အခန်း ၂၈၀
Vol. 28 Ch. 280
အခန်း (၂၈၀) အင်ပါယာစာမေးပွဲ
အင်ပါယာစာမေးပွဲ ကျင်းပမည့်နေ့ ရောက်ရှိလာလေ၏။
မိုးမသောက်မီအချိန်တွင် ယွင်ဟွားသည် ပုံမှန်ထက် ပို၍ စောစီးစွာ နိုးထလာခဲ့လေသည်။
"စတုတ္ထသခင်မလေး... ဒီနေ့ အတော်စောစော ထပါလား..."
ထောင်ကျီသည် ယွင်ဟွားအား အရာရှိဝတ်စုံ လဲလှယ်ဝတ်ဆင်ရန် ကူညီပေးလိုက်၏။ ယနေ့မှစ၍ သခင်မလေးသည် စာမေးပွဲခန်းမအတွင်း လိမ်လည်ဖြေဆိုမည့် ကျောင်းသားများကို တားဆီးရန်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း သူမ ကြားသိထားလေသည်။
"ရှောင်ထောင်ဟွာ ပြန်ရောက်ပြီလား..."
ယွင်ဟွားသည် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ကာ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။
"မရောက်သေးဘူး... ဒါပေမဲ့ မကြာခင် ရောက်လာတော့မှာပါ..."
ထောင်ကျီ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်ထောင်ဟွာ ပြန်ရောက်လာလေသည်။
"အခြေအနေ ဘယ်လိုလဲ..."
ယွင်ဟွားသည် ရှောင်ထောင်ဟွာအား တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူမသည် ဤကံကောင်းစေသော အလေ့အထကို အခြားကမ္ဘာတစ်ခုမှ သင်ယူလာခဲ့ခြင်း ဖြစ်ပေသည်။
"ဖူး..."
ထိုအချိန်က ချွေ့မိသားစု၏ သားအကြီးဆုံးဖြစ်သူ၏ မျက်နှာအမူအရာကို တွေးမိသောအခါ ရှောင်ထောင်ဟွာမှာ ရယ်မောချင်စိတ်ကို မထိန်းချုပ်နိုင်တော့ချေ။
"ပြီးပါပြီ သခင်မလေး..."
ထိုအခါ ယွင်ဟွားသည် အထုပ်တစ်ထုပ်ကို သယ်ပိုးကာ ယွင်ချင်းမော့၏ အခန်းထဲသို့ ခပ်ကြွားကြွားဟန်ဖြင့် ဝင်ရောက်သွားလေတော့သည်။
"အစ်ကိုကြီး အစ်ကိုကြီး... နိုးပြီလား..."
ယွင်ဟွားသည် တံခါးကို ပြင်းထန်စွာ ထုရိုက်လိုက်ရာ အသံမှာ ကျယ်လောင်လွန်းလှသဖြင့် ယွင်ချင်းမော့မှာ ကုတင်ပေါ်မှ ချက်ချင်းပင် ခုန်ဆင်းလာခဲ့ရလေသည်။
တံခါးပွင့်သွားသည်နှင့် ယွင်ဟွားသည် အထဲသို့ တိုးဝင်သွားလေ၏။
"ညီမလေး... မနက်စောစောစီးစီး အထုပ်ကြီးပိုက်ပြီး ငါ့အခန်းထဲကို ဘာလာလုပ်တာလဲ..."
ယွင်ဟွားသည် အထုပ်ကိုဖွင့်ကာ အတွင်းမှ ပစ္စည်းများကို ပြသလိုက်သောအခါ ယွင်ချင်းမော့မှာ လုံးဝပင် အံ့အားသင့်သွားရလေတော့သည်။
"ညီမလေး... ဘာလုပ်နေတာလဲ..."
ယွင်ဟွားသည် ယွင်ချင်းမော့၏ ပုံမှန်မဟုတ်တော့သော မျက်နှာအမူအရာကို မမြင်လိုက်ဘဲ အတွင်းမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဆက်လက် ထုတ်ယူနေလေ၏။
"အစ်ကိုကြီး... မြန်မြန်လဲလိုက်..."
