အခန်း ၂၇၆
Vol. 28 Ch. 276
အခန်း (၂၇၆) သူသည် အောက်သို့ဆင်းရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ
ဧကရာဇ်ဝမ်ရွှမ်းသည် ယွင်ဟွားအား သွားရောက်တွေ့ဆုံခြင်းမှ ရှောင်လွှဲနိုင်ရန် အစွမ်းကုန် ကြိုးစားနေလေ၏။
ဤမိန်းကလေးသည် တဖြည်းဖြည်း ပို၍ ရဲတင်းလာလေသည်။ ယခုဆိုလျှင် သူမသည် သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့ကို ဗြောင်ကျကျ ထုတ်ယူလာလေပြီ။ သူမသည် သူတို့ အသက်ရှည်လွန်းနေမည်ကို စိုးရိမ်ကာ တာဝန်ထမ်းဆောင်ရန် အောက်သို့ စောစောစီးစီး စေလွှတ်ချင်နေသည်လားပင် မသိနိုင်ပေ။
ဧကရာဇ်ဝမ်ရွှမ်းက သူ၏ အမတ်များဆီသို့ အကြည့်လွှဲလိုက်၏။
"ကောင်းပြီ... နွေဦးအင်ပါယာစာမေးပွဲက နီးကပ်လာပြီ... စာမေးပွဲစစ်ဆေးသူတွေ ရွေးချယ်တာနဲ့ ကျောင်းသားတွေ ခိုးချတာကို တားဆီးမယ့် စည်းမျဉ်းတွေက ယခင်နှစ်တွေကအတိုင်းပဲလား ဒါမှမဟုတ် အခြားမတူညီတဲ့ ဆုံးဖြတ်ချက်များ ရှိသလား..."
ဧကရာဇ်ဝမ်ရွှမ်းသည် စကားပြောဆိုပြီးသည်နှင့် သူ၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကို မျက်စိမှိတ်ပြလိုက်ရာ သူ၏ ဆိုလိုရင်းမှာ အလွန်ရှင်းလင်းနေလေသည်။
လိမ်လည်လှည့်ဖြားတတ်သော သို့မဟုတ် စာရိတ္တမကောင်းသော ကျောင်းသားများကို ဖယ်ရှားရန်အတွက် ထိုမိန်းကလေးငယ်အား အကြံပြုကြရန် ဖြစ်၏။
မည်သူမျှ မမြင်နိုင်သည့် အခွင့်အရေးကို အသုံးချကာ တရားသူကြီးစုတ်တံသည် ဧကရာဇ်ဝမ်ရွှမ်း၏ ခေါင်းပေါ်တွင် နားခိုလျက် သူ့အား ရူးသွပ်စွာ ကိုက်ခဲနေလေသည်။
ကျိန်စာတိုက်စရာပင်။
ကျောက်တုံးလေးသည် ၎င်း၏ စွမ်းအားများ ပြန်လည်ရရှိလာပြီး ယွင်ဟွားနှင့် သူတို့၏ စာချုပ်ကို ဖျက်သိမ်းလိုက်သည်နှင့် ၎င်း၏ ဆူးပါသော တုတ်တိုကို ကောက်ကိုင်ကာ သူ့ကို ရိုက်သတ်ရန် သေချာပေါက် လိုက်လံဖမ်းဆီးမည် ဖြစ်သည်။
“ပန်းကလေး... ဧကရာဇ်က နင့်ကို မျက်စိမှိတ်ပြနေတယ်... သူ တစ်ခုခု ကြံစည်နေပြန်ပြီထင်တယ်…”
သေခြင်းရှင်ခြင်းစာအုပ်သည် အချို့သော အရာများကို သူတို့ မကြားနိုင်ကြောင်း သိရှိထားသဖြင့် ယွင်ဟွား၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်၏။
ယွင်ဟွားသည် သူမ နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အချို့က ခေါင်မိုးကို မော့ကြည့်ကာ အချို့က သူတို့၏ ဖိနပ်များကို ငုံ့ကြည့်နေကြလေသည်။
ယုံအန်းမင်းသမီးသည် တစ်နေ့တခြား ပို၍ ရက်စက်လာပြီး သူမ၏ ဒဏ်ကို အနည်းငယ်မျှ မခံနိုင်ကြသဖြင့် မည်သူမျှ ဦးဆောင်ကာ ရှေ့ထွက်ရန် မလိုလားကြပေ။
မည်သို့ပင်ဖြစ်စေ သူနှင့် မသက်ဆိုင်သဖြင့် နန်ကုန်းယွမ်သည် တိတ်ဆိတ်စွာ နေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် အလွန်ဒေါသထွက်သွားသဖြင့် အံကြိတ်ကာ မည်သည့် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိမျှ စကားမပြောသောအခါ အမည်များကို တိုက်ရိုက်ခေါ်ရန် ဆုံးဖြတ်လိုက်၏။
"အမတ်ယွင်... မင်း ပြောစမ်း..."
