← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း (၂၇၇) လောင်းကြေးထပ်ခြင်း

ကလေးနှစ်ဦးသည် အဆက်မပြတ် ငြင်းခုံနေကြပြီး ဧကရာဇ်ဝမ်ရွှမ်းမှာမူ အလွန်ကြောက်လန့်နေသဖြင့် ချွေးအေးများကို ဆက်တိုက် သုတ်နေရလေ၏။

"အိမ်ရှေ့စံက အကြံပြုထားတာဖြစ်လို့ ဒီကိစ္စကို ယုံအန်းမင်းသမီးအား လွှဲအပ်မယ်... အင်ပါယာစာမေးပွဲ ပြီးစီးသွားပါက သူမကို ရွှေပြားနှစ်ထောင် ချီးမြှင့်မယ်..."

ဘုရားရေ... သူသည် ထိုကောင်စုတ်များထံမှ လုယူလာသော ရွှေအနည်းငယ်ကိုပင် မခံစားရသေးမီ ထိုမိန်းကလေးက သူမ၏ အိတ်ကပ်ထဲသို့ ထည့်သွားလေပြီ ဖြစ်သည်။

ယွင်ဟွား၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားပြီး ပြုံးဖြီးကာ အော်ဟစ်လိုက်လေသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ အရှင့်ကို သေချာပေါက် စိတ်ပျက်စေမည် မဟုတ်ပါ..."

“ဘုရားရေ…”

*အရှေ့ပိုင်းက ကိုယ့်ဧကရာဇ်က သိပ်ကို ရက်ရောတာပဲ... သူက မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်ရုံသာမက ပြည်သူတွေကိုလည်း သားသမီးတွေလို ချစ်ခင်တယ်... သူတို့ရဲ့ အခက်အခဲတွေအတွက်လည်း နေ့မအားညမနား ပူပန်ပေးရှာတယ်... ဘေးနားက ပေကျန်းဧကရာဇ်ကျတော့ ကပ်စေးကုပ်လွန်းတဲ့အပြင် ပြည်သူတွေရဲ့ ဘေးကင်းရေးကိုတောင် ဂရုမစိုက်ဘဲ စစ်ပွဲတွေ ဖန်တီးနေသေးတယ်…”

“တကယ်ကို ပညာရှိတဲ့ အရှင်သခင်ပါလား... အရှင့်ရဲ့ အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်က ငြိမ်းချမ်းပြီး သာယာဝပြောနေတာပဲ…”

ယွင်ဟွား၏ မြှောက်ပင့်စကားများကြောင့် ဧကရာဇ်ဝမ်ရွှမ်းမှာ လုံးဝ တွေဝေသွားပြီး သူ၏ ခေါင်းကို ဂုဏ်ယူဝင့်ကြွားစွာ မော့ထားလိုက်လေသည်။ ထို့နောက် အလွန်ဝမ်းမြောက်သွားကာ ချက်ချင်းပင် ကြေညာလိုက်၏။

“အင်ပါယာစာမေးပွဲက တုံလင်နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတယ်... အမတ်ငယ်ယွင်သာ ကြီးကြပ်ပေးမည်ဆိုရင် ကိုယ်တော် စိတ်အေးရတယ်... ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ရွှေနှစ်ထောင်က မလုံလောက်သဖြင့် နောက်ထပ် သုံးထောင် ထပ်ဆောင်းပေးမယ်..."

နန်းတွင်းအရာရှိများကလည်း သူတို့၏ သဘောထားများကို ဖော်ပြကြလေသည်။ သူတို့သည် လုံးဝ မနာလိုမဖြစ်ကြပေ။

"အရှင်မင်းကြီး... ချီးမြှင့်မှုအတွက် ကျေးဇူးတင်ပါတယ်..."

မည်သူမဆို မြှောက်ပင့်ပြောဆိုတတ်ကြောင်းကို သိထားသဖြင့် ယွင်ဟွားသည် ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

သေခြင်းရှင်ခြင်းစာအုပ်က နှုတ်ခမ်းဆူလိုက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်ကာ ပြောလိုက်လေသည်။

“ကောင်းပြီလေ... ဧကရာဇ်က သဘောကောင်းတာကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ သူ့ကို လွှတ်ပေးလိုက်မယ်”

ဧကရာဇ်ဝမ်ရွှမ်းက သက်ပြင်းချလိုက်လေသည်။ ဤမိန်းကလေးမှာ ချော့ရလွယ်ကူလှပေသည်။

ခေါင်းကို ငုံ့ထားကာ ကြောက်မက်ဖွယ်ကောင်းအောင် ကြည့်နေသော အိမ်ရှေ့စံကို တရားသူကြီးစုတ်တံက စိုက်ကြည့်နေလေ၏။

"ငါတို့ ဧကရာဇ်ကို လွှတ်ပေးလိုက်ပေမယ့် ဒီအကြံကို ထုတ်ပေးတဲ့ အိမ်ရှေ့စံကိုတော့ အလွတ်ပေးလို့ မရဘူး..."