ယွင်ချင်းမော့ : ......
"ညီမလေး... အစ်ကိုက ဒီနေ့ အင်ပါယာစာမေးပွဲ သွားဖြေမှာလေ... မင်္ဂလာသွားဆောင်မှာ မဟုတ်ဘူး..."
ယွင်ချင်းမော့သည် စူးရှသောအသံဖြင့် ပြောလိုက်လေသည်။ အတွင်းခံ၊ ဖိနပ်နှင့် ခြေအိတ်များအပါအဝင် အားလုံးမှာ အနီရောင်ချည်းဖြစ်နေသဖြင့် သူ၏ မျက်နှာမှာ တစ်ကိုယ်လုံး နီမြန်းသွားရလေ၏။
“ငါ သိတယ်... ဒါပေမဲ့ အနီရောင်က ကံကောင်းစေတယ်လေ..."
"ဒါ့အပြင် အစ်ကို့အတွက် ပြင်ဆင်ပေးထားတဲ့ အပြင်ဝတ်ရုံက အနီရဲရဲကြီး မဟုတ်ပါဘူး... အပြင်ဝတ်သွားလို့ရတဲ့ အနီရင့်ရောင်လေးပါ..."
ယွင်ဟွားသည် ယွင်ချင်းမော့အား ကုလားထိုင်ပေါ်သို့ အတင်းအကျပ် ဖိထိုင်စေလိုက်ပြီး လက်ထဲတွင် ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲကို ကိုင်ဆောင်ထားကာ သူမ၏ မျက်နှာငယ်လေးပေါ်တွင် ခြိမ်းခြောက်သည့် အမူအရာများ ပြည့်နှက်နေလေ၏။
"အစ်ကိုကြီးလား... တခြားဘယ်သူရှိသေးလဲ..."
"ဝမ်းကွဲအစ်ကိုကြီး ချွေ့ကျင်းချူရောပဲ... အစ်ကိုတို့ နှစ်ယောက်က လုံးဝတူတူပဲ..."
ယွင်ချင်းမော့၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တွန့်ကွေးသွားပြီး ယွင်ဟွား၏ လက်ထဲရှိ ရွှေအုတ်ခဲလေးကို တစ်ချက်ကြည့်လိုက်ကာ
"အစ်ကို မဝတ်ဘူး... ဒီအကြံကို လက်လွှတ်လိုက်တော့..."
ယနေ့သည် သူ အင်ပါယာစာမေးပွဲ ဖြေဆိုရမည့်နေ့ ဖြစ်သည်။ သူမက စိုးရိမ်ပူပန်တတ်သူတစ်ဦး ဖြစ်သော်လည်း ဤကိစ္စကိုမူ ဖျက်ဆီးပစ်မည် မဟုတ်ပေ။
ယွင်ဟွားက မကျေမနပ်ဖြင့် အံကြိတ်ကာ
"တကယ် မဝတ်ဘူးလား..."
"မဝတ်ဘူး..."
"ကောင်းပြီလေ... အစ်ကို နောင်တရလိမ့်မယ်..."
