← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁)

အလွန်အမင်း ပူပြင်းခြင်း (၂)

လေးလံထိုင်းမှိုင်းနေသော လေထုကို ခံစားမိသောအခါ လုံယုသည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

"အကောင်းမြင်စိတ်ပဲ ထားကြရအောင်...။ မဖြစ်လာသေးတဲ့ အရာတွေအတွက် ပူပန်နေမယ့်အစား အခု ငါတို့ ဘာလုပ်နိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ကြစို့...။"

ဟွမ်ချန်က သူ့အား လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

"ခေါင်းဆောင်...၊ ရှင့်မှာ ဘာအစီအစဉ်ရှိလို့လဲ...။"

လုံယုသည် ဝရန်တာရှိ ပန်းအိုးငယ်များကို ညွှန်ပြကာ ပြောလိုက်၏။

"ပထမဆုံးအနေနဲ့ အအေးဒဏ်ခံ အာလူးတွေကို မြန်မြန် ရိတ်သိမ်းကြရအောင်...၊ ဒီလောက် ပြင်းထန်တဲ့ အပူရှိန် အောက်မှာ အပင်တွေ ဆက်ပြီး ရှင်သန်နိုင်ပါ့မလား ဆိုတာ ငါ သံသယရှိတယ်...။ အခုပဲ ရိတ်သိမ်းပြီး စားလို့ရမရ ကြည့်ကြတာပေါ့...။"

ထိုစကားကို ကြားသောအခါ အခြားသူများလည်း လျင်မြန်စွာ လှုပ်ရှားကြတော့သည်။ မကြာမီမှာပင် ကျားရှန်း သည် ပထမဆုံးအိုးမှ အာလူးများကို ရိတ်သိမ်းပြီးစီးသွားခဲ့၏။

သေးငယ်လှသော အာလူးလေးများကို ကြည့်ရင်း သူမက မေးမြန်းလိုက်သည်။

"ယောင်ရန်...၊ ဒီအာလူးတွေက တကယ်ပဲ စားလို့ရရဲ့လား...။"

ယောင်ရန်သည် သူမ၏အနားတွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ အာလူးများကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက် ၏။ ၎င်းတို့၏ သေးငယ်လှသော အရွယ်အစားနှင့် အခွံပေါ်ရှိ စိမ်းစိုနေသော အကွက်များကို မြင်တွေ့ရသောအခါ သူမက ခေါင်းယမ်းပြကာ ပြောလိုက်လေသည်။

"ဒါတွေက မရင့်သေးဘူး...၊ စားလို့မရပါဘူး...။"

ထိုစကားကို ကြားသောအခါ ဟွမ်ကျိဟွေးသည် တဖြည်းဖြည်း ဝါကျင်လာသော အာလူးရွက်များကို ကြည့်ကာ မေးလိုက်၏။

"ဒါဆိုရင် ကျွန်မတို့ ဘာလုပ်ကြမလဲ...၊ ဒီအာလူးပင်တွေက လက်ရှိအပူချိန်အောက်မှာ ရှင်သန်နိုင်မှာ မဟုတ် ဘူး...။"

ယောင်ရန်က ခဏမျှ စဉ်းစားကာ မေးလိုက်သည်။

"ရှင်တို့ အာလူးပင်တွေအပေါ် အာဟာရရည် သုံးထားကြသေးလား...။"

တန်ချီချီက ခေါင်းငြိမ့်ပြကာ၊

"ကုန်သွယ်ရေးစင်တာက ပြန်လာကတည်းက ချက်ချင်း သုံးထားတာ...။ မဟုတ်ရင် အာလူးတွေက ဒီလောက် မြန်မြန် ကြီးထွားလာမှာ မဟုတ်ဘူး...။"

သူမ ပြောပြီးနောက် ယောင်ရန်က ကျားရှန်းအား ပြောလိုက်လေသည်။

"မမကျား...၊ ဒါတွေကို ပြန်စိုက်ပေးပါဦး...။ ကျွန်မဆီကိုပဲ အကုန်လုံး ရွှေ့လိုက်ကြရအောင်...။ ကျွန်မ ကူညီကယ် တင်ပေးနိုင်မလား ကြည့်ပေးပါ့မယ်...။"