“ဟွားဟွားလေးက အခု အရွယ်ရောက်လာပြီဆိုတော့ အလုပ်အတွက် စောစောထရတာက လုံလောက်အောင် ပင်ပန်းနေပြီကို သူက နင့်ရဲ့ အနားယူချိန်တွေကိုပါ လုယူနေသေးတယ်... ငါ့ရဲ့ ဟွားဟွားလေး ဘယ်လောက်တောင် ပိန်သွားပြီလဲဆိုတာ ကြည့်စမ်း…”

လူတိုင်း... "..."

နန်ကုန်းယွမ်သည် သူ၏ မိန်းကလေးငယ်ကို ကြည့်ကာ ရင်နာသွားလေသည်။ သူမသည် တကယ်ပင် ပိန်သွားခဲ့၏။ ယခုအခါ သူမ၏ မေးစေ့မှာ အလွန်ချွန်နေပြီး ဝဝကစ်ကစ်လေးဖြစ်စဉ်က ပို၍ လှပလေသည်။

နန်ကုန်းယွမ်က အိမ်ရှေ့စံအား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သူမ... ပိန်သွားတယ်... မင်းရဲ့ ဧကရာဇ်အနာဂတ်နဲ့ တုံလင်နိုင်ငံရဲ့ အနာဂတ်အတွက် သူမ တကယ်ကို နေ့မအားညမနား ပူပန်နေခဲ့ရတာ..."

အိမ်ရှေ့စံ : "ငါ..."

သူသည် ဤအခြေအနေသို့ တွန်းပို့ခံလိုက်ရကြောင်း သိလိုက်သဖြင့် ငိုချင်စိတ်ပင် ပေါက်သွားလေ၏။

"ခမည်းတော်... ယုံအန်းမင်းသမီးကို သူမရဲ့ ပုံမှန်တာဝန်တွေအပြင် အင်ပါယာစာမေးပွဲကိုပါ တာဝန်ယူဖို့ အကြံပြုမိတဲ့အတွက် ကျွန်တော်မျိုး တကယ့်ကို ရှက်မိပါတယ်... အရှင့်ဆီက ဆုလာဘ်တွေ ရရှိထားပေမယ့် မင်းသမီးကို ဆုချဖို့အတွက် ရွှေပြားသုံးထောင်ကို ကျွန်တော်မျိုးကိုယ်တိုင်လည်း ပေးအပ်ချင်ပါတယ်..."

သူ၏ ဂိုဒေါင်သုံးခုအနက် နောက်ဆုံးတစ်ခုမှာ စတင်ဖွင့်လှစ်ခံရလေပြီ။

“အိုး... ရှင်က အတော်လေး သိတတ်တာပဲ... ကောင်းပြီလေ...ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်... ဒါပေမယ့် နောက်ဆိုရင် ရှင့်ကို ပိုပြီး ဂရုစိုက်ပေးရမယ်…”

“ရှင့်ရဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ ရှောင်ဖုန်းရှန်းနဲ့ ရှောင်ဟိုင်ထန်က ငါ့အိမ်ကို ရောက်လာလိမ်မယ်…”

*ရှောင်ရှူးရှူး... ရှောင်ပေပေ့... နင်တို့ ဘယ်လိုထင်လဲ... ငါ ရှောင်ဖုန်းရှန်းကို နောက်ထပ် ဧကရာဇ်အဖြစ် တိုက်ရိုက်တင်မြှောက်လိုက်ရမလား... ဒါမှမဟုတ် အိမ်ရှေ့စံကို ဆယ်ရက် ဒါမှမဟုတ် လဝက်လောက် ပျော်ပါးခွင့်ပေးပြီးမှ သူ့ကို ရာထူးချလိုက်ရမလား…”