ယွင်ဟွားသည် သူမ၏ အဝတ်အစားများကို ကောက်ယူကာ လှည့်၍ အခန်းထဲမှ ထွက်ခွာသွားစဉ် သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံလေးတို့အား မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။
“ဟွန့်... စေတနာကို နားမလည်ဘူး... ဒါက ငါ့ရဲ့ဟွားဟွားက သေချာဂရုတစိုက် ပြင်ဆင်ပေးထားတာ... ပြီးတော့ ဒီအထဲမှာ ဟွားဟွားရဲ့ ကောင်းချီးတွေတောင် ပါသေးတယ်... ပေပေ့... ငါ တကယ့်ကို ကိုက်သတ်ချင်စိတ် ပေါက်လာပြီ…”
တရားသူကြီးစုတ်တံလေးသည် သူ၏ နားအနီးသို့ ရောက်လုမတတ် လျင်မြန်စွာ ပျံသန်းသွားပြီးနောက် အသံကုန် အော်ဟစ်လိုက်လေ၏။
“ဒီကောင်စုတ်လေးကို ဂရုစိုက်မနေနဲ့…”
“ဘယ်လိုပဲဖြစ်ဖြစ် စာမေးပွဲက ကိုးရက်အတွင်း သုံးကြိမ် ဖြေရမှာ... သူတို့က စာမေးပွဲခန်းမမှာပဲ စားသောက်ပြီး အိပ်ရမှာ... ဟွားဟွားက အဝတ်အစားတိုင်းကို ယင်စွမ်းအင်နဲ့ ကုသိုလ်စွမ်းအားတွေ ထည့်ပေးထားလို့ သူ့အလိုလို သန့်ရှင်းသွားနိုင်တယ်... ဒါတွေအားလုံးက သူတို့ကို ပိုပြီး သက်တောင့်သက်သာဖြစ်စေဖို့နဲ့ ကံကောင်းစေဖို့လုပ်ပေးထားတာ... ဒါမှ သူတို့ ခုံနံပါတ်ဆိုးတွေ မရမှာလေ…”
“သူတို့က တန်ဖိုးမထားမှတော့ ကိုးရက်လုံးလုံး ဒုက္ခခံရဖို့ ထိုက်တန်တယ်... တကယ်လို့ ခုံနံပါတ်ဆိုးသာ ရသွားရင်တော့ သူတို့အတွက် နာကျင်စရာ ကမ္ဘာကြီးတစ်ခု ဖြစ်လာလိမ့်မယ်…”
ယွင်ချင်းမော့၏ မျက်နှာအမူအရာများ အကြိမ်ကြိမ် ပြောင်းလဲသွားသည်ကို ကြည့်ကာ သေခြင်းရှင်ခြင်းစာအုပ်၏ အသံမှာ လှောင်ပြောင်နေသော လေသံဖြင့် တဖြည်းဖြည်း တိတ်ဆိတ်သွားလေ၏။
“ရှူးရှူး... သွားကြစို့... နောက်မှ ဟွားဟွားကို အဝတ်အစားတွေ အကုန်မီးရှို့ခိုင်းလိုက်မယ်... နောက်ဆိုရင် သူ့ကို ကောင်းတဲ့ပစ္စည်းတွေ ဘာမှမပေးနဲ့တော့…”
တရားသူကြီးစုတ်တံလေးသည် ဒေါသကြောင့် မျက်လုံးများ နီရဲနေပြီး သေခြင်းရှင်ခြင်းစာအုပ်အား ကိုင်ဆောင်ထားသော လက်ငယ်လေးကို ဆုပ်ကိုင်ကာ ပျံသန်းထွက်ခွာသွားလေတော့သည်။
ယွင်ချင်းမော့ : ......
"ညီမလေး... မင်း... ခဏလေး စောင့်ဦး..."
"အစ်ကို ဝတ်မယ်... အနီရောင်က ပွဲလမ်းသဘင်နဲ့ ကံကောင်းစေတယ်လေ... အစ်ကို သိပ်သဘောကျတာပဲ ညီမလေးရာ..."
ယွင်ချင်းမော့သည် မီးဖိုအတွင်းမှ အဝတ်အစားများကို အချိန်မီ ဆွဲထုတ်ကယ်တင်လိုက်နိုင်လေ၏။
တစ်ချိန်တည်းမှာပင် သူတို့၏ ရွှေလေးများ တစ်ဝက်ကျော်ခန့် ဆုံးရှုံးသွားခဲ့ရလေသည်။
ယွင်ဟွားက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
"အစ်ကိုကြီး... အစ်ကို့ရဲ့ ဆန္ဒတွေ တကယ် ပြည့်ဝလာတော့မှာပါ..."