ယွင်ရှောင်ထျန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရိုသေလေးစားစွာဖြင့် ရှေ့သို့ ထွက်လာကာ ပြောလိုက်သည်။
"အရှင်မင်းကြီး... ဒီကိစ္စက ထုံးတမ်းစဉ်လာရေးရာဌာနရဲ့ ကိစ္စဖြစ်ပြီး ကျွန်တော်မျိုး ဝင်မစွက်ဖက်ပါ..."
သူ့ကို ထောင်ချောက်ဆင်ရန် ကြိုးစားနေသည်လား... တွေးပင် မတွေးပါနှင့်။
ထုံးတမ်းစဉ်လာရေးရာဌာနဝန်ကြီး လုချန်ယွမ်မှာ အလွန်ထိတ်လန့်သွားသဖြင့် သူ၏ နှလုံးသားများပင် တုန်ယင်သွားလေသည်။ သူက ချက်ချင်းပင် ရှေ့သို့ထွက်ကာ ပြောလိုက်သည်။
"အမတ်ယွင်... မင်းက အရပ်ဘက်အရာရှိတွေရဲ့ ခေါင်းဆောင်ပဲ… မင်းက အကြံဉာဏ်အချို့ မပေးနိုင်ဘူးလား..."
*မြန်မြန်... မင်းရဲ့ သမီးကို ခေါ်ထုတ်လိုက်စမ်းပါ*
"မရဘူး..."
ယွင်ရှောင်ထျန်းက ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
"အသီးသီးမှာ ကိုယ်ပိုင်တာဝန်တွေ ရှိတယ်... ကျွန်တော်မျိုးရဲ့ တာဝန်က အရှင်မင်းကြီးကို နိုင်ငံရေးရာကိစ္စတွေမှာ ကူညီဆောင်ရွက်ပေးဖို့... ဌာနခြောက်ခုကို ပေါင်းစပ်ညှိနှိုင်းပေးဖို့... အရာရှိအားလုံးကို ကြီးကြပ်ဖို့နဲ့ အကျင့်ပျက်ခြစားပြီး တာဝန်မဲ့တဲ့ အရာရှိတွေကို စစ်ဆေးအရေးယူဖို့ပဲ.."
"ဒါ့အပြင်... ကျွန်တော်မျိုးရဲ့ အကြီးဆုံးသားကလည်း ဒီနှစ် အင်ပါယာစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုမှာလေ ကျွန်တော်မျိုးက မသင့်လျော်တဲ့ အသွင်အပြင်မျိုး မဖြစ်ပေါ်စေရအောင် ရှောင်ကြဉ်ရမယ်..."
လုချန်ယွမ်မှာ စကားမဟနိုင်တော့ပေ။
ဧကရာဇ်ကို စော်ကားမိလျှင် ဆူပူကြိမ်းမောင်းခံရရုံသာ ရှိမည်ဖြစ်သော်လည်း မင်းသမီးကို စော်ကားမိပါက အသက်ပါ ဆုံးရှုံးရနိုင်ပေသည်။
သူက အားတင်းကာ စကားပြောလိုက်၏။
"အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ အမြင်အရ ယခင်နှစ်များကအတိုင်းပင် လုပ်ဆောင်ခြင်းက ပို၍ ကောင်းမွန်ပါတယ်..."