ယွင်ဟွားသည် စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။

“ငါ သိပ်ကို ဝေခွဲမရဖြစ်နေတယ်... နောင်ကျရင် အိမ်ရှေ့စံက ငါ့ကို ရွှေတွေ ပိုပေးပြီး လှပတဲ့ အိမ်ရှေ့စံကြင်ယာတော်က ငါ့ကို အဖော်ပြုပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ…”

အိမ်ရှေ့စံမှာ ယိမ်းယိုင်သွားပြီး သတိလစ်မကျသွားစေရန် နန်ကုန်းယွမ်၏ လက်မောင်းကို ဆွဲကိုင်ထားလိုက်ရလေသည်။

"ဒါကို နားထောင်စမ်း... ဒါကို နားထောင်စမ်း..."

"သူမက ငါ့ဂိုဒေါင်ကို လိုချင်ရုံတင်မကဘူး... ငါ့ကလေးတွေကိုပါ လိုချင်နေတာ... နောက်ဆုံးကျတော့ ငါ့မိန်းမကိုပါ ပစ်မှတ်ထားနေသေးတယ်..."

"ဝမ်းကွဲညီတော်... မင်းရဲ့ မိန်းကလေးငယ်ကို တကယ်ပဲ မထိန်းနိုင်တော့ဘူးလား..."

နန်ကုန်းယွမ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

“ငါက မိန်းမကြောက်ရတယ်..."

ရှောင်ဟွားအာသာ စိတ်မပျော်မရွှင်ဖြစ်သွားလျှင် နောက်ဆုံးတွင် ဒုက္ခရောက်မည့်သူမှာ သူပင်ဖြစ်မည်ကို ကြောက်ရွံ့နေလေသည်။

မည်သို့ပင်ဖြစ်စေ ထိုမိန်းကလေးငယ်မှာ သူတို့ကို စနောက်နေခြင်းသာဖြစ်သဖြင့် သူ လုံးဝ စိုးရိမ်မနေခဲ့ပေ။

အိမ်ရှေ့စံ "..."

မြက်ခင်းများ ရှင်သန်ကြီးထွားလာပြီး ငှက်ဝါလေးများ တေးသီကြွေးနေကြကာ မတ်လ၏ နွေဦးရာသီသို့ တစ်ဖန် ရောက်ရှိလာခဲ့လေသည်။

ယွင်ဟွားသည် ပေါ့ပါးသော အင်္ကျီတစ်ထည်ကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး နိုင်ငံအနှံ့မှ ကျောင်းသားများသည်လည်း မြို့တော်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြလေသည်။

ဤကာလအတွင်း နန်းတွင်းတစ်ခွင်လုံးမှာ ယွင်ဟွားနှင့် ကလေးများကြောင့် အလွန်ပင်ပန်းနွမ်းနယ်နေကြပြီး ခွန်အားနှင့် စိတ်ဓာတ်များ ဆုံးရှုံးသွားသကဲ့သို့ ဖြစ်နေလေသည်။

ယခင်က တော်ဝင်ညီလာခံသို့ တက်ရောက်ရန် စိတ်အားထက်သန်ခဲ့ကြသော်လည်း ယခုအခါတွင်မူ နေ့စဉ် ယုံအန်းမင်းသမီးနှင့် တွေ့ရမည်ကို အလွန်ကြောက်ရွံ့နေကြ၏။

ယွင်ဟွားသည် တော်ဝင်ညီလာခံမှ ပြန်လည်ထွက်ခွာလာပြီး ရထားလုံးထဲတွင် ထိုင်နေစဉ် လမ်း၏ တစ်ဖက်တစ်ချက်ဆီမှ အော်ဟစ်သံများကို ကြားလိုက်ရလေသည်။

"မြန်မြန်... မြန်မြန် လောင်းကြေးထပ်ကြ... လောင်းကြေးထပ်ကြ... ဒီနှစ်ရဲ့ ထိပ်တန်းပညာရှိက ဘယ်သူဖြစ်မလဲ... အားလုံးပဲ လောင်းကြေးထပ်ကြ..."

"ယွင်မိသားစုရဲ့ သားအကြီးဆုံး ယွင်ချင်းမော့ကို ငါ လောင်းမယ်..."

"ငါလည်း သူ့ကိုပဲ လောင်းမယ်..."

