ဆေးမေးမြန်းနိုင်ဖို့အတွက် စောင့်နေခဲ့တာ...၊ တကယ်လို့ မင်းတို့တွေက သူ့ကိုသာ ဒေါသထွက်အောင် လုပ်မိမယ်ဆိုရင်တော့... သူက မင်းတို့ကို ဒီနေရာမှာ ထိုင်စား၊ ထိုင်သောက်ပြီး အလကား အသက်ရှင်ခွင့် ပေးထားမှာ မဟုတ်ဘူး..."

ထိုင်စား၊ ထိုင်သောက်ရတယ် ဟုတ်လား...၊ ဝိညာဉ်တွေက ဘာမှ စားသောက်ဖို့ မလိုတာကို။

ထိုလူ သုံးဦးစလုံးက စိတ်ထဲကနေပြီးတော့ ကျိန်ဆဲလိုက်ကြသော်လည်း... ရှကျီရဲ့ သတိပေးချက်က သူတို့အပေါ်ကို သေချာပေါက် အကျိုးသက်ရောက်မှု ရှိသွားခဲ့ရသည်။

သူတို့သည်လည်း... မိမိတို့ရဲ့ သခင်လေး နယ်မြေကိုးခုသို့ မရောက်ရှိလာသေးခင်မှာတင် ဤကဲ့သို့သော နေရာမျိုးတွင် ဝိညာဉ်လွင့်ပျယ်ပြီး လုံးဝ ကွယ်ပျောက်မသွားချင်ကြချေ။ သူတို့၏ စိတ်ထဲတွင်မူ... သခင်လေး ရောက်ရှိလာလျှင် မိမိတို့ သုံးဦးစလုံးကို သေချာပေါက် ကယ်တင်ပေးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်များ ရှိနေကြတုန်းပင် ဖြစ်သည်။

ထို့ကြောင့်ပင်... နောက်ပိုင်းတွင် ဖန့်ချန်က မေးမြန်းသမျှ အမေးစကားများကို... သူတို့ သုံးဦးစလုံးက သိသမျှ အရာအားလုံးကို တိတိကျကျ ဖြေကြားခဲ့ကြတော့သည်။

ဖန့်ချန်သည်... ထိုလူ သုံးဦး၏ အဖြေစကားများနှင့် မိမိကိုယ်တိုင် အတွင်းနယ်မြေထဲရှိ အလင်းပိတ်စကြီး၏ အတွင်းမှ မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို... တစ်ခုချင်းစီ တိုက်ဆိုင်စစ်ဆေးလျက် မှတ်တမ်းတင်လိုက်သည်။

"မင်းတို့က မင်းတို့ကိုယ်မင်းတို့ ချန်းဆွေနတ်ဘုရားနယ်မြေ ကနေ လာခဲ့တာလို့ ပြောတယ်မလား...၊ ဒါဆိုရင် အဲဒီနေရာကနေပြီးတော့ ရှင်စန်းနတ်ဘုရားနယ်မြေ အထိကို ဘယ်လောက်အထိ ဝေးကွာလဲ..."

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်သည်။

တန်ဇီဟောင်က ခဏမျှ တွေးတောလိုက်ပြီးနောက်...

"အလွန်တရာကို ဝေးကွာလွန်းတယ်...၊ သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးတွေကသာ ကိုယ်ပိုင် အတွင်းနယ်မြေရဲ့ စွမ်းအားတွေကို အသုံးပြုပြီးတော့မှ... နှစ်ပေါင်း တစ်ဆယ် အတွင်းမှာ အသွားအပြန် လုပ်နိုင်ကြတာမျိုးပါ...၊ သူတော်စင်အဆင့်အောက်က ကျင့်ကြံသူတွေအတွက်ကတော့... ဖြစ်နိုင်တာက တစ်သက်လုံး ကြိုးစားရင်တောင်မှ နေရာနှစ်ခုကြားကို အသွားအပြန် လုပ်နိုင်ဖို့ မလွယ်ကူပါဘူး..."

"ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုအဆင့်က အလွန်တရာ နိမ့်ကျလွန်းလှပါတယ်...၊ ဒါကြောင့်မို့လို့ တကယ့် တိကျတဲ့ ကြယ်တာရာ လမ်းကြောင်း တွေကိုတော့ ကျွန်တော်တို့လည်း မသိနိုင်ပါဘူး..."