ဧကရာဇ်ဝမ်ရွှမ်းမှာ အံ့သြမှင်တက်သွားလေသည်။
အားလုံး အလကားဖြစ်သွားလေပြီ။ နန်းတွင်းကို ထိုမိန်းကလေးငယ်က အတော်လေး ရှင်းလင်းပေးခဲ့ပြီးဖြစ်သည်။
ဘာတွေ မှားယွင်းနေသနည်း။
စာရိတ္တမကောင်းသော အခြားလူစုတစ်စုသည်လည်း အစိုးရအဖွဲ့အတွင်းသို့ ထပ်မံ ဝင်ရောက်လာဦးမည် ဖြစ်သည်။
ဧကရာဇ်ဝမ်ရွှမ်းက ချောင်းအနည်းငယ် ဆိုးလိုက်သည်။
"ပြီးခဲ့တဲ့ နွေဦးအင်ပါယာစာမေးပွဲအတွင်း ကျောင်းသားများစွာက နည်းလမ်းအမျိုးမျိုးဖြင့် စာစီစာကုံးများ တင်သွင်းကာ ခိုးချခဲ့ကြကြောင်း ကိုယ်တော် ကြားသိရတယ်... ယခင်က စာမေးပွဲစစ်ဆေးသူ အကြီးအကဲတစ်ဦးနဲ့ လက်ထောက်စစ်ဆေးသူ သုံးဦး ရှိခဲ့တယ်... ဒီနှစ်တော့ အဲ့လိုမကောင်းဆိုးဝါးနည်းလမ်းတွေကို တားဆီးဖို့ လူတစ်ဦးကို ထပ်မံတိုးချဲ့ခန့်အပ်လိုတယ်..."
"ကိုယ်တော် မသိသည်မှာ..."
"ကိုယ်တော့်ရဲ့ လေးစားအပ်ပါသော အမတ်တွေထဲမှာ... သင့်လျော်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရှိပါသလား..."
ထို့နောက် ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများထံသို့ တာဝန်ကို လွှဲချလိုက်ပြီး သူတို့ထဲမှ တစ်ဦးဦး ရှေ့ထွက်ရမည်ဟု ဆိုလေသည်။
ယွင်ဟွားသည် ၎င်းမှာ သူမနှင့် မသက်ဆိုင်သကဲ့သို့ ဟန်ဆောင်ကာ အေးဆေးစွာ ရပ်နေရင်း အားလုံး၏ မျက်နှာအမူအရာများကို စောင့်ကြည့်နေလေသည်။
ကောင်လေးနှစ်ကောင်သည် သူမ၏ ပခုံးပေါ်တွင် နားခိုကာ တိုးတိုးလေး ပြောလိုက်ကြသည်။
“ပန်းကလေး… ဧကရာဇ်အဘိုးကြီးက တကယ့်ခွေးအိုကြီးပဲ..”
တရားသူကြီးစုတ်တံသည် သူ၏ လက်သီးငယ်ကို ဆုပ်ကာ သူ့အား နံပါတ်တစ် ရန်သူအဖြစ် သတ်မှတ်လိုက်လေသည်။
“အဲ့ခွေးကြီးသာမကဘူး... အဲ့အမတ်တွေကို ကြည့်လိုက်ဦး... သူတို့က အာဏာအတွက် လျှို့ဝှက်စွာ ယှဉ်ပြိုင်နေကြတာ…”
သေခြင်းရှင်ခြင်းစာအုပ်က လက်ညှိုးလေးဖြင့် ညွှန်ပြလိုက်ရာ အမတ်များ၏ မျက်နှာအမူအရာများမှာ ထူးဆန်းနေကြလေသည်။
"အမတ်ချန်... မင်းက ယခင်က ကမ်းလှမ်းမှုကို နှစ်ကြိမ်တိုင်တိုင် ကြားဖြတ်ယူခဲ့ဖူးတယ်... မင်းမှာ အတွေ့အကြုံရှိတယ်... ဘာလို့ မင်း အရင်မသွားတာလဲ..."