သူမထံမှ စိုက်ပျိုးရေးပညာကို သင်ယူခဲ့ကြခြင်းဖြစ်သဖြင့် သူမအား အာလူးများကို ပြုစုစောင့်ရှောက်ခွင့်ပြုရန် အခြားသူများ၌ ကန့်ကွက်စရာ မရှိကြပေ။ အာလူးများနှင့် ပတ်သက်၍ ဆုံးဖြတ်ပြီးနောက် သူတို့သည် လုံယု ၏အိုးများအပါအဝင် စိုက်ပျိုးအိုးများအားလုံးကို ယောင်ရန်၏ တိုက်ခန်းဆီသို့ အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ ကြလေသည်။

သူမ၏ ဧည့်ခန်းအတွင်းရှိ စိုက်ပျိုးအိုး သုံးဆယ်ကျော်ကို ကြည့်ရင်း ယောင်ရန်သည် ၎င်းတို့အားလုံးကို လွတ်နေ သော ဧည့်သည်အိပ်ခန်းအတွင်းသို့ ထားရှိရန် ပြောလိုက်လေ၏။

အခြားသူများက အာလူးအိုးများကို ရွှေ့ပြောင်းပြီးစီး၍ ထွက်ခွာသွားသောအခါ ယောင်ရန်သည် ခရီးဆောင်လေ အေးပေးစက်တစ်လုံးကို ထုတ်ယူကာ ရေခဲတုံးများနှင့် ရေများကို ထည့်ပြီး အခန်းတွင်း အပူချိန်လျှော့ချရန် ဖွင့် လိုက်လေသည်။ အေးစက်သော လေထုများ ဖြာထွက်လာသောအခါ ပူပြင်းလှသော အပူချိန်မှာ တဖြည်းဖြည်း အေးမြသွားခဲ့တော့၏။

သူမသည် လက်ကိုမြှောက်ကာ ညှိုးနွမ်းနေသော အပင်များအတွင်းသို့ သူမ၏ သစ်စွမ်းအင်ကို စေလွှတ်လိုက် သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဝါကျင်နေသော သစ်ရွက်များမှာ ပြန်လည်စိမ်းစိုလာပြီး အာလူးပင်များ မှာလည်း လျင်မြန်စွာ ကြီးထွားလာခဲ့လေတော့၏။ အပင်များကို အရေးပေါ် ပြုစုပေးပြီးနောက် ယောင်ရန်သည် ရေကန်ရေကို ဖျန်းပက်ပေးလိုက်လေသည်။

အပင်များကို ကြည့်ရင်း သူမက ပြုံးလျက် ပြောလိုက်လေသည်။

"ကျန်းကျန်းမာမာနဲ့ ကြီးထွားပြီး ကျွန်မရဲ့ မိတ်ဆွေတွေအတွက် ရိက္ခာတွေ ပိုပြီး ထုတ်လုပ်ပေးပါဦး...။"

စိုက်ပျိုးခန်းထဲမှ ထွက်လာပြီးနောက် ယောင်ရန်သည် ဝရန်တာသို့ ထွက်လာခဲ့လေသည်။ အပြင်ဘက်သို့ လှမ်း ကြည့်လိုက်ရာ ဖောင်းပွနေသော အလောင်းများနှင့် အမှိုက်သရိုက်များ ရေပေါ်တွင် မျောပါနေသည်ကို တွေ့လိုက် ရ၏။ အကယ်၍ ထိုဖောင်းပွနေသော အလောင်းများသာ ပေါက်ကွဲထွက်သွားပါက သူမသည် အိမ်ပြင်သို့ ခေတ္တမျှ ထွက်နိုင်တော့မည် မဟုတ်ပေ။

ယောင်ရန်သည် မျက်မှောင်ကြုတ်လိုက်ကာ နံရံပေါ်ရှိ အပူချိန်တိုင်းကိရိယာကို လှမ်းကြည့်လိုက်လေသည်။ အပူ ချိန်မှာ လေးဆယ်ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ထပ်မံမြင့်တက်သွားသည်ကို မြင်တွေ့ရသောအခါ သူမသည် စိတ် မသက်မသာ ဖြစ်သွားမိ၏။

အပူချိန်မှာ အလွန်လျင်မြန်စွာ မြင့်တက်နေပေသည်။

စိုးရိမ်ပူပန်မှုများကို လျှော့ချရန်အတွက် ယောင်ရန်သည် သူမ၏ တိုက်ခန်းကို သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်လိုက် လေသည်။