လူအုပ်ကြီးမှာ ဆွေးနွေးသံများဖြင့် ဆူညံနေလေသည်။ ယုံအန်းမင်းသမီး၏ အစ်ကိုအကြီးဆုံးမှာ ငယ်စဉ်ကတည်းက အလွန်ထက်မြက်သူဖြစ်ပြီး အလွန်မြင့်မားသော ဂုဏ်သတင်းရှိသူ ဖြစ်သည်။ သူ့အား ဝန်ကြီးချုပ်ကိုယ်တိုင် သင်ကြားပေးခဲ့ရုံသာမက ချွေ့နယ်စားကလည်း ကြီးကြပ်ပေးခဲ့သည်။ အခြေခံအားဖြင့် လူတိုင်းက သူ့ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

"ဒါတင်မကဘူး... ယွင်မိသားစုရဲ့ ဘိုးဘေးတစ်ယောက်က သူ့ကို အထူးသင်ကြားပေးခဲ့တယ်လို့ ကောလာဟလတွေ ကြားရတယ်..."

"တကယ်လား..."

ထိုသူက ချက်ချင်းပင် သူ၏ လောင်းကြေးကို ပြောင်းလဲလိုက်လေသည်။

"ဒါနဲ့... ချွေ့မိသားစုရဲ့ သားအကြီးဆုံး ချွေ့ကျင်းချူလည်း ဒီအင်ပါယာစာမေးပွဲမှာ ပါဝင်တယ်လို့ ကြားတယ်... ပထမနေရာက မင်းသမီးရဲ့ အစ်ကိုအရင်းဖြစ်နေတော့ သူက ဒုတိယနေရာ ရဖို့များတယ်..."

"ငါ သူ့ကို လောင်းမယ်... ချွေ့ကျင်းချူက ဒုတိယပဲ..."

လူတစ်ဦးက စတင်လောင်းကြေးထပ်လိုက်သည်နှင့် အခြားသူများကလည်း လိုက်လံလုပ်ဆောင်ကြလေသည်။

ယွင်ဟွားက မျက်လုံးလှန်လိုက်၏။ သူမသည် ဤစာမေးပွဲ၏ ရလဒ်များကို သိရှိထားပြီးဖြစ်ရာ သူမ၏ အစ်ကိုကို လောင်းကြေးမထပ်ခဲ့ခြင်းဖြစ်သည်။

ယွင်အိမ်တော်သို့ ပြန်ရောက်သောအခါ သူမသည် ရုပ်ဖျက်ကာ ဘေးပေါက်မှနေ၍ တိတ်တဆိတ် ထွက်လာခဲ့လေသည်။

“နင်တို့နှစ်ယောက် ခဏလောက် တိတ်တိတ်နေကြ... မင်းသမီးဖြစ်တဲ့ ငါက လောင်းကြေးထပ်တာကို လူတွေ သိသွားရင် သူတို့လည်း ငါနဲ့ ထပ်တူ လောင်းကြလိမ့်မယ်…”

“ပန်းကလေး... စိတ်မပူပါနဲ့... ငါ ပါးစပ်ပိတ်ထားပါ့မယ်…”

သေခြင်းရှင်ခြင်းစာအုပ်က နားလည်ကြောင်း ပြသရန် တိတ်တိတ်နေရန် အမူအရာ လုပ်ပြလိုက်လေသည်။

“ပေပေ့ကလည်း တိတ်ဆိတ်နေမယ်… ဒါက ရှောင်ကျင်းဇီနဲ့ ပတ်သက်တဲ့ အလွန်အရေးကြီးကိစ္စပဲ.”

"ဒုတိယနေရာအတွက် ကျန်းပင်းကျစ်နဲ့ တတိယနေရာအတွက် ချွေ့ကျင်းချူတို့ကို ငါ လောင်းချင်တယ်..."

သူမ၏ ဝမ်းကွဲအစ်ကိုမှာ သူမ၏ အစ်ကိုအကြီးဆုံးကဲ့သို့ပင် ပညာတတ်မြောက်သော်လည်း သူသည် အလွန်ချောမောနေသဖြင့် တတိယအဆင့် ပညာရှိအဖြစ် တိုက်ရိုက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

လူတိုင်း အံ့အားသင့်သွားကြလေသည်။

"သခင်လေး... မင်း လောင်းကြေး မှားထပ်လိုက်တာ ဖြစ်ရမယ်..."