ချင်းရှုလန်က ဖြည့်စွက်၍ ပြောကြားလိုက်သည်။

"အခုအချိန်မှာတော့ ရှင်စန်းနတ်ဘုရားနယ်မြေ ဆိုတဲ့ နာမည်ကိုလည်း ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်...၊ လက်ရှိမှာတော့ မီးနတ်ဘုရားနယ်မြေ လို့ ခေါ်ဆိုကြပါတယ်..."

ရဲ့မင်က ပြောကြားလိုက်သည်။

"မီးနတ်ဘုရားမျိုးနွယ် က အာဏာစက်ကို သိမ်းပိုက်ရရှိသွားခဲ့လို့... နာမည်ကို ပြောင်းလဲလိုက်တာပေါ့ ဟုတ်လား..."

ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်။

ထိုလူ သုံးဦးစလုံးက အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားခဲ့ကြရသည်။ ဤအကြောင်းအရာများကို သူတို့သည် ရှကျီ နှင့် အခြားသူများကို လုံးဝ ပြောပြခဲ့ဖူးခြင်း မရှိချေ။ သို့သော်လည်း မိမိတို့၏ ရှေ့မှောက်တွင် ရှိနေသော ဤလူငယ်က မည်သို့သော နည်းလမ်းဖြင့် သိရှိနေခဲ့ရသနည်း။

ဒါဆိုရင်... ထိုလူငယ်သည် ထိုဘက်ကမ္ဘာကြီးရဲ့ အခြေအနေအရပ်ရပ်ကို အစကတည်းကနေ အစဉ်အမြဲ စေ့စပ်စွာ သိရှိနားလည်နေခဲ့ခြင်း ဖြစ်သလော။

သို့သော်လည်း... ဤအရာက မည်သို့မျှ ဖြစ်နိုင်စရာ အကြောင်းမရှိချေ။

ထိုနယ်မြေသည်... ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ရဲ့ တကယ့် နယ်နိမိတ် ကြီးမားလှသည့် အထဲတွင်မှ... အဝေးကွာဆုံး၊ အစွန်အဖျားအကျဆုံး၊ လူသူမနီးစပ်ဆုံး အရပ်ဒေသတစ်ခု ဖြစ်ပေသည်။ ဤနေရာနှင့် ထိုဘက်ကမ္ဘာကြီးကြားက အကွာအဝေးသည်... မီးနတ်ဘုရားနယ်မြေနှင့် ချန်းဆွေနတ်ဘုရားနယ်မြေကြားက အကွာအဝေးထက်ပင် များစွာ ပိုမို၍ ဝေးကွာလွန်းလှပေသည်။

"မင်းတို့ရဲ့ လူသားမျိုးနွယ် အကြောင်းကို ငါ့ကို ပြောပြစမ်းပါဦး...၊ လူသားမျိုးနွယ်စုရဲ့ အတွင်းထဲမှာ... ဟော်ဆွေ့ မျိုးဆက်ကလွဲလို့ နောက်ထပ် ဘယ်လောက်အထိ အင်အားစုတွေ တည်ရှိနေသေးလဲ...၊ လက်ရှိ လူသားမျိုးနွယ်စုရဲ့ အတွင်းပိုင်း အုပ်ချုပ်ရေး အခြေအနေက ဘယ်လိုရှိလဲ...၊ အချင်းချင်း တိုက်ပွဲတွေ၊ အားပြိုင်မှုတွေကော ရှိနေကြသေးလား..."

ဖန့်ချန်က နောက်ထပ် မေးခွန်းတစ်ခုကို ပြောင်းလဲ၍ မေးမြန်းလိုက်သည်။

ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ... တန်ဇီဟောင်တို့ သုံးဦး၏ မျက်ဝန်းအစုံက အနည်းငယ် တောက်ပသွားခဲ့ရသည်။

လွန်ခဲ့သောအချိန်တုန်းကမူ... သူတို့သည် မိမိတို့၏ မျိုးနွယ်စုက မည်မျှအထိ အင်အားကြီးမားကြောင်း စတင်၍ ပြောဆိုလိုက်သည်နှင့်... ချက်ချင်းပင် အောက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီး ရှကျီရဲ့ နှိပ်စက်ညှဉ်းပန်းမှုများကို ခံခဲ့ရသည်။ ထို့ကြောင့်ပင် နောက်ပိုင်းတွင် ရှကျီ၏ ရှေ့မှောက်တွင် ဤအကြောင်းအရာများကို ထပ်မံ၍ ထုတ်ဖော်ပြောဆိုရန် လုံးဝ မဝံ့မရဲ ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။

"အရှင်မင်းကြီးကဒီလို မေးမြန်းလာတော့... ဒါဆိုရင် ကျုပ်လည်း အရှင်မင်းကြီးရဲ့ မေးခွန်းကို တိတိကျကျ ဖြေကြားပေးပါ့မယ်..."