သူမသည် နှစ်နာရီခန့် အချိန်ယူကာ စေ့စေ့စပ်စပ် သန့်ရှင်းရေးလုပ်ခဲ့ပြီး တိုက်ခန်းကို ပိုးသတ်ရန် ပိုးသတ်ဆေး တစ်ဗူးကို အသုံးပြုခဲ့သည်။ ထို့နောက် သူမသည် ရေချိုးခန်း၊ မီးဖိုချောင်၊ ဧည့်ခန်း၊ ကုသရေးခန်း၊ စိုက်ပျိုးခန်းနှင့် သူမ၏ အိပ်ခန်းတို့တွင် တောအရက်ပျံအမွှေးတိုင်ကို ထွန်းညှိထားလိုက်၏။

သပ်ရပ်ပြီး သန့်ရှင်းသွားသော တိုက်ခန်းကို ကြည့်ရင်း ယောင်ရန်သည် စိုက်ပျိုးအိုးအချို့ကို ထုတ်ယူကာ စိုက်ပျိုး ရေးမြေမှ နက်မှောင်သော မြေဆီလွှာများကို ဖြည့်တင်းပြီး နေကြာစေ့အချို့ကို စိုက်ပျိုးလိုက်လေသည်။ မြေဆီ လွှာအပေါ်သို့ ရေကန်ရေကို ဖျန်းပက်ပြီးနောက် သူမသည် အိုးများကို ဝရန်တာသို့ ရွှေ့ပြောင်းလိုက်၏။

အလွန်အမင်း ပူပြင်းခြင်း ရုတ်တရက် ရောက်ရှိလာသည်နှင့်အမျှ သောက်သုံးရေ ပြဿနာမှာ အကြီးမားဆုံးသော အခက်အခဲ ဖြစ်လာခဲ့ပေသည်။ ယောင်ရန်သည် ဝရန်တာမှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ရေမျက် နှာပြင်မှာ အမှန်တကယ်ပင် မြင့်တက်လာသည်ကို တွေ့လိုက်ရလေသည်။

သူမသည် ခဏမျှ စဉ်းစားလိုက်ပြီး အဝေးရှိ တောင်တန်းများဆီသို့ လှမ်းကြည့်ကာ ရေရွတ်လိုက်မိသည်။

"တောင်ပေါ်က ဆီးနှင်းတွေ တဖြည်းဖြည်း အရည်ပျော်နေတာ ဖြစ်ရမယ်...။"

နောက်တစ်နေ့တွင် ယောင်ရန်သည် ပူအိုက်လွန်းလှသဖြင့် နိုးထလာခဲ့၏။ သူမသည် ခရီးဆောင်လေအေးပေး စက်နှစ်လုံး ဖွင့်ထားဆဲဖြစ်သော ဝါးကုတင်ပေါ်၌ အိပ်စက်ခဲ့သော်လည်း အိပ်ခန်းအတွင်းရှိ အပူချိန်မှာ သုံးဆယ့် နှစ်ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိနေဆဲ ဖြစ်သည်။

သူမသည် ကုတင်ပေါ်မှ ဆင်းကာ ရေချိုးရန် သူမ၏ နေရာလွတ်အတွင်းသို့ စိတ်အာရုံ စေလွှတ်လိုက်သည်။ အပူ ချိန်ထိန်းအဝတ်အစားကို ဝတ်ဆင်ပြီးနောက် ယောင်ရန်သည် တီရှပ်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်လိုက်၏။ သူမ မထွက်ခွာမီ ရိုးရှင်းသော ဆန်ပြုတ်တစ်ခွက်နှင့် အရန်ဟင်းလျာအချို့ကို သုံးဆောင်ခဲ့လေသည်။

အိပ်ခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသောအခါ ယောင်ရန်သည် အပြင်ဘက် အပူချိန်ကို စစ်ဆေးရန် ဧည့်ခန်းသို့ သွားခဲ့သည်။

အပူချိန်မှာ လေးဆယ့်ငါးဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း မြင်တွေ့ရသောအခါ သူမသည် စိုက်ပျိုးခန်းအတွင်းရှိ အာလူးများကို ပြုစုပျိုးထောင်ရန် သွားခဲ့၏။ ဝရန်တာသို့ မထွက်မီ သူမသည် ခရီးဆောင် လေအေးပေးစက်အတွင်းသို့ ရေခဲနှင့် ရေများကို ပိုမိုဖြည့်တင်းပေးလိုက်လေသည်။

ဝရန်တာရှိ နေကြာစေ့များကို ရေလောင်းပေးနေစဉ် တစ်ညတာအတွင်း အပြင်ဘက်ရှိ ရေမျက်နှာပြင်မှာ တစ် ထပ်ခွဲခန့် လျော့ကျသွားသည်ကို ယောင်ရန် သတိပြုမိလိုက်လေ၏။