အစ်ကိုကြီး၏ အနာဂတ်အတွက်ဖြစ်စေ မိသားစုအတွက်ဖြစ်စေ ပျော်ရွှင်ပြီး ပြည့်စုံသော ဘဝတစ်ခုကို ပိုင်ဆိုင်ရပေမည်။
ယွင်ဟွားတွင် လုပ်ဆောင်ရန် တရားဝင် တာဝန်ရှိသဖြင့် စာမေးပွဲခန်းမသို့ အချိန်မတိုင်မီ ကြိုတင်ရောက်ရှိနေခဲ့လေသည်။
"မင်္ဂလာနံနက်ခင်းပါ ယုံအန်းမင်းသမီး..."
"မင်္ဂလာနံနက်ခင်းပါ အမတ်လု..."
စာမေးပွဲကြီးကြပ်ရေးမှူးချုပ်ဖြစ်သော လုချန်ယွမ်သည် အခြားသူများထက် ပို၍ စောစီးစွာ ရောက်ရှိနေခဲ့၏။ သို့သော်လည်း ယုံအန်းမင်းသမီး၏ ဘေးတွင် ရပ်နေသော မင်းသားစုကို မြင်လိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခြင်းကို မထိန်းချုပ်နိုင်တော့ချေ။
"အမတ်လု... ကျွန်တော်လည်း ဒီစာမေးပွဲအတွက် ကြီးကြပ်သူတွေထဲက တစ်ဦးပါပဲ..."
နန်ကုန်းယွမ်သည် တည်ငြိမ်စွာပင် ပြောလိုက်လေသည်။ သူသည် အိမ်ရှေ့စံမင်းသားထံမှ ခွင့်ပြုချက်ရရှိရန်အတွက် ရွှေအမြောက်အမြား အသုံးပြုကာ လာဘ်ထိုးခဲ့ရကြောင်းကိုမူ မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ။
ရှောင်ဟွားရှိနေမည့် မည်သည့်နေရာတွင်မဆို သူ အမြဲတမ်း ရှိနေမည်သာဖြစ်ပေသည်။
အခြားတစ်ဖက်တွင်မူ ယွင်ဟွား ပြင်ဆင်ပေးလိုက်သော အဝတ်အစားများကြောင့် ယွင်ချင်းမော့နှင့် ချွေ့ကျင်းချူတို့၏ ခရီးစဉ်မှာ မယုံကြည်နိုင်လောက်အောင်ပင် အလွန် ချောမွေ့နေခဲ့လေသည်။
သူတို့နှစ်ဦးသည် မြင်းလှည်းပေါ်မှ တစ်ချိန်တည်း ဆင်းလာခဲ့ကြရာ အခြားသော စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအားလုံးက လှည့်ကြည့်လာကြလေ၏။
ထိုအချိန်တွင် တင်းကျပ်စွာ ပိတ်ထားသော စာမေးပွဲခန်းမကြီး၏ တံခါးများမှာ ဖြည်းညင်းစွာ ပွင့်ဟလာလေတော့သည်။
ထို့နောက် အရာရှိအချို့ ထွက်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"တစ်ယောက်ချင်းစီ တန်းစီပြီး အစစ်ဆေးခံကြ...မင်းတို့အနေနဲ့ စာရေးကိရိယာ၊ အစားခြောက်တွေနဲ့ ဆီမီးခွက်တွေကိုသာ အခန်းငယ်လေးတွေထဲ ယူဆောင်သွားခွင့် ပြုမယ်..."
စာမေးပွဲခန်းမအတွင်းသို့ မဝင်ရောက်မီ ကျောင်းသားများသည် ယူဆောင်ခွင့်မပြုထားသော ပစ္စည်းများ ပါလာခြင်း မရှိစေရန်အတွက် ၎င်းတို့၏ ပစ္စည်းများကို ပုံမှန် စစ်ဆေးမှု ခံယူရမည် ဖြစ်ပေသည်။
"မင်းတို့နှစ်ယောက် လာပြီး တန်းစီကြစမ်း..."