"ကျုပ် မျှော်လင့်တာကတော့...အရှင်မင်းကြီးအနေနဲ့ ဒီအဖြေစကားတွေရဲ့ အတွင်းထဲကနေ... တကယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ဖို့ပါပဲ...၊ ပြီးတော့ အလွန်တရာ မှန်ကန်လှတဲ့ အမူအရာမျိုးနဲ့... ကျွန်တော်တို့ သခင်လေး ရောက်ရှိလာမယ့် အချိန်ကို ရင်ဆိုင်နိုင်ဖို့ပါပဲ...။ ဖြစ်နိုင်တာက အဲဒီအချိန်ကျမှသာ...အရှင်မင်းကြီးတို့ ဒီနယ်မြေမှာ ရှိနေကြတဲ့ သက်ရှိသတ္တဝါ အားလုံးက... အသက်ရှင်သန်ခွင့် လမ်းစတွေကို ရရှိနိုင်ကြမှာ ဖြစ်ပါတယ်..."

တန်ဇီဟောင်က ဖြည်းညင်းစွာဖြင့် ပါးစပ်ကို ဖွင့်ဟ၍...

"ကျွန်တော်တို့ လူသားမျိုးနွယ်ဟာ... စုစုပေါင်း ကြီးမားလှတဲ့ နတ်ဘုရားနယ်မြေ ခုနစ်ခု ကို အသေအချာ လွှမ်းမိုးချုပ်ကိုင်ထားတာ ဖြစ်ပါတယ်...၊ ဟော်ဆွေ့ ဘိုးဘေးကြီးက ဖြန့်ဖြေရေးခုံရုံးရဲ့ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ရာထူးကို မရရှိသေးခင် အချိန်တုန်းကတော့... လူသားမျိုးနွယ်ရဲ့ အဲဒီ နတ်ဘုရားနယ်မြေ ခုနစ်ခုစလုံးရဲ့ အင်အားက အကြမ်းဖျင်းအားဖြင့် တူညီကြပါတယ်..."

"နတ်ဘုရားနယ်မြေ တစ်ခုချင်းစီရဲ့ အတွင်းထဲမှာသူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီး ပေါင်း ရာချီ ရှိနေကြပြီး... သူတို့တွေက ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ကိုယ်စား တစ်လောကလုံးကို လှည့်လည်စောင့်ကြပ် ထိန်းသိမ်းပေးနေကြတာ ဖြစ်ပါတယ်...၊ နတ်ဘုရားနယ်မြေ အသီးသီးမှာ အခြေစိုက်ပြီးတော့... ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ရဲ့ တကယ့် အချုပ်အခြာအာဏာနဲ့ စွမ်းအားကြီးမားမှုကို ကာကွယ်စောင့်ရှောက်ပေးနေကြတာပါ..."

"ဟော်ဆွေ့ ဘိုးဘေးကြီးဟာ... မူလတုန်းက ချန်းဆွေနတ်ဘုရားနယ်မြေရဲ့ တကယ့် နယ်မြေအရှင်သခင် တစ်ဦး ဖြစ်ပါတယ်...၊ နောက်ပိုင်းကျတော့ သူက နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်မံတက်လှမ်းနိုင်ခဲ့ပြီး... ဖြန့်ဖြေရေးခုံရုံးရဲ့ ပေးသနားခြင်းကို ခံခဲ့ရကာ... ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ရာထူးနေရာကို ရရှိသွားခဲ့တာပါ..."

"အဲဒီအချိန်ကစပြီးတော့... လူသားမျိုးနွယ်ရဲ့ နတ်ဘုရားနယ်မြေ ခုနစ်ခုစလုံးဟာ... ချန်းဆွေနတ်ဘုရားနယ်မြေရဲ့ ဟော်ဆွေ့ မျိုးဆက်ကိုပဲ အဓိက အရှင်သခင်အဖြစ် ရိုသေကိုင်းညွတ်ပြီး နာခံခဲ့ကြရတာ ဖြစ်ပါတယ်..."