အမတ်တစ်ဦးသည် ချန်ကျဲဟန်၏ အဝတ်အစားကို ဆွဲကာ ပြောလိုက်သည်။
ချန်ကျဲဟန်သည် နောက်သို့ပင် လဲကျလုနီးပါး ဖြစ်သွား၏။ သူသည် ယုံအန်းမင်းသမီး၏ လက်ထဲရှိ သူ့အား လက်ယပ်ခေါ်နေပုံရသော သေခြင်းရှင်ခြင်းစာအုပ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် အဘိုးကြီးယွင်၏ စကားကို ငှားရမ်းကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ငါက တရားရေးရာရုံးတော်ကို တာဝန်ယူထားတာ... ထုံးတမ်းစဉ်လာရေးရာဌာနကို မဟုတ်ဘူး..."
"အမတ်ချွေ့... မင်းက မင်းသမီးရဲ့ မိခင်ဘက်မှ အဘိုးဖြစ်ပဲ... ဘာလို့ မင်း မတက်သွားတာလဲ..."
ချွေ့ဟုန်ယွမ်သည် ထိုဆိုးယုတ်သော အကြံအစည်ကို ထုတ်ဖော်ပြောဆိုသည့် အမတ်ထံသို့ သူ၏ အကြည့်များကို အေးစက်စွာ ဝေ့ဝဲကြည့်လိုက်သည်။
"သူမက ငါ့ရဲ့ ဘိုးဘေးလေးပဲ..."
ဧကရာဇ်ဝမ်ရွှမ်းသည် အောက်ဘက်ရှိ အမတ်များ၏ လျှို့ဝှက်လုပ်ဆောင်မှုများကြောင့် ဒေါသထွက်နေလေသည်။
အိမ်ရှေ့စံသည် နန်ကုန်းယွမ်အား တွန်းဖယ်ရန် ကြိုးစားနေသော်လည်း တစ်ဖက်လူမှာ နက်နဲသော အတွင်းအားများရှိပြီး အလွန်ခိုင်မာသော ရပ်တည်ချက် ရှိနေလေသည်။
"ညီတော်... မင်းက သူမရဲ့ အချစ်တော်လေးလေ... သူမ မင်းကို သေချာပေါက် ခွဲခွာရက်မှာ မဟုတ်ဘူး..."
"လူတိုင်းရဲ့ အသက်တွေအတွက်... မင်းကိုယ်မင်း စတေးရမယ်..."
နန်ကုန်းယွမ်သည် အိမ်ရှေ့စံကို ကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးထောင့်မှ တတိယမင်းသားကို လှမ်းမြင်လိုက်ရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က အရိုက်ခံထားရသော ပခုံးကို ပွတ်သပ်နေသည့် တတိယမင်းသားကို မြင်တွေ့လိုက်ရပြီး လျှို့ဝှက်စွာ လှုပ်ရှားမှုအချို့ ပြုလုပ်ကာ ပြောလိုက်သည်။
"အဲ့မိန်းကလေးငယ်က ငါ့ကိုတောင်မှ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ သယ်သွားချင်နေတာ... အဲ့တာကို သူမ မလုပ်ရက်ဘူးလို့ မင်း ထင်နေတာလား..."
"ဒါနဲ့... ငါ့ရဲ့ နောင်တော် အိမ်ရှေ့စံ... မင်း ပြင်ဆင်ထားတာ ပိုကောင်းမယ်..."
နန်ကုန်းယွမ်သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး အိမ်ရှေ့စံကမူ သူ့ကို သံသယဖြင့် စိုက်ကြည့်နေဆဲဖြစ်သည်။
ရုတ်တရက်...
သူသည် နောက်ကွယ်မှ တွန်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ယိမ်းယိုင်ကာ မတ်တတ်ရပ်လိုက်ရသည်။
ထိုနောက် ချက်ချင်းပင် နန်ကုန်းယွမ်က လက်ကိုယှက်ကာ ပြောလိုက်သည်။
"ဦးရီးတော်ကို တင်ပြပါတယ်... နောင်တော် အိမ်ရှေ့စံမှာ အကြံပြုချင်တဲ့ သူတစ်ယောက်ရှိတယ်လို့ ခုလေးတင် ပြောလိုက်ပါတယ်..."