အရာရှိသည် လူအုပ်ထဲမှ ယွင်ချင်းမော့နှင့် ချွေ့ကျင်းချူတို့အား လက်ညှိုးထိုးပြလိုက်ခြင်းမှာ သူတို့၏ အဆင့်အတန်းများကြောင့် မဟုတ်ပေ။
စာမေးပွဲဖြေဆိုမည့် ကျောင်းသားအုပ်စုများကြားတွင် မျက်စိကျိန်းလောက်သည့် အနီရင့်ရောင် အဝတ်အစားများကို ဝတ်ဆင်ထားသူမှာ သူတို့နှစ်ဦးတည်းသာ ရှိနေသောကြောင့် ဖြစ်လေသည်။
ယွင်ချင်းမော့နှင့် ချွေ့ကျင်းချူတို့သည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြ၏။ ကျောင်းသားများစွာ၏ မနာလိုသော အကြည့်များကြားမှပင် သူတို့သည် စာမေးပွဲခန်းမအတွင်းသို့ ပထမဆုံး ဝင်ရောက်ခွင့်ရရှိကာ အကောင်းဆုံးနေရာများကို နေရာချထားခံလိုက်ရလေသည်။
သူတို့၏ ညီမလေး ပေးလိုက်သော အဝတ်အစားများမှာ အနည်းငယ် တောက်ပလွန်းနေသည်ဟု သူတို့ ဆက်လက်၍ မညည်းညူကြတော့ချေ။
အနီရောင်။
တကယ့်ကို ကံကောင်းခြင်းတွေပဲ ဖြစ်လေသည်။
ကျောင်းသားများအားလုံး မိမိတို့၏ စာမေးပွဲအခန်းငယ်လေးများတွင် ဝင်ထိုင်လိုက်ကြ၏။ အချက်ပေးခေါက်သံ ထွက်ပေါ်လာပြီးနောက် စာမေးပွဲခန်းမကြီး၏ တံခါးများမှာ ဖြည်းညင်းစွာ ပိတ်သွားလေတော့သည်။
စာမေးပွဲကို တရားဝင် စတင်လိုက်ပြီ ဖြစ်ပေသည်။
စာမေးပွဲခန်းမအတွင်းသို့ မဝင်ရောက်မီ ကျောင်းသားများကို တစ်ကြိမ် စစ်ဆေးခဲ့ပြီးဖြစ်သော်လည်း ကြီးကြပ်သူများကမူ အချိန်ရတိုင်း လှည့်လည်ကြည့်ရှုနေကြဆဲဖြစ်၏။
အလွန်ပါးနပ်လွန်းသော အချို့ကျောင်းသားများ၏ လိမ်လည်ခိုးချသည့် နည်းလမ်းများကို တားဆီးရန် ခက်ခဲလှသဖြင့် သတိထားစောင့်ကြည့်နေရခြင်း ဖြစ်ပေသည်။
"ရှောင်ဟွားအာ... လာ... ဗိုက်ပြည့်အောင် တစ်ခုခု စားလိုက်ဦး... ဒီနေ့ မင်း အရမ်းစောစောထထားတာဆိုတော့ ဗိုက်ဆာနေတော့မှာပဲ..."
နန်ကုန်းယွမ်သည် အရာရှိများထံမှ ရရှိလာသော ထူးဆန်းသည့် အကြည့်များကို လျစ်လျူရှုထားကာ မိန်းကလေးငယ်အား အစာခွံ့ကျွေးနေလေ၏။
"သေချာတာပေါ့..."
ယွင်ဟွားသည် အသားပေါက်စီကို တစ်ကိုက် ကိုက်လိုက်ရာ သူမ၏ မျက်လုံးများအောက်ရှိ မျက်ကွင်းညိုကြီးများကို အထင်းသား မြင်တွေ့နေရလေသည်။
"ပုံမှန် ဒီလိုအချိန်မျိုးဆိုရင် ငါ အိပ်နေတုန်းပဲ ရှိသေးတာ..."