မျက်စိရှိသူ မည်သူမဆို ဒုတိယနေရာမှာ ချွေ့ကျင်းချူဖြစ်ကြောင်းကို မြင်နိုင်ပေသည်။ ကျန်းပင်းကျစ်၏ အမည်မှာ စာရင်းထဲတွင် ပါဝင်နေပြီး သူသည် နေရာငယ်လေးတစ်ခုမှ လာကာ ပညာအနည်းငယ် တတ်မြောက်သည်ဟု ဆိုသော်လည်း ဒုတိယနေရာ ရရှိရန် မဖြစ်နိုင်ပေ။

ယွင်ဟွားသည် လေးနက်သော အသံဖြင့် လူနှစ်ဦး၏ အမည်များအောက်တွင် ရွှေသပြာများကို ခေါင်းမာစွာ ချထားလိုက်သည်။

“သူတို့ပဲ... တစ်ယောက်ကို ရွှေငါးထောင်စီ..."

သူမသည် ထိုထက်ပို၍ လောင်းချင်သော်လည်း နောက်ဆုံးတွင် သူဌေး၌ ပေးချေရန် ငွေမရှိမည်ကို ကြောက်ရွံ့နေခဲ့သည်။

ယွင်ဟွားက ရက်ရောကြောင်းကို မြင်သောအခါ ဆိုင်ရှင်က ပြုံးကာ သဘောတူလိုက်လေသည်။

"သခင်လေးက သိပ်ကို ရက်ရောတာပဲ... ဒီစပေါ်ငွေကိုတော့ ပြန်အမ်းလို့ မရဘူးနော်..."

မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူက ငွေများကို သူ၏ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်လေသည်။ သူသည် ငွေများလွန်းနေသော လူမိုက်တစ်ဦးသာ ဖြစ်သည်။ အလကားရသော ငွေကို သူက မည်သို့ ငြင်းပယ်နိုင်မည်နည်း။ စုစုပေါင်း ရွှေတစ်သောင်းပင် ရှိလေသည်။

*ငါ အမြတ်ထွက်ပြီပဲ…*

ယွင်ဟွားသည် ခြေဆောင့်ကာ ထွက်သွားပြီးနောက် နန်ကုန်းယွမ်ကလည်း လူများကို စေလွှတ်၍ ချက်ချင်းပင် လောင်းကြေးထပ်စေခဲ့လေသည်။

ဤနှစ်တွင် လူမိုက်များ အလွန်ပေါများလှသဖြင့် သူဌေးမှာ အလွန်ဝမ်းမြောက်နေလေ၏။

ယွင်ဟွားသည် လမ်းများပေါ်တွင် လျှောက်သွားရင်း စားသောက်နေစဉ် မလှမ်းမကမ်းရှိ ကုက္ကိုပင်အိုကြီးအောက်မှ ဗေဒင်ဟောသည့် ဆိုင်ငယ်လေးတစ်ခုက သူမ၏ အာရုံကို ဖမ်းစားသွားသဖြင့် ထိုဆီသို့ လျှောက်သွားလိုက်လေသည်။

"လက်လွတ်မခံကြနဲ့... ငါက ကျားထျဲ့ကျွေ့ပဲ... ငါ့စကားက မင်းတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တယ်... ငါ့ရဲ့ ဗေဒင်ဟောကိန်းတွေက တစ်ခါမှ မလွဲခဲ့ဖူးဘူး..."

"သခင်လေး... မင်းက ဒီနှစ် စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ ကျောင်းသားတစ်ယောက်ဆိုတာ ငါ မြင်တယ်... မင်းရဲ့ ပတ်လည်မှာ အနီရောင်အလင်းတန်းတွေ ဝန်းရံနေတယ်ဆိုတာက ကံကောင်းခြင်းကို ပြသနေတာပဲ... ဒါပေမယ့် ကံမကောင်းစွာနဲ့ အနီရောင်ထဲမှာ အနက်ရောင် အရိပ်အယောင်လေး ပါနေတယ်... တစ်ခုခု မှားယွင်းနေတယ်ဆိုတာကို ပြသနေတာ ဖြစ်နိုင်တယ်..."

"သခင်လေး... စိုးရိမ်စရာ မလိုပါဘူး... ငါ့ဆီမှာ အဆောင်တစ်ခု ရှိတယ်... ဒါကို နေ့တိုင်း ဆောင်ထားသရွေ့ မင်း စာရင်းထဲမှာပါမယ်လို့ ငါ အာမခံတယ်... စျေးလည်း မကြီးပါဘူး... ငွေစ ငါးဆယ်တည်းပါ..."

ယွင်ဟွား "..."

All Chapters