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက သက်ပြင်းချလိုက်နိုင်လေသည်။
အိမ်ရှေ့စံမှာ လုံးဝ အံ့အားသင့်သွားပြီး သူ၏ သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့သွားလေသည်။
"ခမည်းတော်... သားတော်..."
အိမ်ရှေ့စံ စကားမပြောနိုင်မီ ဧကရာဇ်ဝမ်ရွှမ်းက ဖြတ်ပြောလိုက်ပြီး သူ၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေလေသည်။
"ဒါဆိုရင်... အိမ်ရှေ့စံ... မင်း ဘယ်သူ့ကို အကြံပြုဖို့ ရည်ရွယ်ထားသလဲဆိုတာ ကိုယ်တော့်ကို ပြောစမ်း..."
အိမ်ရှေ့စံသည် သွေးအန်လုမတတ် ဖြစ်နေပြီး လူတိုင်းက လျစ်လျူရှုရန် ခက်ခဲသော တောက်ပသည့် အလင်းရောင်ကို စူးစိုက်ကြည့်နေကြသည်။
*ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ…*
တစ်ယောက်က တတိယညီဖြစ်ပြီး နောက်တစ်ယောက်က ဝမ်းကွဲညီဖြစ်၏။
*မင်းတို့ကို ငါ မှတ်ထားမယ်…*
အိမ်ရှေ့စံက တုန်ယင်စွာဖြင့် လက်ကိုယှက်ကာ အရိုအသေပေးလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့အမြင်အရ ယုံအန်းမင်းသမီးသည်သာ အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်ပါတယခ.. သူမက ကံကြမ္မာဟောကိန်းထုတ်ခြင်းနဲ့ ဗေဒင်တွက်ခြင်းတို့မှာ ကျွမ်းကျင်ပြီး နတ်ဘုရားများနဲ့ ဆက်သွယ်မှုများ ရှိပါတာ်... သူမမှာ လျှို့ဝှက်ဆန်းကြယ်သော ဆရာတစ်ဦးလည်း ရှိပါတယ်... သူမသာ အနီးအနားမှာရှိရင် ဒီနှစ် အင်ပါယာစာမေးပွဲတွင် ဖြတ်လမ်းမှသွားရန် ကြိုးစားသူများကို သားတော်တို့ သေချာပေါက် ဖမ်းဆီးနိုင်မယ် ဖြစ်ပါတယ်..."
ဧကရာဇ်ဝမ်ရွှမ်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"အိမ်ရှေ့စံပြောတာ မှန်တယ်... မိန်းကလေး... ကိုယ်တော် တကယ်ပဲ မင်းရဲ့ စွမ်းရည်တွေကို မေ့နေခဲ့တာ..."
သေခြင်းရှင်ခြင်းစာအုပ်က မျက်လုံးလှန်လိုက်၏။
သရုပ်ဆောင်တစ်စုပင်။
နောင်တစ်ချိန်တွင် သူတို့ စိတ်ကြိုက် သီချင်းဆိုနိုင်ရန်အတွက် ပန်းကလေးက စင်မြင့်တစ်ခုကို သေချာပေါက် တည်ဆောက်ပေးလိမ့်မည်။
ချက်ချင်းပင်...
သေခြင်းရှင်ခြင်းစာအုပ်သည် လှောင်ပြောင်သည့် လေသံဖြင့် အော်ဟစ်လိုက်သည်။
“သေသင့်တယ်. အိမ်ရှေ့စံ... နင့်ကို ငါ သတ်မယ်... နင် အမြဲတမ်းလုပ်တာက ဟွားဟွားဆီက အခွင့်အရေးယူဖို့ ကြိုးစားတာပဲ...နင်က သူမကို ဘာမှ ပြန်မပေးဘူး…”
“ရှူးရှူး... အိမ်ရှေ့စံက အသုံးမကျဘူး... သူ့ရဲ့ နှလုံးသားကို တိုက်ရိုက် ထိုးနှက်ရမယ်..”