လူတိုင်း : ......
"အဟွတ် အဟွတ်..."
"အဟွတ် အဟွတ်..."
လုချန်ယွမ်သည် နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ပြီး အချိန်အတော်ကြာအောင် အောင့်အည်းထားပြီးမှသာ ဟနောက်ဆုံးတွင် ပြောထွက်လာလေသည်။
"ယုံအန်းမင်းသမီးနဲ့ မင်းသားနန်ကုန်း... ခင်ဗျားတို့အနေနဲ့ နည်းနည်းလောက် ပိုပြီး သတိထားသင့်တယ် မဟုတ်ဘူးလား…”
ဤနေရာတွင် အဘိုးကြီးတစ်စုလည်း ရှိနေသေးသည် မဟုတ်ပါလား။
နန်ကုန်းယွမ်သည် လူတိုင်းအား ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်လက်၍ ခိုးကာ ခွံ့ကျွေးနေရင်း
“ဒါက ငါ့ဇနီးလေးအတွက် ငါ သီးသန့် ပြင်ဆင်လာခဲ့တာ... ခင်ဗျားတို့ စားချင်လို့လား... လုံးဝ မရဘူး..."
လုချန်ယွမ် :....
သူက စားချင်နေခြင်း မဟုတ်ပေ။
"မဟုတ်ပါဘူး... ကျွန်တော်က နောက်ကျရင် စာမေးပွဲခန်းတွေကို လှည့်လည်စစ်ဆေးရမယ်ဆိုတာကို သတိပေးချင်ရုံပါ..."
ယွင်ဟွားသည် ပါးစပ်ထဲရှိ အစာများကို မြိုချလိုက်ပြီး
"စိတ်မပူပါနဲ့ အမတ်လု... မင်းသမီးဖြစ်တဲ့ ငါက အရေးကြီးတဲ့ ကိစ္စတွေကို ပစ်ပယ်ထားမှာ မဟုတ်ပါဘူး..."
သူမသည် ဧကရာဇ်နှင့် အိမ်ရှေ့စံမင်းသားတို့ထံမှ အကျိုးအမြတ်များကို လက်ခံရယူထားပြီးဖြစ်ရာ စရိုက်လက္ခဏာ မကောင်းသော ကျောင်းသားအချို့ကို သေချာပေါက် ဖော်ထုတ်ရမည်သာဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူမ၏ အနာဂတ် ခေါင်းကိုင်သားလေးအတွက် ရှင်းလင်းပေးထားသော နယ်မြေတစ်ခုပင် ဖြစ်လေသည်။
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံလေးတို့မှာ စာမေးပွဲခန်းမကြီးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သဖြင့် မယုံနိုင်လောက်အောင်ပင် စိတ်လှုပ်ရှားနေကြလေသည်။
“ပန်းကလေး... ခိုးချမယ့် ကျောင်းသားတွေ ရှိမရှိ ငါ တစ်ပတ်လောက် လှည့်ပတ်ကြည့်လိုက်ဦးမယ်..”
ထိုသို့ပြောဆိုပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်သည် ပျံသန်းသွားလေ၏။
“ရှူးရှူး... ငါ့ကို စောင့်ပါဦး..”
တရားသူကြီးစုတ်တံလေးသည် ရှူးရှူးအား မခွဲခွာလိုသဖြင့် အနောက်မှ အနီးကပ် လိုက်ပါသွားလေတော့သည်။
"【ငါရောပဲ... ရှောင်ယိုယိုလည်း သွားချင်တယ်...】"
၎င်းသည် ၎င်း၏ လက်ရှိပိုင်ရှင်ကို ဆက်လက်ကြည့်ရှုရန် သည်းမခံနိုင်တော့ချေ။ ၎င်း၏ မျက်လုံးများကို ဆေးကြောပစ်ရန် လိုအပ်နေပြီ ဖြစ်သည်…