နေမင်းကြီးမှာ ပြင်းထန်စွာ တောက်ပနေပြီး မနက်ခင်း၏ နေရောင်ခြည်မှာ အရေပြားနှင့် ထိတွေ့ရုံမျှဖြင့် စပ်ဖျဉ်း ဖျဉ်း ဖြစ်စေပေသည်။ ယမန်နေ့ကနှင့် မတူဘဲ ယနေ့တွင်မူ မည်သူမျှ အပြင်သို့ မထွက်ရဲကြတော့ပေ။ ဆေးဝါး များ အကန့်အသတ်ရှိနေသဖြင့် ယခုအချိန်တွင် နေလောင်ဒဏ် ခံစားရပါက ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့် မည်။

အပူချိန် မြင့်တက်လာခြင်းမှာ ရေထဲရှိ အလောင်းများ ပုပ်ပွပျက်စီးမှုကို ပိုမိုလျင်မြန်စေခဲ့ပေသည်။

တိုက်ခန်းကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသော်ငြားလည်း ယောင်ရန်သည် အတွင်းသို့ စိမ့်ဝင်လာသော အလောင်းပုပ်နံ့များကို အနံ့ရနေဆဲ ဖြစ်သည်။ ထိုအနံ့ဆိုးမှာ အလွန်အမင်း ပြင်းထန်လှသဖြင့် လူတိုင်းသည် ထို အနံ့ကို ရှောင်ရှားရန် တံခါးများနှင့် ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ် ပိတ်ထားကြပြီး အိမ်တွင်း၌သာ နေထိုင်ကြတော့သည်။

မနက် ခုနစ်နာရီတွင် လုံယုသည် ပုံမှန်အတိုင်း ရောက်ရှိလာခဲ့၏။ ယောင်ရန် တံခါးဖွင့်ပေးလိုက်သောအခါ ပြင်း ထန်လှသော အနံ့ဆိုးကြောင့် သူမမှာ ခေါင်းမူးသွားသဖြင့် သူမ၏ ချစ်သူကို အတွင်းသို့ အလျင်အမြန် ဆွဲသွင်း လိုက်ပြီး သံတံခါး သုံးချပ်စလုံးကို ချက်ချင်း ပြန်ပိတ်လိုက်လေသည်။

သူမ၏ မျက်မှောင်ကြုတ်နေသော မျက်နှာကို ကြည့်ရင်း လုံယုက မေးမြန်းလိုက်၏။

"ဘာဖြစ်လို့လဲ...၊"

ယောင်ရန်က ခေါင်းယမ်းပြကာ ဧည့်ခန်းသို့ ပြန်လျှောက်သွားရင်း ပြောလိုက်သည်။

"မွန်းမတည့်ခင်မှာ ငါတို့ရဲ့ လေ့ကျင့်မှုတွေကို မြန်မြန် ပြီးစီးအောင် လုပ်ကြရအောင်...။"

မြင့်မားသောအပူချိန်ကြောင့် လေထုမှာ မွန်းကျပ်ပြီး ပူပြင်းလှသဖြင့် မွန်းလွဲပိုင်းတွင် လေ့ကျင့်မှုများကို ဆက် လက်လုပ်ဆောင်ရန် ခက်ခဲလှပေသည်။

နောက်ပိုင်းရက်များတွင် ယောင်ရန်နှင့် လုံယုသည် မနက်ပိုင်း၌သာ ကိုယ်ကာယလေ့ကျင့်ခန်းအချို့နှင့် အချင်း ချင်း စမ်းသပ်တိုက်ခိုက်မှုများကို လုပ်ဆောင်ကြပြီး ကျန်ရှိသော အချိန်များကိုမူ သူတို့၏ စွမ်းအားများကို လေ့ကျင့်ရန်အတွက်သာ အသုံးပြုခဲ့ကြလေသည်။

အလွန်အမင်း ပူပြင်းခြင်း၏ ရှစ်ရက်မြောက်နေ့တွင် ရေမျက်နှာပြင်မှာ သတ္တမထပ်အထိ လျော့ကျသွားခဲ့ပြီး ပြင်ပအပူချိန်မှာ ငါးဆယ့်ငါးဒီဂရီ ဆဲလ်စီးယပ်စ်သို့ ရောက်ရှိကာ ဆက်လက်မြင့်တက်နေခဲ့လေတော့သည်။

All Chapters