ရှကျီကတော့ ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး အလွန်အမင်း ရှင်းလင်းစွာ သိရှိထားခြင်း မရှိချေ။ သူ သိထားသည်မှာ ၎င်းတို့၏ နောက်ကွယ်တွင် ရှိနေသော လူသားမျိုးနွယ်စုကြီးသည်... တကယ့် အစွမ်းသတ္တိအားဖြင့် အလွန်တရာ အင်အားကြီးမားလွန်းလှသည် ဟူသောအချက်ကိုသာ ဖြစ်သည်။

သို့သော်လည်း... နတ်ဘုရားနယ်မြေရဲ့ စွမ်းအားကြီးမားမှု အငွေ့အသက်များကို မိမိကိုယ်တိုင် မြင်တွေ့ဖူးခဲ့သော ဖန့်ချန်အတွက်မူ... တစ်ဖက်လူ၏ နောက်ကွယ်တွင် ရှိနေသော လူသားမျိုးနွယ်စုကြီးသည်... ကြီးမားလှသော နတ်ဘုရားနယ်မြေ ခုနစ်ခုစလုံးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်စွမ်း ရှိသည်ဟူသော အချက်ကို ကြားလိုက်ရသည့်အခါ... သူ၏ စိတ်ထဲတွင် ရှိနေသော စိုးရိမ်ပူပန်မှုများနှင့် အကျပ်အတည်း အငွေ့အသက်များသည် ပိုမို၍ ပြင်းထန်ထူထပ်လာခဲ့ရတော့သည်။

မျိုးနွယ်စုတစ်ခုတွင်... အကယ်၍ သူတော်စင်အဆင့်ရှိသူ ပုဂ္ဂိုလ်ကြီး တစ်ဦးတည်းသာ ရှိနေခဲ့မည်ဆိုလျှင်ပင်... ထိုမျိုးနွယ်စုကို သူတော်စင်မျိုးနွယ်စု ဟု ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။

နတ်ဘုရားနယ်မြေထဲတွင် နေရာတစ်နေရာကို ရရှိနိုင်စွမ်း ရှိပြီး... ကိုယ်ပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေများကို တည်ဆောက်နိုင်သည်။

လွန်ခဲ့သောအချိန်တုန်းကမူ... နတ်ဘုရားမျိုးနွယ်စုရဲ့ အထွတ်အထိပ် ရောက်ရှိနေသော အချိန်အခါ၌... သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီး ပေါင်း ရှစ်ရာကျော်နှင့်... တကယ့် နယ်မြေအရှင်သခင် တစ်ဦး တည်ရှိခဲ့ဖူးသည်။

၎င်းတို့သည်... သေချာပေါက် ရှင်စန်းနတ်ဘုရားနယ်မြေတစ်ခုလုံးရဲ့ တကယ့် အရှင်သခင်ကြီးများ ဖြစ်ခဲ့ကြပေသည်။

သို့သော်လည်း... ဟော်ဆွေ့ မျိုးဆက်က လက်ရှိ လွှမ်းမိုးချုပ်ကိုင်ထားသော စွမ်းအားများသည်... ကြီးမားလှသော နတ်ဘုရားနယ်မြေ ခုနစ်ခုစလုံး ဖြစ်နေခဲ့သည်။

ဤအရာသည်... ဟော်ဆွေ့ ဘိုးဘေးကြီးရဲ့ အမိန့်ပေးစေခိုင်းမှုကို နာခံနေကြရသော နယ်မြေအရှင်သခင်ကြီးများပင်လျှင်... စုစုပေါင်း ခုနစ်ဦး တောင်မှ ရှိနေနိုင်သည်ဟူသော အချက်နှင့် အတူတူပင် ဖြစ်သည်။

ထို နယ်မြေအရှင်သခင်ကြီး ခုနစ်ဦးရဲ့ အောက်တွင်မူ... အတိတ်က နဂါးသူတော်စင် နှင့် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တို့ကဲ့သို့သော သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီး ပေါင်း မည်မျှအထိ များပြားလှစွာ တည်ရှိနေကြမည်နည်း။

ထိုအဆင့်ရဲ့ အောက်တွင်မူ... ဝူရှင်းလင်ကဲ့သို့သော သူတော်စင်အဆင့် ကျွမ်းကျင်သူ ပေါင်း မည်မျှအထိ ရှိနေကြမည်နည်း။

ရေတွက်၍ မကုန်နိုင်အောင် များပြားလှသော သူတော်စင်အဆင့်များ၊ သူတော်စင်တစ်ပိုင်းအဆင့်များ...၊ နောက်ဆုံးတွင် ကန့်သတ်ချက်ကို ကျော်လွန်ခြင်း တတိယခြေလှမ်းအဆင့်များအထိ...