“ပေပေ့ ထင်တာကတော့ သူ့ရှေ့မှာတင် သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးလိုက်ရမယ်... လှပတဲ့ အိမ်ရှေ့စံကြင်ယာတော်အတွက် ခင်ပွန်းအသစ်တစ်ယောက် ရှာပေးပြီး သူတို့ရဲ့ ကလေးတွေကို ဟွားဟွားရဲ့ မျိုးရိုးအမည် ယူခိုင်းလိုက်မယ်... ဒါဆိုရင် သူက ဇနီးနဲ့ ကလေးတွေနဲ့ ကွဲကွာသွားလိမ့်မယ်…”
တရားသူကြီးစုတ်တံသည် အိမ်ရှေ့စံ၏ နားအနီးသို့ တမင်တကာ ပျံသန်းသွားပြီး အသံကုန် အော်ဟစ်လိုက်သည်။ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် အိမ်ရှေ့စံ၏ ဦးရေပြားများ ထုံကျင်သွားကာ သူ၏ အမြင်အာရုံများ မှောင်မိုက်သွားလေသည်။
လူတိုင်းသည် သူတို့၏ ရင်ဘတ်များကို တစ်ပြိုင်နက် ပုတ်လိုက်ကြသည်။
ကံကောင်းသွားသည်။
သူတို့ကိုယ်တိုင် ထွက်မပြခဲ့ကြပေ။
“ပန်းကလေး... ဧကရာဇ်ကိုတောင် ချမ်းသာပေးလို့ မရဘူး... နင်က လစာတစ်လစာပဲ ရပေမယ့် လူတော်တော်များများရဲ့ အလုပ်ကို လုပ်နေရတယ်... အဲ့တာက မတရားဘူး... အရမ်းကို မတရားဘူး..”
“ကျွဲနွားတွေတောင်မှ ဒီလိုမျိုး အမြတ်ထုတ်မခံရဘူး... ရွှေလေးကို ထုတ်မပေးမချင်းပဲ…”
သေခြင်းရှင်ခြင်းစာအုပ်က ဒေါသထွက်နေဟန်ဆောင်ကာ "ရွှေလေး" ဟူသော စကားလုံးကို တမင်တကာ အလေးပေး ပြောလိုက်လေသည်။
ယွင်ဟွားကမူ မျက်နှာတင်းမာလျက် နာကြည်းမှုများ ပြည့်နှက်နေပြီး ပြောလိုက်သည်။
“နင်ပြောတာ မှန်တယ်... ရွှေအများကြီး မရဘဲနဲ့ ဒီမင်းသမီးက လုံးဝ လုပ်မှာမဟုတ်ဘူး... ငါတို့ ဒီည ဧကရာဇ်ကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ သယ်သွားသင့်တယ်လို့ ငါ ထင်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့အကြိမ်က သူ့ကို ဘိုးဘေးတွေက အဲ့ဒီကို ခေါ်သွားခဲ့တာပဲ... ဒါကြောင့် အဲ့တာ ထပ်ဖြစ်လာမှာကို ငါတို့ မကြောက်ဘူး…”
“ပန်းကလေး... ဒါက ဧကရာဇ်အပေါ် သက်ညှာလွန်းနေတယ်…”
သေခြင်းရှင်ခြင်းစာအုပ်သည် ခါးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“စာအုပ်ထဲကအရဆိုရင်... နတ်သမီးလေးဖြစ်တဲ့ ပန်းကလေးကို မှားယွင်းစွာ ဆက်ဆံတဲ့အတွက် သူ့ကို အပြစ်ပေးဖို့ ဓားတောင်ငရဲရဲ့ သတ္တမမြောက် အထပ်ကို အရင်ဆုံး ဆွဲချသွားတာက ပိုကောင်းလိမ့်မယ်…”
“မဟုတ်ဘူး... ဆီပူအိုးငရဲက သူ့အတွက် ပိုသင့်တော်မယ်လို့ ပေပေ့ ထင်တယ်…”
“ဓားတောင်ငရဲပဲ…”
“ဆီပူအိုးငရဲ…”
ဧကရာဇ်ဝမ်ရွှမ်းမှာ…
ဒါဆိုရင် အဲ့တာပဲ ဖြစ်ရမယ်။
သူသည် အောက်သို့ ဆင်းသွားရန် လုံးဝ လိုအပ်နေသည်လား။