လက်ရှိအချိန်တွင်မူ... နယ်မြေကိုးခုသည် ဟော်ဆွေ့ မျိုးဆက်နှင့် ရင်ဆိုင်ရသည့် အခါတွင်... အမှန်တကယ်ပင် ပုရွက်ဆိတ်လေးတစ်ကောင်က ဝေလငါးကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ဖြစ်နေသဖြင့်... မည်သို့သော ခုခံနိုင်စွမ်းမျိုး ရှိနိုင်ပါတော့မည်နည်း။

“ကံကောင်းတာတစ်ခုက... ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ရဲ့ အတွင်းထဲမှာ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနေလို့ပဲ...၊ ဟော်ဆွေ့ ဘိုးဘေးကြီးအနေနဲ့လည်း ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ရဲ့ တကယ့် စည်းမျဉ်းစည်းကမ်းတွေကိုတော့ လွယ်လွယ်ကူကူ ချိုးဖောက်ဖို့ မဝံ့ရဲလောက်ဘူး...”

“နယ်မြေကိုးခုဘက်မှာ ကောင်းကင်တာအိုအဆင့် ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာနိုင်သရွေ့တော့... ဒီနေရာက အချိန်တိုလေးအတွင်းမှာ သေချာပေါက် ဘေးကင်းလုံခြုံနေဦးမှာပဲ...”

ဖန့်ချန်က စိတ်ထဲကနေပြီးတော့ တိတ်တဆိတ် တွေးတောလိုက်မိသည်။

သို့သော်လည်း... ထိုအရာသည် ရေရှည်အတွက် ကောင်းမွန်လှသော အစီအစဉ်တစ်ခု မဟုတ်ချေ။ လက်ရှိ နယ်မြေကိုးခုရဲ့ ပျက်စီးယိုယွင်းနေသော အခြေအနေအရပ်ရပ်အရ...မော်ထျန်းတီကျန့် ကို အချိန်အကြာကြီးအထိ အင်အားဖြည့်တင်းပေးနိုင်စွမ်း လုံးဝ မရှိချေ။

သူမသည်လည်း... နယ်မြေကိုးခုနှင့်အတူ တပြိုင်နက်တည်း ပျက်စီးပျောက်ကွယ်သွားရမည့် ဘဝမျိုးသို့ ရောက်ရှိသွားရမည် ဖြစ်သည်။

အကယ်၍ ထိုအချိန်သို့ ရောက်ရှိသွားခဲ့မည်ဆိုလျှင်

နယ်မြေကိုးခုတွင် ရှိနေကြသော လူသားမျိုးနွယ်များအနေဖြင့်... မိမိတို့ကိုယ်မိမိ မည်သို့ ဆက်လက်ရပ်တည်ကြရပါတော့မည်နည်း။

ဟော်ဆွေ့ မျိုးဆက်၏ အစွမ်းသတ္တိများအရ... သူတို့သည် ထိုအချိန်အတောအတွင်းမှာတင်... နယ်မြေကိုးခုတွင် ရှိသမျှသော လူသားမျိုးနွယ် အားလုံးကို... ဘယ်နေရာကနေမှ လွတ်မြောက်သွားခြင်း မရှိစေဘဲ အလုံးစုံ ဝိုင်းပတ်ပိတ်ဆို့ပြီး ထောက်လှမ်းစောင့်ကြည့်နေနိုင်စွမ်း ရှိပေသည်။

ကောင်းကင်တာအိုအဆင့်ရှိသူ သေဆုံးသွားသည်နှင့် တပြိုင်နက်... နယ်မြေကိုးခုသည်လည်း ချက်ချင်းပင် လုံးဝ ပျက်စီးသွားရပေလိမ့်မည်။

"မင်းက... မင်းရဲ့ နာမည်က ချင်းရှုလန် လို့ ပြောတယ်မလား...၊ မင်းက ဟော်ဆွေ့ မျိုးဆက်ရဲ့ အတွင်းထဲမှာ... ဘယ်လိုမျိုး ဆက်စပ်ပတ်သက်မှုမျိုး ရှိနေတဲ့သူလဲ..."

ဖန့်ချန်၏ အကြည့်က... ရုတ်တရက်ဆိုသလို ချင်းရှုလန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့တော့သည်။

ရှကျီနှင့် ကျန်းယီရှု တို့သည်လည်း တစ်ဦးကိုတစ်ဦး လှမ်း၍ ကြည့်လိုက်မိကြပြီး... တစ်ဖက်လူ၏ မျက်ဝန်းထဲမှနေ၍ အံ့ဩတုန်လှုပ်သွားသည့် အရိပ်အယောင်များကို အသေအချာ မြင်တွေ့လိုက်ကြရတော့သည်။

All Chapters